Tuesday, August 7, 2012

သမင်လည်ပြန် ၈၈




ကျောင်းသားများရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထု တစ်ရပ်လုံးက မဆလ တစ်ပါတီ စနစ်ကို ဗုံးဗုံး လဲကျသွားအောင် စွမ်းဆောင်ခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးကား နှစ်ပေါင်း နှစ်ဆယ် ရှိခဲ့ပေပြီ။ (ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ ပြောနေကြ မိန့်ခွန်း အစအတိုင်း ခိုးချလိုက် တာပါဗျာ။ခွင့်လွှတ်ကြပါ။) ထိုနှစ်ပေါင်း နှစ်ဆယ် ကာလအတွင်း ကျွန်ုပ်တို့၏ စွမ်းဆောင်နိုင်မှု၊ အောင်မြင်မှုများကို ပြန်လည် သုံးသပ်ရလျှင်----

အရေးတော်ပုံကာလ

အမှိုက်ကစ ပြဿဒ် မီးလောင် ဆိုသကဲ့သို့ပင် လက်ဘက်ရည်ဆိုင်တွင် အရက်မူးနေသော အရပ်သားနှင့် ကျောင်းသားများ ကက်ဆက်အခွေ လုဖွင့်ရာမှ ပေါ်လာသည့် ရန်ပွဲမှစပြီး မဆလ ပြိုကွဲ ခဲ့ရပေသည်။ အကယ်၍ ရန်ပွဲတွင် ကျောင်းသားကသာ လက်ဦးပြီး အရပ်သားများကို အပိုင်တွယ်နိုင် ခဲ့လျှင် ယခုကဲ့သို့ သမိုင်းတွင်မည့် အရေးတော်ပုံကြီး ဖြစ်လိမ့်မည် မထင်။ သို့သော် ဘာပဲဖြစ်ဖြစ် ၁၉၇၆ မှိုင်းရာပြည့် နောက်ပိုင်း ငြိမ်သက်နေသော ကျောင်းသား လှုပ်ရှားမှုကြီးသည် မဆလ အစိုးရကို စိန်ခေါ် ခဲ့လေပြီ။ ထိုလှုပ်ရှားမှုကြီးတွင် ကျောင်းသားေ တွမည်ကဲ့သို့ ပါဝင်ခဲ့ကြသနည်း

ကျောင်းသား ဆန္ဒပြမှုများ ပေါ်လာသည်နှင့် ကျွန်ုပ်တို့သည် နောင်တော် ကျောင်းသားများ၏ သမိုင်းခြေရာကို ထပ်ချပ်လိုက်ပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အလံကို ပြန်လည် လွှင့်ထူရန် ဆောင်ရွက်ခဲ့ကြပေသည်။ သို့သော် ကျွန်ုပ်တို့ကား နောင်တော်များထက် အရူးက တစ်မူး သာခဲ့သည်။ ဗကသ သာမက မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (မကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ (ရကသ) စသည်တို့ကို အပြိုင်အဆိုင် ဖွဲ့ကြပေ၏။ ထို့ပြင် အာဏာရှင် စနစ် တော်လှန်ရေး ကာလဖြစ်ရကား ဗိုလ်ချုပ်တို့ခေတ် ဗကသ ကဲ့သို့ တစ်ပြည်လုံး ညီလာခံခေါ်ပြီး ရွေးတာမျိုး လုပ်ရန် အချိန်မရ။ မဆလ ကဲ့သို့ပင် ကိုယ့်ဖဲ ကိုယ်ဆင် ကိုယ့်ဖဲ ကိုယ်ချိုး နည်းဗျူဟာဖြင့်ပင် ဘာပြောပြော လက်ခုတ်တီးနေသော ပရိသတ်ကြီးရှေ့တွင် တစ်ယောက်က အဆိုတင်။ ကျန်တစ်ယောက်က ထောက်ခံ။ လူထုကြီး သဘောတူပါလားဟု မေးပြီး အတည်ပြုခဲ့ရပေသည်။

ထိုသို့ ဖွဲ့ရာတွင်လည်း ကျောင်းသား ခေါင်းဆောင်များသည် အနာဂတ် နိုင်ငံရေး လောကတွင် ယခင် လူကြီးများထက် မညံ့ဘဲ လက်သွက် ခြေသွက် ခွက်စောင်း ခုတ်နိုင်ကြောင်းကို ပြနိုင်ခဲ့ကြပေသည်။ ဥပမာ။ မင်းဇေယျတို့က ရန်ကုန် တက္ကသိုလ်ထဲတွင် မကသ ဖွဲ့ရေးအတွက် အစည်းအဝေး ထိုင်နေကြောင်း သတင်းရချိန်တွင် ဆေးရုံကြီးရှိ မိုးသီးဇွန်၊ မင်းကိုနိုင်တို့အဖွဲ့က ချက်ခြင်း ရောက်လာပြီး မင်းဇေယျတို့ လေပေါကောင်းတုံး စင်ပေါ်တက်ပြီး ဗကသ ဖွဲ့လိုက်ကြောင်း ကြေညာကာ ဗကသ ကို မကသ ရှေ့ရောက်အောင် လုပ်ခဲ့ကြသည်။ ထိုအချိန်ထဲက မိုးသီးဇွန်က ခေသူမဟုတ်ကြောင်း ပြခဲ့ပေ၏။

သို့သော် နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲဆိုသကဲ့သို့ပင် ကျောင်းသားများမှာ နိုင်ငံရေး သမားဟောင်းများက နှစ်ကောင်စား ကင်းပေါက်ဖြင့် အနိုင်ပိုင်းသွားခြင်းကို ခံခဲ့ရပေသည်။ ဒေါက်တာ မောင်မောင်က စစ်အုပ်ချုပ်ရေးရုပ်သိမ်းပြီဟု ကြေညာလိုက်ချိန်တွင် မူလထဲက စစ်တပ်နဲ့ ကျောင်းသား ချပေ့စေ၊ ယာလည်းညက် ကြက်လည်းမောဟု ထိုင်စောင့်နေသော မူလပထမ နိုင်ငံရေး သမားများ၊ အလံဖြူ၊ အလံနီဟောင်းများ၊ ဗိုလ်နေ၀င်းက အရူးထက် တစ်မူးသာလုပ်ပြီး ကန်ထုတ်လိုက် သဖြင့် ဘေးထိုင် ဘိုင်ကျ ဘုပြောရင်း မဆလ ပေးသည့် နိုင်ငံရေး ပင်စင်ယူနေသူ ဘောင်းဘီချွတ်များက ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး ဆိုသည့် အေ့စ်သုံးချပ်ကို ချခင်း လိုက်သည့်အခါ စင်ပေါ်မှ ကျောင်းသား ခေါင်းဆောင်များ အောက်ဆင်းပြီး လက်ခုတ်တီးရသည့် ဘ၀ ရောက်သွား ပေတော့သည်။ ( နာလိုက်တာဗျာ။ မဟုတ်ရင် မိုးသီး ၀န်ကြီးချုပ် ဖြစ်နေလောက်ပြီ။)

ဤသို့ဖြင့် ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ ဆရာကြီးများ ထိုင်ခုံလုသည်ကို ထိုင်စောင့်နေရင်းဖြင့် စစ်တပ် အာဏာသိမ်းမှုကို ခံလိုက်ရပေသည်။

န၀တခေတ်

စက်တင်ဘာ ၁၈ ရက်နေ့ ညနေ လေးနာရီခွဲတွင် စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ကြေညာချက် ထွက်လာသည့်အခါ ကြားဖြတ်အစိုးရဖွဲ့ဖို့ အိမ်မက်မက်နေသော ဒီမိုကရေစီ ခေါင်းဆောင်များ ငုတ်တုတ် မေ့သွားကြသည်။ ပါးစပ်ထဲရောက်ခါနီး ထမင်းလုပ် ပုတ်ချခံရသော ကလေးငယ်ကဲ့သို့ လည်းကောင်း၊ ပါးစပ်ထဲက အရိုးကို အလုခံလိုက်ရသော ခွေးအိုကြီးကဲ့သို့ လည်းကောင်း ပြင်းစွာသော အမျက်ထွက်ကုန်၏။ ထို့ကြောင့် ပြည်သူလူထု အပေါင်းက လမ်းပေါ် ထွက်ပြီး ဆန့်ကျင် တိုက်ပွဲဝင်ရန် တောင်းဆိုကြသည်။

သို့သော်ငြားလည်း နိုင်ငံရေး ခေါင်းဆောင်များနှင့် မိုးသီးဇွန်၊ မင်းကိုနိုင်အစရှိသော ကျောင်းသား ခေါင်းဆောင်များသည် လည်းကောင်း အနာဂတ် နိုင်ငံရေးတွင် သူတို့၏ အရည်အချင်းများကို အသုံးချနိုင်ရန် အတွက် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုဘဲ သံရုံးများတွင် လည်းကောင်း၊ ဘုန်းကြီးကျောင်းများတွင် လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း အိမ်များတွင် လည်းကောင်း ပုန်းအောင်း (မှားလို့) မြေအောက်သို့ ခိုဝင်သွားကြပေသည်။ ဘာမသိ ညာမသိနှင့် လမ်းပေါ် ထွက်လာသော ကျောင်းသားများ၊ ပြည်သူများကား တဲ့တဲ့ပစ်မည်ဟု ကြိမ်းဝါးထားသော စစ်တပ်နှင့် တွေ့ပြီး ကိစ္စချော ကုန်ကြလေသည်။ သို့သော် ၎င်းတို့၏ စွန့်လွှတ်မှုများကား အချည်းနှီး မဖြစ်ပေ။ နောင်တွင် နှစ်စဉ် ရှစ်လေးလုံး ကျရောက်တိုင်း ခေါင်းဆောင်ကြီးများက မိန့်ခွန်း ပြောသည့်အခါ ထည့်သွင်း ဂုဏ်ပြုခြင်း ခံရပေသည်။ ( တစ်နှစ်လုံး လုပ်ချင်တာ လုပ်ပြီး ဇူလိုင် ၁၉ ကျမှ ဗိုလ်ချုပ်ကို သတိရတဲ့ အာဇာနည်နေ့ အတိုင်းပင် ဖြစ်ပါသည်။)

မြေအောက် လျှိုးနေသော ခေါင်းဆောင်ကြီးများက စက်တင်ဘာ ၂၇ ရက်နေ့တွင် န၀တက ပါတီတွေ ဖွဲ့နိုင်ပြီဟု ကြေညာ လိုက်သောအခါ မီတာ တစ်ရာ ပြေးပွဲ တာလွှတ် သကဲ့သို့ စက်တင်ဘာ လဆန်းတုံးက အယုံအကြည် မရှိပါဟု ပြောထားသော ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပြေးပြီး မှတ်ပုံ တင်ကြလေရာ ကမ္ဘာ့စံချိန်ဖြစ်သော ပါတီပေါင်း ၂၃၅ ပါတီအထိ ရောက်သွားခဲ့ပေသည်။ သို့တိုင် အောင် ဒီမိုကရေစီ ခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင်များက စစ်တပ်ကို ကြောက်ပြီး နယ်စပ် ထွက်ပြေးနေသာ ကျောင်းသားများကို ပြန်မလာနဲ့ဦး လက်နက်ကိုင် တိုက်ပွဲဆင်ကြဟု အမိန့်ပေးခဲ့ ကြသဖြင့် ထိုင်းနယ်စပ်တွင် ကျောင်းသား တပ်မတော်ကြီး ပေါ်လာခဲ့ပေတော့သည်။

ကျောင်းသားတပ်မတော်

လက်နက်ကိုင် တိုက်ပွဲဝင်သော ကျောင်းသား တပ်မတော်ကား မြန်မာ့သမိုင်းတွင် ပထမဆုံး သော ကျောင်းသားတပ်မတော်ကြီး ဖြစ်သောကြောင့် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေသည်။ ထိုတပ်မတော်ကြီး ဖြင့် ကျွန်ုပ်တို့ ဘာတွေ လုပ်နိုင်ခဲ့သနည်း။

စစ်အစိုးရကို ဖြုတ်ချမည် ဆိုသော စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့သည့် အောက်ခြေ ရဲဘော်များ တိုက်ပွဲတွင် လည်းကောင်း၊ ငှက်ဖျားဒဏ်ဖြင့် လည်းကောင်း ကျဆုံးခဲ့ရပေသည်။

ခေါင်းဆောင်များ၏ အာဏာရှင် ဆန်မှုကို ဝေဖန်မိသော ABSDF ( မြောက်ပိုင်း) မှ ကျောင်းသားများကား စစ်တပ်သူလျှိုဟု ဆိုကာ အသတ်ခံခဲ့ရသည်။

ခေါင်းဆောင်များက မဲဆောက်နှင့် ဘန်ကောက်ကို လွန်းပျံသွားရင်း တိုက်ပွဲများကို ကွပ်ကဲကာ ဒီမိုကရေစီ တော်လှန်ရေး၏ အရသာကို ခံစားကြ၏။ ထိုသို့ခံစားရင် အဝေမတည့်သည့်အခါ အခါလည်သား ကျောင်းသား တပ်မတော် နှစ်ခြမ်းကွဲခဲ့ပေသည်။

ခွဲရေး တွဲရေး လုပ်ရင်းနှင့်ပင် အမြင်ကျယ်လာသော ခေါင်းဆောင်များက တတိယနိုင်ငံသို့ ထွက်ပြီး အနာဂတ ဒီမိုကရေစီ နိုင်ငံတော်အတွက် လိုအပ်သော ပညာများကို သွားရောက် သင်ကြား ကြကုန်၏။ ပြီးသောအခါ မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင်၊ စစ်ရေး ကျွမ်းကျင်သူ ပညာရှင်များ အမည်ခံရင်း Proposal နိုင်ငံရေးနှင့် ဘလော့ဂ် လက်နက်ကိုင် တိုက်ပွဲများကို အားတက်သရော ဆက်လက် ဆင်နွဲ နေကြကုန်သည်။

၎င်းတို့ကဲ့သို့ အမြင်မကျယ်ရှာသော အောက်ခြေ တပ်သားထုနှင့် ထွက်ပေါက် မရှာနိုင်သော ခေါင်းဆောင်ငယ်များက ကျောင်းသား တပ်မတော် အမည်ခံရင် ကေအင်ယူ၊ ကေအင်ပီပီ တို့၏ ပေးစာ ကမ်းစာ စားရင်း။ ကျပန်းလုပ်ရင်းဖြင့် ခေါင်းဆောင်ကြီးများ၏ Proposal နိုင်ငံရေးကြောင့် အောင်ပွဲခံ ရမည့် အချိန်ကို စောင့်နေရ ပေတော့သည်။

ပြည်ပြေး နိုင်ငံရေးသမားများ

၉၀ ရွေးကောက်ပွဲ ပြီးသောအခါ န၀တ လက်ထက်တွင် ဘယ်လိုမှ အာဏာမရနိုင်ဟု မြင်လာ သော နိုင်ငံရေး သမားများ၊ အရေးအခင်း နောက်ပိုင်း ထိန်းသိမ်းခံထားရာမှ ပြန်လွတ်လာသော ကျောင်းသားများ သည်လည်း တောင်ကို ကျော်၍ လည်းကောင်း၊ ထောက်လှမ်းရေးတွင် နောင်နိုင်ငံရေး မလုပ်တော့ပါဟု လက်မှတ်ထိုး၊ ပတ်စပို့်ယူပြီး လည်းကောင်း ( အောင်ဒင်ကို စောင်းပြောတာ မဟုတ်၊ တိုက်ဆိုင်ရင် ခွင့်လွှတ်) ပြည်ပသို့ ရောက်လာကြသည်။

ထိုဆရာကြီးများကား ဂလိုဘယ်လိုက်ဇေးရှင်းခေတ် နိုင်ငံရေးသမားများပီပီ တောထဲတွင် လက်နက်ကိုင် တိုက်ရန် စိတ်မကူး။ တိုက်နေသူတွေကို သောက်ရူးတွေဟု ထင်သည်။ ထို့ကြောင့် နိုင်ငံရေး ခိုလှုံခွင့်ရရန်နှင့် Proposal နိုင်ငံရေး လောကအတွင်း အသံထက်မြန်သော နှုန်းဖြင့် ၀င်နေရာ ယူနိုင်ရန် အတွက် ကြိုးစားကြကုန်၏။ ထို့ကြောင့် ၉၀ ခုနှစ် နောက်ပိုင်း ပြည်ပ ထွက်လာသူများကား ၈၈ တုံးက ခေါင်းဆောင်ခဲ့သည့် အကြောင်း၊ န၀တက ဖမ်းဆီးပြီး နှိပ်စက်သည့် အကြောင်းများကို နားထောင်သူ မျက်ရည်လည်အောင် ပြောတတ်သည်။ စစ်အစိုးရကို နှစ်နှစ်အတွင်း ဖြုတ်ချမည့် စီမံကိန်းများကို မစားရ၀ခမန်း ပြောတတ်၏။ ထိုသူများ၏ ကျေးဇူးကြောင့်ပင် နိုင်ငံတကာတွင် မြန်မာ့အရေး ဆောင်ရွက်သည့် အဖွဲ့များ မိုးဦးကျမှို ထွက်သကဲ့သို့ ပေါ်လာတော့သည်။

နအဖကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူဖို့၊ လုံခြုံရေး ကောင်စီက အရေးယူဖို့ ဆိုသည့် အသံတွေ ကြားလာရ၏။ သို့သော် နအဖ အစိုးရကား ပန်းပန်မြဲ။ တစ်ခုသာ ထူးခြားသည်။ မြန်မာ ပြည်သူတွေ ဘ၀ မပြောင်းသော်လည်း ပြည်ပရောက် ခေါင်းဆောင်များ၏ ဘ၀ကား တိုးတက်လာပေ၏။ ၎င်းတို့၏ ဆွေမျိုး သားချင်းများလည်း ဒီမိုကရေစီ တော်လှန်ရေး သမားများ အဖြစ် ပြည်ပသို့ရောက်လာ၏။ ပြည်တွင်းရှိ မိဘ၊ ဇနီးများထံသို့လည်း ဟွန်ဒီဖြင့် တော်လှန်ရေး ရန်ပုံငွေများ ပေးပို့လာနိုင်ပေသည်။ ကောင်းလေစွ။

ပြည်တွင်းမှ ခေါင်းဆောင်များ

တကယ်တော့ ပြည်တွင်းမှ ခေါင်းဆောင်များဟု ဆိုရန် မသင့်။ ပြည်တွင်းရှိ ခေါင်းဆောင်ဟု သာ ပြောရပေမည်။ အဘယ်ကြောင့်ဆိုသော် အရာရာသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်သာ မူတည် နေသောကြောင့်တည်း။ ဒေါ်စု ထွက်လာရင် ပွဲစည်သည်။ ဒေါ်စု ပြန်ဝင်သွားလျှင်ကား ခေါင်းဆောင်များ အနေဖြင့် ကြေညာချက် ထုတ်ခြင်းနှင့် ရေဒီယိုမှ အင်တာဗျူးခြင်းတည်းဟူသော အလုပ်နှစ်ခုကို အင်တိုက် အားတိုက် ဆောင်ရွက်ကြသည်။ အောက်ခြေ ပါတီဝင်များ အနေဖြင့် နိုင်ငံရေး လုပ်နေတာလား၊ သတင်းထောက် လုပ်နေတာလား၊ စာအုပ် ထုတ်ဝေရေး လုပ်နေတာလားဟု မခွဲခြားနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။ ပြည်တွင်း ခေါင်းဆောင်များလည်း ပြည်ပက လူများထက် မညံ့။ သံရုံးများက ရသော ဒီမိုကရေစီ ထောက်ပံ့ကြေးများကို လျှို့ဝှက်ရေးကို အကြောင်းပြပြီး စာရင်းမရှိ အင်းမရှိ သုံးသည့် ပညာတတ် လာကြပေပြီ။ ဆွေမျိုးများကို ပြည်ပ ပို့ကုန်အဖြစ် တင်ပို့တတ် လာပေပြီ။ NLD ဗဟို အလုပ် အမှုဆောင် ဘဘကြီး တစ်ဦးဆိုလျှင် အဖွားကြီးကို ကွာပြီး အထက်မြန်မာပြည်က ပါတီဝင် အမျိုးသမီး တစ်ဦးနှင့် ရွှေတောင်ကြားတွင် အိမ်ဝယ်ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နေပြီ ဖြစ်သည်။ ( ဦးညွန့်ဝေကို စောင်းပြောတာ မဟုတ်၊ တိုက်ဆိုင်မှုရှိလျှင် ကန်တော့ပါခင်ဗျား။)

သို့တိုင်အောင် ထိုခေါင်းဆောင်များ အပေါ် ယုံကြည်နေဆဲ ဖြစ်သော မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်များ၊ ကျောင်းသား မျိုးဆက်သစ်များနှင့် သံဃာများက ရွှေဝါရောင်တော်လှန်ရေးကို ဆင်နွဲခဲ့ သေးသည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများကား ၈၈ တုံးက သောက်ကျင့်အတိုင်း သေချာမှ ၀င်ပါဖို့ ထိုင်စောင့်နေခဲ့သည်။ ထို့ကြောင့်ပင် နှစ်တုံးစားလည်း သဘောမပေါက်သေးသည့် ကျောင်းသားများ သေကြ၊ ကျေကြ၊ ထောင်ကြကျ၏။ သံဃာများလည်း မသက်မသာခဲ့။ ခေါင်းဆောင်ကြီးများကမူ ကြေညာချက်တွေ ထုတ်ပြီး သွားလေသူများကို ဂုဏ်ပြုခဲ့ကြပေသည်။

ဤသည်ကား ကျွန်ုပ်တို့ ဒီမိုကရေစီ တော်လှန်ရေးကြီးကား နှစ်နှစ်ဆယ် ခရီးပေတည်း ။ အားတက် ဖွယ်ရာပါတကား။ ခေါင်းဆောင်ကြီးများ ဘ၀သာယာရေး အတွက် ဒီမိုကရေစီ အော်ရင်း ကျွန်ုပ်တို့ နောက်ထပ် နှစ်ပေါင်း နှစ်ဆယ် ဆက်တိုက်ပွဲဝင်ကြစို့။

ဒီမိုကရေစီ တော်လှန်ရေး အောင်ရမည်။

ခေါင်းဆောင်ကြီးများ သက်တော်ရာကျော် ရှည်ပါစေ။ စီးပွားဥစ္စာ တိုးတက်ပါစေ။ ဆွေမျိုးများကို စောင့်ရှောက်နိုင်ပါစေ။

Myanmar Express

ဘကြီးသက်
Unknown at 6:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

You Tube မှ Apple ၏ iOS ကို ဖြုတ်ပစ်တော့မည်

Google ကုမ္ပဏီနှင့် Apple တို့၏ စစ်ပွဲမှာ အရှိန်မြင့်လာခဲ့ပြီ ဖြစ်ကာ Apple တို့အနေဖြင့် iPhone နှင့် iPad တို့တွင် ရှိသည့် ပုံမှန် YouTube application များကို
ဖယ်ရှားပစ်တော့မည် ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပြီ ဖြစ်သည်။ နာမည်ကြီးလှသည့် နာမည်ကျော် ဗွီဒီယို Streaming ဝန်ဆောင်မှုမှာ Apple ၏ မိုဘိုင်း oparating စနစ်သစ် ဖြစ်သော iOS 6 တွင် ပါဝင်လာတော့မည် မဟုတ်ပေ။

ကုမ္ပဏီ၏ အပြောအရ iOS app မှာ လိုင်စင်သက်တမ်း ကုန်သွားပြီး ဖြစ်သဖြင့် ယခုလို ဖြုတ်ပစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အသုံးပြုသူများ အနေဖြင့် You Tube ကို ၎င်းတို့၏ အခြားသော browser များတွင် ဆက်လက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အလားတူပင် Google တို့မှာလည်း apple စတိုးများ အတွက် application သစ် တစ်ခုကို ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

source : The Wall Street Journal



MRTV-4
ဘကြီးသက်
Unknown at 2:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ တာဝန်ယူသည့် ကော်မတီ တရပ်တိုးချဲ့ ဖွဲ့ စည်း

တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သော ကော်မတီတရပ်ကို ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ဖွဲ့ စည်းလိုက်ပါသည်။ 

ယနေ့ တိုးချဲဖွဲ့စည်းသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ  တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ နှင့် ပုသိမ်မဲ ဆန္ဒနယ်မှ ဦးဝင်းမြင့် (NLD)က အတွင်းရေးမှုး အဖြစ် ပြည်သူ့လွှတ်တော်မှ အတည်ပြု ကြေညာလိုက်ကြောင်း Popular Myanmar News Journal - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

Popular Myanmar News Journal


ဘကြီးသက်
Unknown at 11:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook အကောင့် ၈၃ သန်းမှာ အတုများနှင့် နောက်ပြောင်သည့် အကောင့်များသာဖြစ်



Facebook သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ချစ်စရာ အိမ်မွေး တိရစ္ဆာန်များကို သီးသန့် Facebook အကောင့်များ ဖွင့်ပေးပြီးနောက် သုံးစွဲနေပါက
မကြာတော့မည် ကာလ အတွင်းတွင် အလိုအလျောက် ပယ်ဖျက်ခံရနိုင်ကြောင်း သိရသည်။ Facebook ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ ၈၃.၀၉ သန်းခန့်သော အကောင့်များကို ပိတ်ပစ်လိုနေကြောင်း သိရသည်။

ဗုဒ္ဓဟူး နေ့က ထုတ်ပြန်သည့် updated regulatory filing ခေါ် စာရင်းအရ လူမှုရေး ကွန်ရက် ဝက်ဆိုက်ကြီးမှ ပြောရာတွင် ၎င်းတို့၏ ၉၅၅ သန်းသော လစဉ်ပုံမှန် အသုံးပြုနေသည့် လူများထဲမှ ၈.၇ ရာနှုန်းသော လူများမှာ ယခုလို အကောင့်များကို ဖန်တီးကြခြင်း ဖြစ်ကြောင်း လုံခြုံရေး ဆိုင်ရာ အကြီးအကဲမှ ပြောခဲ့သည်။ ထို့အပြင် ယခုလို အကောင့်များထဲမှ  ၂.၄ ရာနှုန်းမှာ လူမဟုတ်သည့် အိမ်မွေး တိရစ္ဆာန်များ ကဲ့သို့သော ကိုယ်ရေးကိုယ်တာ ဆိုင်ရာ အကောင့်များ ဖြစ်ကြောင်းလည်း ပြောသည်။ ထို့အပြင် ယခုလို အကောင့်များထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အကောင့်များနှင့် အခြားသော မှားယွင်းသည့် အကောင့်များလည်း ပါဝင်ကြောင်း သိရသည်။

ယခုလို ဖြစ်ရပ်အတွက် Facebook အနေဖြင့် ၎င်းတို့ တွေ့ရှိသည့် အကောင့်မှားများကို ဖျက်ပစ်မည် ဖြစ်ကြောင်း သို့ရာတွင် အလုံးစုံကို ဖျက်ပစ်လိုက်မည် မဟုတ်ဘဲ လုံခြုံရေး စနစ်အရ အချို့ အချက်အလက် များကို သိမ်းဆည်းထားဦးမည် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ထို့အပြင် အဖျက်ခံရသူများ အနေဖြင့် ၎င်းတို့၏ အကောင့်များ ကို ပြန်လည် ဖွင့်နိုင်ခွင့် ရှိမည် မဟုတ်ကြောင်းလည်း သိရသည်။

source : CNN
ဘကြီးသက်
Unknown at 11:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ရှိဥပဒေအရ နိုင်ငံရပ်ခြားတွင် အိမ်ခြံမြေ၀ယ်ယူခြင်းများ တရားမ၀င်




ကမ္ဘာ့ရွာအဖြစ် ကူးပြောင်း လာသော ခေတ်ကာလနှင့်အညီ နိုင်ငံရပ်ခြားတွင် ပညာသင်ယူခြင်း၊ အလုပ်လုပ်ကိုင်ခြင်း စသည့်ကိစ္စရပ် အမျိုးမျိုးဖြင့် သွားရောက်နေထိုင်သူ များမှာ အဆိုပါနိုင်ငံတွင် အိမ်ခြံမြေ  ပိုင်ဆိုင်မှုကို စိတ်ဝင်စားလာကြပြီး စင်ကာပူနိုင်ငံမှ အေဂျင်စီကဲ့သို့အ ဖွဲ့အစည်းများလာရောက်၍ ကြော် ငြာရောင်းချမှုများပြားလာသော် လည်း လက်ရှိဥပဒေအရ နိုင်ငံရပ် ခြားတွင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဝယ်ယူခြင်းမှာ တရားမ ၀င်ကြောင်း ဥပဒေနှင့်ငြိစွန်းကြောင်း ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် ရေးကော်တီဝင် ဦးသန်းမောင်(စစ်တွေ)ကပြောကြားသည်။

