Saturday, August 4, 2012

သူတို့ပြောတဲ့ သဇင် အကြောင်း(2)

  ----------------------------------------------------------

အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင် သဇင် အားအနုပညာလုပ်ငန်းများ
လုပ်ဆောင်ခွင့်နှစ် နှစ်ပိတ်လိုက်သည်ဆိုသည့်သတင်းများမှာမဟုတ်
မှန်ကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌဦးဇင်ဝိုင်းကThe Messenger ဂျာနယ်သို့ယနေ့ညနေတွင်တရားဝင်အတည်ပြုပြောကြားခဲ့သည်။
"သဇင်ကိုရုပ်ရှင်အစည်းရုံးကဗွီဒီယိုနဲ့ရုပ်ရှင်ရိုက်ခွင့်နှစ် နှစ်ပိတ်တယ်ဆိုတာ
မဟုတ်ပါဘူး။ကျွန်တော်တို့စတင်ဆောင်ရွက်ချိန်က စပြီးအခုအချိန်ထိဘယ်သူ့ကိုမှလဲအရေးယူဆောင်ရွက်တာမရှိသေးပါဘူး"ဟုဦးဇင်ဝိုင်းကပြောသည်။

ကိုယ့်ဘ၀ကိုယ် အကောင်းဆုံး ဖြစ်အောင်နေတယ်


သဇင်တဲ့။ တော်ဝင်ပန်း တစ်ပွင့်ရဲ့ နာမည် ဆိုလည်းဟုတ်။ ပရိသတ်တွေရဲ့ အချစ်ကို ရရှိပြီး အဆိုရော သရုပ်ဆောင် ဘက်မှာပါ တော်ဝင် အနုပညာရှင်
တစ်ဦး ဖြစ်တယ်ဆိုလည်း ဟုတ်တယ်ပေါ့။


သီချင်းတွေနဲ့ အနုပညာ လောကထဲကို စတင် ၀င်ရောက်လာခဲ့ပြီး ထင်ပေါ်လို့ စင်တော်ကောက် သရုပ်ဆောင် လောကထဲမှာလည်း နေရာတစ်ခု ယူနိုင်ခဲ့တဲ့ သဇင်က ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ တစ်ကိုယ်တော် စီးရီးကိုလည်း သိပ်မကြာခင်ကဘဲ ထွက်ရှိ ထားနိုင်ခဲ့ပါတယ်။ သဇင်ရဲ့ အနုပညာ သက်တမ်းကို ပြည်လှည့်ကြည့်မယ် ဆိုရင်လည်း သိပ်မနုတော့ တာကို တွေ့ကြရမှာပါ။


ရေစီး သန်လှတဲ့ အနုပညာ ရေစီးကြောင်းထဲမှာ နစ်တဲ့သူလည်းရှိ၊ ကူးခတ်နေဆဲ သူတွေလည်း ရှိတဲ့ ကြားထဲမှာ သဇင်ကတော့ ရေစီးအတိုင်း အလိုက်သင့် စီးမျော နေနိုင်တဲ့ အစွမ်းရှိသူ တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ အနုပညာ အတွက် ရှင်သန်မှု၊ လှုပ်ရှားမှုတွေ အကြောင်းကို သိလိုတာကြောင့် သူမနဲ့ မိုးတွေ မရွာတဲ့ နေ့ တစ်နေ့မှာ တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။


တကယ်တော့ သဇင်ပန်း ဆိုတာ ဆောင်းရာသီမှာ ဖြူလွလွနှင်းနဲ့ အပြိုင် ပွင့်လန်းတဲ့ ပန်းပါ။ နာမည်နဲ့ လိုက်အောင် ဖြူဖြူစင်စင်နဲ့ အမြဲ ရယ်ပြုံးနေတတ်သူ သဇင်ကို ရွှေအမြုတေ အတွက် တွေ့ဆုံ မေးဖြစ်ခဲ့တဲ့ ရာသီကတော့ သဇင်ပန်းတွေ ပွင့်တတ်တဲ့ ရာသီတော့ မဟုတ်ခဲ့ပါဘူး။ ၁၂ လ ရာသီစလုံးမှာ အမြဲပြုံးပျော် ပွင့်လန်းနေတဲ့ အနုပညာ ပန်းတစ်ပွင့် သဇင်က ရွှေအမြုတေ အလှဓာတ်ပုံတွေထဲမှာ လည်း လှပစွာပွင့်လန်း နေတာကို တွေ့ကြရမှာပါ။ သဇင်က ကိုယ်တိုင်ဖန်တီး ပြင်ဆင်တဲ့ မိတ်ကပ်၊ ဖက်ရှင် အပြင်အဆင်တွေနဲ့ လှချင်တိုင်း လှနေခဲ့တာကို တွေ့ရပါလိမ့်မယ်။

