Thursday, September 27, 2012

ကုလသမဂ္ဂအထွေအထွေညီလာခံတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်ပြောကြားသွားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့

 
- မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာ ကျွန်တော်ကောင်းစွာ သတိပြုမိပါ တယ်။ တစ်ချိန်တည်းမှာဘဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အ၀န်း တစ်ရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံမှု့နဲ့ အကူအညီပေးဖို့လိုအပ်ပါတယ်။

- မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှု့မြင်ချဉ်းကပ်ဖို့လည်း လို အပ်ပါတယ်။ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်း ၀န်းဖန်တီးပေးဖို့လည်းလိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီ များအပေါ်သက်သက်မှီခိုရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအေ န နဲ့ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့ ယခုဆို ရင် ခေတ်သစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာကုလသမဂ္ဂမိသားစု ၀င်နိုင်ငံ အဖြစ်ကဏ္ဌပေါင်းစုံမှာ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာပါဝင်ေ ဆာင်ရွက် သွားမှာဖြစ်ပါတယ်။

- အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အခွင့် အလမ်းကောင်းတွေ ပေါ်ပေါက်နေ သလို စိန်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်း မှာ မြန်မာနို င် ငံပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများ ကို ဆောင် ကျဉ်းနိုင်ခဲ့ကြပါတယ်။ ကျွန်တော့ အနေနဲ့ အခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက်၊ မြန်မာနိုင်ငံသမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းဆောင်ပေးနေရခြင်းကို များစွာဂုဏ်ယူမိပါတယ်။

-သူမရဲ့(ဒေါ်အောင်ဆန်းစုကြည်) ဒီမိုကရေစီ ကြိုးပမ်းမှု့အတွက် အမေရိ ကန်ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကို လည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။

- (ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ပြောကြားချက်) မိမိတို့အစိုးရအနေနဲ့ ရေတို၊ရေရှည်စီမံချက်များချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှု့ထောင့်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနယ်စပ် မျဉ်းတွေ လုံခြုံမှုဆောင်ရွက်ခွင့်၊ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ် ပိုင်ခွင့်နဲ့ ကာကွယ်ပိုင်ခွင့်ရှိတယ်လို့လဲ ကျွန်တော်တို့အနေနဲ့ ရိုးသားစွာ ယုံကြည် ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင့်ထုံးများနဲ့ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွား မှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။

-( ကုလသမဂ္ဂ၏တတိယမြောက် အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သော မြန်မာ့သားကောင်း ဦးသန့်၏ ကမ္ဘာ့ပြည်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်အောင် ရည်မှန်းလုပ်ဆောင်ချက် များနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြု ပြောကြားသော စကား)
ကျွန်တော့အနေနဲ့၊ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ဆောင် ရွက်
ချက်တွေကို၊ အောင်မြင်မှု့တွေကို ဘယ်တော့မှမေ့ပျောက်သွားမှာမဟုတ်ဘဲ ထာဝရချီးကျုးဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ဘကြီးသက်
Unknown at 10:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာသမ္မတကြီးဦးသိန်းစိန် ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားစဉ် ဓာတ်ပုံများ






ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီအရေးကြိုးပမ်းမှုများကြောင့် အမေရိကန်မှ ဆုချီးမြှင့်သည်ကို မိမိသည် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ဂုဏ်ယူမိကြောင်း သမ္မတဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါ သည်။ 
ကုလသမဂ္ဂ၏ တတိယမြောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာ့သားကောင်း ဦးသန့်၏ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မိမိအနေဖြင့်၊ မြန်မာပြည်သူများအနေဖြင့် ဘယ်တော့မှ မေ့တော့မည်မဟုတ်ဘဲ အစဉ်ထာဝရ ချီးကျူးဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြား၍ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါသည်။
ဘကြီးသက်
Unknown at 10:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘုရင့်နောင် ပွဲရုံတန်းအတွင်း မာဆပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင် လျှက်ရှိ

၎င်းမာဆပ်လုပ်ငန်းမှ အလုပ်သမားများသည် ညအချိန် လမ်းမပေါ်တွင် သွားလာနေသော အမျိုးကောင်း သားများကို မြူစွယ်၍ အကျင့်စာရိတ္တ ပျက်ပြားအောင် သွေးဆောင် ဖြားယောင်း နေသည် ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ညအချိန်အခါလင့်မှ အလုပ် မှပြန်လာရသော အမျိုးကောင်း အမျိုးကောင်း သမီးများအတွက် လုံခြုံမှု ရှိတော့မည် မဟုတ်ပါ။ အိမ်ထောင် ရှင်မများ အနေဖြင့်လည်း မလိုလားအပ်သော ပြဿနာများြ ဖစ်ပေါ်လာမည်ကို နေ့စဉ်နှင့် အမျှ စိုးရိမ် ပူပန်နေကြရသည်။ -----

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘုရင့်နောင် ပွဲရုံတန်းအတွင်း မာဆပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင် လျှက်ရှိ
Myanmar New Now
ဘကြီးသက်
Unknown at 10:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်စုအား မိုင်ဂျာယန်သို့ လာရောက်ရန် ကချင်အဖွဲ့အစည်းများ ဖိတ်ခေါ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။

၁၅ လကြာ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်
နေရသော မိုင်ဂျာယန်နယ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှုပါရန် ဗုဒ္ဓဟူးနေ့က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

နိုဘယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ကချင်တိုင်းရင်းသား အဖွဲ့အစည်းများက ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
Suu-Kyi-with-Asia-Society-Global-Vision-award-1
ဒေါ်အောင်ဆန်းစုကြည်အား ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ် (Photo: Asia Society/Joshua Roberts)

“ကျနော်တို့ ပင်လုံစိတ်ဓါတ်နဲ့ ဖိတ်ခေါ်တာပါ။ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုတွေ ကြားထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မျက်မြင် ကိုယ်ကျ လာပြီးတွေ့ရင် ပိုကောင်းမယ်ဆိုပြီးတော့ ကျနော်တို့ ဖိတ်ခေါ်တယ်” ထိုင်းနိုင်ငံ အခြေစိုက် ကချင်
ကျောင်းသား လူငယ်များ သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။

ထို့ပြင် စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲ၊ လိုအပ်ချက်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်သူ့ လွှတ်တော်မှာ တင်ပြပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤသို့ ဖိတ်ခေါ်ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီ က ပြောသည်။

“လက်တွေ့ ကြုံတွေ့နေရတာတွေ၊ ဘာကြောင့် သူတို့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ အသံတွေကို လက်တွေ့ သိရှိဖို့၊ အစိုးရဘက်မှ ထိုးစစ်ဆင်မှုကြောင့် လူမျိုး ဖြုန်းတီးရေးဘက် ရောက်နေတယ်ဆိုတာကို သက်သေ အထောက်အထားတွေနဲ့ သိရှိဖို့လည်း ရည်ရွယ်တယ်” ဟု မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂ၏ လူမှုအထောက်အပံ့များနှင့် အစိုးရမဟုတ်သော အဖွဲ့စည်းများအား၏ ကူညီထောက်ပံ့မှုကို အစိုးရဘက်မှ ခွင့်ပြုရန် လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တင်ပြဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည် ဆိုပါက KIO ဘက်မှ လုံခြုံရေး တာဝန်ယူရန် ညှိနှိုင်းသွားမည်
ဖြစ်ကြောင်း ဒေါ်မွန်းနေလီ က ဆိုသည်။

ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကပူ စသည့် နိုင်ငံများမှ ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ဖားကန့်မြို့နယ်အတွင်း KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ အနီးတဝိုက်သို့ အစိုးရ၏ တပ်အင်အားများ ထပ်မံ ဖြည့်တင်းလာသည်ဟု KIA တပ်မဟာ ၆ လက်အောက်ခံ ရှေ့တန်းတပ်ဖွဲ့မှ ဗိုလ်ကြီးလဒွဲ က ပြောသည်။

“သူတို့က အင်အားထပ်ဖြည့်လာတယ်။ မနေ့က အောက်ပိုင်းကနေ တောလမ်းကနေ ထပ်ဖြည့်တာက ၁ဝဝ ကျော်ရှိ တယ်။ အင်းတော်ကြီးဘက်၊ ကားမိုင်းဘက် တောလမ်းကနေ တက်လာတယ်လို့ သိရတယ်။ ဟိုဘက်ဒီဘက်ပဲ။ သတိနဲ့
စောင့်နေကြည့်နေကြတယ်” ဟု မဇ္စျိမကို ပြောသည်။

နှစ်ဖက် တိုက်ပွဲများကြာင့် တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်၊ လိုင်ဇာ စသည့် နယ်မြေအတွင် စစ်ပြေးဒုက္ခသည်
ခြောက်သောင်းကျော် ရှိနေပြီး ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့် မြို့နယ်များရှိ စစ်ပြေးဒုက္ခသည်များ အပါအဝင် စုစုပေါင်း ကိုးသောင်းကျော် ရှိနေပြီဟု KIO ဒုက္ခသည် ကူညီရေးကော်မတီက ဆိုသည်။

ဘကြီးသက်
Unknown at 10:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျပန်နိုင်ငံ၌ iPhone 5 ၁၉၁ လုံး ခိုးယူခံခဲ့ရ


ဂျပန်နိုင်ငံ၌ iPhone 5 ကို တရားဝင် ရောင်းချသည့် အချိန် မတိုင်ခင်လေး မှာပင် အလုံးရေပေါင်း ၁၉၁ လုံး ခိုးယူခံခဲ့ရပြီး အဆိုပါ ခိုးယူခံခဲ့ရသော iPhone 5 အားလုံး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ သိန်းကျော် တန်ဖိုးရှိသည်ဟု သိရှိရသည်။

ထိုကဲ့သို့ ခိုးယူခံရခြင်းမှာ မြို့ ၂ မြို့ပေါ်ရှိ စတိုးဆိုင် ၃ ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါခိုးယူမှုမှာ iPhone 5 က

ို တရားဝင်ရောင်းချမည့် သောကြာနေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များ၏ ပြောဆိုမှုအရ အိုင်ဘာရာကီမြို့ရှိ KDDI Corp စတိုးဆိုင်ခွဲတစ်ခုတွင် ပထမဆုံး ခိုးယူခံခဲ့ရပြီး ဖုန်းအလုံးရေပေါင်း ၃၃ လုံး ပျောက်ဆုံးခဲ့သည်။

ထို့နောက် နောက် ၂ နာရီအကြာတွင် အိုဆာကာမြို့၏ အနောက်ဘက်ခရိုင်တွင် ရှိသော Soft-bank Corp တွင် ခိုးယူမှု ထပ်မံဖြစ်ပွားခဲ့ပြီး iPhone 5 ၁၁၆ လုံးနှင့် store display တစ်ခု အခိုးခံခဲ့ရခြင်း ဖြစ်သည်။

ဒုတိယ ခိုးယူခံရမှုနှင့် ပတ်သက်၍ ရဲက ပြောဆိုခဲ့ရာတွင် အဆိုပါပစ္စည်းများကို သော့ခတ်ထားသော နောက်ဘက်တံခါးပေါက်မှ ဝင်ရောက်ကာ ၄ မိနစ် အတွင်းမှာပင် ခိုးယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လုံခြုံရေး video ပြကွက်အရ ပြစ်မှုကျူးလွန်သူ ၃ ဦးရှိပြီး ၎င်းတို့ ၃ ဦးစလုံးမှာ အမျိုးသားများ ဖြစ်ပုံရသည်ဟု ဆိုထားသည်။

ထို့နောက် အိုင်ဘာရာကီမြို့တွင်ပင် ရှိသည့် အခြား စတိုးဆိုင်တစ်ခုတွင်လည်း iPhone 5 ၄၂ လုံး ခိုးယူခံရမှု ဖြစ်ပွားခဲ့သော်လည်း ရဲ၏ပြောဆိုမှုအရ ၎င်းတို့ အနေဖြင့် လုံခြုံရေး video မှတ်တမ်းကို မကြည့်ရှုရသေး၍ အစောပိုင်း ခိုးယူခံရမှုများနှင့် ဆက်စပ်ပတ်သက်နေသည့် အချက်ကို အတည်မပြုနိုင်ခဲ့ပေ။ Apple ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးမြင့်မားမှုကြောင့် မကြာခဏဆိုသလို ခိုးယူခံရခြင်း ပစ်မှတ်ဖြစ်စေသလို ယခုဖြစ်ရပ်ကြောင့် အဆိုပါဒေသတွင် iPhone 5 ရရှိနိုင်ရေးမှာ ခက်ခဲသွားနိုင်သည်။


ဘကြီးသက်
Unknown at 9:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံတွင် ဘီယာစက်ရုံ တည်ဆောက်တော့မည်




 မြန်မာနိုင်ငံမှာ ဘီယာစက်ရုံ လာရောက်တည်ေ ဆာက်ဖို့ ဆွေးနွေးနေကြ ပါပြီ။ ဒိန်းမတ်နိုင်ငံ Carlsberg Breweroes Co, Ltd နံမည်ကြီး ကားလ်စ်ဘတ် ဘီယာ ကုမ္ပဏီကြီးရဲ့ ဥက္ကဌလည်းဖြစ်၊ စီအီးအို လည်းဖြစ် တဲ့ Mr JOgen B Rasmussen ဦးဆောင်တဲ့အဖွဲ့နဲ့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ဘီယာစက်ရုံ တည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ တချိန်ကတော့ မြန်မာနိုင်ငံမှာ ဘီယာစက်ရုံတချို့ရှိခဲ့ဖူးပါတယ်။ မြန်မာ ဘီယာတွေထဲမှာ မြန်မာဘီယာ၊ မန္တလေးဘီယာ စတဲ့ တံဆိပ်တွေနဲ့ ဘီယာတွေကတော့ ပြည်တွင်းသာမက အရှေ့တောင်အာရှ နိုင်ငံတွထိ ထိုးဖောက်လာ နိုင်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံက ဒေါ်ဝင်းဝင်းနု ဦးစီး လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂလိက ပိုင် မန္တလေး ဘီယာစက်ရုံကတော့ ပိုပြီး နာမည် ကြီးခဲ့ပါတယ်။ လွှတ်တော်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို ရေးဆွဲခဲပြီး သမ္မတ လက်မှတ်ရေးထိုးဖို့ အဆင့်ဘဲ ကျန်ပါတော့တယ်။ သေချာတာကတော့ ကမ္ဘာကျော် နံမည်ကြီး Carlsberg ဘီယာ စက်ရုံ တည်ဆောက်ပြီးရင် မြန်မာနိုင်ငံမှာ ဘီယာ စက်ရုံသစ်တခုတိုးလာပြီး လက်ဘက် ရည်ဆိုင်တွေ အစား ဘီယာဆိုင်တွေ ပိုပေါများလာနိုင် မလားဆိုတာနဲ့ မြန်မာ ယမကာ လုလင်များ အတွက်တော့ သတင်းကောင်း တပုဒ် ဖြစ်မှာပါ။

