Wednesday, December 28, 2011

တန်ဖိုးနည်း GSM မိုဘိုင်းဖုန်း ကို ၀၉၄ ထိပ်ဆုံး ဂဏန်းဖြင့်သာ ထုတ်ပေးသွားမည်




မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ လာမည့်နှစ် ဖေဖော်ဝါရီလ ၀န်းကျင်မှာ ချထားပေးမယ့် တန်ဖိုးနည်း GSM မိုဘိုင်းဖုန်းတွေဟာ ဂဏန်းအရေ အတွက် ၉ လုံး ရှိပြီး ၀၉၄ ဂဏန်း အစနဲ့သာ ချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှီ GSM ဖုန်းများ ချထားပေးမှုမှာ ၅ သိန်းတန် GSM ဖုန်းတွေကို ၀၉၄၃ အစ ဂဏန်းများနဲ့ ချထား ပေးခဲ့ပြီး လာမယ့် ဖေဖော် ၀ါရီ ၀န်းကျင်မှာ ချထားပေးရန် စီစဉ်ထားတဲ့ တန်ဖိုးနည်း GSM ဖုန်းတွေမှာလည်း ၀၉၄ အစ ဂဏန်းတွေနဲ့ ချထားပေးမှာ ဖြစ် ပါတယ်။ ဒါပေမယ့်  ၀၉၄ နောက်မှာ ထပ်ချပေးမယ့် နံပါတ်စဉ် ကိုတော့ သေချာ မသိရသေးဘူးလို့ သိရပါတယ်။ အဆိုပါ တန်းဖိုးနည်း GSM ဖုန်းတွေမှာတော့ ခေါ်ဆိုခကို အပြင်မှာ ထွက်ပေါ်နေတဲ့ သတင်းများ အတိုင်း အထွက် ၁ မိနစ် ၈၀ ကျပ် ပေးရမှာ မဟုတ်ဘဲ ယခင် ကျပ်ငါးသိန်း GSM ဖုန်းတွေ အတိုင်း အထွက် ၁ မိနစ် ၅၀ ကျပ်သာ ပေးဆောင်ရမှာ ဖြစ်ပါ တယ်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းဟာ တန်ဖိုးနည်း GSM သန်း ၃၀ စီမံကိန်းမှာ ပထမနှစ် စီမံကိန်း ဖြစ်တဲ့ တန်ဖိုးနည်း GSM ၄သန်းကို ချထားပေးမှာ ဖြစ်ပြီး အဆိုပါ ချထားပေးမှုကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေမှ တစ်ဆင့် ချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလက်ရှိ ဖုန်းတွေမှာ Sim ကဒ် ပျောက်ဆုံး ပျက်စီးသူတွေ အတွက်ကိုလည်း မြန်မာ့ ဆက်သွယ်ရေး မှ ဆောင် ရွက် ပေးနေပေမယ့် နောက်ပိုင်းမှာ   ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီများနဲ့ ပူးပေါင်းကာ One Stop Service နဲ့ ဆောင်ရွက်သွားဖို့ အတွက်ကို လည်း စီစဉ်မှုများ ရှိနေတယ်လို့ သိရပါတယ်။
Unknown at 2:54 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.