Saturday, November 10, 2012

မြန်မာပြည်လာမည့် အိုဘားမားနှင့် အင်တာဗျူး

From:.Myanmar Jokes
Mr. Barack Obama နှင့်တွေ့ဆုံခြင်း

MJ - မင်္ဂလာပါ
OB - မင်္ဂလာပါ

MJ - လာမယ့် အာရှခရီးစဉ်မှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ်လို့သိရပါတယ်။
OB - ဟုတ်ပါတယ်။

MJ - မြန်မာနိုင်ငံသမိုင်းမှာ အမေရိကန်သမ္မတ တစ်ဦး ပထမဆုံးလာရောက်တဲ့ ခရီးစဉ်ပေါ့နော်။
OB - တရားဝင်အရဆိုရင်တော့ ဟုတ်ပါတယ်။

MJ - ဟင်... ဒါဆို တရားမဝင်တွေရှိသေးတယ်ပေါ့..
OB - ဒါက ဒီလိုရှိတယ်။ ရွေးကောက်ပွဲမတိုင်မီ ၃ လလောက်အလိုတုန်းကဆို မက်ရွန်နေ နဲ့က မဲအခြေအနေက သူမသာ၊ ကိုယ်မသာပဲ။ အဲဒီတော့ အကြံထုတ်ရတာပေါ့။ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ်နိုင်ဖူးတဲ့ သူတွေဆီက နည်းနာနိဿယတွေ စုံစမ်းရတာပေါ့။ အရမ်းခင်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကျပြန်တော့ သူ့ပါတီတောင် မဲမလောက်လို့ ညွန့်ပေါင်းအစိုးရဖွဲ့ထားရတာ။ ပူတင်က ကျန်တဲ့ပါတီတွေကို နှိပ်ကွပ်ခိုင်းတယ်။ ကျနော်တို့ဆီမှာ အဲဒီလိုလုပ်လို့ မရဘူးလေ။ ဟူကျင်တောင် ကျပြန်တော့ ကျန်ပါတီတွေကို ဖျက်သိမ်းပြီး ကိုယ့်တစ်ပါတီထဲ မဲပုံးထောင်တဲ့။ ပိုဆိုးပဲ။ မြန်မာပြည်ကို ဟီလာရီကလင်တန် လွှတ်လိုက်တုန်းက ဦးသိန်းစိန်က ဆုတောင်းပြည့်ချင်ရင် ကြီးကိုးကြီး အဓိဌာန်ဝင်ဖို့အကြံပေးလိုက်တယ်။ ကျနော်လည်း အကြံကုန် ဂဠုန်ဆားချက် ဆိုတဲ့အတိုင်း အဲဒါကို စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်လေး ဘာလေး စုံစမ်းရသေးတာပေါ့နော်။ Google CEO အဲရစ်ရှမစ်ကတော့ သူတောင် တိတ်တိတ်လေး မြန်မာပြည်သွားပြီး ကြီးကိုးကြီး အဓိဌာန် ဝင်ခဲ့သေးတယ်လို့ပြောတယ်။ Oracle က Google ကိုတရားစွဲထားတုန်းကပေါ့။ အဲဒါ ကွင်းလုံးကျွတ်လွတ်သွားတယ်လေ။ သူတောင် မြန်မာပြည်က နံနက်စာ ကောက်ညှင်းပေါင်းကိုကြိုက်လို့ Android 6.0 ထွက်ရင် Codename ကို "ကောက်ညှင်းပေါင်း" လို့ နာမည်ပေးမယ် ပြောသေးတယ်။ အဲဒီလိုနဲ့ မြန်မာပြည်ကို တိတ်တိတ်လေး ရောက်ခဲ့သေးတယ်။

MJ - အဲဒီတုန်းကရော လာရတာ အဆင်ပြေရဲ့လား။ ဘာသာစကားအခက်အခဲတွေရော ရှိလား။
OB - အဲဒီကို မသွားခင်ကတည်းက မြန်မာစာတတ်တဲ့ ဝန်ထမ်းတစ်ယောက်ကို ခေါ်ပြီး လိုအပ်တဲ့ စာတွေကို မြန်မာလိုရေးခိုင်းထားတယ်လေ။ ဥပမာ - "ကျနော့်ကို ရွှေတိဂုံဘုရားကို လိုက်ပို့ပေးပါ" အဲဒီလို စာတန်းလေးရေးပြီး ကိုယ်ကတော့ အောက်က အင်္ဂလိပ်လို အတိုကောက်မှတ်ထားရတာပေါ့နော်။ ဘယ်စာရွက်က ဘာဆိုတာ။ အဲဒီရောက်တော့ သွားချင်တဲ့နေရာကို တက္ကစီကို အဲဒီစာလေးပြပြီး လိုက်ပို့ခိုင်းရတာပေါ့။


MJ - ပြဿနာတွေဘာတွေ ကြုံရသေးလား။
OB - မြို့တော်ခန်းမနားမှာတုန်းက လမ်းဖြတ်ကူးတာ အဖမ်းခံရသေးတယ်။

MJ - အဲဒီတော့ ဘယ်လိုဖြစ်သွားလဲ။
OB - ဘယ်လိုမှ မဖြစ်ပါဘူး။ မလာခင်က မြန်မာဝန်ထမ်းတစ်ယောက်က သင်ပေးတဲ့အတိုင်းလုပ်လိုက်တာပေါ့။ "အစ်ကိုကြီး" လို့ ခေါ်ပြီး သူ့အနားကပ်၊ လက်ထဲကို မြန်မာငွေ ၅၀၀၀ တန် လိပ်ထားတာလေး ထိုးထည့်လိုက်တာ အဆင်ပြေသွားရောပဲ။

MJ - အဲဒီလို လာတုန်းက အိမ်ဖြူတော်မှာ ဘယ်လိုစီစဉ်ထားခဲ့လဲ။
OB - တိတ်တိတ်လေး လာတာဆိုတော့ ဘယ်သူမှလဲ ခေါ်မလာဘူး။ အနည်းအကျဉ်းလောက်ပဲသိတာလေ။ လူအစားကိုတော့ အင်တာနက်မှာ အိုဘားမား ဂဏန်းစတိုင် ကတဲ့ကောင်ကို သိတယ်မဟုတ်လား။ ရုပ်ချင်းဆင်တယ်လေ။ သူ့ကို ခဏနေခိုင်းရတာပေါ့။

MJ - အဲဒီတော့ အဓိဌာန်က ပြီးသွားတယ်ဆိုပါတော့။ ရွေးကောက်ပွဲနိုင်တာကို အဲဒါကြောင့်လို့ယူဆလား။
OB - ရွေးကောက်ပွဲမှာ သမ္မတရွေးချယ်ရေး မဲအရေအတွက်ကို ကြည့်လိုက်လေ။ ကျနော်က ၃၃၂ မဲ၊ မက်ရွန်နေက ၂၀၆ မဲ၊ ကွာခြားချက်က ၁၂၆ မဲ။ ၁+၂+၆ = ၉။ ၁၂၆ ကို ၉ နဲ့စားရင်ပြတ်တယ်လေ။ အဲဒါ ကိုးနဝင်းပဲပေါ့။ အဲဒါအဓိဌာန်ကြောင့်ပေါ့။ ဒီလောက်ရှင်းလင်းနေတာ။ အဲဒါကြောင့် ရွေးကောက်ပွဲပြီးတော့ မြန်မာပြည်ကို အလည်လာ ဘုရားလည်းထပ်ဖူးရင်း ဦးသိန်းစိန်ကိုလည်း လက်ဆောင်လေး ဘာလေး ပေးရတာပေါ့ဗျာ။

MJ - သြော်.. ဒါဆို အဲဒီအကြောင်းရော တခြားသူတွေနဲ့ ပြောဖြစ်သေးလား။
OB - အင်း.. ပြောဖြစ်တယ်ဗျ။ Apple CEO တင်ကွတ်ကတောင် သူလည်း ကြီးကိုးကြီး လာဦးမယ်ပြောတယ်။ စတိဗ်ဂျော့ ရှိတုန်းက ဖုန်းအသစ်မကြေငြာခင်တိုင်း ကြီးကိုးကြီး အဓိဌာန်ဝင်လေ့ရှိတယ်တဲ့။ တင်ကွတ်က သူကျ မလုပ်ဖြစ်တော့။ အခု Apple Map ကလည်း သိပ်အဆင်မပြေ၊ Samsung ကလည်း တရားတွေဆွဲဆိုတာ့ သူလည်း အဓိဌာန်ဝင်မယ်ပြောတာပဲ။

MJ - မြန်မာပြည်ရောက်တုန်း ဘာတွေလုပ်မယ် စဉ်းစားထားလဲ။
OB - အိုင်တီ လက်ဖက်ရည်ဆိုင်ထိုင်မယ်။ မင်းလမ်းက ရခိုင်မုန့်တီသောက်မယ်။ တရုတ်တန်းက ဝက်သားပေါင်းစားမယ်။ YKKO ကြေးအိုးသောက်မယ်။ ဟိုတစ်ခေါက်လာတုန်းက စားလိုက်ရတာ အားမရဘူး။

MJ - ဟုတ်ကဲ့.. အခုလိုဖြေကြားပေးတာ ကျေးဇူးအထူးတင်ပါတယ်။
OB - ဟုတ်ကဲ့ပါ။ ရပါတယ်။ ဒါနဲ့ ပြောသမျှအကုန်ကို တခြားသူတွေကို လျှောက်မပြောနဲ့ဦးနော်..

MJ - ဟုတ်ကဲ့ လျှောက်မပြောပါဘူး။ ရေးပြီးမှပဲ အင်တာနက်ပေါ်တင်လိုက်မှာပါ...

(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 5:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အွန်လိုင်းမှာ မိန်းကလေးပုံတွေကို မဟုတ်တရုတ်လုပ်.ဗုဒ္ဒဘာသာဝင်တွေကို မိုက်ရိုင်းတဲ့ပုံတွေလုပ်ပြီးဆဲတဲ့ အာကာဟိန်း ဆိုတဲ့လူကို မိပြီ

လူအများကတော့ ထင်မှာပါ လူတစ်ယောက်ကို အလာကား စွတ်စွဲတယ် သက်သေမရှိဘဲလို့  ဒီနေ့ တော့ အဲဒီ အာကာဟိန်းအကြောင်း အောက်ပါအတိုင်းရှင်းသွားမှာပါ...

အာဟာဟိန်းက GTone နဲ့  BHG Group ကို လိုက်စိန်ခေါ်လိုက်တဲ့နေ့ မှာဘဲ... သူ့ မြန်မာ့အမျိုးသမီးများကို အသေရည်ဖျက်မူနဲ့  ပြီးတော့ အမျိုးဘာသာ သာသာနာ အပေါ်စော်ကားမူများနှင့်  ပတ်သတ်ပြီး သူ သည် မြန်မာပြည်တွင် နေထိုင်ပါက ဥပဒေဘောင်အတွင်းက ရင်ဆိုင်ရန် သူ့  ဘယ်သူလဲဆိုတာကို စုံစမ်းပေးခဲ့ပါသည်၊

လိုက်လံပြီး Sniffing လုပ်စဉ်တွင် အာကာဟိန်းသည် သူ့ အကောင်များကို Firefox နဲ့ သုံးပြီး https://addons.mozilla.org/en-us/firefox/addon/anonymox/ ကို သုံးထားသောကြောင့် သူ့ အိုင်ပီအတုကို (67.213.218.74) ကို ပထရယူနိုင်ခဲ့သည်၊ နောက်ပိုင်းတွင်
သူ့ အိုင်ပီ အစစ်ကတော့ လိုက်ဖမ်းရာ 203.81.67.178 ကို ရခဲ့သည်၊
(၎င်းအင်တာနက်ကို ဖုန်းကို သုံးခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်)

သူသည် http://www.facebook.com/htetsoeaung123 ဆိုသောအကောင့်ကို ကျနော်တို့  Sniffing လုပ်ရာတွင် ၀င်ရောက်ခဲ့သောကြောင့် သူ့ အကောင့်ရဲ့  Facebook (ilovestudyandyou09@gmail.com) နဲ့  Gmail (ilovestudyandyou09@gmail.com) အကောင့်ကို ၀င်ရောက်စစ်ဆေးနိုင်ခဲ့ပါသည်၊ ပြီးတော့ ကျနော်တို့  http://www.facebook.com/htetsoeaung123 ကို ဖော်ပြသွားပြီး ၃ ရက် မြောက်တွင် အကောင့်သည် Facebook မှ ပျောက်ကွယ်သွားခဲ့သည်၊ Account ကို Deactivate လုပ်သွားသော်လည်း ကျနော်တို့ မှာ screenshot များရှိနေဆဲပါ၊

အောက်ပါ Screenshot များသည် ၀က်ရောက်စစ်ဆေးရာတွင်တွေ့ ရှိခဲ့သော အချက်များဖြစ်သည်၊

1) http://s10.postimage.org/bvmz43bo9/image.png

2) http://s17.postimage.org/4f5faa1fz/image.png

3) http://s7.postimage.org/v0u3apt57/image.png

4) http://s11.postimage.org/acv7mkk4j/image.png

5) http://s8.postimage.org/iz6sjds1h/image.png

6) http://s9.postimage.org/m0ms6cqdb/image.png

7) http://s8.postimage.org/lpkpube45/image.png

8)http://s10.postimage.org/ru4vlpknt/image.png

9) http://s14.postimage.org/dj0o6k4wh/image.png

10) http://s14.postimage.org/dj0o6k4wh/image.png

ဆဲဆိုရိုင်းပြစွာ ပြောဆိုသော Screenshot များမှာ ၂၀ ထက်မက ရှိနေပါသေးတယ်...

ကဲ လူတိုင်း ခန့် မှန်းနိုင်သည်မှာ မည်သူသည် အာကာဟိန်းလဲဆိုတာ...

အထက်ပါအချက်များအရ အာကာဟိန်းသည်၂၀၁၁ ခုနှစ်ကတည်းကနေစပြီး မိမဆုံးမ ဘမဆုံးမ စကားများနှင့် ပြောနေခဲ့ပါသည် http://www.facebook.com/htetsoeaung123 နဲ့  Gtalk များက သက်သေပြခဲ့သည်၊

ပြီးတော့ သံလွင် ရရစ်အားရှင်းပြခဲ့သည့်အတိုင်း (https://www.facebook.com/trollhat/posts/126823594136635) အတုဟုသမျှသည် နောက်မှ အမြဲ ဖြစ်တတ်ပြီး ရှေ့ က အမြဲမဖြစ်တတ်ပါ။ ဒီပုံကို ကြည့်ပါ… https://www.facebook.com/photo.php?fbid=441998372513111&set=a.131678853545066.17579.100001088569481&type=3&theater မြတ်ငြိမ်းချမ်း Profile မှာ ဒီပုံကို တင်ခဲ့သည့်နေမှာ Oct 20, 2012 ဖြစ်ပါတယ်… ထက်အောင်စိုး အကောင့်ကို ကြည့်ကြပါစို့  …. https://www.facebook.com/photo.php?fbid=345085265543213&set=pb.100001252267848.-2207520000.1351830580&type=3&theater ဒီပုံကို တင်ခဲ့သည့်နေ့ မှာ March 26 ဖြစ်ပါသည်၊

အခု ကုလားပြသနာပေါ်လာတာနဲ့  သူ့ အတွက် အခွင့်ကောင်းအနေဖြင့် လူတကာကို Online မှာသာ ဆဲဆိုရိုင်းပြစွာ ပြောတတ်သော သူတစ်ယောက်ဖို့  အခွင့်ကောင်းယူပြီး မိန်းခလေးများရဲ့  အသေရေ ဖျက်မူများနှင့်  နိုင်ငံတော် သာသနာကို စော်ကားမူများကို လုပ်ဆောင်နေပါသည်၊

အခုတော့ နိုင်ငံတော်က ချမှတ်လိုက်သော အင်တာနက် ဥပဒေပုပ်မ နဲ့  အတူ ရင်ဆိုင်ဖို့  သာ ပြင်ထားပေတော့....

တခြားသော Data အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာ ပြည်သူ့ ရဲ ရဲ့  Facebook Page မှာ သွားပြီး ဒီအပတ်အတွင်း message အနေဖြင့် တင်သွင်း သွားမယ် ဖြစ်ပါသည်.....။

.(မောင်ကျောက်ခဲ အဖွဲ့)
____________________
ဘကြီးသက်
Unknown at 5:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မယ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်

တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်အား နိုဝင်ဘာ ၂၁ မှ ၂၉ ရက် (တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် တန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်း
ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။

“ဒီနှစ်တန်ဆောင်တိုင်ပွဲကို အရင်နှစ်ကထက် ထူးထူးခြားခြား ပိုပြင်ထားပါတယ်။ Miss တန်ဆောင်တိုင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲက ဒီ နှစ်မှ
ပထမဦးဆုံးအကြိမ် ကျင်းပတာပါ”ဟု ပွဲဖြစ်မြောက်ရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲကို အဝေရာကုန်း၌ ကျင်းပမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း နေ့လွှတ်အရုပ်မျိုးစုံ (ခြေနှစ်ချောင်း၊ ခြေလေးချောင်း
အုပ်စုလိုက်၊ တစ်ကောင်ချင်း၊ သင်းကွဲ၊ ရေသတ္တ၀ါ) ပြိုင်ပွဲ၊ ညမီးပုံးပျံ (ညမီးကြီးယမ်းဖောက်ခွဲမှုအလှ)၊ စိန်နားပန်ရောင်စုံ မီးပဒေ သာ သရုပ်ဖော်) ပြိုင်ပွဲများ၊ မီးပဒေသာအလှပြိုင်ပွဲနှင့် မြို့လုံးကျွတ်ဘုံကထိန်လှည့်လည်ပွဲများစွာဖြင့် စည်ကားစွာကျင်းပမည်ဖြစ်သည်။

ထို့အပြင် အားကစားပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲများ၊ စူဠာမုနိဘုရားကုန်းတော်အတွင်း မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ အလွတ်တန်း ဓာတ်ပုံပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

“တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် လက်မှတ်ကြိုတင်မှာကြတာ အခုဆိုတော်တော်ရောင်းရတယ်။ တောင်ကြီးပွဲက ပြင်ဦးလွင်ပွဲ ထက် လူသိပိုများတယ်။

ကျွန်မတို့ ဆီက ငါးညအိပ် ခြောက်ရက် ခရီး စီစဉ်ပေးတယ်” ဟု စိန်ဝင်းနှင့် ရောင်းရင်းများခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲသည် ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း စိတ်ဝင်စားသော မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း၊
ပြည်ပခရီးသွားများ အနေဖြင့် Package Tour အပြင် FDI Tour များပါ လာရောက် ကြောင်း၊ ယခုနှစ်သည် ခရီးသွား ရာသီပွင့်လင်းလာမှုကြောင့် ပိုမို
လာရောက်နိုင်ကြောင်း Tun Myanmar ကုမ္ပဏီမှ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးထွန်းမြတ်ကပြောသည်။

____________________________________
Reference and Credit to -7Days News Journal,ဓာတ်ပုံ-NewsOfMyanmar
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မယ်ပြိုင်ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ - ၉
တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲနှင့် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်အား နိုဝင်ဘာ ၂၁ မှ ၂၉ ရက် (တန်ဆောင်မုန်း လဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်) အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် တန်ဆောင်တိုင် အလှမယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်း
ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။

“ဒီနှစ်တန်ဆောင်တိုင်ပွဲကို အရင်နှစ်ကထက် ထူးထူးခြားခြား ပိုပြင်ထားပါတယ်။ Miss တန်ဆောင်တိုင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲက ဒီ နှစ်မှ
ပထမဦးဆုံးအကြိမ် ကျင်းပတာပါ”ဟု ပွဲဖြစ်မြောက်ရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲကို အဝေရာကုန်း၌ ကျင်းပမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း နေ့လွှတ်အရုပ်မျိုးစုံ (ခြေနှစ်ချောင်း၊ ခြေလေးချောင်း
အုပ်စုလိုက်၊ တစ်ကောင်ချင်း၊ သင်းကွဲ၊ ရေသတ္တ၀ါ) ပြိုင်ပွဲ၊ ညမီးပုံးပျံ (ညမီးကြီးယမ်းဖောက်ခွဲမှုအလှ)၊ စိန်နားပန်ရောင်စုံ မီးပဒေ သာ သရုပ်ဖော်) ပြိုင်ပွဲများ၊ မီးပဒေသာအလှပြိုင်ပွဲနှင့် မြို့လုံးကျွတ်ဘုံကထိန်လှည့်လည်ပွဲများစွာဖြင့် စည်ကားစွာကျင်းပမည်ဖြစ်သည်။

