Tuesday, August 28, 2012

အမှတ်(၁) လျှပ်စစ်စွမ်းအားနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့ အား နိုင်ငံတော်သမ္မတ ရာထူးမှ နုတ်ထွက်ခွင့်ပြု

အမှတ်(၁) လျှပ်စစ်စွမ်းအားနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့ အား နိုင်ငံတော်သမ္မတ ရာထူးမှ နုတ်ထွက်ခွင့်ပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် မြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးလွန်းမောင်တို့အား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်းကို သြဂုတ် လ ၂၈ ရက်နေ့တွင် အမိန့်များ ထုတ်ပြန်၍ ကြေညာခဲ့သည်။

ထို့အတူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး လိုက်ကြောင်းကိုလည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။


ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား သမ္မတ ဦးသိန်းစိန်က အမိန့်များ ထုတ်ပြန်၍ သြဂုတ်လ ၂၇ ရက်နေ့က စတင် ပြောင်းလဲ တာဝန် ပေးအပ်လိုက်ပြီး ပြောင်းလဲ တာဝန်ပေးအပ် လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ကိုးဦးဖြစ်သည်။ ထို့အတူ ဒုတိယ၀န်ကြီး ၁၅ ဦးကိုလည်း ခန့်အပ် တာဝန်ပေးခဲ့သည်။


ဘကြီးသက်
Unknown at 8:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တာမွေအ၀ိုင်းအနီ ဗုံး ဟုသံသယဖြစ်ဖွယ်ရှိသော ပစ္စည်းတွေ့ရှိ


ဗဟန်းမြို့နယ်အရှေ့ ရွှေဂုံတိုင်ရပ်ကွက်အောင်ချမ်းသာ အိမ်ရာတိုက်အမှတ် ၉ရှေ့တွင်ဗုံး ဟု သံသယ ဖြစ်ဖွယ်ရှိ သောပေါက် ကွဲစေတက် သည့်အရာဝတ္တု တစ်ချို့ကို သြဂုတ်၂၈ ရက်နံနက် ၇နာရီ တွင်တွေ့ ရှိခဲ့ ကြောင်း

ရပ်ကွက် နေပြည်သူများက ပြောကြား သည်။
အဆိုပါပေါက်ကွဲစေတက် သောအရာဝတ္တုများကိုအောင် ချမ်းသာအိမ်ရာတိုက်အမှတ်၉ အရှေ့ ကားပါကင်တွင် ရပ်ထား သည့် ဆူဇူးကီးပစ်ကပ်ကားနောက် ခန်းတွင်တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းတို့ကပြောကြားသည်။
““အဲဒါကိုတွေ့တော့ ကားမောင်းတဲ့သူကဘာတွေ လည်းမသိဘူးဆိုပြီး တော့ရဲစခန်းကို အကြောင်း ကြားကြ တယ်။ တာဝန်ရှိ သူတွေရောက်လာေ တာ့သံစတွေ၊ ရေသန့်ဘူး နဲ့ ဂဏာန်းပေါင်းစက် တစ်လုံးကို တွေ့တယ်။ အဲဒီအချိန် မှာ စစ်တပ်က ဗုံးရှာတဲ့ သူတွေ ရောက်လာပြီးတော့ စစ်ခွေးတွေ နဲ့ စစ်ဆေးတယ်””ဟု အောင်ချမ်း သာ အိမ်ရာတွင်နေထိုင်သည့် ကိုအောင်ကြီးကပြောသည်။
ပေါက်ကွဲစေတတ်သည့် ကားမှာ အောင်ချမ်းသာ အိမ်ရာရှိ င်္သမတမေိ ကုမ္ပဏီမှ ရုံးအသုံးပြု သည့် ကားဖြစ် ကြောင်း ကိုအောင် ကြီးကပြောသည်။
““ဖြစ်စဉ်ကို ရန်ကုန်တိုင်းမ် ကရဲမှူးကြီးဆင်းလာတာကိုတွေ့ ရတယ်။နယ်စပ်ဒေသလုံခြုံရေးက ဗိုလ်မှူးကြီး တစ်ဦးလည်း ပါတာတွေ့ရတယ်။ ဘာအန္တရာယ်မှမဖြစ် တော့ဘူးလို့တော့ မှတ်ချက်ပေး သွားတယ်””ဟု အဆိုပါဖြစ်စဉ် ကို တွေ့ရှိခဲ့သည့် အောင်ချမ်းသာ အိမ်ရာမှ ကိုကျော်အေးကပြော သည်။

““ပစ္စည်းတွေကို စစ်ဆေးတဲ့ အခါမှာ ယမ်းနဲ့ ဒီတိုနေတာမပါလို့အန္တရာယ်မရှိဘူးလို့ပြောတယ်။ ဂဏာန်း ပေါင်းစက် လည်းပါတော့ အဲဒါကို စစ်ဆေးသေးတယ်””ဟု ကိုအောင်ကြီးက ထပ်မံပြောကြား သည်။

ယင်းဖြစ်ကြောင့် ရွှေဂုံတိုင် မှ တာမွေသို့ သွားသည့် ကားလမ်းကို ခေတ္တခဏပိတ်ထားခဲ့ကြောင်း ရပ်ကွက် နေပြည်သူများ ကိုပြော သည်။

““အဲဒီပေါက်ကွဲစေတတ်တဲ့ ပစ္စည်းက ဘယ်လိုပစ္စည်းမျိုးဖြစ် တယ်ဆိုတာကို ကျွမ်းကျင်ရဲတပ် ဖွဲ့ဝင်တွေက စစ်ဆေးတယ်။ လိုအပ် ရင် ဘီအီးတပ်ကို အကြောင်းကြား တယ်။ဘီအီးတပ်က ကျွမ်းကျင် သူတွေအနေနဲ့ ဘယ်လို လက်နက် ခဲယမ်းမျိုး၊ ဘယ်လိုပေါက်ကွဲစေ တတ်တဲ့ပစ္စည်းမျိုးတွေပါဝင်လဲ ဆိုတာကို အသေးစိတ် စစ်ဆေး ပါတယ်””ဟု အရှေ့ပိုင်းခရိုင်(ဒ /န) မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဘကြီးသက်
Unknown at 3:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံသည် အင်တာနက်အတွင်း ဝဘ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ၏ စတင်ပို့လွှတ်ရာ နေရာများတွင် ကမ္ဘာ့နံပါတ်တစ် အများဆုံး အရင်းအမြစ်နေရာ ဖြစ်လာ


မြန်မာနိုင်ငံသည် အင်တာနက်အတွင်း ဝဘ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ၏ စတင်ပို့လွှတ်ရာ နေရာများတွင် ကမ္ဘာ့နံပါတ်တစ် အများဆုံး အရင်းအမြစ်နေရာ ဖြစ်လာကြောင်း ၂၀၁၁ ခုနှစ် ပထမ သုံးလပါတ်အတွင်း ထွက်ပေါ်လာသော “State of the Internet report” အစီရင်ခံစာ အသစ်အရ သိရသည်။

ပြီးခဲ့သော ဇူလိုင်၂၇ရက် ဗုဒ္ဓဟူးနေ့က အမေရိကန် အခြေစိုက် အင်တာနက်နှင့် ဝဘ်နည်းပညာ သုတေသန ကုမ္ပဏီ Akamai ၏ ၂၀၁၁ ခုနှစ်၏ ပထမ သုံးလပါတ် “State of the Inte


rnet report” အစီရင်ခံစာ အရ မြန်မာနိုင်ငံသည် ထူးခြားစွာ ပုံပြဇယား၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး ၎င်းကဲ့သို့ ရောက်ရှိလာခြင်းသည် ပြီးခဲ့သော ၄ နှစ်အတွင်း ထုတ်ပြန်ခဲ့သော အဆင့် သတ်မှတ်ချက်များအနက် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာနိုင်ငံတွင်းမှ ပို့လွှတ်သော တိုက်ခိုက်မှုများသည် ပြီးခဲ့သော ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် မတ်လဆန်းတွင်ဖြစ်ပေါ်ခဲ့ပြီး ဝဘ်ပိုင်းဆိုင်ရာ အင်တာနက် ပေါ့တ် အမှတ် 80 (TCP/IP Port 80)ကို ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Akamai ၏ ဖော်ပြချက်အရ ၂၀၁၁ ပထမ သုံးလပါတ်အတွင်း စစ်ဆေးတွေ့ရှိရသော အင်တာနက် တိုက်ခိုက်မှုများ အားလုံး၏ ၁၃ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင်းမှ ပို့လွှတ်ခြင်း ဖြစ်သော်လည်း အဆိုပါ တိုက်ခိုက်မှုများမှာ သီးခြား အင်တာနက် ပေါ့တ် (IP Port) ၂၅ ခုကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း တိုက်ခိုက်မှုများအနက် ဝဘ်ဆိုက်ပိုင်းဆိုင်ရာ အင်တာနက်ပေါ့တ် အမှတ် 80 (IP Port 80)ကို ပစ်မှတ်ထား တိုက်ခိုက်မှုသည် မြန်မာနိုင်ငံတွင်းမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုများ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။



မြန်မာနိုင်ငံ နောက်တွင် အမေရိကန်ပြည်ထောင်စုမှ ပို့လွှတ်သော တိုက်ခိုက်မှုများသည် အင်တာနက် တိုက်ခိုက်မှုများ အားလုံး၏ ၁၀ ရာခိုင်နှုန်းနှင့် ဒုတိယနေရာရှိပြီး အင်တာနက် ပေါ့တ်အမှတ် ထောင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ပြီး သီးခြားပေါ့တ် တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း Akamai က ဆိုပါသည်။

ပြီးခဲ့သော ၃ လပါတ် အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါက တိုင်ဝမ်သည် ကမ္ဘာ့အင်တာနက် တိုက်ခိုက်မှုများ၏ ၉.၁ ရာခိုင်နှုန်းဖြင့် နံပါတ် ၃ နေရာကို လျော့ကျသွားပြီး အခြား အာရှ-ပစိဖိတ် နိုင်ငံများဖြစ်သော တရုတ်နိုင်ငံက ၆.၄ ရာခိုင်နှုန်းဖြင့် နံပါတ် ၅ နေရာ၊ အိန္ဒိယနိုင်ငံက ၃.၈ ရာခိုင်နှုန်းဖြင့် နံပါတ် ၇ နေရာ နှင့် ဟောင်ကောင်က ၃.၃ ရာခိုင်နှုန်းဖြင့် နံပါတ် ၈ နေရာ သို့ရောက်ရှိလာကြောင်း သိရသည်။

ဘကြီးသက်
Unknown at 2:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယမကာနှင့် ဘဝ...