ဘကြီးသက်
Unknown at 9:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း



အင်းယားမြိုင်လမ်းတွင် လူ ၅ ဦးကိုသေနတ်ဖြင့် ဝင်ရောင်သတ်ဖြတ်သွားသောအမှုကို ယနေ့ တိုင်စုစမ်းလျက်ရှိပြီး CID သို့ လွှဲပြောင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှုးမြင့်ထွေးက စက်တင်ဘာ ၂၁ ရက်နေ့ တွင် ပြောကြားသည်။


အမှုပေါ်ပေါက်မှု အခြေအနေကိုမူ ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။

အဆိုပါလူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်းများ ပါဝင်ပတ်သတ်ဖွယ်ရှိကြောင်း သုံးသတ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။

၂၀၀၈ ခု မတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ် ခြံအမှတ်(၂၁၆)၌ လူ ၅ ဦး အသံတိတ် ပစ္စတိုများဖြင့် သတ်ဖြတ်ခဲ့ရခြင်းဖြစ်သည်။

အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ် ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏ တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့ မိသားစုဖြစ်ပြီး နိုင်ငံတော် ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေး အထူး တင်းကြပ်သော အနေ အထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၅ နှစ်မျှကြာမြင့်ခဲ့ပြီဖြစ်သော အဆိုလူသတ်မှုကို ပေါ်ပေါက်ရန် ယနေ့ တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း အမှုပိတ်ထားခြင်းမရှိပဲ ဆက်လက်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက အပတ်စဉ်ထုတ် သတင်းစာစောင်တစ်ခုတွင် ယခုလအတွင်းပိုင်း၌လည်း ပြောဆိုခဲ့သည်။
 


ဘကြီးသက်
Unknown at 9:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြွေးဟောင်းများဆပ်ရန် မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ဂျပန်ချေးမည်

ယခင်က အထီးကျန်နိုင်ငံအဖြစ်မှ အရပ်သားအစိုးရသစ်လက်ထက်တွင် နိုင်ငံတကာ၏ ကြိုဆိုထောက်ခံမှု တိုးမြှင့်ရရှိလာသော မြန်မာနိုင်ငံအနေဖြင့်ကြွေးဟောင်းများဆပ်နိုင်ရန် ဂျပန်ဘဏ်များက အမေရိကန်ဒေါ်လာ သန်း ၁ ထောင်ချေးငွေများပေးအပ်မည်ဟု ကတိပြုလိုက်ကြောင်း အစီရင်ခံစာတစ်ခုကို ကိုးကား၍ CNA သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၊အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊အာရှဖွံ့ဖြိုးရေးဘဏ် တို့သည်မြန်မာနိုင်ငံကိုထောက်ပံ့ကူညီရန်အတွက် အမေရိကန်ဒေါ်လာ သန်း၉၀၀ ချေးငွေအကူအညီ ထပ်မံပေးအပ်ရန် စဉ်းစားလျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့၌ လာမည့်လအစောပိုင်းတွင် အထက်ပါ ကမ္ဘာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအစည်းအဝေးပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံကတင်ရှိနေသောယခင်ကြွေးဟောင်းများပြန်ဆပ်နိုင်ရန် ပေါင်းကူးချေးငွေ အဖြစ် Japan Bank for International Cooperation နှင့်အခြားသော ဂျပန်ဘဏ်များက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင်ချေးငွေပေးအပ်မည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွဲ့ဖြိုးရေးဘဏ်တို့၏ မြန်မာနိုင်ငံအပေါ် ချေးငွေအကူအညီများ ထပ်မံပေးအပ်မည့်အစီအစဉ်ကို အမေရိကန်ကိုယ်စားလှယ်များကသာ ကန့်ကွက်ခဲ့ပါက ၎င်းတို့အနေဖြင့် ချေးငွေအကူအညီပေးနိုင်မည်မဟုတ်ကြောင်းကိုလည်း Nikkei သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်စသော မြီရှင် နိုင်ငံများကို မြန်မာနိုင်ငံမှ ပေးရန်ရှိသော ကြွေးမြီများထဲမှ အချို့ကို လျော်ပေးရန်ကိုလည်း မြန်မာနိုင်ငံအပေါ် ချေးငွေအများဆုံးပေးထားသော ဂျပန်က တိုက်တွန်းမည်ဖြစ်ကြောင်း Mainichi Shimbun သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိသော ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယံ ၅၀၀ ထဲမှ၊ယန်းငွေ ဘီလီယံ ၃၀၀ ကို ဂျပန်အစိုးရက ယခုနှစ် ဧပြီလက လျော်ပေးခဲ့ပြီးဖြစ်သည်။

သဘာဝသယံဇာတရှားပါးသော ဂျပန်နိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသော မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်မျော်လင့်လျက်ရှိသည်။

မဲခေါင်ဒေသနိုင်ငံများတွင် မြန်မာအပါအဝင် ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားကြီးနိုင်ငံဖြစ်သာ တရုတ်နိုင်ငံလည်းပါဝင်သည်။

REF: The Voice Weekly

ဘကြီးသက်
Unknown at 9:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“ဖွတ်ဒေါင်း”…တွေ စားခွက်လုနေတုန်းက - “ခွပ်ဒေါင်း” တွေရဲ့ ဘဝ အပိုင်းအစ-

ကျွန်တော်ပင်လယ်ပြင်ထဲမှာ ၄ လကျော်တာဝန်ကျတယ် အများကြီးရှာပေးနိုင်တယ်။
အဲဒီအချိန်က ပင်လယ်ပြင်မှာ အေဘီ တပ်မှူးတွေအလွန်တော်ကြတယ် ညီလဲညီညွတ်ကြတယ်။
အဲဒီမှာဒေသခံတွေက…ကျောင်းသားတွေကို အရမ်းထောက်ခံတယ် ….. ကို မိုးသီးနဲ့ ကို နိုင်အောင် ကွဲံသွားပြီးတော့ စိတ်ပျက်ပြီး ဘယ်ဘက်မှမထောက်ခံ တော့ဘူး။
တချို့ ဗ.က.ပ ဖက်ကို ရောက်သွားတယ်။
၉၂ ဇူလိုင်တုန်းကဆိုရင် တစ်လထဲ ဘတ်သိန်း ၃၀၀ ကျော်လောက်ရှာပေးဖူးတယ် ……….…………………

ဒါပေမဲ့ တတိယညီလာခံမှာ ငွေတွေအဝေမတဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကို နိုင်အောင်နဲ့ ကို မိုးသီးတို့ ကွဲကြရာက ပင်လယ်ပြင်မှာလဲ ၂ ၀၁ ကို နိုင်အောင်တပ်နဲ့ ၂၀၃ ကို မိုးသီးတပ်တို့ ကွဲကြတယ် စားကျက်လုကြတယ်။……


အဲဒီတုန်းကပင်လယ်ပြင်ဘက်မှာ ABSDF ကိုကျင်သန်း က လက်နက်ဝယ်ပေးမယ်ဆိုပြီး ဗ.က.ပ.ထံက ဘတ်သိန်း ၅၀ လိမ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး..စက်ကတဆင့် စကားများ စိမ်ခေါ်ကြရင်း..ဗ.က.ပနဲ့ မွန်ကတစ်ဖက်…KNU နဲ့ကျောင်းသားကတစ်ဖက်တိုက်ကြတယ်။

ကျောင်းသားဖက်က KNU ပါမှန်းသိတော့ မွန်ကထွက်ပြေးသွားတယ်။
ဗကပ က ကိုနိုင်အောင်ကိုအကူ အညီတောင်းတယ်။
ကိုနိုင်အောင်က ဒီကိစ္စကို DAB မှာတင်ပြီးညှိတော့ အဆင်ပြေသွားတယ်။
ကိုမိုးသီးကမကျေနပ်ဘူး ကိုနိုင်အောင်က ဗကပ မိမိတို့စားကျက်ထဲစွဲသွင်းတယ်လို့ ဆို ပြီးတော့ ကို မိုးသီးက သူ့အဖွဲ့နဲ့ ငွေသတ်သတ် ကောက်တယ်။ ………………………………………………….
အဲဒီ…သရက်ချောင်းခွင်မှာ ကိုနိုင်အောင်နဲ့ ကိုမိုးသီးတို့အဖွဲ့တွေ နေရာလုကြတယ် ။


အဲဒီမှာ ကရင်တွေလဲကွဲ နေကြတယ် ။၂၀၃ က ထိန်လင်းတို့က KNU ဗိုလ်နန္ဒတို့နဲ့အရမ်းတဲ့တယ်။
အဲဒီအချိန်မှာဘဲ ကျွန်တော်..ပင်လယ်ပြင်ကပြန်လာပြီး။ တာကြီးနဲ့လူချင်းလဲရတယ်။

တာကြီးတို့အဖွဲ့က ၁၆ ယောက်ရှိတယ်။ အဲဒီမှာထိုင်းသင်္ဘော တစ်စီးကိုအခွန်ကောက်ရင်း KNU နဲ့ပြသနာ တက်တယ်။
ဒါနဲ့…..တာကြီးတို့တစ်ဖွဲ့လုံးကို DAB ရဲ့အမိန့်ဆိုပြီး …..အာဏာဖီဆန်တယ်၊ အလင်းဝင်ဖို့ကြိုးစား တယ်၊ စင်္ကပူ ထွက်ပြေးဖို့ကြိုးစားတယ်…လို့စွပ်စွဲပြီး ဖိုးကွန်းဆိုတဲ့ နေရာနဲ့ကပ်ရက် ရွာတစ်ရွာမှာ ဖမ်းပြီး လက်နက် သိမ်း လိုက်တယ် ။

ပြီးတော့ရွာထဲမှာ တစ်ရက်နှစ်ရက်ကြိုးတုတ်ထားတယ် သုံးရက်မြောက်နေ့မှာ ထုတ်ပြီးသတ်လိုက်တယ် လို့ပြောတယ်။
ဒီအကြောင်းကိုစက်လှေသမားတစ်ဦးကလာအကြောင်းကြားလို့ တာကြီး တို့ခေါင်းဆောင် ကိုဘဦး လိုက်သွားတာ နှစ်ယောက်စလုံး ထပ်ပျောက်သွားတယ် အစ အနမတွေ့တော့ဘူး ။ ……………

ABSDF ဒုဥက္ကဌ ကိုကျော်ကျော်ဟာ ပင်လယ်ပြင်ကြီးကြပ်ရေး တွဲဘက်အတွင်းရေးမှူးလည်းဖြစ်ခဲ့တယ်။ တာကြီးတို့ …ကျွန်တော်တို့ကိုသူကတဆင့်တာဝန်ပေးတာပေါ။့
အဲဒါ…တာကြီးတို့ အသတ်ခံရတယ် ကြားတော့ ကျွန်တော်ကဘယ်လိုတာဝန်ယူမလဲလို့ သွားမေးတာ….
မင်းတို့ကိုတာဝန်ယူဖို့ထက် ကိုယ့်ကိုယ်ကိုတောင် တာဝန်မယူနိုင်ဘူး…လို့ …..၁၉၉၃ ဧပြီလ ၁၇ ရက်နေ့  မှာ.အဲဒီလို ပြောလွှတ်လိုက်တယ် ခိုင်းတုံးက ခိုင်းပြီတော့ဗျာ။……………………………….

မထွက်လာခင်မှာ သန်းထွဋ်ဆွေနဲ့အကြီးအကျယ်စကားများခဲ့တယ်။ မဲဆောက်ထဲမှာ အငတ်ငတ်အပြတ် ပြတ်ဖြစ်နေတုန်း ထိုင်းရဲက ၆ ခါလောက်အဖမ်းခံရတယ်။ အုတ်သယ်ကျောက်သယ် မြေပေါက်အိမ် သာ ကျင်းတူး အလုပ်ကြမ်းပေါင်းစုံလုပ်ရင်း ငွေပြန်ဆပ်ခဲ့ရတယ်။ ၀မ်းခါကဆေးမှူး ဒေါက်တာမြင့်ချိုရဲ့ညီ တင်ဝင်းနှင့်အတူ ဘတ်ငွေ ၁၅၀၀ ပေးပြီး အလုံပိတ်ကားနဲ့ ဘန်ကောက်ကိုတက်ခဲ့ရတာပါ။………

ဦး????? လိုတော့ ရန်သူ့ဆီဘယ်တော့မှ ဒူးမထောက်ဘူး၊ ထိုင်းအကျဉ်းထောင်ထဲမှာ သေရင်သေသွားပါစေ။ ကိုဆန်းလင်းတို့ ၊ လဗန်တို့ ၊ တာကြီးတို့ လုပ်ရမဲ့အလုပ်တွေ ကျွန်တော်တို့ ဆက်လုပ်ရဦးမယ်ဆိုတာ ကျွန်တော့်ခေါင်းထဲမှာ စွဲမြဲနေတယ် ။
------------------------

တိုက်ပွဲကတော့အပြင်းအထန်ဘဲ ကျွန်တော်တို့ ၂၁၀ က ၁၃ ဦးဒါဏ်ရာရတယ် တစ်ယောက်ကျဆုံးတယ် ဒါဏ်ရာတွေကတော့ ကျွန်တော်၊ မောင်လ၊ှ ရဲနိုင်၊ ကိုရင် နဲ့ ကျန်တာတွေကလူသစ်တွေထဲကပါဘဲ…..
အဖွဲ့အစည်းနှစ်ခုဖြစ်တာမှာလဲ ဒီမိုကရေစီထုံးစံ နာခံမှု မနာမခံမှုအရင်းခံပါ အများ ဆန္ဒအရ ရွေးချယ်မှုကို ရင်မဆိုင်ရဲတဲ့လူနည်းစုက အုပ်စုကြီးဝါဒ ကိုင်ဆွဲတယ်ဆိုတဲ့စွဲချက်နဲ့ပေါ့ …………………….
ခင်ဗျားပေးသမျှဟာ…..တော်လှန်ရေးအတွက်၊ ရဲဘော်တွေအတွက် ၊ တပ်ရင်းအတွက်ပါဘဲ ၊ ခင်ဗျားချွေးနည်းစာနဲ့ တော်လှန်ရေးအပေါ် သဘောထားကို ကျွန်တော်မုန့်ဖိုးလုပ်မပစ်ရက်ပါဘူး……ဗျာ ။

