ပျက်စီး သွား တဲ့ နမ့် အွန် ကျေးရွာ က စိုင်း ပွင့် နန်း ဟွမ် တို့ မိသား စု ရဲ့ နေအိမ် |
ဖြစ်ပွားပုံကတော့ ည ၁၀ နာရီလောက်မှာ မိုးလေပြင်းထန်စွာ တိုက်ခတ်ရွာသွန်းပြီး မိုးသီးများလည်းကျလာတာကြောင့် လူနေအိမ် တခိျု့ ပြိုကျခဲ့ပါတယ်။ နေအိမ်တွေ ပြိုကျလို့ ကလေးတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။ ပြိုကျပျက်စီးခဲ့တဲ့ အိမ်တွေကတော့ နမ့်အွန်ကျေးရွာက စိုင်းပွင့်၊ နန်းဟွမ် တို့ရဲ့ အိမ်၊ စိုင်းနေမျိုး၊ နန်းထွေး တို့ရဲ့အိမ်၊ စံလောင်းကျေးရွာက စိုင်းခမ်းအွန်၊ နန်းလှ တို့ရဲ့အိမ်တွေပဲ ဖြစ်ပါတယ်။ သူတို့ အိမ်တွေအပြင် တခြားမိသားစုတွေရဲ့ မီးဖိုဆောင် တခိျု့၊ မိသားစုပိုင် ဆိုင်ကယ်တခိျု့လည်း ပျက်စီးသွားပါတယ်။ အဲဒါအပြင် ကျေးရွာအပြင်ဘက်ရှိ စိုက်ခင်း အတော်များများလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
အိမ်ပြိုကျလို့ သေဆုံးသွားတဲ့ ကလေးကတော့ နမ့်အွန်ကျေးရွာနေ စိုင်းပွင့် နန်းဟွမ် တို့ရဲ့ အသက် ၆ နှစ်အရွယ်ရှိ သမီးဖြစ်သူ နန်းဝမ်းခမ်း ပဲဖြစ်ပါတယ်။ စိုင်းပွင့် နဲ့ နန်းဟွမ် တို့ဇနီးမောင်နှံမှာ သမီး ၄ ယောက်ရှိပြီး ၁၂ နှစ်အရွယ် တစ်ယောက်၊ ၈ နှစ်အရွယ် တစ်ယောက်နဲ့ ၆ နှစ်အရွယ် အမွှာ နှစ်ယောက်တို့ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ သမီးငယ် နန်းဝမ်းခမ်းကတော့ အငယ်ဆုံးပဲဖြစ်ပါတယ်။
မိုးသက်လေပြင်းကြောင့် အိမ်ပြိုပျက်ပြီး ထိခိုက်ဒဏ်ရာရ ဒုက္ခရာက်ခဲ့တဲ့ မိသားစုတွေကို ကူညီဖို့ သိန္နီမြို့နယ် အတွင်းမှာရှိတဲ့ လူမှုရေး တက်ကြွလှုပ်ရှားတွေကပဲ ရပ်ထဲရွာထဲမှာ နှိုးဆော်အလှူခံပြီး စိုင်းပွင့် နန်းဟွမ် တို့မိသားစုအတွက် ဆေးဖိုးဝါးခ ကျပ် တစ်သိန်းလေးသောင်းကျော်၊ အိမ်အမိုးမိုးရန် သွပ်ပြား တစ်အိမ်ကို ၃၂ ချပ်စီ (အိမ်သုံးလုံးအတွက် ကျပ်သုံးသိန်းနှစ်သောင်းကျော်ဖိုး)၊ မိုးဖိုဆောင်ပြိုကျခဲ့တဲ့ အိမ်နှစ်လုံးအတွက် ကျပ်သုံးသောင်းစီ နဲ့ စုစုပေါင်း ကျပ်ငါးသိန်းလေးသောင်းဖိုးခန့် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရပ်ထဲရွာထဲမှ ထပ်မံကူညီသွားဖို့လည်း ရှိနေသေးကြောင်းလည်း သိရပါတယ်။
အခုလို ရပ်ရွာက ကူညီတာကလွဲလို့ အာဏာပိုင်အဖွဲ့အစည်းတွေကလည်းကောင်း၊ တခြားလူမှုရေး နိုင်ငံရေး အဖွဲ့အစည်းတွေကလည်းကောင်း လာရောက်ကူညီတာမျိုး မရှိသေးဘူးလို့ ကော့လီမီဒီယာ သတင်းအရ သိရပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment