Tuesday, August 7, 2012

မောင်စူးစမ်း အင်္ဂါဂြိုလ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်

အင်္ဂါဂြိုလ်ရောက် မောင်စူးစမ်း အာကာသ ယာဉ်က ပထမဆုံး ပေးပို့ လိုက်တဲ့ မှတ်တမ်း ဓာတ်ပုံ၊ ဓာတ်ပုံများ- အယ်ဂျာဇီးယား အွန်လိုင်း သတင်းစာမျက်နှာ

အမေရိကန် အာကာသ သိပ္ပံ ဌာနလို့ ခေါ်တဲ့ NASA နာဆာ အဖွဲ့ရဲ့ မောင်စူးစမ်း ခေါ် (Curiousity) အမည်ရ စူးစမ်းရေး ယာဉ် ငယ်ဟာ အင်္ဂါဂြိုလ် (ဂြိုလ်နီကြီး ) စူးစမ်း လေ့လာရေးအတွက် ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ က အောင်မြင်စွာနဲ့ ဆင်း သက်နိုင်ခဲ့ပြီဖြစ်ပါတယ်။



အမေရိကန် သမ္မတ အိုဘားမားကတော့ ဒါဟာ နည်းပညာနဲ့ပတ်သက်လို့ ထူးထူးခြားခြား အောင်မြင်မှုကြီးဖြစ် တယ်လို့ ဆို ပါတယ်။



အခု အလေးချိန် ၁ တန် ရှိတဲ့ မောင်စူးစမ်း ရဲ့ စူးစမ်းလေ့လာရေး ခရီးစဉ်ဟာ အဓိက ဂြိုလ်နီကြီးပေါ်မှာ သက်ရှိ နဲ့ ရေ ရှိ၊ မရှိ အဓိက လေ့ လာဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်းတခုကို အောင်မြင်စွာနဲ့ စတင်လိုက်တာ လည်း ဖြစ်ပါတယ်။



အာကာသ စူးစမ်းလေ့လာရေး ယာဉ်ဟာ ၈ လခန့်အကြာ အာကာသထဲမှာ ခရီးနှင်ခဲ့ပြီး အခုလို ယမန်နေ့ မနက် စောစော ပိုင်း က အောင်မြင်စွာ အင်္ဂါဂြိုလ်ပေါ် ဆင်းသက်နိုင်ခဲ့ပြီး ပထမဆုံး ဓာတ်ပုံကို နာဆာ ထိန်းချုပ်ရေး စခန်းက ရလိုက်ချိန်မှာ တော့ နာဆာဝန်ထမ်းတွေရဲ့ ၀မ်းမြောက်ဝမ်းသာ အောင်မြင်မှု အတွက် အော်သံဟာ ဘ၀ဂ် ညံသွားခဲ့တယ်လို့ ဆိုပါတယ်။



ဒီ အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေး မစ်ရှင်ရဲ့ အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ အခုလို ဆင်းသက်တဲ့ အပိုင်း ကို အောင်မြင်ခြင်း အတွက် ၀န်ထမ်းတွေ က ပျော်ရွင်ကြည်နူးကြတာလည်းဖြစ်ပါတယ်။ တနာရီကို မိုင်ပေါင်း ၁ သောင်းကျော် အမြန်နှုန်းနဲ့ ဆင်းသက်လာ တဲ့ မောင်စူးစမ်း အာကာသ ယာဉ်ကို အရှိန်နှေးသွားအောင် လို့ လေထီးစနစ်၊ အရှိန်ထိမ်း မောင်းနှင် စနစ် တွေကို သုံးခဲ့ရပြီး ခက်ခက်ခဲခဲ ဂြိုလ်မျက်နှာပြင်ကို ဆင်းသက်ခဲ့ရတာပါလို့ ယမန်နေ့က အယ်ဂျာဇီးရား သတင်းမှာလည်း ဖော်ပြ သွားပါတယ်။








ဤနေရာ နှင့် ဤနေရာတို့တွင် လည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

ဧရာဝတီ

ဘကြီးသက်
Unknown at 10:37 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.