Tuesday, October 9, 2012
ဝမ်ပေါင်နိုင်ငံ ထူထောင်ဖို့ ကေအိုင်အေ စုဆောင်းထားတဲ့ ကချင်မိန်းကလေးများ၏ ကံကြမ္မာ
အမျိုးသမီးစစ်သည်များအတွက် စစ်ပွဲများတွင် ထိခိုက်သေဆုံးတာထက် စစ်တပ်အတွင်း မုဒိမ်းကျင့်ခံရဖို့ ရာခိုင်နှုန်း ပိုပြီးများတယ် ဆိုပြီး အမေရိကန်နှင့်ဥရောပ နိုင်ငံများမှ အမျိုးသမီးစစ်သည်များက ညည်းတွား နေကြပြီ။ စည်းစနစ်မရှိ၊ ထင်ရာလုပ်တတ်သော၊ ၀မ်ပေါင်နိုင်ငံထူထောင်မည့် ရူးမိုက်သော အကြံရှိသည့် ကေအိုင်အေတို့ စုဆောင်းထားသည့် အမျိုးသမီးများသည် စစ်တိုက်ဖို့ အတွက်သာ မဟုတ်ပါ။
စခန်းအတွင်း မုဒိမ်းကျင့်ခံရသော အမျိုးသမီးနှင့် မုဒိန်းကျင့်ခံရမှု အများဆုံးနေရာ။ ကေအိုင်အေ ထဲက  အမျိုးသမီးများအတွက်ကတော့ ချောင်းနဲ့ခြုံပဲ ရှိတယ်
 စစ်ပွဲမှာ သေမယ်၊ ပြတ်မယ်၊ ဒုက္ခရောက်ကြရမယ်။
သေနတ်တစ်လက် ကိုင်ဖူးရုံမျှနှင့် စစ်ပွဲဆင်နွှဲနိုင်မည် မဟုတ်ပါ။ ကေအိုင်အေတို့၏ ကိုယ့်ကချင်တိုင်းရင်းသား  များအပေါ် ကြံစည်ရက်သည့် အကြံအစည်မှာ ယုတ်မာလွန်းလှသည်။ ယခင်ကလည်း ၀မ်ပေါင်သမ္မတနိုင်ငံ ထူထောင်ဖို့ ကြိုးစားခဲ့ကြသည်။ လက်နက်၊ငွေကြေးများ ပြည့်စုံသည့်အခါ အကြမ်းဖက်မှုများ ဖန်တီးပြီး လူများ စုဆောင်းတော့သည်။ အမျိုးသမီးများအား မည်သည့်အတွက် စုဆောင်းသနည်း။
                  ကေအိုင်အေတို့အတွက် အသုံးတော်ခံရမည့် ကချင်အမျိုးသမီးလေးများ
အမျိုးသမီးများအား လူသားတံတိုင်းအဖြစ်အသုံးချနိုင်သည်။ တိုက်ပွဲတွင် အမျိုးသမီးများ ကျဆုံးမှုများလေ ဂရုဏာပိုရလေလေ ဖြစ်သည်။ ဒါတွင်မက ၀မ်ပေါင်သမ္မတနိုင်ငံကြီးအတွက် မျိုးဆက်များကို ထိုအမျိုးသမီး များ ထံမှ ထုတ်ယူမည် ဖြစ်သည်။ တိုက်ပွဲများ အနည်းငယ်ဖြစ် ပွားပြီးနောက် ကေအိုင်အေ တို့ ငြိမ်းချမ်းရေး ယူဖို့ စကားများထွက်လာကြလိမ့်မည်၊ အခွင့်အရေးများ တောင်းဆိုကြလိမ့် မည်။ ငြိမ်းချမ်းပြီဟု အားလုံးယူဆသော အချိန်တွင် ထိုအမျိုးသမီးများသည် ကေအိုင်အေ၏ အသုံးချ မယားများ ဖြစ်ကုန်ကြတော့ မည်။ ကေအိုင်အေ ငြိမ်းချမ်းရေးယူအဖွဲ့၏ အဖြည့်ခံ  အသုံးတော်ခံ များ ဖြစ် လာ ကြတော့ မည် ဖြစ်သည်။
 စစ်တိုက်ဖို့မဟုတ်ဘဲ စစ်ပွဲအကြောင်းပြ အသုံးချ အတင်းစုဆောင်းခံထားရသူများ
စစ်ပွဲတစ်ခုဖြစ်ပွားသည်ဆိုတာနဲ့ အင်အားနည်းတာလည်း မရှိတော့ဘူး၊ အင်အားများတာလည်း မရှိတော့ဘူး၊ သေစေ တတ်တဲ့ လက်နက်တွေကို ကိုင်ဆောင် ထားပြီဆိုတာနဲ့ ကိုယ့်အသက်ကို ကိုယ်ကာကွယ်ကြဖို့သာ အဓိကဖြစ်သွားမည်ဖြစ်သည်။ သေစေ တတ်သော လက်နက်များကို ကိုင်ဆောင် ထားကြသူ အတွက် ပေးဆပ်မှု တစ်ခုကိုလည်း မှတ်သားထားဖို့ လိုအပ်သည်။ မြန်မာ့ တပ်မတော်၏ စစ်သားတိုင်းသည် နိုင်ငံတော်အလံကို ကိုင်၍ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်ရန် သစ္စာဆို ထားကြသူများ ဖြစ်သည့် အတွက် ပြည်ထောင်စု ဖြိုခွဲမည့်အကြံဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသူ မှန်သမျှအား ခွင့်ပြုမိန့်သာရမည်ဆိုပါက မည်သည့် အကြောင်းနှင့်မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်။ သို့ပါဆိုလျှင် ထိုမိန်းကလေး များ၏ ကံကြမ္မာသည်ကား..
ဘကြီးသက်
Unknown at 7:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဆရာကျောင်း ထင်ထင်ပေါ်ပေါ်မနေခြင်းအကြောင်းအရင်း
မြန်မာနိုင်ငံ၌ ထင်ထင်ပေါ်ပေါ်နေထိုင်ခြင်းသည် အန္တရာယ်များပြီး ပြဿနာရှိသဖြင့် ခပ်အေးအေးနေခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဦးအောင်ကိုဝင်း (ဆရာကျောင်း)က မီဒီယာသို့ပြောကြားသည်။
ယခုရက်ပိုင်းတွင် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ အဖမ်းခံရသည်ဟု သတင်းများ ကောလာဟလ ပျံ့နှံ့ပြီးနောက် ကမ္ဘောဇဘဏ်မှ ငွေထုတ်မှု ရုတ်တရက် မြင့်တက်ကာ ဘဏ်အတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း ဘဏ်များအသင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ-၂ ဦးသန်းလွင်က "ကျွန်တော်တို့ ဥက္ကဋ္ဌက ရှေ့မထွက်ဘူး။ ဒါကြောင့် အခုလိုမျိုးတွေနဲ့ ကြုံရတာ"ဟုပြောကြားခဲ့သည်။
"ဒီကောလာဟလကို ဖြေရှင်းရာမှာ ဗဟိုဘဏ်နဲ့ မီဒီယာတွေကို အထူးပဲကျေးဇူးတင်ပါတယ်"ဟု ဦးအောင်ကိုဝင်းကဆိုသည်။
ကမ္ဘောဇဘဏ်က ကောလာဟလများကြောင့် ငွေထုတ်ယူမှုများလာစဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ပင် ငွေထုတ်ပေးခဲ့သည်ဟုဆိုသည်။ ထို့အပြင် ပုဂ္ဂလိကဘဏ်များရှေ့တွင်လည်း ဗဟိုဘဏ်က မားမားမတ်မတ်ရပ်ပေးခဲ့ခြင်း၊ မီဒီယာသမားများကလည်း သတင်းမှန်ကို အချိန်မီပေးပို့နိုင်ခဲ့သဖြင့် လက်ရှိကာလတွင် ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်နိုင်ခြင်းဖြစ်ကြောင်း 
ဘကြီးသက်
Unknown at 6:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ယနေ့ စစ်တွေ ဆန္ဒပြပွဲ (ဓါတ်ပုံ)
ယနေ့ ၉.၁၀.၂၀၁၂ ရက်နေ့ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရဟန် သင်္ဃာများမှ ဦးဆောင်ပြီး OIC နှင့် ဘင်္ဂလားဒေံရှ်နိုင်ငံတွင် အကြမ်းဖက်မှုကို ကွန့်ကွက်သည့် အနေဖြင့် ဆန္ဒထုတ်ဖော် ။
 ဓါတ်ပုံ- ခိုင်ကျော်လင်း
ဘကြီးသက်
Unknown at 5:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နိုင်ငံတစ်ဝှမ်း၌ စက်တင်ဘာ လအတွင်း မီးလောင်မှုပေါင်း ၄၈ ကြိမ် ဖြစ်ပွားခဲ့
ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း တစ်နိုင်ငံလုံးမှာ မီးလောင်မှု အကြိမ် အရေအတွက်ပေါင်း ၄၈ ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း
ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ဖြစ်ပွားခဲ့မှုမှာ ဖြစ်ပွားမှု အကြိမ်ရေ အတွက် အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ အများဆုံး ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှု အရေအတွက် ၁၀ ကြိမ်ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ နေပြည်တော်နဲ့ မန္တလေးတိုင်း ဒေသကြီးမှ မီးလောင်မှု ၅ ကြိမ်စီ ဖြစ်ပွားခဲ့ ပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာတော့ မီးလောင်မှု အကြိမ် အရေအတွက် ၃ ကြိမ်စီ ဖြစ်ပွားခဲ့ပြီး၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ၂ ကြိမ်၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို မီးလောင်ကျွမ်းမှု တွေဟာ ပေါ့ဆမီး၊ မီးဖိုမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီးနဲ့ မသမာသူရှို့မီး စတာ တွေကြောင့် လောင်ကျွမ်း ခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှု တွေကြောင့် နိုင်ငံတစ်ဝှမ်း လုံးမှာ အိမ်ခြေ အဆောက်အဦးပေါင်း ၃၀ ကျော် ဆုံးရှုံးခဲ့ကာ တန်ဖိုးငွေကျပ် သိန်း ငါးရာ့ငါးဆယ် ကျော် ဆုံးရှုံးခဲ့ ရတယ်လို့ သတင်း ရရှိပါတယ်။
ဘကြီးသက်
Unknown at 2:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တရုတ် နိုင်ငံမှ Huawei မှာ လုံခြုံရေးကို ခြိမ်းခြောက်နေဟု အမေရိကန်ပြော
တရုတ် နိုင်ငံမှ တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်း Huawei မှာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း
အမေရိကန် ထိပ်တန်း ဥပဒေပြုသူ တစ်ဦးမှ ပြောကြားလိုက်ပြီ ဖြစ်သည်။ ယခုလို သတိပေးချက်မှာ CBS 60 Minutes အစီအစဉ်တွင်  တနင်္လာနေ့က ထုတ်ပြန်သည့် ကွန်ဂရက် လွတ်တော် အစီရင်ခံစာ မတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ် သည်။
ယင်းအစီရင်ခံစာအရ  Huawei နှင့် ၎င်း၏ နောက်ထပ် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် ZTE  တို့မှာ အစိုးရ၏ လွှမ်းမိုးမှု ရှိနေပြီး အမေရိကန် နိုင်ငံ၏ လုံခြုံရေးကို ထိပါးနိုင်သည့် ကိစ္စများ ပါဝင်နိုင်ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အိမ်ဖြူတော် ထောက်လှမ်းရေး ကော်မတီမှ ဥက္ကဋ္ဌ ဖြစ်သူ Mike Rogers မှ CBS သတင်းသို့ ပြောရာတွင် အမေရိကန် ကုမ္ပဏီများ အနေဖြင့် အဆိုပါ တရုတ် ကုမ္ပဏီများဖြင့် အလုပ်တွဲပြီး လုပ်ကိုင် ရန် မသင့်ကြောင်း ပြောခဲ့သည်။ ယင်းသို့သော ကုမ္ပဏီများမှာ တရုတ် အစိုးရ၏ တောင်းဆိုမှုဖြင့် အမေရိကန် နိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကို အကြီးအကျယ် ထိခိုက် ပျက်စီးစေနိုင်သည့် အနေအထားကို ဖြစ်စေမည်ဟု ယုံကြည့်ပါကြောင်းလည်း တာဝန်ရှိသူများ မှ ပြောကြား သွားခဲ့သည်။ အမေရိကန် နိုင်ငံမှ Cisco မှာ မကြာသေးမီ လများက ၎င်းတို့၏ စီးပွားဖက် ဖြစ်သူ  ZTE နှင့် ဆက်သွယ်မှု ဖြတ်တောက်ခဲ့ကာ Cisco ၏ ဆက်သွယ်ရေး ကိရိယာများကို အီရန်သို့ ရောင်း ချနေကြောင်း စွပ်စွဲချက် ထွက်လာ အပြီးတွင် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဘကြီးသက်
Unknown at 2:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပန်းဝါ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း နဲ့  ရုပ်ပွား တော် တွေ ကို မွတ်ဆလင် တွေ ဖျက်ဆီးမှု ကို ကောဇ့်ဘဇား သတင်းစာမှာ ဖော်ပြ
ဘင်္ဂလား ဒေရှ် နိုင်ငံ ၊ ကောဇ့် ဘဇား ခရိုင် ၊ ပန်းဝါ မြို့  မှာ  ဒေါသ ထွက် နေတဲ့ မွတ်ဆလင် လူ
အုပ် ကြီးက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၊ သိမ်  ၂ ခု နဲ့  လူနေ  အိမ် ခြေ ၂၀ ကျော် ကို
တိုက် ခိုက် ဖျက် ဆီး စဉ်က ဓာတ် ပုံ များ ကို ကော့ဘဇား သတင်းဌာန က ခု လို ဖော်ပြထား ပါတယ်။
ပန်းဝါ က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း နဲ့  ရုပ်ပွား တော် တွေ ကို မွတ်ဆလင် တွေ မီးရှို့ (ယခင်ဖော်ပြ ပြီးခဲ့ သတင်း)
২৯ সেপ্টেম্বর সেই কালো রাতে লুটপাটে ব্যস্ত কিছু দুষ্কৃতিকারীর ছবি আমাদের কাছে এসেছে। এদের চেহারা কারো কাছে অপরিচিত নয় । শান্তিকামী কক্সবাজারবাসীর কাম্য, দলীয় দৃষ্টি কোন থেকে নয় ,এদের অপরাধী হিসেবে চিহ্নিত করে কঠিনতর শাস্তি দেয়া হোক। এদের কে গ্রেপ্তার করে জিজ্ঞাসাবাদ করলে  ঘটনার প্রকৃত মদদদাতাদের বের করা খুব বেশী কঠিন হবে না বলে মনে করছেন জনসাধারণ।সত্য উদঘাটনে সহায়ক হবে মনে করে আমরা ফেসবুক থেকে পাওয়া ছবিগুলো প্রকাশ করলাম -সিবিএন
রামুর ‘শাদা ছিং’-এর সম্মুখভাগের বেদিতে জনৈক হামলাকারীর উল্লাস
রামুর ‘শাদা ছিং’ ভাঙচুর করছে আক্রমণকারীরা
রামুর ‘শাদা ছিং’-এর অভ্যন্তরে হামলাকারীরা
দানবাক্স লুটপাট করছে হামলাকারীরা
রামুর ‘শাদা ছিং’-এর অভ্যন্তরে হামলাকারীরা
রামুর ‘শাদা ছিং’-এর অভ্যন্তরে বুদ্ধমূর্তি ভাঙতে উদ্যত জনৈক আক্রমণকারী
রামুর ‘শাদা ছিং’-এর অভ্যন্তরে বুদ্ধমূর্তি ভাঙতে উদ্যত জনৈক আক্রমণকারী
রামুর ‘শাদা ছিং’-এর অভ্যন্তরে ইট দিয়ে বুদ্ধমূর্তি ভাঙতে উদ্যত জনৈক আক্রমণকারী
 FNG
ဘကြီးသက်
Unknown at 1:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်ပေါ်က မင်းမဲ့စရိုက်
ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်တွင် သတ်မှတ်ချိန်ကျော်သွား၍ ၀န်ထမ်းတစ်ဦးမှ ပြန်ခိုင်းခြင်းကြောင့် မကျေနပ်သည့်လူတစ်စုက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာ အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့
ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်ဝန်ထမ်းတစ်ဦးမှ ညကိုးနာရီကျော်သွား၍ ပြန်ခိုင်းရာမှစ၍ မကျေမနပ်ဖြစ်နေသူများက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာဖြင့် အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁ရက်နေ့ ည ၉နာရီကျော်တွင် ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင် လုံခြုံရေးဝန်ထမ်းတစ်ဦးက ကန်ဘောင်ပေါ်မှ ဆင်းခိုင်းခဲ့သဖြင့် မကျေမနပ်ဖြစ်နေသောသူများက ည ၁၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါဝန်ထမ်းကို ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့်သူများက လုံခြုံရေးဝန်ထမ်းအပြင် ကန်ဘောင်တွင်ရှိနေသည့် ဆိုင်ဝန်ထမ်းများကိုလည်း လိုက်လံ၍ ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အင်းယားကန်ဘောင်တွင်ဖွင့်လှစ်ထားသည့် ရွှေမိသားစု စားသောက်ဆိုင်မှ တာဝန်ခံဖြစ်သူ ကျော်မင်းစိုးက '' ကန်ဘောင်က လုံခြုံရေးဝန်ထမ်းတွေက ည ၉နာရီကျော်ရင် လာပြီးလည် ပတ်တဲ့သူတွေကို ပြန်ဖို့ပြောနေကြတာပဲ။ အဲဒီနေ့က အုပ်စုတစ်စုက ကန်ဘောင်မှာရှိတဲ့ အမှိုက်ပုံးကိုကန်လိုက်တာ လဲသွားလို့ အဲဒီလုံခြုံရေးဝန်ထမ်းက ပြန်ထောင်ဖို့ သွားပြောခဲ့တာကိုလည်း သူတို့မကျေနပ်ဖြစ်ခဲ့တယ်။ အဲဒါနဲ့ သူတို့အဖွဲ့က ဆိုင်ကယ် ၉စီးနဲ့ ကန်ဘောင်အနောက်ဘက်ကနေ ပြန်တက်လာပြီးတော့ ရန်ရှာသွားတယ်။ ည ၁၁နာရီလောက် မှာ အယောက်အစိတ်နဲ့ သုံးဆယ်ကြားမှာရှိတဲ့သူတွေက ကန်ဘောင်ပေါ်ကို ဖြန့်တက်လာပြီးတော့ အဲဒီလုံခြုံရေးကို ရှာပြီး ၀ိုင်းဝန်းထိုးတယ်။ ပြီးတော့ တွေ့တဲ့သူတွေကိုလည်း သူတို့ပါလာတဲ့ ဓားတွေ၊ တုတ်တွေနဲ့ ၀ိုင်းရိုက်တယ်။ ကျွန်တော်ကတော့ ကံကောင်းလို့ ခုတ်တာကိုရှောင်နိုင်ပြီး ပြေးလို့လွတ်ခဲ့ပေမယ့် ရိုက်လို့ ထိထားတဲ့ဒဏ်ရာကြောင့် ဆေးရုံတက်ပြီးတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။ အားလုံး လေး၊ ငါးယောက်လောက် ဒဏ်ရာတွေရခဲ့တယ်။ တစ်ယောက်ဆိုရင် ဓားနဲ့ခုတ်တာ ထိသွားတဲ့အတွက်ကြောင့်မို့လို့ လက်သန်းပြတ်သွားပါတယ်'' ဟု ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့သည်။
ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားပြီးသည့် ည ၁၁နာရီကျော်အချိန်တွင် သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ အကြောင်းကြားတိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက နံနက် ၁နာရီကျော် အချိန်တွင်ရောက်ရှိပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါကဲ့သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး ထိုးကြိတ်ရိုက်နှက်သူများကို အောက်တိုဘာလ ၈ရက်နေ့အထိ ဖမ်းမိသေးခြင်းမရှိကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းမှ သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်မော်က '' ကျွန်တော်တို့အနေနဲ့ အခုလို ပြစ်မှုကျူးလွန်သွားတဲ့သူတွေကို စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ အခု ဒီဖြစ်စဉ်ဖြစ်သွားပြီးတဲ့နောက်မှာတော့ ကမာရွတ်မြို့နယ်ရဲတပ် ဖွဲ့ဝင် ၁၀ဦးနဲ့ လှိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင် ၆ဦးတို့က လှည့်ကင်းတွေလှည့်ပြီးတော့ လုံခြုံရေးကိုဆောင်ရွက်နေပါတယ်။ ကန်ဘောင်ကို ညပိုင်းလာတဲ့သူတွေအများစုက မူးယစ်နေတဲ့သူတွေနဲ့ သောက်စားဖို့လာတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ညပိုင်းတွေမှာလာ အပန်းဖြေတဲ့သူတွေ သတိထားပြီးတော့ သွားလာသင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ဖြစ်စဉ်ကို ကမာရွတ်ရဲစခန်း (ပ)၄၀၅/၂၀၁၂ ပုဒ်မ ၂၉၄/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်း-EMG
ဘကြီးသက်
Unknown at 12:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မနန်းခင်ဇေယျာ ပြိုင်ပွဲ မှာ တက်တက်ကြွကြွ ပါဝင်နေ | Update
552649_460994127284844_765662838_n
Update – အောက်တိုဘာ လ ၉ ရက် နေ့ တွင် နိုင်ငံ တကာမှ လှယဉ် ကျေးမယ် များ သည်
ဂျပန် ရိုးရာ ၀တ်စုံ ကီမို နို ကို ၀တ်ဆင် ၍ အလှ ပြခဲ့ ကြရာ  မြန်မာ ကိုယ်စား ပြု မနန်းခင်
ဇေယျာလည်း မိုးပြာ ညို့ ညို့  အောက်ခံ တွင် ဆောင်းဦး  တောပန်းဖြူ များ အဆုပ်လိုက် ပွင့်
နေသည့် ကီမို နို ၀တ်စုံ ဖြင့် အလှ ပြ ခဲ့ သည်။
ဂျပန် ရိုးရာ အိမ် တွင် ဂျပန် ယဉ်ကျေး မှု ၊ ဘာသာစကား နှင့် စာ ပေ တို့  ကို  အလှမယ် များ က
လေ့လာ ခဲ့ ကြသည် ဟု မယ်နိုင်ငံ တကာ ပြိုင်ပွဲ ၏ အင်တာနက် စာမျက် နှာ တွင် ဖော် ပြထား
သည်။
Nang Khin Zay Yar(24)
ナン・キン・ゼイ・ヤー
1988/3/4
●Tourist guide, Model
174/64/56.7/84
နိုင်ငံ တကာ မှ ပြိုင် ပွဲ ၀င်သူများ သည် ဆုရွေးချယ် မည့် နေ့  နီးကပ် လာသည့် နှင့် ပိုပြီး ရင်ခုန်
စိတ်လှုပ်ရှား လာကြသည်။ ပြိုင် ပွဲ ၀င် အများ စု အနက် ၇၀ ရာခိုင်နှုန်း ကျော် မှာ ၎င်း တို့  ၏ ဒေသ
တွင်း ဉ်သာ ပြိုင် ဖူး ပြီး နိုင်ငံ့ တကာ ပြိုင် ပွဲ အတွေ့  အကြုံ မရှိ ဟု သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့  က  မယ် နိုင်ငံ တကာ ပြိုင် ပွဲ ၀င်သူများ သည် ဂျပန် ရိုးရာ အစား
အသောက် များ ကို နည်း ပြ တစ်ဦး က သင်ကြား ပြ သမှု ဖြင့် ကိုယ်တိုင် ချက် ပြုတ် စားသောက်
ခဲ့ သည်။
အောက်တိုဘလ ၈ ရက် တနင်္လာ နေ့ တွင် ရိုးရာ ယဉ်ကျေးမှု အက များ ဖြင့် ကပြ ဖျော်ဖြေမှု ပြု
ခဲ့ကြသည် ရာ မနန်းခင်ဇေယျာ က မြန်မာ အက ကို အခြား ၀င်ရောက်ယှဉ်ပြိုင်သူများ အား ပြသ
ခဲ့ ရာ ပိုလန် ၊ ဘရာဇီး ၊ စပိန် ၊ ဟန်ဂေရီ နှင့် ပီရူး မယ်များ  က စိတ် ၀င်တစား သင်ယူခဲ့ ကြသည်။
အောက်တိုဘာလ ၂၁ ရက်နေ့  ပြိုင်ပွဲ အပြီး မြန်မာ နိုင်ငံ သို့ ပြန်လည် ရောက်ရှိလာမည့် မနန်းခင်ဇေယျာ
ကို ရန်ကုန် ရောက် ရှမ်း နှင့် ပ အိုဝ် လူမျိုး များ အပါ အ၀င် မြန်မာ နှင့် အခြား တိုင်းရင်းသား များ ကြိုဆို
ရန် ပြင်ဆင် ထားသည် ဟု FNG မှ သိရှိ ရသည်။
၁၉၆၁ ခုနှစ်က နောက်ဆုံး နောက်ဆုံး ယှဉ်ပြိုင်ခဲ့ သည် မယ် နိုင်ငံ တကာ ကို မြန်မာ တကျော့ပြန် ယှဉ်ပြိုင် | Update
ဂျပန် နိုင်ငံ  အိုကီနာဝါ ကျွန်း ဘူဒိုကန် အားကစား ခန်းမ ဉ် အောက်တိုဘာ လ ၁ ရက်နေ့ မှ
အောက်တိုဘာလ ၂၁ ရက်နေ့  အထိ ကျင်းပ နေသည့် မယ် နိုင်ငံ တကာ (Miss International)
ကို မြန်မာ နိုင်ငံ ကိုယ်စား ပြု ကာ ရှမ်းပြည်နယ် တောင်ကြီး မြို့ မှ မနန်းခင်ဇေယျာ သည် ၀င်ရောက်
ယှဉ် ပြိုင် နေသည် ဟု ၅၂ ကြိမ်မြောက် မယ် နိုင်ငံ တကာ (Miss International) ကျင်းပရေး
ကော်မတီ သတင်း နှင့် ပြန်ကြား ရေးဌာန မှ သတင်း ထုတ်ပြန်ထားသည်။
ပြိုင်ပွဲ၌ Miss Myanmar International Crownဆုကို ရရှိခဲ့ သည်။
မယ် နိုင်ငံ တကာ  ပြိုင်ပွဲ ကို နိုင်ငံ ပေါင်း ၆၇ နိုင်ငံ မှ ၀င်ရောက်ယှဉ် ပြိုင် သည်။ ယခုနှစ်
Miss International ဆုရရှိသူ အား ယခင် နှစ် က ဆုရှိခဲ့ သည့် အီကွေဒေါ မှာ ဖာနန်ဒါ
ကော်နီ ဂျို မှ လွှဲပြောင်း ပေး အပ် မည် ဖြစ်သည်။
နန်းခင်ဇေယျာသည် အသက် ၂၃ နှစ် ရှိ ပြီ ဖြစ် ပြီး အရပ် အမြင့် ငါး ပေး ခြောက် လက်မ ခွဲ
ဖြစ်သည်။
b0406_322641_458884354162488_1917390950_o
69104_10151055951071577_2121791_n
68765_458879327496324_378600981_n
602272_10151058396861577_27482265_n
559644_460149764035947_1673799104_n
557048_536539819695777_540511175_n
552649_460994127284844_765662838_n
548224_460695247314732_136541658_n
3720_536538779695881_561752872_n
254514_460662623984661_1599431531_n
1__6_
1__5_
1__4_
1__3_
1__2_
155129_460695717314685_803619179_n
150375_458492290868361_1173913271_n
150375_458492290868361_1173913271_n
ဘကြီးသက်
Unknown at 10:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.