Tuesday, October 9, 2012

တရုတ် နိုင်ငံမှ Huawei မှာ လုံခြုံရေးကို ခြိမ်းခြောက်နေဟု အမေရိကန်ပြော

တရုတ် နိုင်ငံမှ တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်း Huawei မှာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း
အမေရိကန် ထိပ်တန်း ဥပဒေပြုသူ တစ်ဦးမှ ပြောကြားလိုက်ပြီ ဖြစ်သည်။ ယခုလို သတိပေးချက်မှာ CBS 60 Minutes အစီအစဉ်တွင်  တနင်္လာနေ့က ထုတ်ပြန်သည့် ကွန်ဂရက် လွတ်တော် အစီရင်ခံစာ မတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ် သည်။

ယင်းအစီရင်ခံစာအရ  Huawei နှင့် ၎င်း၏ နောက်ထပ် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် ZTE  တို့မှာ အစိုးရ၏ လွှမ်းမိုးမှု ရှိနေပြီး အမေရိကန် နိုင်ငံ၏ လုံခြုံရေးကို ထိပါးနိုင်သည့် ကိစ္စများ ပါဝင်နိုင်ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အိမ်ဖြူတော် ထောက်လှမ်းရေး ကော်မတီမှ ဥက္ကဋ္ဌ ဖြစ်သူ Mike Rogers မှ CBS သတင်းသို့ ပြောရာတွင် အမေရိကန် ကုမ္ပဏီများ အနေဖြင့် အဆိုပါ တရုတ် ကုမ္ပဏီများဖြင့် အလုပ်တွဲပြီး လုပ်ကိုင် ရန် မသင့်ကြောင်း ပြောခဲ့သည်။ ယင်းသို့သော ကုမ္ပဏီများမှာ တရုတ် အစိုးရ၏ တောင်းဆိုမှုဖြင့် အမေရိကန် နိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကို အကြီးအကျယ် ထိခိုက် ပျက်စီးစေနိုင်သည့် အနေအထားကို ဖြစ်စေမည်ဟု ယုံကြည့်ပါကြောင်းလည်း တာဝန်ရှိသူများ မှ ပြောကြား သွားခဲ့သည်။ အမေရိကန် နိုင်ငံမှ Cisco မှာ မကြာသေးမီ လများက ၎င်းတို့၏ စီးပွားဖက် ဖြစ်သူ  ZTE နှင့် ဆက်သွယ်မှု ဖြတ်တောက်ခဲ့ကာ Cisco ၏ ဆက်သွယ်ရေး ကိရိယာများကို အီရန်သို့ ရောင်း ချနေကြောင်း စွပ်စွဲချက် ထွက်လာ အပြီးတွင် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။






ဘကြီးသက်
Unknown at 2:48 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.