Tuesday, August 28, 2012

တာမွေအ၀ိုင်းအနီ ဗုံး ဟုသံသယဖြစ်ဖွယ်ရှိသော ပစ္စည်းတွေ့ရှိ


ဗဟန်းမြို့နယ်အရှေ့ ရွှေဂုံတိုင်ရပ်ကွက်အောင်ချမ်းသာ အိမ်ရာတိုက်အမှတ် ၉ရှေ့တွင်ဗုံး ဟု သံသယ ဖြစ်ဖွယ်ရှိ သောပေါက် ကွဲစေတက် သည့်အရာဝတ္တု တစ်ချို့ကို သြဂုတ်၂၈ ရက်နံနက် ၇နာရီ တွင်တွေ့ ရှိခဲ့ ကြောင်း

ရပ်ကွက် နေပြည်သူများက ပြောကြား သည်။
အဆိုပါပေါက်ကွဲစေတက် သောအရာဝတ္တုများကိုအောင် ချမ်းသာအိမ်ရာတိုက်အမှတ်၉ အရှေ့ ကားပါကင်တွင် ရပ်ထား သည့် ဆူဇူးကီးပစ်ကပ်ကားနောက် ခန်းတွင်တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းတို့ကပြောကြားသည်။
““အဲဒါကိုတွေ့တော့ ကားမောင်းတဲ့သူကဘာတွေ လည်းမသိဘူးဆိုပြီး တော့ရဲစခန်းကို အကြောင်း ကြားကြ တယ်။ တာဝန်ရှိ သူတွေရောက်လာေ တာ့သံစတွေ၊ ရေသန့်ဘူး နဲ့ ဂဏာန်းပေါင်းစက် တစ်လုံးကို တွေ့တယ်။ အဲဒီအချိန် မှာ စစ်တပ်က ဗုံးရှာတဲ့ သူတွေ ရောက်လာပြီးတော့ စစ်ခွေးတွေ နဲ့ စစ်ဆေးတယ်””ဟု အောင်ချမ်း သာ အိမ်ရာတွင်နေထိုင်သည့် ကိုအောင်ကြီးကပြောသည်။
ပေါက်ကွဲစေတတ်သည့် ကားမှာ အောင်ချမ်းသာ အိမ်ရာရှိ င်္သမတမေိ ကုမ္ပဏီမှ ရုံးအသုံးပြု သည့် ကားဖြစ် ကြောင်း ကိုအောင် ကြီးကပြောသည်။
““ဖြစ်စဉ်ကို ရန်ကုန်တိုင်းမ် ကရဲမှူးကြီးဆင်းလာတာကိုတွေ့ ရတယ်။နယ်စပ်ဒေသလုံခြုံရေးက ဗိုလ်မှူးကြီး တစ်ဦးလည်း ပါတာတွေ့ရတယ်။ ဘာအန္တရာယ်မှမဖြစ် တော့ဘူးလို့တော့ မှတ်ချက်ပေး သွားတယ်””ဟု အဆိုပါဖြစ်စဉ် ကို တွေ့ရှိခဲ့သည့် အောင်ချမ်းသာ အိမ်ရာမှ ကိုကျော်အေးကပြော သည်။

““ပစ္စည်းတွေကို စစ်ဆေးတဲ့ အခါမှာ ယမ်းနဲ့ ဒီတိုနေတာမပါလို့အန္တရာယ်မရှိဘူးလို့ပြောတယ်။ ဂဏာန်း ပေါင်းစက် လည်းပါတော့ အဲဒါကို စစ်ဆေးသေးတယ်””ဟု ကိုအောင်ကြီးက ထပ်မံပြောကြား သည်။

ယင်းဖြစ်ကြောင့် ရွှေဂုံတိုင် မှ တာမွေသို့ သွားသည့် ကားလမ်းကို ခေတ္တခဏပိတ်ထားခဲ့ကြောင်း ရပ်ကွက် နေပြည်သူများ ကိုပြော သည်။

““အဲဒီပေါက်ကွဲစေတတ်တဲ့ ပစ္စည်းက ဘယ်လိုပစ္စည်းမျိုးဖြစ် တယ်ဆိုတာကို ကျွမ်းကျင်ရဲတပ် ဖွဲ့ဝင်တွေက စစ်ဆေးတယ်။ လိုအပ် ရင် ဘီအီးတပ်ကို အကြောင်းကြား တယ်။ဘီအီးတပ်က ကျွမ်းကျင် သူတွေအနေနဲ့ ဘယ်လို လက်နက် ခဲယမ်းမျိုး၊ ဘယ်လိုပေါက်ကွဲစေ တတ်တဲ့ပစ္စည်းမျိုးတွေပါဝင်လဲ ဆိုတာကို အသေးစိတ် စစ်ဆေး ပါတယ်””ဟု အရှေ့ပိုင်းခရိုင်(ဒ /န) မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဘကြီးသက်
Unknown at 3:59 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.