သဇင်ရဲ့ အနုပညာ သက်တမ်းက မငယ်တော့ဘူးနော်။ ကိုယ်လျှောက်ခဲ့တဲ့ ကာလ တစ်လျှောက်မှာ ကိုယ့်ရဲ့ အနုပညာ အတွေ့အကြုံတွေက အများကြီး ရရှိ ထားပြီလို့ ထင်တယ်နော်။

အဓိကကတော့ သီချင်းပိုင်းပဲ ကြည့်ကြည့်၊ သရုပ်ဆောင်ပိုင်းပဲ ကြည့်ကြည့် နှစ်ခုစလုံးက လုပ်သက် ကြာလာတာနဲ့ အမျှ လေ့လာစရာ ပိုများလာတယ်။ ပြီးတော့ မှားတာတွေပေါ့နော်။ ကိုယ့်အရှေ့မှာ မသိလို့ မှားသွားတာတွေ ရှိတယ်။ အဲဒါကို ပြင်ဖို့ တွေ့လာတယ်။ နောက် ကိုယ့်အမှားတွေကို တဖြည်းဖြည်းနဲ့ မြင်လာတယ်။ တစ်ခုလုပ်ပြီး သွားတိုင်း ပြန်ကြည့်ရင် အမှားတွေ ပြန်တွေ့ရတတ်တယ်။ ဒီတော့ ကိုယ်ပိုပြီး ကြိုးစားရမယ် ဆိုတဲ့ အသိစိတ်က ပိုပြီး ၀င်လာတယ်။


ကိုယ်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ အားလုံးကကော ကိုယ်ရှေ့လျှောက်မယ့် ဘ၀ ခရီးမှာ ပြန်အသုံးချဖို့ အဆင်ပြေရဲ့လား ဘယ်လို အပိုင်းတွေကို ပြန်ပြီး ချန်လှပ်ထားခဲ့ရလဲ။


အခုဆိုရင် သီချင်းပိုင်း ဆိုရင် သမီးက တိပ်၊ စီဒီ၊ ဗီစီဒီ အကုန်လုံးကို အစအဆုံး တောက်လျှောက် လုပ်ရတဲ့ အခါကျတော့ အစအဆုံးကိုမှ ကိုယ်က တိတိကျကျကြီး သိနေတာလေ။ တချို့အရာတွေ ဆိုရင် နဂိုတုန်းက သီချင်းပဲ ဆိုလိုက်တာလေ။ ဘာမှ မသိဘူး။ အခု နဖူးတွေ့ ဒူးတွေ့ ကိုယ်တိုင် လုပ်ရတော့မှ ဘယ်လောက်အထိ ပင်ပန်းတယ်၊ ဘယ်လောက် ခက်တယ် ဆိုတာကို သိတယ်။ အဓိကက အချိန်ကုန်တယ် ဆိုတာထက် စိတ်ရော၊ လူရောပင်ပန်းတာပေါ့နော်။ ကိုယ့်တစ်ကိုယ်တော်ခွေ လည်းဖြစ်တယ်။ သီချင်းတိုင်းကို ပရိသတ် ကြိုက်ဖို့၊ သီချင်းကောင်းဖို့၊ သွင်းပြီးသွားတဲ့ အချိန်မှာ Mixing ပြီးပါ့မလား။ အဘက်ဘက်ကပေါ့နော်။ ဗီစီဒီကျတော့ Edit ပြီးပါ့မလား။ နောက်ရိုက်တာတွေ အဆင်ပြေပါ့မလား ပေါ့နော်။ အစအဆုံး အကြိုက်တွေ့ပါ့မလား ပေါ့နော်။ Photo hak ဆိုရင် သမီးကိုယ်တိုင် ထိုင်တယ်။ Cover design နဲ့ တိုင်ပင်ပြီး လုပ်တယ်။ အစအဆုံး ကိုယ်ပဲ စိတ်ပူရ တာလေ။ အဲဒီတော့ အဲဒီ အတွေ့အကြုံကတော့ ကောင်းကောင်း ရသွားတာ ပေါ့နော်။ ကိုယ်ကိုယ်တိုင် လုပ်တဲ့ အတွက်ကို အဲဒီ အကျိုးကျေးဇူးက ရှင်းရှင်း ပြောရရင် သူများ လိမ်မယ် ဆိုရင်တောင် အလိမ် မခံရတော့ဘူး။ သူများထက် သိသွားတယ်။ တတ်သွားတယ်။ ကျွမ်းကျင်သွားတယ်။ နောက်ပိုင်း ကျရင်တော့ သိပ်အခက်အခဲ မရှိတော့ဘဲ လွယ်ကူ သွားတာပေါ့။ အဲဒါမျိုးတွေပေါ့။
အနုပညာရှင် တစ်ယောက်ချင်းစီ တိုင်းမှာ နေရာ တစ်ခုရဖို့ အတွက် ပုံစံမျိုးစုံ ရှိတတ်ကြတယ်။ သဇင်ကကော ကိုယ့်ပုံစံကို ဘယ်လို သတ်မှတ်ချင်လဲ။

သမီးကတော့ စတက်လာကတည်းက ဘေးနားမှာ ထောက်ပံ့ပေးမယ့် မိဘရှိတယ်။ ပြီးတော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးပေါ့။ ကားရိုက်ကြတော့လည်း ကိုယ်တိုင်က မသိရင် မသိတဲ့ အကြောင်းကို ပြောပြပြီးတော့ မေးတယ်။ သီချင်း ဆိုရင်လည်း အားလုံးကို မေးတယ်။ အဲဒီတော့ သမီးမှာ ခက်ခဲတယ်ဆိုရင်လည်း ဒီလောက်ကြီး ခက်ခဲတာ မရှိခဲ့ဘူး။ အကုန်လုံးက ၀ိုင်းဝန်း ပံ့ပိုးပေးတယ်။ သင်ပေးတယ်။ အဲဒီ အတွက်ကို ရှောရှောရှူရှူ ဖြစ်သွားတာ များတယ်။


သဇင့် အနေနဲ့ သီချင်းတွေကိုပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်ပိုင်းကိုပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ လူမှုဘ၀ကိုပဲ ဖြစ်ဖြစ် အတိုက်အခိုက် ဆိုတာတွေကို တစ်နည်းနည်းနဲ့ ကြုံခဲ့ရတာပဲ။ အဲဒီအခါမှာ သမီးက ဘယ်လို စိတ်ထားနဲ့ ဖြတ်ကျော်ခဲ့ရတာလဲ။


အစပိုင်းကတော့လေ သမီး အနေနဲ့ စလုပ်ခါစလည်း ဖြစ်တယ်။ သိပ်လည်း မရင့် ကျက်သေးဘူးပေါ့။ အသက် အရွယ်အားဖြင့်လည်း ငယ်လည်း ငယ်သေးတဲ့ အခါကျတော့ အဲဒီ အချိန်မှာ စိတ်လည်း တော်တော်ညစ်တယ်။ အဓိက ကတော့ ဒေါသတော်တော် ထွက်တယ်။ သမီးမှာ အကျင့် တစ်ခု ရှိတာက ကိုယ်မဟုတ်ဘဲနဲ့ ဘာမှ ဖြစ်စရာ အကြောင်း မရှိဘူးပေါ့နော်။ ပြန်တွေးတယ်။ သေချာ ပြန်စဉ်းစား ကြည့်တယ်။ ဟုတ်ပြီ၊ အခု နောက်ပိုင်း အနုပညာတွေ အားလုံး ဒီလိုပဲ ခံရတာပဲပေါ့ နော်။ အတွင်းကပဲ ဖြစ်ဖြစ်၊ အပြင်ကပဲ ဖြစ်ဖြစ် တိုက်ခိုက်တာမျိုးပေါ့။ ကိုယ်ဒါကြီးကို စိတ်ရောက်နေလို့ ရှိရင် ကိုယ့် အလုပ်မှာလည်း အခက်အခဲ ဖြစ်မယ်။ ကိုယ့်စိတ်ထဲမှာလည်း မရှင်းတော့ဘူး။ ဒါဆိုရင် အလုပ်ကိုလည်း ကောင်း

ကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ သမီးက အဲဒီလို ဖြစ်လာရင် ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်ပဲ သတ်မှတ်တယ်။ ပြီးတော့ ပရိသတ်နဲ့ အနုပညာရှင် ဆိုတာက အခု နောက်ပိုင်းမှာ မစိမ်းတော့ဘူး။ သမီးတို့က အပြင်မှာလည်း သွားလာ နေတယ်ဆိုတော့ တွေ့ဖို့က မခက်ခဲတော့ဘူး။


