Tuesday, October 9, 2012

ဆရာကျောင်း ထင်ထင်ပေါ်ပေါ်မနေခြင်းအကြောင်းအရင်း


မြန်မာနိုင်ငံ၌ ထင်ထင်ပေါ်ပေါ်နေထိုင်ခြင်းသည် အန္တရာယ်များပြီး ပြဿနာရှိသဖြင့် ခပ်အေးအေးနေခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဦးအောင်ကိုဝင်း (ဆရာကျောင်း)က မီဒီယာသို့ပြောကြားသည်။

ယခုရက်ပိုင်းတွင် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ အဖမ်းခံရသည်ဟု သတင်းများ ကောလာဟလ ပျံ့နှံ့ပြီးနောက် ကမ္ဘောဇဘဏ်မှ ငွေထုတ်မှု ရုတ်တရက် မြင့်တက်ကာ ဘဏ်အတွက် စိုးရိမ်စရာဖြစ်ခဲ့သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိကြောင်း ဘဏ်များအသင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ-၂ ဦးသန်းလွင်က "ကျွန်တော်တို့ ဥက္ကဋ္ဌက ရှေ့မထွက်ဘူး။ ဒါကြောင့် အခုလိုမျိုးတွေနဲ့ ကြုံရတာ"ဟုပြောကြားခဲ့သည်။

"ဒီကောလာဟလကို ဖြေရှင်းရာမှာ ဗဟိုဘဏ်နဲ့ မီဒီယာတွေကို အထူးပဲကျေးဇူးတင်ပါတယ်"ဟု ဦးအောင်ကိုဝင်းကဆိုသည်။

ကမ္ဘောဇဘဏ်က ကောလာဟလများကြောင့် ငွေထုတ်ယူမှုများလာစဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ပင် ငွေထုတ်ပေးခဲ့သည်ဟုဆိုသည်။ ထို့အပြင် ပုဂ္ဂလိကဘဏ်များရှေ့တွင်လည်း ဗဟိုဘဏ်က မားမားမတ်မတ်ရပ်ပေးခဲ့ခြင်း၊ မီဒီယာသမားများကလည်း သတင်းမှန်ကို အချိန်မီပေးပို့နိုင်ခဲ့သဖြင့် လက်ရှိကာလတွင် ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်နိုင်ခြင်းဖြစ်ကြောင်း 


ဘကြီးသက်
Unknown at 6:13 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.