Thursday, September 27, 2012

ကြွေးဟောင်းများဆပ်ရန် မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ဂျပန်ချေးမည်

ယခင်က အထီးကျန်နိုင်ငံအဖြစ်မှ အရပ်သားအစိုးရသစ်လက်ထက်တွင် နိုင်ငံတကာ၏ ကြိုဆိုထောက်ခံမှု တိုးမြှင့်ရရှိလာသော မြန်မာနိုင်ငံအနေဖြင့်ကြွေးဟောင်းများဆပ်နိုင်ရန် ဂျပန်ဘဏ်များက အမေရိကန်ဒေါ်လာ သန်း ၁ ထောင်ချေးငွေများပေးအပ်မည်ဟု ကတိပြုလိုက်ကြောင်း အစီရင်ခံစာတစ်ခုကို ကိုးကား၍ CNA သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၊အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊အာရှဖွံ့ဖြိုးရေးဘဏ် တို့သည်မြန်မာနိုင်ငံကိုထောက်ပံ့ကူညီရန်အတွက် အမေရိကန်ဒေါ်လာ သန်း၉၀၀ ချေးငွေအကူအညီ ထပ်မံပေးအပ်ရန် စဉ်းစားလျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့၌ လာမည့်လအစောပိုင်းတွင် အထက်ပါ ကမ္ဘာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအစည်းအဝေးပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံကတင်ရှိနေသောယခင်ကြွေးဟောင်းများပြန်ဆပ်နိုင်ရန် ပေါင်းကူးချေးငွေ အဖြစ် Japan Bank for International Cooperation နှင့်အခြားသော ဂျပန်ဘဏ်များက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင်ချေးငွေပေးအပ်မည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွဲ့ဖြိုးရေးဘဏ်တို့၏ မြန်မာနိုင်ငံအပေါ် ချေးငွေအကူအညီများ ထပ်မံပေးအပ်မည့်အစီအစဉ်ကို အမေရိကန်ကိုယ်စားလှယ်များကသာ ကန့်ကွက်ခဲ့ပါက ၎င်းတို့အနေဖြင့် ချေးငွေအကူအညီပေးနိုင်မည်မဟုတ်ကြောင်းကိုလည်း Nikkei သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်စသော မြီရှင် နိုင်ငံများကို မြန်မာနိုင်ငံမှ ပေးရန်ရှိသော ကြွေးမြီများထဲမှ အချို့ကို လျော်ပေးရန်ကိုလည်း မြန်မာနိုင်ငံအပေါ် ချေးငွေအများဆုံးပေးထားသော ဂျပန်က တိုက်တွန်းမည်ဖြစ်ကြောင်း Mainichi Shimbun သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိသော ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယံ ၅၀၀ ထဲမှ၊ယန်းငွေ ဘီလီယံ ၃၀၀ ကို ဂျပန်အစိုးရက ယခုနှစ် ဧပြီလက လျော်ပေးခဲ့ပြီးဖြစ်သည်။

သဘာဝသယံဇာတရှားပါးသော ဂျပန်နိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသော မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်မျော်လင့်လျက်ရှိသည်။

မဲခေါင်ဒေသနိုင်ငံများတွင် မြန်မာအပါအဝင် ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားကြီးနိုင်ငံဖြစ်သာ တရုတ်နိုင်ငံလည်းပါဝင်သည်။

REF: The Voice Weekly

ဘကြီးသက်
Unknown at 9:10 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.