၃၅လမ်း၊ သင်္ဂဇာချောင်း အနောက်ဘက်က အရက်ဆိုင်မှာ သူငယ်ချင်း ၁ ယောက်နှင့် စကားပြောရင်း အရက်သောက်ဖြစ်သည်။ ကျွန်တော်ထိုင်သော ထိုင်ခုံမှာ ခုံရှည်ဖြစ်သဖြင့် လူခြောက်ယောက် ထိုင်လို့ရသည်။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းမှာ သက်တူ ရွယ်တူ (၄၀) ကျော် အရွယ်များ ဖြစ်ပါသည်။ ကျန်လေးယောက်မှာ ၁၄ နှစ် ၁၅ နှစ်အရွယ် ကလေးများ ဖြစ်ကြပါသည်။ သူတို့သည် အရောင်ဆိုးထားသော ခေါင်ရေများကို သောက်ကြသည်။ သူတို့ရှေ့မှာက ခေါင်ရေပုလင်းများ ပုံနေပေပြီ။ အမြည်းတွေကလည်း စုံနေပေပြီ။ ကလေးနှစ်ယောက်က စီးကရက်ကို ကျွမ်းကျင်စွာ ဖွာရှိုက်နေပေပြီ။
ကျွန်တော်၏ အရက်သောက်မှု အတွေ့အကြုံအရ အရက်နှင့် ဆေးလိပ်သည် အခါအားလျော်စွာ မတည့်ပါ။ အရက်သောက်ပြီး အရက်ရှိန်တက်လာသော အချိန်နှင့် ဆေးလိပ်မီးခိုး ရှိုက်လိုက်သည့် အချိန်များတွင် မူးမိုက်၍ အန္တရာယ် ဖြစ်စေပါသည်။ ဝါရင့် အရက်သမားများသာ အရက်နှင့် ဆေးလိပ် တွဲသောက်နိုင်ကြပါသည်။ ယခုတော့ ဤကလေးများက ၎င်းအပြုအမူများကို ကျွမ်းကျင်စွာ တတ်မြောက်နေပေပြီ။ ဤကလေးများသည် အရက်ခေါင်ရေကို တစ်ခါတစ်ရံ သောက်ဖူးသည်ရှိအောင် မြည်းစမ်း၍ သောက်ကြသူများ ဖြစ်ပါစေဟု ဆုတောင်းမိသည်။ နုနယ်သော အဆုတ်က ဆေးလိပ်၏ အရှိုက်ကို ခံနိုင်ရည် ရှိမည်မထင်။ ထို့အပြင် နုနယ်သေးသော အသည်းကလည်း ပြင်းရှသော အရက်ဒဏ်ကို ခံနိုင်ရည်စွမ်းအား ပေးနိုင်စွမ်းမည် မထင်ပါ။
ကျွန်တော့်အဖေသည် အရက်သမားတစ်ယောက် ဖြစ်ပါသည်။ အဖေသည် အသက် ၂၀ အရွယ်က အရက်သောက်ခဲ့သည်။ ထိုအချိန်က အဖေတို့သောက်သော အရက်သည် တောအရက် ဖြစ်ပါသည်။ တောထန်းလျက် ကောင်းကောင်းနှင့် ချက်သော အရက်ဖြစ်ပါသည်။ အဖေ အသက် (၆၇) နှစ်မှာ ဆုံးပါးသွားသည်။ အဖေဆုံးတော့ မည်သည့်ရောဂါမှ မရှိပါ။ အရက်အသောက်များပြီး အားပြတ်သွားခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်က ဆိုပါသည်။ အရက်ကို တစ်နေကုန် သောက်သည်။ မြို့ရောက်တော့ ဘီအီးကို အဖေသောက်ဖြစ်ခဲ့သည်။ မြို့ပေါ် ဘီအီးအရက်သည် တောအရက်လောက်တော့ ကောင်းမည်မထင်ပါ။ ကျွန်တော်ကတော့ အသက် ၄၀ ကျော်မှ အရက်သမား တစ်ယောက် ဖြစ်လာသူပါ။ အပေါင်းအသင်းစုံရာကနေ ပျော်ရွှင်မှုက ဦးစားပေးမိရာက ကျွန်တော် အရက်သမား ဖြစ်လာပါသည်။ အရက်သောက်တတ်တော့ ကျွန်တော့်မှာ အရက်သမား အပေါင်းအသင်းတွေ များတာပေါ့။ အဖေ့ကို သတိရတော့ အဖေသောက်နေကျ အရက်ဆိုင်ကလေးကို စရောက်ဖြစ်ရာကနေ နောက်တော့ ရပ်ကွက်ထဲက အရက်ဆိုင်တွေ အားလုံးလည်း ကျွန်တော့်မိတ်ဆွေ အရက်ဆိုင်တွေ ဖြစ်သွားပါသည်။ အဲဒီမှာ ကျွန်တော် သတိထားမိတာကတော့ အသက် ၃၀၊ ၄၀ ဝန်းကျင် လူငယ်တွေက ဗိုက်ပူနံကား၊ မျက်နှာက ဖောသွပ်သွပ် ဖြစ်နေတာတွေကို တွေ့နေရတာပါပဲ။
တစ်နေ့သောည။ သောက်နေကျဝိုင်းမှ အရက်သမား သူငယ်ချင်း တစ်ယောက်က ပြောသည်။ “မနေ့ညက ဖိုးထူးကြီးတော့ ဆုံးသွားပြီကွ”။ သည်တော့ နောက်တစ်ယောက်က ဝင်ပြောသည်။ “သေမှာပေါ့ကွ။ သူက အဲဒီအရက်ဆိုင်ပဲ အမြဲသောက်နေတာ။ ဆိုင်ရှင်က သူ့ကို အမြင်ကတ်နေတာ အတော်ကြာပြီ။ သူက အရက်လာသောက်တဲ့ သူတွေတင် မကဘူး။ ဆိုင်ရှင်ကိုပါ ရစ်တယ်။ အများစိတ်ဆင်းရဲရအောင် လုပ်တယ်။ သည်တော့ အရစ်ခံရတဲ့သူက ဆိုင်ရှင်ကို မျက်စပစ်ပြ။ အဲဒီမှာ ဆိုင်ရှင်က အရက်ဆီ (အရက်အဖြစ် မစပ်ရသေးသော အဆီ) ကို ရေကလေး နည်းနည်းရောပြီး ရော့ ၅၀ ဖိုး ၁၀၀ ဖိုးဆိုပြီး တိုက်လိုက်ပါလေရော။ သူကလည်း အရက်ကလည်း အလကားသောက်ရ။ သောက်တဲ့အရက်ကလည်း ခပ်ပြင်းပြင်းဆိုတော့ ဇယားကိုက်တယ်ပေါ့ကွာ။ အဲဒီမှာတင်ပဲ သုံးလလောက်ကြာတော့ ဗိုက်ပူနံကားနဲ့ လက်တွေ တုန်ယမ်းလာပြီး နောက်ဆုံး သေပွဲဝင်ကြတော့တာပဲကွ။ နောက်ပြီး ဖိုးထူးတင် ဘယ်ကမလဲကွာ။ အရက်သမား ၃၊ ၄ ယောက်ရှိပြီ။ အဲဒီလို ဆိုင်ပိုင်ရှင် စိတ်ဓာတ်တွေကြောင့် သေတာ” ဟု ဆိုသည်။
ကျွန်တော် များစွာ စိတ်မကောင်း ဖြစ်မိသည်။ သို့သော် ဘာမျှမတတ်နိုင်ပါ။ သည်လိုနှင့် Rum Station တွေ ပေါ်လာတော့ ရပ်ကွက်ထဲက ဆိုင်တွေမှာ မသောက်ဖြစ်။ Rum Station မှာ သောက်ဖြစ်သည်။ Rum သည် စက်မှု (၁) ဝန်ကြီးဌာနမှ ထုတ်လုပ်သော အရက်ဖြစ်သည်။ အာမခံချက်ရှိသည်။ အရက်ကလည်း ကောင်းသည်။ သို့သော် Rum Station ဆိုင်တွေက နည်းသည်။ အခွန်ကြီးလေးမှုကြောင့်လည်း ဖြစ်နိုင်သည်။ ကျွန်တော်သည် မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်ကြီးတွင် နေထိုင်သော မန္တလေးသားတစ်ဦး ဖြစ်ပါသည်။ ၄၁ လမ်းထိပ်တွင် Rum Station ဆိုင်တစ်ဆိုင်၊ ၄၁ လမ်း တောင်ဘက် စံပြရပ်ကွက်တွင် Rum Station ဆိုင်တစ်ဆိုင်၊ ၃၅ လမ်း သင်္ဂဟချောင်း အနောက်ဘက်တွင် Rum Station ဆိုင်တစ်ဆိုင်နှင့် ၄၁ လမ်း တောင်ဘက် သပြေညွန့်ရပ်ကွက်ရှိ ကျွန်တော်သောက်နေကြ “နေသာချိန်” Rum Station အရက်ဆိုင်လေးတို့ ရှိပါသည်။ ကျွန်တော်သည် အာမခံချက်ဖြင့်ရောင်းသော အရက်ဆိုင် များများဖွင့်စေလိုပါသည်။ သောက်နေကြ “နေသာချိန်” အရက်ဆိုင်ကလေး ပိတ်သွားသောအခါ ရပ်ကွက်ထဲက အရက်ဆိုင်များသို့သာ ခြေဦး လှည့်ရပါတော့သည်။ ဤတွင်ရပ်ကွက်ထဲက မည်သည့် အရက်ဖြူဆိုင်မဆို Rum တစ်ပက် ၁၀၀ ကျပ်နှင့် ဝယ်သောက်၍ ရနေပါသည်။ Rum Station ဆိုင်ကြီးများတွင်သာ တစ်ပက် ၁၀၀ ကျပ် ရောင်းသည်မဟုတ်ပါ။ မည်သည့် အရက်ဖြူဆိုင်တွင်မဆို ရပါသည်။
ကျွန်တော်သည် အသိမိတ်ဆွေ အရက်ဆိုင်ပိုင်ရှင် တစ်ဦးနှင့် စကားပြောဖြစ်သည်။ “ရမ်အတုတွေက အများကြီး လှိမ့်ဝင်နေတာဗျ။ တစ်ပုလင်း ၄၅၀ ကျပ်ကနေ ၈၀၀ ကျပ်ဝန်းကျင်အထိ ရှိတယ်။ အဲဒီတော့ တစ်ပက် ၁၀၀ ကျပ်နှုန်း ရောင်းနိုင်တာပေါ့ဗျာ” ဤသို့ လွယ်လွယ်ရသော ရမ်တစ်ပက် ၁၀၀ ကျပ်ကိုသာ သောက်သုံးနေကြပါလျှင် အရက်ဆီအိုပီထဲသို့ ရေနည်းနည်းရော၍ တိုက်သောအဖြစ်နှင့်သာ တူနေပါလိမ့်မည်။ ကျန်းမာရေး မည်မျှ ဆိုးရွားမည်ကို မသိနိုင်။ သို့သော်တို့ မြန်မာလူမျိုးများမှာ ဥရောပတိုက်သားများနှင့် ယှဉ်လျှင် လွန်စွာ သေးကွေးလှပါသည်။ တစ်ချိန်က ဂျပန်ငပုဟုခေါ်သော ဂျပန်လူမျိုးများနှင့် ယှဉ်လျှင်လည်း ကျွန်တော်တို့ မြန်မာလူမျိုးက သေးနေပါသည်။ အိန္ဒိယတိုက်သားများနှင့် ယှဉ်လျှင်လည်း ပို၍ဆိုးပါသည်။ သို့ပါ၍ အရွယ်မတိုင်မီ ရုပ်အဆင်းရည် ကျနေသော အရက်သောက်တတ်သည့် လူငယ်များအနေဖြင့် မိမိတို့၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်သင့်ပါသည်။
အရက်၏ ဘေးဥပါဒ် အန္တရာယ်များမှာ ဘီပိုး၊ စီပိုးနှင့် အသည်းခြောက်၊ အသည်းရောင်အသားဝါ၊ ဗိုက်ပူနံကား၊ အိုနာစောခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခြေတုန်လက်တုန် ဖြစ်ခြင်း၊ သတိမေ့မြောခြင်းများနှင့် ရောဂါမျိုးစုံ ကပ်ငြိတတ်ခြင်းတို့ ဖြစ်စေပါသည်။ လူ၏ လုပ်အားဆုံးရှုံးခြင်းမှာလည်း အရက်ကို အဟောသိကံ (အလွန်အကျွံ) သောက်စားမှု ပါဝင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ အရက်ကို ကြိုက်တတ်၍ပဲ သောက်သောက် ဝါသနာအရပဲ သောက်သောက်၊ ရိုးရာဓလေ့အရပဲ သောက်သောက်၊ မိမိတို့၏ ကျန်းမာရေးရှုထောင့်၊ လူ့စွမ်းအား အရင်းအမြစ်ရှုထောင့်၊ လုပ်သားလုပ်အား အပြည့်အဝ ပေးစွမ်းနိုင်မှု ရှုထောင့်တို့ကို အမျိုးမျိုး သုံးသပ် ရှုမြင်နိုင်ရေးတို့မှာ အရက်ထုတ်လုပ်သူ၊ အရက်ရောင်းသူ၊ အရက်သောက်သူတို့မှာလည်း အမျိုးသားရေး တာဝန်တစ်ရပ်ဟု ရှုမြင်ခံစားမိပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း အရက်ဆိုင်နှင့် အရက်အရည်အသွေးများကို စစ်ဆေးကြည့်ရှု၍ အရေးယူမှုများ ပြုလုပ်သင့်ပါသည်။
(၁) အရက်ဖြူကုန်ကြမ်း (အိုပီ) နှင့် ရေရောစပ်မှု အချိုးအစား အတိအကျ လိုက်နာမှု ရှိမရှိ။
(၂) ငယ်ရွယ်သူများ အသက် ၁၈ နှစ်မတိုင်မီ အရက်မသောက်ရေး။
(၃) စက်ရုံထုတ် အာမခံပါသည့် အရက်ဖြူ ကုန်ကြမ်းများ သုံးစွဲမှု ရှိမရှိ။
(၄) ပြည်တွင်းဖြစ်အရက်နှင့် နိုင်ငံခြားအရက်များ၏ စံချိန်မီခြင်း ရှိမရှိ။
(၅) တိုက်ရိုက်တင်သွင်းသည့် နိုင်ငံခြားအရက်များ ပုံမှန်စီးဆင်းမှု မှန်ကန်ခြင်း ရှိမရှိ။
(၆) အရက်တု၊ တံဆိပ်တု၊ အတုမျိုးစုံတို့အား ရှောင်တခင် စစ်ဆေးနိုင်မှု ပြုလုပ်ရေး။
(၇) အရက်ဆိုင်များ၏ စားသောက်ဖွယ် အမြည်းများနှင့် အရက်ဆိုင်၏ ပတ်ဝန်းကျင်တို့မှ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိမရှိတို့ကိုလည်း လေ့လာစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။
ထို့အပြင် အရက်ဆိုင်များ ညလုံးပေါက် ရောင်းချခြင်းနှင့် နံနက်စောစော ရောင်းချခြင်းတို့ကိုလည်း လေ့လာ သုံးသပ်သင့်ပါသည်။ အရက်သောက်တတ်သူ တစ်ယောက် အရက်သမား မြန်မြန်ဖြစ်စေသော နည်းလမ်းမှာ နံနက်စောစော သောက်ခြင်း (အရက်သမားတို့အဆို အမူးအနောက် ခေါင်းကိုက်ဖြေရန် ဖြေသည်) ပင် ဖြစ်ပါသည်။ အရက်သောက်တတ်သူ တစ်ယောက် နံနက်ရေ (အရက်) မဝင်လျှင် အရက်သမားလုံးလုံး မဖြစ်ဟုလည်း အရက်သမား အသိုင်းအဝိုင်းမှ သိရပါသည်။ ကျွန်တော်သည် သန့်ရှင်းသပ်ရပ်၍ ခမ်းနားသော အရက်ဆိုင်များကို သဘောကျပါသည်။ ပို၍ သဘောကျသည်မှာ စင်တင်များပင် ဖြစ်ပါသည်။ သို့သော် သောက်သုံးရသော ယမကာနှင့် အမြည်းအပြင် အထွေထွေတို့၏ ဈေးနှုန်းများကို မတတ်နိုင်ပါ။ ထို့ကြောင့် မိမိနှင့် သင့်လျော်သည့် ရပ်ကွက်ဒေသတို့၌သာ ယမကာကို သောက်သုံးပါသည်။ အရက်ယမကာကို သောက်သုံးရာတွင်လည်း အာမခံပါသည့် အရက်နှင့် အရက်ဆိုင်များကိုသာ သောက်သုံးပါသည်။
သို့သော် မိမိအလိုဆန္ဒ တစ်ခုတည်းအတွက် မဖြစ်နိုင်ပါ။ မိမိတို့၏ မိသားစု စီးပွားရေးကိုသာ အဓိက ထားတတ်ကြပါသည်။ အရက်စစ်၊ မစစ်က အဓိကမဟုတ် အမြတ်ရရေးသည်သာ အဓိကကျပါသည်။ ကျွန်တော် အရက်ဆိုင်အားလုံးကို မကောင်းမြင်နေခြင်း မဟုတ်ပါ။ အမြည်းစားဖွယ်နှင့် အရက်အားလုံး အဆင်ပြေမှု ရှိမရှိ၊ စားပွဲထိုးနှင့် ဆက်ဆံရေး ပြေလည်မှု ရှိမရှိ အစစအရာရာ ဂရုစိုက်သော ဆိုင်များကိုလည်း တွေ့ရပါသည်။ ယခုကာလများတွင် တောနှင့်မြို့ မည်သည့်အရပ်ဒေသတွင်မဆို ရပ်ကွက်ဘုရားပွဲရှိပါက လူကြီး၊ လူငယ် အရက်သောက်ကြသည်က များပါသည်။ အရက်မသောက်တတ်သော လူငယ်ဆိုသည်မှာပင် ခပ်ရှားရှားပင် ဖြစ်သည်။ အရက်သောက်ခြင်းကြောင့် စကားပြောရွှင်သည်။ ရဲတင်းမှုရှိသည်။ ခန္ဓာကိုယ်တွင် အောင်းနေသော ချွေးပုပ်တို့ကို အပြင်သို့ ကန်ထုတ်ပေးနိုင်သည်။ ခံတွင်းပျက်၍ ထမင်းစားမကောင်း ဖြစ်နေသောအခါ ခံတွင်းလိုက်၍ စားကောင်းစေနိုင်သည်။ အရက်ကို ရမ်သုံးပက်ထက် မပိုဘဲ ပုံမှန်သောက်လျှင် ကျန်းမာရေး ကောင်းစေနိုင်သည်။
သို့သော် အရက်က များများ သောက်သုံး၍ ပုံမှန်စွာ သောက်လာပါက ဦးနှောက်ဆဲလ်များလည်း ပျက်စီးစေနိုင်သည်ဟု မိတ်ဆွေဆရာဝန် တစ်ဦး၏ ပြောပြချက်အရ သိရသည်။ အရက်သောက်တတ်စ လူငယ်တစ်စု အုပ်စုဖွဲ့၍ ပျော်ကြသည်။ အရက်ကြောင့် အာရွှင်၍ ဆိုကြ၊ အော်ကြ၊ ဟစ်ကြသည်။ ဆိုင်ကယ်စီးက မြန်လာသည်။ တစ်ခါတလေ သုံးယောက်ပူး စီးကြသည်။ အရက်ရှိန်က တဖြည်းဖြည်း တက်လာသည်။ သတိကို မထိန်းနိုင်တော့။ နောက်ဆုံး ဆေးရုံမှာ ဇာတ်သိမ်း၍ အမှုနှင့် ရင်ဆိုင်ရသည်။ သေသူက သေ၍၊ မသေသူက အကျိုးအကန်း ဖြစ်ရခြင်းများကိုလည်း တွေ့ရကြားရဖူးပါသည်။ ကျွန်တော် ဘာသာပြန်ဝတ္ထုစာအုပ်များ ဖတ်ဖူးပါသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၌ ယောက်ျားရော၊ မိန်းမပါ အရက်သောက်သည့် အလေ့အထများကို သိရှိခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ဧည့်ခံစကားပြောရာ၌လည်း အရက်မပါလျှင် မပြီးပါ။ သို့သော် ယောက်ျားများကသာ အရက်ကို များစွာသောက်သုံးပြီး အမျိုးသမီးများက တစ်ခါတရံသာ သောက်သုံးလေ့ရှိပါသည်။ လုပ်ငန်းခွင်မပျက် အလုပ်လုပ်ကြသူများလည်း ဖြစ်ကြပါသည်။ မည်သို့ဖြစ်စေ အရက်ကို စတင်သောက်သုံးတော့မည် ဆိုပါလျှင် အရက်၏ ကောင်းကျိုးဆိုးကျိုးကို လေ့လာ သိရှိထားသင့်ပါသည်။
Source - http://www.yatanarpon.com.mm/

