ဖား ကန့် ရှိ ကျောက်စိမ်း တူးဖော် ရေး လုပ် ငန်း ခွင် တစ် နေရာ |
ဒီဇင်ဘာလနှောင်းပိုင်းကစလို့ ကေအိုင်အေ တပ်ဖွဲ့က ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်း တူးဖော်တဲ့ ကုမ္ပဏီတွေဆီကို အခွန်တောင်းခံမှု ပြုလုပ်ခဲ့ပါတယ်။ ကေအိုင်အေ ပြောတာကတော့ အစိုးရကို ထမ်းဆောင်တဲ့အခွန်ပမာဏအတိုင်း ကေအိုင်အေဆီကိုလည်း ပေးသွင်းရမယ်လို့ ဆိုပါတယ်။
အခွန်မပေးဆောင်သ၍ ဘယ်ကုမ္ပဏီကမှ လုပ်ငန်းတွေ ဆောင်ရွက်ခြင်း မလုပ်ရလို့လည်း တားမြစ်ထားပါတယ်။ ဒါကြောင့် ဖားကန့် ကျောက်စိမ်းတွင်းဒေသတစ်ခုလုံးက လုပ်ငန်းတွေ အားလုံး ဇန်နဝါရီလ ၄ ရက်နေ့က စပြီး ဒီနေ့အထိ ရပ်ဆိုင်းထားနေဆဲပါ။
ဖားကန့်မြို့မှာ အစိုးရဘက်က ဗျူဟာမှူး တစ်ယောက်လုံးထိုင်ပြီး ကာကွယ်နေတာတောင် ကေအိုင်အေရဲ့ ခြိမ်းခြောက်မှုကို စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေက ကြောက်နေရသေးတယ် ဆိုတာကတော့ အံ့ဩစရာကြီးပါပဲ – လို့ဖားကန့် မြို့ခံ တစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် ဖားကန့်အနီး ၇ မိုင် (ပျားအုံစခန်း) ကနေ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက ဖားကန့်သွားတဲ့ ယာဉ်တွေကို အခွန်တိုးမြှင့်ကောက်ခံနေပါတယ်။ ကားကြီး တစ်စီး တစ်နှစ်ကို ၃၅ သိန်း၊ ဘီအမ် တစ်စီး တစ်နှစ်ကို သိန်း ၂၀၊ ဆလွန်း/ဆူပါရုဖ် တစ်စီး တစ်နှစ်ကို ၂ သိန်း အစရှိသဖြင့် ကောက်ခံပါတယ်။
အရင်ကဆိုရင် ဆူပါရုဖ်တစ်စီး တစ်နှစ်ကို ငါးသောင်းသာ ကောက်ခံပြီး ဒီနှစ်ကျမှ တိုးကောက်ခံတာဖြစ်ကြောင်းကို ဖားကန့် ကားသမား တစ်ယောက်က ပြောပြပါတယ်။
ဖား ကန့် မြို့တွင်း ရှိ အစိုးရ တပ် ဗျူဟာ မှူး စခန်းချ ရာ တောင် ကုန်းဒီနှစ်အတွက် ကျွန်တော် ငါးသောင်းဆောင်ပြီးသား။ ဒီတစ်ခေါက်သွားတော့ အခွန်ဆောင်ပြီးပြီလားလို့ ကေအိုင်အေက ကျွန်တော့်ကို မေးတယ်။ ကျွန်တော်ကလည်း အခွန်ဆောင်ပြီးသား ပြေစာကိုပြလိုက်တယ်။ သူတို့က အိုကေတဲ့ ငါးသောင်းဆောင်ပြီးသားပဲ၊ နောက်ထပ် တစ်သိန်းခွဲဆောင်ဖို့ ကျန်သေးတယ်လို့ ပြောတယ်ဗျာ။ ကျွန်တော်တို့ ကားမောင်းရတာ တစ်လနှစ်သိန်းတောင် မကျန်ပါဘူးဗျာ။ဒီလို ကေအိုင်အေက ကားတွေ အခွန်တိုးမြှင့်ကောက်ခံတာကြောင့် ဖားကန့်ကို ပြေးဆွဲတဲ့ကား မရှိသလောက်ဖြစ်သွားပါတယ်။ ရှိရင်လည်း ကားခ၊ ကုန်တင်ခတွေ အဆမတန်မြင့်တက်သွားတယ်။ ဒါကြောင့် ဖားကန့်မှာလည်း စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်သွားတယ်။ မိုးညှင်း၊ မိုးကောင်းဘက်မှာလည်း ဖားကန့်ဘက်ကို ပို့ဖို့ဟင်းသီးဟင်းရွက်တွေ တောင်လိုပုံပြီး လွှင့်ပစ်ရမယ့်အခြေအနေကို ရောက်နေလို့ မိုးညှင်း မိုးကောင်းမြို့နယ်တွေက တောင်သူတွေ အခက်တွေ့ နေကြောင်းဒေသခံတွေ ပြောပြချက်ကို ကိုးကာပြီး ကော့လီမီဒီယာ သတင်းမှာဖော်ပြထားပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment