Tuesday, October 9, 2012

ဝမ်ပေါင်နိုင်ငံ ထူထောင်ဖို့ ကေအိုင်အေ စုဆောင်းထားတဲ့ ကချင်မိန်းကလေးများ၏ ကံကြမ္မာ



 
အမျိုးသမီးစစ်သည်များအတွက် စစ်ပွဲများတွင် ထိခိုက်သေဆုံးတာထက် စစ်တပ်အတွင်း မုဒိမ်းကျင့်ခံရဖို့ ရာခိုင်နှုန်း ပိုပြီးများတယ် ဆိုပြီး အမေရိကန်နှင့်ဥရောပ နိုင်ငံများမှ အမျိုးသမီးစစ်သည်များက ညည်းတွား နေကြပြီ။ စည်းစနစ်မရှိ၊ ထင်ရာလုပ်တတ်သော၊ ၀မ်ပေါင်နိုင်ငံထူထောင်မည့် ရူးမိုက်သော အကြံရှိသည့် ကေအိုင်အေတို့ စုဆောင်းထားသည့် အမျိုးသမီးများသည် စစ်တိုက်ဖို့ အတွက်သာ မဟုတ်ပါ။

စခန်းအတွင်း မုဒိမ်းကျင့်ခံရသော အမျိုးသမီးနှင့် မုဒိန်းကျင့်ခံရမှု အများဆုံးနေရာ။ ကေအိုင်အေ ထဲက  အမျိုးသမီးများအတွက်ကတော့ ချောင်းနဲ့ခြုံပဲ ရှိတယ်




 စစ်ပွဲမှာ သေမယ်၊ ပြတ်မယ်၊ ဒုက္ခရောက်ကြရမယ်။



သေနတ်တစ်လက် ကိုင်ဖူးရုံမျှနှင့် စစ်ပွဲဆင်နွှဲနိုင်မည် မဟုတ်ပါ။ ကေအိုင်အေတို့၏ ကိုယ့်ကချင်တိုင်းရင်းသား  များအပေါ် ကြံစည်ရက်သည့် အကြံအစည်မှာ ယုတ်မာလွန်းလှသည်။ ယခင်ကလည်း ၀မ်ပေါင်သမ္မတနိုင်ငံ ထူထောင်ဖို့ ကြိုးစားခဲ့ကြသည်။ လက်နက်၊ငွေကြေးများ ပြည့်စုံသည့်အခါ အကြမ်းဖက်မှုများ ဖန်တီးပြီး လူများ စုဆောင်းတော့သည်။ အမျိုးသမီးများအား မည်သည့်အတွက် စုဆောင်းသနည်း။
                  ကေအိုင်အေတို့အတွက် အသုံးတော်ခံရမည့် ကချင်အမျိုးသမီးလေးများ
အမျိုးသမီးများအား လူသားတံတိုင်းအဖြစ်အသုံးချနိုင်သည်။ တိုက်ပွဲတွင် အမျိုးသမီးများ ကျဆုံးမှုများလေ ဂရုဏာပိုရလေလေ ဖြစ်သည်။ ဒါတွင်မက ၀မ်ပေါင်သမ္မတနိုင်ငံကြီးအတွက် မျိုးဆက်များကို ထိုအမျိုးသမီး များ ထံမှ ထုတ်ယူမည် ဖြစ်သည်။ တိုက်ပွဲများ အနည်းငယ်ဖြစ် ပွားပြီးနောက် ကေအိုင်အေ တို့ ငြိမ်းချမ်းရေး ယူဖို့ စကားများထွက်လာကြလိမ့်မည်၊ အခွင့်အရေးများ တောင်းဆိုကြလိမ့် မည်။ ငြိမ်းချမ်းပြီဟု အားလုံးယူဆသော အချိန်တွင် ထိုအမျိုးသမီးများသည် ကေအိုင်အေ၏ အသုံးချ မယားများ ဖြစ်ကုန်ကြတော့ မည်။ ကေအိုင်အေ ငြိမ်းချမ်းရေးယူအဖွဲ့၏ အဖြည့်ခံ  အသုံးတော်ခံ များ ဖြစ် လာ ကြတော့ မည် ဖြစ်သည်။
 
 စစ်တိုက်ဖို့မဟုတ်ဘဲ စစ်ပွဲအကြောင်းပြ အသုံးချ အတင်းစုဆောင်းခံထားရသူများ
စစ်ပွဲတစ်ခုဖြစ်ပွားသည်ဆိုတာနဲ့ အင်အားနည်းတာလည်း မရှိတော့ဘူး၊ အင်အားများတာလည်း မရှိတော့ဘူး၊ သေစေ တတ်တဲ့ လက်နက်တွေကို ကိုင်ဆောင် ထားပြီဆိုတာနဲ့ ကိုယ့်အသက်ကို ကိုယ်ကာကွယ်ကြဖို့သာ အဓိကဖြစ်သွားမည်ဖြစ်သည်။ သေစေ တတ်သော လက်နက်များကို ကိုင်ဆောင် ထားကြသူ အတွက် ပေးဆပ်မှု တစ်ခုကိုလည်း မှတ်သားထားဖို့ လိုအပ်သည်။ မြန်မာ့ တပ်မတော်၏ စစ်သားတိုင်းသည် နိုင်ငံတော်အလံကို ကိုင်၍ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်ရန် သစ္စာဆို ထားကြသူများ ဖြစ်သည့် အတွက် ပြည်ထောင်စု ဖြိုခွဲမည့်အကြံဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသူ မှန်သမျှအား ခွင့်ပြုမိန့်သာရမည်ဆိုပါက မည်သည့် အကြောင်းနှင့်မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်။ သို့ပါဆိုလျှင် ထိုမိန်းကလေး များ၏ ကံကြမ္မာသည်ကား..
ဘကြီးသက်
Unknown at 7:54 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.