Thursday, September 27, 2012

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း



အင်းယားမြိုင်လမ်းတွင် လူ ၅ ဦးကိုသေနတ်ဖြင့် ဝင်ရောင်သတ်ဖြတ်သွားသောအမှုကို ယနေ့ တိုင်စုစမ်းလျက်ရှိပြီး CID သို့ လွှဲပြောင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှုးမြင့်ထွေးက စက်တင်ဘာ ၂၁ ရက်နေ့ တွင် ပြောကြားသည်။


အမှုပေါ်ပေါက်မှု အခြေအနေကိုမူ ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။

အဆိုပါလူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်းများ ပါဝင်ပတ်သတ်ဖွယ်ရှိကြောင်း သုံးသတ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။

၂၀၀၈ ခု မတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ် ခြံအမှတ်(၂၁၆)၌ လူ ၅ ဦး အသံတိတ် ပစ္စတိုများဖြင့် သတ်ဖြတ်ခဲ့ရခြင်းဖြစ်သည်။

အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ် ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏ တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့ မိသားစုဖြစ်ပြီး နိုင်ငံတော် ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေး အထူး တင်းကြပ်သော အနေ အထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၅ နှစ်မျှကြာမြင့်ခဲ့ပြီဖြစ်သော အဆိုလူသတ်မှုကို ပေါ်ပေါက်ရန် ယနေ့ တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း အမှုပိတ်ထားခြင်းမရှိပဲ ဆက်လက်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက အပတ်စဉ်ထုတ် သတင်းစာစောင်တစ်ခုတွင် ယခုလအတွင်းပိုင်း၌လည်း ပြောဆိုခဲ့သည်။
 


ဘကြီးသက်
Unknown at 9:14 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.