အညွန်း - ဗဟုသုတ


ဘကြီးသက်
Unknown at 1:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြန်ကြား ရေး ၀န် ရာထူး မှ ဦးကျော်ဆန်း ဖယ်ရှားခံရ

For F


မြန်မာ အစိုးရ အဖွဲ့  အတွင်း မှာ ၀န်ကြီး ကိုး ဦး နဲ့  ဒုဝန်ကြီး တွေ ကို ပြောင်း လဲ တာဝန် ပေး
မှု တွေ ပြု လုပ် ကြောင်း  သမ္မတ ရုံး မှ ယနေ့  တရား ၀င်  ကြေငြာ မှု ပြု ခဲ့ သည်။
၂၀၀၂ ခုနှစ် စက်တင်ဘာ လ ၁၃  ရက် နေ့ တွင် စတင် ထမ်းဆောင်ခဲ့ သည့် ပြန်ကြား ရေး ၀န်
ကြီး တာဝန် ကို သြဂုတ် လ ၂ရ ရက် နေ့ တွင် မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့်
ရပ် နား ခံ ရ သည့် ဦး ကျော်ဆန်း မှာ သမ၀ါယမ ၀န်ကြီး နေရာ ကို ပြောင်း လဲ တာဝန် ထမ်း
ဆောင် ရမည် ဖြစ်သည်။
ဦးကျော်ဆန်း သည့် ပြန်ကြား ရေး ၀န်ကြီး ဌာန နှင့် ယဉ်ကျေးမှု ၀န် ကြီး ဌာ န နှစ် ခု ကို ပူး တွဲ
တာ ၀န် ထမ်းဆောင် ခဲ့ ရ ပြီး ယခု အခါ တွင် မကြာခင် ဖျက် သိမ်း တော့ မည့် သမ၀ါယမ ၀န်ကြီး
ဌာ န ၀န်ကြီး တာဝန် ကိုသာ ထမ်းဆောင် ရ တော့ မည် ဟု ဆိုသည်။
သမ္မတ ၏ ပြည်ထောင် စု အဆင့် ငြိမ်း ချမ်း ရေး ကိုယ် စားလှယ် တော် အဖြစ် တာဝန် ထမ်းဆောင်
နေ သည့် မီးရထား ၀န်ကြီး  ဦးအောင်မင်း မှာ သမ္မတ ရုံး ၀န်ကြီး များ အဖြစ် ပြောင်း လဲ တာဝန်
ထမ်းဆောင် ရမည် ဖြစ်သည်။
ယခင် အလုပ် သမား ၀န်ကြီး ဦးအောင်ကြည် သည် ပြန်ကြား ရေး ၀န်ကြီး နေရာ သို့  ပြောင်း လဲ တာ
ဝန် ထမ်း ဆောင် ရမည် ဖြစ် သည်။
ဦးအောင်ကြည် သည် ယခင် က ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ အဖွဲ့ ကြား ဉ် ဆက်ဆံ ရေး ၀န်ကြီး
အဖြစ် တာဝန် ထမ်းဆောင်ခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ပူး တွဲ သတင်းစာ ရှင်းလင်း ပွဲများ
ပြု လုပ် ခဲ့ ဖူးသည်။
ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်း တာဝန်စတင် ထမ်းဆောင် ရမည့် သမ၀ါယမ ၀န်ကြီး ဌာန
နှင့် ပတ် သက် ပြီး သန်လျှင် မြို့  ရှိ သမ၀ါယမ တက္ကသိုလ် မှ သင်ကြား ပြသသူ တစ်ဦး ထံ FNG မှာ
ဆက် သွယ် မေးမြန်းရာ ” ကျွန် တော် တို့  CO-OP တက္ကသိုလ် က ပညာရေး ၀န်ကြီးဌာန လက်အောက်
ရောက်မယ် ဗျာ .. သမ၀ါယမ ၀န်ကြီး ဌာန က တော့ မကြာ ခင် ဖျက် သိမ်း ပြီး ၀န်ထမ်း တွေ ကို တခြား
ဌာ တွေ ကို ခွဲ ပို့  မယ် လို့  ဒီလဆန်း ပိုင်း ကတည်း က ကြား တာ ပဲ ဟု FNG ကို ပြော သည်။
ယနေ့  နေ့  စွဲ ဖြင့် ထုတ် ပြန် သည့် သမ္မတ ၏ အစိုးရ အဖွဲ့  ၀င် ၀န်ကြီး ရာထူးများ ပြောင်း လဲ သည့် နေရာ
ဉ် ဒု ၀န် ကြီး ၁၅ ဦး ကို လည်း အသစ် ခန့်  အပ် လိုက် သည် ပူး တွဲ ပါ ရှိသည်။
မြန်မာ နိုင်ငံ ၏ သတင်း နည်းပညာ လောက တွင် ရှေ့ ဆောင် ဦးရွက် ပြု ခဲ့ သူ တစ်ယောက် ဖြစ် ပြီး
ကွန်ပျူတာ နှင့် ဆောဖ်ဝဲ ရေး သွင်း မှု ကျွမ်းကျင် သူ မြောက် များ စွာ ကို မွေး ထုတ် ပေး ခဲ့ သည့်
KMD ကွန် ပျူတာ သင်တန်း ကျောင်း အား တည် ထောင်သူ ဦးသောင်းတင် သည် ဆက် သွယ်ရေး
နှင့် ကြေး နန်း ဒုတိယ ၀န် ကြီး ဖြစ်လာ ခဲ့ သည်။
ယခင် အလုပ် သမား ၀န်ကြီး ဦးအောင်ကြည် ပြန်ကြား ရေး ၀န်ကြီး ဖြစ်လာ သည် ကို သတင်း မီဒီ
ယာ နှင့် ဖျော် ဖြေရေး မီဒီယာ အသိုင်း အ၀ိုင်း က ကြို ဆို ကြ သည် ဟု သိရသည်။
ယနေ့  ပြု လုပ် သည့် ၀န် ကြီး များ ပြောင်း ရွှေ့ မှု့ ဉ် နောက် ကွယ် တွင် ယခင် မြန်မာ စစ် ခေါင်းဆောင်
ဟောင်း ဗိုလ်ချုပ်မှုးကြီး အငြိမ်းစား ဦးသန်း ရွှေ ရှိ မည် ဟု သတင်း သမား အချို့  က ယုံကြည် ကြ ပြီး
သမ္မတ ဦး သိန်းစိန် ၏ အစိုးရ သစ် လက် ထက် တွင် အရေး ပါ သည့် ပြောင်း လဲ မှု တစ် ရပ် ဖြစ်သည်။
လက်ရှိ ရာ ထူး မှ ဦးကျော်ဆန်း ဖယ်ရှား ခံ ရသည့် သတင်း သည် ၂၀၀၄ ခုနှစ် မြန်မာ အစိုးရ ၀န်ကြီး
ချုပ် ဟောင်း နှင့် စစ်ထောက် လှမ်း ရေး အကြီး အကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ကို ရာထူး မှ ဖယ်ရှား ပြီး
နောက် ပြည် သူများ စိတ် ၀င် စား မှု အရှိ ဆုံး သတင်း ဟု FNG မှ သိရှိ ရသည်။

ဘကြီးသက်
Unknown at 12:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

""မလေးရှားတွင် မြန်မာလူမျိုးများ လူအခွင့်အရေး ချိုးဖေါက်ခံနေရ""


 
မလေးရှားနှိင်ငံ ဆလန်ဂေါ မြိုံတော် ပူချုန်း
(မာဂျူးဂျာရာနယ်မြေ)တွင် ၂၀ ရက်နေ့ ည
ပိုင်းတွင် မြန်မာလူမျိုးများသည်ဆာဖား
(မလေးရှားနှိင်ငံသား..ဆာဖားလူမျိုး)များ၏
အနှိင်ကျင့် နှိပ်စက်ခြင်းခံခဲ့ရသည်.၄င်းတို့သည်


တစ်ယောက်မကအရက်မူးရိုက်နှက်မှူ့မျာပြုလုပ်လာသောအခါမြန်မာလူမျိုးတို့သည် သည်းညည်းမခံနှိင်တော့ဘဲပြန်လည် ရိုက်နှက်မှူ့များပြုလုပ်လာကြသည်။ရိုက်နှက်မှူ့များ ပြီစီးသွားသော်ဆာဖား လူမျိုး ၂ ဦးအား ဆေးရုံတင်လိုက်ရသည်။

နောက်တစ်နေ့ ညတွင် ၉ နာရီ အချိန်ခန့်မှစ၍ ဆာဖား လူမျိုး အယောက် ၂၅ ယောက်ခန့် သည်
တုတ်၊ဓား၊သံပိုက်လုံးများကိုင်ဆောင်၍ မြန်မာလူမျိုးများ နေထိုင်ရာ အဆောက်အအုံများသို့ ခဲများဖြင့်ပစ်ပေါက်ခြင်း၊ပုလင်းကွဲများဖြင့် ပစ်ပေါက်ခြင်း များပြုလုပ်လာကြသည်။

လမ်းတွင် တွေ့သော မြန်မာလူမျိုးများအားလည်း အသားလွက် ရိုက်နှက်ခြင်းများ ပြုလုပ်နေကြသည်။
ရဲများမှာလုံးဝရောက်မလာဘဲ မြန်မာလူမျိုးတို့မှာ ထိုအတိုင်းသာ ခေါင်းငုံ့ခံနေကြရသည်။

ထို့အပြင် ဆာဖား အုပ်စု တစ်စုသည် အိမ်တစ်အိမ်အား(၄င်းတို့နှင့် ရန်ဖြစ်သည့် အဖွဲ့တွင် ပါသည်ဟုထင်မှတ်ရသောအိမ်)အတင်းအဓ္ဓမ ဝင်ရောက်ရန် တံခါးများကို ရိုက်ဖျက်နေကြသည်။

အပြင်သံတံခါး ပျက်သွားပြီးနောက် အတွင်း သစ်သားတံခါးဖျက်နေချိန်တွင်ရဲများရောက်လာကြသော
ကြောင့် အားလုံးပြေးဆင်းသွားကြသည်။

(ထိုသို့တံခါးဖျက်ဝင်ရောက်သော အပြုအမူ မှာမလေးရှားရဲများပင်ဝရမ်းရှိမှဝင်၍ရပါသည်)၄င်းတို့
အုပ်စုသည် ည ၁ နာခွဲအချိန်လောက်အထိ သောင်းကျန်းချင်တိုင်း သောင်းကျန်းပြီးမှ
ပြန်သွားကြပါသည်။

နောက်တစ်နေ့တွင် အခြေအနေပိုမို ဆိုးရွားလာပါသည်။ညနေပိုင်းမှ စ၍ အခြားနေရာများမှ ဆာဖား လူမျိုးများပါရောဝင်လာခါ မာဂျူးဂျာရာတွင် တွေ့သော မြန်မာလူမျိုးများအား မည်သည့်အကြောင်းအရာမှ မမေးမစမ်းဘဲနှင့် အတင်းဝင်ရောက်ရိုက်နှက်ပါတော့သည်။မလေးရှားနှိင်ငံတွင် တရားဥပဒေ မရှိသည့် အလား သူတို့တစ်အုပ်လမ်းမများပေါ်တွင် သောင်းကျန်းနေပါတော့သည်။

၎င်းတို့သောင်းကျန်းပြီးအချိန်၁နာရီအတွင်းလောက်မှာတင်မြန်မာလူမျိုး(မည်သို့မှပတ်သက်မှူ့မရှိ
သောသူများ)၃ ဦးလောက် ဆေးရုံကားနှင့်လာရောက်တင်ဆောင်သွားပါသည်။

ဤအခြေအနေတွင်တရားဥပဒေစိုးမိုးပါသည်ဟုပြောသောမလေးရှားရဲများဘယ်ချောင်
ရောက်နေကြသည်မသိပါ။

ထို့နောက်၎င်းတို့သည်ခင်မောင်ဝင်း(မြန်မာဆိုင်)နှင့်မျက်နှာချင်းဆိုင်တွင်ရှိသောမြန်မာလူမျိုးများ
နေထိုင်သည့် အခန်း တစ်ခန်းအားလည်း ဝင်ရောက်ဖျက်ဆီးပြီးဖြစ်သည်။
၎င်းပြင် အားကစားကွင်းဘက်မှ ပြန်လာသော မြန်မာ လူမျိုး၃ ဦးခန့်အားလည်း အတင်းဝင်ရောက် ရိုက်နှက်ခဲ့ပါသည်။
ထို ၃ ဦးမှာ ဘာမှမဆိုင်ဘဲနှင့် အတင်း ဝင်ရောက်ရိုက်နှက်ခြင်းဖြစ်သောကြောင့် ပြန်လည် ခုခံ
ခဲ့ရာ (အယောက် ၂၀ လောက်နှင့် ၃ ယောက် သာဖြစ်သောကြောင့်)အသေအလဲ ထိုးကြိတ်ခြင်းခံခဲ့ ရပါသည်။

ထိုအချိန်တွင် ဘေးနားတဝိုက်တွင် ရှိသောသူများလည်း ဘာမှဝင်၍ မလုပ်နှိင်အောင်ရှိကြသောကြောင့် ရဲစခန်းသို့ အမြန်ဖုန်းဆက်အကြောင်းကြားကြပါသည်။

ရဲများေ၇ာက်လာသောအချိန်တွင် ထိုမြန်မာလူမျိုး ၃ ယောက်မှာ မျှော့မျှော့သာကျန်ပါတော့သည်။

တရားကျစရာ ကောင်းသည်မှာ ထိုးကြိတ်နေသောဆာဖား လူမျိုးများအား မဖမ်းဘဲနှင့် အောက်တွင်လဲနေသော မြန်မာ လူမျိုးတစ်ဦးအား ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပါသည်။

အားလုံးပေါင်းမြန်မာလူမျိုး ၈ ဦး(အားလုံး ဘာမှ မသိဘဲ ထိုးကြိတ်ခံကြရသူများဖြစ်သည်)။

အား အမှူ့လုပ်၍ ရဲစခန်းတွင် လက်ရှိထိမ်းသိမ်းထားပါသည်။လက်ရှိ ဒဏ်ရာများကြောင့် ဆာတန်း
ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ပြီး နာက်တစ်နေ့ တွင်ဆူပန်ဂျာရာ(သို့မဟုက်)တခြားရဲစခန်းတစ်ခုသို့
ပို့ဆောင်ပြီး အနည်းဆုံး ရမန်တစ်ပတ်ခန့်နေပြီးနောက် ရုံးတင်မည် ထင်ပါသည်။

ထို့အပြင် ၄င်းတို့ထဲမှ တစ်ဦး၏ ဖုန်းအား ဆာဖား တစ်ယောက်ရသွားကာဖုန်းနံပါတ်များ အား လိုက်လံစုံစမ်းမေးမြန်း၍ အန္တရာယ်ပေးရန် လိုက်လံစုံစမ်းလျှက်ရှိပါသည်။

ဖြစ်ပျက်ပုံမှာ မတရားလွန်းရာရောက်နေသည်မှာ လူတိုင်းအသိပင်ဖြစ်ပါ
သည်။မလေးရှားနှိင်ငံသားများ အနေနှင့် အင်မတန်မှ အခွင့်အရေး ကောင်းလှပါသည်။ကျတော်တို့ မြန်မာလူမျိုးများ အနေနှင့် အလွန်အင်မတန်မှလူ့အခွင့်အရေး ချိုးဖောက်ခံနေရပါသည်။မတရား အနှိင်ကျင့်တာတွေခံရသည်။

ရဲများ၏မတရားဘက်လိုက်မှူ့အောက်တွင်ဘာမှပြန်လည်ခြေပနှိင်စွမ်းမရှိဘဲခေါင်းငုံ့ခံနေရသည်။
ကျတော်တို့သည် ပြည်ပနှိင်ငံတွင်လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

မိမိတိုင်းပြည်မဟုက်သည့် အတွက်လွတ်လပ်စွာ ရှာဖွေစားသောက် ရန်အင်မတန်မှ ခက်ခဲလှပါသည်။
ကုလားရန်၊ရဲရန်၊လူဆိုးသူခိုး ရန်များမှာလည်း..အင်မတန်မှ စိုးရိမ်စရာကောင်းလှပါသည်။
ထိုအကြောင်းအရာများကြောင့်မလေးရှားအစိုးရ၏6pအစီအစဉ်ကိုလိုက်နာကာပြန်သည့်သူပြန်၊
စာအုပ်လုပ်သည့် လူလုပ်ကာ နေထိုင်ကြခြင်းဖြစ်ပါသည်။

ကျတော်တို့မြန်မာလူမျိုးများသည်ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိရန်၊မိမိအလုပ်ပေါ်တွင်အာရုံစိုက်အလုပ်လုပ်
နှိင်ရန်နောက်ဆုံး အားလုံးသော နှောက်ယှက်မှူ့များမှ ကင်းဝေးရန် ငွေကုန်ကြေးကျခံ၍ ဤ စာအုပ်များအား လုပ်ထားကြခြင်းဖြစ်ပါသည်။

ယခုဖြစ်ပေါ်နေသောအခြေအနေအရ ကျတော်တို့ မြန်မာလူမျိုးများသည် မလေးရှားအစိုးရ၏
လူ့အခွင့်အရေး ပေါ်လစီကိုလုံးဝ လျှစ်လျှူရှူ့ခြင်းခံနေရပါသည်။

ကျတော်တို့သည် မြန်မာပြည်အတွက်လည်း ပြည်ပဝင်ငွေ ရှာပေးနေကြသူများဖြစ်ပါသည်။လွမ်းရေးထက် ဝမ်းရေးခက်သူများသာဖြစ်ကြသောကြောင့် ဤနှိင်ငံတွင် အောင့်သက်သက်ဖြင့် ကျွန်ခံနေကြခြင်းဖြစ်ပါသည်။
ဗမာပြည် အစိုးရအနေဖြင့်လည်း ဤသို့ မတရားဖိနှိပ်ချုပ်ချယ်ခံနေကြရသော မိမိ လူမျိုများအား လှစ်လျှူ ရှူ့ထားနှိင်မည်မထင်ပါ။

(ဤ ကိစ္စမှာ မတရား လူ့အခွင့်အရေး ချိုးဖေါက်ခံရခြင်းဖြစ်ပါသည်။မလေးရှားနှိင်ငံတွင် ရှိကြသောမြန်မာ အဖွဲ့ အစည်းများ၊တတ်သိကျွမ်းကျင်သူများ၊မြန်မာ အသိုင်းအဝိုင်း မြန်မာလူမျိုးများအနေဖြင့် ကျေးဇူးပြု၍

ဝိုင်းဝန်းကူညီကြပါရန် ကျတော် မြန်မာနှိင်ငံသား တစ်ဦးအနေဖြင့် မေတ္တာ ရပ်ခံ အပ်ပါသည်မလေးရှားမှာ ကျတော်တို့ မတရား ဖိနှိပ်ခံနေရပါတယ်။

ကျေးဇူးတင်ပါသည်။
(ဥပဒေ နှင့် သက်ဆိုင်သော အချက်အလက်များ၊လူ့အခွင့်အရေး အချက်အလက်များ ကိုနားလည်၍ ဤစာကိုရေးသားခြင်းမဟုက်ပါ။

မြန်မာနှိင်ငံသားတစ်ယောက် အနေနှင့်သာမတရား မခံနှိင်သောကြောင့်
ရေးသားခြင်း ဖြစ်ပါသည်)


မိုးဇော် (မလေးရှားမှအီမေးဖြင့် ပို့  ပေးသည်။)
Written by aung kyaw soe


ဘကြီးသက်
Unknown at 12:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခုံရုံးအငြင်းပွားမှု ပြည်သူ့မျက်နှာ ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့မျက်နှာကို ကြည့်ပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းဆွေးနွေးသွားကြောင်း သိရသည်။
လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် အငြင်းအခုံဖြစ်ရသည့် ပြဿနာတရပ် ဖြစ်သော်လည်း ဒီမိုကရေစီ စနစ်အတွက် မထူးဆန်းကြောင်း၊ ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရန် လိုအပ်ကြောင်း၊ ဖြေရှင်းရာတွင် အားလုံးသည် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနှင့် အမြော်အမြင်ရှိရှိ ဖြေရှင်းရေး ဦးတည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံရင်း ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြသွားသည်။
“အခုကိစ္စက တရားဥပဒေကိစ္စ ဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုပါတယ်။ တဖက်နဲ့တဖက် လေးစားဖို့လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင်သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အဆိုပါအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက တင်သွင်းရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးတို့က ဆွေးနွေးကြသည်။
ခုံရုံးကိစ္စ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာတွင် မူလက ဆွေးနွေးရန် ကိုယ်စားလှယ် ၄၅ ဦး ရှိခဲ့သော်လည်း ပါတီများ၏ အချိုးအရ ၂၂ ဦးသာ ဆွေးနွေးရန် အမည်စာရင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ခုံရုံးကိစ္စ ဆွေးနွေးမဲခွဲ ဆုံးဖြတ်မည်ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးလည်း တက်ရောက်သည်။
လွှတ်တော်ကော်မတီများ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ခုံရုံး၏ ဆုံးဖြတ်ခဲ့မှုသည် မှားယွင်းကြောင်း ဦးမြင့်စိုး၏အဆိုကို ဆွေးနွေးခွင့်ရ လွှတ်တော် ကိုယ်စားလှယ်အများစုက ထောက်ခံကြသည်။
သို့သော် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဗိုလ်မှူးကြီး လှထွန်း၊ ဒုတိယ ဗိုလ်မှူးကြီး ရဲနိုင်ဦးနှင့် ဗိုလ်မှူးကြီး အောင်သီဟတို့ကမှု ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်တို့ကို လေးစားလိုက်နာပြီး လွှတ်တော်၏ အရေးကြီးအဆိုကို ပြန်လည် သုံးသပ်သင့်ကြောင်း ဆွေးနွေးသွားကြသည်ဟု သိရသည်။
သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကမှု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည့် အချိန်ကျနေပြီဖြစ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအား ပြည်သူများမှ ရွေးချယ် တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။
အခြေခံဥပဒေ ခုံရုံးဆိုင်ရာ ဆွေးနွေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ကြရာတွင် ခုံရုံးဆုံးဖြတ်ချက် မှားယွင်းကြောင်း ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို ထောက်ခံမဲ ၄၄၇ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲ၊ ကြားနေမဲ ၄ မဲတို့ဖြင့် အတည်ပြုခဲ့သည်။ ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၆၁၉ ဦးရှိသည်။
လွှတ်တော် ကော်မတီများသည် ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် ပြဿနာသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ဘတ်ဂျက်တောင်းခံမှု ကိစ္စကို ပယ်ချခြင်း၊ ဖြတ်တောက်ကန့်ကွက်ခြင်း၊ ဌာနဆိုင်ရာ ကိစ္စများအတွက် ၀န်ကြီးများကို ဆင့်ခေါ်မေးမြန်းခြင်း၊ ဝန်ကြီးများက လာရောက်ဖြေရှင်း ပေးရခြင်း စသည့်ကိစ္စများကြောင့် လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား မပြေလည်မှုများ စခဲ့ကြောင်း သိရသည်။
လွှတ်တော်၏ လုပ်ရပ်တချို့ကို ကျေနပ်မှု မရှိသော အစိုးရအဖွဲ့သည် လွှတ်တော်က ၎င်းတို့အပေါ် လွှမ်းမိုးလာသည်ဟု ယူဆကြကြောင်း၊ သို့အတွက် လွှတ်တော် ကော်မတီများကို ပြည်ထောင်စု အဆင့် ရှိ၊ မရှိ ဆုံးဖြတ်ပေးရန် အစိုးရအဖွဲ့က ခုံရုံးကိုတင်ပြခဲ့ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက  ပြည်ထောင်စုအဆင့် မရှိဟု ဆုံဖြတ်ပေးခဲ့သည်။
ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်များက မကျေမနပ်ဖြစ်ကြပြီး ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်လုပ်ဆောင်သည့်အတွက် ခုံရုံးအဖွဲ့ဝင်များ နှုတ်ထွက်ပေးရန် စွပ်စွဲပြစ်တင်အဆိုများ တင်ပြလာခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို ဥက္ကဋ္ဌအဖြစ် ယခင်စစ်ဥပဒေချုပ်ဟောင်း ဦးသိန်းစိုးနှင့်အတူ အဖွဲ့ဝင် ၉ ဦးကို နိုင်ငံတော် သမ္မတ၏ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန် ခန့်ထားခဲ့ခြင်းဖြစ်ပြီး သက်တမ်းသည် ပြည်ထောင်စု လွှတ်တော်ကဲ့သို့ ၅ နှစ် ရှိသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 10:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖားကန့်မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည်များ အဆက်မပြတ် တက်လာ


အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးနေရသည့် ကချင်ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံများသည် အိုးအိမ်များကို စွန့်ခွာ၍ မြို့ပေါ်သို့ နေ့စဉ် အဆက်မပြတ် တက်လာနေကြကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့များနှင့် အာဏာပိုင်များက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားရာနေရာများမှ စစ်ပြေးဒုက္ခသည်များသည် ယခုလ ၁၈ ရက်နေ့မှ စတင်တက်လာနေကြပြီး ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် လူမှုကယ်ဆယ်ရေးစခန်း ၂၃ ခုတွင် ယနေ့ မနက်ပိုင်းအထိ ၆ ထောင်ကျော် ခိုလှုံနေသကဲ့သို့ ဆွေမျိုးများထံတွင် သွားရောက် ခိုလှုံနေသူများလည်းရှိကြောင်း သိရသည်။
“ကျနော်တို့ စခန်းမှာလည်း ဒီနေ့မနက်ထိ လူဦးရေး ၈၈၀ ကျော်ရှိသွားပြီ။ ကျနော်တို့လည်း ဘယ်လို လုပ်ရကိုင်ရမှန်းတောင် မသိတော့ဘူး။ လူဦးရေက တအားများနေပြီ” ဟု မြို့ပေါ် ငှက်ပျောတောရပ်ကွက်ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဦးသံဂွန်းက ဧရာဝတီသို့ ပြောသည်။
ဖားကန့်မြို့နှင့် ၃ မိုင်ခန့်အကွာ တိုက်ပွဲဖြစ်ပွားရာဒေသရှိ ဖလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများသည် အိုးအိမ်များကို စွန့်ကာ ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်များထဲတွင် အမျိုးသမီးနှင့် ကလေးငယ် အများစုဖြစ်ပြီး အမျိုးသားတချို့မှာ အိမ်နှင့်ခြံများကို စောင့်ရန်ကျန်ခဲ့ကြောင်း၊ တိုက်ပွဲများ အပြင်းထန် ဖြစ်ပွားနေသဖြင့် အနီးရှိ ကျေးရွာများမှလည်း ဖားကန့်မြို့ပေါ်သို့ ဦးတည်လာနေကြကြောင်းနှင့် ကျေးရွာတချို့မှ ရွာခံများသည် မြစ်ကြီးနားမြို့ဘက်သို့ ခိုလှုံရန် ထွက်သွားကြပြီဖြစ်ကြောင်း ဒုက္ခသည်များက ပြောသည်။
“ကျနော်တို့ ကျောင်းမှာက ၇၇၅ ဦးရှိပြီ။ နေရာထိုင်ခင်း မလောက်ဘူး။ ဒီတိုင်းပဲ ဘုရားကျောင်းထဲမှာ အဆင်ပြေသလို ထားထားရတာပေါ့၊ ကျန်းမာရေးကတော့ အစိုးရအဖွဲ့တွေ ကြည့်ပေးပါတယ်” ဟု ငှက်ပျောတောရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဦးတူးဂျာက ပြောသည်။
အဆိုပါဒုက္ခသည်များသည် ၎င်းတို့ကျေးရွာများတွင် ကျောက်စိမ်း တူဖော်ရေးလုပ်ငန်းများ၌ အသက်မွေးဝမ်းကျောင်းသကဲ့သို့ စပါးနှင့် ဓညှင်းသီး အပါအဝင် ရာသီပေါ်သီးနှံများ စိုက်ပျိုး လုပ်ကိုင်သူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။
ဒုက္ခသည်များ မြို့ပေါ် တက်ရောက်လာသည့် အခြေအနေများနှင့် ပတ်သက်၍ ဖားကန့်မြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် ရဲအရာရှိတဦးက “ကျနော်တို့ သိရသလောက်တော့ (ဒုက္ခသည်တွေက) Churchကျောင်းတွေမှာပဲ ခင်ဗျ။ အရေအတွက်တွေ ဘာတွေတော့ ကျနော်တို့လည်း အတိအကျမသိဘူး” ဟု ပြောသည်။
ယခုအခါ မြို့ပေါ် ကယ်ဆယ်ရေးစခန်း ၂၃ ခုရှိ ဒုက္ခသည်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးနေသော်လည်း ရက်ကြာလာပါက အခက်ခဲများ ကြုံတွေ့လာနိုင်ကြောင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံများက ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များ ထွက်ခွာခဲ့ရာဒေသတွင်လည်း အစိုးရတပ်များနှင့် KIA တပ်များ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဗလခကျေးရွာတွင် ကျန်ရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကျေးရွာတာဝန်ခံ မဂျာရှင်က ပြောသည်။
“တိုက်ပွဲက ဒီရွာနားမှာပဲ၊ ဒီနေ့ဆို မိုးလင်းကတည်းက အခု ၃ နာရီထိုးတဲ့အထိ တချက်မှ မနားသေးဘူး၊ လက်နက်ကြီးတွေနဲ့ ပစ်နေကြတာ။ ရွာသူရွာသား အများစုက မြို့ပေါ်တွေ ထွက်ပြေးကုန်ပြီ။ ကျမတို့က ရွာမှာ အစောင့်နေပေးခဲ့တာ။ စိုင်းတောင်ရွာဘက်မှာလည်း ပစ်နေကြတော့ ရွာထဲက ကျမတို့ အဖွဲ့ချုပ်ဝင် တဦးအိမ်ရှေ့အထိ လက်နက်ကြီးကျတယ်။ အယ်ဒီရွာသားတွေလည်း ဖားကန့်ကို ဒီမနက်ပဲ ထွက်သွားကြတယ်” ဟု မဂျာရှင်က ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများကြောင့် ဒေသခံများမှာ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းကြောင့် မူလအတိုင်း ငြိမ်းချမ်းစွာ စီးပွားရှာ လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေးရန် ဒုက္ခသည်များထံ သဘောထား ကောက်ခံကာ ဒေသခံ NLD အဖွဲ့က ဦးဆောင်၍ သမ္မတ ဦးသိန်းစိန်ထံ အမြန်ဆုံး တောင်းဆိုသွားမည်ဟု သူက ဆက်ပြောသည်။
အစိုးရတပ်အနေဖြင့် KIA အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သော်လည်း အစိုးရတပ်က ရပ်တန့်ပေးခြင်းမရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။
KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ် တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည်။ ထို့အတူ မိုးညှင်းခရိုင် တောတောင်များ အတွင်း၌လည်း ခြေသလုံးအိမ်တိုင်ဘဝဖြင့် ရွှေ့ပြောင်းခိုလှုံ နေရသူများလည်းရှိပြီး အိမ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ကချင်ဒုက္ခသည်စခန်းများ ကော်မတီက ပြောသည်။
တရုတ်နိုင်ငံထဲသို့ သွားရောက်ခိုလှုံနေသည့် ကချင်စစ်ရှောင် ဒုက္ခသည်များသည်လည်း သြဂုတ် ၂၂ ရက်မှ စတင်ကာ တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံထဲသို့ အဓမ္မ ပြန်လည် ပို့ဆောင်ခြင်း ခံနေရသည်။

ဘကြီးသက်
Unknown at 9:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“ယူနီကုဒ်ရေးဆွဲသည့် NLP အဖွဲ့ကိုဖျက်သိမ်း”

 

From : Planet
ကွန်ပျူတာသုံးမြန်မာစာ ယူနီကုဒ်စနစ်နှင့်ပတ်သက်၍ လူသိများပြားသည့် Natural Language Processing (NLP) အဖွဲ့ကိုဖျက်သိမ်းလိုက်သည်ဟု အဆိုပါအဖွဲ့မှ ၀န်ထမ်းတစ်ဦးကပြောသည်။ “အခုလ ၂၃ ရက်နေ့ကမှ အဖွဲ့ကိုဖျက်သိမ်းလိုက်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင်သုံးဦးကို နည်းပညာဌာနရဲ့ အင်ဂျင်နီချုပ်ကခေါ်ပြီးပြောတာ။ စာအရဆိုရင် ၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့ကတည်းက ဖျက်သိမ်းခဲ့တာလို့ပြောတယ်။ သ
ိတာတော့အခုမှသိတာပါ”ဟု အဆိုပါဝန်ထမ်းကပြောသည်။

NLP အဖွဲ့သည် ယခင်က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်လက် အောက်၌ ဖွဲ့စည်းထားရှိခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစတင်၍ သတင်းအချက်အလက်နှင့်နည်းပညာဌာန လက်အောက်သို့ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ “အခုဝန်ထမ်း ၃၇ ဦးရှိတယ်။ ဘာကြောင့်ဖျက် သိမ်းတယ်ဆိုတာလည်း တိတိကျကျတော့မသိသေးဘူး။ လျော်ကြေးရမှာလားဆိုတာလည်းမသိသေးပါဘူး။ ဒီလ ၃၁ ရက်နေ့အထိတော့ ရုံးတက်ဦးမှာပါ”ဟု ၎င်းကပြောသည်။

