Tuesday, August 28, 2012

မြန်မာနိုင်ငံသည် အင်တာနက်အတွင်း ဝဘ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ၏ စတင်ပို့လွှတ်ရာ နေရာများတွင် ကမ္ဘာ့နံပါတ်တစ် အများဆုံး အရင်းအမြစ်နေရာ ဖြစ်လာ


မြန်မာနိုင်ငံသည် အင်တာနက်အတွင်း ဝဘ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ၏ စတင်ပို့လွှတ်ရာ နေရာများတွင် ကမ္ဘာ့နံပါတ်တစ် အများဆုံး အရင်းအမြစ်နေရာ ဖြစ်လာကြောင်း ၂၀၁၁ ခုနှစ် ပထမ သုံးလပါတ်အတွင်း ထွက်ပေါ်လာသော “State of the Internet report” အစီရင်ခံစာ အသစ်အရ သိရသည်။

ပြီးခဲ့သော ဇူလိုင်၂၇ရက် ဗုဒ္ဓဟူးနေ့က အမေရိကန် အခြေစိုက် အင်တာနက်နှင့် ဝဘ်နည်းပညာ သုတေသန ကုမ္ပဏီ Akamai ၏ ၂၀၁၁ ခုနှစ်၏ ပထမ သုံးလပါတ် “State of the Inte


rnet report” အစီရင်ခံစာ အရ မြန်မာနိုင်ငံသည် ထူးခြားစွာ ပုံပြဇယား၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး ၎င်းကဲ့သို့ ရောက်ရှိလာခြင်းသည် ပြီးခဲ့သော ၄ နှစ်အတွင်း ထုတ်ပြန်ခဲ့သော အဆင့် သတ်မှတ်ချက်များအနက် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာနိုင်ငံတွင်းမှ ပို့လွှတ်သော တိုက်ခိုက်မှုများသည် ပြီးခဲ့သော ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် မတ်လဆန်းတွင်ဖြစ်ပေါ်ခဲ့ပြီး ဝဘ်ပိုင်းဆိုင်ရာ အင်တာနက် ပေါ့တ် အမှတ် 80 (TCP/IP Port 80)ကို ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Akamai ၏ ဖော်ပြချက်အရ ၂၀၁၁ ပထမ သုံးလပါတ်အတွင်း စစ်ဆေးတွေ့ရှိရသော အင်တာနက် တိုက်ခိုက်မှုများ အားလုံး၏ ၁၃ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင်းမှ ပို့လွှတ်ခြင်း ဖြစ်သော်လည်း အဆိုပါ တိုက်ခိုက်မှုများမှာ သီးခြား အင်တာနက် ပေါ့တ် (IP Port) ၂၅ ခုကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း တိုက်ခိုက်မှုများအနက် ဝဘ်ဆိုက်ပိုင်းဆိုင်ရာ အင်တာနက်ပေါ့တ် အမှတ် 80 (IP Port 80)ကို ပစ်မှတ်ထား တိုက်ခိုက်မှုသည် မြန်မာနိုင်ငံတွင်းမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုများ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။



မြန်မာနိုင်ငံ နောက်တွင် အမေရိကန်ပြည်ထောင်စုမှ ပို့လွှတ်သော တိုက်ခိုက်မှုများသည် အင်တာနက် တိုက်ခိုက်မှုများ အားလုံး၏ ၁၀ ရာခိုင်နှုန်းနှင့် ဒုတိယနေရာရှိပြီး အင်တာနက် ပေါ့တ်အမှတ် ထောင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ပြီး သီးခြားပေါ့တ် တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း Akamai က ဆိုပါသည်။

ပြီးခဲ့သော ၃ လပါတ် အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါက တိုင်ဝမ်သည် ကမ္ဘာ့အင်တာနက် တိုက်ခိုက်မှုများ၏ ၉.၁ ရာခိုင်နှုန်းဖြင့် နံပါတ် ၃ နေရာကို လျော့ကျသွားပြီး အခြား အာရှ-ပစိဖိတ် နိုင်ငံများဖြစ်သော တရုတ်နိုင်ငံက ၆.၄ ရာခိုင်နှုန်းဖြင့် နံပါတ် ၅ နေရာ၊ အိန္ဒိယနိုင်ငံက ၃.၈ ရာခိုင်နှုန်းဖြင့် နံပါတ် ၇ နေရာ နှင့် ဟောင်ကောင်က ၃.၃ ရာခိုင်နှုန်းဖြင့် နံပါတ် ၈ နေရာ သို့ရောက်ရှိလာကြောင်း သိရသည်။

ဘကြီးသက်
Unknown at 2:13 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.