Tuesday, August 7, 2012

ဘဏ်ခွဲအများဆုံး ဖွင့်ထားသော ကမ္ဘောဇဘဏ်မှ ပြည်တွင်း ငွေလွှဲခနှုန်းထား သုံးပုံတစ်ပုံလျှော့ချ



From : ခေတ်လူငယ်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဘဏ်ခွဲအများဆုံး ဖွင့်ထားသော ပုဂ္ဂလိကဘဏ် ဖြစ်သည့် ကမ္ဘောဇဘဏ်မှ မြို့ ၁၁ မြို့ရှိ ဘဏ်ခွဲများမှလွဲ၍ ကျန်ဘဏ်ခွဲများ၏ ငွေလွှဲနှုန်းထားများကို သုံးပုံတစ်ပုံ လျှော့ချပေးခဲ့ကြောင်း ကမ္ဘောဇဘဏ် တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။ “သြဂုတ်လ ၁ ရက်နေ့ကစပြီး လျှော့ချပေးခဲ့တာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ အချင်းချင်း လွှဲပို့ရင် အရင် ကျပ်တစ်ရာကို ၁၅ ပြား ယူတာကနေ အခု ကျပ်တစ်ရာကို ၁၀ ပြားပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။ တခြားဘဏ်ကနေ လွှဲရင်တော့ အရင်နှုန်းထား အတိုင်းပါပဲ” ဟု ကမ္ဘောဇဘဏ် တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်သွားလာရ ခက်ခဲသော မြို့များမှာ အခြားမြို့များထက် ယခင်ကတည်းက ငွေလွှဲခနှုန်းထား မြင့်မားလျက်ရှိသည်။ ထိုမြို့များအနက် မူဆယ်၊ မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ မြစ်ကြီးနား၊ ထားဝယ်၊ ကျိုင်းတုံမြို့များရှိ ဘဏ်ခွဲများမှ ငွေလွှဲခ နှုန်းထားများကို ယခင်က အတက် ပြား၂၀၊ အဆင်း ၁၅ ပြား ရယူရာမှ ယခုအတက် ၁၅ ပြား၊ အဆင်း ၁၀ ပြားသာ ရယူတော့မည် ဖြစ်ကြောင်း၊ ဖားကန့်မြို့ဘဏ်ခွဲမှ ယခင် အတက်ပြား ၅၀၊ အဆင်းပြား ၂၀ ရယူရာမှ ယခု အတက်ပြား ၅၀၊ အဆင်း ၁၅ ပြား ငွေလွှဲခ ကောက်ခံသွားမည်ဖြစ်ပြီး မောင်တောမြို့ ဘဏ်ခွဲမှ ယခင် အတက်ပြား ၄၀၊ အဆင်းပြား ၂၀ ကောက်ခံရာမှ ယခုအတက်ပြား ၄၀၊ အဆင်း ၁၅ ပြား သတ်မှတ်ထားကာ ဗန်းမော်မြို့ ဘဏ်ခွဲမှ ယခင် အတက်ပြား ၄၀၊ အဆင်းပြား ၂၀ ကောက်ခံရာမှ ယခုသြဂုတ်လ ၁ ရက်နေ့မှစ၍ အတက်ပြား ၂၀၊ အဆင်း ၁၅ ပြားနှုန်းသာ ကောက်ခံတော့မည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ကြေညာချက် ထုတ်ပြန်ထားပါသည်။ ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသော ဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင်း ဘဏ်ခွဲပေါင်း ၇၀ ကျော်ဖွင့်လှစ်ပြီး ဖြစ်သည်။ ယင်းဘဏ်သည် ပြည်တွင်း လက်လီ၊ လက်ကား ဘဏ်လုပ်ငန်းများ၊ နိုင်ငံခြား ဘဏ်လုပ်ငန်းများနှင့် ပြည်ပငွေလွှဲ အ၀င်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ခု ဖြစ်ပါသည်။ ယခုအခါတွင် လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် အချို့တွင်ပါ L\C ဖွင့်ခွင့်အား ဗဟိုဘဏ်မှ ခွင့်ပြုပေးထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 10:14 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.