လူပါးလေးသိန်းစိန် လုပ်ရပ်က အရမ်းပိရိပါပေတယ်။
သမ္မတဖြစ်သည်နှင့် ခေါင်းခဲရမည့် ကိစ္စ ၂ခုပါလာသည်။ ဟုတ်သည်။ အတော့်ကိုခေါင်းခဲရမည့်ကိစ္စဖြစ်သည်။
တစ်ခုက ဒီပဲရင်းကိစ္စ၊ ဖုံးမနိုင်ဖိမနိုင်နဲ့ ကမ္ဘာကျော်သွားခဲ့သော ကိစ္စဖြစ်သည်။ ငါ့နှယ်နော် ဒီကိစ္စဘယ်လိုရှင်းရပါ့ (ဦးသိန်းစိန် ညီးတွားသံဖြစ်သည်)၊
ငါးလောင်းပြိုင် လူသတ်မှု ကိစ္စက ဒီဟာနဲ့ယှဉ်ရင် အသေးအဖွဲလေး၊ သိပ်မခက်၊ ဘာမှမတုန့်ပြန်ပဲ ရူးချင်ယောင်ဆောင်နေလို့ရသည်။
နောက်တစ်ခုက ဇာတ်တူသား စားထားတဲ့ကိစ္စ၊ ဗိုလ်ချုပ်ကြီးရာထူးနဲ့ ခင်ညွန့်နဲ့သူ့စစ်တပ် တခုလုံးကို ထောင်ချထားတဲ့ကိစ္စ ဖြစ်သည်။ ငါ့နှယ်နော် ဒီကိစ္စလည်းဘယ်လိုရှင်းရပါ့ (ဦးသိန်းစိန် နောက်တစ်ခါ ညီးတွားသံဖြစ်သည်)၊
နိုင်ငံရေးအကျဉ်းသား များကိစ္စက သူ့အတွက် ဒီလောက်မခက်၊ ဟိုနေ့လွှတ်မယ် ဒီနေ့လွှတ်မယ်နှင့် ရူးချင်ယောင်ဆောင်နေလို့ ရသေးသည်။
ဒီတော့ဘယ်လိုလုပ်ကြမလဲ။ လူပါးလေးသိန်းစိန်က ဒီကိစ္စနှစ်ခုကို ရောသမမွှေတော့သည်။
ဆက်သားလေးအောင်ကြည်ကို အန်တီစုထံ ခေါက်ခေါက်ခါခါလွှတ်ပြီး ဒီပဲရင်းကိစ္စကို ဗွေမယူရန်၊ ခွင့်လွှတ်ရန် သေချာအောင် ကတိတွေမျိုစုံတောင်းသည်၊ လွှတ်တော်ထဲမှာလည်း ကျန်တဲ့သူတွေနှင့် ပြန်တိုင်ပင်သည်။
ဒီဇာတ်ကို သိန်းစိန်၊ ရွှေမန်း၊ အောင်မင်းတို့ က ရန် အားလုံးက တာဝန်ပေးသည်။ အများအမြင်တွင် သိန်းစိန်၊ ရှစ်လုံးတင်အောင်မြင့်ဦး၊ အောင်သောင်း စသဖြင့် ၃စု ကွဲနေသယောင်လုပ်ဇာတ်ခင်းရန် ဆုံးဖြတ်ကြသည်။
ကာချုပ်မင်အောင်လှိုင်ကိုတော့ လိုရာဆွဲသုံးကြမည်ဟု သဘောတူကြသည်။
တစ်ဖက်တွင် ခင်ညွန့်နှင့် အသည်းအသန်ညှိသည်။ ခင်ညွန့်ကလည်း သူ့တစ်ဖွဲ့လုံးအတွက် အာမခံချက်တွေ တသီကြီးတောင်းနေသည်။
အန်တီစုက တိုင်းပြည်အတွက် နံပါတ် တစ်
နံပါတ် နှစ် နံပါတ် သုံး သဘောထားပြီး ဆောင်ရွင်မည်ဖြစ်သဖြင့် ညှိုနိုင်းမှုမှာ အဆင်ချောလှသည်။
ခင်ညွန့်တို့နှင့် ညှိရသည်မှာ အတော်ကြာသည်။ စဖြစ်ကတည်းက စားခွက်လုရင်း ဇာတ်တူသားစားသည့် ဇာတ်လမ်းမျိုး ဖြစ်သဖြင့် တစ်ယောက်နှင့်တစ်ယောက် မယုံကြသေး၊
အားလုံးက ကျောင်းသားတွေပြန်မလွှတ်သေးဘူးလားနှင့်မေးလှပြီ၊ ရွှေမန်းက ကျောင်းသားတွေကိုပြန်လွှတ်စေချင်သည်၊ သိန်းစိန်က ရွှေမန်းကိုချော့ရသည်၊
ဒီဇာတ်က အငိုလွယ်သလောက် အရှိုက်ခက်သည့် ဇာတ်ဖြစ်နေသည်၊ ခင်ညွန့်တို့ တစ်ဖွဲ့လုံးကို ပြန်လွှတ်ရာတွင် အကြောင်းပြရန်ခက်နေသည်၊ ကျောင်းသားများနှင့် ရောမွှေပြီးလွှတ်မှဖြစ်မည်။
နောက်ပြီး ခင်ညွန့်တို့အုပ်စုကို ဒီအတိုင်းပြန်လွှတ်လိုက်လျှင် အားလုံးမေးစရာဖြစ်မည်၊ ခင်ညွန့်တို့ ခေတ်ကောင်းစဉ်က နှိပ်ကွပ်ခံထားရသူများကလည်း ထောင်ဗူးဝများတွင် ဒုတ်ထမ်း ဒါးထမ်း စောင့်နေမှာသေချာသည်။
ဒီလိုနှင့် အချိန်တွေ နောက်ကျနေရခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် သိန်းစိန်က ပြည်ထဲရေးကိုကို ကို နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ စကားလုံးကို တွင်တွင်ငြင်းခိုင်းထားသည်။
လူသားချင်း စာနာထောက်ထားသည်ဟူသော သဘောကို ဟိုလိုလို ဒီလိုလို ပြောခိုင်းထားသည်။ အမှန်တော့ ခင်ညွန့်တို့ အုပ်စုကို အကာအကွယ်ပေးချင်လို့ ကျောင်းသားတွေကို မလွှတ်သေးတာဖြစ်သည်။
နောက်ဆုံးတော့ ဟိုနေ့ကမှ လွှတ်ဖြစ်သွားသည်။ ဗမာပြေက လူထုကြီးက သနားလွယ်သည်။ အားလုံးအဆင်ချောသွားသည်။ လူပါးလေးသိန်းစိန် အသက်ရှုချောင်သွားတယ်ပေါ့။

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment