Friday, September 21, 2012

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သူများကို လိုက်ဖမ်းနေပြီ


ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အတွက် ဆန္ဒထုတ်ဖော် လမ်းလျှောက်နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တွင် ဥပဒေအရ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်သူများနှင့် ပါဝင်သူများကို မြို့နယ်ရဲတပ်ဖွဲ့စခန်း ၁၀ ခုက အမှုဖွင့်လိုက်ပြီ ဖြစ်ပြီး ဆန္ဒပြပွဲ ဦးဆောင်သူများကို ယခုညနေပိုင်းတွင် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲကျင်းပရန် အာဏာပိုင်များထံ တရားဝင်လျှောက်လွှာ တင်ခဲ့ကြသော ဦးဆောင်သူများ ဖြစ်ကြသည့် ကိုမိုဃ်းသွေး၊ မခင်စန္ဒာညွှန့်၊ မဖွေးယုမွန်၊ ကျော်ဘိုဘိုတို့ကို ယခုညနေပိုင်းတွင် အထူး ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမိုဃ်းသွေးက ပြောသည်။
“ကျနော်တို့ လေးယောက်ရဲ့နောက်နေ စရဖတွေနဲ့ အထူးရဲတပ်ဖွဲ့တွေက လိုက်ဖမ်းတာ။ ကျနော်တို့က ပြည်သူတွေထဲကို ၀င်ပြေးပြီး ကျနော်တို့ကို နှောင့်ယှက်နေပါတယ် အော်တော့မှ ပြန်ငြိမ်သွားတယ်။ အခု ကျနော်တို့ တက္ကစီပေါ်မှာ၊ နောက်ကနေ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လိုက်နေတယ်။ ကျနော်တို့ကို ဥပဒေအရ သိက္ခာရှိရှိ ဖမ်းတာမျိုးပဲ လိုချင်တယ်။ အခုလိုမျိုး သူခိုးဖမ်းသလို လိုက်တာတော့ လုံးဝမကြိုက်ဘူး။ ဥပဒေချိုးဖောက်တယ် ဆိုရင် တရားရုံးကနေ သိက္ခာရှိရှိ ဆင့်ခေါ်၊ ကျနော်တို့ ကလည်း သိက္ခာရှိရှိ ရင်ဆိုင်မယ်” ဟု ကိုမိုဃ်းသွေးက ဆိုသည်။
ကိုမိုဃ်းသွေးအပါအ၀င် ဆန္ဒပြလမ်းလျှောက်ပွဲ ဦးဆောင်သူများမှာ နေအိမ်များကို မပြန်ရဲဘဲ ဖြစ်နေကြောင်း ဧရာဝတီသို့ ပြောဆိုကြသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ထွေးကလည်း ယနေ့ညနေ ၅ နာရီတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး ဆန္ဒပြပွဲ ဦးဆောင်သူများကို စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း၊လမ်းလျှောက် ချီတက်ခဲ့ကြသော မြို့နယ်ရဲစခန်း ၁၀ ခုက ဆန္ဒပြပွဲ ဦးဆောင်သူများနှင့် ပါဝင်သူများကို စစ်ဆေး ဖော်ထုတ် အရေးယူ ပြောဆိုကြောင်း သိရှိရသည်။
“ဆန္ဒပြပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၁၀ ခုက ရဲတပ်ဖွဲ့စခန်းတွေက ဆန္ဒပြပွဲ ဦးဆောင်သူတွေ၊ နောက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်ကြောင်း
စစ်ဆေးတွေ့ရှိရတဲ့ သူတွေကို ဥပဒေအရ အရေးယူမယ် ပြောတယ်။ ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြရင် ထောင်ဒဏ် တနှစ်၊ ငွေဒဏ် ကျပ် ၃ သောင်းအပြင် ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ပြောတယ်” ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းဂျာနယ်တစောင်မှ တာဝန်ခံအယ်ဒီတာ တဦးက ပြောသည်။
စစ်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် လမ်းလျှောက်ချီတက်ကာ ဖြတ်သန်းခဲ့သည့် မြို့နယ်များမှာ ကျောက်တံတား၊
ဗိုလ်တထောင်၊ တာမွေ၊ ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွှန့်၊ ကမာရွတ်၊ လှိုင်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ
ဘကြီးသက်
Unknown at 8:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အောက်တိုဘာတွင် ထွက်ရှိမည့် Motorola RAZR i


Motorola ရဲ့  အဆင့်မြင့် စမတ်ဖုန်း RAZR i ကို လန်ဒန်မှာ မိတ်ဆက်ပြသ ခဲ့ပြီး ဖြစ်ပါတယ်။

Processor


Intel ရဲ့  2.0GHz Atom processor ကိုအသုံးပြုထားပြီး RAZR မှာ ပထမဆုံး အသုံးပြုတဲ့ Single Core ပဲ ဖြစ်ပါတယ်။ ယမန်နှစ်က ထွက်ရှိတဲ့ Orange San Diego ထက် သာလွန်တယ်လို့ ဆိုပါတယ်။

Display

၎.၃ လက်မ Display က AMOLED ကိုအသုံးပြုထားပါတယ်။ Bright ဖြစ်မယ်၊ Vibrant -ပုံရိပ်တွေ ထင်ထင်ရှားရှား ကြွတက်နေမယ် လို့ဆိုပါတယ်။

ကင်မရာ

RAZR i မှာ ကင်မရာက အကောင်းဆုံးလို့ ဆိုပါတယ်။ 8 megapixel ဖြစ်ပေမယ့် Burst mode capture ဆိုတဲ့ feature တစ်ခုလည်း ပါဝင်ပါသေးတယ်။ ယင်း Button ကိုသာ နှိပ်ထားရင် သာမန် 10fps ထက် ပုံရိုက်ကူးမှု မြန်ဆန်ပါတယ်။ HTC One series မှာလည်း ပါတဲ့ feature ဖြစ်ပါတယ်။ ရှေ့ မှာ Video calling အတွက် 1.3 megapixel ကင်မရာ တစ်ခုပါဝင်ပါသေးတယ်။

ကိုယ်ထည်

ကွာလတီမြင့် သတ္တုနဲ့ တည်ဆောက်ထားပါတယ်။ ပရီမီယံ ပစ္စည်းတွေချည်း အသုံးပြုထားတာ ဖြစ်ပါတယ်။ နောက်ကျော်ဘက်ကို Kevlar သတ္တုနဲ့ အလွာထပ်ထားပြီး မာပြီးတော့ Smooth ဖြစ်တယ်လို့ ဆိုပါတယ်။ သန်မာတယ်၊ ပေါ့ပါးပါတယ်။

Operating System (OS)

Android ရဲ့  4.0 (Ice Cream Sandwich) ကိုပဲ အသုံးပြုထားပါတယ်။

Connectivity

4G LTE network အတွက်လည်း အထောက်အကူပြုပါတယ်။ Wi-Fi ပါဝင်ပါတယ်။ Bluetooth 4.0 အထိရှိပါတယ်။

Storage

on board မှာ 8GB ပါဝင်ပြီး micro SD နဲ့ 32 GB ထပ်ဖြည့်လို့ရတယ်လို့ ဆိုပါတယ်။

ဈေးနှန်း

ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။ သို့ပေမယ့် ယခုလအတွင်း ဈေးနှုန်းကြေညာပြီး အောက်တိုဘာလမှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။
---
Ref: Motorola

Aung Kham (TSJ team)

ဘကြီးသက်
Unknown at 6:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖားကန့်မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် အလှူရှင်များ ရှားပါးလာသဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများ ကြုံတွေ့နေရ



မြို့ဦးကျောင်းတိုက်တွင်ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမြင်ကွင်းများကို စက်တင်ဘာလ ၂၁ ရက်နေ့ တွေ့ရစဉ်        ဓါတ်ပုံ - ၀င်းမြင့်ကျော်
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ရှိ စစ်ဘေးတိမ်းရှောင်လာသူများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများတွင် အလှူရှင်များ ရှားပါးလာသဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါကယ်ဆယ်ရေးစခန်းများမှ တာဝန်ရှိသူများထံမှ သိရှိရသည်။ ဖားကန့်မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများကို သြဂုတ်လ တတိယပတ်အတွင်းမှ စတင်၍ ဖွင့်လှစ်ကာ စောင့်ရှောက်ကူညီမှုများ ပြုလုပ်နေရာမှ ယခုစက်တင်ဘာလ ၂၁ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်းပေါင်း ၃၈ ခု ရှိသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ကယ်ဆယ်ရေးစခန်းများတွင် ဒေသတွင်း လုံခြုံမှုမရှိသေးသည့်အတွက် လာရောက်တိမ်းရှောင်သူဦးရေမှာ လျော့ကျသွားခြင်းမရှိသည့်အပြင် အဆိုပါစခန်းများကို ကူညီထောက်ပံ့ပေးနေသော အလှူရှင်များမှာလည်း ဖားကန့်ဒေသမှ သက်ဆိုင်ရာ နယ်မြို့အသီးသီးသို့ ပြန်သွားကြသဖြင့် လာရောက်တိမ်းရှောင်သူများအတွက် ဆက်လက်ကူညီထောက်ပံ့ပေးရန် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု သိရှိရသည်။ အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ဖားကန့်မြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်လာသူ အများဆုံး ခိုလှုံလျက်ရှိသည့် မြို့ဦးကျောင်းတိုက်မှ ကရုဏာလူမှုကူညီရေးအသင်းဥက္ကဌ ဦးဌေးဝင်းက''မြို့ပေါ်မှာ အပစ်အခတ်တွေ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ပေါက်ကွဲမှုတွေလည်း ရှိနေတဲ့အတွက် ကယ်ဆယ်ရေးစခန်းက လာရောက်ခိုလှုံသူတွေကို အဓိကထောက်ပံ့နေတဲ့ လုပ်ငန်းရှင်တွေက ဖားကန့်မြို့ကနေ တိမ်းရှောင်ထွက်ခွာသွားကြတဲ့အတွက်  ကယ်ဆယ်ရေးစခန်းမှာ စားဝတ်နေရေး အခက်အခဲတွေ ကြုံလာရတယ်။ ဒါ့အပြင် ဒေသတွင်း မတည်ငြိမ်တဲ့ အခြေအနေအရ ရက်တွေကြာလာတော့ ထောက်ပံ့မှုတွေအတွက် ပိုပြီးအဆင်မပြေမှုတွေ ရှိလာရတယ်။ ဒါကြောင့် ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းမှာ တစ်ရက်ကို အရင်က သုံးကြိမ်ကျွေးတာကနေ အခု မနက်ခင်းတစ်ကြိမ် လျော့ကျွေးပြီး ရေရှည်ရပ်တည်နိုင်ဖို့ ပြင်ဆင်နေရတယ်။ လှူဒါန်းလို့ ရရှိတဲ့ငွေနဲ့ နေ့စဉ်ကုန်ကျစရိတ်တွေက မျှတမှုမရှိတော့ပါဘူး။ လှူနိုင်တန်းနိုင်တဲ့ လုပ်ငန်းရှင်၊ သူဌေးတွေက ဖားကန့်မြို့မှာ တစ်ယောက်မှ မကျန်တော့ဘူး''ဟု လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါမြို့ဦးကျောင်းတိုက်၌ စစ်ဘေးတိမ်းရှောင်လာသူဦးရေ ၆၀၀ ကျော်ကျန်ရှိနေပြီး ကယ်ဆယ်ရေးစခန်းအားလုံးတွင် လူဦးရေ ၈၅၀၀ ကျော်ရှိနေကြောင်း သိရှိရသည်။ ထို့အတူ ဖားကန့်မြို့ပေါ်ရှိ သဘာဝကျောက်ဆောင် လိုဏ်ဂူကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူ ဦးတင်မာက''ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းမှာ စောင့်ရှောက်ထားရတဲ့ လူအရေအတွက် ၅၀၀ ၀န်းကျင်လောက် ရှိပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းရဲ့ အခြေအနေက စပြီးဖြစ်တဲ့ရက်ပိုင်းတွေမှာ လာရောက်တိမ်းရှောင်တဲ့သူတွေကိုတော့ အဟာရပြည့်ဝအောင် နေ့စဉ် အသားငါးနဲ့ ကျွေးနိုင်ခဲ့တယ်။ ဒါပေမယ့် အခုရက်ပိုင်းမှာတော့ အလှူရှင်တွေ လှူဒါန်းတဲ့အပိုင်းက တော်တော်လေးကျဲသွားတဲ့အတွက် အမြဲတမ်းအသားငါးနဲ့ မကျွေးနိုင်တော့ပါဘူး။ ဒေသတွင်းငြိမ်းချမ်းမှုက နှောင့်နှေးနေမယ်ဆိုရင်တော့ လာရောက်ခိုလှုံနေတဲ့သူတွေကို ရေရှည်ထောက်ပံ့နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် အမြန်ဆုံးငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းနေရတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
အဆိုပါ ကယ်ဆယ်ရေးစခန်းများအနက်မှ စခန်း ၃၃ ခုရှိ စစ်ဘေးတိမ်းရှောင်လာသူများကို စက်တင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့က ဖားကန့်မြို့၊ ပြည်ခိုင်ဖြိုးပါတီမှ တစ်ဦးလျှင် ၆၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းပါတီမှ တာဝန်ရှိသူတစ်ဦးက ဖားကန့်မြို့ပေါ်တွင် သတင်းရယူလျက်ရှိသည့် Eleven Media Group မှ သတင်းထောက်တစ်ဦးကို လာရောက်သတင်းပေးချက်အရ သိရှိရသည်။ စစ်ဘေးတိမ်းရှောင်လာသော လူဦးရေတစ်သောင်းဝန်းကျင်ခန့်ကို သြဂုတ်လ တတိယပတ်အတွင်းမှစတင်၍ ကူညီပေးနေရသည့် ကယ်ဆယ်ရေးစခန်းအသီးသီးမှာ အနယ်နယ်အရပ်ရပ်မှ ဖားကန့်ဒေသအတွင်း လာရောက်၍ လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များပေါ်တွင် မှီခိုနေရကြောင်း အဆိုပါကယ်ဆယ်ရေးစခန်းများမှ စုံစမ်းသိရှိရသည်။
 EMG
ဘကြီးသက်
Unknown at 4:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း၌ စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း၌ စုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုများကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ပြုလုပ်လျက်ရှိနေကြောင်း သိရှိရပါသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အဖွဲ့ပေါင်း ၄၀ ကျော်
မှ စုပေါင်းပြုလုပ်ခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာမှ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် ခွင့်ပြုချက် မပေးခဲ့သော်လည်း ငြိမ်းချမ်းရေးလိုလားသူများမှ မူလ စီစဉ်ထားရှိခဲ့သည့် အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။

မူလ အစီအစဉ်များအရ ပြည်တွင်းရှိ ငြိမ်းချမ်းရေး လိုလားသူများမှ ဆူးလေမြို့တော်ခန်းမရှေ့တွင် ယနေ့ (စက်တင်ဘာလ ၂၁ ရက်နေ့) နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် စုရုံးခဲ့ကြပြီးနောက် မဟာဗန္ဓုလ လမ်းမှ ဗိုလ်တထောင် ဘုရားလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းမှ အထက်ပုဇွန်တောင်လမ်း၊ အထက်ပုဇွန်တောင် လမ်းမှ စက်ရုံလမ်း၊ စက်ရုံလမ်းမှ ဗညားဒလလမ်း၊ ဗညားဒလလမ်းမှ ရွှေဂုံတိုင်၊ ရွှေဂုံတိုင်မှ မြေနီကုန်း၊ မြေနီးကုန်းမှ အင်းလျားကန်ဘောင်သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်သူများ ဗိုလ်စိန်မှန်(တာမွေအ၀ိုင်းထိပ်) သို့ ရောက်ရှိချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ လူစုခွဲပေးရန် တောင်းဆိုခဲ့သော်လည်း အဆိုပါ တောင်းဆိုမှုကို လက်မခံဘဲ မူလ အစီအစဉ်အတိုင်း ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။ စုပေါင်းလမ်းလျှောက်သူ အရေအတွက် ၄၀၀ ကျော်ရှိကြောင်း သိရပါသည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုများကို ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူငယ် ပရဟိတ အဖွဲ့များနှင့် ငြိမ်းချမ်းရေးလိုလားသူများ အားလုံး ပူးပေါင်းပါဝင်ပြီး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်ကြသူများသည် အပြာရောင် တီရှပ်များ ၀တ်ဆင်ခဲ့ကြပြီး အဆိုပါ တီရှပ်များပေါ်တွင် "တစ်နိုင်ငံလုံး စစ်ပွဲရပ်" ဆိုသည့် စာသားများလည်း ရေးထိုး၍လည်းကောင်း၊ "တစ်နိုင်ငံလုံး စစ်ပွဲရပ်" စာသားများပါသော ခေါင်းစီးအပြာများစည်း၍ လည်းကောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ စားသားများ ပါဝင်သော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြပါသည်။

ငြိမ်းချမ်းရေး လိုလားသူများ အနေဖြင့် ရန်ကုန်မြို့တွင်း၌ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေး စစ်ဦးစီးချုပ်ရုံး၊ လွှတ်တော်ရုံးများသို့ သွားရောက်ပြီး ဆန္ဒဖော်ထုတ်မည့် အစီအစဉ်မှာ အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့၏ တားမြစ်ချက်အရ ခွင့်ပြုချက်ရမည့်ကာလအထိ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲများကို နိုင်ငံတ၀န်းပြုလုပ်ရန် စီစဉ်ထားပြီး ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ ပခုက္ကူ၊ ဗန်းမော်၊ စစ်ကိုင်း ၊ ရွှေဘို၊ တောင်ငူ၊ မြစ်ကြီးနား၊ အင်းလေး၊ ဟိုပုန်း၊ လားရှိုး၊ ဆီဆိုင် ၊ကျောက်မဲ၊ ပြည်၊ ပေါင်းတည်၊ ဖားအံ့၊ မော်လမြိုင်၊ မူဆယ်၊ သန်လျင်၊ လှိုင်သာယာနှင့် အခြားသော မြို့နယ်အချို့တွင် တပြိုင်နက် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ် ပြုလုပ်ရန်စီစဉ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

Reference and Credit to -Eleven Media Group
Posted By Admin-KMO
(email:newsofburma.myanmar@gmail.com)

ဘကြီးသက်
Unknown at 3:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သူဖေါ်တဲ့ဆေး သူပြန်စားမိသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး



အနာဂတ်မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာမယ်လို့ သတ်မှတ်ခံရတဲ့ (သူ့ကိုယ်သူထင်တာလား၊ သူများတွေထင်နေတာလားတော့မသိ) ဦးကိုကိုကြီး ရဲ့ ပြောဆိုချက်နဲ့ NDPD ပါတီမှ ၇ိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသာအေးရဲ့ ထောက်ခံဆွေးနွေးချက်လေးကို သဘောကျလို့ ပြောပြချင်ပါတယ်။ ဘယ်သတင်းမှာတင်မလဲလို့ ဒီနေ့ထိစောင့်နေတာ ဘယ်သူမှ မတင်ပဲ နှာစေးနေကြလို့ ကျွန်တော်ကပဲ ဖေါက်သည်ချလိုက်ပါတယ်။
 ဦးကိုကိုကြီး (၈၈) - ကျွန်တော်တို့အားလုံးက Citizen rights ဆိုတာကို အခြေခံအကျဆုံး ကျွန်တော်တို့ရဲ့ Common ground အဖြစ်နဲ့ရှာပြီးတော့ National identity, ကျွန်တော်တို့ရဲ့ common character ကိုကျွန်တော်တို့ ရှာဖွေတည်ဆောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Nation building ဟာ ချောချောမွေ့မွေ့နဲ့ အဆင်ပြေလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလို ကျနော်တို့ရဲ့ ကိုယ်ပိုင် National identity ကိုတည်ဆောက်ရာမှာ တခြားဘယ်အင်အားကြီးနိုင်ငံ ၊ ဘယ်အဖွဲ့အစည်းကမှ ၀င်ရောက်စွက်ဖက်စရာမလိုပါဘူး ။ မြန်မာတို့ရဲ့ National identity ကို မြန်မာနိုင်ငံကပဲ ရွေးချယ်မှာဖြစ်ပါတယ်။ ဘယ်လို စွက်ဖက်မှုမျိုးကိုမှ လက်မခံနိုင်ပါဘူး " 
ဦးသာအေး (NDPD) - " ဦးကိုကိုကြီး ပြောသွားတာ မှန်ပါတယ်။ မြန်မာနိုင်ငံရဲ့ National identity ကို မြန်မာနိုင်ငံသားတွေကပဲ ရွေးချယ်ရမှာပါ။ ဘယ်သူမှ ၀င်စွက်ဖက်စရာ မလိုပါဘူး ။ ဒီလိုပါပဲ .. လူမျိုးစုတွေကလည်း သူတို့ရဲ့ National identity ကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့် ရှိရပါမယ် ။ ဒါကို ဘယ်သူကမှ ပိတ်ပင်လို့မရပါဘူး ။ " ဒီလိုထပြောလိုက်တော့ ကိုကိုကြီးရဲ့ မည်းနေတဲ့မျက်နှာပိုမည်းသွားပြီး သူဖေါ်တဲ့ဆေးသူ ပြန်စားမိလို့ မအီမသာနဲ့ ဘာမှပြန်မပြောနိုင် ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်အခုပြောတဲ့ အကြောင်းကို 17.9.2012 မှာ ဒေါက်တာအေးချမ်း ဦးဆောင်ပြီး လုပ်ခဲ့တဲ့ National identity & Citizenship in 21st Century Myanmar ဆိုတဲ့ ပွဲကို တက်ရောက်ခဲ့သူတိုင်း ကြားသိခဲ့ကြပါတယ်။ 

Myanmar Express

ဘကြီးသက်
Unknown at 12:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထိန်းသိမ်းခံနေရသော ရုရှားပန့်ခ်ဂီတ Pussy Riots အဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားနိုင်ငံမှ ပန့်ခ်ဂီတအဖွဲ့ Pussy Riots ၏ အဖွဲ့ဝင်များအား ထိန်းသိမ်းထားရာမှ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ယခု တောင်းဆိုမှုကို လူငယ် ၃၀၀ ခန့်နှင့် တွေ့ဆုံပွဲတစ်ခု၌ မေးခွန်းတစ်ခုကို ပြန်လည်ဖြေဆိုရင်း ပြောခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ်တစ်ဦးက Pussy Riots အဖွဲ့နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ``ကျွန်မအနေနဲ့ တစ်ဖွဲ့လုံးကို ဖြစ်နိုင်သမျှမြန်မြန် လွှတ်ပေးတာ မြင်ချင်ပါတယ်´´ဟုပြောကြားခဲ့သည်။

ထို့အပြင် သူမက အဖွဲ့၏ဖျော်ဖြေပုံနှင့်ပတ်သက်၍ ``သီချင်းထဲမှာ တခြားသူတွေအဖို့ စက်ဆုပ်ရွံရှာစရာ တစ်ခုခုများ ရှိနေခဲ့လို့လား´´ဟုလည်း ပြန်လည်မေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်များသည် ရုရှားအစိုးကို ဝေဖန်ခြင်းဖြစ်နိုင်ပါသလားဆိုသော မေးမြန်းမှုကိုလည်း သူမက ``အစိုးရများသည် ဝေဖန်ရေးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည်´´ဟု ဖြေကြားခဲ့သည်။

သူမက Pussy Riot အဖွဲ့၏ သီချင်းများနှင့်ပတ်သက်၍ ``ကိုယ်က တခြားသူတွေကို တစ်ဦးချင်း တိုက်ခိုက်စော်ကားနေတယ်ဆိုရင်တော့ ဒါဟာ ကွဲပြားခြားနားတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်´´ဟုလည်း ရှင်းပြခဲ့သည်။

ရုရှားပန့်ခ်အဖွဲ့ Pussy Riots သည် ပြီးခဲ့သည့် သြဂုတ်လက ဘာသာရေးအမုန်းပွားမှုဖြစ်အောင် လှုံ့ဆော်သည်ဟူသောစွဲချက်ဖြင့် ရဲဘက်စခန်းတွင် ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ယင်းအဖွဲ့သည် အောက်တိုဘာလ ၁ ရက်၌ ရုရှားအာဏာပိုင်များထံ အယူခံဝင်သွားမည်ဟုသိရသည်။
AI အဖွဲ့က ပြုလုပ်ခဲ့သော ယခုဆွေးနွေးပွဲတွင် Pussy Riots အဖွဲ့ဝင်တစ်ဦး၏ ခင်ပွန်းဖြစ်သူ Pyotr Verzilov လည်း ပါဝင်ခဲ့သည်။

REF: SBS.COM


ပုံစာ- ရုရှားပန့်ခ်ဂီတ Pussy Riots အဖွဲ့ဝင်များ

ဘကြီးသက်
Unknown at 12:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်းတို့ဉာဏ်အမြင် တစ်မိုက်တစ်ထွာမျှရယ်နဲ့ ငြင်းဖို့သန်လျှင် မိုက်ရာကျပါလိမ့် . .

သူတို့ ပြန်လာကြလေပြီ။ သူတို့ဆိုတာ 'ကျောင်းသားတပ်ဖွဲ့'လို့ ပြောနိုင်တဲ့ ABSDF အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဟောင်းများဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့ အပါအ၀င်ဖြစ်တဲ့ လူတစ်စုပါပဲ။ သူတို့ဟာ ၂၀၁၂  ခုနှစ် စက်တင်ဘာလဆန်းမှာ ပြည်တော်ပြန်လာကြတယ်။ သူတို့ကို ခရီးဦးကြိုပြုလိုက်တာကတော့ '၉၂ ပါဂျောင် ရှင်းတမ်း' ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် သြဂုတ်လ ၃၁
ရက်မှာ အေဘီမြောက်ပိုင်းပြန် ရဲဘော်များက ၁၉၉၂ ပြည်ထောင်စုနေ့ လူသတ်ပွဲ ကြီးအကြောင်းကို '၉၂ ပါဂျောင်ရှင်းတမ်း'အဖြစ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ မြောက်ပိုင်းဒေသက ABSDF အတွင်း ကျောင်းသားစစ်စစ်တွေကို 'ထောက်လှမ်းရေး'လို့ စွပ်စွဲပြီး ငရဲသားတွေက အဘခေါ်ရလောက်အောင် နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခဲ့ပုံတွေကို ကျွန်တော်တို့ ကြားသိခဲ့ပြီးဖြစ်ပါတယ်။ ပြောရရင် ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ကျောင်းသားတွေ တောခိုသွားခဲ့ကာ ABSDF အဖွဲ့ ပေါ်လာပုံကစပြီး ABSDF ဖရိုဖရဲ ပြိုကွဲသွားပုံအထိ ကျွန်တော်တို့ မျက်ခြည်မပြတ်ခဲ့ပါ။
၉၂ ပါဂျောင်ရှင်းတမ်းရဲ့ နိဒါန်းအစလို့ ဆိုနိုင်တဲ့ ပန်းချီထိန်လင်းရဲ့ 'ကျွန်တော် လူကက်ဆက်' ရင်ဖွင့် ဖော်ထုတ်ချက် စာတမ်းကို ၁၂ဖေဖော် ၀ါရီ ၂၀၁၂ ခုနှစ် နေ့စွဲနဲ့ အွန်လိုင်းပေါ်က ရခဲ့ပါတယ်။ နောက်တော့ Pupular New တဂျာနယ်နဲ့ Messenger  ဂျာနယ်တွေမှာ တရားဝင်ဖော်ပြလာတာ ဖြစ်ခဲ့ရပါတယ်။ ပန်းချီထိန်လင်း ကောက်ကြောင်း အပိုင်းအစမျှ ခြစ်ရာပေးလိုက်တဲ့အပေါ်မှာ စုတ်ချက်ကြမ်းကြမ်းနဲ့ သွေးရောင်လွှမ်းတဲ့ အနိဋ္ဌာရုံ ရုပ်ပုံများအဖြစ်'အောင်မိုးဝင်းရေးတဲ့ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများကို'ရှာဖွေတွေ့ရှိခဲ့ပြီး ရင်တလှပ်လှပ် စုတ်တသပ်သပ် ဖတ်ခဲ့ရပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကိုအောင်မိုးဝင်းရဲ့ 'အရိုးတွန်သံများ'စတင် ပဲ့တင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်ထောင်စုနေ့ အကြို ဖေဖော်ဝါရီလ ၁၁ ရက်အထိဆိုရင် အရိုးတွန်သံများ (အပိုင်း-၉) အထိ အတော်အသင့် ပြည့်စုံတဲ့ သမိုင်းမှတ် တမ်းများဆက် ဖတ်ခွင့်ရခဲ့ပါတယ်။ မြောက်ပိုင်းမှာ ဖြစ်ခဲ့တာတွေကို တောင်ပိုင်းနဲ့ ဆက်စပ်ကြည့်နိုင် အောင်ကိုထက်အောင်ကျော်ရဲ့ 'သူပုန်ကျောင်းသားတစ်ဦးရဲ့ မာရသွန်ခရီး' ဆိုတဲ့ စာတမ်းရှည်ကြီးကိုလည်း ရှာဖွေလေတွေ့ရှိလေဆိုတာ လို ဖတ်မှတ်ခဲ့ရပြန်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ကနေ ၂၀၁၂ုခုနှစ် ဇွန်လ ၇ ရက်အထိ (အပိုင်း ၁၉ မှ၃၃ အထိ) အေဘီ-တောင်ပိုင်းရဲ့ ပုံရိပ်များကို စိတ်ဝင်တစား ဖတ်မှတ်ခဲ့ရပါတယ်။
အဲဒီနောက်တော့ အားလုံးပဲ မြည်းစမ်း ဖတ်ရှုပြီးဖြစ်လောက်တဲ့ မောင်မောင် (ရွှေကရ၀ိတ်) ရဲ့ 'ဟင်္သာ ကိုးသောင်းပုံပြင်' စာအုပ် ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ စာပေစိစစ်ရေး ခွင့်ပြုချက်နဲ့ တရားဝင် ထုတ်ဝေလာပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ ရှုမြင်သုံးသပ်ချက်ကို၆-၇-၁၂ ထုတ် 'မန္တလေးအလင်းဂျာနယ်'မှာ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော် ကြားသိဖတ်မှတ်ခဲ့ရတာတွေကို အနှစ်ချုပ်ကြည့်လိုက်တော့ အေဘီမြောက်ပိုင်း လူသတ်ပွဲကြီးရဲ့ တာဝန်ရှိသူတစ်ဦးအဖြစ် 'ဒေါက်တာနိုင်အောင်'ရဲ့ အမည်ကို တညီတညွတ်တည်း ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တွေ့ရှိ သိမြင်သကဲ့သို့ပင် ကျွန်တော့်ထက် သိမြင်နိုင်စွမ်းအား အဆမတန်ပို၍ ကြီးမားသော နိုင်ငံတော်အစိုးရကလည်း ဧကန်မုချသိနေမှာပါပဲ။ ဒီလိုအခြေအနေမှာ ဒေါက်တာနိုင်အောင်နဲ့ ချိတ်ဆက်ပြီး လက်ကမ်းခဲ့တာဟာ နိုင်ငံတော်ရဲ့ သဘောထားကြီး ပုံကို ပြတာလား၊ ဘာလားညာလား စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများကတော့ ' . . . မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် ဒေါက်တာနိုင်အောင် အပါအ၀င် လူပုဂ္ဂိုလ် ၁၃ ဦးကို ညှဉ်းပမ်း သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများ ဖြစ်ကြောင်း စွပ်စွဲထားသည်။ ယင်း ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ရန် ကြိုးစားနေကြောင်း၊ အမှုဖွင့်ရာတွင် အခြားသူများအား စွပ်စွဲတိုင်ကြားသည့်အမှုကို လက်ခံခဲ့သော်လည်း ဒေါက်တာနိုင်အောင် အမည်တပ်ကာ စွဲဆိုသော အမှုကို ခွင့်မပြုသေးကြောင်း . . .' ၆ စက်တင်ဘာ ၂၀၁၂ ထုတ် ၇ ရက် သတင်းဂျာနယ် စာမျက်နှာ ၂၇ မှာ ဖော်ပြထားပါတယ်။
အမှုဖွင့်တာကို ခွင့်မပြုဆိုတဲ့ အကြောင်းအရာကို တရားဥပဒေ စိုးမိုးရေးလို့ ကြွေးကြော်နေသူများ၊ အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူများက ထူးခြားဖြစ်စဉ်အဖြစ် မှတ်တမ်းတင်ထားစေချင်ပါတယ်။ (အေဘီ-မြောက်ပိုင်း လူသတ်ပွဲ သမိုင်း ရှင်းတမ်းက သူ့လမ်းသူထွင်ပြီး ဆက်လျှောက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။)
အခု ကျွန်တော် ဆွေးနွေးချင်တာကတော့ ဒေါက်တာနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ရဲ့ ဂျာနယ်တွေထဲက အင်တာဗျူးအဖြေစကားများအပေါ် မြော်မြင်သုံးသပ်ကြည့်ချင်တာပါပဲ။ သူတို့နှစ်ယောက်လုံးဟာ အေဘီရဲ့ ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်နေခဲ့တာကို ကြည့်ရင် အေဘီမှာနေရာ (အာဏာ) လုခဲ့တာ ထင်ရှားသိသာလှပါတယ်။ ပြီးတော့ သူတို့နှစ်ယောက် ခေါင်းဆောင်တွေဖြစ်ပါလျက် နောက်လိုက်တွေကို စွန့်ခွာခဲ့သူများအဖြစ်လည်း တွေ့မြင်ခဲ့ရပါတယ်။ သူတို့ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းကို ကျောခိုင်းခဲ့သူများလို့လည်း ဆိုနိုင်ပါတယ်။
ဒီနေ့ မြန်မာပြည်မှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် သူတို့ ပါဝင်လုပ်ဆောင်မယ်လို့ ပြောနေပါပကောလား။

ကယားပြည်နယ် လောပိတက လျှပ်စစ်မီးထုတ်ယူပြီး ကယားပြည်နယ်ကိုတော့ မှောင်ကြီးချခဲ့တာတွေ၊ ရခိုင်ကျောက်ဖြူဒေသက စွမ်းအင်တွေ တရုတ်ကို ရောင်းစားလိုက်ပြီး ရခိုင်ဒေသ မှောင်ကြီးကျနေတာတွေ စသည်ဖြင့် ဒါတွေကို ဗမာပြည်သူ အများစုကြီးကလည်း တိုင်းရင်းသားတွေနဲ့ ထပ်တူ မလိုလားကြပါဘူး။

'သမဂ္ဂါနံတပေါသုခေါ'လို့ ဘုရားဟောခဲ့တာပဲ။ လိုရင်းအဓိပ္ပာယ်ကတော့'ဦးညွတ်မှ ချမ်းသာမည်' ဒီတော့ ကိုယ့်သမိုင်း ကိုယ်ပြန်ကြည့်လိုက် စမ်းပါ။ ကျောင်းသားထုကြီးရဲ့ ညီညွတ်ရေးကို မိမိအတ္တ၊ မိမိနေရာ၊ မိမိအာဏာအတွက် ဖြိုခွဲခဲ့တာ ဘယ်သူ  တွေလဲ၊ ကိုယ့်တပ်ကိုယ် ပြန်နင်းခဲ့တာ ဘယ်သူတွေလဲ၊ ညီညွတ်ရေး မရှိဘဲနဲ့ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်၊ အခုရော ခင်ဗျားတို့ချင်း ညီညွတ်ကြလို့လား။
ငါတို့ မိဘပြည်သူတွေမှာဖြင့် ကျောင်းသားတပ်မတော်ကြီးရဲ့ ပြည်တော်ဝင်ခန်းကို သပြေပန်းနဲ့ လက်ကမ်းကြိုမယ်ဆိုပြီး မျှော်လိုက်ရတာ စောင့်လိုက်ရာ မင်းတို့ကတော့ ညီအစ်ကိုချင်း ရဲဘော်ချင်း သွေးချောင်း စီးအောင်သတ်ပြီး မိဘပြည်သူတွေကို ကျေးဇူးဆပ်လိုက်တယ်ပေါ့လေ။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးရဲ့ ပြည်တော်ဝင်ခန်းနဲ့တော့ တစ်လမ်းစီ၊ တခြားစီပါပဲ။ ဘာပဲဖြစ်ဖြစ်လေ၊ ဒီနေ့မြန်မာ့မြေမှာ ငြိမ်းချမ်းရေးရအောင် ဖော်ဆောင်မယ်လို့ လွယ်လွယ်လေး ပြောလိုက်တဲ့အပေါ်မှာ သူတို့ရဲ့ နိုင်ငံရေးအတွေးအခေါ် ဘယ်လောက် ရှိ မရှိ ဆန်းစစ်ကြည့်သင့်ပါတယ်။
ဒေါက်တာနိုင်အောင်က စလိုက်ရအောင်။ တိုင်းရင်းသားများနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး၊ ပြီးတော့ ဒီနေ့ ရခိုင်-ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒေါက်တာနိုင်အောင်ပြောခဲ့တာတွေကို အစဆွဲထုတ်ကြည့်ရအောင်။
''အဓိကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြည်တွင်းစစ်က နှစ် ၆၀ ကျော်ပြီလေ၊ အားလုံးသိကြတဲ့အတိုင်း နာတာရှည် ပြဿနာပေါ့။ ၈၈ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ တောထဲကို ရောက်သွားတဲ့အခါ တိုင်းရင်းသားတွေဘ၀နဲ့ သူတို့ တောင်းဆိုမှုကို ဘာလဲဆိုတာ ပိုနားလည်လာသလို တိုင်းရင်းသားတွေဘက်ကိုလည်း ဗမာဆိုတဲ့ လူမျိုးတွေဟာ မဟာဆိုတဲ့ စိတ်မျိုး မရှိပါဘူးဆိုတာလည်း ကျွန်တော်တို့ ရှင်းပြခွင့် ကြုံတာပေါ့။ ၂၄ နှစ်အတွင်းမှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ အမြတ်အစွန်းတစ်ခုက အဲဒါပေါ့'' (၁၀ စက်တင် ဘာ ၂၀၁၂ ထုတ် Messenger မှ)
ပင်လုံစာချုပ်ပါ အချက်များကို တိုင်းရင်းသားများ မခံစားရသေးကြောင်းနဲ့ ''နဂိုတုန်းက ကိုယ့်နိုင်ငံလေးတွေနဲ့ နေခဲ့ကြတဲ့ နိုင်ငံတွေအားလုံးဟာ ကိုလိုနီလက်အောင်ရောက်မှ မြန်မာပြည်မြေပုံကြီး ဖြစ်သွားတာကိုး''လို့ ဆက်ပြောထားပါတယ်။
ကိုလိုနီခေတ်မတိုင်ခင်က ရှမ်း၊ ကချင်၊ ကရင်စတဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ နယ်မြေဒေသများဟာ နိုင်ငံ (state) အဆင့်ကို ရောက်နေပြီလား၊ (ကျွန်တော့်မှာ စဉ်းစဉ်းစားစားနဲ့ သတိထားပြီး ပြောနေရပါတယ်။) ဒီနေ့ ငြိမ်းချမ်းရေးစကား ပြောနေရာမှာ တိုင်းရင်းသားများ တောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် လိုလားထောက်ခံပါတယ်။ ဒါပေမဲ့ သမိုင်းအမှန်တရားကိုပြန်ကြည့်ရင် ကိုလိုနီခေတ်မတိုင်မီကတည်းက ဗမာဘုရင်တွေခေတ်ကတည်းက တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့ပြီးဖြစ်ပါတယ်။ ဘုရင်ကို သစ္စာခံရုံပါပဲ။ အခွန်အကောက် လက်ဆောင်ပဏ္ဍာ ဆက်သရုံပါပဲ။ တိုင်းရင်းသားတွေရဲ့ အုပ်ချုပ်သူအကြီးအကဲကို ဖယ်ရှားပြီး ဗမာတွေက သွားအုပ်ချုပ်တာမျိုး မရှိခဲ့ပါဘူး။
လွတ်လပ်ရေးရပြီးနောက်ပိုင်း အထူးသဖြင့် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ စစ်အာဏာရှင်ခေတ်ဖြစ်တဲ့အတိုင်း တိုင်းရင်းသား နယ်မြေတွေမှာ စစ်တပ်တွေပို့ထားပြီး အဲဒီအချိန်ကစပြီး စစ်တပ်ကပဲ ကြိုးကိုင်ခြယ် လှယ်စီမံအုပ်ချုပ်လာခဲ့တာ မဟုတ်ပါလား။ တန်းတူရေးကို ပြောရင် စစ်အာဏာရှင်စနစ်လက်အောက်မှာ ဗမာလူမျိုးဆိုတာလည်း တိုင်းရင်းသားတွေနဲ့ တန်းတူဖိနှပ်ခံရတာပဲ။ ဗမာကမှ ဗမာ၊ ဗမာချင်း စစ်ဗိုလ် မြန်မာက အရပ်သားဗမာကို အနီးကပ် ဖိနှိပ်တာပိုလို့တောင် ခံရပါသေးတယ်။ ထောင်ကျတာလည်း ဗမာတွေ အများစု၊ သေတော့လည်း ဗမာတွေ အများစုပါပဲ။
စစ်အာဏာရှင်စနစ် လက်အောက်မှာ ဗမာပြည်သူတွေလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရခဲ့ပါဘူး။ စေသည်ကျွန်ထွန်သည့်နွားပါပဲ။ ဒါကြောင့်လည်း တိုင်းရင်းသား ညီအစ်ကိုတွေနဲ့အတူ စုပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်း၊ ဒီမိုကရေစီလမ်းကောင်းပေါ် အတူတူ တိုက်ပွဲဝင်ချီတက်နေကြတယ် မဟုတ်လား။ တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို ကျွန်တော် နားလည်ပါတယ်။ ဗမာတွေကပညာ သင်ကြားရေးကစပြီး လူနေမှုအဆင့်အတန်း ပိုမြင့်တဲ့ အခွင့်အရေးတွေ ခံစားနေကြတာလို့ မြင်နိုင်ပါတယ်။ ဒါတွေဟာ ခေတ်စနစ်အရ ကံကြမ္မာရဲ့ သားကောင်တွေဖြစ်ခဲ့ရတာပါ။ ကယားပြည်နယ် လောပိတက လျှပ်စစ်မီးထုတ်ယူပြီး ကယားပြည်နယ်ကိုတော့ မှောင်ကြီးချခဲ့တာတွေ၊ ရခိုင် ကျောက်ဖြူဒေသက စွမ်းအင်တွေ တရုတ်ကို ရောင်းစားလိုက်ပြီး ရခိုင်ဒေသ မှောင်ကြီးကျနေတာတွေ စသည်ဖြင့် ဒါတွေကို ဗမာပြည်သူအများစုကြီးကလည်း တိုင်းရင်းသားတွေနဲ့ ထပ်တူ မလိုလားကြပါဘူး။
ဒေါက်တာနိုင်အောင်ပြောခဲ့တဲ့ မြန်မာပြည်မြေပုံကြီးကိစ္စကို ရှင်းပြဖို့ လိုလာပါပြီ။ ကိုလိုနီလက်အောက်ရောက်မှ ဒီမြေပုံကြီး ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ကုန်းဘောင်ခေတ်ကို အနီးဆုံးထားပြီး ပြန်ကြည့်ရင် အလောင်းဘုရားခေတ် မြန်မာပြည် မြေပုံဟာ လက်ရှိ မြန်မာပြည်မြေပုံထက် ပိုကြီးပါတယ်။ ပိုပြီးကျယ်ပြန့်ပါတယ်။ အာသံ၊ မဏိပူရ၊ အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်းအထိပါပဲ။ စစ်တိုက်ပြီး နယ်ပယ်ချဲ့ထွင်နိုင်ခဲ့တာကို ဂုဏ်ယူပြောဆိုနေခြင်း မဟုတ်ပါ။ ကိုလိုနီခေတ်မတိုင်မီက မြန်မာပြည် မြေပုံကို မှန်မှန်ကန်ကန် သိစေချင်လို့ တင်ပြလိုက်တာပါ။ (ဘုရင့်နောင်ခေတ် မြန်မာပြည်မြေပုံက အလောင်းဘုရားခေတ်ထက်တောင် ပိုပြီးတော့ ကြီးမားကျယ်ပြန့်ပါသေးတယ်)
ဒေါက်တာနိုင်အောင်က တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ''သူတို့ရဲ့ တိုင်းပြည်ပြန်ရခွင့် ပျောက်ဆုံးနေတယ်၊ ဒါကြောင့်မို့လည်း သူတို့က လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ဖြစ်တယ်''လို့ ဆက်ပြောထားပါတယ်။
သူတို့ရဲ့ တိုင်းပြည် . . .ဆိုတော့ . . .သတိထားပြီး ပြောကြရအောင် တိုင်းရင်းသားတွေက သီးခြားခွဲထွက်ပြီး 'တိုင်းပြည်၊ နိုင်ငံ' တစ်ခုစီအဖြစ် ထူထောင်ဖို့ လုပ်နေတာလား၊ ဥပမာ ကရင်သမ္မတနိုင်ငံဆိုပါစို့၊ ဒီနေ့ အလောင်းဘုရားခေတ် (ပဒေသရာဇ် ခေတ်) က အခြေအနေတွေနဲ့ လုံးဝမတူခြားနားတဲ့ အခြေအနေကို ရောက်နေပါပြီ၊ ကိုလိုနီခေတ် နှစ်ပေါင်းတစ်ရာခန့်၊ လွတ်လပ်ပြီး နှစ်ပေါင်း ၆၀ ကျော်ခန့်၊ ဒီနှစ်ပေါင်း ၂၀၀ နီးပါး ကာလကြီးမှာ တိုင်းရင်းသားလူမျိုးများ သူ့နယ်ကိုယ့်နယ် ရောနှောနေ ထိုင်ရာ ပြည်ထောင်စုကြီး ဖြစ်နေပါပြီ။
ကရင်နဲ့ မွန်၊ မွန်နဲ့ ပအို့ဝ်၊ နယ်မြေတွေ ထိစပ်နေရုံမျှမက မွန်ဒေသမှာ ကရင်ရှိသလို ကရင်နယ်မှာလည်း မွန်နဲ့ ပအို့ဝ်ကို တွေ့ရမှာပါပဲ။ ရှမ်း နဲ့ ကချင်၊ ရှမ်းနဲ့ဝ၊ ကိုးကန့်ဆိုတာက ပါလာသေး။ ချင်းမှာလည်း ဖလမ်းချင်းနဲ့ တီးတိန်ချင်း မတူပြန်ဘူး။ ဗမာတွေကလည်း ၀န်ထမ်းတွေရော စီးပွားဝမ်းစာရှာသူတွေရော ရေကြည်ရာ မြက်နုဆိုသလို တိုင်းရင်းသားဒေသတွေမှာ အခြေချနေပြီး ဖြစ်နေပြီ။ ရန်ကုန်ကို ဘယ်လိုပြောမလဲ၊ ရန်ကုန်ဆိုတာ ရှေးတုန်းက မွန်တို့ရဲ့ ဒဂုန်ပဲ။ မွန်တိုင်းပြည် မွန်နိုင်ငံ ထူထောင်မယ်ဆိုပြီး ရန်ကုန်က ဗမာတွေကို နှင်ထုတ်လို့ ဖြစ်နိုင်ပါတော့မလား။
ဒီနေ့ ကရင်ပြည်နယ်တစ်ခုတည်းကိုပဲ ကြည့်လိုက်ပါဦးတော့။ ဒီကေဘီအေရယ်၊ ကေအင်ယူရယ်၊ အခြားသော လက်နက်ကိုင် ကရင်အဖွဲ့တွေရယ် သီးခြားစီသူ့နယ်ကိုယ့်နယ် ဖြစ်နေကြတယ် မဟုတ်လား။ တစ်ပြည်ထောင်စီ ခွဲထုတ်လိုက်လို့ ကတော့ ဖြစ်လိုက်မယ့် ပြဿနာတွေ လက်နက်ကိုင် ပဋိပက္ခတွေ၊ မီးခိုးမဆုံး မိုးမဆုံး ဖြစ်လိုက်မယ့် စစ်ပွဲတွေ၊ ငြိမ်းချမ်းရေးစကား ပြောချိန်တောင်ရတော့မှာ မဟုတ်ဘူး။
ဒီလို စစ်မီးတောက်လောင်ပြာကျမယ့်အရေးကို တိုင်းရင်းသားတွေကလည်း မလိုလားပါဘူး။ ဒါကြောင့် 'တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်'ကိုပဲ တောင်းဆိုနေကြတာပါ။ ဒါက တရားမျှတတဲ့ တောင်းဆိုမှုပါ။ ဗမာပြည်ကို အင်္ဂလိပ်ကလာပြီး အုပ်ချုပ်တာ မကြိုက်ရင် ဗမာကလည်း ရှမ်း၊ ကချင်၊ ကရင် စတဲ့တိုင်းရင်းသားတွေအပေါ် လွှမ်းမိုးအုပ်ချုပ်ဖို့ မကြိုးစာသင့်ပါဘူး။ ရပ်ရွာထဲက အိမ်ထောင်စု တစ်ခုချင်းမှာတောင်(ဆွေမျိုးအရင်းချာမှာတောင်) သူ့အိမ်တွင်းရေး ကိုယ်က သြဇာဝင်ပေးတာမျိုး မသင့် တော့ပေဘူး။ သူကျေနပ် လက်ခံသလောက်သာ အကြံဉာဏ်ပေး ကူညီတာမျိုး ဖြစ်ရမယ်။
အခု ကျွန်တော်တင်ပြခဲ့တာတွေက တိုင်းရင်းသားအရေးနဲ့ ပတ်သက်လာရင် ရှေးပဝေသဏီ ဘုရင်ခေတ်၊ ပဒေသရာဇ်ခေတ်တွေကတည်းက အတူတကွ နေထိုင်လာကြတဲ့ ပြည်ထောင်စုသားတွေအတွက် ပြောခဲ့တာပါ။ သေချာတာကတော့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာ မပါဘူးဆိုတာပါပဲ။ ဒေါက်တာနိုင်အောင်ကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒီလိုပြောဆိုထားပါတယ်။
''ကျွန်တော်တို့ မြန်မာပြည် အတိုင်းအတာနဲ့ ပြောမယ်ဆိုရင်သူတို့က ပြည်နယ်တောင်းပိုင်ခွင့် ရှိတယ်၊ ရခိုင်၊ ကချင်၊ မွန်၊ ရှမ်း၊ ကရင် ရှိသလိုပေါ့''(ရှေးကတည်းက ရှိခဲ့တယ်ဆိုရင် ပြည်နယ်ပိုင်ဆိုင်ခွင့်ရှိတယ်တဲ့)
''အဲဒီမှာ ရှင်းရမှာက ဘာလဲဆိုတော့ အခု ရိုဟင်ဂျာလို့ ပြောနေတဲ့ လူမျိုးတွေက ကျွန်တော်တို့ မြန်မာတွေ၊ ရခိုင်တွေလို အဲဒီကာလကတည်းက အခြေစိုက် နေထိုင်ခဲ့ကြတာမျိုးဆိုရင်သမိုင်းကိစ္စ ကျွန်တော်နားမလည်ဘူး။ အဲဒီလိုမျိုးရှိတယ်ဆိုရင် သူတို့လည်း ပြည်နယ်တောင်းပိုင်ခွင့် ရှိတယ်''(၁၀-၉-၁၂ထုတ် Messenger ဂျာနယ်မှ)
သမိုင်းကိစ္စ နားမလည်ရင် ရိုဟင်ဂျာအရေး ဆွေးနွေးတောင်းဆိုပိုင်ခွင့် လုံးဝမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့ စကားလုံး စတင်ပေါ်ပေါက် လာတာတောင် သမိုင်းခေတ်တွေနဲ့ပြောရင် ဘာမှမကြာသေးပါဘူး။ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၀ ရက်ထုတ် ဂါဒီယန်သတင်းစာ(The Guardian) မှာ ပါလီမန်အမတ် မစ္စတာဂါဖားရ်က သူတို့ကို ဘင်္ဂါလီလို့ခေါ်ရင် တစ်ဖက်နိုင်ငံက ပြေးလာသူတွေမှန်း သိသွားမှာစိုးလို့ 'ရိုဟင်ဂျာ'လို့ တီထွင် သုံးနှုန်းလိုက်တာပါ။ ရိုဟင်ဂျာလို့ မခေါ်မီ သူတို့ကိုယ်သူတို့ (မူဂျာဟစ် = ဘာသာရေး သူရဲကောင်း) လို့ ခေါ်ဆိုခဲ့ပါတယ်။ လူမျိုးရေးဘာသာရေး အသွင်ဖန်တီးခဲ့တာ သူတို့ဘက် စခဲ့တာပါ။ ပြဿနာအားလုံးရဲ့ အရာရာကို သူတို့ဘက်ကပဲ စခဲ့တာပါ။ ဒီနေ့ ရခိုင်ရိုဟင်ဂျာအရေး မပေါ်ပေါက်မီကပင် ၂၁ မတ် ၂၀၀၉ ခုနှစ် နေ့စွဲနဲ့ သမိုင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက 'ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေး လှုပ်ရှားမှု အဆင့်ဆင့်' ဆိုတဲ့စာတမ်းကို ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ (ထိုစာတမ်းကို မိတ္တူများစွာပွား၍ လက်ဆင့်ကမ်း ဖတ်မှတ်လေ့လာနေကြပေပြီ)
စာတမ်းရဲ့ အနှစ်ချုပ်ကတော့ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မဟုတ်၊ အင်္ဂလိပ် ကိုလိုနီခေတ်ဦးက ပင်လယ်ယာလုပ်ကိုင်ဖို့ ရောက်လာရင်း ပွားများလာကာ ၁၉၁၁ ခုမှာပင် စစ်တွေခရိုင်ရဲ့ လူဦးရေ ၇၇% မှာ ဘင်္ဂါလီရိုဟင်ဂျာများဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလိပ်တွေ သွေးထိုးပေးခဲ့တဲ့အတွက် ၁၉၄၂ ခုနှစ်မှာ အကြီးမားဆုံး အဓိကရုဏ်းကြီးဖြစ်ခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှာ ရခိုင်ရွာတွေ မီးရှို့ခံရပြီး ရခိုင်လူမျိုးနှစ်သောင်းခန့် သေဆုံးခဲ့ရပါတယ်။ ရိုဟင်ဂျာတို့၏ ရည်ရွယ်ချက်သည် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် အနောက်ဘက်ခြမ်း တစ်ခုလုံးကို Arkistan အာကစ္စတန်အမည်ဖြင့် နိုင်ငံတစ်ခု ထူထောင်ရန် ဖြစ်သည်လို့ ဆရာဦးမြင့်သိန်းက တင်ပြထားပါတယ်။ လူ့အခွင့်အရေး အမည်ခံပြီး တိုင်းရင်း သားမဟုတ်ဘဲ ပြည်နယ်တောင်းခြင်း၊ နိုင်ငံထူထောင်ဖို့ ကြိုးစားခြင်းများဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာတာပဲ ဖြစ်ပါတယ်။
ဒေါက်တာ နိုင်အောင်တို့ မိုးသီးဇွန်တို့က ထိုင်းမှာလည်း ဗမာတွေ ငါးသန်းလောက်လာပြီး အလုပ်လုပ် နေတာပဲတဲ့။ ဟုတ်ကဲ့ အဲဒီဗမာငါးသန်းက ယိုးဒယားမှာ ပြည်နယ် မတောင်းပါ။ ရိုဟင်ဂျာတွေက ဘူးသီးတောင်၊ မောင်တောကို လွှမ်းမိုးထားသလို မဲဆောက်ကို အပိုင်ကြံဖို့ စိတ်နဲ့တောင် မပြစ်မှားပါ။ ယိုးဒယားရွာတွေကို မီးမရှို့ပါ။ ယိုးဒယားတွေကို မသတ်ပါ။ လုပ်ခလစာ မှန်မှန်ရဖို့တောင် ရုန်းကန်နေရရှာတဲ့ ရွှေဗမာတွေပါ။ လူ့အခွင့်အရေးဆိုတဲ့ စကားတစ်လုံး ပြောတတ်ရုံနဲ့ မြန်မာပြည်ရဲ့ တိုင်းရင်းသားအရေး၊ 
ငြိမ်းချမ်းရေးနဲ့ ရိုဟင်ဂျာအရေးတွေကို ဘယ်လိုပါဝင်ဖြေရှင်းမှာလဲလို့ မေးလိုက်ချင်ပါတယ်။