အဆိုပါအဖွဲ့သည် ကွန်ပျူတာသုံးမြန်မာစာနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သောအဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိအစိုးရ၀န်ကြီးဌာနများ၌ စံသက်မှတ်ချက်အဖြစ်အသုံးပြုနေသည့် Myanmar 3 ဖောင့်ကိုရေးဆွဲခဲ့သည့် အဖွဲ့လည်းဖြစ်သည်။
Myanmar Express
ဘကြီးသက်
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အိမ်မက်များ မွေးဖွားပေးမည့် တိုင်းပြည် ( ၀ါ ) မြန်မာပြည်



by Burma Thwe on Monday, August 27, 2012 at 8:53am 

မြန်မာနိုင်ငံကို ထူးခြားလှပသည့် သဘာဝ အလှတရားတို့နှင့် ပြည်စုံသော ၊ လေ့လာချင်စရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တို့ဖြင့် ပြည့်နှက်နေသော ၊ ဖော်ရွေ ယဉ်ကျေးကာ  ရိုးသာချစ်ခင် စရာ လူများ စုဝေးနေထိုင်သော ၊ လတ်ဆတ်သော အသီးအနှံ ၊ အသားငါးတို့ဖြင့် ချက်ပြုတ်စီမံထားသော အရဿာရှိသည့် ဟင်းလျာများကို စားသုံးနိုင်သော ၊ နိုင်ငံ တ၀န်းလုံး တည်ငြိမ်အေးချမ်းကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သည့်ပုံသဏ္ဍန် ၊ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် အကောင်းမွန်ဆုံးသော နေရာ ၊
ထူးခြားဆန်းပြားသည့် အပြင် ရှားပါးလှသော သဘာဝ သယံဇာတများကို ပိုင်ဆိုင်ထားသည့် နိုင်ငံ ၊ 
အစရှိသည့် ကောင်းမွန်သည့် သွင်ပြင်လက္ခဏာများကို  တွေ့မြင်ရလျှင်  မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ်မှု တိုးမြင့်လာနိုင်သလို ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း  ရင်းနှီးမြှုပ်နှံမှုများ လာရောက် ပြုလုပ် ကြပေလိမ့်မည် ။
ထိုသို့သော အနေအထားကို ရောက်ရှိအောင် မြန်မာနိုင်ငံကို ဘယ်လို မြှင့်တင်ပေးနိုင်သလည်း ဆိုတာနဲ့ ပက်သက်ပြီး 19-08-2012 နေ့ကUMFCCI တွင် ဆရာအောင်ချစ်ခင် ( Strategy First Institute ) မှ Developing Myanmar's  Nation Brand ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည့်Seminar ကို တက်ရောက်ခဲ့ပါသည် ။
ထိုပွဲက အပြန်တွင် ကျနော်တွင် ကပ်ပါလာသော အတွေးပုံရိပ်များကို အားလုံးကို သိရှိစေရန် ဝေဌလိုစိတ် ဆန္ဒပြင်းပြလာခဲ့ပါသည် ။
ကျနော်တို့ တိုင်းပြည်ကို  ကမ္ဘာ့နိုင်ငံ အသီးသီးက မည်သည့် ပုံသဏ္ဍန်ဖြင့် ရှုမြင် သုံးသပ်ကြပါသလည်းဆိုတာကို
သေချာ မသိနိုင်သေးပေမယ့် ၊ ကျနော်တို့ နိုင်ငံသားများက ကျနော်တို့ တိုင်းပြည်ကို အကောင်းမြင်သည့် ရှုထောင့်မှ မြင်နိုင်ကြပြီလား
ဆိုတာတော့ ကိုယ်တိုင် ကိုယ်ကျ မေးခွန်းထုတ်ကာ ဖြေကြည့်စေချင်ပါသည် ။ 
မြန်မာနိုင်ငံဆိုလျှင် ကိုယ့်ဒုက္ခကို ကိုယ်တိုင် ပုံဖော်သော  ပြည်တွင်းစစ်မီးတောက်လောင်နေသည့်နိုင်ငံ ၊ နိုင်ငံရေး နှင့် လူမျိုးရေး ပြဿနားများ ကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျောက်ဆုံးနေသော နိုင်ငံ ၊ စစ်အာဏာရှင် အုပ်ချုပ်မှု စနစ်ကြောင့် တရားမျှတမှု ပျောက်ဆုံးကာ လူ့အခွင့်အရေးများ ဆုံးရှုံးနေသော နိုင်ငံ ၊သဘာဝ သယံဇာတများကို တန်ဖိုးမြှင့်တင် နို်င်ခြင်း မရှိဘဲ  ကုန်ကြမ်းအဖြစ်သာ တင်ပို့ရောင်းချသော နိုင်ငံ ၊ ၀င်ငွေ နည်းပါး၍  စားဝတ်နေရေး ခက်ခဲမှုကြောင့် ကိုယ်ကျင့်တရားခေါင်းပါးကာ လဘ်စားမှုများ ထူပြောသော နိုင်ငံ ၊ အမြီးကျက် အမြီးစား ၊  ခေါင်းကျက်ခေါင်းစား  နေရာတကာ လိမ်လည် လှည့်ဖျားကာ ဂတိစကားကို မလေးစားသော စီးပွားရေး လုပ်ငန်းရှင်များကြီးပွားနေသည့် နိုင်ငံ  အစရှိသည်ဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့်တိုင်းပြည်ဟု ကမ္ဘာက အသိအမှတ်ပြု လက်ခံထားကြလေသည် ။
ထိုသို့သော တိုင်းပြည်မျိုးကို လာရောက် လည်ပတ်လိုသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ အတော်ရှားသလို ၊ရင်းနှီးမြှုပ်နှံမှုများ  ပြုလုပ်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း အတော်ရှားလှပါသည် ။
ကမ္ဘာက ထိုသို့သော ရှုမြင် သုံးသပ်ချက် နှင့် အစိုးရ၏ တင်းမာသော သဘောထားတို့ကြောင့် ကျနော်တို့ တိုင်းပြည်
ခေတ်နောက်ကျ ကျန်ခဲ့သည့် ဆိုးကျိုးကို ခံစားခဲ့ရလေသည် ။ ယခုအခါတွင် လက်ရှိ အစိုးရသည် သူတို့အမှားကို နောင်တရကာ
ပြင်ဆင်ရန် ကြိုးစားနေသည့် မြင်ကွင်းများကို တွေ့ရှိရသလို အချို့သော အမှားများကိုတော့ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ကြောင်း
တွေ့ရှိရပါသည် ။ မည်သို့ပင် ဖြစ်စေ ကျနော်တို့ တိုင်းပြည် မတိုးတက်လျှင် ကျနော်တို့ နိုင်ငံသားများ ၊ အထူးသဖြင့် ပြည်သူလူထုမှာ
ပိုမို ဒုက္ခခံစားရကြောင်း လက်တွေ့ကျကျ သိရှိခဲ့ရပြီး ဖြစ်သည့် အတွက် အားလုံးပြင်ဆင်နိုင်ကြစေရန် လေးစားစွာ တိုက်တွန်းနိုးဆော်လိုပါတယ် ။
Facebook ကို 4 နှစ်နီးပါး အသုံးပြုခဲ့ဘူးသည့် အတွေ့အကြုံများကို ပြန်လည်စဉ်းစား သုံးသပ်ရင်းက ဖေ့ဘွတ်ကို အသုံးချကာ
တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို အများသိရှိအောင် တင်ပြပေးလိုသည့် ဆန္ဒပြင်းပြလာအောင်
ဆရာအောင်ချစ်ခင်၏ ဟောပြောပွဲလေးက ပိုမို နိုးဆွပေးခဲ့သလို ခံစားရသည့် အတွက်  ယခုစာစုလေးကို ရေးသားခဲ့ခြင်း
ဖြစ်ကြောင်း ရိုးသားစွာ အသိပေးလိုပါသည် ။
FaceBook ဆိုသော မီဒီယာ တနေ့တခြား ပိုမို နံမည်ကြီးကာ အသုံးပြုသူ အရေအတွက် ပိုမို များပြာလာသည်မှာ အဘယ့်ကြောင့်နည်း ။
ကျနော့်အမြင်အရ ဆိုရပါလျှင်  လောကကြီးတွင် အသက်ရှင်သော လူသားတိုင်း စိတ်ခံစားချက်ကို အဓိကထားတတ်ကြသည့် သဘာဝ
တရားကြောင့်ဟု ထင်မြင်မိပါသည် ။ လူသားများ၏ ပင်ကိုယ်ဗီဇအရ တရားမျှတမှုကို မြတ်နိုးသည် ၊ လွတ်လပ်မှုကို ခုံမင်သည် ၊
 အပြုသဘောဆောင်သည့် အတွေးအခေါ် လုပ်ရပ်များကို သဘောကျတတ်ကြသည် ၊ အသစ်အဆန်းဆို စူးစမ်းလေ့လာချင်ကြသည် ။
 မိမိတို့၏ ရင်ထဲက ခံစားချက်ကို အခြားသူများကို မျှဝေလိုတတ်ကြသည် ၊ မကြိုက်နှစ်သက်လျှင် ဝေဖန် အကြံပြုလိုကြသည် ။
ထိုကဲ့သို့ လူသားများ၏ ပင်ကိုယ်သဘာဝကို လှပစွာ ပုံဖော်ခွင့် ပေးထားခြင်းကြောင့် Facebook သည် ကမ္ဘာ့ပေါ်တွင် အအောင်မြင်ဆုံးသောမီဒီယာ ဖြစ်လာအောင် စွမ်းဆောင်ပေးခြင်းဖြစ်သည်ဟု ကျနော် ယုံကြည်ထားမိလေသည် ။
 ထိုအရာများအားလုံး ကို Facebook ၏ Like Button ၊ Comment ၊ Share ၊ Notification တို့က  ၀ိုင်းဝန်း ကူညီထောက်ပံ့
  ပေးထားကြောင်း တွေ့ရှိရလေသည် ။ ထိုသို့ အချိုးညီမျှစွာ ပေါင်းစပ်ပေါင်းမှုများကြောင့် Facebook သုံးစွဲသူတိုင်း နှစ်ခြိုက်
 ကျေနပ်ကာ Facebook ကို  စွဲလန်းနေကြခြင်းဖြစ်ပါသည် ။
ဤနေရာတွင် ကျနော် တင်ပြလိုသည်က ဖေ့ဘွတ်ကို အသုံးချကာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လူသားအားလုံးက
ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းလေးပင်ဖြစ်ပါသည် ။ 
ကျနော်တို့ တိုင်းပြည်ပိုမို ဖွံ့ဖြိုးအောင် ဖေ့ဘွတ်ကို အသုံးချကာ စွမ်းဆောင်နိုင်သည်ဟု ကျနော်က ပြောခဲ့ပါလျှင် လူအများက
ငြင်းဆန်ကြပေလိမ့်မည် ။ မဖြစ်နိုင်ပါဟု တွေးတောကာ စောဒက တတ်ကြပေလိမ့်မည် ၊ အချို့က ခါးခါးသီးသီး ကန့်ကွက်ကြပေလိမ့်မည် ။
တကယ်ပါ  Facebook ကို အသုံးချကာ ကျနော်တို့ တိုင်းပြည် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် အားလုံးဝိုင်းဝန်းကြိုးစားပေးနိုင်တယ်ဆိုတဲ့
ကျနော့် ဆွေးနွေးချက်လေးကို ပြီးဆုံးအောင် ဖတ်စေချင်ပါတယ် ။
အလွန်နံမည်ကြီးလှသော ဖေ့ဘွတ်သည် ယခင်က အပျော်တမ်း အသုံးချခဲ့သူများသာ ရှိခဲ့သော်လည်း ယနေ့ မျက်မှောက်ကမ္ဘာတွင်
စီးပွားရေး လုပ်ငန်းရှင်များက ဌင်းတို့၏ အကျိုးစီးပွား ပိုမို ဖွံ့ဖြိုး တိုးတက်အောင် ဖေ့ဘွတ်ကို အသုံးချလာခဲ့ကြသလို ၊ နိုင်ငံရေး သမားများ၏ မဲဆွယ်ရာဌာန ၊ အလှအပ နှင့် စားသောက်ကုန်များ အဓိက ကြော်ငြာဖြန့်ဖြူးရာ နေရာ ၊ မီဒီယာသမားများနှင့် နည်းပညာရှင်တို့ သတင်းအချက်အလက်များ ဖလှယ်ရာ ၊ ဖြန့်ဖြူးရာ နေရာ အဖြစ်သို့ ရောက်ရှိနေသည် ကို ကြည့်ခြင်းအားဖြင့် ဖေ့ဘွတ်၏ စွမ်းဆောင်နိုင်မှုကိုခန့်မှန်းနိုင်ကြပါလိမ့်မည် ။
Facebook ၏ ထူးခြားချက်မှာ မိမိ သိရှိ သမျှ ၊ မိမိတို့ ရှုမြင် ခံစားရသည့် အရာအားလုံးကို မိမိတို့၏ မိတ်ဆွေများလည်း သိရှိအောင် စွမ်းဆောင်ပေးနိုင်သလို မိမိတို့ မိတ်ဆွေများ၏ ရှုမြင် သုံးသပ်ချက်များကိုလည်း မိမိတို့ လွယ်ကူစွာ သိရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်လေသည်။ထို့အပြင် မည်သည့် သတင်းအချက်အလက်များသည် ယခုလက်ရှိ အနေအထားတွင် လူအများဆုံး စိတ်ဝင်စားနေသည့် ဆိုသည့် အကြောင်းကိုလည်း Facebook က သုံးစွဲသူတိုင်းကို အသိပေးလေ့ရှိပါသည် ။ ထို့ကြောင့်ပင်လျှင် ဖေ့ဘွတ်ကို အသုံးချကာတိုင်းပြည်ကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်ပါမည်ဟု ကျနော်က အကြံပြု တင်ပြခြင်း ဖြစ်ပါသည် ။
ဥပမာ မိမိက ဓါတ်ပုံတပုံ တင်လိုက်သည့် အခါ မိမိတို့ မိတ်ဆွေများ လွယ်ကူစွာ သိရှိအောင် ဖေ့ဘွတ်က စွမ်းဆောင်ပေးသလို ၊ ထိုမိတ်ဆွေများထဲမှ တစုံတယောက်က နှစ်ခြိုက်၍ Like နှိပ်သည့် အခါတွင် ဖြစ်စေ ၊ ထိုဓါတ်ပုံနှင့် ပက်သက်၍ သူခံစားရတာကို Comment ပြန်ရေးသည့် အခါဖြစ်စေ ဖေ့ဘွတ်က ကျနော်တို့ကို ထပ်မံ အသိပေးပြန်လေသည် ။ ထိုဓါတ်ပုံနှင့် ပက်သက်သမျှ တုန့်ပြန်မှုများ အားလုံးသည် မိမိကိုသာ မကမိတ်ဆွေများ ၊ ထိုမိတ်ဆွေများ၏ မိတ်ဆွေများထိအောင် အသိပေးလေ့ရှိခြင်း ဆိုသည့် စွမ်းဆောင်ချက်များကြောင့် ဖေ့ဘွတ်သည် ယနေ့ မျက်မှောက်ကမ္ဘာတွင် အလွန်ထင်ရှားလာခြင်း ဖြစ်သည် ။
ထိုကြောင့် ကျနော်တို့ အနေဖြင့် မြန်မာနိုင်ငံ၏ ထင်ပေါ်ကျော်ကြားသော နေရာများကို စိတ်ဝင်စားစရာ ကောင်းအောင် ရှုထောင့် အမျိုးမျိုးမှရိုက်ကူးထားသော ဓါတ်ပုံများ ၊ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းသော မြင်ကွင်းများ ၊ သာယာလှပသော သဘာဝ ရှုခင်းများ ၊ အံ့သြဖွယ်ကောင်းလောက်သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် လက်ရာများ ၊ ကောင်းမွန်လတ်ဆတ်၍ အရသာ ရှိလှသော အစားအစာများအစရှိသည်တို့ကို မြန်မာနိုင်ငံသားများသာ မက ကမ္ဘာတ၀န်းမှ လူအများ အာရုံစူးစိုက်လာစေရန် ဆွဲဆောင်ပေးနိုင်ဖို့ အတွက် ကျနော်တို့ Facebook တွင် Fanpage တခု အသုံးပြုကာ  အကျိုးရှိစွာ အသုံးချနိုင်ပါသည် ။
ထို Fanpage တွင် တင်ထားသည့် သတင်း ဓါတ်ပုံများ နှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ကို မိမိတို့က Like နှိပ်ပေးကြခြင်း ၊
 အများပိုမို သိရှိစေရန် Share လုပ်ပေးခြင်း ၊ ပိုမို ကောင်းမွန်သည့် စိတ်ကူးများ နှင့် ထို သတင်းဓါတ်ပုံ နှင့် သက်ဆိုင်သည့် ပိုမို စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့်ကိုယ်တွေ့ အတွေ့အကြုံများကို အပြုသဘောဆန်စွာ တင်ပြပေးနိုင်မည်ဆိုပါက မြန်မာကို ကမ္ဘာက အကောင်းမြင်သည့် ရှုထောင့်များမှ သိရှိအောင် စွမ်းဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း လေးစားစွာ အကြံပြု တင်ပြအပ်ပါသည် ။
ထိုစိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် မိတ်ဆွေတို့ အနေဖြင့်လည်း  Facebook ရဲ့ Like,Share,Comment,  Button လေးများကို အသုံးချကာ  လူတစ်ယောက် ၊ အဖွဲ့အစည်းတခု ၊ လုပ်ဆောင်ချက် တခု ကို အားပေးရုံတင် မကဘဲ  တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်အောင် လွယ်ကူစွာ လုပ်ဆောင်ပေးနိုင်လို့ကျနော်တို့ရဲ့ FanPage မှာ သင်သဘောကျ နှစ်ခြိုက်မိတာလေးများ ရှိခဲ့ရင် Like နှိပ်ဖို့ မမေ့ပါစေနဲ့လို့  မိတ်ဆွေများ အားလုံးကို  လေးစားစွာ အသိပေးရင်း ,,,,,, ။
( မကြာခင်မှာ Fanpage တည်ဆောက်ပြီး မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အလှတရားများကို ကျနော် အတတ်နိုင်ဆုံး စုစည်းတင်ဆက်ပေးသွားပါမယ့် လို့ မိတ်ဆွေများကို ဂတိပေးသလို မိတ်ဆွေတို့ အနေဖြင့်လည်း ပါဝင် ကူညီဆောင်ရွက်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။ )
ခင်မင်လေးစားလျှက်
ဗမာ့သွေး