“မြန်မာနိုင်ငံကိုလာပြီး စင်ကာ ပူမှာ အိမ်ဝယ်လို့ရတယ်လို့လာပြီး ဆွယ်ကြတယ်။ဥပဒေတွေရှိပါတယ်။  မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ၁၉၈၇ Transfer of Immoveable Property (Restriction) Law အရဆို အားလုံးဟာ ငြိစွန်းပါ တယ်။ ပြည်ပမှာ အိမ်မြေပိုင်ဝယ်ခွင့် မရှိဘူး””ဟု ယင်းက သြဂုတ် ၄ ရက် တွင် ရန်ကုန်မြို့ UMFCCI ၌ပြော ကြားသည်။

သို့သော် အဆိုပါဝယ်ယူမှုနှင့် ပတ်သက်၍ ယခုလတ်တလော လွှတ်တော်အတွင်း၌လည်း ၀ယ်နိုင် သောကြောင့် စင်ကာပူအိမ်ခြံမြေ များ ၀ယ်ယူခြင်းမှာ ထိခိုက်မှုမရှိနိုင်  ဟု အယူအဆ၊ သဘောထားများ ပြောင်းလဲလာကြောင်း၊ နားလည်မှု ဖြင့် လုပ်ကိုင်ခွင့်ပြုသည်များလည်း ရှိကြောင်း၊ ဥပဒေအမြင်ဖြင့်ပြောပါ။ ဆန့်ကျင်နေကြောင်း၊ ထိုကဲ့သို့ အ ခြေအနေကြောင့် ဥပဒေကိုပြင်ဆင် ခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ဘယ်လို ပေးမလဲ စဉ်းစားသင့်ကြောင်း ဦး သန်းမောင်(စစ်တွေ)ကပြောကြား သည်။

“ကျွန်တော်တို့နိုင်ငံမှာက ဘာ မှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ ဖြစ်ပြီ ဟေ့ဆိုရင် ဘယ်သူမှမကယ်နိုင်ဘူး။ ၀ယ်ခွင့်ပေးမှာဖြစ်မယ်ဆိုရင် ဥပဒေ ကိုပြောင်းပါ။ ယနေ့ သြဂုတ် ၅ ရက် အထိတော့ ဥပဒေအရတရားမ၀င် ပါဘူး။ ကြော်ငြာခွင့်လည်းမရှိဘူး။ ရောင်းချခွင့်လည်းမရှိဘူး”ဟု ယင်း ကအတိအလင်းဆိုသည်။

ထို့ပြင် အဆိုပါပုဂ္ဂိုလ်က လက် ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြင် ဆင်ရေးဆွဲရမည့်ဥပဒေများစွာရှိ ကြောင်း၊ အချို့ဥပဒေများမှာ လွတ်လပ်ရေးမရခင်ကတည်းက ရေးဆွဲ ထားပြီး ယခုအထိအသုံးပြုနေရဆဲ ဖြစ်ကြောင်း၊ ၂၀၁၂ ဧပြီအထိ လက်ကျန်ရေးဆွဲရန် ဥပဒေ ၈၃၄ ခုအထိရှိကြောင်း၊ ခေတ်စနစ်နှင့်အ ညီ ဖြည်းဖြည်းချင်းပြင်ဆင်ရေးဆွဲ ခြင်းမရှိသောကြောင့် ယခုဒီမိုကရေ စီခေတ်တွင် ပြင်ဆင်ရန် အများအ ပြားရှိနေခြင်းဖြစ်ကြောင်း၊ ဥပဒေ အားလုံးမှာ ဆက်စပ်နေ၍ ပင်မဥပ ဒေတစ်ခုပြဋ္ဌာန်းရုံနှင့်မလုံလောက်ပဲ အားလုံးပြဋ္ဌာန်းပြီးမှသာ အဆင်ပြေ နိုင်ကြောင်းပြောကြားသည်။

ပြည်တွင်း၌လာရောက်ရင်းနှီး မြှုပ်နှံမှုနှင့်ပတ်သက်၍ သုံးမျိုးရှိ ကြောင်း စက်မှုထုတ်ကုန်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်မှုလုပ်ငန်းများဖြစ်ပြီး ကူး သန်းရောင်းဝယ်မှုလုပ်ငန်းမှာ နိုင်ငံ ခြားကုမ္ပဏီများကို လုံးဝလုပ်ကိုင်ခွင့် မပေးကြောင်း အချို့ကုမ္ပဏီများမှ မြန် မာတိုင်းရင်းသားနာမည်ခံ၍ နောက် ကွယ်ကလုပ်နေသည်များရှိနေပြီး၊ သိရှိပါက တိုင်းရင်းသားရော နိုင်ငံ ခြားသားပါ နာမည်ပျက်စာရင်းသွင်း ၍ ကုမ္ပဏီကိုသိမ်းကြောင်း၊ စက်မှု  ထုတ်ကုန်လုပ်ငန်းများ နိုင်ငံခြားလုပ် ကိုင်မည်ဆိုပါက MIC ၏ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး လုပ်ငန်းသေးသေး၊ ကြီးကြီး ရှောင်လွှဲ၍မရကြောင်း ၀န် ဆောင်မှုလုပ်ငန်းမှာ သက်ဆိုင်ရာဥ ပဒေအရ ကန့်သတ်ထားပါက ဥပ ဒေအတိုင်း ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း ဦးသန်းမောင်(စစ်တွေ) ကပြောကြားသည်။

ကိုဖြိုး

ဘကြီးသက်
Unknown at 10:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘာလုပ်စားကြမလဲ




''ခင်ဗျားဘာလုပ်နေလဲ၊ ကျွန်တော်တော့ ဘာလုပ် စားရမှန်း မသိတော့ပါဘူးဗျာ''ဆိုတဲ့ စကားဟာ အခု နှစ်ပိုင်းတွေအတွင်း မတွေ့ဖြစ်တာ နည်းနည်းကြာပြီ ဖြစ်တဲ့ လူလတ်ပိုင်းမိတ်ဆွေအချင်းချင်း ပြန်တွေ့ဖြစ်ရင် မပါမဖြစ်တဲ့ စကားတစ်ခွန်းလို ဖြစ်လာပါတယ်။

မှန်ပါတယ်။ လူလတ်တန်းစားတွေ ဂွင်(ခွင်)ပျက် နေတာ ကြာခဲ့ပါပြီ။ အနည်းဆုံးဆင်းရဲသားက မရှက် မကြောက် ဘာပဲဖြစ်ဖြစ် ရရာ အလုပ်လုပ်စားခွင့် ရနိုင် တယ်။ ကာယအားသုံး အနှေးယာဉ်လုပ်သား၊အထမ်း သမားလုပ်ဦးတော့ ပြန်တမ်းဝင်အရာရှိ လစာလောက် တော့ မကျ။ စည်ပင်စည်းကမ်းဖောက်ပြီး လမ်းဘေး ဈေးသည်လုပ်၊ ကြုံသမျှရင်ဆိုင်၊သင့်သလိုဖြေရှင်း၊ တစ်လစာရင်းချုပ်ရင် ညွှန်ချုပ်လစာလောက်တော့ အေးဆေး။
အမြင့်ဆုံးလူတန်းစာကလည်း အခုထက်ထိ ခရိုနီ တွေနဲ့ပေါင်းပြီး စားကွက်တွေ ရှာနိုင်တုန်း။ ဘေးပန်း အနေနဲ့လုပ်တဲ့ ကားဝယ်ရောင်းမှာ သန်းထောင်ကျော် တန်ကားတွေ နှစ်ရာကျော်လောက် ဖြစ်ကုန်လို့ မွဲမသွား။
သိန်းနှစ်ရာလောက်နဲ့ ဝယ်ထားတဲ့ မြေကွက်တွေက နှစ်ထောင်မက ဖြစ်ကုန်လို့ ဒူးနံ့နေရုံသာ။
ဆိုက်ကားလည်း မနင်းနိုင်၊ ခရိုနီနှင့်လည်း မပေါင်းနိုင်တဲ့ လူလတ်တန်းစား အများစုမှာတော့ တကယ့်ကို ဂွကျကျ ဖြစ်နေခဲ့တာ ကြာပါပေါ့။ ဒီနေရာ မှာ အထက်လွှာအားလုံး ခရိုနီနဲ့ပေါင်း ပိုကြီးပွားလာ တယ်လို့တော့ လုံးဝမဆိုလိုပါ။ တကယ့် ကိုယ့်အား ကိုယ်ကိုး ကြီးပွားလာသူတွေ၊ ဘိုးစဉ်ဘောင်ဆက် ချမ်းသာလာသူတွေ၊ မိဘလက်ငုတ်လုပ်ရင်း ပိုတိုးတက် လာသူတွေလည်း ဒုနဲ့ဒေးပါ။
ဒါပေမဲ့ လူလတ်တန်းစားလို့ သတ်မှတ်နိုင်တဲ့ အလွှာထဲက အများစုအတွက်တော့ ရှိစုမဲ့စုအထုပ်ကလေး တစ်နေ့တစ်ခြား ပွန်းပါးလာနေခဲ့ရပါပြီ။ ဥပမာ တစ်ခါ က ကျွန်တော့်သူငယ်ချင်း ဂျီဒီအိုင်ဆင်း အင်ဂျင်နီယာ တစ်ယောက် အစိုးရအလုပ်က ထွက်ပြီး သင်္ဘောတက် သွားခဲ့ပါတယ်။ အဲဒီခေတ်က လုပ်တတ်တဲ့ပုံစံအတိုင်း ဂျပန်မှာ ခုန်ဆင်းနေရစ်လို့ အိုဗာစတေးနဲ့ ရရာအလုပ် လုပ် ငွေရှာပြီး ငါးနှစ်လောက်အကြာ ၂ဝဝဝ ခုနှစ် လောက်မှာ သူပြန်ရောက်လာပါတယ်။
သူ ဘာလုပ်စားမလဲလို့ တိုင်ပင်ဖူးတယ်။ ကျွန်တော်ကိုယ်တိုင်က ၉၉ စီးပွားပျက်ကပ်အပြီး ရုပ်ပြ ထွက်ဝေရေး လုပ်ရင်း အရင်းပြုတ်လို့ ငုတ်တုတ်ထိုင် နေရချိန်ဆိုတော့ သူ့လည်း လမ်းမညွှန်ရဲပါ။ ဒါနဲ့ပဲ သူခမျာလည်း နိုင်ငံခြားပြန်တို့ ထုံးစံ ကားဝယ်ရောင်း လေးတစ်ဖက်ကလုပ်ရင်း လက်ဖက်ရည်ဆိုင်လေး ဖွင့် လှစ်ကြည့်တယ်။ ဆိုင်ဖွင့်ခွင့် ပါမစ်အသစ်က မလွယ် တာမို့ ဆိုင်ဟောင်းလေးတစ်ခုရဲ့ လိုင်စင်နဲ့ ပစ္စည်း ဟောင်းတွေကအစ ဈေးဖြတ်ဝယ်ပြီး ဖွင့်တာပါ။ မကြာပါဘူး ပတ်ဝန်းကျင်က အင်အားကြီး ဆိုင်ခွဲကို မယှဉ် နိုင်တာနဲ့ သူ့ဆိုင်လေး ရပ်တန့်လိုက်ရပါတော့တယ်။
အဲဒီတုန်းက ကားဈေးကလည်း အရမ်းကြီး မတက်သေးပါဘူး။ ဆူပါစလွန်း ၉၇ မှ သိန်းအစိတ် လောက်ပေးရချိန်မှာ သူငယ်ချင်းလည်း စိတ်ပျက်ကာ ရှိတဲ့ကားလေး ပြန်ရောင်းပြီး နိုင်ငံခြားပဲ ပြန်ထွက်ဖို့ ကြိုးစားပါတယ်။ ဂျပန်ကိုတော့ ပြန်ရောက်ဖို့ မဖြစ် နိုင်တော့လို့ ဥရောပဘက်သွားလုပ်ဖို့ ကြိုးစားပါတယ်။ ရောက်သွားပါတယ်။ ဒါပေမဲ့ အထောက်အထား မခိုင် လုံလို့ Reject ထိပြီး ပြန်လာရပါတယ်။ အဲဒီအချိန်ကျ တော့ ဆူပါစလွန်းက သိန်းတစ်ရာလောက် ဖြစ်သွား ပြီလေ။
နောက်ဆုံးတော့ စင်္ကာပူကိုပဲ ထွက်သွားတော့ တယ်လို့ ကြားလိုက်ရပါတယ်။ အင်ဂျင်နီယာပေမယ့် ဂျပန်မှာ ရရာအလုပ် လုပ်ခဲ့တာမို့ စင်္ကာပူမှာ သူအဆင် ပြေနိုင်ပါ့မလား။ ကိုယ်က ကြားထဲက တွေးပူမိသေး တယ်။ လူချင်း အဆက်အသွယ် ပြတ်သွားခဲ့ပြီး မနေ့ တစ်နေ့ ၂ဝ၁၂ ဇူလိုင်လထဲမှာတော့ မမျှော်လင့်ဘဲ ပြန်ဆုံ မိပါတယ်။ ဆူပါရုဒ်တက္ကစီတစ်စီး မောင်းလျက်နဲ့ပါ။ တက္ကစီနှစ်စီး ထောင်ထားတယ်တဲ့။ ဒရိုင်ဘာမလာလို့ ကိုယ်တိုင်မောင်းလာတာတဲ့။ မျက်စိမျက်နှာက သိပ် မကောင်းလှဘူး။
ကားပါမစ်ပေါ်လစီ အဆင့်ဆင့်အကြောင်းပြောရင်း သူ ညည်းရှာတယ်။ ရိုက်ချက်က ပြင်းလိုက်တာဗျတဲ့။ ဘာလို့လဲဆိုတော့ အခု မောင်းလာတဲ့ ၈၈-၉ဝ ထုတ် ဆူပါရုဒ် CE 96 သိန်းနှစ်ရာ့ငါးဆယ်လောက် ပေးဝယ် ခဲ့ရတာတဲ့။ အခု ရန်ကုန်မှာ ၉၂ မော်ဒယ်လ်ထက် နှိမ့် ရင် မထားတော့ဘူးဆိုတဲ့ သတင်းထွက်နေတော့ ဘယ်လို လုပ်ရပါ့ဆိုပြီး သောကရောက်နေရှာရဲ့။ အဟောင်းနှစ်စီး ရောင်းလိုက်လို့မှ တစ်စီး ပြန်ရပါ့ မလား။ ကုမ္ပဏီကြီးတွေရဲ့ တက္ကစီတွေကလည်း ရှိလာ ဦးမှာဆိုတော့ ဘာဆက်လုပ်စားရပါ့မလဲလို့ ညည်းတွား နေပြန်ပါတော့တယ်။
အဲ့ဒီလိုမျိုးပဲ နိုင်ငံခြားသွား အလုပ်လုပ် ပြန်လာပြီး မြန်မာပြည်မှာ လုပ်စရာ မရှိတဲ့အဆုံး တက္ကစီသမား တစ်ပိုင်း ဖြစ်သွားကြတာ ကျွန်တော့်ပတ်ဝန်းကျင်မှာတင် မနည်းလှပါဘူး။ အဲဒီအထဲမှာ ပညာတတ်တွေလည်း ပါလေရဲ့။ အများစုက အပြင်သွားပြီး မိသားစုစားဝတ် နေရေးအတွက် ရရာလုပ်ပြီး ငွေပဲ အဓိက ရှာခဲ့ကြရတဲ့ အကျိုးဆက်ဖြစ်မယ် ထင်ပါတယ်။
အပြင်မထွက်ဘဲ ပြည်တွင်းမှာပဲ ကုပ်ကပ်နေပြီး ရုန်းကန်ရတဲ့ လူတွေကကော ကောင်းကံထောက်မသူ တစ်ချို့ကလွဲရင် ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့ မုန့်ဟင်းခါးစီးပွားရေးထဲက ရုန်းမထွက်နိုင်ပါဘူး။ စားဝတ်နေရေး မပြေလည်လို့ ကြံရာမရ တစ်ယောက် ယောက်က အိမ်ရှေ့မှာ မုန့်ဟင်းခါးချက်ရောင်းလို့ အထိုက်အလျောက် အဆင်ပြေသွားတာ မြင်တာနဲ့ ပတ်ဝန်းကျင်မှာ မုန့်ဟင်းခါးဆိုင်တွေပဲ အလျှိုလျှို ထွက် လာတတ်တာ အဲဒါ မုန့်ဟင်းခါးစီးပွားရေးပါပဲလို့ တစ်ခါက ဖတ်ဖူးလို့ ပြောတာပါ။ တစ်ယောက်လုပ် ရင် လိုက်လုပ်တတ်ကြတာ မြန်မာ့သဘာဝလို့ပဲ ပြောရ လေမလား။
ကားနဲ့ပတ်သက်ရင်ကိုပဲ မြန်မာမီနီ/QQ ချယ်ရီတွေ ဝင်မလာခင်က ပုံသေဝင်ငွေရဖို့ CNG တက္ကစီ တစ်စီးထောင်ချင်ရင် အနည်းဆုံးသိန်း (၁၅ဝ) ကနေ (၂ဝဝ) လောက်သုံးပါမှ ပြုပြင်ထိန်းသိမ်းလွယ်ကူတဲ့ ကားဟောင်းတစ်စီးရပါတယ်။ ကားဟောင်းလဲလှယ် ပါမစ်ပေါ်လာသလို ပြည်တွင်းတပ်ဆင်မီနီကော တရုတ် က ဝင်တဲ့ချယ်ရီကော ပေါ်လာတော့ ဆီစားသက်သာလို့ တက္ကစီဆွဲ အဆင်ပြေတယ်ဆိုပြီး ဝိုင်းဆွဲလိုက်ကြတာ သိန်း (၁၃ဝ-၁၄ဝ)အထိ ဖြစ်သွားခဲ့ပါတယ်။ တခြား ဘာမှ မလုပ်တတ်တဲ့ လူလတ်တန်းစား တော်တော် များများ အဲဒီဈေးနဲ့ဝယ်ပြီး တက္ကစီလုပ်ခဲ့ကြပါတယ်။ တက္ကစီဆွဲရင် မျက်နှာပန်းအလှလို့ အုံနာတွေက အဲဒီ ကားလေးတွေကို ကြူကြူသင်းလေး တဲ့။ မနာလိုတဲ့ တခြားတက္ကစီမောင်းသူတစ်ချို့ကတော့ ငါတို့ဈေးကွက် ကို ဝင်ဖဲ့နေတဲ့ ဝက်ပုတွေတဲ့။
မကြာပါဘူး၊ ဘယ်သူမဆို ၂ဝဝ၇ မော်ဒယ် အထက်တင်သွင်းခွင့်လည်း ရလာရော ကြူကြူလည်း မသင်းနိုင်တော့ပြန်ပါဘူး။ တချို့ဆို ချယ်ရီ QQ တက္ကစီ ဆွဲလက်စ ကားကို ၆ဝ/၇ဝ လောက်နဲ့ ချရောင်းတယ်လို့ တောင် ကြားရတယ်။ အသစ်ကို သိန်း (၈ဝ)လောက်နဲ့ ရတော့မယ်ဆိုတာကိုး၊ ချယ်ရီဆိုဒ် ဂျပန်ကားသေးသေး လေးတွေ ဝင်လာတော့လည်း သိန်း ၁ဝဝ/၁ဝဝ ကျော် ဝန်းကျင်နဲ့ နောက့်ဆို ဒီထက် ဈေးကျဦးမယ် မှန်းကြ ပြန်ကြတယ်လေ၊ ရေရှည်မှာလည်း ဂျပန်ကားနဲ့ တရုတ် ကား ကွာလတီက အသိသာကြီးရယ်။
အခြေအနေကတော့ တက္ကစီကားသစ်လေးတစ်စီး သိန်းတစ်ရာနဲ့ ရင်းနှီးလုပ်ကိုင်တဲ့ သူတချို့ခမျာလည်း လပိုင်းအတွင်းမှာပဲ သိန်းဆယ်ချီ ဆုံးရှုံးနိုင်ပြီး မရေရာ တဲ့ စီးပွားရေးဝန်းကျင်နဲ့ ရင်ဆိုင်မြဲ ရင်ဆိုင်နေရတာပါပဲ။
တစ်ခါတော့ လူငယ်လေးတစ်ယောက်က လာပြီး တိုင်ပင်တယ်။ သိန်းနှစ်ရာလောက် မိဘက ထုတ်ပေးနိုင် တယ်။ အင်တာနက်ဆိုင်လေးတစ်ဆိုင် ဖွင့်ရ ကောင်း မလားလို့တဲ့၊ ကျွန်တော်က ကွန်ပျူတာဟာ့ဒ်ဝဲလ်လေး ဘာလေး နည်းနည်းပါးပါး သိတယ်ဆိုပြီး လာတိုင်ပင် တာပါ။ နေရာအဆင့်သင့် ရှိလားဆိုတော့ မရှိ။ ကောင်း မယ်ထင်တဲ့ လမ်းမတန်းတစ်နေရာရာ လိုက်ငှားရမှာတဲ့။ အဖြေက ကျွန်တော့်မှာ အသင့်ရှိပြီးသားပါ။ ဒါပေမဲ့ ပိုလေးနက်အောင် ရင်းနှီးတဲ့ အသိမန်နေဂျာရှိတဲ့ အင်တာနက်ဆိုင်ကြီး တစ်ဆိုင်ဆီ ခေါ်သွားလိုက်ပါ တယ်။
ပိုင်ရှင် လုံးဝနီးပါး မျက်နှာလွှဲထားရတဲ့ မန်နေဂျာ က မခြင်းမချန် ရှင်းပြပါတယ်။ သူ့အပြောက အင်တာ နက်ဆိုင်တွေရဲ့ ရွှေ့ခေတ် ကုန်သွားပါပြီတဲ့၊ ခုမှလာပြီး နေရာကအစ လိုက်ရှာရင် လမ်းမတန်းမှာ အိမ်ဈေးတွေ တက်လွန်းလို့ အခန်းငှားခတွေကလည်း ခေါင်ခိုက်နေ တဲ့အကြောင်း၊ လစဉ်ဝင်ငွေကတော့ မရေမရာ၊ နိုင်ငံခြား ကို ဖုန်းခေါ်ပေးတာ တရားမဝင်ဘူးဆိုလို့ ဝင်ငွေကျနေ လို့ ဂိမ်းသမားတွေနဲ့ အားဖြည့်၊ တစ်ခါ ဂိမ်းသမားများ ပြန်တော့ ဆူညံဆဲဆိုတတ်လွန်းလို့ အွန်လိုင်းသုံးတဲ့ မိန်းကလေးပရိသတ်က လျော့သွား၊ နက်ဝပ်မကောင်း တာက ပုံမှန်ပြဿနာ၊ အခုနောက်ဆုံး (၂)သိန်းဖုန်းနဲ့ အင်တာနက်သုံးလို့ ရသွားတော့ ဖောက်သည်က ထပ် လျော့နဲ့၊ ဒါတောင် အခု မီးစက်မမောင်းရလို့ နည်းနည်း ခံသာနေတာဆိုပြီး ဇာတ်စုံရှင်းပြပါတယ်။
ဆိုင်ထဲက ပြန်ထွက်လာကြရင်း လိုက်ပို့တဲ့ မန်နေဂျာက လမ်းမတစ်ဖက်ခြမ်းက လှည်းလေးနဲ့ ကြက် ကင်ရောင်းသူကို ပြရင်း ပြောလိုက်သေးတယ်။ အဲဒီ ကြက်ကင်ရောင်းတဲ့သူက ညနေဘက်လေးတင်ရောင်း တာ သူနဲ့ကျုပ်ဆိုင် တစ်နေ့ဝင်ငွေချင်းယှဉ်ရင် သူက တောင် များဦးမယ်တဲ့၊ ကြည့်ရတာ သူ့အုံနာက ကွန်ပျူ တာတွေ ရောင်းပစ်ပြီး ဆိုင်ဖြုတ်ရင် သူကိုယ်တိုင် ကြက်ကင်ထွက်ရောင်းချင်နေတဲ့ပုံ။
ကျွန်တော့်ချာတိတ်က ပြောသေးတယ်။ တကယ် တော့ သူက နက်ဝပ်ဂိမ်းဆိုင်ဖွင့်ချင်တာ အမေက ကလေးတွေ ပျက်စီးစေလွန်းလို့ သဘောမတူလို့တဲ့၊ ဒီလို ပါပဲ ကျွန်တော်တို့ လူမျိုးထဲမှာ တချို့က ကိုယ်ပိုက်ဆံ ရရုံနဲ့ ပြေလည်တာမျိုး မလုပ်ချင်တာတွေ ရှိပါတယ်။ သမ္မာအာဇီဝလို့ မသတ်မှတ်တတ်ကြဘူး။ ဂိမ်းဆိုင် တောင် မဖွင့်စေချင်တာဆိုတော့ ဘီယာဆိုင်တို့၊ တည်း ခိုခန်းတို့၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်းတို့တော့ စကားထဲ တောင် ထည့်ပြောမှာ မဟုတ်ဘူး။ ခက်တာက အဲဒါ မျိုးကမှ ပိုက်ဆံရတယ်လို့ ပြောကြတာပဲ။ သိတဲ့အတိုင်း ဒါမျိုးကလည်း လုပ်ချင်တိုင်း လွယ်လွယ်လုပ်လို့ ရတာ မှ မဟုတ်တာ။ လုပ်ပြန်ရင်လည်း ပိုင်ရာဆိုင်ရာတွေကို ပုံမှန်ပူဇော်ပသရ၊ စရိုက်ပေါင်းစုံကို သည်းခံရ၊ ကိုယ့် ရှေ့မှာတင် ဆင်းရဲသူမိန်းကလေးတွေ ပျက်စီးမှာကို မျက်နှာလွှဲထားရနဲ့၊ ပြီးတော့ လေးညှို့သံလည်း နားစွင့်ရင်း ညောင်သီးစားရတာမို့ တော်ရုံ အေးအေးချမ်းချမ်း လုပ်စားချင်တဲ့ သူတွေက စိတ်မကူးချင်ကြဘူး။
အသိတစ်ယောက်ကတော့ ၂ သိန်းတန်ဖုန်း မထွက်ခင် ကြိုတင်မျှော်မှန်းပြီး ဖုန်းဆိုင်လေး ဖွင့်ခဲ တယ်။ တကယ်လည်း အချိန်ရောက်ရော ဆင်းမ်ကတ် တစ်ဆင့် ပြန်ရောင်းခွင့်က အကြောင်းအမျိုးမျိုးပြပြီး သူတို့ မရတော့ဘူး။ အထူး အခွင့်ရဆိုင်တချို့ကသာ ရောင်းတာဆိုတော့ ဆင်ခြေဖုံးက သူ့ဆိုင်ကို ဟမ်းဆက် ဝယ်ရုံလောက်နဲ့ ဘာလာကြပါ့မလဲ၊ ငွေဖြည့်ကဒ်က လည်း တစ်သောင်းရင်းမှ နှစ်ရာပဲ မြတ်တာ၊ ရှုပ်ပါ တယ်၊ စောစောက အင်တာနက်ဆိုင် မန်နေဂျာထုံး နှလုံးမူတွေးကြည့်တယ်။ လမ်းဘေးမှာ ဘမ်းလေးချ ပြီး ဂျာနယ်လေးတွေသာ ယူရောင်း-တစ်စောင် တစ်ရာ ကျော် ကျန်တယ်၊ ကုန်သလောက်ပဲ ယူရောင်း၊ ဒါကမှ ဟုတ်တုတ်တုတ်ရယ်။
တကယ်တော့ ဒီလူလတ်တန်းစား ဘာလုပ်ငန်း လေးပဲ လုပ်ချင်လုပ်ချင် နေရာအတွက်ကတင် ကုန် ကျစရိတ်က တနင့်တပိုးပါ။ အခုကတော့ အဆိုးဆုံး ပါပဲ။ ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေရဲ့ လမ်းမတွေပေါ် မှာကိုပဲ မြေကွက်တစ်ကွက်ရဲ့ ပေါက်ဈေးဟာ သိန်း ထောင်ချီနေပါပြီ။ ဥပမာ တောင်ဥက္ကလာ၊ ပါရမီလမ်း မပေါ်မှာ နောက်ဆုံးရောင်းထွက်သွားတဲ့ဈေးက ပေ ၂ဝx ၆ဝ ဂရန်မြေပေါ် နှစ်ထပ်အိမ်ဟောင်းလေး တစ်လုံးပဲ ပါတာ ကို သိန်း နှစ်ထောင့်ငါးရာတဲ့၊ ပေါက်ဈေးအရတွက် ရင် ဒေါ်လာ နှစ်သိန်းရှစ်သောင်းကျော်ပေါ့ဗျာ။
တစ်လ ဒေါ်လာတစ်ထောင် အသားတင် စုဆောင်း နိုင်တဲ့သူတောင် ဒီပိုက်ဆံပြည့်ဖို့ဆိုရင် (၂၄)နှစ်နီးပါး စုမှ ရပါလိမ့်မယ်။ ဒါတောင် ရမှာက ပေ ၂ဝx၆ဝ မြေကွက်လေးရယ်နော်၊ ဒီမြေကွက်ပေါ် ဘာများ ကြီး ကြီးကျယ်ကျယ် လုပ်လို့ ရမှာတဲ့လဲ။ ပြီးတော့ တစ်လ ဒေါ်လာတစ်ထောင် (ကျပ် ၈ သိန်း ၇ သောင်း) စုနိုင် အောင် ဝင်ငွေကလည်း ကောင်းဦးမှ။ သာမန်လူနေ ရပ်ကွက် လမ်းမတန်းလေးမှာတောင် အဲဒီလောက် အဆမတန် မြေဈေး မြင့်တက်နေပုံနဲ့ ဘယ်လိုများ ဆက်စခန်းသွားကြမလဲဆိုတာ ကျွန်တော့်ဖြင့် တွေးမ ကြည့်ရဲတော့ဘူး။ မာခရို-အီကိုနော်မီပညာရှင်တို့ဘာတို့ ကြည့်လုပ်ကြပါဦး။
အရင်တုန်းက ကျွန်တော်တို့တစ်တွေဟာ ရန်ကုန် မြို့လယ်ခေါင်လောက်ကိုသာ ဝယ်နိုင်ဖို့ အိပ်မက်မမက် ရဲတာ၊ အခုတော့ ကိုယ့်ရပ်ကွက် လမ်းမတန်းကိုသာ စိတ်ကူးမယဉ်နိုင်တော့ပါဘူး။ နေရာက တိုးတက်မှု ရှိလွန်းလို့လားဆိုတော့ အခုထိ ပလက်ဖောင်းတောင် မရှိသေးဘူး ရေစီးရေလာက မကောင်းတော့ ကတ္တရာ လမ်းမဘေးမှာပဲ ရေတွေရွံ့တွေအိုင်လို့၊ လေးလမ်းသွား ခင်းထားတဲ့ ကတ္တရာလမ်းမှာ ကားတွေက အသွား အပြန် တစ်ကြောစီပဲ သုံးနိုင်တာမို့ မကြပ်သင့်ဘဲ ကြပ် ညပ်နေလိုက်တာများ။
အဲဒီမြေဈေး အဆမတန် ကြီးလွန်းတဲ့ ကိစ္စတစ် ချက်တည်းနဲ့ပဲ လူလတ်တန်းစားတို့ရဲ့ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားလိုတဲ့ စိတ်ကူးတွေ အိပ်မက် တွေ စွန့်ဦးတီထွင်လိုစိတ်တွေအားလုံး မြှုပ်နှံ သင်္ဂြိုဟ် ခံနေရကြတယ်ဆိုရင် လွန်မယ်မထင်ပါ။
မြန်မာ့မြေဈေး မြင့်တက်ပုံ သြချလောက်တာတော့ အထူးပြောနေစရာလည်း မလိုတော့ပါဘူး။ အခုနေများ နိုင်ငံခြားသား မြေဝယ်ခွင့် ပေးလိုက်ရင် တောင်ဥက္ကလာ တို့ မြောက်ဒဂုံတို့ လမ်းမတန်းတွေမှာ မန်ယူက ရွန်းနီ တို့ ရီးရဲယ်က စီရော်နယ်ဒိုတို့ ပေ ၄ဝx ၆ဝ တွေ ရ သလောက် လာဝယ်ကြမလား မသိဘူး၊ခင်ဗျာ- ရန်ကုန် မြို့လယ်ကောင်ဟုတ်လား၊ ဘယ်- ဒီကမ္ဘာကျော် ဘော လုံးသမားတွေ လောက်နဲ့ အဲဒီနား ဘယ်လိုလုပ် ကပ်နိုင် မှာလဲ၊ မိုက်ခရိုဆော့ဒ်သူဌေး ဘီဂိတ်လ်တို့ ဖေ့ဘတ်စ် သူဌေး မိုက်ကယ်ဇူကာဘတ်စ်၊ လေဒီဂါဂါတို့လောက်မှ ရန်ကုန်ဒေါင်းတောင်းမှာ ဝယ်နိုင်မှာဗျ၊
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက နေရာ ကောင်းတွေ ကြိုတင် လက်ဝါးရိုက် ရယူထားနိုင်တဲ့ သူတွေကတော့ ဘီလီလျံနာ ဆယ်ထပ်ကွမ်းလောက် ဖြစ်ကုန်ကြမလား မသိဘူး။ အဲဒီလို ပြောပြန်တော့လည်း သူတို့ကို မနာလိုလို့ ပြောတာတဲ့။ မြန်မာတွေဟာ အချင်း ချင်းကောင်းစားတာ မုဒိတာ မပွားတတ်ကြဘူးတဲ့။
ဟုတ်ကဲ့၊ မျက်စိကြီး နားကြီး ပုဂ္ဂိုလ်တချို့က တော့ ဝေဖန်သုံးသပ်ပြကြပါတယ်။ သန်းခြောက်ဆယ် ဝန်းကျင်လောက် လူဦးရေနဲ့ ရာခိုင်နှုန်း ဘယ်လောက်မျှ မရှိတဲ့ လက်တစ်ဆုပ်စာ လူတစ်စုရဲ့ လက်ထဲမှာ တိုင်း ပြည်ရဲ့ ဥစ္စာဓန မြေယာ လုပ်ပိုင်ခွင့် စတာတွေ အများစု ရောက်ရှိနေပြီး ရှေ့ဆက်ပြီးတော့လည်း ဒီပုံစံနဲ့ပဲ စီးပွားရေး ယန္တရားကြီး လည်ပတ်မောင်းနှင်နေဦးမယ် ဆိုရင်ဖြင့် ရင်လေးစရာ ကောင်းတယ်တဲ့။
အဲဒီအတိုင်းတော့ မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုရုံ တင်ပြ ရုံမှတစ်ပါး ကျွန်တော်တို့ ဘာများ တတ်နိုင်ဦးမှာလဲ။
လောလောဆယ်တော့ သူများတွေအတွက် မပြော နဲ့။ ကျွန်တော်ကိုယ်တိုင်တောင် တတ်တဲ့ပညာလေး ဘေးချိတ်ပြီး လမ်းဘေး ကြက်ကင်ရောင်းရနိုးနိုး၊ ဂျာနယ်ပဲ ရောင်းရကောင်းနိုးနိုး၊ ကံကောင်းလို့ အောင် ဘာလေ အမြင့်ဆုံးဆု သိန်းတစ်ထောင်ငါးရာ ပေါက်ရင် တောင် ဘယ်နေရာမှာ ဘာလုပ်စားရမှန်း မသိတော့ရိုး အမှန်ပါဗျာ။
မင်းမြတ်စံ

