Wednesday, December 28, 2011

Virtual DJ V-7


ဂီတနဲ့နီစပ်သူငယ်ချင်းတွေအတွက်တော့ အစဉ်ပြေမယ်ထင်တယ်ဗျ၊ ကျွန်တော်ကတော့ ဂီတနဲ့ပတ်သက်ပြီး တော်တော်အလှမ်းဝေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မသုံးတက်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကလိကြည့်ရသလောက်တော့ တော်တော်လေး သုံးလို့ကောင်းမယ့် အခြေအနေမှာရှိတယ်ဗျ။
Download; mediafire
Unknown at 4:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

USB Write Protect

ကျွန်တော်တို့ကွန်ပျူတာထဲမှာ တချို့ Data တွေကို ကိုယ်မသိဘဲ တခြားသူတစ်ဦးတစ်ယောက်က ကူယူတာမျိုးကို အတော်များများက သဘောကျလိမ့်မယ်မထင်ဘူးဗျ။ ကျွန်တော်ကိုယ်တိုင်လဲ ဒီတိုင်းဘဲ ခံစားမိတယ်လေ။ အဲ့ဒီလိုလုပ်ဖို့အတွက် Software တော်တော်များများရှိပါတယ်နော့် Folder Lock လုပ်ထားတာတို့၊ Hide လုပ်ထားတာတို့ မျိုးစုံပါဘဲ အင်း အဲ့ဒီထဲမှာ ဒီ USB Write Protect လေးလဲ သုံးလို့ကောင်းတဲ့ Security လေးတစ်ခုဗျ။ သူကတော့ သုံးလို့လွယ်တယ်ဗျ။ စမ်းကြည့်ပေါ့ဗျာ ကြိုက်ရင်သုံး မကြိုက်ရင် မသုံးနဲ့ပေါ့နော့်။ ရှိတော့စမ်းလို့ရတာပေါ့။
Download: Mediafire
Unknown at 4:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တန်ဖိုးနည်း GSM မိုဘိုင်းဖုန်း ကို ၀၉၄ ထိပ်ဆုံး ဂဏန်းဖြင့်သာ ထုတ်ပေးသွားမည်




မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ လာမည့်နှစ် ဖေဖော်ဝါရီလ ၀န်းကျင်မှာ ချထားပေးမယ့် တန်ဖိုးနည်း GSM မိုဘိုင်းဖုန်းတွေဟာ ဂဏန်းအရေ အတွက် ၉ လုံး ရှိပြီး ၀၉၄ ဂဏန်း အစနဲ့သာ ချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှီ GSM ဖုန်းများ ချထားပေးမှုမှာ ၅ သိန်းတန် GSM ဖုန်းတွေကို ၀၉၄၃ အစ ဂဏန်းများနဲ့ ချထား ပေးခဲ့ပြီး လာမယ့် ဖေဖော် ၀ါရီ ၀န်းကျင်မှာ ချထားပေးရန် စီစဉ်ထားတဲ့ တန်ဖိုးနည်း GSM ဖုန်းတွေမှာလည်း ၀၉၄ အစ ဂဏန်းတွေနဲ့ ချထားပေးမှာ ဖြစ် ပါတယ်။ ဒါပေမယ့်  ၀၉၄ နောက်မှာ ထပ်ချပေးမယ့် နံပါတ်စဉ် ကိုတော့ သေချာ မသိရသေးဘူးလို့ သိရပါတယ်။ အဆိုပါ တန်းဖိုးနည်း GSM ဖုန်းတွေမှာတော့ ခေါ်ဆိုခကို အပြင်မှာ ထွက်ပေါ်နေတဲ့ သတင်းများ အတိုင်း အထွက် ၁ မိနစ် ၈၀ ကျပ် ပေးရမှာ မဟုတ်ဘဲ ယခင် ကျပ်ငါးသိန်း GSM ဖုန်းတွေ အတိုင်း အထွက် ၁ မိနစ် ၅၀ ကျပ်သာ ပေးဆောင်ရမှာ ဖြစ်ပါ တယ်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဟာ တန်ဖိုးနည်း GSM သန်း ၃၀ စီမံကိန်းမှာ ပထမနှစ် စီမံကိန်း ဖြစ်တဲ့ တန်ဖိုးနည်း GSM ၄သန်းကို ချထားပေးမှာ ဖြစ်ပြီး အဆိုပါ ချထားပေးမှုကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေမှ တစ်ဆင့် ချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလက်ရှိ ဖုန်းတွေမှာ Sim ကဒ် ပျောက်ဆုံး ပျက်စီးသူတွေ အတွက်ကိုလည်း မြန်မာ့ ဆက်သွယ်ရေး မှ ဆောင် ရွက် ပေးနေပေမယ့် နောက်ပိုင်းမှာ   ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီများနဲ့ ပူးပေါင်းကာ One Stop Service နဲ့ ဆောင်ရွက်သွားဖို့ အတွက်ကို လည်း စီစဉ်မှုများ ရှိနေတယ်လို့ သိရပါတယ်။
Unknown at 2:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုယ်ပိုင် ဖက်ရှင်ပဲ လန်းတယ်

ဖက်ရှင်က လန်းတယ်။ စတိုင်လ်ကလည်း မိတယ်။ ဖက်ရှင်ဆိုတာ လူတစ်ယောက်ရဲ့ Image ကို တိုးတက် ပြောင်းလဲပေး နိုင်ပါတယ်။ တနည်းပြောရရင် ဖက်ရှင် ကျကျ ၀တ်စား တတ်ရုံနဲ့  လူတွေကို မြင်မြင်ချင်း “အထင်ကြီးမှု၊ အားကျမှု၊ လည်ပြန်ငေးမောမှု” တွေကို မတောင်းပဲနဲ့  ရနိုင်ပါတယ်။ ဒီတော့ ဖက်ရှင် ကျအောင် ဘယ်လိုလုပ်ရမလဲ။ အကောင်းဆုံး ဖက်ရှင်ကတော့ ကိုယ်ပိုင်ဖက်ရှင်ပါပဲ။ သူများဆင်လို့  ကိုယ်ပါ လိုက်ပြီး တင့်တယ်မယ် ထင်ပါသလား။ Made in Myanmar Body ကို Made in Korea ဖက်ရှင်၊ အ၀တ်အစား တွေနဲ့  ဖက်ရှင်ထုတ်မဲ့  အစား ကိုယ်ပိုင် ဖက်ရှင်ကို ဖန်တီး ကြပါစို့ ။

ပညာရှိစကား မှတ်သားနာယူ
သာမာန် အရပ်သား ကောင်လေး ကောင်မလေးတွေက အစ နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ အဆုံး ဖက်ရှင်နဲ့  ပတ်သက်လာရင် ကိုယ့်အမေတွေ၊ ညီအကို၊ မောင်နှမတွေ၊ ချစ်သူ ရည်းစားတွေ လမ်းညွှန်တာကို လိုက်နာပြီး ၀တ်စား တတ်ကြပါ တယ်။ ဒီတော့ ဘ၀မှာ ကိုယ်ပိုင် ဖက်ရှင် တစ်ခါမှ မတီထွင်ခဲ့ ဖူးဘူး။ မဆင်ယင်ခဲ့ဖူးဘူး ဆိုရင်တောင် အခုအချိန်က ကိုယ်ပိုင်ဖက်ရှင် စတင်ဖို့  အကောင်းဆုံးအချိန်ပါပဲ။

တတ်ကျွမ်းတဲ့  ဖက်ရှင်ဒီဇိုင်နာ ပညာရှင်ဆီမှာ အကြံဥာဏ်ယူသင့်ပါတယ်။ ဖက်ရှင် ဒီဇိုင်နာ ဆီသွားဖို့  ငွေကြေးမတတ်နိုင် ဘူးဆိုရင် ဖက်ရှင်နဲ့  ပတ်သက်တဲ့ ဆောင်းပါးတွေ၊ နည်းလမ်းတွေ၊ မဂ္ဂဇင်းတွေကို အားကိုးပါ။ ဒါမှ ဖက်ရှင်နဲ့  ပတ်သက် ရင် အနည်းဆုံး သိထားရမဲ့  အခြေခံ စည်းမျဉ်းတွေကို သိလာပါလိမ့်မယ်။

ဥပမာ ခြေအိတ် အရောင်ကို ခပ်ပျော့ပျော့ထားပြီး ဖိနပ်အရောင်ကို နက်နက်ဆင်ရမယ် ဆိုတဲ့ စည်းမျဉ်းတွေ၊ ဖိနပ် အရောင်ဟာ ခါးပတ်အရောင်နဲ့  တူရမယ်ဆိုတဲ့  အချက်တွေ။ နောက်တစ်ချက်က ဘယ်အ၀တ်အစားဖြစ်ဖြစ် ဘယ်တော့မှ ကျပ်သိပ်အောင် မ၀တ်ပါနဲ့ ။ နောက်ပြီး အင်္ကျီထဲ လူဝင်ပုန်းလို့ ရအောင် မကြီးစေ၊ မပွပါစေနဲ့ ။ အဲဒီလို အခြေခံ အချက်တွေ သိပြီးမှ ကိုယ်ပိုင်ဟန်ကို ဥာဏ်ရှိသလို ထပ်ဆင့် တီထွင်တာ ကောင်းပါတယ်။

ရေစီးကြောင်း
ဖက်ရှင်ဟာ လုံးဝ ဥသုံစတိုင်နဲ့  ဆက်စပ် ပတ်သက်နေပါတယ်။ ဘယ်ဟာက ခေတ်စား နေတယ်။ ဘယ်ဟာက ဒိတ်အောက် သွားပြီလဲ၊ ဘယ်ဟာက အသစ်လဲ၊ ဘယ်ဟာက အဟောင်းလဲဆိုတာတွေ သိထားမှ ဖြစ်မှာပါ။ စတိုင် ကျတာဟာ ကြည့်ကောင်းတယ်။
စတိုင်ကျတယ် မကျဘူးဆိုတာဟာ ဘာကို ၀တ်ရမလဲ ဆိုတာ သိနေတာပါပဲ။

ကိုယ်ပိုင်ဖြစ်ပါစေ
ကိုယ်ပိုင်စတိုင်ကို ဖန်တီးဖို့ အတွက် အရေးကြီးဆုံးကတော့ သူများယောင်တိုင်း လိုက် မယောင်ပါနဲ့  ။ လူတိုင်းမှာ အားသာချက် တစ်ခုစီ ရှိကြပါတယ်။ အဲဒီ အားသာချက်ကို ကြီးထွားအောင် လုပ်ပါ။ သူများ ၀တ်တာလှလို့  ကိုယ်ပါ လိုက်ပြီး မ၀တ်မိပါစေနဲ့ ။ ကိုယ့် ဖက်ရှင်က ဘာလဲဆိုတာ လူတိုင်းသိစေဖို့  အတွက် လူတိုင်းလုပ်နေတဲ့ ဖက်ရှင်ကြီးကို စွန် ပစ်ပြီး ကိုယ်ပိုင် ဖက်ရှင် အစစ်တစ်ခု ဖန်တီးကြပါစို့ ။
Unknown at 11:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပေါင်တံ သွယ်ပြောင်း ဖြောင့်စင်းစေဖို့ 

ရေသောက်ပါ
အဆီရစ်နေတဲ့ ပေါင်တံကို နှိမ်နှင်းဖို့ အတွက် တစ်နေ့ ကို ရေ (သို့ ) လက်ဖက်ခြောက် 1.5 လီတာကနေ 2 လီတာအထိ သောက်သုံးပေးဖို့  လိုအပ်ပါတယ်။ လက်ဖက်ခြောက်ရည် သောက်မယ်ဆိုရင် လက်ဖက်ခြောက် စားပွဲတင် တစ်ဇွန်းစာကို ရေ 1 လီတာ ပွက်ပွက်ထဲ 5 မိနစ်လောက် ထည့်ပြုတ်ပြီး တနေကုန် သောက်ပေးပါ။

ထိုင်ထ လုပ်ပေးပါ
ထိုင်ထ ဆိုပေမဲ့ ယောကျာ်းလေးတွေ လုပ်လေ့ရှိတဲ့ ထိုင်ထမျိုး မဟုတ်ပါဘူး။ ထိုင်ခုံ တစ်ခုကို ယူပြီး ထိုင်ခုံရှေ့ မှာ မတ်တပ်ရပ် ပေးပါ။ ခြေထောက်နှစ်ချောင်းကို ခပ်ကျဲကျဲ ခွဲပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ ပုံစံအတိုင်း ဒူးကို ကွေးပြီး ထိုင်ချပါ။ ကိုယ်ရဲ့ အလေးချိန် ဟာ ဖနောင့် အပေါ်မှာပဲ ရှိနေရပါမယ်။ ပေါင်တံဟာ ထိုင်ခုံနဲ့  တစ်တန်းထဲ အနေအထားကို ရောက်နေပြီဆိုရင် မူလ ရပ်တဲ့ အနေအထားကို ဖြည်းညှင်းစွာ ပြန်ရပ်ပါ။

နံရံမှီ ထိုင်ထလုပ်နည်း
နံရံကို ကျောပေးပြီး ရပ်ပါ။ ခြေချောင်းတွေကို နံရံနဲ့  နည်းနည်းခွာပြီး ရှိနေပါစေ။ ပြီးလို့  ရှိရင် ဒူးခေါင်းကို ၉၀ ဒီဂရီ တည့်တည့် အနေအထားနဲ့  ကွေးလိုက်ပါ။ အဲဒီ အနေအထား နဲ့ နေနိုင်သလောက် နေပေးပါ။

အဆီများတဲ့ အစာ ရှောင်ပါ
အဆီကင်းပြီး ကျစ်ကျစ်လစ်လစ်နဲ့ လှပ ဖြောင့်စင်းတဲ့ ပေါင်တံ ရှိစေဖို့  အဆီကင်းတဲ့ အစားအစာတွေ ရှောင်ရှား ပေးရပါမယ်။ ချိစ်တွေ၊ ကိတ်တွေ၊ တခြား အဆီဓာတ်ပါတဲ့ အစားအစာတွေ ရှောင်ပေးရပါမယ်။
Unknown at 11:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသားဖြူစေသည်ဟု ဆိုသော လိမ်းဆေးများ

အသားဖြူစေသည် ဆိုသော လိမ်းဆေး whitener ဆိုသည်များဟာ Mercury ပြဒါးပါဝင်သော အရေပြားကို လင်းလက် တောက်ပ စေသော ပစ္စည်းများသာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကို ပြဒါး ၀င်ရောက်ခြင်း ခံရပါက အသည်းနှင့် ကျောက်ကပ်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောစရာ လိုမယ် မထင်ပါဘူး။
Unknown at 11:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခြောက်သွေ့ တဲ့ အသားအရေ စိုလက်စေလိုလျှင်

မိုးအကုန် ဆောင်းအကူးမှာ ရာသီစာအဖြစ် လှိုင်လှိုင်ပေါ်ထွက်လာမဲ့ ထောပတ်သီးနဲ့  အသား အရေကို ဘယ်လို ထိန်းသိမ်း ပြုပြင်ကြမလဲဆိုတာ ဖော်ပြထားပါတယ်။

“အလှအပဆိုတာဟာ အရေပြား တစ်ထောက်စာလေးပါကွာ” လို့  လူတွေ ပြောလေ့ ရှိပါ တယ်။ အဲဒီ အရေပြားလေးတွေ စိုလက် တောက်ပနေအောင် ထိန်းသိမ်းထားဖို့ ကို မေ့ လျော့နေတတ်ကြပါတယ်။ ကံကောင်းထောက်မစွာဖြင့် ထောပတ်သီးမှာ အသား အရေ အစိုဓာတ် ထိန်းပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့ အတွက် သင့်အရေပြားကို ပိုပြီး စိုလက် လှပ အောင် ကူညီ ပေးနိုင်ပါ တယ်။

လူသားတွေဟာ နှစ်ပေါင်းများစွာ ကြာအောင် ထောပတ်သီးကို သဘာဝ မျက်နှာ အသား အရေ ပြုပြင် ထိန်းသိမ်း စောင့်ရှောက်တဲ့ အသီးအဖြစ် သုံးစွဲ လာခဲ့ကြပါတယ်။ အထူးသဖြင့် အသားအရေ ခြောက်သွေ့ တဲ့သူတွေအတွက် ထောပတ်သီးနဲ့  အသားအရေ စိုလက် အောင် ထိန်းသိမ်းရတာ ပိုအဆင်ပြေပါတယ်။ လုပ်ရတာလည်း လွယ်ကူ ရိုးရှင်းလှသလို အိမ်မှာတင် အလွယ်တကူ သုံးနိုင် ပါသေးတယ်။

မိတ်ကပ်လိမ်းထားတဲ့ မျက်နှာလေးကို မိမိအနှစ်သက်ဆုံး မျက်နှာ သန့် စင် ဆေးရည် လေးနဲ့  မိတ်ကပ်တွေ ပြောင်စင်သွားအောင် လက်ချောင်လေးဖြင့် တို့ ကာ တို့ ကာနှင့် စက်ဝိုင်း ပုံလေး အောက်မှ အထက်သို့ ဖိကာ ဖိကာ ပွတ်သပ်ပေးပါ။ မျက်နှာ နေရာအနှံ့  ပွတ်ပြီး အထူးသဖြင့် နှာတံ၊ နှာချောင်းဘေး နှစ်ဖက်၊ ပါးစပ်တ၀ိုက်နဲ့  မေးစေ့တို့ မှာ ခပ်ကြာကြာ လေး ပွတ်သပ်ပါ။ ၃မိနစ်ခန့်  ကြာမှ ရေနွေးနွေးလေးဖြင့် မျက်နှာကို သေချာ သန့် စင် ဆေးကြောပါ။

ထောပတ်သီးအမှည့် တချို့ ကို ကြိတ်ချေပြီး နွားနို့ အနည်းငယ် ဒါမှမဟုတ် နို့ မှုန့်  အနည်း ငယ် ထည့်ပြီး ခပ်ပျစ်ပျစ်လေး မွှေပေးပါ၊ ပျစ်လာရင် မျက်နှာ တစ်ခုလုံးကို သုတ်လိမ်း ပေးပါ။ ခြောက်သွေ့ သွားအောင် ၁၀မိနစ်ခန့်် စောင့်ပါ။ ပြီးလျှင် ရေနိုင်နိုင် ဆေးချပြီး ထောပတ်သီးများကို ဖယ်ရှားပါ။

အကယ်၍ သင်ဟာ ခြောက်သွေ့ တဲ့ အသားအရေ ပိုင်ရှင်ဖြစ်ပါက (သို့ ) သင့်ကိုယ်သင် အသားအရေ လှပအောင် ဖူးဖူးမှုတ် ထားလိုပါက ထောပတ်သီး တစ်လုံးရအောင် ဆောင် ထားပါတဲ့။ နူးညံ့ ချိုစိမ့်တဲ့ ထောပတ်သီးဟာ သင့်အသားအရေကိုလည်း နူးညံ့ စိုလက်စေ နိုင်ပါတယ်။ အရေပြားကိုလည်း ချောမွေ့ စေပါတယ်။

ဟိုးအရင်က ထောပတ်သီးအသားကို အမျိုးသမီးများ ဆံပင် သန်စွမ်း နက်မှောင်စေရန် ခေါင်းလိမ်းဆီအဖြစ် သုံးခဲ့ကြပါတယ်။ ထောပတ်သီးအဆီကို အလှကုန် ပစ္စည်းများစွာမှာ သုံးစွဲလာတာ ယနေ့ ခေတ်မှာ ပိုလို့ တောင် များလာပါတယ်။

ထောပတ်သီး တစ်လုံးစာဖို့  ရင်းနှီး မြှုပ်နှံလိုက်ခြင်းဖြင့် သင့်အတွက် ဖော်ပြခဲ့သလို အလှကုန် အဖြစ် အသုံးဝင်သလို ကျန်းမာရေး အတွက်လည်း အကျိုးခံစားခွင့် ရှိပါသေး တယ်။

အဲဒါကတော့ အဆီကျ အသားကျစ်စေပါတယ်။ ကိုယ်အလေးချိန် တိုးတိုးပြီး ၀နေလျှင် ကိုယ်အလေးချိန်ချဖို့  အစားအစာ စာရင်း ထဲမှာ ထောပတ်သီးကို ထည့်ပြီး စားပေးဖို့  မမေ့ ပါနှင့်။ ထောပတ်သီး မှည့်မှည့်လေးကို ၄စိတ်စိတ်ပြီး ဒီအတိုင်း သဘာဝ ကျကျလေး စား လိုက်ပါ။ သကြား၊ နို့ ဆီ လုံးဝ ထည့်မခေါက်ပါနဲ့ ။ သဘာဝ အရသာ ဆိမ့်ဆိမ့်ချိုချိုလေးမို့  အရမ်းကောင်းပါတယ်။

ဒီအပြင် ခေတ်အလိုက် ရောဂါများ ဖြစ်ကြတဲ့ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချို သွေးချိုရောဂါနှင့် ကင်ဆာရောဂါတွေကို တောင် တိုက်ထုတ် ကာကွယ်ပေးနိုင်တာမို့  ထောပတ်သီးကို အမျိုးသားရော အမျိုးသမီးတွေပါ လူကြီးလူငယ်မကျန် စားသုံးသင့် ပါတယ်။
Unknown at 11:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

10 မိနစ်ပဲ အချိန်ပေးလိုက်ပါ

အမျိုးသမီးတွေဟာ သူတို့ ရဲ့ မျက်နှာလေး နေ့ စဉ် ကြည်လင်နေစေဖို့ ကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်အဖြစ် ဦးစားပေးရပါ သေးတယ်။ အရရာတိုင်းဟာ Rush Hour ဆိုတဲ့ စကားအတိုင်း အပြေးအလွှား၊ ကမန်းကတန်း၊ အပူတပြင်း သွားလာ လုပ်ကိုင် နေရတဲ့ ကာလ ဖြစ်တော့ အမျိုးသမီးတွေလည်း အလုပ်များလာရတာ ဖြစ်တဲ့အတွက် အလှပြင်ဖို့  ၁၀မိနစ်စာလောက်တော့ အချိန်ပေးရမှာ ဖြစ်ပါတယ်။

မြန်ဆန် လန်းဆန်းစေတဲ့ အလှပြင်နည်း ၆ဆင့်

အဆင့် ၁ - မျက်နှာသန့် စင်ပြီးပြီဆိုတာနဲ့  (ဒါမှမဟုတ်) ရေချိုးပြီးလို့  တဘက်နဲ့  ခြောက်သွေ့  အောာင် သုတ်ပြီး အစိုဓာတ်ခံလိမ်း ခရမ်ကို မျက်နှာပေါ် နေရာအနှံ့  အစက် ကလေးတွေ ချပြီး အရေပြားထဲ စိမ့်ဝင်အောင် ခပ်သွက်သွက်လေး ပွတ်ပေးပါ။ ဒါဆိုရင် အရေပြားဟာ မိတ်ကပ်လိမ်းဖို့  ချောမွတ်လာပါပြီ။

အဆင့် ၂ - မျက်နှာပေါ်က အမဲအပြောက်လေးတွေ ဖုံးကွယ်ချင်ရင်တော့ ဖောင်ဒေးရှင်း ခံပြီးတာနဲ့  အပေါ်က ကွန်ဆီလာလေး အစက်ချပြီး ပြန်လိမ်းပါ။

အဆင့် ၃ - ပါးအို့ လေး နှစ်ဖက်မှာ ပါးနီလေး တင်ချင်ရင်လည်း တင်လိုက်ပါအုံး။ ပါးနှစ်ဖက် ပတ်ပတ်လည် အပြည့်တင်ပေးလည်း ရတယ်။

အဆင့် ၄ - ပြီးရင် မျက်ခွံလေးနှစ်ဘက်ပေါ်မှာ အိုင်းရှဲဒိုး ခရမ်ကို မိမိ ၀တ်ထားတဲ့ ၀တ်စုံ အရောင်နဲ့  လိုက်ဖက်တဲ့ အရောင်တင်ပါ။ မျက်ခွံပေါ် အစက်ချပြီး အတွင်းကနေ အပြင် ဘက်ကို လက်ညှိုးထိပ်နဲ့  ခပ်ပါးပါး ဆွဲယူပါ။

အဆင့် ၅ - မျက်တောင်ကော့ မက်စ်ကာရာနဲ့  မျက်တောင်လေးတွေကို ကွေးညွတ်အောင် မျက်တောင်ကော့ဆေး တင်ပေးပါ။

အဆင့် ၆ - နောက်ဆုံးတော့ နှုတ်ခမ်းနီလေး တင်ပြီး အလှပြင်ခြင်းကို အဆုံးသတ် ပေးနိုင် ပါပြီ။ အရောင်မတင်ချင်ဘူး၊ စိုစိုလက် လက်နဲ့  သဘာဝအတိုင်းလေး လိုချင်ရင် Lip Gross လေးပဲ တင်လိုက်ပါ။

အသက် ၄၅ နှစ်အောက် အမျိုးသမီးများအဖို့  နှုတ်ခမ်းနီ အရောင်တစ်မျိုးမျိုးကို လန်းဆန်းသွားအောင် ဆိုးပါ။ အသက် ၄၅ နှစ်မှ ၆၅ နှစ်အရွယ်ဆိုရင်တော့ အရောင် ရင့်ရင့် အနီကို တတ်နိုင်သမျှ ရှောင်ပါ။ ဘာလို့ လဲဆိုတော့ အရွယ်ကျတာကို ပို သိသွား စေနိုင် ပါတယ်။ အရောင်ဖျော့ဖျော့နဲ့  ကျန်တဲ့ အရောင်တွေ သုံးပါ။
Unknown at 11:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အလှအပရဲ့ လျှို့ ဝှက်ချက်များ

(၁) ပက်လက်လှန်ပြီး အိပ်ခြင်းဟာ အရေးအကြောင်းနဲ့  ပါးရေတွန့် ခြင်းတွေကို လျှော့ချ နိုင်ကြောင်း လက်ရှိ သုတေသနများမှာ တွေ့ ရှိခဲ့ရပါတယ်။

(၂) သင်ဟာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံ ပေါက်နေရင် အရေးအကြောင်းနဲ့  အမည်းစက်တွေ ဖုံးကွယ်ချင်တဲ့အခါမှာ သုံးတဲ့ ကွန်စီလာ (Concealer)ကို မျက်စိထောင့်စွန်းကနေ အပြင် ဘက်ကို ဆွဲယူပြီး လိမ်းပေးပါ။ အဲဒါဟာ သင့်ကို ညက အိပ်ရေးဝအောင် အိပ်ခဲ့ရတဲ့ အသွင်သဏ္ဍန် ဖြစ်ပေါ်စေပါတယ်။

(၃) အောက်ခံ မိတ်ကပ်ကို ဒီအတိုင်း လိမ်းမယ့်အစား မလိမ်းခင် လက်ဖ၀ါးထဲမှာ အစို ဓာတ်ခံလိမ်းဆေး Moisturizer နဲ့  ရောသမပြီးမှ လိမ်းမယ်ဆိုရင် နွေရာသီမှာ ပိုပြီး ပြည့်စုံ တဲ့ အလှအပကို ရရှိစေမှာပါ။

(၄) မိတ်ကပ် မလိမ်းမီ Moisturizer လိမ်းမယ်ဆိုရင် အသားထဲကို စိမ့်ဝင်နိုင်အောင် အချိန်ပေးပြီး ခဏနေမှ မိတ်ကပ် လိမ်းခြယ်ရတာ ပိုမို လွယ်ကူစေမှာပါ။

(၅) သင့်နှုတ်ခမ်းကို ပိုပြီး ထူသယောင် ဖြစ်လိုရင် အရောင်ရင့်ပြီး တောက်ပတဲ့ နှုတ်ခမ်း နီများကို ရွေးချယ်ပါ။ ပိုပြီး ပါးသယောင် ထင်ချင်တယ်ဆိုရင် သဘာဝဆန်တဲ့ မတောက်ပ တဲ့ နှုတ်ခမ်းနီ အရောင်များကို ရွေးချယ်ပါ။

(၆) နှုတ်ခမ်းနီ ဆိုးပြီးရင် အောက်နှုတ်ခမ်းရဲ့ အလယ်မှာ စိုလက်တဲ့ Lip gloss လေးတင် ပါ။

(၇) သင့်ဆံပင်ကို လေမှုတ် အခြောက်မခံခင်မှာ မိတ်ကပ်ကို ကြိုပြီး ဘယ်တော့မှ မလိမ်း ခြယ်ပါနဲ့ ။ ဆံပင်ကို လေမှုတ် တဲ့အခါမှာ အပူဓာတ်ကြောင့် မိတ်ကပ်တွေ မညီမညာ ဖြစ် ပြီး ကြာရှည် မခံပဲ ခဏလေးနဲ့  အလှပျက်သွားနိုင်တာ ကြောင့်ပါပဲ။

(၈) သင့်ရဲ့ ပြုံးအလှကို ရေရှည် ထိန်းထားနိုင်ဖို့  သွားတိုက်တံကို ၃လ ၁ခါ လဲလှယ်ပါ။

(၉) သွားကြားထဲက အညစ်အကြေးတွေ ကုန်စင်အောင် သွားသန့် စင်ကြိုး သုံးတဲ့ အလေ့ အထ လုပ်ပါ။

(၁၀) ပါးနီကို ပါးရဲ့ ဘယ်နေရာကို တင်ရမလဲဆိုတာ မဆုံးဖြတ်တတ်ရင် သင့်ပါးနှစ်ဖက် မို့ တက်သွားအောင် ပြုံးရယ် တဲ့အခါ ဖြစ်ပေါ်လာမယ့် မို့ တက်လာတဲ့ နေရာကို လိမ်းခြယ်ကြည့်ပါ။ အဲဒီင်္လို အစမ်းလိမ်းခြယ်ကြည့်တဲ့အခါ သဘာ ၀ဆန်ပြီး အဆင်ပြေတဲ့ ပါးနီမို့ မို့ လေးကို ရတယ်ဆိုရင် အဲဒီ ဧရိယာကို မှတ်သားထားပြီး လိမ်းခြယ်ပါ။
Unknown at 11:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နုပျိုလိုပါက

အသက်ရလာတဲ့အခါ နဖူး၊ မျက်စိ၊ ပါးစပ်၊ မေးစေ့နှင့် လည်ပင်းတွေမှာ အရစ်အတွန့်  အလိပ် တွေ အများကြီး ပေါ်လာပြီး လူကို ပိုအိုစေပါတယ်။ အထူးသဖြင့် မျက်စိ ပတ်ပတ်လည်က အတွန့် တွေနဲ့ အိတွဲကျလာတဲ့ မျက်ခွံတွေက ပိုပြီး အကြည့်ရ ဆိုးစေပါတယ်။ မျက်စိတ၀ိုက် အရေးအကြောင်းများ၊ မျက်ခွံအိတွဲကျလာခြင်းများကို အောက်ပါ အတိုင်း ဖြေရှင်းပေးပါက နုပျိုလာမှာ ဖြစ်ပါတယ်။

(၁) လက်သူကြွယ်ဖြင့် မျက်စိအထက်အောက် မျက်ခွံလေးတွေကို သာသာလေး ဖိနှိပ် ပွတ်သပ်ပေးပါက သွေးလည်ပတ်မှု ပိုကောင်းစေသလို ပြန်ရည်ကြည်ကြောများ ပွင့်ပြီး မျက်ခွံများ မို့ အစ်ခြင်း၊ အိတွဲခြင်းများကို ဖယ်ရှားပစ်နိုင်ပါတယ်။

(၂) အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရင်လည်း မှောက်မအိပ်ပါနှင့်။

(၃) မျက်မှောင်မကြုတ်ပါနဲ့ ။ မျက်ရစ်တွေ၊ နဖူးအရစ်တွေ ပိုဆိုးစေပါတယ်။

(၄) ဆားလျှော့စားပါ။ သကြား အများကြီးစားရင်လည်း အသားအရေကို တောင့်တင်း သန်မာစေတဲ့ ကိုလဂျင် အမျှင်ဓာတ်အား အန္တရာယ်ပေး ထိခိုက် ဖျက်ဆီးစေတတ်ပါတယ်။ ဒါကြောင့် သကြားကိုလည်း လျှော့စားပါ။

(၅) မျက်ခွံလေးတွေ ပြေလျော့အောင် အာလူးကို အခွံသင်၊ အကွင်းလိုက် ပါးပါးလှီးပြီး မျက်စိများ အပေါ်မှ အုပ်ပေးပါ။ အရောင်အရမ်းကို လျော့စေပါတယ်။
Unknown at 11:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသားအရေ ချောမွတ်စေရန် အိမ်တွင်း မျက်နှာ ပေါင်းတင်နည်း

မျက်နှာပေါင်းတင်ခြင်းဆိုသည်မှာ သင်၏ အသားအရေ ကောင်းမွန်စေရန်အတွက်သာ မဟုတ်ပဲ သင်၏ စိတ်ချမ်းမြေ့ စေရန် အနားပေးသော အချိန်လည်း ဖြစ်ပါသည်။ အောက်ပါ ညွှန်ကြားချက်များဖြင့် သင်၏ အသားအရေ ချောမွတ် စေရန် သင့်အိမ်တွင် ရှိပြီးသား အလွယ်တကူ ရရှိနိုင်သော ပစ္စည်းများကို အသုံးပြု၍ မျက်နှာပေါင်းတင်နိုင်ပါသည်။

အဆင့်(၁)
အကောင်းဆုံး အကျိုးကျေးဇူးများ ရရှိစေရန်အတွက် သင်၏ မျက်နှာကို သန့် စင်စေပြီး အစိုဓာတ် ရှိအောင် ပြုလုပ် ထားပါ။ အစိုဓာတ်ခံလိမ်းဆေးကို လိမ်းပေးခြင်းဖြင့် သင်၏ မျက်နှာ အသားအရေကို ချောမွတ်၍ ကျန်းမာစေပါသည်။ ထိုသို့  ပြုလုပ်ပေးခြင်းအားဖြင့် ၀က်ခြံနှင့် ကြမ်းတမ်းသော အရေပြား ဖြစ်နိုင်မှု အခွင့်အလမ်းများကို လျှော့ချ ပေးပါသည်။

အဆင့်(၂)
လတ်လတ်ဆတ်ဆတ် ငှက်ပျောသီးတစ်ဝက်ကို ခက်ရင်းဖြင့် ချေပြီး ဒိန်ချဉ် လက်ဘက် ရည်ဇွန်း ၂ဇွန်း ထည့်ကာ သမအောင် ရောမွှေပါ။ ၄င်းတို့ ကို သေချာနှံ့ စပ်စွာ မွှေပြီးမှသာ ပျားရည် လက်ဖက်ရည် ဇွန်း ၁ဇွန်း ထပ်ရောပြီး သမအောင် မွှေပါ။

အဆင့်(၃)
သမစွာ ရောမွှေထားသော ၄င်းအနှစ်များကို မျက်နှာပေါ်တွင် ညီညာစွာ သုတ်လိမ်းပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားပါ။ ပြီးလျှင် ရေအေးဖြင့် ဆေးကြောပါ။ နူးညံ့ပြီး သန့် ရှင်းသော အ၀တ်စဖြင့် မျက်နှာပေါ်တွင် တင်ကျန်ရစ်ခဲ့သည်များကို ဖယ်ရှားပေးပါ။ အေး၍ သန့် စင် သောလေဖြင့် ထပ်မံ ဆေးကြောပေးပါ။
Unknown at 11:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပည့်စုံသော ပြုံးအလှပိုင်ရှင် ဖြစ်စေရန် လမ်းညွှန်ချက် (၈) ရပ်

(၁) သင့်တော် မှန်ကန်သော သွားပွတ်တံကို ရွေးချယ်ခြင်း
ဈေးကွက်အတွင်း သွားပွတ်တံ အမျိုးအစားပေါင်း များစွာ ရှိသော်လည်း မိမိနှင့် သင့်တော် သော သွားပွတ်တံကိုသာ ရွေးချယ်ပါ။ သွားပွတ်တံမွေး သင့်လျော်ရုံသာ ရှည်သော သွားပွတ်တံ ကို ရွေးချယ် သုံးစွဲသင့်ပါတယ်။ ဒါမှမဟုတ် သွားဆရာဝန်ထံ အကြံဥာဏ် တောင်းယူပြီး သွားပွတ်တံကို ရွေးချယ် ၀ယ်ယူပါ။

(၂) သွားကို စနစ်တကျ တိုက်ပေးခြင်း
သွားကို နည်းလမ်းမှန်ကန်စွာ တိုက်ရန် အရေးကြီးပါသည်။ သင်၏ သွားများတစ်လျှောက် သွားပွတ်တံကို စက်ဝိုင်းပုံသဏ္ဍန် အတိုင်း လှည့်လည်စေပြီး ညင်သာစွာ တိုက်ပေးပါ။ ထိုသို့ ပြုလုပ်နေရင်း အပေါ်မေးရိုးအတွက် သွားပွတ်တံဖြင့် အောက်သို့  ဆွဲချပြီး ပွတ်တိုက် ပါ။ အောက်မေးရိုးအတွက် သွားပွတ်တံကို အထက်ဘက်သို့ ဆွဲ၍ ပွတ်တိုက်ပေးပါ။

(၃) သွားဖုံးကို နှိပ်နယ်ပေးခြင်း
သွားတိုက်ပြီးတိုင်း သွားဖုံးကို ပုံမှန် နှိပ်နယ်ပေးခြင်းဖြင့် သင့်ရဲ့ သွားဖုံးကို ကျန်းမာ ကောင်းမွန် စေပါတယ်။

(၄) လျှာ သန့် ရှင်းရေး ပြုလုပ်ခြင်း (လျှာပွတ်တံ အသုံးပြုခြင်း)
လျှာပွတ်တံကို အသုံးပြု၍ လျှာသန့် ရှင်းရေး မှန်မှန် လုပ်ဆောင်ပေးခြင်းဖြင့် လျှာအပေါ် တွင် ဗက်တိုးရီးယား ပိုးမွှားများ စုပုံခြင်းနှင့် ခံတွင်းနံ့ ဆိုးခြင်းတို့ ကို ကာကွယ်ပေးသည်။

(၅) တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးခြင်း
လူအများစုသည် ညအိပ်ခါနီးတွင် သွားတိုက်ရန် မလိုအပ်ဟု ထင်သောကြောင့် ညဘက် တွင် သွားတိုက်လေ့ မရှိပါ။ သို့ သော် သွားဆရာဝန်များက အိပ်ခါနီးတွင် သွားတိုက်ခြင်း ဖြင့် မိမိ ညဘက် အိပ်နေစဉ်ကာလအတွင်း သွားများကို ဗက်တီးရီးယား ကင်း စင်စေသဖြင့် ညဘက်တွင် သွားတိုက်သင့်ကြောင်း ပြင်းပြင်းထန်ထန် အကြံပြုထားပါသည်။

(၆) သွားကြားထိုးစေခြင်း
သွားအတွင်းရှိ ဗက်တီးရီး ပိုးမွှားများနှင့် သွားကြားရှိ ချိုးများ၊ သွားခေးများ ကင်းစင်စေရန် (သွားကြားများကို သွားတိုက်ကြိုးဖြင့် သန့် စင်ပေးခြင်း) သည် အလွန် အရေးကြီးပါသည်။ အထူး ဖယောင်းကြိုးဖြင့် ပြုလုပ်ထားသည့် သွားကြားထိုးကြိုးမျိုးကိုသာ ၀ယ်ပါ။ ၄င်းတို့ ကို ဈေးကွက်တွင် လွယ်ကူစွာ ရရှိနိုင်ပါသည်။

(၇) ကာဗိုဟိုက်ဒရိတ် များသော အစာများ စားခြင်း ရှောင်ပါ
ကာဗိုဟိုက်ဒရိတ် များသော အစာများ {ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)သည် သကြားအဖြစ် လွယ်ကူစွာ ပြောင်းနိုင်သည်}နှင့် သကြားဓာတ်များသော အစားစားခြင်းကို လျှော့ချပါ။ ၄င်းအစားအစာများသည် သွားပိုးစားခြင်းကို အထောက်အကူပြုစေသဖြင့် သွားများကို သွားများကို ပျက်စီးစေပါသည်။

(၈) အစာစားပြီးတိုင်း ရေဖြင့် ပလုတ်ကျင်းပေးခြင်း
အစာစားပြီးတိုင်း ပါးစပ်ကို ရေဖြင့် ပလုတ်ကျင်းရန် မမေ့ပါနှင့်။ ဤသို့ ပြုလုပ်ခြင်းသည် သင်၏ ခံတွင်းကို သန့် ရှင်းစေ၍ အနံ့ ဆိုး များကိုပါ ဖယ်ရှားပေးပါသည်။
Unknown at 11:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆံပင်အကြောင်းသိကောင်းစရာ (၁)

ဆံပင်နဲ့ ပတ်သက်တဲ့ အသုံးဝင်ဖွယ် အချက်အလက်လေးတွေပါ။

၁။ဆံပင်ခွေခွေကောက်ကောက်
ဆံပင်ကောက် အပူချောင်း သုံးစရာ မလိုပဲ ဆံပင်ကာက်လို့ ရပါတယ်။ အရင်ဆုံး ဆံပင်ကို curling spray သို့ မဟုတ် curl cream လိမ်းပေးပါ။ ပြီးလျှင် တင်းနစ်ဘောလုံး တစ်လုံးစာ ခန့် mousse ကို ထပ်လိမ်းပေးပါ။ ဆံပင်ကို အပိုင်း ၂ ပိုင်း ခွဲပြီး ကျစ်ဆံမြီး ကျစ်ပါ။ ဆံပင် အဖျားပိုင်းကို သားရေပင်ဖြင့် စည်းပေးပါ။ အချိန်ကုန် သက်သာအောင် မိတ်ကပ်မလိမ်းခင် မှာ လုပ်နိုင်ပါတယ်။ ကျစ်ဆံမြီး ကျစ်ထားတဲ့ ဆံပင်ကို hair dryer ဖြင့် အပူပေးပြီး ပြန်ဖြည် ပါ။ ဆံပင်နွယ် ခွေခွေကောက်ကောက်လေးတွေကို လက်ချောင်းလေးနဲ့  အသာဖြည်ပြီး ပုံသွင်းလိုက်ရင် ရပါပြီ။

၂။ ဆံပင် အဖျားများကို ဂရုစိုက်ပါ။
ဆံပင် အဖျားလေးတွေဟာ ခြောက်သွေ့ ပြီး ဆံပင်နှစ်ခွတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် serum သို့ မဟုတ် leave in treatment တွေ လိမ်းတဲ့ အခါ ဆံပင်အဖျားလေးတွေကို ဦးစားပေးပြီး လိမ်းပေးပါ။

၃။ သဘာဝကျကျ
ဆံပင်လိမ်းပစ္စည်းတွေ လိမ်းထားတဲ့ မာမာတောင့်တောင့် ဆံပင်ထက် နဂိုရှိရင်းစွဲ သဘာဝ ဆံပင်က ပိုပြီး ဆွဲဆောင်မှု ရှိတာကို မမေ့ပါနဲ့ ။

၎။ ကလစ်လှလှလေးများ
အမြန်ဆုံးနဲ့  အလွယ်ဆုံး ဆံပင်ပုံစံလေးတစ်ခု ပြောပြပါမယ်။ ဘေးခွဲထားတဲ့ ဆံပင်ကို ခါတိုင်းထက် ပိုခွဲပြီး နောက် တစ်ဖက်မှာ ကလစ်လှလှလေး တစ်ချောင်း ထိုးပေးပါ။ ပြီးလျှင် Hair Spray အနည်းငယ် ဖြန်းပေးပါ။

၅။ စေးကပ်ကပ် ဆံပင်
ဆံပင်အရင်းမှာ ဆီတွေထွက်ပြီး စေးကပ်ဖြစ်နေရင် ၄င်းနေရာကို loose powder အနည်း ငယ် သုတ်ပေးပါ။ ဆံပင်ကို ပြောင်းပြန်လှန်ပြီး ပိုနေတဲ့ ပေါင်ဒါမှုန့် များ ခါချပါ။ ပေါင်ဒါမှုန့်  များက အဆီတွေကို စုတ်ယူလိုက်တဲ့အတွက် ဆံပင်တွေ စီးကပ် မနေတော့ပဲ ဒီပြသနာကို အလွယ်တကူ ဖြေရှင်းသွားနိုင်မှာပါ။

၆။ ထိပ်ပြောင်မှာ စိုးရိမ်နေသလား
ဆံပင်ခွဲကြောင်းကို မကြာခဏ ပြောင်းခွဲပေးပါ။

၇။ ပုံသွင်း ဆံပင်တွေ ပျက်သွားတဲ့အခါ
ဆံပင်လိမ်းဆေးတွေ လိမ်းပြီးလို့  ပုံသွင်းထားတဲ့ ဆံပင်တွေ အိတွဲကျပြီး ပုံပျက် သွားတဲ့အခါ လိမ်းဆေး ပစ္စည်းတွေ ထပ်မလိမ်းပါနဲ့ ။ အဲဒီအစား ဆံပင်ကို ရေအနည်းငယ် ဖျန်းပြီး ပုံပြန်သွင်းနိုင်ပါတယ်။ ဒါမှမဟုတ် ရေစိုတဲ့လက်ချောင်း နဲ့  ဆံပင်ကို သပ်ပေးပြီး ပုံပြန်သွင်းနိုင်ပါတယ်။

၈။ ဆံပင်ကို မဖျက်ဆီးပါနဲ့ 
မိမိဆံပင်ကို နဂိုပုံစံအတိုင်း ထားတာ အကောင်းဆုံးပါ။ နဂို ဆံပင်အဖြောင့်ကို ကောက်တာ၊ နဂို ဆံပင်အကောက်ကို ဖြောင့်တာမျိုး သိပ်မလုပ်ပါနဲ့ ။ ဆံပင်တွေဟာ အပူပေး ကရိယာ တွေနဲ့  ထိတွေ့ မှုနည်းလေ၊ ဆံပင်သားပျက်စီးမှုနည်း ပြီး ကျန်းမာ သန်စွမ်းလေ ဖြစ်ပါတယ်။

၉။ ညင်သာစွာ ကိုင်တွယ်ပါ။
ခေါင်းလျှော်ပြီးစ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်တာမျိုး မလုပ်ပါနဲ့ ။ ကြမ်းတမ်း စွာ ကိုင်တွယ်မယ်ဆိုရင် ဆံပင်က cutical များ ပွင့်လာပြီး ဆံပင် ကျိုးပဲ့ ပျက်စီးတတ် ပါတယ်။

၁၀။ မိမိနဲ့  သင့်တော်သော ပစ္စည်းကို သုံးပါ။
မိမိနဲ့ သင့်တော်တဲ့ shampoo ကို ရွေးတဲ့အခါ မိမိရဲ့ ဦးရေပြား အခြေအနေကို လိုက်ပြီး ရွေးရမှာ ဖြစ်သလို conditioner ကိုတော့ ဆံပင်သားပေါ် မူတည်ပြီး ရွေးရမှာပါ။ မိမိ ဦးရေပြားက အဆီပြန်ပြီး ဆံပင်က ခြောက်သွေ့ တဲ့ ဆံပင်ဆိုရင် shampoo ကို oily hair conditioner ကို dry hair အတွက် ရွေးချယ်အသုံးပြုပါ။ conditioner ကို သုံးတဲ့အခါမှာ လည်း ဆံပင်အရင်းနားကို ရှောင်ပြီး သုံးပါ။
Unknown at 11:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆံပင်အကြောင်းသိကောင်းစရာ (၂)

ဆံပင်နဲ့ ပတ်သက်တဲ့ အသုံးဝင်ဖွယ် အချက်အလက်လေးတွေပါ။

၁၁။ ရေစိုဆံပင်ကို ဂရုစိုက်ပါ
ဆံပင်ရေစိုတဲ့အခါ ကျုံ့ နိုင် ဆန့် နိုင်ပြီး ကျိုးပဲ့လွယ်ပါတယ်။ ဒါကြောင့် ရေစိုဆံပင်များကို ဘရပ်ရှ်နဲ့  မဖြီးပဲ ဘီးကျဲကျဲ ဖြင့်သာ ဖြီးပေးပါ။

၁၂။ လှိုင်းတွန့် ခပ်ပြေပြေ
ဆံပင်ကောက်တဲ့အခါတိုင်း ဆံပင်သားတွေ မာမာတောင့်တောင့်ကြီး ဖြစ်နေမယ်ဆိုရင် ဆံပင်ကောက် curling spray, curl cream များ မလိမ်းခင် conditioning spray ဒါမှ မဟုတ် leave in treatment တစ်မျိုးမျိုး အရင်လိမ်းပေးပါ။

၁၃။ နည်းလေ ကောင်းလေ
ဆံပင်အုံ ထူစေချင်တဲ့အခါ volumising spray ကို တစ်ခေါင်းလုံး ဖျန်းတာမျိုး မလုပ်ပဲ ရေ မစိုတစို ဖြစ်နေတဲ့ ဆံပင် အရင်းကိုသာ ဖျန်းပါ။ ဘီးခပ်ကျဲကျဲဖြင့် ဖြီးပါ။ ပြီးလျှင် အပေါ် အောက် dryer ဖြင့် လေမှုတ်ပါ။ သဘာဝကျကျ ဆံပင် အုံထူစေတဲ့ နည်းပါ။

၁၄။ ဆံပင်ကောက် အပူချောင်းများ တစ်ခုနဲ့ တစ်ခု မတူပါ
နူးညံ့သော ဆံပင်သား ရှိသူများက တစ်လက်မ အချင်းရှိသော ဆံပင်ကောက် အပူချောင်း များ သုံးပါ။ ဆံပင်သားကြမ်း သူများကတော့ အချင်းတစ်လက်မခွဲနဲ့ အထက် လုံးပတ်ရှိတဲ့ အပူချောင်းများ သုံးသင့်ပါတယ်။

၁၅။ အားကစားခန်းမ (gym) သွားတဲ့အခါ
အားကစားခန်းမ (gym) တွေမှာ အားကစားလုပ်တဲ့သူဆိုရင် လေ့ကျင့်ခန်းပြီးတဲ့အခါ ဆံပင် ကို mask လိမ်းပြီး ချွေး ထုတ်ခန်း sauna ထဲမှာ ၁၀မိနစ်ခန့်  ထိုင်ပါ။ အပူကြောင့် ဆံပင် ၏ cuticle များ ပွင့်လာပြီး ၄င်း mask များက ဆံပင် သားထဲကို ပိုပြီး စိမ့်ဝင် သွားစေပါ တယ်။ ပြီးလျှင် cuticle များ ပြန်ပိတ်ပြီး ဆံပင်သား တောက်ပစေဖို့  ရေအေးနဲ့  လောင်းချ ပါ။

