အမှတ်(၁) လျှပ်စစ်စွမ်းအားနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့ အား နိုင်ငံတော်သမ္မတ ရာထူးမှ နုတ်ထွက်ခွင့်ပြု
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် မြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးလွန်းမောင်တို့အား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်းကို သြဂုတ် လ ၂၈ ရက်နေ့တွင် အမိန့်များ ထုတ်ပြန်၍ ကြေညာခဲ့သည်။
ထို့အတူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး လိုက်ကြောင်းကိုလည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား သမ္မတ ဦးသိန်းစိန်က အမိန့်များ ထုတ်ပြန်၍ သြဂုတ်လ ၂၇ ရက်နေ့က စတင် ပြောင်းလဲ တာဝန် ပေးအပ်လိုက်ပြီး ပြောင်းလဲ တာဝန်ပေးအပ် လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ကိုးဦးဖြစ်သည်။ ထို့အတူ ဒုတိယ၀န်ကြီး ၁၅ ဦးကိုလည်း ခန့်အပ် တာဝန်ပေးခဲ့သည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge