Tuesday, August 7, 2012

Facebook အကောင့် ၈၃ သန်းမှာ အတုများနှင့် နောက်ပြောင်သည့် အကောင့်များသာဖြစ်



Facebook သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ချစ်စရာ အိမ်မွေး တိရစ္ဆာန်များကို သီးသန့် Facebook အကောင့်များ ဖွင့်ပေးပြီးနောက် သုံးစွဲနေပါက
မကြာတော့မည် ကာလ အတွင်းတွင် အလိုအလျောက် ပယ်ဖျက်ခံရနိုင်ကြောင်း သိရသည်။ Facebook ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ ၈၃.၀၉ သန်းခန့်သော အကောင့်များကို ပိတ်ပစ်လိုနေကြောင်း သိရသည်။

ဗုဒ္ဓဟူး နေ့က ထုတ်ပြန်သည့် updated regulatory filing ခေါ် စာရင်းအရ လူမှုရေး ကွန်ရက် ဝက်ဆိုက်ကြီးမှ ပြောရာတွင် ၎င်းတို့၏ ၉၅၅ သန်းသော လစဉ်ပုံမှန် အသုံးပြုနေသည့် လူများထဲမှ ၈.၇ ရာနှုန်းသော လူများမှာ ယခုလို အကောင့်များကို ဖန်တီးကြခြင်း ဖြစ်ကြောင်း လုံခြုံရေး ဆိုင်ရာ အကြီးအကဲမှ ပြောခဲ့သည်။ ထို့အပြင် ယခုလို အကောင့်များထဲမှ  ၂.၄ ရာနှုန်းမှာ လူမဟုတ်သည့် အိမ်မွေး တိရစ္ဆာန်များ ကဲ့သို့သော ကိုယ်ရေးကိုယ်တာ ဆိုင်ရာ အကောင့်များ ဖြစ်ကြောင်းလည်း ပြောသည်။ ထို့အပြင် ယခုလို အကောင့်များထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အကောင့်များနှင့် အခြားသော မှားယွင်းသည့် အကောင့်များလည်း ပါဝင်ကြောင်း သိရသည်။

ယခုလို ဖြစ်ရပ်အတွက် Facebook အနေဖြင့် ၎င်းတို့ တွေ့ရှိသည့် အကောင့်မှားများကို ဖျက်ပစ်မည် ဖြစ်ကြောင်း သို့ရာတွင် အလုံးစုံကို ဖျက်ပစ်လိုက်မည် မဟုတ်ဘဲ လုံခြုံရေး စနစ်အရ အချို့ အချက်အလက် များကို သိမ်းဆည်းထားဦးမည် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ထို့အပြင် အဖျက်ခံရသူများ အနေဖြင့် ၎င်းတို့၏ အကောင့်များ ကို ပြန်လည် ဖွင့်နိုင်ခွင့် ရှိမည် မဟုတ်ကြောင်းလည်း သိရသည်။

source : CNN
ဘကြီးသက်
Unknown at 11:08 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.