ဘကြီးသက်
Unknown at 10:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မောင်စူးစမ်း အင်္ဂါဂြိုလ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်

အင်္ဂါဂြိုလ်ရောက် မောင်စူးစမ်း အာကာသ ယာဉ်က ပထမဆုံး ပေးပို့ လိုက်တဲ့ မှတ်တမ်း ဓာတ်ပုံ၊ ဓာတ်ပုံများ- အယ်ဂျာဇီးယား အွန်လိုင်း သတင်းစာမျက်နှာ

အမေရိကန် အာကာသ သိပ္ပံ ဌာနလို့ ခေါ်တဲ့ NASA နာဆာ အဖွဲ့ရဲ့ မောင်စူးစမ်း ခေါ် (Curiousity) အမည်ရ စူးစမ်းရေး ယာဉ် ငယ်ဟာ အင်္ဂါဂြိုလ် (ဂြိုလ်နီကြီး ) စူးစမ်း လေ့လာရေးအတွက် ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ က အောင်မြင်စွာနဲ့ ဆင်း သက်နိုင်ခဲ့ပြီဖြစ်ပါတယ်။



အမေရိကန် သမ္မတ အိုဘားမားကတော့ ဒါဟာ နည်းပညာနဲ့ပတ်သက်လို့ ထူးထူးခြားခြား အောင်မြင်မှုကြီးဖြစ် တယ်လို့ ဆို ပါတယ်။



အခု အလေးချိန် ၁ တန် ရှိတဲ့ မောင်စူးစမ်း ရဲ့ စူးစမ်းလေ့လာရေး ခရီးစဉ်ဟာ အဓိက ဂြိုလ်နီကြီးပေါ်မှာ သက်ရှိ နဲ့ ရေ ရှိ၊ မရှိ အဓိက လေ့ လာဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်းတခုကို အောင်မြင်စွာနဲ့ စတင်လိုက်တာ လည်း ဖြစ်ပါတယ်။



အာကာသ စူးစမ်းလေ့လာရေး ယာဉ်ဟာ ၈ လခန့်အကြာ အာကာသထဲမှာ ခရီးနှင်ခဲ့ပြီး အခုလို ယမန်နေ့ မနက် စောစော ပိုင်း က အောင်မြင်စွာ အင်္ဂါဂြိုလ်ပေါ် ဆင်းသက်နိုင်ခဲ့ပြီး ပထမဆုံး ဓာတ်ပုံကို နာဆာ ထိန်းချုပ်ရေး စခန်းက ရလိုက်ချိန်မှာ တော့ နာဆာဝန်ထမ်းတွေရဲ့ ၀မ်းမြောက်ဝမ်းသာ အောင်မြင်မှု အတွက် အော်သံဟာ ဘ၀ဂ် ညံသွားခဲ့တယ်လို့ ဆိုပါတယ်။



ဒီ အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေး မစ်ရှင်ရဲ့ အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ အခုလို ဆင်းသက်တဲ့ အပိုင်း ကို အောင်မြင်ခြင်း အတွက် ၀န်ထမ်းတွေ က ပျော်ရွင်ကြည်နူးကြတာလည်းဖြစ်ပါတယ်။ တနာရီကို မိုင်ပေါင်း ၁ သောင်းကျော် အမြန်နှုန်းနဲ့ ဆင်းသက်လာ တဲ့ မောင်စူးစမ်း အာကာသ ယာဉ်ကို အရှိန်နှေးသွားအောင် လို့ လေထီးစနစ်၊ အရှိန်ထိမ်း မောင်းနှင် စနစ် တွေကို သုံးခဲ့ရပြီး ခက်ခက်ခဲခဲ ဂြိုလ်မျက်နှာပြင်ကို ဆင်းသက်ခဲ့ရတာပါလို့ ယမန်နေ့က အယ်ဂျာဇီးရား သတင်းမှာလည်း ဖော်ပြ သွားပါတယ်။








ဤနေရာ နှင့် ဤနေရာတို့တွင် လည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

ဧရာဝတီ

ဘကြီးသက်
Unknown at 10:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖုန်းဆိုး မြွေရိုင်းတွေ ပေါတဲ့ နေပြည်တော်


ဖုန်းဆိုးမြေရိုင်းတွေပေါတဲ့ နေပြည်တော်လို့ ပြောရမလားပါပဲ။

မနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက် ထောက်တယောက်ဖြစ်၊ လွှတ်တော် အမတ်ဒေါ်စုစုလွင်ရဲ့ ခင်ပွန်းဖြစ်တဲ့ ဦးထင်ကျော်ဟာ ဇနီးသည်ကို လွှတ်တော် တက် ဖို့ လိုက်အပို့မှာ တည်းခိုနေရာအနီးမှာပဲ မြွေဆိုးကိုက်လို့ အရေးပေါ် ဆေးရုံတင်လိုက်ရပါတယ်။

သေချာတာကတော့ နေပြည်တော်မှာ မြွေဆိုးတွေ ပေါတယ်ဆိုတာနဲ့ အချိန်မရွေး လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေ ပိုးထိမှာ စိုးမိပါသေးတယ်။

တချို့ လွှတ်တော်ထဲက ကိုယ်စားလှယ်ကြီးတွေကတော့ မြွေပွေးတွေဖြစ်နေတာမို့ မြွေပွေး ပိုးမထိဘို့ လွှတ်တော် ဥက္ကကြီး ကို အရေးပေါ် ကြားဖြတ် အဆိုတင်သွင်းပြီး အသံနဲ့ မဲခွဲ ဆုံးဖြတ်သင့်ပါတယ်။

ဦးထင်ကျော် ပိုးထိသွားတာကြောင့် နေပြည်တော်က ရွှေဥာဏ်တော် စူးရှတဲ့သူများကတော့ ဦးထင်ကျော်တို့ တည်းခိုနေရာ ပတ်ဝန်းကျင်ကို ချက်ခြင်း ခြုံနွယ်ပိတ်ပေါင်း တွေ ရှင်းလင်းရေး လုပ်နေခဲ့ပါသတဲ့။

ဘာကြောင့် ခြုံနွယ်တွေ ရှင်းလင်းရေးလုပ်နေရတာက သတင်းထောက်တွေ သတင်းကြားလို့ လိုက်လာ ရင် မြင်ရတဲ့ မြင် ကွင်းက အတော်ဆိုးနေလို့ လွှတ်တော် ဥက္ကဌကြီးပြောတဲ့ လွှတ်တော် ကိုယ်စားလှယ် များ ဘေးကင်းလုံခြုံရေး ဆိုတာ ရယ်စရာတခုဖြစ်သွားမှာကို စိုးရိမ်လို့ ထင်တယ်လို့ အခုလို ခြုံတွေရှင်းနေ တာလို့ နေပြည်တော် သတင်းရပ်ကွက်က ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ လုံခြုံရေးအတွက် အခုဆိုရင် လွှတ်တော် တက်ဖို့ အစည်းအဝေး ခမ်းမ အ၀င်ဂိတ် တွေမှာ လုံခြုံရေး စစ်ဆေးတဲ့ ရောင်ခြည်စနစ်တွေနဲ့ တပ်ဆင်လိုက်တော့ လွှတ်တော် ခမ်းမ လုံခြုံရေးလား ၊ လွှတ်တော် အမတ်များ လုံခြုံရေးလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။

အခုလို ဦးထင်ကျော် ပိုးထိတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း စိုးရိမ်နေကြတယ်လို့ NLD အသိုင်းအ၀ိုင်း ကလည်း ပြောနေကြပါတယ်။

တချို့ဝေဖန်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အောက်လမ်းနည်းနဲ့ တိုက်တဲ့ တိုက်မြွေကများ ဦးထင်ကျော် ကို ကိုက် သွားရော့သလားလို့ သို့လော… သို့လော ။


ဧရာဝတီ

ဘကြီးသက်
Unknown at 10:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည် သတင်းထောက်များပါဖောမန့်ကနေပြောတဲ့ သူတို့စရိုက်စိတ်ဓါတ်တွေ

 မောင်ကျောက်ခဲ (မြန်မာပြည်)
ဘကြီးသက်
Unknown at 10:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံတွင် သုံးနှစ်အတွင်း စတော့ဈေးကွက် အကောင်အထည်



အခြားနိုင်ငံများတွင် စတော့ဈေးကွက်ကို ငါးနှစ်အချိန်ယူ၍ ဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံတွင် စတော့ဈေးကွက် သုံးနှစ်အတွင်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ငွေကြေးကျွမ်းကျင် ပညာရှင်များထံမှ သိရသည်။ စတော့ဈေးကွက် ပေါ်ပေါက်လာစေရန် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက် နေကြသည့်အတွက် ၂၀၁၅ ခုနှစ်တွင် စတော့ဈေးကွက် ဖြစ်ပေါ်လာမည်ဟု သက်ဆိုင်ရာ ပညာရှင်များက ဆိုလိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များသည် မိမိစီးပွားရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လိုပါက အရင်းအနှီးအတွက် ဘဏ်များမှ ချေးယူနေရခြင်းများ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် စတော့ဈေးကွက် ဖြစ်ပေါ်လာပါက ကုမ္ပဏီ၏ ရှယ်ယာများကို ဈေးကွက်တွင် ရောင်းချခြင်းဖြင့် အရင်းအနှီး ရနိုင်တော့မည်ဖြစ်ရာ ဘဏ်တိုးနှုန်းပေး၍ ချေးယူရန် မလိုအပ်တော့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ စတော့ဈေးကွက် ထူထောင်ရန်အတွက် လာရောက်ကမ်းလှမ်းသည့် ကုမ္ပဏီအများစုမှာ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။


Myanmar Express

ဘကြီးသက်
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘဏ်ခွဲအများဆုံး ဖွင့်ထားသော ကမ္ဘောဇဘဏ်မှ ပြည်တွင်း ငွေလွှဲခနှုန်းထား သုံးပုံတစ်ပုံလျှော့ချ



From : ခေတ်လူငယ်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဘဏ်ခွဲအများဆုံး ဖွင့်ထားသော ပုဂ္ဂလိကဘဏ် ဖြစ်သည့် ကမ္ဘောဇဘဏ်မှ မြို့ ၁၁ မြို့ရှိ ဘဏ်ခွဲများမှလွဲ၍ ကျန်ဘဏ်ခွဲများ၏ ငွေလွှဲနှုန်းထားများကို သုံးပုံတစ်ပုံ လျှော့ချပေးခဲ့ကြောင်း ကမ္ဘောဇဘဏ် တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။ “သြဂုတ်လ ၁ ရက်နေ့ကစပြီး လျှော့ချပေးခဲ့တာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ အချင်းချင်း လွှဲပို့ရင် အရင် ကျပ်တစ်ရာကို ၁၅ ပြား ယူတာကနေ အခု ကျပ်တစ်ရာကို ၁၀ ပြားပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။ တခြားဘဏ်ကနေ လွှဲရင်တော့ အရင်နှုန်းထား အတိုင်းပါပဲ” ဟု ကမ္ဘောဇဘဏ် တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်သွားလာရ ခက်ခဲသော မြို့များမှာ အခြားမြို့များထက် ယခင်ကတည်းက ငွေလွှဲခနှုန်းထား မြင့်မားလျက်ရှိသည်။ ထိုမြို့များအနက် မူဆယ်၊ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ မြစ်ကြီးနား၊ ထားဝယ်၊ ကျိုင်းတုံမြို့များရှိ ဘဏ်ခွဲများမှ ငွေလွှဲခ နှုန်းထားများကို ယခင်က အတက် ပြား၂၀၊ အဆင်း ၁၅ ပြား ရယူရာမှ ယခုအတက် ၁၅ ပြား၊ အဆင်း ၁၀ ပြားသာ ရယူတော့မည် ဖြစ်ကြောင်း၊ ဖားကန့်မြို့ဘဏ်ခွဲမှ ယခင် အတက်ပြား ၅၀၊ အဆင်းပြား ၂၀ ရယူရာမှ ယခု အတက်ပြား ၅၀၊ အဆင်း ၁၅ ပြား ငွေလွှဲခ ကောက်ခံသွားမည်ဖြစ်ပြီး မောင်တောမြို့ ဘဏ်ခွဲမှ ယခင် အတက်ပြား ၄၀၊ အဆင်းပြား ၂၀ ကောက်ခံရာမှ ယခုအတက်ပြား ၄၀၊ အဆင်း ၁၅ ပြား သတ်မှတ်ထားကာ ဗန်းမော်မြို့ ဘဏ်ခွဲမှ ယခင် အတက်ပြား ၄၀၊ အဆင်းပြား ၂၀ ကောက်ခံရာမှ ယခုသြဂုတ်လ ၁ ရက်နေ့မှစ၍ အတက်ပြား ၂၀၊ အဆင်း ၁၅ ပြားနှုန်းသာ ကောက်ခံတော့မည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ကြေညာချက် ထုတ်ပြန်ထားပါသည်။ ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသော ဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင်း ဘဏ်ခွဲပေါင်း ၇၀ ကျော်ဖွင့်လှစ်ပြီး ဖြစ်သည်။ ယင်းဘဏ်သည် ပြည်တွင်း လက်လီ၊ လက်ကား ဘဏ်လုပ်ငန်းများ၊ နိုင်ငံခြား ဘဏ်လုပ်ငန်းများနှင့် ပြည်ပငွေလွှဲ အ၀င်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ခု ဖြစ်ပါသည်။ ယခုအခါတွင် လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် အချို့တွင်ပါ L\C ဖွင့်ခွင့်အား ဗဟိုဘဏ်မှ ခွင့်ပြုပေးထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 10:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ပြောကြား


၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လက်မှတ်ထိုးနေစဉ်။ RFA
NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ လွှတ်တော်တွင်း ဆွေးနွေးချက်တွေမှာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေး တင်ပြကြဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက လွှတ်တော် အစည်းအဝေး တက်ရောက်မဲ့ NLD ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ နောက်ပြီးတော့ ဆွေးနွေးတဲ့ နေရာတွေမှာ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးကြဖို့ ကိုယ့်စိတ်နဲ့ မတွေ့တိုင်း မထောက်ခံဘူးလို့ မဖြစ်သလို၊ ကိုယ့်စိတ်နဲ့ တွေ့တိုင်းလည်း ထောက်ခံပါတယ်လို့ချည်း ပြောလို့မဖြစ်ဘူး။ အဲတော့ အချက်အလက်တွေကို သေသေချာချာ ရှာဖွေပြီးတော့ ဘယ်သူတွေ ဘယ်လိုပဲ စဉ်းစား၊ စဉ်းစားပေါ့။ ကိုယ်ကတော့ တစ်ဦးချင်းအလိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပီပီ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ရှေ့ရေးမြော်တွေးပြီးတော့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးကြပါပေါ့။ ဒါသိပ်အရေးကြီးတယ်တဲ့"

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသား ယဉ်ကျေးမှု မြှင့်တင်ရေးအတွက် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို NDF ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက တင်သွင်းပြီး အမျိုးသား ဒီမိုကရေစီသစ် ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ထူးခြားချက်ကတော့ လွှတ်တော် အဝင်မှာ သာမက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းမှာပါ လုံခြုံရေး ကိရိယာတွေ တပ်ဆင်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် သတင်း မီဒီယာသမားတွေကိုပါ လုံခြုံရေး တိုးမြှင့် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

RFA Burmese
ဘကြီးသက်
Unknown at 10:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရ

သဂုတ် ၆၊ ၂၀၁၂ (YPI)

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို  အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နှင့် ငါးမိုင်ခန့် အကွာရှိ ဂုပိတောင်ရွာ စတင်မီးရှို့ခံရကာ အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရသည်။

 “သေတဲ့သူတွေကို ချောင်းထဲ ပစ်ချသွားကြလို့ ဒီနေ့မှ ပြန်ရှာတွေ့တာ…

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဇွန်လအတွင်း ဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှု မြင်ကွင်းတခု

ဘကြီးသက်
Unknown at 10:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မြန်မာ့နိုင်ငံရေး (ICG စာတမ်း)



၁။ နိဒါန်း

၂၀၀၁ မတ်လ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ ဆီမီးအရပ်သား အစိုးရသစ် တက်လာပြီးကတည်းက မြန်မာနိုင်ငံမှာ အထီးကျန်ဖြစ်မှု အဆုံးသတ်ရေးနဲ့ မြန်မာ့စီးပွားရေး ဂလိုဘယ်စနစ်ထဲ ပူးပေါင်းနိုင်ရေးတို့ အတွက် အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲမှုများကို ရည်မှန်းချက် အစီအစဉ်တွေချပြီး စတင်လုပ်ဆောင် လာပါတယ်။


အစိုးရသစ် အမွေဆက်ခံရရှိထားတာက ဆယ်စုနှစ်များစွာ အလွဲစီမံခန့်ခွဲခဲ့မှုတွေနဲ့ အနောက် စီးပွားရေးပိတ်ဆို့ခံရမှုတို့ကြောင့် ချည့်နဲ့ ယိုယွင်းနေတဲ့ စီးပွားရေး ဖြစ်ပါတယ်။ ဆိုးရွားလှတဲ့ မြန်မာ့စီးပွားရေး ပေါ်လစီတွေက အခွင့်အလမ်းများစွာ လွဲချော်မှုတွေ ဖြစ်စေခဲ့ပါ တယ်။ မြန်မာကို ကမ္ဘာ့စီးပွားရေးကနေ လုံးလုံးလျားလျား အဆက်ဖြတ်ခဲ့ပြီး၊ နိုင်ငံအရွယ်အစားတူဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ နိုင်ငံခြား ပို့ကုန် ၂၅ ဒေါ်လာဖိုး ရှိတိုင်းမှာ  မြန်မာ့ပို့ကုန်က ၁ ဒေါ်လာပဲ ရှိပါတယ်။

ပို့ကုန် မညီမျှမှုရဲ့ မူလအစဟာ ၁၉၄၈ ခုနှစ် တိုင်းပြည်လွတ်လပ်ရေး ရကတည်းဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ် အပျက်အစီးဒဏ်ရယ်၊ ကွန်မြူနစ်နဲ့ လူမျိုးစု ပုန်ကန်ထကြွမှုတွေရယ်ကြောင့် လွတ်လပ်ရေးရပြီးကာလ မြန်မာပြည်ဟာ ဖရိုဖရဲ တရွတ်ဆွဲနေခဲ့ပါတယ်။

အဓိက ပင်မစီးပွားရေးနှစ်ခုဖြစ်တဲ့ သဘာဝရင်းမြစ် ထုတ်ဖော်ခြင်းနဲ့ ဆန်စပါးထုတ်လုတ်ခြင်းဟာ ဆိုးဆိုးရွားရွားကျဆင်းခဲ့ပါတယ်။ ဗြိတိသျှ ကိုလိုနီလက်အောက် အိန္ဒိယရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ချိန် မြန်မာနိုင်ငံမှာ ခိုင်မာအားကောင်းတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်း ကို ဖွံဖြိုးအောင် မလုပ်နိုင်ခဲ့သလို၊ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အာဏာရခဲ့တဲ့ လူငယ်နိုင်ငံရေးသမားတွေကလည်း အင်စတီကျူး ရှင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ မရှိကြပါဘူး။  ဒါကြောင့် တိုင်းပြည်ဟာ ဘယ်တော့မှ နာလန်မထူနိုင်တဲ့ စီးပွားရေး နိုင်ငံရေး အကျပ်အတည်းအောက်မှာ လုံးချာလိုက်ခဲ့ရပါတယ်။


နိုင်ငံရေးအကျပ်အတည်းက ၁၉၆၂ မှာ စစ်အာဏာသိမ်းမှုကို ဦးတည်စေခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်တဲ့ တော်လှန်ရေး ကောင်စီအောက် တိုင်းပြည် ထိုးရောက်သွားပါတယ်။ လွတ်လပ်စွာရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပြီး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာမဏ္ဍိုင်သုံးခုလုံး တစ်ဦးထဲလက်ထဲ ရောက်ခဲ့ရပါတယ်။ ပြင်ပဩဇာမှ အထီးကျန်ဖြစ်စေမယ့် ဆိုရှယ်လစ် နိုင်ငံတော် ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ စက်မှုလုပ်ငန်းအားလုံး နိုင်ငံပိုင်သိမ်းမှု အပါအ၀င် အစွန်းရောက် စီးပွားရေး လူမှုရေး မူဝါဒများကို ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။

စီးပွားရေးအပေါ် အဲဒီအကျိုးသက်ရောက်မှုများက ဆိုးဝါးလှပါတယ်။ ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအနိမ့်ဆုံး တိုင်းပြည်များ (LDC) အဆင့် လျှောက်ထားခဲ့တာကို ကုလသမဂ္ဂက လက်ခံအသိအမှတ်ပြုခဲ့ပါတယ်။ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုကြောင့် နိုင်ငံရေး မငြိမ်သက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ ၁၉၈၇ ခုနှစ်မှာ ကြိုတင်သတိပေးမှုလည်းမရှိ ပေးလျော်ခြင်းလည်း မလုပ်ဘဲ ငွေစက္ကူ တွေ ဖျက်သိမ်းခဲ့ပါတယ်။ တိုင်းပြည်ငွေကြေး သုံးပုံနှစ်ပုံ တန်ဖိုးမဲ့သွားစေခဲ့ပြီး သန်းချီတဲ့လူထုရဲ့ စုဆောင်းမှု ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။