အခု ကျွန်တော်တပ်ရင်းမှာ ပန်းပဲဖိုလေးထောင်ထားတယ် အပြင်ဝင်ငွေနဲနဲပါးပါးရမလား လို့ပေါ့ဗျာ………
----------------------------------

သူများတွေရှေ့တန်းထွက်တာငွေရတယ် ၊ ငါတို့ထွက်တာ ကိုယ့်မှာရှိတဲ့ စောင်စုတ် အကျီင်္စုတ်လေးတွေတောင် ကျန်ခဲ့တယ်လို့ပြောလိုက်ပါ ။

---------------------------

ဒို့ကတော့စခန်းမှာ လေယာဉ်ဗုံးတွေကျလို့ ပြေးနေရတယ်ကွာ….. ၊ စိုးရိမ်စရာတော့မရှိ ပါဘူး.. ဒို့တပ်ရင်းမှာက မင်းသိတဲ့အတိုင်းဘဲ ဆေးမှူး တစ်ယောက်မျှမရှိဘူးကွ…. ဒါကြောင့် ငါလဲ ဒီသင်တန်းကိုကြိုးစားပြီး တက်နေတယ်ကွာ……..

---------------------------

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ….အပြစ်လုပ်တဲ့သူကို ပေးတာဗျ …၊ ကျွန်တော်တို့က ပြစ်မှု ကျူးလွန်သူတွေမှမဟုတ်ဘဲ။ ဒါကြောင့် …လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်းပေးရင် ကျွန်တော်တို့ က..န၀တ.. ကိုပေးရမှာ…

ဘကြီးသက်
Unknown at 8:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ FM များမှ အနုပညာကြေးများ ပေးသွင်းရန် သိန်းထောင့်ကိုးရာကျော် ကျန်ရှိနေ


မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ အက်ဖ်အမ်များမှ အနုပညာကြေးများ
ပေးသွင်းရန် သိန်းထောင့်ကိုးရာကျော် ကြွေးကျန်ရှိနေကြောင်း သတင်းရရှိပါသည်။


''အရင် ဂီတအစည်းအရုံးကနေ စာရင်းတွေ လွှဲပြောင်းယူတဲ့အခါမှာ ခိုးကူးတိုက်ဖျက်ရေးလို အရေးကြီးတဲ့ နောက်ထပ်ကော်မတီတစ်ခု ထပ်ဖွဲ့ဖို့ တွေ့ရပါတယ်။ အဲဒါကတော့ အကြွေးတောင်းကော်မတီလို့
ပြောရမလားပဲ။ စုစုပေါင်း သိန်းနှစ်ထောင်လောက် ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီလွှဲပြောင်းပြီး တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ လုပ်ဆောင်ရမှာက မိတ်ဖက်အဖွဲ့အစည်းများ၊ အသံလွှင့်ဌာနများ၊ သီချင်းနဲ့ပတ်သက်ပြီး အလုပ်လုပ်နေကြသော အဖွဲ့အစည်းတွေကို အကြွေးတောင်းရပါမယ်။

ဒီအဆင့်မှာပဲ ပြေပြေလည်လည် ဖြစ်သွားစေချင်ပါတယ်။ အကုန်လုံး
ကလည်း မိတ်ဖက်အဖွဲ့အစည်းတွေပါပဲ။ ဒီကိစ္စကို အနုပညာ ညီအစ်ကို
မောင်နှမတွေကိုလည်း သိစေချင်ပါတယ်။ ကိုယ့်သီချင်းကို အသုံးပြုထားပြီး ဘယ်လိုလဲမသိတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် အသိပေးတာပါ''ဟု ဂီတအစည်းအရုံးမှ အတွင်းရေးမှူး ဖြူဖြူကျော်သိန်းက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အမှုဆောင်သစ်(၂၀၁၂)သို့ လွှဲပြောင်း
ပေးအပ်ခဲ့သော ငွေစာရင်းမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)နှင့် မြန်မာ့
စီးပွားရေးဘဏ်(ငွေစုဘဏ်)မှ ဂီတအစည်းအရုံး ရန်ပုံငွေ ကျပ်သိန်း ၈၄၉ သိန်းကျော်နှင့် အက်ဖ်အမ်များမှ ပေးသွင်းထားသည့် အနုပညာကြေး
စုစုပေါင်း သိန်းတစ်ထောင်ကျော် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိ၌ အက်ဖ်အမ်တစ်ခုတွင် သီချင်းတစ်ကြိမ်လွှင့်လျှင် ကျပ် ၆၅၀
နှုန်းဖြင့် အလွှာငါးလွှာမှ အချိုးကျခွဲယူရခြင်းဖြစ်ပြီး ယင်းအလွှာငါးလွှာမှာ ဆို ၂၅ ရာခိုင်နှုန်း၊ ရေး ၂၅ရာခိုင်နှုန်း၊ ဖြန့် ၂၅ ရာခိုင်နှုန်း၊ တီး ၁၅ ရာခိုင်နှုန်းနှင့် ဖမ်း ၁၀ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းအလိုက် ခွဲယူရခြင်း
ဖြစ်ကြောင်း သိရှိရသည်။


ဘကြီးသက်
Unknown at 2:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပထမထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဦးတင်ထွန်း အသက်(၅၆)နှစ်သည် တိုက်ခန်းတွင် သေဆုံး


အလုံမြို့နယ်စော ရန်ပိုင်တောင်ရပ်ကွက် ငုဝါလမ်း၊ တိုက် ၂၄ ၊ ပထမထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဦးတင်ထွန်း အသက်(၅၆)နှစ်သည် တိုက်ခန်းတွင် သေဆုံးနေကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။ သေဆုံးသူတွင် နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါနှင့် လေဖြတ်ဝေဒနာများရှိသည်ဟု ၄င်းဆွေမျိုးများ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင်သေဆုံးသူမှာ အကြမ်းဖျင်းအားဖြင့် ရောဂါနှင့် သေဆုံးခြင်းဖြစ်ကြော

င်း ၊ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရကြောင်း၊ စက်တင်ဘာလ ၂၄ နံနက်ပိုင်းတွင် တိုက်အောက်သို့ ဆင်းလာသည်ကို ပတ်ဝန်းကျင်နေသူများမှ တွေ့ရှိလိုက်သည့်အတွက် သေဆုံးနေသည်မှာ သုံးရက်ခန့် ရှိနိုင်ကြောင်း လက်ရှိတွင်သေမှုသေခင်းသာ ဖွင့်လှစ်၍ စစ်ဆေးနေကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ သေဆုံးသူ၏ ရုပ်အလောင်းအား ည ၁၁ နာရီ ၂၀ မိနစ်တွင် သယ်ဆောင်သွားကြောင်း သိရသည်။
EMG

ဘကြီးသက်
Unknown at 2:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Asymetric Digital Subscriber Line ( ADSL) ကြောင်းသိကောင်းစရာ

                                                            

ADSL  ဆိုတာဘာလဲ...... ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ Computer ပေါင်းမြောက်များစွာဟာ Networkချိတ်ထားကြ ပြီး Computer တွေဟာတစ်လုံးနဲ့တစ်လုံး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ စီးပွားရေးကိစ္စတွေအစရှိတာတွေကို အပြန်အလှန် ဖလှယ်နေကြတာနဲ့အမျှ Computer တွေတစ်လုံးနဲ့တစ်လုံး Networkချတ်ဆက်မှုဟာအင်မတန် မှများပြားလာပြီး Internet ဆိုတဲ့ ဝေါ်ဟာရကြီးဟာလည်းပေါ်ပေါက်လာပြီဖြစ် ပါ တယ်။ အဲဒီInternet ဆိုတဲ့ ဝေါ်ဟာရကြီးသည် Inter-Network ဆိုတဲ့စကားစု ကနေဆင်းသက်လာတာ ဖြစ်ပါ တယ်။ Internetဆိုတဲ့ဝေါ်ဟာရကြီးပေါ်ပေါက်လာတဲ့အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များ ဟာလည်းမရေတွက်နိုင်လောက်အောင်များပြားလာပါပြီ။


အဲဒီလိုမျိုး Computer တွေဟာ Internet ကိုအသုံးပြုပြီး ချိတ်ဆက်လာတာနဲ့အမျှ  Internet ကို ချိတ်ဆက်တဲ့ Internet Connaction ချိတ်ဆက်မှုနည်းပညာထဲမှာ  ADSL လို့ခေါ်တဲ့ Internet Connection ချိတ်ဆက်မှုဟာ ကျွန်တော်တို့ မြန်မာပြည်မှာရေပန်း အစားဆုံးဖြစ်နေ ပါတယ်။ ကဲအဲဒီတော့ .....ကျွန်တော်တို့တွေဟာ ADSL ဆိုတဲ့ InternetConnectionချိတ်ဆက်မှုနည်းပညာကြီး ကိုနားလည် သဘောပေါက် ထားသင့်တယ်လို့ထင်ပါတယ်။



ADSL တဲ့............. ADSL ရဲ့အရှည်ကောက်ကိုပြောပြမယ်နော်....( Asymetric Digital Subscriber Line )လို့ခေါ်တယ်။ ခုဆိုရင် ADSL Internet Connection ကြီးကို ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့ Internet Cafe ဆိုင်တွေတော်တော်များဟာ အသုံးပြုနေ ကြပြီဖြစ်ပါတယ်။ ADSL ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းကကျွန်တော် တို့ တတွေ ဟာ Intennet ကို Phone Line ကနေတစ်ဆင့် Dial-up Connection ကို အသုံးပြုပြီး Internetကို  ချိတ်ဆက်ကြရပါတယ်။ အဲဒီ Dial-up Connection ကိုစတင် အသုံးပြုတုန်းကဆိုရင်သူ့ရဲ့ Internet Connectionဟာ အရမ်းကိုနှေးလွန်းလှပါတယ်။

ဒါပေမယ့်............အခုအချိန်မှာတော့ အင်မတန်မှ မြန်နှုန်းမြင့်တဲ့ InternetConnection Line များပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
ADSL ဆိုတာကလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line ကိုအသုံးပြုပြီးချိတ်ဆက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet Connection အသုံးပြုတဲ့ Phone Line ကတော့Digital Phone Line ပဲဖြစ်ပါတယ်။ ကဲအဲဒီတော့ Phone Line မှာ Digital Phone Line နှင့် Analog PhoneLineရှိတယ်ဆိုတာကို သိထားပါနော် ......

ဒီတော့ ADSL Internet Connection နဲ့ Internet ကိုချိတ်ဆက်မယ်ဆိုရင်မိမိဆီမှာရှိတဲ့ Phone Line သည် Digital ..Phone Line ဖြစ်မှသာလျှင်ချိတ်ဆက်လို့ရမယ်ဆိုတာကို မမေ့ပါနဲ့နော်....ကဲဒီလိုဆိုရင်ကိုယ့်ဆီမှာ ရှိတဲ့ Phone Line က Digital Phone Line တော့မှန်ပါတယ်။ အဲဒီ Digital Phone Lineသည်ဘယ်ကနေလာသလဲ။ သြော် ....... ဒါများ Phone Line ဆိုမှတော့ Phone Exchange ကနေလာတာပေါ့ကျွန်တော်ပြောချင်တာကလည်း အဲဒီ Phone Exchange ကိုပဲပြောချင်တာပါ။ အဲဒီ Phone Exchange  မှာ DSLAMထိုင်ထားရမယ်။

အဲဒီ Phone Exchange မှာ DSLAM ကြိီးရှိမှကျွန်တော်တို့ လိုချင်တဲ့ ADSL Internet Connectionကြီးချိတ်ပေးလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ Digital Phone Line နဲ့ အဲဒီ DSLAMဆိုတဲ့အကောင်ကြီးနဲ့သွားချိတ်ထားမှ Internet  Connection ကအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဟ........ရှုပ်နေတာပဲDSLAM ဆိုတဲ့အကောင်ကြီးကဘာလဲ ဟ .......ဆက်ရှင်းပါဦး။ ဟုတ်ကဲ့ ကျွန်တော်ဆက်ရှင်းပါ့မယ်ခင်ဗျာမောလို့ရေသောက်လိုက်ဦးမယ် .......ဟူး....အဲဒီ DSLAM ကြီးကဘာကိုလုပ်ဆောင်ရတာ လဲဆိုရင်.....သူလုပ်ဆောင်ပေးတဲ့ အလုပ်ကိုပြောချင်တာ DSLAM လုပ်ဆောင်ပေးရတာကတော့ Voice(အသံ )နှင့် Data ကိုခွဲထုတ်ပေး တဲ့ အလုပ်ကို လုပ်ဆောင်ပေးရတာဗျ။ နောက်ပြီးတော့ အဲဒီ DSLAM ကြီးက ISP နဲ့လည်းတိုက်ရိုက်ချိတ်ဆက်ထားတယ်။

နောက်ပြီး Voice နဲ့ Data ကို သီးသန့်ပြန်ခွဲပေးတော့ ကျွန်တော် တို့တတွေဟာInternet ကိုလည်းသုံးလို့ရ၊ Phone လည်းပြောလို့ရ တပြိုင်တည်း အလုပ် (၂) ခုလုပ်လို့ရသွားတာပေါ့။ ကဲကဲ.......ကျွန်တော်ပြောတာကို ပိုပြီးသဘောပေါက်နားလည် သွားအောင်   အောက်မှာ  ဆွဲပြထားတဲ့ ပုံလေးကိုသေချာကြည့်လိုက်ပါဦးနော်။

ကဲ.........ဘယ်လိုလဲဗျ ကျွန်တော်ဆွဲထားတဲ့ပုံကို ကြည့်ပြီးနားလည်းလား ရှုပ်သွားသလား။ကျွန်တော်ဆက်ပြီးရှင်းပြပါ့မယ်။ ပုံမှာပြထားတဲ့ အတိုင်းပေါ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ISP (Internet ServiceProvider) ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ် တဲ့ Internet ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ ISPကြီးက ဘာနဲ့သွားပြီးချိတ်ဆက်ထားလဲဆိုရင် PSTN(Public Suitch Telephone Network) လို့ခေါ်တဲ့Telephone Network ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ PSTN ကွန်ရက်ထဲကပဲ ကျွန်တော် Phone Exchange
တစ်ခုကို ဆွဲထုတ်ပြီးပြထားတယ်။ ၎င်း Phone Exchange ထဲမှာရှိတဲ့ Voice နဲ့ Data ကို ခွဲပေးတဲ့ DSLAMကြိီးသည်လည်း Internet Connection ရသော Line ကြီးနဲ့ ချတ်ဆက်ထားပါတယ်။ ထိုမှတစ်ဆင့် DSLAM ကြီးသည် Phone Line ငယ်များကိုတစ်ဆင့်ပြန်ထွက်စေ ပြီး ADSL Model ဖြင့်ပြန်လည်၍ဆက်သွယ်လိုက်တဲ့အခါမှာတော့ Internet နှင့် Phone တပြိုင်နက်ထဲ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။

