Friday, September 21, 2012

ဆီးဂိမ်းတွင် ဝိုင်ဖိုင်ဧရိယာ ၃ဝဝ ထားရှိပေးမည်





၂ဝ၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ဝိုင်ဖိုင်သုံးစွဲနိုင်သည့် ဧရိယာသုံးရာအထိ ထားရှိပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အဆိုပါ ဝိုင်ဖိုင်ဧရိယာသုံးရာကို နေပြည်တော် အားကစားကွင်း နှင့် အားကစားသမားများ နေထိုင်တည်းခိုသည့် နေရာများတွင် အဓိကထား ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူသုံးသောင်းခန့် အသုံး ပြုနိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ”ဆီးဂိမ်းအတွက် ဝိုင်ဖိုင်တင်ဒါတွေကို ဖွင့်ဖောက်ပြီးသွားပါပြီ။ တင်ဒါရွေးချယ်တာတွေကို တော့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ ရွေးချယ်မှာ မဟုတ် ပါဘူး။ အခု ဖွဲ့စည်းထားတဲ့ ဆက် သွယ်ရေးအကြံပေးအဖွဲ့က ရွေး ချယ်သွားမှာပါ။ အဓိကတော့ နိုင်ငံ အသီးသီးကလာတဲ့ အားကစား သမားတွေ၊ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာတွေ အလွယ်တကူ သတင်းအချက်အလက် ပေးနိုင်ဖို့ အတွက် ဆောင်ရွက်တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ယင်းသို့ ဝိုင်ဖိုင်ထုတ်လွှင့် မည့်ဧရိယာများအတွက် လုပ်ကိုင် ခွင့်ကို ရွေးချယ်ထားခြင်း မရှိ သော်လည်း လုပ်ပိုင်ခွင့် ရရှိမည့် ကုမ္ပဏီမှာ ပြည်ပနိုင်ငံမှ ကုမ္ပဏီ များသာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။ ”ကျွန်တော်တို့နိုင်ငံမှာ ဒီလောက်အထိ ဝိုင်ဖိုင်ထုတ်လွှင့်နိုင် မယ့်ကုမ္ပဏီ မရှိနိုင်ပါဘူး။ ဒါ ကြောင့် ပြည်ပကုမ္ပဏီတွေပဲ လုပ်ကိုင်ရဖို့ များပါတယ်။ ဝိုင်ဖိုင်ထုတ်လွှင့်တာ အပြင် မိုဘိုင်းဖုန်းသုံးစွဲမှု ကောင်းမွန်ဖို့အတွက် နေပြည်တော်သီးသန့် ဖိုင်ဘာကွန်ရက်ကိုလည်း တည်ဆောက်ပေးသွားမှာ ပါ”ဟု ၄င်းက ဆက်ပြောသည်။ ဖိုင်ဘာကွန်ရက် တည်ဆောက်ပြီးစီးပါက အဓိကချိတ်ဆက်ပေးမည့်နေရာများမှာ ဇေယျာသီရိအားကစားကွင်း၊ ပေါင်းလောင်း အားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိအားက စားကွင်း၊ အားကစားရွာ၊ Royal Myanmar ဂေါက်ကွင်း၊ Broadcasting Center (IBCC) စသည့်နေရာများ ဖြစ်သည်။ ယင်းအပြင် မိုဘိုင်းဖုန်းသုံး စွဲမှုကိုလည်း နေပြည်တော်တစ် နေရာတည်းတွင် တစ်သန်းကျော် အထိ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်တာနက် လိုင်းနှင့် ဖုန်းလိုင်းများအတွက် အသုံးပြုမှု ကောင်းမွန်စေရန်အတွက် စောင့်ကြည့်စစ်ဆေးရေး အဖွဲ့များကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ 

 Myanmar Express
ဘကြီးသက်
Unknown at 10:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.