 

၁၉၈၈ ခုနှစ်မှာ အာဏာယူခဲ့တဲ့ စစ်အစိုးရက ယိုယွင်းပျက်စီးနေတဲ့ ဆိုရှယ်လစ်ခရီးကြမ်းကို အဆုံးသတ်ခဲ့ပြီး၊ ဈေးကွက်စီးပွားရေး ပြောင်းလဲဖို့ ညွန်ကြားခဲ့ပါတယ်။ စစ်အစိုးရက ဆိုရှယ်လစ် စီးပွားရေးမူဝါဒ တော်တော်များများကို ပြောင်းပြန်လှန်ခဲ့ပါတယ်။ ဒါပေမဲ့ အာရှဒေသတွင်းက စီးပွားရေး တံခါးဖွင့်ကျင့်သုံးတဲ့ အခြားအာဏာရှင်နိုင်ငံတွေလို တိုးတက်မှုနှုန်း မြင့်မားအောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရမှာ အမြင်လည်းမရှိ လုပ်ငန်းနည်းနာဆိုင်ရာကျွမ်းကျင်မှုလည်းမရှိ ဖြစ်ခဲ့ပါတယ်။ ပုဂလိကကဏ္ဍကို တိုးချဲ့ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအချို့ ရှိသော်ငြားလည်း၊ အစိုးရအဖွဲ့ဝင်အများစုက နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရာမှာ တံခါးပိတ်မူဝါဒကိုပဲ ဆက်လက် ကျင့်သုံးခဲ့ပါတယ်။


သူတို့ဟာ ဦးနေ၀င်းခေတ် အတွေးအမြင်မှာ ကပ်ညိဆဲဖြစ်ပြီး ခေတ်သစ်အုပ်ချုပ်ရေး အတွေ့အကြုံ မရှိကြပါဘူး။ သူတို့ဟာ အမိန့်ပေးစီးပွားရေး အလေ့အကျင့်တွေနဲ့ အသားကျနေမှုကနေ ဖောက်ထွက်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။
ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်မှုက ပို့ကုန် ယာယီပိတ်ပင်မှုတွေ ဖြစ်စေခဲ့တယ်။ နိုင်ငံခြားငွေလဲလှယ်မှု မှောင်ခိုဈေးကွက်  အတက်အကျ ကို ငွေကြေးလဲစားသူတွေက ထိန်းချုပ်ကစားထားတယ်။ တရားမ၀င်ဈေးနှုန်းထဲ မူမမှန်တဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ရှိလာတဲ့အခါ မျှော်မှန်းလို့မရတဲ့ အပြောင်းအလဲတွေ မှောင်ခိုဈေးကွက်မှာ အလျင်အမြန်ဖြစ်ပါတယ်။ ထိပ်ဆုံးအုပ်ချုပ်သူရဲ့ ခေါင်းဆောင်မှုစတိုင်က ဆွေးနွေးမှုတွေကို ပိတ်ပင်ထားပြီး၊ ခိုင်မာတဲ့ မူဝါဒအကောင်အထည်ဖော်မှုကို ဟန့်တားထားပါတယ်။


၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့် နိုင်ငံအများအပြားက (အများစုက အနောက်မှဖြစ်) ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ရပ်ဆိုင်းခဲ့ပြီး၊ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချင်းဆိုင်ရာဆက်ဆံမှု နိုင်ငံစုံ ဆိုင်ရာ ထိတွေဆက်ဆံမှုတွေကို ကန့်သတ်ခဲ့ကြပါတယ်။ အတိုက်အခံ NLD ပါတီ အနိုင်ရခဲ့ပြီး ရလာဒ်မပေါ်တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ စီးပွားရေးပိတ်ဆို့မှုက ပိုမြင့်မားလာပါတယ်။  မြန်မာနိုင်ငံဟာ အနောက်နဲ့ ဂလိုဘယ် စီးပွားရေးမှ ပိုမို အထီးကျန်ခဲ့ပြီး၊ ပြင်ပ စီးပွားရေး နိုင်ငံရေး ဆက်ဆံမှုက တရုတ်နဲ့ ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံတွေဘက် ပိုခြေဦးလှည့်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် အစိုးရသစ် အာဏာရယူချိန်မှာတော့ မြန်မာနိုင်ငံဟာ စီးပွားရေး အလွန်အမင်းကျဆင်းမှု၊ စက်မှုလုပ်ငန်းပိုင်း အဆင့် နိမ့်ကျမှု၊ တရားဝင်စီးပွားရေးမှာ အလုပ်အကိုင်ခန့်ထားခြင်းနည်းပါးမှု၊ ဘဏ္ဍာရေးနဲ့ ငွေကြေးကဏ္ဍ ချိနည့်ယိုယွင်းမှုနဲ့ ဘက်ပေါင်းစုံမှာ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်တွေကို တွေ့ကြုံရင်ဆိုင်နေရပါတယ်။

 ၂။ စီးပွားရေးအမွေဆိုး

(က) စက်မှုလုပ်ငန်း အဆင့်နိမ့်ကျမှု

စိုက်ပျိုးရေးက မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး အမြဲတမ်းဖြစ်လျက်ပါပဲ။ ၁၉၃၈ ဘဏ္ဍာရေးနှစ်မှာ စိုက်ပျိုးရေးက တိုင်းပြည်ဂျီဒီပီရဲ့ ၄၈ ရာခိုင်နှုန်း အချိုးအစားရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဂျီဒီပီ ကိန်းဂဏန်းတွေကိုကြည့်တော့လည်း စိုက်ပျိုးရေးက  ၄၃ ရာခိုင်နှုန်း အချိုးအစား ရှိနေပါတယ်။ ၁၉၃၈ ဘဏ္ဍာရေးနှစ်မှာ ကုန်ပစ္စည်းလေးမျိုးက ( ဆန်၊ တွင်းထွက်ပစ္စည်း၊ သစ်နဲ့ အခြားစိုက်ပျိုးရေး ထွက်ကုန်များ)  ပို့ကုန်အားလုံးရဲ့ လေးပုံသုံးပုံ အချိုးအစားရှိပါတယ်။
၁၉၉၀ မှ ၁၉၉၉ အထိ ဆယ်စုနှစ်ကိုကြည့်ပြန်တော့လည်း အဲဒီ ပို့ကုန်လေးမျိုးက ဂျီဒီပီတန်ဖိုးအားဖြင့် ၇၀ ရာခိုင်နှုန်း အချိုးအစား (နယ်စပ်ကုန်သွယ်ရေး အပါအ၀င်) ရှိနေပါတယ်။

၁၉၉၉ ခုနှစ်နောက်ပိုင်း အထည်ချုပ်လုပ်ငန်းက အဓိက ထိပ်ဆုံးပို့ကုန်ပစ္စည်း (၃၀ ရာခိုင်နှုန်း) ဖြစ်လာပြီး၊ ၂၀၀၃ ခုနှစ် အမေရိကန် စီးပွားရေးပိတ်ဆို့မှုက အထည်ချုပ်လုပ်ငန်းကို အဓိက ကျဆင်းမှု ဖြစ်စေခဲ့ပါတယ်။ နောက် ထူးခြားတဲ့ အပြောင်းအလဲကတော့ သဘာဝ ဓာတ်ငွေ့ပါ။ ၂၀၀၁ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓာတ်ငွေ့က ထိပ်ဆုံးပို့ကုန်ဖြစ်လာပြီး မကြာမီနှစ်တွေအထိ ပို့ကုန်ရဲ့ ၄၀ ရာခိုင်နှုန်း အချိုးအစား ရှိနေပါတယ်။ ဒါတွေကိုကြည့်ရင် စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုက အလွန်နိမ့်ကျနေပါတယ်။ တိုင်းပြည်ရဲ့ ပေါကြွယ်ဝတဲ့ သဘာဝ ရင်းမြစ်တွေထဲ မည်သည့်ထပ်ဆင့်တန်ဖိုးမှ ပေါင်းထည့်နိုင်မှုမရှိသလို၊ အလုပ်အကိုင် ဖန်တီးမှုမှာလည်း အကန့်အသတ် ဖြစ်နေပါတယ်။

 (ခ) အားနည်းလွန်းလှတဲ့ ဘဏ္ဍာရေးကဏ္ဍ

၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဘဏ္ဍာရေးအကျပ်အတည်းကြီးတစ်ခုကို ကြုံတွေ့ခဲ့ပါတယ်။ အဲဒီအချိန်က ပွင့်လင်းမြင်သာမှု အားနည်း ခြင်းကြောင့် ဘဏ္ဍာရေးမှာ ဘာတွေဘယ်လို စဖြစ်ခဲ့သလဲဆိုတာက မှုန်ဝါးဝါးပါပဲ။ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပုံရတာက ကုန်သွယ်ရေး လုပ်တဲ့ ကုမဏီအရေအတွက်တော်တော်များများ ပြိုလဲခြင်းကြောင့်ပါ။ အဲဒီကုမတွေက လူထုထံက အပ်ငွေယူထားပြီး (အမျိုးသားဥပဒေကို ချိုးဖောက်လျက်) အတိုးနှုန်း မြင့်မြင့်တွေ ပြန်ပေးနေတဲ့ အလွတ်သဘောဆောင်တဲ့ ငွေကြေး အကျိုးဆောင် လုပ်ငန်းတွေ လုပ်ပြကြပါတယ်။

အဲဒီကုမဏီတွေ စပြိုလဲတဲ့အခါမှာတော့၊ ဒီတုန်းက ပြည်တွင်းပုဂလိကဘဏ် အနည်းငယ်နဲ့ လက်တစ်ဆုပ်စာလောက်ရှိတဲ့ အစိုးရ ဘဏ်တွေ လက်ဝါးကြီးအုပ်ထားတဲ့ တရားဝင်ဘဏ်စနစ်ကိုပါ ပြိုလဲမှုက အလျင်အမြန် ကူးဆက်သွားပါတယ်။ ဗဟိုဘဏ်က အချိန်မီ ထိထိရောက်ရောက် ၀င်ရောက်ဆောင်ရွက်မှုမရှိတာကြောင့် အကျိုးဆောင်ကုမဏီတွေ ထွက်ပြေးမှုတွေ ဖြစ်ခဲ့ပါတယ်။ အစိုးရကလည်း နောက်ကျပြီးမှ အပ်ငွေပြန်ထုတ်တာ၊ ချေးငွေနဲ့ အပေါင်စာချုပ်တွေ ပြန်ယူတာတွေကို ကန့်သတ်တားဆီးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

လက်တွေ့စီးပွားရေးအပေါ် ထင်ရှားတဲ့ အကျိုးသက်ရောက်မှုကတော့ ပုဂလိကဘဏ်တွေ ချိနည့်ကျန်ခဲ့ခြင်းပါပဲ။ ဘဏ်စနစ်အပေါ် လူထုရဲ့ယုံကြည်မှု ဆုံးရှုံးသွားခဲ့ပြီး အခုထိ အပြည့်အ၀ယုံကြည်မှု ပြန်မရနိုင်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား ပြီးရင် ကမ္ဘာမှာ ဘဏ်စာရင်းထားတဲ့ ခရက်ဒစ်စနစ် အသုံးပြုမှု ဒုတိယအနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ ခရက်ဒစ်စနစ်မသုံးခြင်းက စီးပွားရေး လုပ်ငန်း စတင်ဖို့နဲ့ ကြီးထွားဖို့ ခက်ခဲသလို၊ လယ်သမားတွေအတွက် သွင်းအားစုမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ စက်ယန္တယားပိုင်း တိုးတက်မှုရှိဖို့ ခက်ခဲစေပါတယ်။

ဘဏ်တွေဟာ သူတို့ဖောက်သည်တွေကို ၀န်ဆောင်မှုပေးဖို့ထက် ဘဏ်ပိုင်ရှင်အတွက် အကျိုးအမြတ်ထုတ်ယူဖို့ ကျဉ်းမြောင်းစွာ လုပ်ဆောင်ကြတာမို့၊ ဘဏ်လုပ်ငန်းက ဖောက်သည်ဆီက အမြတ်နှိုက်ယူ ညှစ်ယူတဲ့ အေးဓားပြလုပ်ငန်း ဖြစ်နေပါတယ်။ ဒါကြောင့် ငွေကြေးနဲ့ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုဟာ အလျင်အမြန်လုပ်ဆောင်ရမယ့် အမျိုးသားရေး ဦးစားပေးလုပ်ငန်း ဖြစ်နေပါတယ်။

(ဂ) ယိုယွင်းပုံပျက်မှုနှင့် စွမ်းဆောင်ရည်ညံ့ဖျင်းမှု

မြန်မာစီးပွားရေး အဓိက ယိုယွင်းပုံပျက်မှုတွေထဲက တစ်ခုက မျိုးစုံဖြစ်နေတဲ့ ငွေကြေးလဲလှယ်မှုနှုန်းစနစ် ဖြစ်ပါတယ်။ အခုတော့ အဲဒါကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ကျပ်ငွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ SDR ငွေကြေးစနစ် (special drawing rights) နဲ့ ချိတ်ဆက်ထားပြီး၊ အမေရိကန်တစ်ဒေါ်လာကို တရားဝင်နှုန်း ၅ ကျပ်နဲ့ ၆ ကျပ် ရှိပါတယ်။

မကြာခင်နှစ်တွေမှာတော့ ဈေးကွက် ပေါက်ဈေး အဆ ၁၅၀ လောက် ရှိပြီး တစ်ဒေါ်လာကို ကျပ် ၈၀၀ နဲ့ ၁၀၀၀ ကြား ရှိပါတယ်။  
အစိုးရလုပ်ငန်း ပို့ကုန်တွေမှာ နိုင်ငံခြားငွေ ရောင်းလိုအား ကန့်သတ်မှုရှိနေတာရယ်၊ အလွန်အကျွံတန်ဖိုးသတ်မှတ်ထားတဲ့ တရားဝင် ငွေနှုန်းထားမှာ သွင်းကုန်အတွက် နိုင်ငံခြားငွေ ၀ယ်လိုအား မတင်းတိမ်နိုင်တာရယ်ကြောင့်၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုအောက်မှာ သွင်းကုန်တွေကို ခွဲတမ်းချစနစ်နဲ့ ကျင့်သုံးခဲ့ပါတယ်။
(Since the supply of foreign currency from public-sector exports was limited and demand for imports at the massively overvalued official rate was insatiable, public imports were rationed under a foreign exchange budget managed by the finance and revenue ministry.)

ပုဂလိကကဏ္ဍကုမဏီတွေအဖို့ သွင်းကုန်အတွက် နိုင်ငံခြားငွေရနိုင်မယ့် တစ်ခုထဲသော တရားဝင်နည်းလမ်းက သူတို့ကိုယ်ပိုင် ပို့ကုန် လုပ်ငန်း လုပ်ကိုင်ဖို့ ဖြစ်လာပါတယ်။ အဲဒါက ပို့ကုန်လုပ်ငန်းမရှိတဲ့ ကုမဏီတွေအဖို့ ပဲမျိုးစုံလို ဒေသထွက်ကုန်တွေ ၀ယ်ယူရတဲ့ အခြေအနေ ဖြစ်လာပြီး၊ သွင်းကုန်အတွက် နိုင်ငံခြားငွေရဖို့ ပဲတွေကို နိုင်ငံခြားပို့ရပါတယ်။ ကိစ္စတော်တော်များမှာ သွင်းကုန် ပို့ကုန် အကြား နိုင်ငံခြားငွေ ရောင်းလိုအား ၀ယ်လိုအား မျှစေဖို့ တရားမ၀င်ဈေးကွက်တွေကို အသုံးပြုခဲ့ကြရပါတယ်။

အဲဒီပုံပန်းပျက်နေတဲ့စနစ်က တိုင်းပြည်စီးပွားရေးကို အထိနာစေပါတယ်။ တရားဝင်နှုန်းထားနဲ့ ဈေးကွက်နှုန်းထားကြား ကြီးမားစွာ ကွာခြားခြင်း၊ ကူးသန်းရောင်းဝယ်ရေးမှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်းတို့က အဂတိလိုက်စားမှုနဲ့ ဘနဖူးသိုက်တူးတဲ့ အခွင့်အလမ်း သမားတွေအတွက် လမ်းဖွင့်ပေးနေပါတယ်။ ပုံပျက်နေတဲ့ ငွေကြေးလဲလှယ်မှုနှုန်းထားရဲ့ အကျိုးရလဒ်အဖြစ် အစိုးရကဏ္ဍ သွင်းကုန်တွေ အပေါ် ကြီးမားတဲ့အမတော်ကြေးတွေက လူထုအတွက် ထုတ်ကုန်ပစ္စည်း ဈေးမြင့်မှု ဖြစ်လာစေပါတယ်။

ပုံပျက်နေတဲ့ ငွေကြေးနှုန်းထားက နိုင်ငံပိုင်လုပ်ငန်းတွေမှာ စွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့ ဖြုန်းတီးမှုတို့ကို ဖြစ်ပေါ်စပြီး စရိတ်စက မြင့်မားစေ ပါတယ်။ အဲဒီစနစ်ဟာ အမျိုးသားစီးပွားရေးကို တရွတ်ဆွဲနေစေပြီး၊ ကုန်သွယ်ရေး အကန့်အသတ်ဖြစ်မှုနဲ့ ဂျီဒီပီ တိုးတက်မှုကို ဆွဲချထား ပါတယ်။ မှန်းဆရခက် အငွေ့ပျံလွယ်တဲ့ ဈေးကွက်ငွေကြေးဖလှယ်မှုနှုန်းထားက ယုံကြည်မှုတွေ အားနည်းသွားစေပြီး၊ စီးပွားရေး လုပ်ငန်းလုပ်ရာမှာ ကုန်ကျစရိတ်တွေ နောက်ထပ်မြင့်မားစေပါတယ်။

မြန်မာဟာ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းစတင်ဖို့ ဈေးအကြီးဆုံးနေရာလို့ နာမည်ကြီးပါတယ်။ အဲဒီနောက်ကွယ်အကြောင်းတရားက အစိုးရ ထိန်းချုပ်မှုနဲ့ ကြိုးနီစနစ်အလွန်အကျွံရှိနေပြီး၊ စီးပွားရေးတိုးတက်မှုကို နောက်ပြန်ဆွဲချမယ့် ပုံပန်းပျက်မှုတွေ၊ ထိထိရောက်ရောက် မစွမ်းဆောင်မှုတွေကို ဖြစ်စေပါတယ်။ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေက မရှင်းလင်းဘဲ ရှုပ်ထွေးပြီး၊ ပွင့်လင်းမြင်သာမှုမရှိသော ရှေ့နောက်မညီသော နည်းလမ်းတွေနဲ့သာ အသုံးပြုနိုင်ပါတယ်။ ပို့ကုန် သွင်းကုန် အများစုအတွက် လိုအပ်တဲ့ ခွင့်ပြုချက်ပါမစ်တွေက ရရှိနိုင်ဖို့ ခက်ခဲပြီး ကုန်ကျစရိတ် များပါတယ်။ အဲဒီအဟန့်အတားတွေကို ခရိုနီတွေအတွက် အခွင့်အလမ်းပေါ်ထွက်စေပါတယ်။


မျက်နှာသာပေးထားတဲ့ ကုမဏီတွေကိုပဲ လိုင်စင်တွေ ပါမစ်တွေ ဖြန့်ဝေပေးတဲ့ အစိုးရဟောင်းရဲ့ အလေ့အကျင့်တွေက လုပ်ငန်းကဏ္ဍ အများစုမှာ  တရားမျှတစွာ ပြိုင်ဆိုင်မှုမှာ ကန့်သတ်မှုဖြစ်စေပြီး။ တစ်ဖက်သတ်အကျိုးအမြတ်ရတဲ့ မိုနိုပိုလီတွေကို ထူထောင်ပေးမှု ဖြစ်စေပါတယ်။ စီးပွားရေးကဏ္ဍ တော်တော်များများမှာ ခရိုနီလုပ်ငန်းများ လွှမ်းမိုးလာပြီး၊ စားသုံးသူနဲ့ လုပ်ငန်းတွေ အတွက် ကုန်ကျ စရိတ်မြင့်မားမှုတွေ ဖြစ်လာပါတယ်။

မကြာခင်က ကားဈေးနဲ့ မိုဘိုင်းတယ်လီဖုန်း ဈေးတွေ အဆမတန်ဖောင်းပွခဲ့ပြီး၊ စုတ်ပြတ်နေတဲ့ ကားအိုကားဟောင်းတွေတောင် ဈေးကွက်မှာ ဒေါ်လာ သောင်းသိန်းချီတန်ကြေးပေါက်ခဲ့ပါတယ်။ မိုလ်ဘိုင်းဖုန်း SIM ကဒ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ တန်ကြေး ဘယ်လောက်မှ မရှိပေမဲ့၊ မြန်မာပြည်မှာ ဒေါ်လာ ထောင်ကျော် ရှိပါတယ်။

အခြားအချက်အလက်တွေကလည်း စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကောင်း မဖြစ်အောင် ဟန့်တားထားပါတယ်။ အဲဒီအထဲမှာ စာချုပ် စာတမ်းချုပ်တွေ အသက်ဝင်စေဖို့ ခက်ခဲတဲ့ ချိနည့်တဲ့ တရားဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားမှု ပြန့်နှံ့ခြင်း၊ ကုန်ထုတ်လုပ်မှုမှာ လိုအပ်နေ တဲ့ ပစ္စည်းကရိယာသစ်တွေ တင်သွင်းဖို့ ဈေးနှုန်းမြင့်မားခြင်း၊ လမ်းတံတားနဲ့ အရန်အဆောက်အအုံ ညံ့ဖျင်းမှုကြောင့် ကုန်ကျစရိတ် မတန်တဆများခြင်း၊ လမ်းတံတားဖြတ်သန်းခ မြင့်မားခြင်း၊ ယဉ်အိုယဉ်ဟောင်းတွေကိုသာ အသုံးပြုနေရခြင်းနဲ့ အခြေခံ အကျဆုံးဖြစ်တဲ့ လျှပ်စစ်မီး အလုံအလောက်မရခြင်း တို့တွေ ဖြစ်ပါတယ်။
မြန်မာပြည်မှာ အခွန်ကောက်ယူနိုင်စွမ်း အားနည်းတဲ့  အင်မတန်ကို ရှုပ်ထွေးပြီး ခေတ်နောက်ကျနေတဲ့ အခွန်စနစ် ရှိပါတယ်။

(ဆက်လက်ဖော်ပြပါမယ်)

international crisis group - ICG စာတမ်း

မောက္ခ
Monday, 06 August 2012 01:01
http://www.maukkha.org/index.php/book-store/reading-room-maukkha/2265-icg-myanmar-economic-crisis
 လူဗိုလ် ဟူသည် မှ
ဘကြီးသက်
Unknown at 9:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"မြန်မာအလုပ်သမ တစ်ဦး အဓမ္မပြုကျင့်ခံရပြီး ၅ထပ်တိုက်ပေါ်က ပစ်ချခံရ"


ဘန်ကောက်မြို့အနီး စမုတ်စာခွန်၊ မဟာချိုင် နယ်မြေ အုန်းနွဲ့ စိုင်းဟတ် ၆ထပ်တိုက်တွင် နေထိုင် သည့်အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့ လည်ပိုင်းက ထိုင်းတစ်ဦးက အဓမ္မပြုကျင့်ပြီး ၅ ထပ်အမြင့်မှ ပစ်ချခံရသဖြင့် ဆေးရုံတွင် အရေးပေါ် တင်ထားရကြောင်းမျက်မြင်များပြောပြချက်အရ သိရှိရသည်။

တိုက်နောက်ဖက် လဘက်ရည်ဆိုင်တွင် ထိုင်နေကြသည့် ကိုမင်းဇေါ် က သူတို့ အနားသို့ ကျလာပုံ ကို ရှင်းပြသည်။ “မွန်းလွဲ၂နာရီကျော်ပြီး အပေါ်ထပ် အခန်းအမှတ် ၅/၁၅၃ က မစန်းစန်းဝင်း ကိုယ်လုံးတီးနဲ့ ထမိန်တစ်ကွင်း စလွယ်သိုင်းပြီး ပြုတ်ကျလာတယ်၊ အလှူခံ အလှူခံ လို့ ပြောပြီး သတိ ရတချက် မရတချက် ပဲ။ ဆေးရုံရောက်တော့လဲ ဘယ်သူလဲလို့ မေးတော့ အလှူခံ အလှူခံလို့ ပြောတယ်။ ကျနော်လည်း အနားမှာ ရှိတဲ့ မမော်နဲ့ ထမီတစ်ကွင်းယူပြီးတော့ ၀တ်ပေးကြတယ်။ ကျနော်အဲဒီ ၅ထပ်ကို ပြေးတက် လာတော့ အသက် ၂၀ အရွယ် လောက်ရှိတဲ့ ဆံပင်ရှည်ရှည် ပိန်ပိန် နဲ့  အရပ် ၅ ပေ လောက်ရှိတဲ့ ထိုင်းလူငယ် တစ်ယောက် ပြေးဆင်းလာတာနဲ့ လှေကားမှာတွေ့ တယ်” ဟုပြောသည်။

ဧရာဝတီတိုင်းရေကြည်မြို့နယ် နုံးကနိုင်ရွာ မှ အသက် ၃၇ နှစ်အရွယ် မစန်းစန်းဝင်း သည်

အုန်းနွဲ့ စိုင်ဟတ် တွင်ရှိသော တွန်းစွန် ကြက်သား

အလုပ်ရုံတွင် ညဆိုင် အလုပ်လုပ်ပြီး အခန်းတွင်တစ်ဦးတည်း အိပ်နေ စဉ် အသက် ၂၀ ၀န်းကျင် ထိုင်း လူငယ်တစ်ဦးက အလှူခံရန် တံခါးကို အပြင်း အထန်ခေါက်သဖြင့် ဖွင့်ပေးခဲ့သည်ဟု ယူဆကြောင်း အခန်း တွင် ရှိသော စုဗူးကိုရိုက်ဖွင့်ပြီး ဂွမ်းကပ် စောင် နှင့် အမျိုးသမီး အတွင်း ခံဘော်လီ တို့ ကစင်းကလျား တွေ့ရှိရသခြင်းနှင့် နောက်ဘက် မီးဖိုေ ချာင်တွင် အိုးခွက်ပန်းကန်များ ခြေရာလက်ရာမပျက် ရှိနေခြင်း တို့ ကြောင့်၎င်း မျက်နှာတို့တွင် အညိုအမည်း စွဲနေခြင်း တို့ ကြောင့် သူမမှာ အဓမ္မပြုကျင့်ခံရပြီးနောက် အပြင်းအထန် ရိုက်နှက်ခံရ သဖြင့် မေ့မျောနေစဉ် ငါးထပ်တိုက်ခန်းမှ ပြစ်ချခံ ရခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ကိုအောင် ကပြောသည်။

“ ကျနော်တို့ မှာ သားသမီးသုံးယောက်ရှိပါတယ်။ ကျနော့်မိန်းမ ကို ပြန်ပြီးတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူးလို့ ဆေးရုံကတာဝန်ကျ ဆရာဝန်ကပြောပါတယ်၊ ဆေးကုခ ဘတ်ငွေ ၁၄၀,၇၀၂ ဖြစ်နေပြီလို့ တစ်ဦးက ညနေ ကဖုန်းဆက်လာပါတယ်။ ဒီနေ့ မြန်မာသံရုံး ကိုယ်စားလှယ်နဲ့ အတူ ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြပါတယ်၊ဆေးရုံကိုလည်း သွားခဲ့ကြပါတယ်” ဟုပြောသည်။



ထွက်ပြေးလွတ်မြောက်သွားသည့် ထိုင်းလူငယ်ထံမှ ကျကျန်နေခဲ့သည့် ထိုင်းအလှူခံစာရွက်အား တိုက်ပိုင်ရှင်က သိမ်းဆည်းထားသည်။ မစန်းစန်းဝင်း ကိစ္စရပ်အတွက် လိုအပ်သည့် ကူညီမှုများအား မြန်မာ

သံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး မြန်မာသံမှူးကြီး ဦးနိုင်ထွန်း နှင့်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


ဘကြီးသက်
Unknown at 9:31 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.