Saturday, November 10, 2012

ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ လုံးဝမရှိဟုဆို

ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ များ လုံးဝ မရှိကြောင်း ကျော်တော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန အကြီးတန်း အရာရှိက နိုဝင်ဘာလ ၉ ရက်က ပေါ်ပြူလာနယူးစ်ဂျာနယ်နှင့်တွေ့ဆုံ စဉ်ပြောကြားသည်။
ယခင်ကာလကတည်းကပင် ကျောက်တော်မြို့နယ်အတွင်း နိုင်ငံသားစိစစ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဌာန်း ချက်အတိုင်းပင်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၌ လူမျိုးခြားအဖြစ် ဘင်္ဂလီ ၊ ဟိန္ဒူနှင့် တရုတ်လူမျိုးတစ်ဦးသာရှိကြောင်း၊ ယင်းတို့အနက် ဘင်္ဂလီများသည် ၁၉၅၀ ၊ ၁၉၆၀ ခုနှစ်များက ကိုင်ဆောင်ရန် ထုတ်ပေးထားသည့် ကဒ်ပြားအဖြူရောင်ဖြင့်သာနေ ထိုင်ကြရခြင်းဖြစ်ကြောင်း၊ ၄င်းတို့အား ပြုကဒ်၊ ဧည့်ကဒ်ထုတ်ပေးထားခြင်း ရှိကြောင်း ၄င်းကပြောသည်။

လက်ရှိတွင် မြို့နယ်တွင်း၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကောက် ယူရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေး၊ လက်ရှိတွင် ပေါက်တော ၌ ကောက်ယူလျှက်ရှိပြီး ယင်းနောက် စစ်တွေကောက်ယူပြီးမှ သာ ကျောက်တော်မြို့နယ်တွင်းကောက်ယူခြင်းဆောင်ရွက်မည်ဟု ယူဆရကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထုတ်ပြန် ထားသည့် စာရင်းများအရ အိမ်ထောင်စု စုစုပေါင်း သုံးသောင်းကိုးထောင်ေ ကျာ်နှင့် လူဦးရေစုစုပေါင်း နှစ်သိန်းတစ်သောင်းကျော်ရှိကြောင်း သိရသည်။

ဘကြီးသက်
Unknown at 11:33 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.