ADSL Model များရဲ့ Internet သုံးပြုနိုင်တဲ့ Speed ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ADSL Model မှာADSL, ADSL 2 နှင့် ADSL 2+ ဆိုပြိီး အမျိုးအစားသုံးမျိုးရှိပါတယ်။ ရိုးရိုး ADSL Model ရဲ့ Download Speedသည် 8 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ADSL 2 Moden ရဲ့Download Speed သည် 12Mbps Upload speed သည် 1 Mbps ရှိသည်။ ADSL 2+ Moden ရဲ့ Speed Download Speed သည် 24Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။

ကဲဒါဆိုရင် ADSL Modem ရဲ့ အမျိုးအစားပေါ်မှုတည်ပြီးလည်းကောင်း တို့ရဲ့ Speed ကွာခြားချက်ကိုနားလည် ပြီလို့ထင်တယ်။
ဘကြီးသက်
Unknown at 2:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိန်းကလေးများ ရဲ့ သတိထားသင့်တဲ့...ညှို့ချက် (၈) ချက်


ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်"သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)




ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။
(မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)




ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်
တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ
(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)




ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက
ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း
ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီး
မှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)




ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက်
နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့
လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)



ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကို
ကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုး
ခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)










ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့
မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)



ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်
တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)


အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများလွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်းလာမယ့်ဘေး ပြေးတွေ့လိုက်
တာပေါ့............................

အားလုံးကိုလေးစားစွာဖြင့်...
ဟိန်းထက်(ဘိတ်သား)


ဘကြီးသက်
Unknown at 2:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Local Area Network (LAN) တစ်ခုရဲ့ design ကိုဘယ်လို configure လုပ်ရမလဲ





Network ရဲ့အခြေခံကျတဲ့ elements တွေသိပြီး ပြီးဆိုရင် Network catagories တွေထဲက Local Area Network (LAN) တစ်ခုရဲ့ design ကိုဘယ်လို configure လုပ်ရမလဲဆိုတဲ့အချက်တွေကို ကြည့်ကြ ရအောင်။ LAN ရဲ့ configurations အနေနဲ့ဘယ် transmission method ကိုသုံးမလဲ LAN ထဲက connection equipment တွေကိုရွေးချယ်မှုတွေ၊ server/client ရွေးချယ်မှုတွေ၊ ဒီ system ကြီးတစ်ခု လုံးရဲ့ Performance တွေကိုစဉ်းစားရပါ တယ်။ပြီးရင်တော့ IP address တွေကို design လုပ်ပါ မယ်
။ေ နာက်ဆုံးကတော့ cable design ချတာပဲဖြစ်ပါ တယ်။
LAN ရဲ့ Scope ကို small scale LAN, medium scale LAN နဲ့ Large scale LAN ဆိုပြီး ၃မျိုးခွဲပါတယ်။
-Small scale LAN မှာ workstation/client က ၁၀လုံးအထိ ပါပါတယ်။
-Medium scale မှာတော့ စက်အလုံးပေါင်း ၃၀ကနေ ၅၀ အထိပါဝင်ပါတယ်။
-Large scale မှာ computer တွေက ရာပေါင်းများစွာပါ ၀င်ပါတယ်။

 LAN ရဲ့ perfoormance ကိုတော့ ဒီ network ပေါ် မှာရှိတဲ့ end system တွေဆီကို transimission time ဘယ် လောက်မြန်မြန်ရောက်နိုင်မလဲဆိုတဲ့အချက်နဲ့ client တွေ က server ကို frequently access လုပ်တဲ့အချက်တွေကို တိုင်းပါတယ်။

LAN မှာ ယုံကြည်စိတ်ချရမှု reliability စံသတ် မှတ်မှုလဲ ရှိပါတယ်။ သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခု အတွင်းမှာ service အရေအတွက်ဘယ်လောက်ရပ်သွား သလဲ၊ error ဖြစ်သွားရတဲ့ job တစ်ခုပြန်ပြီး recover ဖြစ် အောင် ယူရတဲ့အချိန်နဲ့ job တစ်ခုစီအတွက် priority ပေး ရတာတွေနဲ့ စံသတ်မှတ်ထားပါ တယ်။ ဒီလို priority ပေး ထားတဲ့ job တွေမှာ security standard လည်း ရှိပါတယ်။ ဥပမာဆိုရင် priority 1 ဆိုရင် job ကို access လုပ်တာကို password နဲ့ ထိန်းထားတာ၊ priority 2 ဆိုရင် access ရဲ့ authority ကို စဆောက်တာ၊ priority 3 က free access ဖြစ်ပါတယ်။


LAN ရဲ့ configuration ကို စလေ့လာမယ်ဆိုရင်

- CSMA/CD (IEEE 802.3) Method.
- token ring method နဲ့
- တခြား method တချို့ရှိပါတယ်။

CSMA/CD (Collision Sense Multiple Access/ Collision Dectection) ဆိုတာ baseband method ဖြစ်ပါ တယ်။ transmission channel တစ်ခုပေါ်မှာ signal တစ်ခု ပဲပို့နိုင်ပါတယ်။ transmission control လိုအပ်ပြီး signal ကို ပို့ပေးနေတဲ့ carrier ကို detetion နဲ့ retransmition လုပ်ပေးပါတယ်။ transmission speed က 10 Mbps,100 Mbps, 1Gbps ဖြစ်ပါတယ်။ 10 BASES ethernet အတွက် coaxial cable နဲ့ 10BASE-T ethernet အတွက် UTP cable ကို သုံးပါတယ်။

Taken ring method ဆိုတာ IEEE 802.5 Standard ရှိပြီး transmission channel တစ်ခုပေါ်မှာ signal တစ်ခုပဲပို့နိုင်တဲ့ baseband method ဖြစ်ပါတယ်။ data ကို tranamit လုပ်ဖို့ token ကို control အဖြစ် သုံးထားပါ တယ်။ transmission speed က 4 Mbps နဲ့ 16 Mbps ဖြစ် ပါတယ်။ STP cable ကိုသုံးပါ တယ်။
တခြား method တွေက UTP Four pair cable ကိုသုံးထားပြီးဘယ် LAN မှာမဆို သုံးနိုင်တဲ့ 100VG method၊ packet တွေ collision ဖြစ်တာကိုလျော့ချပေးနိုင် ပြီး recovery လုပ်ပေးနိုင်တဲ့ Demand Priority Access method နဲ့ optical fibre cable ကိုသုံးထားတဲ့ FDDI method တွေဖြစ်ပါတယ်။

LAN မှာ သုံးမယ့် connection equipment တွေမှာ

- Physical layer မှာအလုပ်လုပ်တဲ့ repeaters (HUB)
- data link layer မှာအလုပ်လုပ်တဲ့ bridges
- network layer မှာအလုပ်လုပ်တဲ့ routers
- bridge နဲ့ hub ရဲ့ function နဲ့အလုပ်လုပ်တဲ့ LAN Switches တွေပါဝင်ပါတယ်။