ဘကြီးသက်
Unknown at 11:54 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံတကာက လက်ခံနိုင်သော ဖြေရှင်းချက်မျိုးဖြစ်အောင် ကြိုးပမ်းမည်ဟု ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြောကြား





ရခိုင်ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတကာကပါ လက်ခံနိုင်သော ဖြေရှင်းချက်မျိုးဖြစ်အောင် ကြိုးပမ်းသွားမည်ဟု ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ယခုလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ရခိုင်ပြည်နယ်၌ မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ စုံစမ်းရန် စက်တင်ဘာလ ၇ ရက်နေ့မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ် နေရာအနှံ့အပြားသို့ သွားရောက်ခဲ့ပြီး မျက်မြင်သက်သေများ အပါအဝင် နှစ်ဖက်ဒေသခံ ပြည်သူများ တွေ့ဆုံကာ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ ဓမ္မဓိဋ္ဌာန်ကျကျ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်။ တတ်နိုင်သမျှ အမှန်တရား ဖော်ထုတ်ပြီး လောလောဆယ် ပြဿနာတွေကို တည်ငြိမ်အောင် လုပ်ရမယ်။ နိုင်ငံ့အကျိုးစီးပွားကို ဦးထိပ်ထားပြီး နိုင်ငံတကာက လက်ခံနိုင်တဲ့ အဖြေရှာမယ်။ အများလက်ခံနိုင်တဲ့ အဖြေမျိုးဖြစ်အောင် ကြိုးစားသွားမယ်” ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမျိုးမြင့်က ပြောသည်။ ကော်မရှင်အနေဖြင့် ဒေသခံများအား မေးမြန်းရာတွင် လွတ်လပ်စွာ သီးခြားတွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပြီး ၎င်းတို့၏ ဆန္ဒများ၊ ခံစားချက်များ၊ စိုးရိမ်ပူပန်မှုများကို သိခွင့်ရခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အမေရိကန်သံရုံး၏ ယခုလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူ့အဖွဲ့အစည်း နှစ်ခုစလုံးတွင် ကြီးမားသော ထိခိုက်မှုများရှိနေပြီး လူသားချင်း စာနာထောက်ပံ့ရေး အခြေအနေမှာ စိုးရိမ်စရာ ကောင်းဆဲပင် ဖြစ်သည်ဟူသော ဖော်ပြချက်မှာလည်း ချဲ့ကားပြောဆိုခြင်းပင် ဖြစ်ကြောင်း ကော်မရှင်က ပြောသည်။ “ဒဲရစ်မစ်ချယ် ရောက်တဲ့နေရာမှာ ကျွန်တော်တို့လည်း ရှိတယ်။ တချို့ဆို တော်တော် စိတ်မကောင်းဘူး။ တစ်ဖက်စကားပဲ နားထောင်တယ်။ သူတို့ ဘယ်လိုရေးလည်းတော့ မသိဘူး။ ကျွန်တော်တို့ကတော့ လုပ်ရမယ့် အလုပ်အတိုင်း လုပ်တယ်၊ မေးတယ်။ နှစ်ဖက်စကား နားထောင်တယ်။ အဆိုပါ ခုနစ်ရက်တာ ခရီးစဉ်မှာ ကော်မရှင်၏ ပဏာမစုံစမ်းရေး ခရီးစဉ်ဖြစ်ပြီး အသေးစိတ် အချက်အလက်များ ဆက်လက်ကောက်ယူရန် သုတေသနအဖွဲ့ ဖွဲ့စည်းကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကော်မရှင်သည် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအား နိုင်ငံတော်သမ္မတထံသို့ နိုဝင်ဘာလ ၁၆ ရက်နေ့အရောက် တိုက်ရိုက် အစီရင်ခံ တင်ပြရမည်ဖြစ်သည်။ “၁၆ ရက်နေ့ ပြီးချင်မှ ပြီးမယ်။ အချိန်ယူရမယ့် သဘောရှိတယ်။ ဒါက နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပြဿနာဆိုတော့ သိပ်မလွယ်ဘူး။ တစ်ဖက်မှာလည်း စောင့်နေကြတဲ့သူတွေရှိတော့ အတတ်နိုင်ဆုံး အမြန်ဆုံးနဲ့ အမှန်ဆုံးဖြစ်အောင်   ဆောင်ရွက်ရမှာပါ” ဟု ဒေါက်တာမျိုးမြင့်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘကြီးသက်
Unknown at 10:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ပရောက် မြန်မာတွေ ညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြ ပည်ပရောက် မြန်မာတွေ ညီညွတ်ကြဖို့  ၀ါရှင်တန် ဒီစီ  မြန်မာ မိသားစုများ တွေဆုံပွဲမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မြန်မာမိသားစုတွေ မေးမြန်းထားတဲ့ မေးခွန်း အများစုမှာတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပါတ်သတ်တဲ့
မေးခွန်း အများဖြစ်နေတာတွေ့ ရပါတယ်။ မေးခွန်းတွေ အားလုံးကို ဖြေကြားသလောက်ဖြစ်သွားပြီ
မကြာခင် မိနစ်ပိုင်း အတွင်းမှာ တွေ့ ဆုံပွဲ အောင်မြင်စွာ ပြီးဆုံးတော့မှာပါ။

ကျမတို့ နိုင်ငံကို ပြန်လည် ဆောက်တည်တဲ့ နေရာမှာ တက်နိုင်သမျှ ကူညီကြပါ။ ညီညွတ်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ပြောကြားခဲ့ပြီး အခုအချိန်မှာ တွေ့ ဆုံပွဲ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။



ဘကြီးသက်
Unknown at 10:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာလူငယ်များကြား စိတ်ကြွဆေးသုံးစွဲမှုမြင့်တက်


မြန်မာလူငယ်များအတွင်း စိတ်ကြွဆေးသုံးစွဲမှု မြင့်မားလာနေပါသည်။
ခံစားနေရသည့် စိတ်ဖိစီးမှုများ ပြေပျောက်ရန်၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ချက် မြင့်တက်စေရန်၊ အလုပ်လုပ်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားစေရန်၊ နိုက်ကလပ်များတွင် ပိုမိုပျော်ပါးနိုင်ရန်၊ သူငယ်ချင်းများ အညွှန်းကောင်းသည့်အတွက် စမ်းသပ်ရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် လူငယ်ထုအတွင်း စိတ်ကြွဆေးအမျိုးမျိုး သုံးစွဲမှုမြင့်တက်နေခြင်းဖြစ်သည်။

Methampetamine (မီသမ်ဖီတာမင်း)ဟုခေါ်သည့် စိတ်ကြွဆေးသုံးသော အသက်အရွယ်သည် များသောအားဖြင့် အသက် ၁၈ နှစ်ဝန်းကျင်မှ ၃၅ နှစ်ခန့်အထိ များပြားလေ့ရှိပြီး အချို့စိတ်ကြွစေသော ဆေးဝါးများ အသုံးပြုသည့် အသက်အရွယ်သည် ၁၅ နှစ်ဝန်းကျင်ခန့်လည်း ဖြစ်လေ့ရှိကြောင်း HIV ကာကွယ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ အရာရှိတစ်ဦးက ပြောသည်။

ဘိန်းကဲ့သို့ ဈေးမကြီးဘဲ နေရာအချို့တွင် အလွယ်တကူ ရရှိနိုင်ခြင်း၊ တစ်ပိုင်တစ်နိုင် လွယ်လွယ်ကူကူ ဆေးထုတ်လုပ်နိုင်ခြင်း၊ ဈေးနှုန်းသင့်တင့်သည့်အတွက် လူတိုင်းလက်လှမ်းမီခြင်း၊ ဘိန်းကဲ့သို့ အဖမ်းအဆီး မပြင်းထန်ခြင်း စသည့် အကြောင်းအရင်း များစွာက ယခင် နယ်စပ်ဒေသများတွင်သာ အသုံးတွင်ကျယ်သည့် အခြေအနေမှ မြို့ကြီးများရှိ လူငယ်ထုများကြား စိတ်ကြွဆေးသုံးစွဲမှု တဖြည်းဖြည်း ပိုမိုမြင့်မားလာသည်။

ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ်လည်း သတ်မှတ်ခံရသည့် မြန်မာနိုင်ငံတွင် စိတ်ကြွဆေး ထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ဓာတုပစ္စည်းများမှာ ပြည်တွင်းတွင်မရှိဘဲ ထိုပစ္စည်းများအား အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်လျက်ရှိကြောင်း မူးယစ်ဗဟိုမှ ထုတ်ပြန်ချက်များအရ သိရသည်။

စိတ်ကြွဆေး ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပါဝင်သည့် ဆူဒိုအက်ဖတမင်း ပါဝင်သော အိမ်သုံးဆေးဝါးများ ဖမ်းဆီးရမိမှု အနေဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ပေါက်များမှ အများဆုံး ဖမ်းဆီးရမိသည်ကို တွေ့ရှိရသည်။ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ဖမ်းဆီးရမှုမှာ အိန္ဒိယပြီးလျှင် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။ အာရှနှင့် ပစိဖိတ်ဒေသတို့တွင် သုံးစွဲမှုအများဆုံးဖြစ်သည့် မီသမ်ဖီတာမင်းဆေးဝါး ထုတ်လုပ်ရာ အဓိကနိုင်ငံများတွင်လည်း မြန်မာပါဝင်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။

စိတ်ကြွဆေးသည် ဗဟိုအာရုံကြော အဖွဲ့အစည်းကို နှိုးဆွခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ပေးသည်။ ထိုဆေးများ၏ စွဲမက်စရာ အာနိသင်များမှာ ဆေးသုံးစွဲထားသူအား တက်ကြွခြင်း၊ နိုးကြားထက်သန်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိခြင်း၊ သန်စွမ်းကြံ့ခိုင်ခြင်း စသည်တို့ကို ခံစားမိစေသည့်အတွက် သဘောကျ နှစ်သက်ကြခြင်းဖြစ်သည်။

သုတေသနများအရ လူများစုသည် အပျော်သဘော၊ ညနေချမ်း၊ ညချမ်းစိတ်ဖြေဖျောက်ရန်၊ မိတ်ဆွေများနှင့်အတူ အပန်းဖြေရန်တို့ဖြစ်ပြီး အချို့သူများမှာ မိမိတို့ အလုပ်ကို ပိုမိုပြင်းပြင်းထန်ထန်၊ အချိန်ကြာရှည်စွာ ပြုလုပ်နိုင်ရန် ခွန်အားရယူလိုခြင်းဖြစ်ပြီး အခြားအကြောင်းများကြောင့် ဖြစ်သည့်အတွက် ငွေကြေးချမ်းသာသည့် အသိုင်းအ၀ိုင်းမှ လူငယ်များလည်း အသုံးပြုမှု များပြားကြကြောင်း ဘားနက်အင်စတီကျူဒ်မှ ထုတ်ဝေသည့် လက်ကမ်းစာစဉ်တွင် ဖော်ပြထားသည်။

“စိတ်ကြွဆေးဆိုတာ ၀ယ်ရတာ အရမ်းလွယ်တယ်။ တက္ကသိုလ်တက်ရင်းနဲ့ သုံးဖြစ်တာ ခြောက်နှစ်လောက် စွဲသွားတယ်။ စိတ်ကြွဆေးက သုံးထားတဲ့အချိန်ဆိုရင် စိတ်က အရမ်းကြည်လင်နေတယ်။ တိမ်တွေပေါ် လမ်းလျှောက်နေရသလိုပဲ။ အလုပ်တစ်ခုခု လုပ်ပြီဆိုရင်လည်း တစ်စိုက်မတ်မတ်ပဲ လုပ်နိုင်တယ်။ ဒါပေမဲ့ မသုံးရတဲ့ အချိန်မှာတော့ “ယဉ်းကိုက်” တယ်လို့ ခေါ်တယ်။ စိတ်မငြိမ်ဘူး၊ ရင်ဘတ်ထဲမှာ ယားသလို ခံစားရတယ်။ ရင်ပူတာတွေ ဖြစ်တယ်။ ရန်ကုန်မှာ အလုပ်လာလုပ်မှ ဆေးပြတ်သွားတာ။ ဒီမှာကတော့ လုပ်လို့မရဘူး။ အဖမ်းခံရမယ်လေ”ဟု လက်ရှိ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေပြီး ရှမ်းပြည်နယ်မှ ပြောင်းရွှေ့လာသည့် ဆေးသုံးစွဲဖူးသူ အမျိုးသားတစ်ဦးကပြောသည်။

စွဲမက်စရာ မကောင်းလှသော ရုပ်ပိုင်းဆိုင်ရာ ယာယီအကျိုးသက်ရောက်မှုများမှာ ပြောနေ၊ စဉ်းစားနေသော အကြောင်းအရာများ ရုတ်တရက် ပြောင်းလဲသွားခြင်း (ထို့ကြောင့် ဆေးသုံးသူ ပြောပုံ၊ စဉ်းစားပုံကို နားလည်နိုင်ရန် မလွယ်ကူစေပါ) ၊ ကြောက်စိတ်မွှန်ခြင်း၊ စိတ်သောကရောက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ ခံတွင်းခြောက်ခြင်း၊ မူးဝေခြင်း၊ ရန်လိုခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ ဖျားနာ၍မဟုတ်ဘဲ လွန်လွန်မင်းမင်း ကိုယ်အပူချိန်တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း လက္ခဏာများအား အက်ဖီတမင်း ခန္ဓာကိုယ်ထဲ ရှိနေသည့်အချိန်တွင် ခံစားရနိုင်ကြောင်း သိရသည်။

စိတ်ကြွဆေး၏ အကျိုးအာနိသင်သည် ဦးနှောက်ဖွဲ့စည်းပုံအား ထိခိုက်သဖြင့် ဆေးကု၍ မရတော့သည်အထိ ရူးသွားခြင်းပင်ဖြစ်သည်။ အနောက်နိုင်ငံများတွင် ဘိန်းထက် အသုံးများသည့် ဆေးဝါးဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ၌ ဂျပန်၊ ကိုရီးယားနိုင်ငံများတွင် သုံးစွဲမှု များပြားပြီး မြန်မာနိုင်ငံတွင် လက်ရှိ ဘိန်းအသုံးပြုမှု များပြားနေသော်လည်း ဖမ်းမိသည့် စာရင်းများနှင့် စိတ်ရောဂါကု ဆေးရုံများသို့ စိတ်ကြွဆေးသုံးစွဲပြီး ရောက်လာကြသော လူနာစာရင်းများအရ တဖြည်းဖြည်း လူငယ်ထုအတွင်း သုံးစွဲမှုများပြားလာကြောင်း သိနိုင်သည့် အချက်များပင်ဖြစ်ကြောင်း HIV နှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်နေသော ထိုအဆင့်မြင့်အရာရှိက ဆက်လက်ပြောသည်။

အုပ်ချုပ်မှုဒေသ ၁၇ ခု ရှိသည့်အထဲ ၁၆ နေရာတွင် ဖမ်းမိသည့် သတင်းများ ရှိနေသည့်အတွက် ယင်းမှာ နိုင်ငံတစ်ဝန်းလုံး စိတ်ကြွဆေးများ ရနေခြင်းကို မီးမောင်းထိုးပြထားခြင်းပင် ဖြစ်သည်။ သို့သော် အများစုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းများရှိ ထုတ်လုပ်မှုဇုန်များနှင့် နီးစပ်သည့် နေရာများတွင် ပိုမိုဖမ်းမိကြောင်း UNODC ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းနှင့်ဆက်စပ်သည့် ဆေးဝါးများ ထုတ်လုပ်နေသည့် နေရာများတွင် အသုံးပြုမှုမှာ ယခင်ကတည်းက များပြားနေသော်လည်း ယခုနှစ်များအတွင်း ရန်ကုန်၊ မန္တလေး အထူးသဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာများသို့ပါ အသုံးပြုမှု များပြားလာကြောင်း အဆင့်မြင့်အရာရှိက ပြောသည်။

“၂၀၀၀ ၀န်းကျင်လောက်က လုပ်ခဲ့တဲ့ သုတေသနအချို့အရ စိတ်ကြွဆေးသုံးစွဲမှုမရှိဘဲ ဒိုင်ယာစီဗင်လောက်ကိုသာ အနည်းငယ် စမ်းသပ်သုံးစွဲတာကို တွေ့ရှိရတယ်”ဟု မူးယစ်ဗဟိုရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စိတ်ကြွဆေးက ဘိန်းလိုမျိုး မစွဲဘူး။ အန္တရာယ်လည်း မကြီးမားပါဘူးဆိုပြီး သုံးကြတယ်။ ဒါပေမဲ့ တွေ့ဖူးတဲ့ လူနာတွေထဲမှာဆိုရင် တစ်ခါလောက်သုံးပြီး စိတ်ဖောက်ပြန်သွားလို့ ရောက်လာတဲ့ လူနာတွေလည်း ရှိတယ်။ သူက ဆေးပြတ်သွားရင် ဘိန်းလို ခန္ဓာကိုယ်က တောင့်တပြီး ယင်းထတာမျိုး မရှိတဲ့အတွက် ဘိန်းလိုမစွဲဘူးလို့ ပြောကြပေမယ့် စိတ်ကစွဲလမ်းမှုတော့ ရှိတယ်။ နယ်ဘက်ဆိုရင် စိတ်ဖောက်ပြန်ပြီး ရောက်လာလို့ လူနာနောက်ကြောင်းရာဇ၀င်ကို မေးလိုက်ရင် အများစုက ဆေးချထားလို့ စိတ်ဖောက်ပြန်တာပဲ”ဟု ကရင်ပြည်နယ်အတွင်း လက်ရှိ တာဝန်ထမ်းဆောင်နေသည့် စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးကပြောသည်။

“တချို့ကလပ်တွေမှာလည်း လွယ်လွယ်ဝယ်နိုင်တယ်။ နမူနာ လိုက်ဝေနေတာတွေတောင် ရှိတယ်လို့ ကြားမိတယ်။ ပျော်ချင်ပါးချင်တဲ့ အထက်တန်းလွှာက သူတွေလည်း အများအပြား သုံးစွဲကြတဲ့အခါ စိတ်ကြွဆေးသုံးတဲ့သူတွေက မြုပ်နေတယ်”ဟု အဆင့်မြင့်အရာရှိက ပြောသည်။

စိတ်ကြွဆေး ရောင်းဝယ်ဖောက်ကားမှုများအား ဥပဒေပြဋ္ဌာန်းချက်များအရ ဘိန်းရောင်းဝယ်မှုများကဲ့သို့ အပြစ်ဒဏ် ပေးနိုင်သော်လည်း စိတ်ကြွဆေး သုံးစွဲထားသူများအား ဥပဒေအရ အရေးယူ အပြစ်ဒဏ်ပေးခြင်း မရှိပေ။

“လက်ရှိ ကျင့်သုံးနေတဲ့ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲသူအနေနဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဆေးကုဌာနများ (သို့မဟုတ်) ဆေးကုဂေဟာများမှာ တရားဝင်သွားရောက် မှတ်ပုံတင်ပြီး ဆေးကုသမှု ခံယူရမယ်။ အဲဒါကို ပျက်ကွက်ရင်တော့ အရေးယူ အပြစ်ပေးခံရမယ်”ဟု မူးယစ်ဗဟိုမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးများ ရောင်းဝယ်ဖောက်ကားခြင်းများအား အမြဲမပြတ် စောင့်ကြည့်ပြီး တားဆီးနှိမ်နင်းရေး အဖွဲ့များမှာလည်း ထိရောက်စွာ အရေးယူလျက်ရှိသည်။ စိတ်ကြွဆေးအန္တရာယ်အား ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ပိုမိုပညာပေးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဗဟိုမှ သိရသည်။

ချောင်းဆိုးပျောက်ဆေး အချို့အား စိတ်ကြွဆေးအဖြစ် အသုံးပြုမှု များပြားသည့်အတွက် ဆေးဆိုင်များတွင် ချောင်းဆိုးပျောက်ဆေးရည်များ ရောင်းဝယ်မှု ပိတ်ပင်ထားသော်လည်း အချို့သော နေရာများတွင် ဘိန်းမည်းအား အရည်ဖျော်ပြီး ချောင်းဆိုးပျောက်ဆေးများနှင့် တွဲဖက်သုံးစွဲခြင်း၊ နေရာဒေသအလိုက် ဆေးအမျိုးမျိုးစပ်၍ သုံးစွဲခြင်းများလည်းရှိကြောင်း သိရသည်။

ပြည်တွင်းတွင် စိတ်ကြွဆေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိမှုသေချာသော ကိန်းဂဏန်းလည်း မရှိသေးသည့်အတွက် နိုင်ငံတကာမှ ထောက်ပံ့သည့် ငွေကြေးများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့များမှလည်း စိတ်ကြွဆေးနှင့် ပတ်သက်သည့် ပညာပေး၊ ကာကွယ်၊ ကုသမှုများ ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများလည်း မရှိသေးကြောင်း သိရသည်။

စိတ်ကြွဆေးသည် ထုတ်လုပ်သည့် စက်ပစ္စည်းရှိလျှင်ပင် မိသားစုစီးပွားရေးအနေဖြင့် ထုတ်လုပ်နိုင်သည့် အခြေအနေရှိပြီး အမြတ်အစွန်းများစွာ ရသည့်အတွက် ယခင်ကဲ့သို့ တစ်ဦးတည်း အများအပြားထုတ်လုပ် ဖြန့်ချိခြင်းထက် လူအများမှ အနည်းငယ်ဆီ ထုတ်လုပ်လာသည့်အတွက် ထုတ်လုပ်မှုပမာဏမှာလည်း တိုးမြင့်လာပြီး သုံးစွဲမှုများလည်း များပြားလာခြင်းဖြစ်ကြောင်း ပညာရှင်များမှ သုံးသပ်ပြောကြားသည်။

“ဒါပေမဲ့ အခုတော့ သုံးစွဲမှုက များလာတော့ တဖြည်းဖြည်းနဲ့ အဖွဲ့အစည်းတွေကလည်း ပြောလာကြပြီ။ နိုင်ငံတကာရဲ့ အတွေ့အကြုံတွေလည်း လေ့လာနေကြပါပြီ”ဟု အဆင့်မြင့်အရာရှိက ပြောသည်။

By 7Day News Journal
http://myanmarnewsformyanmar.blogspot.com/2012/09/blog-post_4153.html မှ ...

ဘကြီးသက်
Unknown at 10:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စကားပြောခွင့် ရှိတယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်စရာ အကြောင်း မရှိပါဘူး


“တကျွန်းစံ၏ အပြန်လမ်း” တနင်္လာနေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် KIA အထူးကွန်မန်ဒို တပ်ဖွဲ့မှူး လဖိုင်ဇော်ဆိုင်း အား ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က သုခ စေတနာ အခမဲ့ဆေးခန်းတွင် ကျန်းမာရေး စစ်ဆေးပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
(တိုင်းမှူးအား လုပ်ကြံခဲ့သူ KIA မြို့ပြကွန်မန်ဒို လဖိုင်ဇော်ဆိုင်း နှင့် အင်တာဗျူး)

လွန်ခဲ့သည့် ၁၉၈၅ ခုနှစ်က မြစ်ကြီးနားမြိ့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် လဇွမ် ခါန်ဖန် ဂေါက်ကွင်းမှ အပြန်တွင် ယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ် KIA ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင် လေးဦးက စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် မပခ တိုင်းမှူး လဇွမ် ခွန်ဖန် နှင့် ကိုယ်ရေးအရာရှိတို့ ကျဆုံးခဲ့ရသည်။ ဗိုလ်မှူးချုပ် လဇွမ်ခွန်ဖန်မှာ အဆိုတော် L ခွန်းရီ၏ ဖခင်ဖြစ်သည်။

ထိုလုပ်ကြံတိုက်ခိုက်မှုတွင် ဖမ်းဆီးခံခဲ့ရသည့် KIA ကွန်မန်ဒို အထူးတပ်ဖွဲ့မှူး လဖိုင် ဇော်ဆိုင်း မှာ သေဒဏ်ချ မှတ်ခံခဲ့ရသည်။

အကျဉ်းထောင်တွင်းတွင် ၂၇ နှစ်နီးပါး ကျခံခဲ့ရပြီးနောက် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် တနင်္လာနေ့က
မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော အသက် ၄၉ နှစ် အရွယ်ရှိ ဦးလဖိုင်ဇော်ဆိုင်း ကို ထိုစဉ်က အဖြစ်အပျက်များနှင့် လက်ရှိအခြေအနေအပေါ် သဘောထားများကို သိရှိနိုင်ရန်အတွက် မဇ္ဈိမ သတင်းထောက် ဖနိဒါ က ဆက်သွယ်မေးမြန်းထားသည်။


လွတ်မြောက်လာပြီး ကျန်းမာရေး အခြေအနေကော။

ဖြေ။   ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျနော် ခုချိန်ထိ ကျန်းမာရေး ကောင်းပါတယ်။

ဘာကြောင့် ဖမ်းဆီးခံရတာလဲ။

ဖြေ။   ။ တိုင်းမှူး လဇွမ်ခွန်ဖန်ကို ကျနော် ပစ်သတ်ခဲ့တဲ့ အမှုကိစ္စကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ ဖြစ်တာက ၁၉၈၄ ခုနှစ် ကတည်းက သူတို့ အစိုးရရဲ့ မြောက်ပိုင်း ကွန်မန်ဒို ဆိုပြီး ပါဂျောင်၊ နဖော့၊ ဂျာပူ၊ ဂန်ဒေါင်ယန် တွေမှာ လေယာဉ်နဲ့ ပစ်ခတ်တယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ ဗဟိုဌာနချုပ်ကို အစိုးရတပ် အားနဲ့အင်နဲ့ ထိုးစစ် ဆင်ထားတယ်။ နောက်ပြီး
မြောက်ပိုင်း ကွန်မန်ဒိုတွေကနေ ကျေးရွာတွေမှာ ဓါးမြတိုက်၊ သူတို့ လုပ်ချင်တာတွေ လုပ်တယ်။ ဒါကြောင့် သူတို့က ကျနော်တို့ နယ်မြေတွေမှာ လုပ်ချင်တာလုပ်နေလို့ သူတို့ကို ကျနော်တို့ ပြန်တိုက်တဲ့ သဘောပဲ။

အဲဒီအချိန်မှာ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မိုင် ဖွဲ့ထားတဲ့ SUG ဆိုတဲ့ Special Urban Guerilla (မြို့ပြ အထူးပြောက်ကျား တပ်)ဆိုတာ ရှိတယ်။ ၁၉၈၅ ခုနှစ်မှာ မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကျနော်တို့ ဝင်စီးတိုက်ခိုက်တာ။ အဲဒီမှာ သုံးပွင့် တဦးလည်း သေတယ်။ အားလုံး လက်နက် ထိမှန်တာ ငါးဦးလောက် ရှိတယ်။ မြောက်ပိုင်းတိုင်းမှူး လဇွမ် ခွန်ဖန်ပါတယ်။ ဒု-တိုင်းမှူး ကျော်သန်းပါတယ်။ တခြားလူတွေ နာမည် မမှတ်မိတော့ဘူး။

မြောက်ပိုင်းတိုင်းမှူး လဇွမ် ခွန်ဖန် ကလည်း ကချင်လူမျိုးတဦးပဲနော်။

ဖြေ။   ။ ကျနော်က ကချင်အချင်းချင်းမို့လို့ ပစ်တာမဟုတ်ဘူး။ သူက အစိုးရဘက်က စစ်ဗိုလ်ဖြစ်လို့ပဲ။ သူ့သား ဦးထွယ်ဝါနဲ့ ကျနော် မန္တလေးထောင်မှာ ဆုံတယ်။ သူ့သားကလည်း ကျနော့်အပေါ် နားလည်တယ်။ ကျနော်တို့
နှစ်ယောက်ကြားမှာ အငြိုးကြီးတွေ မရှိဘူး။ တိုင်းမှူး ခွန်ဖန်က အဲဒီအချိန်မှာ မဆလ စစ်ဗိုလ်ကြီးပဲ။ ဗမာ၊ ကချင် ဆိုပြီး ခွဲခြားလို့ မဟုတ်ဘူး။ ကျနော်တို့ နယ်မြေမှာ လာတိုက်နေတဲ့လူတွေကို ကျနော်တို့ဘက်က ပြန်ပြီး တိုက်ခိုက်တဲ့ သဘောပါပဲ။

ဦးဇော်ဆိုင်းတို့ဘက်က ဘယ်နှစ်ဦး ပါဝင်တိုက်ခိုက်တာလဲ။

ဖြေ။   ။ ကျနော်တို့ လေးယောက်ပါပဲ။ ကျနော်တို့ဘက်က
မြောက်ပိုင်းကွန်မန်ဒိုတွေကနေ ကျေးရွာတွေမှာ ဓါးမြတိုက်၊ သူတို့ လုပ်ချင်တာတွေ လုပ်တယ်။ ဒါကြောင့် သူတို့က ကျနော်တို့ နယ်မြေတွေမှာ လုပ်ချင်တာလုပ်နေလို့ သူတို့ကို ကျနော်တို့
ပြန်တိုက်တဲ့ သဘောပဲ။

ပြောမယ်ဆိုရင် operation (စစ်ဆင်ရေး) ဝင်တာပဲ။ သူတို့ ဘက်က ပြောရင်တော့ လုပ်ကြံတယ်လို့ ပြောမှာပေါ့။ ကျနော်တို့ ပြောမယ်ဆိုရင် စီးနင်းတိုက်ခိုက်တာပါ။ တိုင်းမှူး
တို့က ကားသုံးစီးနဲ့ ဂေါက်ရိုက်ပြီး တိုင်းဌာနချုပ် အပြန် လမ်းမှာ စောင့်ပစ်လိုက်တာ။ ရှေ့ကားက escort
(အစောင့်အကြပ်)၊ အလယ်ကားက တိုင်းမှူး၊
နောက်ဆုံးကားက ဒု-တိုင်းမှူးပါတာ။

ကျနော်တို့က အရပ်သား ဈေးသည် ပုံစံဟန်ဆောင်တယ်။ မြို့လယ်မှာ ဖြစ်လို့ ကျနော်တို့ အရပ်ဝတ်နဲ့ လှမ်းပစ်လိုက် တာ။ ပုဆိုးက ကချင်ပုဆိုးဝတ်ထားတယ်။ခြင်းတောင်းထဲမှာ AK 22 သေနတ် ဖွက်ထားတယ်။ ယဉ်တန်းလာမယ့်
နေရာမှာ ညနေ မိုးချုပ်ခါနီး ၆ နာရီ ၃ မိနစ်ချိန်မှာ အဲဒီကားလမ်းကို ကျနော်တို့ တက်လာတာ မမြင်နိုင်တဲ့အချိန် သူတို့ ရောက်ခါနီးမှာ အဲဒီနေရာမှာ အသင့်နေရာယူထားပြီ။

အဲဒီကားလမ်းနဘေးမှာ မီးကင်းရှိတယ်။ မီးကင်းကနေ တချို့ထွက်လာတယ်။ တချို့က ကုက္ကိုပင် အနောက်ကနေ ထွက်လာပြီး ပထမဆုံး ပစ်လိုက်တာ။ နောက်တော့ အချင်းချင်း ပစ်ခတ်ကြတယ်။ တကယ့် Profesional လိုတော့ မဟုတ်ဘူး။ လိုအပ်ချက်ကြောင့် ကိုယ်တတ်နိုင်သလောက် လုပ်တဲ့သဘောပါ။

ကျနော်တို့ထဲက သုံးယောက်က လွတ်မြောက်သွားတယ်။ ကျနော်က ကျနော့် သူငယ်ချင်းကို ပြန်လိုက်ရှာရင်း ဖမ်းခံရ တာ။ ကျနော်တို့ အချင်းချင်း ပြန်ရှာတဲ့အချိန်မှာ ဖမ်းဆီးခံရတာပါ။ ကျနော်က အဲဒီအချိန် အသက် ၂၂ နှစ်ပါ။ ၁ဝ တန်း အပြင်ဖြေနေရင်း တာဝန်ထမ်းဆောင် အလုပ်လုပ်နေတယ်။ ကျနော်တို့ ကချင်တွေက အဲဒီအချိန် ကတည်း ကနေ ဒီနေ့ထိ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့လုပ်ငန်းကို ထမ်းဆောင်နေကြတာပဲ။

ဘယ်လို ပုဒ်မတွေနဲ့ ကျခံရတာလဲ။

ဖြေ။   ။ ပုဒ်မကတော့ ၁၇(၁)၊ ၁၇(၂)၊ ၁၉(စ)၊ ၃ဝ၂ အပိုဒ် ၁/၃၄ တွေနဲ့ သေဒဏ်နဲ့ ၂၄ နှစ် ကျခံရတာပါ။ အဲဒီ
နောက် ၄/၈၉ အရ တသက်တကျွန်း ပြောင်းလိုက်တယ်။ အကျဉ်း ထောင်ထဲမှာ ၂၆ နှစ်နဲ့ ၁ဝ လ နေခဲ့တယ်။ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ၂၇ နှစ် ပြည့်မယ်။

ကိုဇော်ဆိုင်းအနေနဲ့ တကယ်ပဲ အပြစ်ရှိတယ်လို့ ယူဆလား။

ဖြေ။   ။ ကျနော်အနေနဲ့တော့ အပြစ်မရှိဘူးလို့ ထင်ပါတယ်။ ကျနော်တို့ ပြည်နယ်မှာ ဖြစ်ခဲ့တာတွေကတော့
တောက်လျှောက် ဖြစ်နေတာပဲ။ အခုလည်း ဖြစ်နေသလိုပါပဲ။ ပြည်နယ်ရဲ့ အရေးပေါ့ဗျာ။ ပြည်တွင်းစစ် ဖြစ်ရတဲ့ အကြောင်းအရင်းက ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချုပ်ဆိုခဲ့တဲ့ နောက်ပိုင်း၊ လွတ်လပ်ရေးရတဲ့ နောက်ပိုင်းမှာ ကျနော်တို့ရဲ့ ဆုံးရှုံးတဲ့ အခွင့်အရေး ပတ်သက်လို့ စကားပြောခွင့် ရမလာတဲ့အခါကျတော့ လက်နက်ကိုင်ပြီးမှ
တော်လှန်ခဲ့ရတဲ့အကြောင်းတွေ ရှိပါတယ်။ အဲတော့ စကားပြောခွင့် ရှိတယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်စရာ အကြောင်း မရှိပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ခွင့် မရတဲ့အခါမှာ လက်နက်ကိုင်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကျနော့်အနေနဲ့ကတော့ အပြစ်ရှိတယ်လို့ မထင်ပါဘူး။

အမှန်တကယ် မြောက်ပိုင်း တိုင်းမှူးကို ပစ်သတ်ခဲ့
ကျနော်တို့ရဲ့ ဆုံးရှုံးတဲ့ အခွင့်အရေး ပတ်သက် လို့ စကားပြောခွင့် ရမလာတဲ့အခါကျတော့ လက်နက်ကိုင်ပြီးမှ တော်လှန်ခဲ့ရတဲ့ အကြောင်းတွေ ရှိပါတယ်။ စကားပြောခွင့် ရှိတယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်စရာ အကြောင်း မရှိပါဘူး။ လွတ်လပ်စွာ ထုတ်ဖော် ခွင့် မရတဲ့အခါမှာ လက်နက်ကိုင်တာတွေ
ဖြစ်တတ်တယ်။

တာလား။

ဖြေ။     ။ တကယ်ဖြစ်ခဲ့လို့လဲ တကယ့် ကျနော်ပစ်ခဲ့
တယ်လို့ ကျနော် ဝန်ခံခဲ့ပြီးပါပြီ။ တကယ်ပစ်ခဲ့တာပါ။

၂၆ နှစ်ကျော် အကျဉ်းထောင်မှာ နေခဲ့ရပြီးနောက်
ပြန်လွတ် လာတော့ ဦးဇော်ဆိုင်း အနေနဲ့ ဘယ်လို ခံစားရလဲ။

ဖြေ။   ။ သိပ်ထူးခြားမှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အကျဉ်းသားတွေလို လျှော့ရက် ခံစားခွင့် ရမယ်ဆိုရင် ကျနော်တို့က လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက လွှတ်ပေးလို့ ရပါတယ်။ ခုတော့ ကျနော်တို့ နိုင်ငံရေး သမားတွေအနေနဲ့ ခုမှ လွတ်လာရတဲ့ အနေအထားမျိုးပါ။ သာမန်ဆိုရင်တောင်မှ လွတ်ရမယ့် အနေအထားကို
ရောက်နေပါပြီ။

ဦးဇော်ဆိုင်းအနေနဲ့ ခု ဘာတွေ ဆက်လုပ်မှာလဲ။

ဖြေ။   ။ လောလောဆယ်ကတော့ ပြည်တွင်းစစ် ဖြစ်နေတဲ့ကိစ္စ ငြိမ်းချမ်းရေး ရဖို့အတွက် ကျနော် ဒီမှာ ရန်ကုန်ဆင်း လာတာလည်း အဲဒါပါပဲ။ အဖြေတခုတော့ ကျနော် ကြိုးစားနေတဲ့ အကြောင်းပါပဲ။ နောက်ပြီးတော့ ကျနော်တို့
ပြည်နယ်မှာ စစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့မှာ ဒီမှာ ရှိနေတဲ့ ကျနော့်မိတ်ဆွေတွေကို အကြံဉာဏ် လာတောင်းတာလည်း ဖြစ်တယ်။ နောက် တကယ်ခံစားနေရတဲ့ ကျနော်တို့ ဒေသ အကြောင်းကို အခု စကားပြောလို့ ရတဲ့ခေတ်မှာ ပြောဆိုချင်နေတဲ့ အဓိက ရည်ရွယ်ချက်ပါ။ ကျနော်တို့ တကယ် ငြိမ်းချမ်းရေး လိုချင်ပါတယ်။

KIA မှာ ဆက်ပြီး အမှုထမ်းဆောင်မှာလားရှင်။

ဖြေ။   ။ အဲဒီသဘောထားက ကျနော့်မှာ ဘာမှ မရှိသေးပါဘူး။

KIA မှာ အရင်က ဘာတာဝန်ယူခဲ့လဲ။

ဖြေ။   ။ ဗဟိုက ဖွဲ့စည်းထားတဲ့ အထူးကွန်မန်ဒိုအဖွဲ့မှာ အထူးကွန်မန်ဒိုအနေနဲ့ မြို့မှာ တိုက်ရတဲ့ သဘောပါပဲ။

KIA အထူးကွန်မန်ဒိုတဦး ဖြစ်ခဲ့တော့ ဘယ်လို တိုက်ပွဲတွေမှာ ပါဝင်ခဲ့တာလဲ။

ဖြေ။   ။ တိုက်ပွဲအတွေ့အကြုံကတော့ ဒီမြစ်ကြီးနားမြို့ပေါ် အစိုးရ ၃၇ တပ်စခန်းအဝင် မိုင်ဒေးကွေ့မှာ ဖြစ်တဲ့ တိုက်ပွဲက ပထမဦးဆုံးပေါ့ဗျာ။

အဲဒီအချိန်တုန်းက ကိုဇော်ဆိုင်းနဲ့အတူ တခြား ဘယ်သူတွေ ဖမ်းဆီးခံခဲ့ရလဲ။

ဖြေ။   ။ ကျနော် တဦးထဲပါ။ ကျနော့် အမှုတွဲတွေကတော့ ကျနော့်ကျောင်းနေဘက် သူငယ်ချင်းတွေ၊ အသိမိတ်ဆွေ
တွေပါပဲ။

သူတို့တွေရော လွတ်မြောက်လာပြီလား။

ဖြေ။   ။ သူတို့တွေက ၁၇(၁)နဲ့ ဖမ်းတယ်။ နှစ်နှစ်နဲ့ ၁ဝ လလောက် ကျခံပြီးတော့ ပြန်လွတ်သွားကြပါပြီ။

ထောင် ဘယ်နှစ်ခုလောက် ပြောင်းရွှေ့ခဲ့ရလဲ။
၁၉၉ဝနဲ့ ၂ဝဝဝ ခုနှစ်ကြားမှာတော့ တော်
တော်ခက်ခဲတယ်။ အဲဒီတုန်းက အာဏာပိုင်
တွေရဲ့ အမျိုးမျိုး ဖိနှိပ်ညှဉ်းပန်းမှုကို ခံခဲ့ရပါ တယ်။ အထူးခြားဆုံးက NLD ကို အာဏာမလွှဲ ဘဲနဲ့ စစ်တပ်က ဆက်ကိုင်တဲ့နောက်ပိုင်းမှာ ကျနော်တို့ ထောင်ထဲမှာ နေရထိုင်ရတာ ခက်ခဲလာတယ်။


ဖြေ။   ။ မြစ်ကြီးနားထောင်၊ တရားစီရင်တာ မန္တလေးထောင်
နဲ့ ခု မြင်းခြံထောင်တွေ ဖြစ်ပါတယ်။

မြင်းခြံထောင်က ထူးခြားတဲ့ အခက်အခဲ၊ ထောင်တွင်း အတွေ့အကြုံတွေ ပြောပြပေးပါလား။

ဖြေ။   ။ ၁၉၉ဝနဲ့ ၂ဝဝဝ ခုနှစ်ကြားမှာတော့ တော်တော်
ခက်ခဲတယ်။ အဲဒီတုန်းက အာဏာပိုင်တွေရဲ့ အမျိုးမျိုး ဖိနှိပ် ညှဉ်းပန်းမှုကို ခံခဲ့ရပါတယ်။ အထူးခြားဆုံးက NLD ကို အာဏာမလွှဲဘဲနဲ့ စစ်တပ်က ဆက်ကိုင်တဲ့ နောက်ပိုင်းမှာ ကျနော်တို့ ထောင်ထဲမှာ နေရထိုင်ရတာ ခက်ခဲလာတယ်။
ပြောမယ်ဆိုရင် အများကြီးပေါ့ဗျာ။ အထူးသဖြင့် ရက်ထူး ရက်မြတ်တွေဖြစ်တဲ့ ခရစ္စမတ်ရက်၊ နှစ်သစ်ကူး၊ အာဇာနည်
နေ့၊ လွတ်လပ်ရေးနေ့တွေမှာ ကျနော်တို့ တတိုက်လုံးကို ရိုက်နှိက်ညှဉ်းဆဲခံရတာတွေ ရှိတယ်။

ထောင်ထဲမှာရှိနေတုန်း ထောင်ဝင်စာရော ပုံမှန်ရခဲ့လား။

ဖြေ။   ။ ရခဲ့ပါတယ်။ ဒါပေမယ့် တနှစ်မှာ တကြိမ်ပေါ့ဗျာ။



ဖနိဒါ - ချင်းမိုင်(မဇ္စျိမ)
ဘကြီးသက်
Unknown at 10:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆီးဂိမ်းတွင် ဝိုင်ဖိုင်ဧရိယာ ၃ဝဝ ထားရှိပေးမည်





၂ဝ၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ဝိုင်ဖိုင်သုံးစွဲနိုင်သည့် ဧရိယာသုံးရာအထိ ထားရှိပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အဆိုပါ ဝိုင်ဖိုင်ဧရိယာသုံးရာကို နေပြည်တော် အားကစားကွင်း နှင့် အားကစားသမားများ နေထိုင်တည်းခိုသည့် နေရာများတွင် အဓိကထား ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူသုံးသောင်းခန့် အသုံး ပြုနိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ”ဆီးဂိမ်းအတွက် ဝိုင်ဖိုင်တင်ဒါတွေကို ဖွင့်ဖောက်ပြီးသွားပါပြီ။ တင်ဒါရွေးချယ်တာတွေကို တော့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ရွေးချယ်မှာ မဟုတ် ပါဘူး။ အခု ဖွဲ့စည်းထားတဲ့ ဆက် သွယ်ရေးအကြံပေးအဖွဲ့က ရွေး ချယ်သွားမှာပါ။ အဓိကတော့ နိုင်ငံ အသီးသီးကလာတဲ့ အားကစား သမားတွေ၊ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာတွေ အလွယ်တကူ သတင်းအချက်အလက် ပေးနိုင်ဖို့ အတွက် ဆောင်ရွက်တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ယင်းသို့ ဝိုင်ဖိုင်ထုတ်လွှင့် မည့်ဧရိယာများအတွက် လုပ်ကိုင် ခွင့်ကို ရွေးချယ်ထားခြင်း မရှိ သော်လည်း လုပ်ပိုင်ခွင့် ရရှိမည့် ကုမ္ပဏီမှာ ပြည်ပနိုင်ငံမှ ကုမ္ပဏီ များသာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။ ”ကျွန်တော်တို့နိုင်ငံမှာ ဒီလောက်အထိ ဝိုင်ဖိုင်ထုတ်လွှင့်နိုင် မယ့်ကုမ္ပဏီ မရှိနိုင်ပါဘူး။ ဒါ ကြောင့် ပြည်ပကုမ္ပဏီတွေပဲ လုပ်ကိုင်ရဖို့ များပါတယ်။ ဝိုင်ဖိုင်ထုတ်လွှင့်တာ အပြင် မိုဘိုင်းဖုန်းသုံးစွဲမှု ကောင်းမွန်ဖို့အတွက် နေပြည်တော်သီးသန့် ဖိုင်ဘာကွန်ရက်ကိုလည်း တည်ဆောက်ပေးသွားမှာ ပါ”ဟု ၄င်းက ဆက်ပြောသည်။ ဖိုင်ဘာကွန်ရက် တည်ဆောက်ပြီးစီးပါက အဓိကချိတ်ဆက်ပေးမည့်နေရာများမှာ ဇေယျာသီရိအားကစားကွင်း၊ ပေါင်းလောင်း အားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိအားက စားကွင်း၊ အားကစားရွာ၊ Royal Myanmar ဂေါက်ကွင်း၊ Broadcasting Center (IBCC) စသည့်နေရာများ ဖြစ်သည်။ ယင်းအပြင် မိုဘိုင်းဖုန်းသုံး စွဲမှုကိုလည်း နေပြည်တော်တစ် နေရာတည်းတွင် တစ်သန်းကျော် အထိ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်တာနက် လိုင်းနှင့် ဖုန်းလိုင်းများအတွက် အသုံးပြုမှု ကောင်းမွန်စေရန်အတွက် စောင့်ကြည့်စစ်ဆေးရေး အဖွဲ့များကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ 

 Myanmar Express
ဘကြီးသက်
Unknown at 10:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆန့်ကျင်ဘက်အရပ်မှာသေနတ်ကိုင်လူသားရယ် သူမရဲ့စောင်းသံရယ်

အရောင်တွေမရှိပါဘူး အချိန်နဲ့တပြေးညီ ချစ်နေ သေနေကြ
အချစ်ဆိုတာ ဆန့်ကျင်ဘက်လိင်နှစ်ခုပေါင်းစုံဖက်တဲ့အချိန်မှာ အဖွံ့ထွားဆုံးပဲ
ကိစ္စတော့မရှိပါဘူး လွမ်းခြင်းဟာအောင်မြင်ခြင်းတမျိုးပဲလား အားလုံးကြွတတ်နေတယ်

ဖိအားတွေမရှိဘူး စားသောက်ကုန်တွေမှာ လိင်စိတ်ထကြွစေတဲ့ပစ္စည်းတွေပါဝင်လာခြင်း
လေနဲ့အတူပိုးမွှားတွေအဆမတန်ရောမျောလာခြင်း အားလုံးဖြစ်ပျက်တွေပဲ
တစ်ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကြီးမြန်မြန်ဖြစ်မှဖြစ်တော့မယ် အိုစာမှုအသွင်နဲ့မီးလောင်ရာလေပင့်
အမည်းရောင်တွေကိုချစ်တယ်ဆိုတာထပ် အမည်းရောင်တွေကိုချစ်တယ်လို့ အားလုံးကပြောနေကြပြီ
အချစ်ဆိုတာဘာဘာညာညာဆိုပြီး လွန်ခဲ့တဲ့ဘယ်နှစ်ခုနှစ်ကဘယ်သူဟာဘယ်သူပါ
ဖြစ်ချင်တာတွေမဖြစ်သေးသရွေ့တော့ ဖြစ်ချင်တာတွေဖြစ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေအုံးမှာပဲ
 သေချာတယ်ခင်ဗျားလက်ထဲမှာကိုင်ထားတဲ့သေနတ်ကလွဲပြီး ဘာတစ်ခုမှမကြောက်ဘူး
နာရီအပိုင်း တစ်ခုကိုအရောက် ဘယ်ဘက်မျက်လုံးအကောင်းပကတိပြန်ဖြစ်သွားတယ်
စက်ရုပ်မကမျည်ရယ်ကျတယ် ပေါ့ပျက်ပျက်ကစားထားတာမှမဟုတ်ပဲ
ကိုယ်ရည်ကိုယ်သွေးကိုက ပြည့်ဝအောင်ပတ်ဝန်းကျင်ကို သော့ခတ်ထားတာ
ခေတ်စမ်းအလင်္ကာမှာ ဘူမိဗေဒဓါတ်ခွဲခန်းအကြောင်းတစ်လုံးတစ်ပါဒမှမပါဝင်ဘူး
ရိုင်ဖယ်ကိုမောင်းတင်လိုက် ခဏနေရင်မီးခိုးတွေအူလာမယ်
တလက်စတည်း တစ်ဖက်လူကမီးစိမ်းပြလိုက် မီးနီပြလိုက်
တဝေါဝေါနဲ့ထိုးထိုးထွက်လာကြမယ့်ကျည်ဆံတွေကြား လူတိုင်းကတော့သိုင်းသမားကြီးပဲ
ဖြတ်ဖြတ်မောင်းသွားကြတဲ့ ပြီးရင်ဖြုတ်ကနဲဖြုတ်ကနဲကြွေကြွေကြလာတဲ့
တစ်နေ့လုံးရှာနေတာပဲ အရိပ်အရောင်တောင်ရှာမတွေ့လိုက်မိဘူး
သူမရဲ့စောင်းသံမှအပ အားလုံးဟာတိတ်ဆိတ်ငြိမ်သက်နေတာပဲ
ရန်မဖြစ်ချင်တော့ဘူးဘယ်လိုလူမျိုးနဲ့မှ မီးကျည်တွေထထပေါက်တာတစ်စုံတစ်ယောက်ကဖောက်ခွဲလို့လား
Helloဘာဆက်သွယ်မှုမှမရှိတော့ဘူး မရရှိတော့ဘူး အရင်အတိုင်းပဲဘာမှလဲထူးခြားမလာဘူး
ဖြစ်နိုင်တယ်မလား ၀က်ရူးပြန်ရင်ယောင်္ကျားအချင်းချင်းအတင်းပြောကြတာ။
ဇာတိ(ဖျာပုံ)
6.5.2011
9:49PM
zartipyapon@gmail.com
ကဗျာသစ်တွေ မရေးနိုင်တော့ဘူး ကဗျာဟောင်းတွေ ပြန်ဖတ်ဖြစ်တယ် ပြန်တင်ဖြစ်တယ်၊

ဘကြီးသက်
Unknown at 10:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စိုင်းနော်ခမ်းနှင့်နောက်လိုက်များကို တရုတ်ပြည်တွင် ယနေ့ စတင် ရုံးတင်စစ်ဆေး



Thanlwin Channel


Friday, September 21, 2012

ရွှေတြိဂံမူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် ၎င်း၏နောက်လိုက် ၅ ဦးတို့အား တရုတ်နိုင်ငံတွင် ယမန်နေ့က ရုံးတင်စစ်ဆေးမှု စတင်သည်ဟု တရုတ်အစိုးရသတင်းဌာနက သတင်းထုတ်လိုက်သည်။

ယူနန်ပြည်နယ် ကူမင်းမြို့တော် အနောက်တောင်ဘက် တရားရုံးတခုတွင် ၃ ရက်ကြာ ကြားနာစစ်ဆေး မည်၊ စွဲဆိုထားသော အမှုများမှာ လူသတ်မှု၊ မူးယစ်ဆေးကုန်ကူးမှု၊ လူနှင့်သင်္ဘောပြန်ပေးဆွဲမှုများ ဖြစ်သည်ဟု သတင်းတွင် ရေးထားသည်။

တရုတ်ပြည်တွင် အဓိက လူသိများသည်မှာ ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘော ၂ စီးပေါ်မှ သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံထားရမှု ဖြစ်ပြီး နော်ခမ်းက ထိုအမှုကြီးတို့ကို ကျူးလွန်ခြင်း မရှိဟု ထွက်ဆိုသည်။

အခင်းဖြစ်ပွားပြီးမှသာ ထိုဖြစ်ရပ်များအကြောင်း သတင်းရခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က မြန်မာရဲအရာရှိတို့က တရုတ်နိုင်ငံသို့ သွားရောက်ပြီး
သူ့အား စစ်ကြောရေးဝင်ခဲ့ကြောင်း CRIENGLISH.com သတင်းတပုဒ်တွင် ရေးထားသည်။ စွပ်စွဲထားသည့်ပြစ်မှုများ ကျူးလွန်ကြောင်း ထင်ရှားပါက တရားရုံးက သူ့ကို သေဒဏ်အထိ စီရင်ချက်ချနိုင်သည်ဟု သတင်းက ဆိုသည်။

သူ့အား တရားရုံးတွင် ကြားနာမှု မတိုင်မီ ရဲတပ်ဖွဲ့ကကြိုတင်စီစဉ်ထားသည့် မီဒီယာတွေ့ဆုံပွဲတွင် သူက သင်္ဘောသား ၁၃ ဦး သတ်မှုကို ကျူးလွန်ကြောင်း ၀န်ခံသည်ဟု သတင်းတွင် ရေးထားသည်။

နော်ခမ်းသည် ဘိန်းဘုရင်ခွန်ဆာလက်နက်ချပြီးနောက် ရွှေတြိဂံတွင် ခေါင်းထောင်လာသည့် ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး နောက်လိုက် ၁၀၀ ခန့် ရှိကြောင်း၊ ကိုယ်တိုင်လည်း ဆေးစွဲနေကြောင်း
ထိုသတင်းက ဆိုသည်။

CRIENGLISH.com သတင်းက နော်ခမ်းအမှုကိုင်တွယ်သူ ရဲအရာရှိတဦး၏ ပြောဆိုချက်ကိုလည်း ဖော်ပြခဲ့သည်။

တရုတ်သင်္ဘောတို့က မူးယစ်ဆေးကုန်ကူးသည်ဟုယူဆရခြင်း၊ ဆက်ကြေးမပေးခြင်းတို့ကြောင့် သင်္ဘောသားတို့အား သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု နော်ခမ်းက ထွက်ဆိုကြောင်း၊ ယမန်နှစ် စက်တင်ဘာလတွင် မြန်မာစစ်သားတို့က တရုတ်သင်္ဘောတို့၏ အကူအညီဖြင့် နော်ခမ်းတို့ရှိသည့် နေရာများကို ၀င်စီးသဖြင့် ၄ ဦးသေဆုံးရကြောင်း၊ နော်ခမ်းက လက်စားချေလိုသဖြင့် ထိုအမှုများ ကျူးလွန်ခဲ့ဖွယ် ရှိကြောင်း တရုတ်ရဲအရာရှိ Han Xuguang က ပြောသည်။

သင်္ဘောသားများသတ်မှုနှင့် ပတ်သက်ပြီး သံသယဖြစ်ခံရသူ ထိုင်းစစ်သားအများအပြားသည်လည်း ထိုင်းနိုင်ငံတွင် ယနေ့တိုင် ဖမ်းခံထားရဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် ထုတ်ဝေသော The Nation သတင်းစာက ရေးသားရာတွင် နော်ခမ်းက စစ်ကြောရေးတွင် ပြစ်မှုကျူးလွန်ကြောင်း ဖြောင့်ချက်ပေးသော်လည်း ယနေ့ တရားရုံးတွင်မူ ပြစ်မှုကျူးလွန်သူတို့မှာ ထိုင်းစစ်သားများဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရေးထားသည်။

မိုးမခ
moemaka.blogspot.com

ဘကြီးသက်
Unknown at 10:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.