၁၆။ ဆံပင်သား ပြောင်လက်တောက်ပစေဖို့ 
ဆံပင်သားတွေ အရောင်မှိန်ပြီး တောက်ပမှု ကင်းမဲ့လာပြီဆိုရင် ဆံပင်လိမ်းဆေးတွေ မကြာခဏ သုံးတာ များလာလို့  ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်တဲ့အခါ clarifying shampoo သုံးပြီး တစ်လ ၂ကြိမ်ခန့် လျှော်ပေးပါ။ အထူးသဖြင့် ဆံပင် လိမ်းဆေး ခပ်များများ သုံးတဲ့ အခါမျိုးမှာ ၄င်း shampoo ဖြင့် ခေါင်းလျှော်ပါ။

၁၇။ ဆံပင် layer ရှည်ရှည်
ဆံပင် layer လိုက် step ညှပ်တဲ့အခါမှာ နားရွက် အပေါ်ထိရောက်အောင် မတိုပါနဲ့ ။ ဦးထုပ် ဆောင်းထားသလို ဖောင်း ဖောင်းကြီး ဖြစ်နေရင် ကြည့်လို့ မလှပါဘူး။

၁၈။ ဆံပင်စို မြန်မြန် ခြောက်စေဖို့ 
Towel တဘက်အပါးတွေက အထူထက် ရေကို မြန်မြန်နဲ့  များများ ပိုမို စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ရေစို မြန်မြန် ခြောက်ချင်တဲ့အခါ တဘက်အထူ ၁ထည်သုံးမဲ့အစား တဘက် အပါး ၂ခု၊ ၃ခု သုံးပြီး သုတ်ပေးနိုင်ပါတယ်။

၁၉။ ဆံပင်ဖြောင့်ဖြောင့်စင်းစင်းလေး လိုချင်တဲ့အခါ
မခြောက်တခြောက် ဆံပင်ကို ဘရပ်ရှ်အလုံး ကြီးကြီးဖြင့် ၄၅ဒီဂရီခန့် မြှောက်ယူပြီး blow dry မှုတ်ပါ။ ဆံပင်တစ်လွှာ ချင်းစီ ယူပြီး အရင်းမှ အဖျားသို့ မှုတ်ပေးပါ။

၂၀။ ဆံပင်လေမှုတ်တဲ့အခါ
Dryer ၏ အ၀ကို အောက်ဘက်စိုက်ချပြီး ဆံပင်အရင်းမှ အဖျားသို့ မှုတ်ပါ။ ဤသို့ လုပ်ပေး ခြင်းအားဖြင့် ဆံပင်သားကို ချောမွတ်စေပါတယ်။ ဆံပင်များကို ၉၀%ခန့် ခြောက်သွား တဲ့အခါ dryer ရဲ့ လေအေးခလုတ်ကို လေအေးဖြင့် မှုတ်ပေး ပါ။ ဆံပင်သားများ တောက်ပြောင် လှပစေပါတယ်။
Unknown at 11:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိတ်ကပ်လိမ်းတဲ့ ဘရပ်ခ်ျလေးတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုရင်

မိတ်ကပ်လိမ်းတဲ့ ဘရပ်ခ်ျလေးတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုရင်

* မာခဲတဲ့အထိ မသုံးပါနဲ့ ။
ဘရပ်ခ်ျက အမွေးတွေ တောင့်တင်း မာခဲပြီး ဂျပ်ခဲကြီး ဖြစ်လာပြီဆိုရင် မသုံးသင့်တော့ပါ။ ကြမ်းတမ်း မာခဲနေတဲ့ ဘရပ်ခ်ျနဲ့  ပါးပြင်ကို ပွတ်လိုက်တဲ့အခါ မျက်နှာမှာ အစင်းရာ အခြစ်ရာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဘရပ်ခ်ျက အမွှေးတွေကို အရမ်းကြီး ပျော့တွဲတဲ့ အထိလည်း မထားသင့်ပါဘူး။ ဆွဲရတာ ပွတ်ရတာ ခက်ခဲတတ် ပါတယ်။ အနေတော်လေးကိုပဲသုံးပါ။

*အရောင်အနုအရင့်သုံးတဲ့ ဘရပ်ခ်ျ ခွဲထားပါ
မိတ်ကပ် အရောင်အရင့်ကို လိမ်းခြယ်ရာတွင် သုံးရန်၊ အနုလိမ်းချယ်ရာတွင် သုံးရန် ဟူ၍ ဘရပ်ခ်ျတွေကို တစ်ချောင်းစီ ခွဲခြားပေးထားပါ။ တစ်ချောင်းတည်းကို အသုံးမပြုပါနှင့်။

*ဖြစ်နိုင်ရင် ဒီလိုလုပ်ပါ။
နေ့ စဉ် မိတ်ကပ် လိမ်းပြီးတိုင်း ဘရပ်ခ်ျကို ဆပ်ပြာရည် စိမ်ပြီး ဆေးကြောပါ။ ပြီးရင် အခြောက်လှန်းထားလိုက်ပါ။ သို့ သော် ဆပ်ပြာရည်နှင့် ဓာတ်တည့်မတည့် သတိထားပါ ။ အဲလို လုပ်ရမှာ အလုပ်ရှုပ်တယ်ဆိုရင် အနည်းဆုံး ၃လ ၁ခါတော့ ဆေးကြော သန့် စင်ပါ။ အကယ်၍ သင်၏ ဘရပ်ခ်ျကို အခြားသူ သုံးစွဲလိုက်ပါက ချက်ချင်း ဆေးကြောပြီး နေပူထဲ လှန်းထားလိုက်ပါ။ သို့ မဟုတ်ပါက ဗက်တီးရီးယားပိုး ကူးစက်ပြီး ၀က်ခြံတွေထွက်လာနိုင် ပါတယ်။ အလှကုန် ဘရပ်ချပ်များ၊ စုတ်တံများ၊ တို့ ပတ်များ၊ ရေမြုပ်များအား ဖြစ်နိုင်လျှင် တပတ် တစ်ကြိမ် ဆေးကြော သန့် စင်ပါ။ သေချာစွာ ဆေးကြောပြီး ခြောက်အောင် ထားပါ။

ဆေးကြော၍ ခြောက်သွေ့ သွားပါက မိတ်ကပ် ဘရပ်ခ်ျ များကို နဂိုမူလ ပုံစံပြန်ရစေရန် လက်ကလေးများဖြင့် ပြန်၍ ပုံဖော်ပေးပါ။ အကယ်၍ အသုံးပြုတာ ကြာသွားတဲ့ ဘရပ်ခ်ျလေးများဟာ ကျိုးကြေပြီး ပြတ်ထွက်လာပြီ ဆိုရင်တော့ နောက်ထပ် အသစ်တစ်ခု ထပ်ဝယ်ပါ။ အဟောင်းကို စွန့် ပစ်လိုက်ပါ။ ပြန်မသုံးပါနဲ့ ။ ဘရပ်ခ်ျ တစ်ချောင်းဟာ အလှကုန်တစ်မျိုးအတွက် သုံးရန်သာ ဖြစ်ပါတယ်။ ဥပမာ ပါးနီဆိုးတဲ့ ဘရပ်ခ်ျကို ပါးပြင်ပေါ် မှာသာ သုံးပါ။ Eye Shadow ဘရပ်ခ်ျဟာ မျက်ခွံလေးတွေပေါ်မှာသာ သုံးရန် ဖြစ်ပါတယ်။ ဘရပ်ခ်ျ အရွယ် အစားမျိုးစုံ ပါတဲ့ Set အလိုက် ဘရပ်ခ်ျတွေကို သီးသန့်  ခွဲခြား သတ်မှတ်ပြီး သုံးပေးပါ။ အိတ်ကလေးတစ်ခု ၀ယ်ကာ ဘရပ်ခ်ျများကို ထည့်သိမ်းပါ။ ဖြစ်နိုင်ရင် မိတ်ကပ်လိမ်းတဲ့ ဘရပ်ခ်ျများ ထည့်ရန် Brush Jar ခွက်ကလေး တစ်ခု ထားပါ။ ပန်းချီစုတ်တံများ ထည့်တဲ့ ခွက်လို ဖြစ်ရင် ကောင်းပါတယ်။
Unknown at 11:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ်းခြေက အပန်းဖြေပြီး ပြန်လာရင် (သို့ ) ခရီးသွားပြီး ပြန်လာရင်

မြန်မာလူမျိုးတွေလည်း အခြား လူမျိုးများလိုပဲအလုပ်လုပ်ရတာ ပင်ပန်းလာကြရင် ခရီး ထွက်ပြီး အပန်းဖြေလေ့ ရှိပါတယ်။ ဘုရားဖူးအဖွဲ့ လို အခြားသူစိမ်းတွေနဲ့ အတူ သွားလာ ရတဲ့ ခရီးသွား အစီအစဉ်တွေနဲ့  အပန်းဖြေ ခရီးထွက်တာဆိုရင်တော့ ခရီးစဉ်ရဲ့ သတ်မှတ် ထားတဲ့ အချိန်အတိုင်း တိကျအောင် လိုက်နာရတဲ့အတွက် အိပ်ရေးပျက်၊ အလောသုံး ဆယ်တွေ ဖြစ်တတ်ပြီး အပန်းမပြေပဲ ကသိကအောက်တွေ ဖြစ်တတ်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ခရီးတစ်ခု ထွက်ပြီဆိုရင် နေဒဏ်၊ လေဒဏ်နဲ့  ခရီး ပင်ပန်းတဲ့ ဒဏ်တွေကြောင့် အသားအရေကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အပန်းဖြေ ခရီးထွက်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်သွားပေမဲ့ ပျက်စီးလာတဲ့ အသားအရေ ကို ပြန်လည် ကောင်းမွန်အောင် ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

(၁) နံနက်၁ ကြိမ်၊ ည ၁ကြိမ် မျက်နှာသစ်ပါ
နံနက်၁ ကြိမ်၊ ည ၁ကြိမ် မျက်နှာသန့် စင် ဆေးကြောပါ။ မိတ်ကပ်တွေ အားလုံး မကြွင်း မကျန် သန့် စင်အောင် နို့ ပါ တဲ့ မျက်နှာသန့် စင် ဆေးရည်ဖြင့် ဆေးကြောပေးပါ။ မျက်နှာ သန့် စင်သွားပြီဆိုရင် Toner ကို သုံးပါ။ ဒါမှ မျက်နှာ ချွေးပေါက်တွေ မကျယ်စေမှာ ဖြစ်ပါ တယ်။

(၂) အစက်အပျောက် ဖျက်ဆေးကို အသုံးပြုပေးပါ။
မျက်နှာပြင်ပေါ်က အစက်အပြောက်တွေ ပေါ်လေ့ရှိတဲ့ ဧရိယာ အထူးသဖြင့် ပါးနှစ်ဖက်ပေါ် ကို အစက်အပြောက်ဖျက် ဆေး (ဥပမာ Spot Eraser) လေး အသုံးပြုပေး ပါ။ လက်သူကြွယ်ကိုသာ အသုံးပြုပြီး အသာအယာ ပွတ်တိုက်ဖျက် ပေးပါ။ ကြမ်းတမ်းစွာ မပြုလုပ်ပါနှင့်။ တအားဖိပြီး မသုံးသင့်ပါ။ ခပ်ဖွဖွ ခပ်တင်းတင်းလေး ပုတ်ပြီး ဖျက်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

(၃) လည်ပင်းကို ဂရုစိုက် ထိန်းသိမ်းရန် မမေ့ပါနှင့်
မျက်နှာ အသားဖြူခရင်မ်နှင့် အရေးအကြောင်းပျောက် ခရင်မ်များကို နဖူး၊ ပါးပြင်င့် မေးစေ့ နေရာတွင် လိမ်းသောအခါ မျက်နှာအလယ်မှ ဘေးဘက်သို့  ဦးတည် ကာ အပေါ်ကို ပင့်ဆွဲ လိမ်းပေးပါ။ ဒါအပြင် လည်ပင်းကို လိမ်းရန် လည်း မမေ့ပါနှင့်။

(၄) နေ့ အချိန် ဘာသုံးရမလဲ
နေ့ ခင်းဘက် အပြင်ထွက်သွားလာ လှုပ်ရှားရတဲ့သူတွေမှာ SPF 70 ကျော် ပါဝင် တဲ့ နေရောင်ခြည် ဒဏ်ခံ လိမ်းဆေး များ အသုံးပြုသင့်ပါတယ်။ ယခုခေတ်ပေါ် PA + + + ပါဝင်တဲ့ နေလောင်ဒဏ်ခံ လိမ်းဆေးတွေဟာ နေလောင်ခြင်း ခရမ်းလွန်ရောင်ခြည် ဒဏ် စတာတွေကို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ၄င်းလိမ်းဆေးများ ဟာ စေးကပ်ခြင်း မရှိသည့် အပြင် ချွေးပေါက်တွေကို ပိတ်ဆို့ မှုမရှိတဲ့ အတွက် လေ၀င်လေထွက် ကောင်းစေသလို အရေးအကြောင်းများကိုလည်း ဖုံးကာပေးလိုက် သလို ဖြစ်သွားပါတယ်။

(၅) တစ်ပတ်တစ်ကြိမ် မျက်နှာပေါင်းတင်ပါ
တစ်ပတ်လျှင် တစ်ကြိမ် မျက်နှာကို ဖုံးအုပ်သည့် ပေါင်းတင်အလွှာပါး Mask ကို အသုံးပြုပြီး မျက်နှာ ပေါင်းတင်ပေးပါ။ Bio-Cellulose Mask သုံးပါက စုပ်ယူမှု ပိုကောင်းပြီး ထိရောက်မှု ပိုရှိစေပါတယ်။ မျက်နှာပေါ်က Mask ကို ခွာပြီးလျှင် လက်ဖ၀ါးလေးများနှင့် မျက်နှာအနှံ့  ပုတ်ပေးပြီးမှ ဆေးကြော သန့် စင်ပါ။
Unknown at 11:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျန်းမာအောင်စား လှပအောင်နေ အန္တရယ်ကင်းအောင် အဆီလျှော့ပါ

ဝခြင်းသည် မကောင်းပါ
ဝခြင်းသည် အလှအပကို ပျက်စေခြင်းနှင့် ကျန်းမာရေးကို ထိခိုက်စေခြင်းတို့ ကြောင့် မည် သည့် ရှုထောင့်မှ ကြည့်ကြည့် မကောင်းပါ။ အနောက်နိုင်ငံများမှ အစပျိုးပြီး တကမ္ဘလုံးတွင် ယနေ့ ခေတ်စားနေသည်မှာ ပိန်ပိန်ပါးပါး စတိုင်ကျကျ သွင်ပြင် လှပသည့် Slim, Smart & Stylish ဆိုသော ဆောင်ပုဒ်ပင်ဖြစ်သည်။ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း ၀ခြင်း ဆိုသည်မှာ အဆီများ လိုအပ်သည်ထက် ပိုလာခြင်းပင် ဖြစ်သည်။ ၄င်းအဆီပိုများသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံး ရောဂါတို့ အပြင် ကင်ဆာရောဂါများကိုပါ ဖြစ်စေကြောင်း ဆေးပညာရှင်များက အတိအလင်း ပြောကြားထားပါသည်။ ပိုနေ သော ကိုယ်အလေးချိန် ကြီးကို ထမ်းထားရသဖြင့် ခြေကျင်းဝတ်၊ တင်ပဆုံနှင့် ခါးရိုးတလျှောက် Osteoarthrosis ခေါ် အရိုးအဆစ်နာများလည်း ဖြစ်တတ်သည်။

ဝခြင်း၏ အကြောင်းတရား
လူတစ်ဦး ၀လာရခြင်းမှာ အစာစားခြင်းမှ ရသော အင်အားဓာတ်များသည် အသုံးပြုသော အင်အားဓာတ်များထက် ပိုသော ကြောင့်ဖြစ်ပါသည်။ စားသမျှ အစားအသောက်များတွင် အဓိကအားဖြင့် အဆီ(Fat) ကစီဓာတ်(Carbohydrate)နှင့် အသား ဓာတ်(Protein)များ ပါဝင်ကြသည်။ ခန္ဓာကိုယ်ထဲ ရောက်သောအခါ အသားဓာတ်ကို ကလေးများတွင် ကြီးထွားရန် အတွက် လည်းကောင်း၊ အားကစားသမားများတွင် ကြွက်သား တည်ဆောက်ရန် အတွက် လည်းကောင်း၊ နာလန်ထများတွင် နေမကောင်းစဉ် ဆုံးရှုံးထားသမျှ ဖြည့်စွက် ပြင်ဆင်ရန် အတွက်၎င်း၊ ခန္ဓာကိုယ်၏ ဖြစ်ပျက်ဖြစ်စဉ် (metabolism)တွင် ထိန်းသိမ်းမှု လုပ်ငန်းစဉ် အတွက် လည်းကောင်း အသုံးပြုပြီး အပိုများကို အဆီအဖြစ် စုလေသည်။ အဆီဓာတ်နှင့် ကစီဓာတ် တို့ ကိုမူ ခန္ဓာကိုယ်အတွင်းတွင် အင်အားဓာတ် (Calories) အဖြစ် ပြောင်းလဲ အသုံးချပြီး ပိုနေလျှင် အဆီ အဖြစ် စုလေသည်။ အင်အားဓာတ် ၃၅၀၀ ကယ်လိုရီပိုတိုင်း ယေဘူယျအားဖြင့် အဆီပို တစ်ပေါင် တက်လေသည်။

အင်အားဓာတ် ကယ်လိုရီကို အစားအသောက် စားခြင်းမှ ရရှိသည်။ ၄င်းကယ်လိုရီကို ခန္ဓာ ကိုယ်က နည်းနှစ်မျိုးဖြင့် အသုံးပြုသည်။

(၁) အခြေခံ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်အတွက် ကယ်လိုရီ (Basal Metabolism)

(၂) ကိုယ်လက် လှုပ်ရှားမှုအတွက် ကယ်လိုရီ

၂၀ရာစုနှောင်းပိုင်း သိပ္ပံပညာ သုတေသန တွေ့ ရှိချက်များအရ ကယ်လိုရီလည်း လျှော့စား၊ တပြိုင်နက်ထဲမှာ လှုပ်ရှားမှုလည်း ပိုလုပ်မှ အဆီပိုတွေ မြန်မြန် လျော့ကျပြီး ကျန်းမာမည်ဟု ဆိုသည်။ ဓာတုဗေဒ ဆေးဝါးဖြင့် ပြုလုပ်ထားသော ပိန်ဆေးများမှာ အန္တရာယ် ကြီးမား လှသည်။

အဆီကျ၍ လှပ သွယ်လျစေရန် မဖြစ်မနေ လိုက်နာရမည့် ဥပဒေများ
အ၀လွန်ခြင်းကြောင့် အဆီပိုများ စုလာသည်။ အဆီပို များကြောင့် ကိုယ်အလေးချိန် တက်လာ သည်။ ကျန်းမာရေးအရရော၊ လှပ သွယ်လျဖို့ အတွက်ပါ အ၀လွန်ခြင်းကို လျော့ချဖို့  လိုလာ ပေပြီ။ အမှန်မှာ အဆီပိုများကို လျော့ချရန် ဖြစ်သည်။ အဆီကိုလည်းလျှော့၊ ကျန်းမာရေး လည်း မထိခိုက်အောင် အောက်ပါ ဥပဒေသ (၅) ချက်ကို လိုက်နာရမည် ဖြစ်ပါသည်။

(၁)ကိုယ်လက် လှုပ်ရှားမှု ပိုလုပ်ပါ။

(၂) အစာ အာဟာရကို မျှတအောင် စားပါ။ (Balance Diet)
(၃) အဆီနည်းသော အစားအစာများကို ရွေးချယ် စားသုံးပါ။

(၄) သကြား (အချိုဓာတ်) နည်းသော အစာများကို ရွေးစားပါ။

(၅) အမျှင်အစာ (Fibre Food) များများစားပါ။

အာဟာရ မျှတသော အစားအစာ (Balance Diet)
အရေးပါသော မှတ်သားရန် တစ်ခုမှာ လူတွေ စားလေ့ရှိသော အစားအစာများထဲတွင် အသား ဓာတ်၊ ကစီဓာတ်နှင့် အဆီဓာတ် ပါ သုံးမျိုးလုံး ပါလေ့ရှိသည်။ မည်သည့် အစာမျိုးပဲ စားစား တစ်နေ့ လုံး စားသမျှ တွက်ကြည့်လိုက်လျှင် အစာများက ရသည့် အင်အားဓာတ်များသည် ကစီဓာတ်မှ တနေ့  ၅ပုံ ၃ပုံ၊ အသားဓာတ်မှ ၅ပုံ ၁ပုံ၊ အဆီဓာတ်မှ ၅ပုံ ၁ပုံ ရမည်ဆိုလျှင် ကျန်းမာရေး နှင့် ပြည့်စုံသည့် မျှတသော အာဟာရဟု ဆိုရမှာ ဖြစ်ပါသည်။

အမျှင်ဓာတ် ပိုစားပါ
အမျှင်ဓာတ်အစာ (Fibre Food) များကို အပင်(ဟင်းသီး၊ဟင်းရွက်၊အသီးအနှံ) များမှ ရပါ သည်။ ပျော်ဝင်နေသော အစာအမျှင် ဓာတ်များ Soluable Fibre များသည် အရည်နှင့် တွေ့  သောအခါ ကျောက်ကျော၊ သာကူပြင် တို့ ကဲ့သို့ သော အိတုံ(gel) ဖြစ် သွားပြီး ဗိုက်ပြည့်ဝ စေပါသည်။ အစာအိမ်ထဲတွင် ကြာရှည်နေ နေပါသည်။ အဆာခံပြီး တင်းတိမ်စေပါသည်။ အစာစားပြီးလျှင် နောက်တစ်ခါ ထပ်ဆာရန် အချိန်ကို ကြာရှည် စေပါသည်။ ဆာလောင်စေ သော insulin ဓာတ်ကို လျော့နည်း စေပါသည်။ သွေးတိုး၊ နှလုံးရောဂါ ဖြစ်စေသော Cholesterol အဆီဓာတ်ကို ကျစေပါသည်။ အစာမျှင် Fibre ဓာတ်သည် အင်အားဓာတ် ကယ်လိုရီ မရှိပါ။ ဖော်ပြပါ အချက်များကြောင့် အဆီလျှော့ချသော ကုထုံးများတွင် Fibre Food အစာမျှင်ဓာတ်ကို အသုံးပြုကြ ပါသည်။
Unknown at 11:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင့်အသားအရေအတွက် ကောင်းသော အသီးများနှင့် ဆေးဘက်ဝင် အပင်များ

စမုံစပါး (Anise)
စမုံစပါးစေ့များမှာ ဘက်တီးရီးယား ပိုးမွှားများကို သတ်နိုင်တဲ့ အားပျော့တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက် ရှူရာမှာ အနံ့ ကို လတ်ဆတ်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ စမုံစပါး အဆီကိုတော့ နှိပ်နယ် ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မိတ်၊ အင်ပျင် ရှိရင်တော့ မသုံးသင့်ပါဘူး။

ငှက်ပျောသီး
ငှက်ပျောသီးမှာ ဗီတာမင် A နဲ့  ပိုတက်စီယမ် သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ချေထား တဲ့ ငှက်ပျောသီး ပျော့ဖတ်များက အရေပြားကို နူးညံ့စေပါတယ်။ ဒါကြောင့် မျက်နှာသန့် ရှင်း ကြည်လင်စေတဲ့ (Face masks) အဖြစ် သုံးရာမှာ ကောင်းမွန်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

ကြက်သွန်မိတ်နဲ့ တူတဲ့ ဟင်းခတ်ပင် (Chive)
ယင်းအပင်မှာ ကန့် ဓါတ်နဲ့  သံဓါတ် မြင့်မားစွာ ပါဝင်တဲ့အတွက် ယင်းအပင်ကို ညှစ်လို့ ရတဲ့ အရည်က အလွန် ကောင်းတဲ့ အသားအရေ ပြည့်ဖြိုးဆေး (Skin Tonic)နှင့် ချေးချွတ် ပစ္စည်း ဖြစ်ပါတယ်။ အရေပြားပေါ် တို့ ပြီး အသုံးပြုနိုင်ပါတယ်။

လေးညှင်းပွင့် (Cloves)
လေးညှင်းဆီမှာက ပိုးမွှားများကို သတ်နိုင်တဲ့ အရည်အချင်း ရှိတာကြောင့် သွားတိုက်ဆေး တွေမှာ တန်ဖိုးရှိ ပါဝင် ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။၎င်းကို ပလုတ်ကျင်းဆေးရည်နှင့် အခြား ခံတွင်း ကျန်းမာရေးအတွက် အသုံးပြုတဲ့ ဆေးများ ဖော်စပ်ရာမှာ အသုံးပြုပါတယ်။

အုန်းသီး
အခြားပစ္စည်းများနဲ့  ရောစပ်ပြီး သုံးမယ် ဆိုရင် အုန်းသီးက ဆံပင် သန်စွမ်းစေတဲ့ ဆံပင် ပြုပြင်ဆေးအဖြစ် အသုံးဝင်ပါတယ်။ အုန်းသီးကို အရေပြား စွတ်စိုစေတဲ့ ပစ္စည်း (Moisturizers) အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ပင်လယ်ရေမှော်
ယင်းပစ္စည်းထဲမှာ ဗီတာမင်ဓါတ်များနှင့် သတ္တုဓါတ် ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် မျက်နှာဖုံး များ (Face masks) ပြုလုပ်ရာမှာ အသုံးဝင်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ အရေပြား ပြသနာများ အတွက် ကုသတဲ့ ဆေးပစ္စည်း များမှာ ပါဝင်ပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ အခြောက် ဒါမှမဟုတ် အမှုန့် ကို သုံးစွဲနိုင်ပါတယ်။

ဖရဲသီး
ဗီတာမင် B နဲ့  C မြင့်မားစွာ ပါဝင်တဲ့အတွက် ဖရဲသီးရဲ့ အသားက မျက်နှာကို အေးမြစေတဲ့ အိမ်လုပ် မျက်နှာဖုံး များနဲ့  အသားအရေအား ပြည့်ဖြိုး လင်းလက်စေတဲ့ ဆေးများ ဖော်စပ် ရာမှာ အသုံးပြုပါတယ်။

တရုတ်နံနံ (Parsley)
တရုတ်နံနံ ပါဝင်တဲ့ လက်ဖက်ရည်ကြမ်းက အလွန်တရာ ကောင်းမွန်တဲ့  ပလုတ်ကျင်း ဆေး ရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားအရေ မတွန့် စေတဲ့  လိမ်းဆေး (Lotion) တွေမှာလည်း တရုတ်နံနံက အလွန်ကောင်း ပါတယ်။ ၄င်းကို ပျော့ဖတ် ဖြစ်အောင် လုပ်ပြီး အသားအရေ ပြည့်ဖြိုးဆေးရည်၊ အသားအရေ ကြည်လင် ချောမွတ်စေတဲ့ လိမ်းဆေးများ (Toner) နဲ့  ချေး ချွတ်ဆေးတွေထဲမှာ ပေါင်းစပ်ပေးထားတယ်။

အာလူး
ချေပြီး အေးခဲထားတဲ့ အာလူးနှစ်က ခြောက်သွေ့ တဲ့ အသားအရေအတွက် အသားအရေ စိုနေ အောင် လုပ်ရာမှာ အထူး အစွမ်းထက်တယ်။ မျက်နှာဖုံး ပြုလုပ်ရာမှာလည်း ကောင်းမွန်ပါ တယ်။ ရောင်နေတဲ့ မျက်ခွံပေါ်များနှင့် နေလောင်ဒဏ်ကို သက်သာစေရာမှာလည်း အသုံးဝင် ပါတယ်။

နှမ်းဆီ
နှမ်းဆီအနေနဲ့  အရေပြား ပြည့်ဖြိုး ကျန်းမာစေတဲ့ ဆေးအမျိုးမျိုးမှာ အသုံးပြုပါတယ်။ နှန်းဆီ က အရမ်းကျဲပြီး ပေါ့ပါး သွက်လက်တဲ့အတွက် အကောင်းစား ချောဆီ ဂုဏ်သတ္တိ မျိုးရှိပြီး နှိပ် နယ်ရာမှာ ခံဆီ အဖြစ် အသုံးပြုပါတယ်။

စတော်ဘယ်ရီ
စတော်ဘယ်ရီသီးတွေက အသားအရေကို ကြည်လင် ချောမွေ့ စေရာမှာပါတယ်။ ချေးချွတ် စေရာမှာ သဘာဝ ကော့စမက်တစ် တစ်မျိုးပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီး တွေမှာ သွားကို ဖြူစေတဲ့ အက်ဆစ် တစ်မျိုး ပါဝင်ပါတယ်။
Unknown at 11:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Zards Software Cleanse Uninstaller Pro 8.0.0


ကျွန်တော် Uninstaller Tools လေးတွေ မတင်ပေးဖြစ်တာတော်တော်ကြာသွားပါတယ်။ အခုတော့ သုံးရတာလည်း အဆင်ပြေပြီးပေါ့ပေါ့ ပါးပါးနဲ့ အကောင်းဆုံးရှင်းလင်းပေးနိုင်မယ့် သူ့ရဲ့ Features လေးတွေ တော်တော်များများပါဝင်ပါတယ်။ အောက်မှာဆက်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 2.62 MB ပဲရှိပါတယ်။ အထဲမှာ Key လေးပါထည့်ပေးထားပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
သူ့မှာပါဝင်တဲ့ Features လေးတွေကတော့ အောက်မှာထပ်ပေးထားပါတယ်။
Features:
- Speedup your PC by removing unwanted programs.
- Multilingual support .
- PC startup optimizer, makes your computer boot much faster.
- Auto Find drag and drop uninstall.
- Easy and fast wizard interface.
- Backup and restore registry.
- Back all registry and file/folders before being removed.
- Scan local drives to remove redundant files.
- FREE trial download.
- The most complete removal of uninstalled programs.
- Remove broken uninstall links.
- Force the removal of software without their own uninstaller.
- Scans registry to remove traces of removed program.
- Live update with auto update. Fix broken registry links.
- Much faster than Windows Add/Remove applet.
- Display detailed information about programs.
- Edit detailed information about programs.
- URLs to programs help pages.
- Cleanse Uninstaller is fast, easy and complete.
- Control panel applet.
- Uninstall Yahoo toolbar.
- Uninstall Google toolbar.
- Remove Trojans or adware that starts automatically with your computer.
- Junk file search and remove, to reclaim disk space.
Zards Software Cleanse Uninstaller Pro 8.0.0

Downloading from ifile.it

Downloading from mediafire

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Unknown at 11:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.