LAN network မှာသုံးမယ့် segment အရေအ တွက်ကလည်း ကန့်သတ်ချက်ရှိပါတယ်။ segment ဆို တာ network component ရဲ့ unit တစ်ခုဖြစ်ပြီး coaxial segment နဲ့ link segment ဆိုပြီးနှစ်မျိုးရှိပါတယ်။ သုံးခုထက်ပိုတဲ့ cndsystem ဒါမှမဟုတ် repeater ရှိတဲ့ connection ကို coaxial segment လို့ခေါ်ပါတယ်။

 R : Repeater (Hub)

UTP cable ပေါ်မှာ repeater နှစ်ခု connection ရှိနေရင် Twisted pair cable ပေါ်မှာ HUB နဲ့ endsystem connection ရှိနေရင် ဒါကို link segment လို့ခေါ်ပါတယ်။

link segment အရေအတွက်နဲ့ coaxial segment အရေ အတွက် စုစုပေါင်းက 5ခုထက်မကျော်ရပါဘူး။ Coaxial segment အရေအတွက်က 3 ခုထက်မကျော်ရပါဘူး။ ဒီ formula ကိုသုံးပြီး LAN network မှာ segment တွက်ရပါ တယ်

နောက်တစ်ခုက ဒီ network မှာသုံးမယ့် server တွေ client တွေကိုရွေးရပါမယ်။ Server ကို ပေးနိုင်တဲ့ service function တွေအရရွေးနိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင်ဒီ server ကို File/Printer share အတွက်သုံးမှာ လား။ Electric mail အတွက် သုံးမှာလားဆိုပြီးစဉ်းစားပါ တယ်။ Client machine ကို (i) CPU, memory နဲ့ hard clisk ရဲ့ Volume ကိုကောင်းကောင်းသုံးဖို့လိုမယ့် Baseline (ii) Space area ကို သိမ်းဖို့လိုမယ့် occupying space နဲ့ (iii) CD-Rom က Supply လုပ်မယ့် program တွေ install လုပ်လို့ရမယ့် expandability ဆိုပြီးသုံးမျိုးရှိပါတယ်။

Cilent နဲ့ Server ကို configure လုပ်တော့မယ်ဆို ရင် (i) client တွေက server တစ်လုံးထဲကိုပဲ seguest တွေတောင်းနေရင် centralized configuration လို့ခေါ်ပါ တယ်။ ဒီ server ကလည်း performance မြင့်ရပါမယ်။

(ii) server ရဲ့ load ကိုခွဲဝေပြီး လုပ်တဲ့ distributed cofi-guration မှာ server အလုံးရေတိုးလာပါတယ်။ ဒါပေမယ့် LAN မှာရှိတဲ့ load ကတော့မပြောင်းလဲပါဘူး။
(iii) LAN ရဲ့ load ကိုလျော့ချဖို့ကတော့ segment တစ်ခုစီ အတွက်သီးခြား server ထားရပါမယ်။ ဒီ serverm high performance ဖြစ်ရပါမယ်။ဒါကို LAN Distribution Cofiguration လို့ခေါ်ပါတယ်။

System ရဲ့ performance ကို clients တွေ server တွေသုံးထားတဲ့ application programs တွေအပြင် network transmission channel နဲ့လည်းတိုင်းတာပါတယ်။

(1) Application Program ကို disk ကနေ inputloutput လုပ်တဲ့အချိန်
(2) Application Program execufe လုပ်တဲ့အချိန်
(3) TCP/IP,LAN Manager နဲ့ Netware တွေရဲ့execution time.
(4) LAN adapter နဲ့ CPU ကြားက transmission လုပ်တဲ့အချိန်
(5) transmission လုပ်တဲ့ method နဲ့ time, packettransmission time တွေပါဝင်ပါတယ်။

နောက်တစ်ချက်ကတော့ IP address တွေကို design ချဖို့ပါ။ Address နှစ်မျိုးရှိပါတယ်။ MAC address နဲ့ IP address တို့ဖြစ်ပါတယ်။MAC address မှာ global address နဲ့ local address ဆိုပြီးနှစ်မျိုး ရှိပါတယ်။ OSI ရဲ့ Data link layer မှာ အလုပ်လုပ်တဲ့ MAC address က 48 bit ရှိပါတယ်။

(1) Global address.
IEEE က control လုပ်ထားတဲ့ global address က unique ဖြစ်ပါတယ်။

(2) Local address
User ကသတ်မှတ်ထားတဲ့ id ဖြစ်လို့ network ထဲမှာ ip duplicate မဖြစ်အောင်သတိထားရပါမယ်။IP Address မှာ class 5မျိုးရှိပါတယ်။ ဒါပေမယ့် class A,B,C သုံးမျိုးကိုပဲ သုံးပါတယ်။ ကျန်တဲ့ class D နဲ့ E က reserved ထားထား တာပါ။ လက်ရှိသုံးနေတဲ့ ipv 4မှာ ip address သတ်မှတ်ဖို့ 32 bit ထားပါတယ်။ဒီ 32 bit မှာ network ID နဲ့ hast ID ပါဝင်ပါတယ်။ ip address သတ်မှတ်တာက network size ပေါ်မူ တည်ပါတယ်။

Class A က large scale network ဖြစ်ပြီး end system စုစုပေါင်း 65535 ထက်ပိုသုံးလို့ရပါတယ်။
Class B က medium scale network ဖြစ်ပါတယ်။ endsystem က 254 အထိပဲသုံးလို့ရပေမယ့် network အရေအတွက်က 2097152 ရပါတယ်။
Private address ဆိုတာက global address ဆိုတာက global address ဖြစ်ပြီး LAN မှာသုံးဖို့ reserved လုပ်ထားတာပါ။

 Class A အတွက် 10.0.0 ~ 10.255.255.255
Class B အတွက် 172.16.0.0 ~ 172.31.255.255
Class C အတွက် 192.168.0.0 ~ 192.168.255.255
Cable design ကို network မှာ error ဖြစ်ခဲ့ရင် ရှာဖွေရလွယ်အောင် neat and straight ချရပါမယ်။ Security နဲ့ performance ကောင်းဖို့ sub-networking လုပ်နိုင်ပါရမယ်။ connection လုပ်ရတာ လွယ်ကူအောင်နဲ့ error တွေကို management လုပ်ရအောင် color cable တွေကို သုံးသင့်ပါတယ်။ UTP cableနဲ့ Power cable ကြား မှာသင့် တော်တဲ့အကွာအဝေးထားခြင်းကလည်း cable မှာ noise မ၀င်အောင် တားဆီရာ ရောက်ပါတယ်။ network ကို စိတ်ချနေချင်ရင်တော့ cable တွေကို duplicate လုပ်ထားရပါမယ်။ HUB ကို port များများယူထားခြင်း ကလည်း maintenace လုပ်ရာမှာ အဆင်ပြေစေပါ တယ်။ နောင်တ ချိန်မှာ ဒီ network ကို expand လုပ်ဖို့ကိုလည်း စဉ်းစားပြီး cable ကို design ချထားရ ပါမယ်။ cable expand လုပ်ဖို့ လည်း economy ကို စဉ်းစားရပါမယ်။

အခုပြောပြခဲ့တာတွေက LAN design ချရင် လိုအပ် မယ့်အချက်တွေပဲ ဖြစ်ပါတယ်။

ဘကြီးသက်
Unknown at 1:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.