မြန်မာနိုင်ငံမှာ ထူးချွန်တဲ့သတင်းသမားတွေကို ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ အမျိုးသားသတင်းဆုရှင်တွေ စာရင်းကို ဆုချီးမြှင့်ရေးကော်မတီက မတ်လ(၁၂)ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အမျိုးသားသတင်းဆုမှာ အကောင်းဆုံးသတင်းဆု ၊ အကောင်းဆုံး သတင်းဆောင်းပါးဆု ၊ အကောင်းဆုံး သတင်းဓါတ်ပုံဆုနှင့် အကောင်းဆုံး သတင်းကာတွန်းဆုတို့ ဖြစ်ပါတယ်။
အကောင်းဆုံးသတင်းဆုအတွက် ၂၀၁၁ ဒီဇင်ဘာ (၆)ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ အနာဂါတ်သစ်အတွက် အစပျိုးခြင်း သတင်းကလည်းကောင်း ၊ အကောင်းဆုံး သတင်းဆောင်းပါးဆုကို ၂၀၁၁ အောက်တိုဘာ (၂၇)ရက်နေ့ထုတ် 7Day News Journal မှာပါတဲ့ လက်နက်ကိုင် စကားဝိုင်းပေါ်ရောက်ပြီလား ခေါင်းစဉ်ဖြင့် ဆောင်းပါးက လည်းကောင်း ၊ အကောင်းဆုံး သတင်းဓါတ်ပုံဆုကို ၂၀၁၁ ဇူလိုင်လ (၇)ရက်နေ့ထုတ် Popular News Journal ပါ အငြိမ်းစားများ သတင်းဓါတ်ပုံက လည်းကောင်း ၊ အကောင်းဆုံး သတင်းကာတွန်းဆုကို ၂၀၁၁ ဇူလိုင်လ (၂၆)ရက်နေ့ထုတ် True News Journal မှာ ဖော်ပြခဲ့တဲ့ ပုံပြင်ထဲကလိုတော့ သတင်းကာတွန်းက လည်းကောင်း အသီးသီး ရရှိသွားကြကြောင်း သိရသည်။
အကောင်းဆုံး (၄)ဆုအပြင် ၂၀၁၁ ခုနှစ် ဖြည့်စွက်ဆုတစ်ဆုဖြစ်တဲ့ တစ်နှစ်အတွင်း ထူးခြားတဲ့ သတင်းဓါတ်ပုံဆုကို ၂၀၁၁ ခုနှစ် သြဂုတ်(၂၀)ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ မျက်နှာဖုံး သတင်းဓါတ်ပုံအဖြစ်ဖော်ပြခဲ့တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံအောက်မှာ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွဲပြီး ရိုက်ထားတဲ့ သတင်းဓါတ်ပုံရိုက်ကူးသူက ဆွတ်ခူးခဲ့ကြောင်း သိရသည်။
အကောင်းဆုံး သတင်းအာဘော် ဆောင်းပါးဆုအတွက် ဆန်ခါတင် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ရာမယန ဆောင်းပါးဟာ ၂၀၁၁ ခုနှစ်မတိုင်မီ ကာလများက ဖော်ပြထားခဲ့ပြီး ဖြစ်သည့်အတွက် ဆုရွေးချယ်မှု စည်းမျဉ်းစည်းကမ်းနဲ့ အကျုံးမဝင်ဖြစ်ခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်လိုပါက
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment