Saturday, November 10, 2012

နေပြည်တော်တွင် အားကစားနည်းစုံ ပြိုင်ပွဲ တစ်ရပ် ဆီးဂိမ်းအကြို ကျင်းပမည်




လာမည့် ဇန်နဝါရီလဆန်းတွင် ဆီးဂိမ်းအကြို အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲ တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ သိရသည်။ ”တိုင်းနဲ့ပြည်နယ် များမှာ ရှိတဲ့ အားကစားသမားတွေ ဖိတ်ခေါ်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် အားကစား နည်းအားလုံးကို ထည့်သွင်း ကျင်းပ သွားမှာပါ။ ဆုများကို လည်း ပေးအပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ ဒေါက်တာ မြတ်သူရစိုးက ပြောသည်။ အဆိုပါ ပြိုင်ပွဲကို ၁ဝ ရက်မျှ ကျင်းပ သွားမည် ဖြစ်ပြိး ဆီးဂိမ်း ကျင်းပသည့် ပုံစံအတိုင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြိုင်ပွဲများ အား နေပြည်တော်၌သာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ ”ပြိုင်ပွဲဝင်မယ့် ကစားသမား တွေနဲ့ နည်းပြတွေ အတွေ့အကြုံ ရရှိအောင် ဆောင်ရွက်တာပါ။ နောက်တစ်ခုက ဒီ ပြိုင်ပွဲကနေ အလားအလာ ရှိတဲ့လူ ထပ်မံ ရွေးချယ် သွားမှာပါ။ ဒါကြောင့် ပြိုင်ပွဲ ကို စီစဉ်တာပါ” ဟု ၄င်းက ဆက် ပြောသည်။ လက်ရှိတွင် ပြိုင်ပွဲဝင်မည့် ကစားသမားများအား စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး အချို့တိုင်း ဒေသကြီးများတွင် စခန်းသွင်း လေ့ကျင့်နေသည့် ကစား သမား များမှာ နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင် လာရောက် ပူးပေါင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး ပြိုင်ပွဲ မကျင်းပမီ ရက်ပိုင်းတွင် နေပြည်တော် တစ် နေရာတည်း၌သာ လေ့ကျင့်မှုများ တစ်စုတစ်ဝေးတည်း ပြုလုပ်သွား မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပွဲ ကို ဒီဇင်ဘာလတွင် ကျင်းပသွားမည် ဖြစ်ပြီး အားကစား အဖွဲ့ချုပ် အနေဖြင့် ရွှေဆု ၁ဝဝ ရရှိအောင် လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ ပြီးနောက် ပြိုင်ပွဲတွင် လူငယ် သွေးသစ်များအား ဦးစားပေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၃၂ မျိုး၌ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရိုးရာအားကစားနည်း အချို့ကို ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ သိရ သည်။
ဘကြီးသက်
Unknown at 6:35 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.