ဘကြီးသက်
Unknown at 9:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်းမှ ကျောင်းသားများ တက်ရောက် နိုင်မည့် SAP Software သင်တန်း

From : .mrtv4

စင်္ကာပူနိုင်ငံ၊ လိုက်သမ်းဟော သင်တန်းကျောင်းမှ ဖွင့်လှစ်တဲ့ SAP Software သင်တန်းကို ပြည်တွင်းမှ ကျောင်းသားတွေ တက်ရောက်နိုင်ပြီး တက်ရောက် လိုသူတွေဟာ အခု သြဂုတ်လနဲ့ လာမယ့် နိုဝင်ဘာလတို့မှာ စာရင်းပေးသွင်း နိုင်တယ်လို့သိရပါတယ်။ အဆိုပါ SAP Software ကို နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်က အသုံးပြုလျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ Software ဟာ အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ငန်းတိုင်းနဲ့ ဆောင်ရွက်မှု တိုင်းမှာ အသုံးပြုနိုင်တဲ့ အတွက် ERP စနစ်မှာလည်း အသုံးပြုမှု အများဆုံး Software ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ERP စနစ်ကို Customer Relatonship Management ၊Chain & Vender Management Projects and HR Management ၊ Finance and Accounting အစရှိတဲ့ နယ်ပယ် တွေမှာလည်း အသုံးပြု နိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် စင်္ကာပူ နိုင်ငံမှာ SAP စနစ်နဲ့ သင်ကြားတဲ့ Master of Business ဘာသာရပ် ကိုလည်း အဆိုပါ လိုက်သမ်းဟော သင်တန်း ကျောင်းမှာ တက်ရောက် နိုင်တာဖြစ်ပြီး လျှောက်ထားလို သူတွေ အနေနဲ့ ဘက်ချလာဒီဂရီ တစ်ခုခု ရှိရမယ့် အပြင် သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ်မှာ လုပ်ငန်း အတွေ့အကြုံ ၂ နှစ် ရှိထားရမှာ ဖြစ်ပါတယ်။ အဲ့ဒီ သင်တန်းကို လျှောက်ထား လိုရင်တော့ ပြည်တွင်း မှာရှိတဲ့ KMD Computer Center နဲ့ချိတ်ဆက် လျှောက်ထား နိုင်တယ်လို့ သတင်း ရရှိပါတယ်။
ဘကြီးသက်
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စီးပွားရေးသမားတစ်ဦး၏ အကျင့်စာရိတ္တ

အကျင့်စာရိတ္တက စကားလုံးများထက် တာသွားလှပေသည်။ အပွေးမြင် အပင်သိဆိုသလိုသင့်ဘ၀ အခြေအနေ ကို ကြည့်ကာ သင်မည်သူဖြစ်သည်ဆိုသည်ကိုဆုံးဖြ
တ်နိုင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းတစ်ခု စတင်တည်ထောင်တော့မယ်ဆိုရင် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကို ဦးစွာ
အာရုံစူးစိုက်ရပါမယ်။ အကျင့်စာရိတ္တဆိုသည်မှာ ကျွန်မတို့ အမှန်တကယ် ပြုမူလုပ်ဆောင်နေသော အရာများကို ဆိုလိုပါတယ်။ လူတစ်ယောက်ရဲ့
လုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ အကျင့်စာရိတ္တကို သိနိုင်မည်။
ကျွန်မတို့ လူဘ၀ဖြစ်တည်လာမည့် နေရာ၊ မိဘ၊ ကလေးဘ၀ စသည်တို့ကိုမရွေးချယ်နိုင်ပါ။


 ယင်းအပြင် ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ထူးချွန်မှုနှင့်
 ဥာဏ်ရည်ဥာဏ်သွေးတို့ကို မရွေးချယ်နိုင်ပါ။ သို့သော်ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကိုမူ ရွေးချယ်မှု ပြုနိုင်ပါတယ်။


တကယ်တော့ အကျင့်စာရိတ္တကောင်းများက တာရှည်ခံတဲ့ အောင်မြင်မှုများကို
ပေးစွမ်းပါလိမ့်မယ်။ သင့်အကျင့်စရိုက်များက သင့်ဘ၀ကို
တည့်မတ်ပေးနိုင်သလို ဖြိုဖျက်ပစ်နိုင်ပါတယ်။ အနှေးနှင့် အမြန်ဆိုသလို
သင့် အကျင့်စာရိတ္တများ ဗူးပေါ်သကဲ့သို့ ပေါ်လာပြီး သင် စိုက်သည့်အတိုင်း
ရိတ်ရမှာပါ။ တကယ့်အခက်အခဲ အကြပ်အတည်း ဖိစီးမှုတွေနဲ့
ကြုံတွေ့လာခဲ့ချိန်မှာ သင့်အကျင့်စာရိတ္တအမှန်က သင့်ကို တည့်မတ်သော
ဘ၀လမ်းကြောင်းပေါ်သို့ ပို့ပေးမည်ဖြစ်ပြီး တဖြည်းဖြည်းချင်း
ဖြတ်သန်းကျော်လွှားသွားခွင့်ကို ပေးပါတယ်။ တစ်ခါတလေ ပြုပြင်သင့်သည်များကို
ပြုပြင်ဖို့ လိုပါတယ်။ ဒီလိုအချိန်ကျရင် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကို
ပိုမိုကောင်းမွန်လာစေရန် မည်ကဲ့သို့ ပြုကျင့်ရ မည်နည်း။ အချက် သုံးချက်ပဲ
အရင်ရှာဖွေပါ။
တစ်အချက်က အားနည်းချက်များကို ရှာထားပါ။
နှစ်အချက်က နောင်တရပါ။
သုံးအချက်က ဘ၀သစ်ကို စတင်ပါလို့ ပြောပါရစေ။
သင်မှာ မည်သည့်အားနည်းချက်မျိုး ရှိနေတယ်၊ သင့်ဝန်းကျင်မှ သူများအောက်
နိမ့်ကျနေသော အရာများကို အချိန်ယူကာ ပြန်စဉ်းစားပါ။ စွဲနေသော
အမှားများကို တွေ့အောင်ရှာကာ သင် သိရှိသဘောပေါက်လျှင် ၀န်ခံပါ၊
နောက်တရပါ။ သင့်အားနည်းချက် များ၏ အကျိုးဆက်ကို ခံယူပါ။ ပြီးလျှင်
ဘ၀အသစ်ကို စတင်ပါ။ ကောင်းသော အကျင့်စရိုက် လက္ခဏာများ စတင်ပြုကျင့်ပါ။
မှန်ကန်သော လမ်းကြောင်းဖြင့် အမှားအမှန်ကို ဝေဖန်ထောက်ရှုပြီး
ပြုပြင်ပြောင်းလဲ သွားကြမယ်ဆိုရင်တော့ ပိုမို တိုးတက်ကောင်းမွန်လာမယ်လို့
ကျွန်မ မြင်မိပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အောင်မြင်သော စီးပွားရေးသမား
တစ်ဦးသည် သူ၏ လုပ်ငန်းအပေါ် အပြည့်အ၀ တာဝန်ယူတတ်ရပါမယ်။ သူ တာဝန်ယူ
လုပ်ကိုင်သည့် မည်သည့် အလုပ်ကိုမဆို အောင်အောင်မြင်မြင် လုပ်တတ်ရပါမယ်။
မည်သူမဆို ကိုယ့်တာဝန် ကိုယ် ကျေပွန်အောင် လုပ်ဆောင်မယ် ဆိုရင်တော့
လုပ်ငန်းတွေမှာ တိုးတက်ပြီး ပျော်ရွှင်တဲ့ဘ၀လေးတွေ ပိုင်ဆိုင်ကြရမှာပါ။
ဒီတော့ ဘယ်အရာတွေကို သတိပြုရမလဲဆိုတာ ကျွန်မ သိသလောက်လေး ပြောပြပါဦးမယ်။



