Thursday, September 27, 2012

မြန်မာနိုင်ငံတွင် ဘီယာစက်ရုံ တည်ဆောက်တော့မည်




 မြန်မာနိုင်ငံမှာ ဘီယာစက်ရုံ လာရောက်တည်ေ ဆာက်ဖို့ ဆွေးနွေးနေကြ ပါပြီ။ ဒိန်းမတ်နိုင်ငံ Carlsberg Breweroes Co, Ltd နံမည်ကြီး ကားလ်စ်ဘတ် ဘီယာ ကုမ္ပဏီကြီးရဲ့ ဥက္ကဌလည်းဖြစ်၊ စီအီးအို လည်းဖြစ် တဲ့ Mr JOgen B Rasmussen ဦးဆောင်တဲ့အဖွဲ့နဲ့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ဘီယာစက်ရုံ တည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ တချိန်ကတော့ မြန်မာနိုင်ငံမှာ ဘီယာစက်ရုံတချို့ရှိခဲ့ဖူးပါတယ်။ မြန်မာ ဘီယာတွေထဲမှာ မြန်မာဘီယာ၊ မန္တလေးဘီယာ စတဲ့ တံဆိပ်တွေနဲ့ ဘီယာတွေကတော့ ပြည်တွင်းသာမက အရှေ့တောင်အာရှ နိုင်ငံတွထိ ထိုးဖောက်လာ နိုင်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံက ဒေါ်ဝင်းဝင်းနု ဦးစီး လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂလိက ပိုင် မန္တလေး ဘီယာစက်ရုံကတော့ ပိုပြီး နာမည် ကြီးခဲ့ပါတယ်။ လွှတ်တော်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို ရေးဆွဲခဲပြီး သမ္မတ လက်မှတ်ရေးထိုးဖို့ အဆင့်ဘဲ ကျန်ပါတော့တယ်။ သေချာတာကတော့ ကမ္ဘာကျော် နံမည်ကြီး Carlsberg ဘီယာ စက်ရုံ တည်ဆောက်ပြီးရင် မြန်မာနိုင်ငံမှာ ဘီယာ စက်ရုံသစ်တခုတိုးလာပြီး လက်ဘက် ရည်ဆိုင်တွေ အစား ဘီယာဆိုင်တွေ ပိုပေါများလာနိုင် မလားဆိုတာနဲ့ မြန်မာ ယမကာ လုလင်များ အတွက်တော့ သတင်းကောင်း တပုဒ် ဖြစ်မှာပါ။

ဘကြီးသက်
Unknown at 9:18 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.