Tuesday, August 7, 2012

You Tube မှ Apple ၏ iOS ကို ဖြုတ်ပစ်တော့မည်

Google ကုမ္ပဏီနှင့် Apple တို့၏ စစ်ပွဲမှာ အရှိန်မြင့်လာခဲ့ပြီ ဖြစ်ကာ Apple တို့အနေဖြင့် iPhone နှင့် iPad တို့တွင် ရှိသည့် ပုံမှန် YouTube application များကို
ဖယ်ရှားပစ်တော့မည် ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပြီ ဖြစ်သည်။ နာမည်ကြီးလှသည့် နာမည်ကျော် ဗွီဒီယို Streaming ဝန်ဆောင်မှုမှာ Apple ၏ မိုဘိုင်း oparating စနစ်သစ် ဖြစ်သော iOS 6 တွင် ပါဝင်လာတော့မည် မဟုတ်ပေ။

ကုမ္ပဏီ၏ အပြောအရ iOS app မှာ လိုင်စင်သက်တမ်း ကုန်သွားပြီး ဖြစ်သဖြင့် ယခုလို ဖြုတ်ပစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အသုံးပြုသူများ အနေဖြင့် You Tube ကို ၎င်းတို့၏ အခြားသော browser များတွင် ဆက်လက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အလားတူပင် Google တို့မှာလည်း apple စတိုးများ အတွက် application သစ် တစ်ခုကို ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

source : The Wall Street Journal



MRTV-4
ဘကြီးသက်
Unknown at 2:29 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.