Tuesday, October 9, 2012

နိုင်ငံတစ်ဝှမ်း၌ စက်တင်ဘာ လအတွင်း မီးလောင်မှုပေါင်း ၄၈ ကြိမ် ဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း တစ်နိုင်ငံလုံးမှာ မီးလောင်မှု အကြိမ် အရေအတွက်ပေါင်း ၄၈ ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း
ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ဖြစ်ပွားခဲ့မှုမှာ ဖြစ်ပွားမှု အကြိမ်ရေ အတွက် အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ အများဆုံး ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှု အရေအတွက် ၁၀ ကြိမ်ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ နေပြည်တော်နဲ့ မန္တလေးတိုင်း ဒေသကြီးမှ မီးလောင်မှု ၅ ကြိမ်စီ ဖြစ်ပွားခဲ့ ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာတော့ မီးလောင်မှု အကြိမ် အရေအတွက် ၃ ကြိမ်စီ ဖြစ်ပွားခဲ့ပြီး၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ၂ ကြိမ်၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို မီးလောင်ကျွမ်းမှု တွေဟာ ပေါ့ဆမီး၊ မီးဖိုမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီးနဲ့ မသမာသူရှို့မီး စတာ တွေကြောင့် လောင်ကျွမ်း ခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှု တွေကြောင့် နိုင်ငံတစ်ဝှမ်း လုံးမှာ အိမ်ခြေ အဆောက်အဦးပေါင်း ၃၀ ကျော် ဆုံးရှုံးခဲ့ကာ တန်ဖိုးငွေကျပ် သိန်း ငါးရာ့ငါးဆယ် ကျော် ဆုံးရှုံးခဲ့ ရတယ်လို့ သတင်း ရရှိပါတယ်။
 
 
 

ဘကြီးသက်
Unknown at 2:58 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.