ထို့အပြင် အားကစားပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲများ၊ စူဠာမုနိဘုရားကုန်းတော်အတွင်း မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ အလွတ်တန်း ဓာတ်ပုံပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

“တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် လက်မှတ်ကြိုတင်မှာကြတာ အခုဆိုတော်တော်ရောင်းရတယ်။ တောင်ကြီးပွဲက ပြင်ဦးလွင်ပွဲ ထက် လူသိပိုများတယ်။

ကျွန်မတို့ ဆီက ငါးညအိပ် ခြောက်ရက် ခရီး စီစဉ်ပေးတယ်” ဟု စိန်ဝင်းနှင့် ရောင်းရင်းများခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲသည် ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း စိတ်ဝင်စားသော မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း၊
ပြည်ပခရီးသွားများ အနေဖြင့် Package Tour အပြင် FDI Tour များပါ လာရောက် ကြောင်း၊ ယခုနှစ်သည် ခရီးသွား ရာသီပွင့်လင်းလာမှုကြောင့် ပိုမို
လာရောက်နိုင်ကြောင်း Tun Myanmar ကုမ္ပဏီမှ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးထွန်းမြတ်ကပြောသည်။

____________________________________
Reference and Credit to -7Days News Journal,ဓာတ်ပုံ-NewsOfMyanmar
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)


ဘကြီးသက်
Unknown at 5:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားပြိုင်မောင်း၍ ရမ်းကား ခဲ့သူများ အနက် ၁၁ ဦး ဖမ်းဆီးရမိ

 
ရန်ကုန်မြို့တော်၌ ညနက်ပိုင်း အချိန်များတွင် ကားပြိုင်မောင်းကာ မင်းမဲ့ စရိုက် ဆန်စွာ ရမ်းကားခဲ့သူ ၂၁ ဦးခန့်မှ ၁၁ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းမှတ်တမ်း များအရ သိရသည်။

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဟာမစ်တစ် မှတ်တိုင် အနီးတွင် အောက်တိုဘာလ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ကားပြိုင်မောင်း သူ လူငယ်ကိုးဦး၏ ဝိုင်းဝန်းရိုက်နှက် ခဲ့မှုကြောင့် နှင်းဆီကုန်း ဘိုးဘွား ရိပ်သာ၌ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်သူ အသက် ၃၁ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးသွား ခဲ့သည်။
အရာရှိကြီးတစ်ဦး၏သားက ထိုရန်ပွဲတွင် ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ၄င်းနှင့်အပေါင်းအပါထဲတွင် သင်္ဘောသားတစ်ဦးလည်း ပါသည်ဟု စုံစမ်းသိရှိထားကြောင်း သေဆုံးသွားသူ ကိုရဲကျော်သူ၏ မိသားစုက စုံစမ်းထား မှုကို The Voice Weekly သို့ ပြောကြားသည်။

"ကာယကံရှင်ရဲ့အဒေါ်လို့ပဲ ပြောတယ်။ အမှုပိတ်ပေးဖို့ လာသွား တာပါ။ ငွေသိန်း ၂၀ ပေးမယ်လို့ပြော တယ်။ နာမည်လုံးဝ မပြောဘူး။ ဂျာနယ် မှာပါမှ ကျွန်မတို့တူလေး ဒီလောက် အဖြစ်ဆိုးတာ သိရတာပါ" ဟု သေဆုံးသူ၏ အဒေါ်ကပြောပြသည်။
ယင်းအမှုတွင်ပါဝင်ခဲ့သူ လူငယ် ကိုးဦးအနက်မှ လေးဦးမှာ ကျန်ရှိခဲ့သော ကားအနီးသို့ ပြန်လည်ချဉ်းကပ် လာစဉ် မျက်မြင်သက်သေများ၏ သတင်းပေးမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့်ငါးဦးကို ၄င်းတို့၏ နေအိမ်တွင် သွားရောက်ရှာ ဖွေရာ ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြား (သတင်းဖော်ပြပြီး The VoiceWeekly Vol.8, No.44) သည်။

နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က ကမာရွတ်မြို့နယ် (၂) ရပ်ကွက် အင်းစိန်လမ်းနှင့် စံရိပ်ငြိမ် (၃) လမ်း (Excellent Studio) ရှေ့တွင် ပြိုင်ကား တစ်စီး အပါအဝင် ယာဉ်လေးစီးမှ လူခုနစ်ဦး က အခြား ကိုယ်ပိုင်ယာဉ်နှင့် ယာဉ်ပေါ်လိုက်ပါသူ များကို သံတုတ်၊ သစ်သားတုတ်များ ဖြင့် ရိုက်နှက်ခဲ့မှုကို ကမာရွတ် ရဲစခန်းက (ပ)၄၇၃/၁၂၊ ပုဒ်မ- ၄၄၀/၃၃၈/၃၂၅/ ၃၅၄/၂၉၄/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ရာ တရားခံခုနစ်ဦးအနက်မှ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ထို့အတူ အောက်တိုဘာလ ၂၈ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ်အချိန် ခန့်က ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်း မီးပွိုင့်တွင် မီးနီ၍ရပ်ထား သော အနက်ရောင် ကိုယ်ပိုင်ယာဉ် တစ်စီးကို ကားပြိုင်မောင်းသူများက သံပိုက်များဖြင့် ရိုက်နှက်မှုတွင် တရားခံ ဟုယူဆရသူများကို ဖမ်းဆီး ရရှိခဲ့သည် ဟု တရားလိုဖြစ်သူက ပြောကြားရာ ယင်းနှင့်ပတ်သက် ၍ ကျောက်တံတား မြို့နယ်ရဲစခန်း သို့ အတည်ပြုရန် မေးမြန်း ခဲ့ရာတွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၃၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး အသေးစိတ် ကိုမူ ဖြေဆိုခွင့်မရှိကြောင်း တာဝန်မှူးက
ပြန်လည်ပြောကြားသည်။

ရန်ကုန်မြို့တော်၌ ညနက်ပိုင်း အချိန်များတွင် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန်ဖြစ်ပွားသော မှုခင်းအချို့၌ ပြစ်မှုကျူးလွန်သူများတွင် လုပ်ငန်းရှင် ကြီးများနှင့် နိုင်ငံ့ဝန်ထမ်း အရာရှိကြီး များ၏ သားသမီးများ ပါဝင်သော်လည်း ပြစ်မှု ကျူးလွန်သူ မည်သူ့ကိုမဆို ရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဘကြီးသက်
Unknown at 5:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြည့်ချင်အုန်း


ရန်ကုန်မြို့အတွင်း ပြေးဆွဲသည့် ဘစ်စ်ကားတစ် စီးပေါ်တွင်ဖြစ်၏။

အဘိုးကြီးတဦး ၏ ရှေ့ တွင် အမျိုးသမီးငယ်တစ်ဦးသည် လှပသော မိမိ၏ ခြေထောက်နှစ် ဘက်ကို အဘိုးကြီးမြင်သာအောင်တမင်ထိုင်နေ၏။


ထိုအခါ အဘိုးကြီးမှ ခပ်တိုးတိုးလေသံဖြင့်......

" ကလေးမ....မင်းရဲ့ စကတ်တိုကို ဒီထက် မြင့်မြင့် လေး မ တင်ပေးမယ်ဆိုရင် ငွေတစ်သောင်းပေးမယ်....."

အမျီုးသမီးငယ် က စကပ်ကို မ တင်ပေးလိုက်သည်။

ငွေတစ်သောင်းကိုလည်း တဆက်တည်း တောင်း ယူလိုက်၏။

ထို့နောက် မျက်နှာ ကို ခပ်ပြုံပြုံး လေးလုပ်ပီး အမျီုးသမီးမှ အဖိုးကြီးဆီသို့ ဆက်ပြော၏။

" အန်လ်ကယ် နောက်တစ်သောင်း ထပ်ပေးရင် ကျမ အူအတက် ပေါက် လို့ ခွဲစိတ်တဲ့ နေရာကိုပြမယ်.."

အဘိုးကြီး လည်း ၀မ်းသာအားရ ငွေတစ်သောင်း အမြန် ထပ်ပေးလိုက်၏။

ထိုအခါ အမျိုးသမီးငယ်သည် .. ဘတ်စ် ကားပေါ်မှနေ၍ အဆောက်အဦးတခုသို့ လက်ညှိးညွှန်ပြလေ၏။

အဘိုးကြီးလည်း ကောင်မလေး ညွှန်ပြသော အဆောက်အဦးသို့လှမ်း ကြည့်လိုက်သည်။

ထိုအဆောက်အဦးကား........ရန်ကုန်ပြည့်သူ့ဆေးရုံကြီး.......ပေတည်း။

ဘကြီးသက်
Unknown at 12:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ လုံးဝမရှိဟုဆို

ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ များ လုံးဝ မရှိကြောင်း ကျော်တော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန အကြီးတန်း အရာရှိက နိုဝင်ဘာလ ၉ ရက်က ပေါ်ပြူလာနယူးစ်ဂျာနယ်နှင့်တွေ့ဆုံ စဉ်ပြောကြားသည်။
ယခင်ကာလကတည်းကပင် ကျောက်တော်မြို့နယ်အတွင်း နိုင်ငံသားစိစစ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဌာန်း ချက်အတိုင်းပင်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၌ လူမျိုးခြားအဖြစ် ဘင်္ဂလီ ၊ ဟိန္ဒူနှင့် တရုတ်လူမျိုးတစ်ဦးသာရှိကြောင်း၊ ယင်းတို့အနက် ဘင်္ဂလီများသည် ၁၉၅၀ ၊ ၁၉၆၀ ခုနှစ်များက ကိုင်ဆောင်ရန် ထုတ်ပေးထားသည့် ကဒ်ပြားအဖြူရောင်ဖြင့်သာနေ ထိုင်ကြရခြင်းဖြစ်ကြောင်း၊ ၄င်းတို့အား ပြုကဒ်၊ ဧည့်ကဒ်ထုတ်ပေးထားခြင်း ရှိကြောင်း ၄င်းကပြောသည်။

လက်ရှိတွင် မြို့နယ်တွင်း၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကောက် ယူရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေး၊ လက်ရှိတွင် ပေါက်တော ၌ ကောက်ယူလျှက်ရှိပြီး ယင်းနောက် စစ်တွေကောက်ယူပြီးမှ သာ ကျောက်တော်မြို့နယ်တွင်းကောက်ယူခြင်းဆောင်ရွက်မည်ဟု ယူဆရကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထုတ်ပြန် ထားသည့် စာရင်းများအရ အိမ်ထောင်စု စုစုပေါင်း သုံးသောင်းကိုးထောင်ေ ကျာ်နှင့် လူဦးရေစုစုပေါင်း နှစ်သိန်းတစ်သောင်းကျော်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ လုံးဝမရှိဟုဆို


ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ များ လုံးဝ မရှိကြောင်း ကျော်တော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန အကြီးတန်း အရာရှိက နိုဝင်ဘာလ ၉ ရက်က ပေါ်ပြူလာနယူးစ်ဂျာနယ်နှင့်တွေ့ဆုံ စဉ်ပြောကြားသည်။
 ယခင်ကာလကတည်းကပင် ကျောက်တော်မြို့နယ်အတွင်း နိုင်ငံသားစိစစ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဌာန်း ချက်အတိုင်းပင်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၌ လူမျိုးခြားအဖြစ် ဘင်္ဂလီ ၊ ဟိန္ဒူနှင့် တရုတ်လူမျိုးတစ်ဦးသာရှိကြောင်း၊ ယင်းတို့အနက် ဘင်္ဂလီများသည်  ၁၉၅၀ ၊ ၁၉၆၀ ခုနှစ်များက ကိုင်ဆောင်ရန် ထုတ်ပေးထားသည့် ကဒ်ပြားအဖြူရောင်ဖြင့်သာနေ ထိုင်ကြရခြင်းဖြစ်ကြောင်း၊ ၄င်းတို့အား ပြုကဒ်၊ ဧည့်ကဒ်ထုတ်ပေးထားခြင်း ရှိကြောင်း ၄င်းကပြောသည်။

လက်ရှိတွင် မြို့နယ်တွင်း၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကောက် ယူရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေး၊ လက်ရှိတွင် ပေါက်တော ၌ ကောက်ယူလျှက်ရှိပြီး ယင်းနောက် စစ်တွေကောက်ယူပြီးမှ သာ ကျောက်တော်မြို့နယ်တွင်းကောက်ယူခြင်းဆောင်ရွက်မည်ဟု ယူဆရကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထုတ်ပြန် ထားသည့် စာရင်းများအရ အိမ်ထောင်စု စုစုပေါင်း သုံးသောင်းကိုးထောင်ေ ကျာ်နှင့် လူဦးရေစုစုပေါင်း နှစ်သိန်းတစ်သောင်းကျော်ရှိကြောင်း သိရသည်။

ဘကြီးသက်
Unknown at 11:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နံပိန်ခါးကိုင်းတို့ တိုင်းပြည်


Written by တင်ညွန့်
ကျွန်တော်သည် စာသမားဖြစ်သဖြင့် အားကစားလုံးဝ ဝါသနာမပါကြောင်း ဦးစွာပြောချင်ပါသည်။ အိပ်ချိန် နည်းနည်း၊ စာဖတ်ချိန်များများနှင့် ဘဝကိုအခြေချထားမိသဖြင့် အားကစားလုပ်ရန်လည်း အခြေအနေ မပေးပါ။ သို့သော် တက္ကသိုလ်ကျောင်းသားဘဝတွင် မေဂျာစိတ်ဓာတ်၊ အဆောင်စိတ်ဓာတ် များဖြင့် အားကစားပွဲများကိုတော့ လိုက်လံအားပေးခဲ့ပါသည်။

ကျွန်တော်တို့တက္ကသိုလ်တက်ချိန်က RC ဟုခေါ်သည့် ခန်းမအတွင်း ဘော်လီဘောလေ့ကျင့်နေကြသည့် ကျောင်းသားများ၏ ဘောလုံးရိုက်သံက တအုံးအုံးထကာ နှလုံးတုန်ဖွယ်ကောင်းလှသည်။ သူတို့ အရပ် အမောင်း၊ ခွန်အားဗလတွေလည်း သန်မာကြသည်။ ထိုခေတ်ကကျောင်းသားဆိုသည်မှာ ဆိုရှယ်နှင့် အားကစားတွင် ယနေ့ခေတ်ကျောင်းသားတွေထက်သာသည်။ မြို့နယ်၊ တိုင်း၊ ပြည်နယ်၊ ကျောင်းသား လက်ရွေးစင် အဆင့်များမှသည် မြန်မာ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်တွေဖြစ်သွားကြသည်။ ထိုခေတ်က လက်ရွေးစင်ဖြစ်ရန် ပြိုင်ပွဲတွေရှိသည်။လေ့ကျင့်ရန် အားကစားကွင်းတွေရှိသည်။ စာလည်းမပိ။ ကျောင်းမှ အိမ်ပြန်ရောက်လျှင် သို့မဟုတ် ကျောင်းလွှတ်လျှင် အိမ်မပြန်ဘဲ ဘောလုံးကွင်းထဲ၊ ဘော်လီဘောကွင်းထဲ တန်းဆင်းကာ လေ့ကျင့်ကစားကြသည်။ ထို့ကြောင့်လည်း သန်မာထွားကြိုင်းသည့် ကျောင်းသားတွေနှင့် မြန်မာ့အားကစား မြင့်မားခဲ့ဖူးပါသည်။
မကြာမီ ကျောင်းသားအားကစားပွဲတွေ ကျင်းပတော့မည်ဖြစ်သဖြင့် ကျောင်းသားတွေကို လေ့ကျင့်ပေးနေသော အားကစားရုံတစ်ရုံသို့ ရောက်သွားမိပါသည်။ ကျွန်တော့် ဆရာတစ်ဦးသည် ယနေ့တိုင် အားကစားပွဲများကျင်းပရေးကို ဝါသနာထုံသဖြင့် ရာသီချိန်ရောက်လျှင် အားကစားကွင်းသို့ရောက်နေတတ်သည်။ ယခင်က အားကစားတွေ လေ့ကျင့်လျှင် ကိုယ့်ကျောင်း ဘောလုံးကွင်း၊ ဘတ်စ်ကက်ဘောကွင်းတွေနှင့် ကျောင်းသား တွေ မျက်နှာမငယ်ကြပေ။ ယခုခေတ်တွင်မှ ဘောလုံးကွင်းတွင် ကျောင်းတိုးချဲ့ဆောက်ကြသည်။ ဘတ်စ်ကက်ဘောကွင်းကို ကျောင်းသားစုဝေးကွင်းလုပ်ပြီး အလယ်တွင် ကျောက်တိုင်တွေစိုက်ကာ မြန်မာ့ပညာရေးကို ကျောက်သားအက္ခရာတင်ပြီး စိတ်ကူးယဉ်ကြည့်ကြသည်။ စိတ်ကူးပေါက်ရောက် ကောက်လုပ်တတ်သည့် ပညာရေးလောကသားတွေကြောင့် ကစားကွင်းတွေပျောက်ကာ ကစားကွင်းမရှိသော ကျောင်းတို့၏တိုင်းပြည်ဘဝရောက်ခဲ့ရသည်။
ကျောင်းသားများ ယခုအခါ အားကစားလေ့ကျင့်လျှင် ပြည်သူ့အားကစားကွင်းသာရှိတော့သည်။ ကျွန်တော့် ဆရာက ဘော်လီဘောရုံတွင် ရှိနေသည်ဆိုသောကြောင့် မိုးလုံလေလုံရုံဘက်သို့ ထွက်ခဲ့သည်။ ဟုတ်မှ ဟုတ်ပါ့မလားဟု စိတ်ထဲတွင်ထင်မိသည်။ အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ဖြစ်သည်။ ရုံအတွင်း ဝင်လိုက်မှ နှစ်သင်းဘော်လီဘောကစားနေသည်ကို တွေ့လိုက်ရသည်။ ပင့်ထောင်အား မပါ၊ ခုတ်ရိုက်အားမရှိ၊ ဘောလုံးကို တစ်ဘက်သို့ မရောက် ရောက်အောင် လက်ဖျံတွေနှင့် တွန်းပို့နေသလို ဖြစ်သည်။ အားပေးမည့်သူလည်းမရှိ။ တစ်ချိန်က ဆူညံစွာအော်ဟစ်နေသည့် ကျောင်းများမှ အားပေးသော ကျောင်းသားလည်းမရှိ။ စုံစမ်းကြည့်သောအခါ ကျောင်းတွေမှ ကျောင်းအုပ်တွေကမလွှတ်ကြောင်း၊ ရန်ဖြစ်မည် စိုးရိမ်သောကြောင့်ဖြစ်ကြောင်း၊ အတန်းကြီးတွေကလည်း စာမေးပွဲနီးသောကြောင့် မလာချင်ကြကြောင်းသိ လိုက်ရသဖြင့် အတော်လေးစိတ်မကောင်းဖြစ်မိသည်။ ဘော်လီဘောကွင်းတွင်း အုန်းဒိုင်းကြဲနေသော ဘောလုံး ခုတ်သံ၊ ရိုက်သံ၊ အားပေးသံတွေ တစ်ချိန်က အမှန်တကယ်ရှိခဲ့ခြင်းသည် အိပ်မက်ပမာဖြစ်ခဲ့ရသည်။
ကျွန်တော့်ဆရာက ကျွန်တော့်ကို ပြေးခုန်ပစ် လေ့ကျင့်နေကြသည့် ကွင်းဘက်ဆီသို့ ခေါ်သွားသည်။ ကျောင်းသား ကျောင်းသူတွေက ပုဆိုး ထမီချွတ်ပြီး ဘောင်းဘီတိုနှင့်ပြေးရမည်ကို ရှက်နေကြသည်။ ပိုဆိုးသည်က အပြေးသမားတွေပေါင်က ပုလွေရိုးလိုဖြစ်နေသည်။ အမြင့်ခုန်မည့်သူက နံကိုင်းနေသည်။ သံလုံးပစ် မည့်သူက သံလုံးကိုပင် နိုင်ပါ့မည်လောဟု စိုးရိမ်စရာဖြစ်နေသည်။ ကျွန်တော့်ဆရာက
"မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုကတည်းက ကျောင်းသားအားကစားတွေလည်း ပျက်တော့တာပဲ" ဟု ရယ်မောရင်းပြောကာ ကျွန်တော့်ကို လက်ဘက်ရည်ဆိုင်သို့ ဆွဲခေါ်သွားသည်။
"ငါတို့ တစ်နှစ် တစ်ကြိမ် ကျောင်းသားအားကစားပွဲဆိုတာ လုပ်နေရသေးတယ်။ ဒါပေမယ့် စိတ်ပါလက်ပါ အရင် ကလို ပွဲမျိုးတွေ မဟုတ်တော့ဘူး။ စီမံချက်ရှိလို့ လုပ်ပေးနေရသလိုမျိုးပဲဖြစ်နေတယ်။ ကျောင်းသားတွေက အရင်ကလို အားကစားတွေ သိပ်ပြီး စိတ်မဝင်စားတော့ဘူး။ တက္ကသိုလ်ဝင်တန်းသမားတွေဆိုရင် ပိုဆိုးသေး တယ်။ ကျောင်းတွေကိုက အောင်ချက်ကျမှာစိုးလို့ဆိုပြီး အားကစားဆိုရင် လွှတ်ကို မလွှတ်တော့တာ။  အဖြစ် သဘောလုပ်နေရတာပဲရှိတယ်။ နံပိန်ခါးကိုင်းတွေနဲ့ ဘယ်လို ကမ္ဘာလွှမ်းအောင် လုပ်နိုင်မှာလဲ" ဟု ဆွေးမြေ့စွာ ပြောနေသည်။
ကျွန်တော်တို့ ရှစ်တန်းကျောင်းသားဘဝလောက်က မြို့ပေါ်တွင် ဝိတ်ရုံဟုခေါ်သော အလေးမရုံတွေရှိသည်။ ဝိတ်ရုံတွင် အလေးမရန်အတွက် တစ်လလျှင် တစ်ကျပ်ခွဲပေးရသည်။ ကျွန်တော်တို့သည် ကိုဝင်းဦး၏ ဗလကို သဘောကျသည်။ ဟာကြူလီကိုကြိုက်သည်။ ထို့ကြောင့် ညနေကျောင်းလွှတ်လျှင် ဝိတ်ရုံသို့ဝင်ပြီး ဝိတ်မသည်။ ကျောင်းပိတ်ရက်များတွင် စပို့ရှပ်ဝတ်ပြီး လက်မောင်းသား ကြွားကြသည်။
ခုခေတ်ကလေးတွေ ကျူရှင်ပိနေသည်။ စာပိနေသည်။ စာပိနေသည်ဆိုရာတွင်လည်း အသိပညာ၊ အတတ် ပညာ၊ ဘဝပညာအတွက် လေ့ကျက်နေကြခြင်းမဟုတ်။ ကြက်တူရွေးစာအံသလိုရွတ်၊ ကျူရှင်တွေနှင့်ပတ် ချာလည်၊ ကျောင်းအားရက် ဂိမ်းဆိုင် အင်တာနက်ဆိုင်ပြေး၊ အစားအသောက်တွေကလည်း ကြောင်စာ ကြက်စာလောက်စားကာ ရှင်သန်နေကြသဖြင့် နံပိန်ခါးကိုင်းနေရခြင်းမှာ အဆန်းတော့မဟုတ်ပေ။
ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝက နေ့ခင်းမုန့်စားလွှတ်ချိန် တစ်နာရီအချိန်ရသည်ကို အသွား ၁၅ မိနစ်၊ အပြန် ၁၅ မိနစ်ကြာ လမ်းလျှောက်ရသည့်အိမ်သို့ အပြေးပြန်ပြီး ထမင်းစားရသည်ကို အမှတ်ရမိသည်။ လမ်းလျှောက်၊ ထမင်းစား၊ ကျောင်းလွှတ်ချိန် ဝိတ်မ၊ ကျူရှင်လည်းတက်စရာမရှိ။ ကိုယ့်စာကို ကိုယ်တာဝန်ကျေ အောင်လုပ်ပြီး ၁၀ တန်းအောင်လာရသည်။
"ကလေးတွေ ကျုံလှီလာရတာ အခြားအချက်ရှိသေးတယ်။ ဘာကြောင့်လို့ မင်းထင်သလဲ"
ကျွန်တော်မဖြေတတ်သဖြင့် ခေါင်းကုတ်လိုက်သည်။ ဆရာက ကျွန်တော့်ကို အနီးရှိ မူလတန်းကျောင်းလေးမှ မုန့်စားတန်းကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီမှာ မင်းသွားကြည့် ကျန်းမာရေးနဲ့ မညီတဲ့ အသုတ်စုံဈေးပေါပေါ၊ အထုတ်စုံဈေးပေါပေါတွေပဲရှိတယ်။ ဟိုးက ကုက္ကိုပင်အောက်မှာကြည့်လိုက်။ သူများတွေ ထမင်းဘူးဖွင့်စားတာကို ငေးနေတဲ့ ကလေးတွေ။ သူတို့ ထမင်းဘူးတောင် ထည့်မလာနိုင်ကြဘူး။ မုန့်ဘိုးဆိုတာ အဝေးကြီး။ မနက်ကလည်း အိမ်က ထမင်းတောင် စားလာကြရဲ့လားမသိဘူး။ မိဘတွေက တစ်ညလုံး ဘောလုံးပွဲကြည့်။ ချဲထိုး၊ ဘောလုံးလောင်းနဲ့ အိပ်ယာက တောင် မထနိုင်သေးချိန်မှာ သူတို့ ကျောင်းကို လာကြရတယ်။ သူတို့ဘဝတွေက သိပ်မရေရာဘူး။ ဘယ်တော့ ကျောင်းထုတ်ခံရပြီး လက်ဖက်ရည်ဆိုင် ထမင်းဆိုင်တွေကို ရောင်းစားခံရမလဲမသိဘူး။ ဒီလို မိဘမျိုး၊ ကလေး မျိုး၊ ကျောင်းမျိုးတွေနဲ့ ဘယ်လိုကမ္ဘာလွှမ်းအောင် လုပ်ကြမှာလဲ"
မကြာသေးမီက ကမ္ဘာ့နို့တိုက်ကြွေးရေးနေ့ကို ကျင်းပသွားကြောင့် သတင်းစာတွင်တွေ့လိုက်ရသည်။ အထိမ်း အမှတ်နေ့တွင်မှ ကျောင်းသားတွေကို နို့တစ်ခွက်နှင့် ကြက်ဥတစ်လုံးပေးခြင်းသည် တစ်နှစ်စာ အဟာရဖြစ် မည်ဆိုလျှင် လိမ်လည်ခြင်းသာဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ပညာရေးလူ့ဘောင်တွင် အထိမ်းအမှတ်နေ့မှ နိုးထ၊ လူကြီးလာမှ ဟန်ရေးပြ၊ အမိန့်နှင့်မှကြောက်ကြသည့် အစွဲတွေကို ယခုတိုင် မချွတ်နိုင်သေးပါ။ ထို့ကြောင့်လည်း ရှေ့ကဖုံး၊ နောက်ကပေါ်၊ အခွံဟောင်းလောင်း မြင်မကောင်းအောင်ဖြစ်ခဲ့ရသည့် စီမံချက်တွေ ကလည်းများလှသည်။
မြန်မာ့ပညာရေးလောကတွင် အစိုးရကျောင်းများ၌ ယနေ့တိုင် နေ့လည်စာမကျွေးနိုင်သေးပေ။ နေ့လည်စာ ကျွေးပြီး အာဟာရပြည့်ဝသည့် ကျောင်းသားများ မွေးထုတ်ရေးအစီအစဉ်ကို မည်သည့်အချိန်မှ အကောင် အထည်ဖော်မည်မသိပေ။ ကျောင်းများတွင် နေ့လည်စာကျွေးသည့်စနစ်ကို နိုင်ငံကြီးများတွင် အစိုးရကိုယ်တိုင် အလေးတယူဖြင့် အကောင်အထည်ဖော်နေခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။ ကျွန်တော်တို့ ယခင်က ဂျပန်ငပု တွေဟု နှိမ်ပြီးခေါ်ခဲ့သော ဂျပန်တွေ၏အရပ်အမောင်းကို ကျွန်တော်တို့ မမီတော့ပါ။ ဂျပန်တွေ ခေတ်မီအောင် လုပ်ရာတွင် ကျောင်းကစပြီး အခြေခံကို ပြုပြင်ကြသည်။ သန်မာထွားကြိုင်းအောင် လုပ်ကြသည်။ နို့သည်သူများနိုင်ငံတွင် ဈေးအပေါဆုံးအစားအစာစာရင်းဝင်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အခြေခံလူတန်းစား၊ ဆင်းရဲသည့်လူတန်းစား ဝယ်သောက်နိုင်သည့် အနေအထားတွင်မရှိပါ။
တရုတ်ပြည်တွင် ဆင်းရဲသည့်တောကျောင်းများတွင် နေ့လည်စာကြွေးရေးအစီအစဉ်တွေကို လုပ်ဆောင်နေ ကြသည်။ ကျောင်းလာလျှင် ထမင်းစားရမည်ဆိုသည့်အသိက ပညာရေးကို စိတ်ဝင်စားစေရန် ဆွဲဆောင်မှု တစ်ခုလည်းဖြစ်နေသည်။ ထို့ပြင် တရုတ်အစိုးရသည် ကျောင်းများတွင် နေ့လည်စာအစီအစဉ်ကို ကျွေးမွေး ချင်သည့် NGO အဖွဲ့များကို အားပေးသည်။ ဖိတ်ခေါ်သည်။ လမ်းဖွင့်ပေးသည်။ အကူအညီလည်းပေးသည်။
ကျွန်တော်ကြုံကြိုက်သဖြင့် အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်ပါသည်။ ကျွန်တော်တို့ မြို့နှင့် ၁၀ မိုင်ခန့် အကွာ အထက်တန်းကျောင်းတစ်ကျောင်းကို ထိုရွာအနီးတွင် စက်ရုံလာဖွင့်ထားသည့် ကိုရီးယားတွေက လာပြီး လေ့လာကြသည်။ သူတို့က ကွန်ပျူတာ လှူချင်သည်ပြောသဖြင့် ကျွန်တော့်ကို ကျောင်းအုပ်ကြီးက ဘယ်လို ကွန်ပျူတာမျိုးတွေတောင်းရမည်နည်းဟု အကူအညီတောင်းသဖြင့် ကျွန်တော်လည်း စကားပြန်မှတစ်ဆင့် ကိုရီးယားများနှင့် စကားပြောဖြစ်သည်။
သူတို့က ကိုရီးယားရှိ သူတို့ကုမ္ပဏီမှ တစ်နှစ်တစ်ခါ စွန့်ပစ်လိုက်သည့် ကွန်ပျူတာများသည် အကောင်းပကတိ ရှိသေးကြောင်း၊ မိမိတို့ ထိုကွန်ပျူတာများကို ဤကျောင်းသို့ယူလာပြီး လှူဒါန်းလိုကြောင်းပြောသည်။ ထို့နောက် သူတို့က သူငယ်တန်းဘက်ကို လျှောက်ကြည့်ရင်း ကလေးတွေ မုန့်စားသူစား၊ ကစားသူကစား၊ ထိုင်သူထိုင်နေ ကြသည်ကိုတွေ့သွားသည်။ သူတို့က ကလေးတွေကို နေ့လည်စာ မကျွေးဘူးလားဟုမေးသည်။ ကျောင်းအုပ် ကြီးကလည်း မြန်မာနိုင်ငံတွင် ထိုစနစ်မရှိကြောင်းပြောပြသည်။ သူတို့က စိတ်မကောင်းဖြစ်သွားပြီး၊ သူတို့စက်ရုံ တွင် နေ့စဉ် လူ ၃၀၀ စာလောက် ထမင်းကျွေးနေရကြောင်း၊ အကယ်၍ ဤကျောင်းမှ ကျောင်းသားအချို့ကို နေ့စဉ်ထမင်းကျွေးလိုပါကြောင်း ကျောင်းအုပ်ကြီးကိုပြောသည်။
ကျောင်းအုပ်ကြီးကလည်း ဝမ်းသာအားရဖြင့် သူငယ်တန်းကလေး ၆၀ ခန့်ကို နေ့စဉ်နေ့လည်ပိုင်း အာဟာရ သဘောမျိုးလာကျွေးလျှင် ကျေးဇူးတင်မည်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ ထိုကျောင်းအတွက် ကွန်ပျူတာ အလုံး ၂၀ နှင့်၊ သူငယ်တန်းကလေး ကျောင်းသား ၆၀ စာနေ့ခင်းအာဟာရကျွေးမှုကို ကတိတွေရသဖြင့် ကျောင်းအုပ်ကြီးကလည်း ပျော်နေသည်။
ထိုသတင်းကို တိုင်းပညာရေးမှူးရုံးမှ မည်သို့ကြားသွားသည်မသိ။ ကျောင်းအုပ်ကြီးနှင့် ကျွန်တော့်ကိုခေါ် ပြီး ဌာနကို မတိုင်ပင်ဘဲ၊ ဌာနမှ ခွင့်ပြုချက်မရဘဲ၊ ဌာနကိုကျော်ပြီး ဘာမျှလုပ်ခွင့်မရှိကြောင်း၊ အကယ်၍ ကိုရီးယား တွေက ကွန်ပျူတာ အလုံး ၂၀ ကိုယူလာလျှင်လည်း ဌာနကို လာအပ်ရမည်ဖြစ်ကြောင်း၊ ဌာနက သင့်တော်သ လောက်ပြန်ခွဲပေးခြင်းကိုသာ လက်ခံရမည်ဖြစ်ကြောင်း၊ နေ့လည်စာလာကျွေးသည့်အစီအစဉ်ကိုလည်း လက်မခံသင့်ကြောင်း၊ အစဉ်အလာမဟုတ်သည်ကို အစဉ်အလာလုပ်လိုက်လျှင် နောက်ပေါ်လာမည့် ပြဿနာ များကို ဖြေရှင်းရန်ခက်ကြောင်း ခေါ်ယူသတိပေးသည်။ ကျောင်းအုပ်ကြီးကလည်း ကိုရီးယားတွေကို ပြန်လည် ပြောပြကာ ညှိနှိုင်းကြည့်သည်။ ကိုရီးယားတွေက ကွန်ပျူတာလည်းမလှူ၊ အာဟာရလည်းမကျွေးတော့။ သူတို့ က ဒေသခံများနှင့် အဆင်ပြေအောင်နေချင်ကြသည်။ သို့သော် အစိုးရနှင့် ထိပ်တိုက်မတွေ့လိုသဖြင့် ရှောင် ထွက်ကာ ကျောင်းသို့ ငွေတစ်သိန်းသာ လှူလိုက်သည်။
ထိုအဖြစ်အပျက်တွင် ခေတ်မီနိုင်ငံတော်ကြီး ထူထောင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကြွေးကြော်နေသောသူ များ ကွန်ပျူတာတွေ ဆုံးရှုံးသွားသည်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေနိုင်မည့် အားကောင်းမောင်းသန် ကလေးတွေအတွက် အလေ့အကျင့်ကောင်းတွေ ဆုံးရှုံးသွားသည်။ တစ်ခါတစ်ရံ အစဉ်အလာသမားများနှင့် ကြိုးနီစနစ်ကိုသော်လည်းကောင်း အပြောင်းအလဲကို သဘောထားမကြီးသူများကြောင့်သော်လည်းကောင်း မတွန်းနိုင်၊ မလှုပ်နိုင်၊ မရှူနိုင်၊ မကယ်နိုင်ဖြင့် ပန်းတိုင်ပျောက်တတ်ပါသည်။ မည်သို့ဆိုစေ ပျောက်သော လမ်းတွင် ကျွန်တော်တို့ ယနေ့တိုင်လျှောက်လှမ်းနေဆဲဖြစ်သည်။

ဘကြီးသက်
Unknown at 10:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကုလားကို ဘာကြောင့်ကုလားလို့ခေါ်တာလဲဆိုတာ မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဖတ်ဖို့ပါ





 ကူးလာအမည်မှသည် ကုလားအမည်သို့ ခေါ်ဆိုရခြင်းအကြောင်းအရင်း....။

ကျနော်တို့တိုင်းရင်းသားများအမှီသဟဲပြု၍ နေထိုင်သောမြန်မာနိုင်ငံတွင် မူဆလင်ကုလား၊ ဟိန္ဒူကုလား၊
ခေါင်းပေါင်းပေါင်းထားသည့် ပန်ချာပီကုလားဆိုသည့် ကုလားများရှိကြပါသည်။ ထိုသူများကို ကုလားဟူ၍ ကျနော်တို့တိုင်းရင်းသားများက ခေါ်ဝေါ်ကြပါသည်။ ထိုသို့- ခေါ်ဝေါ်ရခြင်းအကြောင်းတရားကား ထိုသူ
များသည်မြန်မာနိုင်ငံသို့ ကူးဝင်လာပြီး၊ လာရောက်အခြေချနေထိုင်ခဲ့သည့်အတွက်ကြောင့် ကူးလာဟု ခေါ်ဆိုရာမှသည်၊ ကာလအချိန်ကြာမြေ့လာသောအခါ ကူးလာမှသည် ကုလားအမည်သို့ ကူးပြောင်းသွားခြင်းဖြစ်ပါသည်။ ကုလားလို့ခေါ်ဆိုတာဟာ မူဆလင်လူမျိုး ကုလားများကိုသာ ရည်ညွှန်းခေါ်ဝေါ်သုံးစွဲခြင်းမဟုတ်ပါ။ ထိုသို့ခေါ်ဆိုမှုကို မူဆလင်ကုလားများ ဘာကြောင့် ရမယ်ရှာပြီး ထူးထူးဆန်းဆန်းမနှစ်မြို့သည်ကို ကျနော်နားမလည်ပါ။ အမှန်မှာ ဆဲဆိုပြီးသုံးနှုန်းခေါ်ဝေါ်မှသာ နာရမည်ဖြစ်သည်။ မဆဲမဆိုပဲ ကုလားလို့ခေါ်ဝေါ်တာ နာစရာမလိုပါ။ ထို့အပြင် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်စဉ်အခါကလည်း ကုလားဖြူ- ကုလားမဲ ခေါ်ဝေါ်တာမျိုးလည်းရှိခဲ့ပါသည်။ကျနော်သိထားသမျှပြောရလျှင်.....။ဟိုအရင်တချိန်က ဘင်္ဂလီလူမျိုးများသည် မိမိတို့မူရင်းဌါနေတွင် အလုပ်ကိုင်ရှားပါးပြီး စားဝတ်နေရေးပြဿနာ မပြေလည်မှုကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ကူးဝင်လာပြီး လာရောက်အခြေချနေထိုင်အလုပ်- လုပ်
ကိုင်စားသောက်သူများဖြစ်ကြသည်။ ထိုဘင်္ဂလီလူမျိုးနွယ်စုကို ယ္ခင်က ကူးလာလူမျိုးလို့ ခေါ်ဝေါ်ပြောဆိုခဲ့
ရာမှ ကာလကြာရှည်လာသော်အခါ ကူးလာမှသည် ကုလားအမည်သို့ အသွင်ပြောင်းသွားသည်ဟု ဘင်္ဂလီ
လူမျိုးတစ်ဦးမှ ကျနော့်အားပြောဆိုခဲ့ဘူးပါသည်။ ထိုသူမှပင် ရခိုင်ပြည်တွင်ရှိသော မူဆလင်လူမျိုးများ
မှာ ဘင်္ဂလားဒေ့ရှ်မှ ကူးဝင်လာသော ဘင်္ဂလီ ကူးလားများဖြစ်ကြသည်ဟုပြောဆိုဘူးပါသည်။ ထို့ကြောင့်
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ကုလားဆိုသည့်အမည်နာမ်မကို နှိပ့်ချခေါ်ဝေါ်ပြောဆိုနေသည်ဟု မမြင်
စေလိုပါ။ မွန်ကို မွန်လို့ခေါ်ပြီး၊ ကချင်ကို ကချင်လို့ခေါ်ပြီး၊ ဗမာကို ဗမာလို့ခေါ်တာမဆန်းပါ...နာစရာလည်းမ
လိုပါ။ ဒါကြောင့် ကူးလာကို ကုလားလို့ခေါ်တာ မနာကြပါနဲ့။ အကယ်၍ ကုလားလို့ခေါ်တာ နာတယ်ဆိုလျှင် နာရခြင်းအကြောင်းအရင်းကို ကျနော့်အားအနည်းငယ်ရှင်းပြစေလိုပါသည်။ ကုလားဖြစ်ပေမယ့် အမည်နာမ်မ ကိုသိလျှင်သော်လည်းကောင်း၊ မသိလျှင်သော်လည်းကောင်း ကျနော်တို့တိုင်းရင်းသားများ ရိုင်းရိုင်းစိုင်းစိုင်း ဟေ့ကောင်ကုလားလို့ ဘယ်သူမှခေါ်ဆိုခြင်းမပြုကြပါ၊ ရန်ဖြစ်ကြသည့်အခါမှသာ စောင့်ကုလား၊ ဘာကုလား- ညာကုလားဆိုပြီး ဒေါသအလျှောက်ပြောဆိုခြင်းမျှလောက်သာဖြစ်ပါသည်။ ခင်ဗျားတို့ကုလားတွေလည်း ကျနော်တို့တိုင်းရင်းသားတွေနဲ့ ရန်ဖြစ်ကြတဲ့အခါ နောက်ကွယ်မှာ အမျိုးအမည်တမျိုးမျိုးသုံးပြီး ဆဲဆိုပြောဆိုကြမှာပါပဲ။ မောင်နှမတွေတောင် ရန်ဖြစ်ကြတဲ့အခါ ဒေါသအလျှောက် ဆဲဆိုမှုတွေတွေရှိကြတာပဲ။ကျနော်၏ တော်လှန်ရေး- နိုင်ငံရေးခရီး တလျှောက်တွင် ကျနော်ချစ်ခင်သော မူဆလင်ကုလားမိတ်ဆွေများရှိ ပါသည်။ ထိုသူများကို ဘယ်လိုစစ- ဘယ်လိုနောက်နောက် သူတို့ကတော့ မော်ဒန်ကုလားတွေဆိုတော့ အပြုံးမပျက်ကြပါ။

ဘကြီးသက်
Unknown at 10:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိမ်းမှောက်ဆီရထားတွဲမှ ဆီများ ဒေသခံများ လုယက်ခပ်စဉ် မီးလောင်၍ လူသေဆုံးထိခိုက်ဒဏ်ရာရသူများပြား


မြစ်ကြီးနား-မန္တလေး ပြေးဆွဲသော ဆီသယ်ရထားသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာအနီးရှိ ချက်ကြီးဘူတာအဝင် ပွိုင့်ခွဲတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲတိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ ဆီလုယက်ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှု
ကြောင့် လူ ၃၀ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်း ၎င်းတို့ကို ကယ်ဆယ်ရေးပြုလုပ်နေသော ကျွန်းလှမြို့ ဝေနေယျသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူနာများကို ဆေးကုသရန် ကျွန်းလှဆေးရုံတွင် ခုတင်မလုံလောက်မှုကြောင့် ကန့်ဘလူမြို့နယ် ဆေးရုံသို့ ၄၄ ဦးကို ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။

ကျွန်းလှမြို့နယ်မီးသတ်တပ်ဖွဲ့ကို မေးရာတွင် ယခုညနေအထိ နောက်ဆုံးရစာရင်းများအရ သေဆုံးသူ ၂၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၆၇ ဦး ရှိသွားပြီဖြစ်ရာ ဒဏ်ရာရသူမှာ ကျား ၂၉ ဦးနှင့် မ ၃၈ ဦးဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူကပြောသည်။

အဆိုပါ ရထားဆီတွဲမှ တွဲနှစ်တွဲလဲကာ လယ်ကွင်းများထဲ ဆီများဖိတ်စဉ်ရာတွင် ဒေသခံရွာသားများက လုယက်ခပ်ယူရာမှ ကျန်ဆီတွဲတစ်တွဲပါ မီးကူးစက်လောင်သွားခဲ့ခြင်းဖြစ်ကြောင်း ယင်းကပြောသည်။ မီးလောင်ရခြင်း၏ အကြောင်းရင်းကိုမူ အတိအကျ မသိရသေးပေ။

ယင်းမီးလောင်မှုကို ကျွန်းလှမြို့ရှိ ဝေနေယျသုခ လူမှုကူညီရေးအသင်း၊ မြတ်သုခအသင်း၊ ကန့်ဘလူ ကရုဏာရှင်အသင်း၊ ထန်းကုန်းဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ ကောလင်းကရုဏာရှင်အသင်း၊ ကျွန်းလှမီးသတ်ဌာန၊ ကျွန်းလှမြို့ ဗုဒ္ဓရောင်ခြည်အသင်း၊ ထန်းကုန်းသုခကာရီအသင်း၊ ကန့်ဘလူမီးသတ်နှင့် ရဲဌာနများမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

မီးမှာ လေးနာရီကြာလောင်ပြီး မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှသာ ငြိမ်းသွားခြင်းဖြစ်ကာ ဒဏ်ရာရသူနှင့် သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ကျွန်းလှမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်းလှမီးသတ်ကို မေးရာတွင် ယခုညနေအထိ နောက်ဆုံးရစာရင်းများအရ သေဆုံးသူ ၂၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၆၇ ဦး ရှိသွားပြီဖြစ်ရာ ဒဏ်ရာရသူမှာ ကျား ၂၉ ဦးနှင့် မ ၃၈ ဦးဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူကပြောသည်။

ဘကြီးသက်
Unknown at 10:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို အင်တာဗျူးခြင်း




 အင်တာဗျူး..အစီစဉ်ဖတ်ရတိုင်း..အများစုကတော နိုင်ငံတွင်းမှာထင်ရှားကျော်ကြားသော ခေါင်းဆောင်များ လုပ်ငန်းရှင်များအကယ်ဒမီမင်းသားမင်းသမီး.တွေဘဲ အဓိကထားမေးမြန်းကြတာဘဲ ဖတ်ဖူးတွေ့ ဘူးမှာပါ။ အားကစားသမားကတော့ အနည်းစုဗျူးတာဘဲတွေ့ ဘူးပါတယ်..။ သို့ သော်လည်း.... အင်းတာဗျူးဖို့..စာရွက်ကို အရင်ပေးကြိုဖတ်ကြိုဖြေတာလည်း ကြားဘူးကြမှာပါနော်....

ကိုယ့်ရင်တွင်းအမှန်တကယ်ပြောချင်တာတွေ ကိုတော့...ကြားရမှာမဟုတ်ပါဘူး...ဘာလို့ လည်းမေးရင်...အောက်လိုင်း(ဘောင်အတွင်းကမေးဖြေနေကြတာ)ဖတ်ရတွေ့ ရတာများတော့...
ကျနော်က ဒီလိုစိတ်ကူးလိုက်ပါတယ်...တိုင်းပြည်အတွက် နိုင်ငံအတွက်...တကယ်လိုအပ်နေတာကျောင်းသား.....
တကယ့်အပြင်မှာဖြစ်ပျက်နေတြ့ ကျောင်းသားတွေ ဘ၀ကိုကော...တကယ်လေ့ လာရဲ့ လား.......
ဆိုပါစို့ ....ဖတ်ဖူးတာလေးပြောပြတာနော်...
တက္ကသိုလ်ကျောင်းတွေ နားမှာ..လေယာဉ်ကွင်း...ဘူတာ....ကားဂိတ်....မရှိပါဘဲနဲ့ .ဘာလို့ အင်းတွေ မိုတယ်တွေ အများကြီးဖွင့်ထားတာလည်း......ဒါကိုလည်းတွေးသင့်ပါတယ်...။တချို့ ကျောင်းသူားတွေ နေထိုင်မှု ကိုသိပ်ပြီးရဲတင်းပွင့်လင်းနေကြပြီလား...
ပညာရေးသည်နိုင်ငံရေးဖြစ်သည်....ဗိုလ်ချုပ်အောင်ဆန်းပြောတာကြားဘူးသိဘူးမှာပါ
  
ဒါကြောင့် ကျနော်အခု..တက္ကသိုလ်.နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်နဲ့ ရိုက်စား အပတ်စဉ်ထုတ်ဂျာနယ်က...ဂျာနယ်လစ်တစ်ယောက်အင်တာဗျူးကစီစဉ်လေး.....
တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို မေးမြန်းခြင်း(ကျနော်ရေးတာမဟုတ်ပါဘူးသူငယ်ချင်းရေးတာလေးပါ)
 ----------------------------------------------------------------
မေး- စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ
ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင် ကျူရှင်လခ သွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ ရအောင်ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။
 
မေး-      -ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင် ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ
 
ဖြေ-      -သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့ တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့ တစ်ယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြော ကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့ ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊ သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက် သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်။
   
မေး-               -ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့ မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရီကားမှာဆိုရင် University Graduate တွေဟာ များသောအားဖြင့် နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေတို့ ဘာတို့တွေတောင်ရောက်ကြတယ်လေ မောင်လေးတို့ရော။
ဖြေ-              - ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့ စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။ တကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့ မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့ ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က ထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့ မူဆယ်လားရှိုးဘက်က ၀က်တင်တဲ့ကားတွေလို ကျောင်းကားတွေကို နေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ စိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။
 
မေး-          -ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။ မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။
ဖြေ-              -အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလို ကွဲပြားခြားနားသွားတာ မဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက များသောအားဖြင့် တောကြီးမျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့ အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။
မေး-           - အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို ကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ရှိနေပြီလား
 
ဖြေ-           - အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို ဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS လို့ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။
ဘာလို့လဲ ဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့ PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း ခန့်မှာမဟုတ်ပါဘူး။
ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု မဟုတ်ပါဘူး။ တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက လုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလား
ဥပမာပြောရရင် လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ကို ကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSC စာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂ ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေ အလုပ်ရကြမှာဖြစ်ပြီးသားပါ။
ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ ပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါတယ်။
 
မေး  -           - ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား
ဖြေ-              လုံးဝကိုမရှိပါဘူးခင်ဗျာ။ တကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့ ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊ မိုးရာသီ သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။
 
မေး-            -ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား
 
ဖြေ-            -လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါ လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။ သေသေချာချာတော့ မပြောနိုင်သေးပါဘူး။
 
မေး-           -မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။
 
ဖြေ-              -တချို့တွေကပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးက စီးပွားရေးဆန်လာတယ်တဲ့။
အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့ သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့ အားလုံးကို သိစေချင်ပါတယ်။
ပြောရရင် ဆရာလူထုစိန်ဝင်း ပြောပြောနေကြပေါ့။ ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။
ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ အလွတ်တွေကျက်ပြီး အလွတ်တွေချရေးပြီး အောင်မြင်လာတာပါဘဲ။
အခုနေ ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကို ပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့် ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။
 
မေး-            - မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။ ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည် ကို့လူမျိုးအတွက်ပေါ့။
 
ဖြေ-            -ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေ မမေးပါနဲ့လား။
တကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ရဲ့ အလုပ်သက်သက်ဖြစ်ပါတယ်။
ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက ပဲပြုတ်သည်တွေလဲ ပဲပြုတ်ဆက်ရောင်းကြမှာပဲ၊
ဆိုက်ကားဆရာတွေလည်း ဆိုက်ကားဆက်နင်းကြမှာပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
ကုလားကြီးကို ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက ကုလားပါပဲ။
ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့ တာဝန်သာဖြစ်ပါတယ်။
ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင်မသုံးသပ်ဘဲနဲ့ ၀င်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။
စိတ်မကောင်းဘူး။ အခုကို အဖြေက ရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့ ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့ စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ်နေကြပါတယ်။ ဒီတော့ ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။
အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရယ်
 
ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ ရိုက်စား အပတ်စဉ်ထုတ်ဂျာနယ်က အစ်မကို ကျေးဇူးအထူးတင်ပါတယ်။

ဘကြီးသက်
Unknown at 6:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေပြည်တော်တွင် အားကစားနည်းစုံ ပြိုင်ပွဲ တစ်ရပ် ဆီးဂိမ်းအကြို ကျင်းပမည်




လာမည့် ဇန်နဝါရီလဆန်းတွင် ဆီးဂိမ်းအကြို အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲ တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ သိရသည်။ ”တိုင်းနဲ့ပြည်နယ် များမှာ ရှိတဲ့ အားကစားသမားတွေ ဖိတ်ခေါ်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် အားကစား နည်းအားလုံးကို ထည့်သွင်း ကျင်းပ သွားမှာပါ။ ဆုများကို လည်း ပေးအပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ ဒေါက်တာ မြတ်သူရစိုးက ပြောသည်။ အဆိုပါ ပြိုင်ပွဲကို ၁ဝ ရက်မျှ ကျင်းပ သွားမည် ဖြစ်ပြိး ဆီးဂိမ်း ကျင်းပသည့် ပုံစံအတိုင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြိုင်ပွဲများ အား နေပြည်တော်၌သာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ ”ပြိုင်ပွဲဝင်မယ့် ကစားသမား တွေနဲ့ နည်းပြတွေ အတွေ့အကြုံ ရရှိအောင် ဆောင်ရွက်တာပါ။ နောက်တစ်ခုက ဒီ ပြိုင်ပွဲကနေ အလားအလာ ရှိတဲ့လူ ထပ်မံ ရွေးချယ် သွားမှာပါ။ ဒါကြောင့် ပြိုင်ပွဲ ကို စီစဉ်တာပါ” ဟု ၄င်းက ဆက် ပြောသည်။ လက်ရှိတွင် ပြိုင်ပွဲဝင်မည့် ကစားသမားများအား စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး အချို့တိုင်း ဒေသကြီးများတွင် စခန်းသွင်း လေ့ကျင့်နေသည့် ကစား သမား များမှာ နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင် လာရောက် ပူးပေါင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး ပြိုင်ပွဲ မကျင်းပမီ ရက်ပိုင်းတွင် နေပြည်တော် တစ် နေရာတည်း၌သာ လေ့ကျင့်မှုများ တစ်စုတစ်ဝေးတည်း ပြုလုပ်သွား မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပွဲ ကို ဒီဇင်ဘာလတွင် ကျင်းပသွားမည် ဖြစ်ပြီး အားကစား အဖွဲ့ချုပ် အနေဖြင့် ရွှေဆု ၁ဝဝ ရရှိအောင် လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ ပြီးနောက် ပြိုင်ပွဲတွင် လူငယ် သွေးသစ်များအား ဦးစားပေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၃၂ မျိုး၌ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရိုးရာအားကစားနည်း အချို့ကို ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ သိရ သည်။
ဘကြီးသက်
Unknown at 6:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ညိုးဖြင့် ဘက်ထရီအားဖြည့်နိုင်

လက်ညိုးအသုံးပြုပြီး ဘက်ထရိအားဖြည့်နိုင်တယ်ဆိုတာ ထွေထွေထူးထူး ရှင်းပြစရာ မလိုပဲ ပုံကိုကြည့်ရင် သိနိုင်ပါတယ်။

တီထွင်သူက ဖော်မြူလာတောင် ထုတ်ပေးထားလိုက်ပါသေးတယ်။ အပတ်ရေ ဘယ်လောက်များများကို ဘယ်လို မြန်မြန်၊ ဘယ်လောက်ကြာကြာ လှည့်ပေးရင် လျှပ်စစ်ဓာတ် ဘယ်လို ထွက်လာတယ် ဆိုတာကို ထုတ်ယူတဲ့ သီအိုရီ သဘောတရား ဖြစ်ပါတယ်။ တောင်ကိုရီးယား ဒီဇိုင်နာ Song Teaho နဲ့ Hyejin Lee တို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။

လက်ညိုးနဲ့တင် မကပဲ လျှပ်စစ်ဓာတ်အားကိုသဘာဝ ကနေ အလွယ် တကူ ထုတ်ယူလို့ ရတယ်ဆိုတာကို အမျိုးမျိုး ထုတ်ဖော်ပြသပြီး ဖြစ်ပါတယ်။ ဥပမာ- နှလုံးခုန်နှုန်းနှင့် ဖုန်းအားသွင်းခြင်း၊ လမ်းလျှောက်သည့်နှုန်းဖြင့် ဖုန်းအားသွင်းခြင်း၊ လက်ဖြင့်ပွတ်၍ ကင်မရာ ဘက်ထရီ ပြည့်စေခြင်း အစရှိသဖြင့် မယုံနိုင်လောက်အောင် ပြောင်မြောက် ထူးခြားတဲ့ နည်းပညာ များကို မိတ်ဆက်ပြသခဲ့ကြပါတယ်။

ယခု လက်ညိုးနဲ့ ဖုန်းဘက်ထရီဖြည့်တဲ့ ဒီဇိုင်းကလည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ပေါ်ပေါက်ပြီး လူကြိုက်များခဲ့ပါတယ်။ သို့ပေမယ့် အလွယ်တကူ ပလက်ပေါက်ထိုးရုံနဲ့ အားပြည့်တဲ့ အနေအထားမှာမို့ Green Gadget တွေကို သိပ်စိတ်ဝင်မစား ကြသေးပါဘူး။ စွမ်းအင်ရှားပါးတဲ့ တစ်နေ့ကျရင် လက်ညိုးနဲ့ အားဖြည့်ရတဲံ့ ဘက်ထရီလို နည်းပညာများ ရေပန်းစားလာမယ်လို့ နည်းပညာရှင်တို့က ခန့်မှန်းထားကြ ပါတယ်။
--
Ref:fingertips
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/blog-post_9.html
လက်ညိုးဖြင့် ဘက်ထရီအားဖြည့်နိုင်

လက်ညိုးအသုံးပြုပြီး ဘက်ထရိအားဖြည့်နိုင်တယ်ဆိုတာ ထွေထွေထူးထူး ရှင်းပြစရာ မလိုပဲ ပုံကိုကြည့်ရင် သိနိုင်ပါတယ်။ 

တီထွင်သူက ဖော်မြူလာတောင် ထုတ်ပေးထားလိုက်ပါသေးတယ်။ အပတ်ရေ ဘယ်လောက်များများကို ဘယ်လို မြန်မြန်၊ ဘယ်လောက်ကြာကြာ လှည့်ပေးရင် လျှပ်စစ်ဓာတ် ဘယ်လို ထွက်လာတယ် ဆိုတာကို ထုတ်ယူတဲ့ သီအိုရီ သဘောတရား ဖြစ်ပါတယ်။ တောင်ကိုရီးယား ဒီဇိုင်နာ Song Teaho နဲ့ Hyejin Lee တို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ 

လက်ညိုးနဲ့တင် မကပဲ လျှပ်စစ်ဓာတ်အားကိုသဘာဝ ကနေ အလွယ် တကူ ထုတ်ယူလို့ ရတယ်ဆိုတာကို အမျိုးမျိုး ထုတ်ဖော်ပြသပြီး ဖြစ်ပါတယ်။ ဥပမာ- နှလုံးခုန်နှုန်းနှင့် ဖုန်းအားသွင်းခြင်း၊ လမ်းလျှောက်သည့်နှုန်းဖြင့် ဖုန်းအားသွင်းခြင်း၊ လက်ဖြင့်ပွတ်၍ ကင်မရာ ဘက်ထရီ ပြည့်စေခြင်း အစရှိသဖြင့် မယုံနိုင်လောက်အောင် ပြောင်မြောက် ထူးခြားတဲ့ နည်းပညာ များကို မိတ်ဆက်ပြသခဲ့ကြပါတယ်။ 

ယခု လက်ညိုးနဲ့ ဖုန်းဘက်ထရီဖြည့်တဲ့ ဒီဇိုင်းကလည်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ပေါ်ပေါက်ပြီး လူကြိုက်များခဲ့ပါတယ်။ သို့ပေမယ့် အလွယ်တကူ ပလက်ပေါက်ထိုးရုံနဲ့ အားပြည့်တဲ့ အနေအထားမှာမို့ Green Gadget တွေကို သိပ်စိတ်ဝင်မစား ကြသေးပါဘူး။ စွမ်းအင်ရှားပါးတဲ့ တစ်နေ့ကျရင် လက်ညိုးနဲ့ အားဖြည့်ရတဲံ့ ဘက်ထရီလို နည်းပညာများ ရေပန်းစားလာမယ်လို့ နည်းပညာရှင်တို့က ခန့်မှန်းထားကြ ပါတယ်။ 
--
Ref:fingertips
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/blog-post_9.html

ဘကြီးသက်
Unknown at 6:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.