Tuesday, August 28, 2012

ပြည်တွင်းမှ ကျောင်းသားများ တက်ရောက် နိုင်မည့် SAP Software သင်တန်း

From : .mrtv4

စင်္ကာပူနိုင်ငံ၊ လိုက်သမ်းဟော သင်တန်းကျောင်းမှ ဖွင့်လှစ်တဲ့ SAP Software သင်တန်းကို ပြည်တွင်းမှ ကျောင်းသားတွေ တက်ရောက်နိုင်ပြီး တက်ရောက် လိုသူတွေဟာ အခု သြဂုတ်လနဲ့ လာမယ့် နိုဝင်ဘာလတို့မှာ စာရင်းပေးသွင်း နိုင်တယ်လို့သိရပါတယ်။ အဆိုပါ SAP Software ကို နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကုမ္ပဏီပေါင်း ၂၀၀၀ ကျော်က အသုံးပြုလျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ Software ဟာ အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ငန်းတိုင်းနဲ့ ဆောင်ရွက်မှု တိုင်းမှာ အသုံးပြုနိုင်တဲ့ အတွက် ERP စနစ်မှာလည်း အသုံးပြုမှု အများဆုံး Software ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ERP စနစ်ကို Customer Relatonship Management ၊Chain & Vender Management Projects and HR Management ၊ Finance and Accounting အစရှိတဲ့ နယ်ပယ် တွေမှာလည်း အသုံးပြု နိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် စင်္ကာပူ နိုင်ငံမှာ SAP စနစ်နဲ့ သင်ကြားတဲ့ Master of Business ဘာသာရပ် ကိုလည်း အဆိုပါ လိုက်သမ်းဟော သင်တန်း ကျောင်းမှာ တက်ရောက် နိုင်တာဖြစ်ပြီး လျှောက်ထားလို သူတွေ အနေနဲ့ ဘက်ချလာဒီဂရီ တစ်ခုခု ရှိရမယ့် အပြင် သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ်မှာ လုပ်ငန်း အတွေ့အကြုံ ၂ နှစ် ရှိထားရမှာ ဖြစ်ပါတယ်။ အဲ့ဒီ သင်တန်းကို လျှောက်ထား လိုရင်တော့ ပြည်တွင်း မှာရှိတဲ့ KMD Computer Center နဲ့ချိတ်ဆက် လျှောက်ထား နိုင်တယ်လို့ သတင်း ရရှိပါတယ်။
ဘကြီးသက်
Unknown at 9:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.