Thursday, September 27, 2012

ကုလသမဂ္ဂအထွေအထွေညီလာခံတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်ပြောကြားသွားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့

 
- မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာ ကျွန်တော်ကောင်းစွာ သတိပြုမိပါ တယ်။ တစ်ချိန်တည်းမှာဘဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အ၀န်း တစ်ရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံမှု့နဲ့ အကူအညီပေးဖို့လိုအပ်ပါတယ်။

- မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှု့မြင်ချဉ်းကပ်ဖို့လည်း လို အပ်ပါတယ်။ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်း ၀န်းဖန်တီးပေးဖို့လည်းလိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီ များအပေါ်သက်သက်မှီခိုရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအေ န နဲ့ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့ ယခုဆို ရင် ခေတ်သစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာကုလသမဂ္ဂမိသားစု ၀င်နိုင်ငံ အဖြစ်ကဏ္ဌပေါင်းစုံမှာ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာပါဝင်ေ ဆာင်ရွက် သွားမှာဖြစ်ပါတယ်။

- အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အခွင့် အလမ်းကောင်းတွေ ပေါ်ပေါက်နေ သလို စိန်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်း မှာ မြန်မာနို င် ငံပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများ ကို ဆောင် ကျဉ်းနိုင်ခဲ့ကြပါတယ်။ ကျွန်တော့ အနေနဲ့ အခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက်၊ မြန်မာနိုင်ငံသမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းဆောင်ပေးနေရခြင်းကို များစွာဂုဏ်ယူမိပါတယ်။

-သူမရဲ့(ဒေါ်အောင်ဆန်းစုကြည်) ဒီမိုကရေစီ ကြိုးပမ်းမှု့အတွက် အမေရိ ကန်ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကို လည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။

- (ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ပြောကြားချက်) မိမိတို့အစိုးရအနေနဲ့ ရေတို၊ရေရှည်စီမံချက်များချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှု့ထောင့်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနယ်စပ် မျဉ်းတွေ လုံခြုံမှုဆောင်ရွက်ခွင့်၊ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ် ပိုင်ခွင့်နဲ့ ကာကွယ်ပိုင်ခွင့်ရှိတယ်လို့လဲ ကျွန်တော်တို့အနေနဲ့ ရိုးသားစွာ ယုံကြည် ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင့်ထုံးများနဲ့ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွား မှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။

-( ကုလသမဂ္ဂ၏တတိယမြောက် အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သော မြန်မာ့သားကောင်း ဦးသန့်၏ ကမ္ဘာ့ပြည်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်အောင် ရည်မှန်းလုပ်ဆောင်ချက် များနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြု ပြောကြားသော စကား)
ကျွန်တော့အနေနဲ့၊ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ဆောင် ရွက်
ချက်တွေကို၊ အောင်မြင်မှု့တွေကို ဘယ်တော့မှမေ့ပျောက်သွားမှာမဟုတ်ဘဲ ထာဝရချီးကျုးဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ဘကြီးသက်
Unknown at 10:53 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.