၁။ မိမိအမှားကို ၀န်ခံပါ။
၂။ လုပ်ငန်းပျက်ကွက်မှု မရှိခြင်း
၃။ ငွေအပို မသုံးခြင်း
၎။ အသေးစိတ်ကအစ ပြန်လှန်စစ်ဆေးတတ်ခြင်း
၅။ တိကျသော အနာဂတ်ထားရှိခြင်း
၆။ တစ်ပါးသူကို အမှီသဟဲ မပြုခြင်း
၇။ ကြီးမားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ခဲရင်းသော်လည်း တုန်လှုပ်မှု မရှိခြင်း
၈။ အစပြုခဲ့သည့်အရာများကို လက်စသတ်တတ်ခြင်း ဆိုတဲ့ အကြောင်းလေးတွေကိုသာ
လိုက်နာနေတယ်ဆိုရင်တော့ သင်ဟာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦးဆိုတာ
ယုံမှားသံသယမရှိတော့ပါဘူး။
သင့်လုပ်ငန်းကို အောင်မြင်သင့်သလောက် မအောင်မြင်ရန် ဟန့်တားနေသည့်အရာမှာ
စိုးရွံ့ထိတ်လန့်တတ် ခြင်းပင် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းအောင်မြင်
အဆင်ပြေရန် ကြီးမားသော တံတိုင်းဖြစ်သည့် စိုးရွံ့ကြောက်ရွံ့ခြင်း ဆိုသည့်
တံတိုင်းကို ကျော်ဖြတ်ရပါမည်။ သင်မှာ ရင်ဆိုင်ရဲသည့် သတ္တိ အမှန်ပင်
မွေးမြူနိုင်ပြီးဆိုရင် သင့်ဘ၀ စတင် နိုင်ပြီလို့ မှတ်ထားလိုက်ပါ။
အများစုမှာ အန္တရာယ်ကင်းကင်းနှင့် မိမိ၏အားကို မစိုက်ထုတ်ဘဲ လုပ်သားများ
ငှားရမ်းကာ အလုပ်လုပ်လိုကြပါတယ်။ စွန့်စားခြင်းကို ပြုသည့် ခြေလှမ်းကို
မလှမ်းရဲလျှင် ရှေ့တွင် စောင့်နေသည့် အခွင့်အလမ်း များအား
လက်လွတ်ဆုံးရှုံးရပါမယ်။ လူအတော်များများက ပေါ်ပေါက်လာမည့်
အခွင့်အရေးများကို တစ်ဖက်သတ် စောင့်မျှော်လျက်ရှိကြတာကို တွေ့ရှိရပါတယ်။
သို့သော် ကျွန်မတို့သည် အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးသူနှင့်
အခွင့်အရေးများ ကျွန်မတို့အပေါ်သို့ သက်ရောက်လာရန်
ကိုယ်တိုင်ပြုလုပ်နိုင်သူများ ဖြစ်ပါတယ်။ အမှန်တကယ်တော့ အခြားသူများက
သင့်ကို တွန်းအားပေးမည့်အဖြစ်၊ လက်ခံမည့်အဖြစ်၊ အကူအညီတို့ကို
စောင့်မနေဘဲ သင်က စတင် လှုပ်ရှားပါ။ ခုရှုပ်မှ နောင်ရှင်းဆိုသည့်အတိုင်း
နောင်ဖြစ်လာမည့် ပြဿနာများအတွက် ယခုကတည်းက ကြိုတင် ရှင်းထုတ်လိုက်ပါ။
စွန့်ဦးတီထွင်ကြသူများသည် အမှားများ၊ ပြဿနာများနှင့်
အများဆုံးကြုံတွေ့ကြရသူများဖြစ်ပြီး အောင်မြင်ခြင်း အသီးအပွင့်ကိုလည်း
စံစားကြရပါတယ်။ လုပ်ငန်းတစ်ခုလုပ်တာပဲဖြစ်ဖြစ်၊ စီးပွားရေးတစ်ခုကို
စတင်တော့မည့်သူပဲဖြစ်ဖြစ် အရင်ဆုံး သင်ဘာလိုချင်သည်ကို သင်ကိုယ်တိုင်
သိနေရပါမယ်။ အပြင်ပန်းမှ အလုပ်များကို ချောမွတ်အောင် ဦးစွာ လုပ်ပါ။
သင်လည်း ၀င်ဆန့်နိုင်စေပါ။ ပြီးမှ သင်၏အိမ်ကို တည်ဆောက်ပါ။
လက်တွေ့လုပ်ဆောင်ဖို့ တွန်းအားပေးပါ။ ကျွန်မတို့ရဲ့ လုပ်ငန်းအခြေအနေ
တည်ငြိမ်ရေးကို ဦးစားပေးပြီးမှ ကျွန်မတို့ရဲ့ကိုယ်ရေးကိုယ်တာနှင့်
အိမ်တွင်းရေးကို ပို၍ သာယာအောင် စွမ်းဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။
စွန့်စားခြင်းတွေကိုလည်း လုပ်ဆောင်ဖို့ရန် မိမိကိုယ်၌ ဆန္ဒရှိဖို့
လိုအပ်လှပါတယ်။ နောက်တစ်ချက်ကတော့ မှားရဲပါ။ အမှားသိပြီး
အမှန်ပြင်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်။
စွန့်ဦးတီထွင် ဦးရဲမြင့်ပြောသော စကားများလည်း ပြန်လည်တင်ပြချင်ပါသေးတယ်။



ကိုယ်ကျင့်တရား လက္ခဏာ (၂) ခုကတော့
၁။ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး၊ ယဉ်ကျေးတာနဲ့ ရိုင်းစိုင်းတာကို
ခွဲခြားသိတဲ့ အရည်အချင်း။
၂။ မှန်တာ၊ ကောင်းတာ၊ ယဉ်ကျေးတာကို လုပ်ဖို့ သန္နိဌာန်ပဲ ဖြစ်တယ် လို့ ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက်-
စီးပွားရေးလုပ်ငန်းတစ်ခု ကြီးပွားတိုးတက်ဖို့အတွက်-
မိသားစုတစ်စုကြီးပွားတိုးတက်ဖို့အတွက်-
- ကိုယ်ကျင့်သီလဆိုတဲ့ အုတ်မြစ်ပေါ် တည်ဆောက်ရမယ်။
- ဒီကိုယ်ကျင့်သီလဟာ ကြီးပွားတိုးတက်ဖို့အတွက် အဓိက အစိတ်အပိုင်းဘဲ။
- အဓွန့်ရှည်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့ တစ်ခုတည်းသော အာမခံချက်ဘဲ။
လုပ်ငန်းလုပ်ဆောင်စဉ် မလုပ်မဖြစ် လုပ်ဆောင်တတ်ရမည့် အရာမှာ
စုစည်းဦးဆောင်တတ်ရန် ဖြစ်ပါတယ်။ အရာရာကို စည်းစနစ်တကျ ထားရှိတတ်ခြင်းသည်
သင့်လုပ်ငန်းကို ပို၍ လွယ်ကူချောမွတ်စွာ လည်ပတ်စေပါတယ်။
ကိုယ့်လုပ်ငန်းကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းတည်ဆောက်တတ်ဖို့
အရေးကြီးပါတယ်။ သင် ပိုင်ဆိုင်သည့်အရာများကို စာရင်းအတိအကျသိခြင်း၊
သင့်လုပ်ငန်းတည်ရာ၏ ပတ်ဝန်းကျင်အနေအထားများကို လေ့လာခြင်း၊
သင့်စားသုံးသူများ၏ အမှာစာများ စာရင်းကို တိတိကျကျ ထားသိုမှတ်ထားခြင်း၊
နောက် ရှင်းလင်းကာ နားလည်လွယ်သည့် အလုပ် ညွှန်ကြားချက်များနှင့်
သင့်ဝန်ထမ်းများရဲ့ အ၀င်အထွက် စာရင်းများကိုလည်း ပြုစုရေးသားထားဖို့
လိုပါတယ်။ လူအများကို စုစည်းဦးဆောင်နိုင်သည့် အရည်အသွေးသည် အခြားသော
အရည်အသွေးများကဲ့သို့ တစ်စတစ်စ တိုးပွားလာစေရန် ပြုလုပ်ယူနိုင်ပါတယ်။
ဒီအပိုင်းမှာဆိုရင် သင်က အားနည်းသည်ဆိုရင် ထိုအရာကို
ရှောင်တိမ်းခြင်းမပြုဘဲ တိုးတက်အောင် လုပ်ဆောင်စေချင်ပါတယ်။
ဦးစီးဦးဆောင်မှုအရာ၌ ကျွမ်းကျင်သူအား အားကိုးကာ
သင့်လုပ်ငန်းတိုးတက်ရေးအတွက် ကြီးကြပ် အကြံပြုဖို့ တိုက်တွန်းပါတယ်။
သတိကြီးစွာ ထားပြီး ဆက်လက်လုပ်ဆောင်သွားရင်း သင်ယူသွားမယ်ဆိုရင် တော့
သင်ရဲ့ ဦးစီးဦးဆောင်နိုင်တဲ့ အရည်အချင်းတွေ တိုးတက်လာမယ်လို့ ကျွန်မ
ပြောပါရစေ။
ပညာရှင်တစ်ဦး၏ ဖွင့်ဆိုချက်လေးကလည်း မှတ်သားစရာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
- `ပညာရေး´ ဆိုတာ နိုင်ငံသားကောင်း (Good Citizen) မွေးထုတ်ခြင်းကို
ရှေးဂရိခေတ်မှသည် မျက်မှောက်ခေတ် ပညာရေး ဒဿနထိ လက်ခံထားပါသည်။
- `နိုင်ငံသားကောင်း´ ဆိုတာ `ကိုယ်ကျင့်တရား´ (Ethics) ကောင်းပြီး
နိုင်ငံအကျိုး၊ အများအကျိုးကို လိုလားတဲ့ စိတ်ထား အခြေခံပြီး
အလုပ်လုပ်တဲ့သူပါ။
Message : ကိုယ်ကျင့်တရားကောင်းမှ နိုင်ငံ့သားကောင်း ဖြစ်ပါမည်။
ဂုဏ်သိက္ခာ
`ကိုယ့်မှာရှိတာလေးနဲ့ လောက်အောင်နေတာလောက် အထင်ကြီးစရာကောင်းတဲ့ ဂုဏ်သိက္ခာမရှိဘူး။
(There is no dignity quite so impressive as living within your means)
Calvin Coolidge (30th President of USA)

အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တွေကို ကြည့်မယ်ဆိုရင် ဘာကြောင့်
အောင်မြင်ကြသနည်း။ ဘယ်အရာ က သူတို့မှာ ပိုမိုတိုးတက်အောင်
ကြံဆောင်ပေးနေသလဲ။ ကျွန်မ လေ့လာမိသလောက် ပြောရရင်ဖြင့် အောင်မြင်သည်
ဆိုသူများသည် အခြားတစ်ပါးသော သူများထံမှ ကြိုးကြိုးနွံနွံ
သင်ယူခံကြသူများ ဖြစ်ကြပါတယ်။ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည်
မင်္ဂလာရှိကြပါတယ်။ စိတ်နှလုံးနှိမ့်ချတတ်သောသူများက အများအားဖြင့်
နားထောင်ပြီး ရှင်သန်ကြီးထွား နိုင်ကြပါတယ်။ နှိမ့်ချခြင်းဆိုတာမှာလည်း
အတိုင်းအတာ အကန့်အသတ်လေးတွေ ရှိကြပါတယ်။ အခြားသူတွေကို သူတို့က
စုံလုံးပစ် မှီခိုခြင်း မဟုတ်ကြပါဘူး။ နှိမ့်ချလိုက်ခြင်း၊
ကြိုးနွံခြင်းတို့ရဲ့ နောက်ကွယ် မှာ သင်ယူရန်၊ တိုးတက်ရန်
လက်စဖွင့်လိုက်ခြင်းတွေသာ ဖြစ်ကြပါတယ်။ နှိမ့်ချခြင်းဟာ လူအများနှင့်
ပေါင်းသင်း ဆက်ဆံမှုအတွက် ပေါင်းကူး တံတားကြီးပင် ဖြစ်ပါတော့တယ်။

မနောဖြူလေး
၁၂.၇.၂၀၁၂
myanmarict journal တွင် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။

ဘကြီးသက်
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.