ဒီတော့ တစ်နေ့ကျရင် သိမှာပဲ၊ ရှင်းစရာ မလိုဘူး ဆိုပြီးတော့ သမီးက အဲဒါကို ယုံကြည်ထားတယ်။ ပြီးတော့ ဘေးမှာလည်း မိဘက အမြဲ ရှိနေတဲ့ အတွက် ဒါကလည်း အားပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတယ်။ ငါမမှားဘူး။ မှားသွားတာ ရှိရင် တောင် အမှားကြီးမျိုး မမှားဖူးတဲ့ အတွက်ကို သမီးက ထိုင်ပြီး စိတ်ညစ်နေတာမျိုး မရှိဘူး။ အချိန်ကုန်တယ် ဆိုပြီးတော့လို့ ပြန်တွေးပြီး စိတ်ညစ်တာကို ရအောင် ဖျောက်တယ်။


စိတ်ကို ရှင်းနေအောင် ထားတယ်။ စိတ်ညစ်စရာ ရှိရင်တောင် အလုပ်ထဲကို မသယ်သွားဘူး။ ရအောင်ပဲ ဖျောက်ခဲ့တယ်။ သမီးကိုက အကြာကြီး စိတ်ညစ် မနေတတ်ဘူး။ ပြဿနာ တစ်ခုဖြစ်လို့ ရှိရင် ဖွင့်ပြောလိုက်ရမှ စိတ်ထဲမှာ ပေါ့သွားတယ်။ ကိုယ် တိုင်လည်း မထားတတ်ဘူး။ သူများ ကိုယ့်အပေါ် ထားခဲ့ရင်လည်း ဖွင့်မေးတတ်တယ်။ အဲဒါက ကောင်းလည်းကောင်းတယ်။ သမီးက ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အခါကျတော့ ရှုတင်ရောက်လို့ ရှိရင် ကိုယ့် ရှုတင်ထဲမှာပဲ စိတ်နှစ်ထားတယ်။ ဘာမှ မတွေးတော့ဘူး။ သမီး ထင်တယ်လေ။ စိတ်မှာ ဖြစ်တဲ့ဟာက ရုပ်မှာ ပေါ်တယ်။ အဓိက စိတ်ထဲမှာ ရှင်းအောင်ထားတဲ့ အတွက် ရုပ်လည်းကြည်လင်နေမှာပဲ။
သဇင်က ပျော်ပျော်ေ နတတ်တဲ့ သူတဲ့။ ရောက်လေရာမှာ ကိုယ့်လုပ်ဖော် ကိုင်ဖက်တွေနဲ့ ရယ်စရာတွေ ပြောပြီး အမြဲ ပျော်ပျော် နေတတ်တာ တွေ့ရတယ်။

သမီးက ဒီပုံစံက ကိုယ့် နဂိုပုံစံ ဖြစ်နေတာပေါ့နော်။ အဓိကက မိဘတွေပေါ့။ သမီးတို့မှာ သားသမီးနဲ့ မိဘ အကြား ငါက မိဘဆိုတဲ့ ပုံစံ မရှိကြဘူး။ မိဘကလည်း မိဘအလျောက် တိုင်ပင်စရာ ရှိတာ တိုင်ပင်တယ်။ သူငယ်ချင်းပေါင်း ပေါင်းတယ်။ ပွင့်ပွင့် လင်းလင်း ပြောတတ်အောင် သင်ပေးတယ်။ ဒီတော့ ဘာမှ မလျှို့ဝှက်တတ်ဘူး။ ပျော်ပျော်ပဲ နေတတ်တယ်။ လူဆိုတာက အတိုက်အခိုက်တော့ ရှိတာပေါ့နော်။ အဲဒီလို တိုက်ခိုက်တာမျိုး ရှိလာရင် တောင် ကိုယ်က သူတို့ကို စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ အဲဒီစိတ်ကြီး ရှိနေရင် သူတို့ မျက်နှာမှာ ပေါ်နေတော့ ဘယ်လိုပဲ ကြည့်ကြည့် သိသာတယ်လေ။ ကိုယ်က ပျော်နေပေမယ့် သူတို့တွေက ပျော်ချင်မှ ပျော်နေမှာကိုး။ ဒီတော့ သမီးက ကိုယ့်ဟာကိုယ် အကောင်းဆုံး ဖြစ်အောင်ပဲ နေတယ်။


သဇင်က အခုဆိုရင် အဆိုတော် သီးသန့်လည်း မဟုတ်တော့ဘူး။ သရုပ်ဆောင် သီးသန့်လည်း မဟုတ်တော့ဘူး။ သူ့ပရိသတ်နဲ့ သူလည်း ရှိနေပြီ။ ဒီအတော အတွင်းမှာ ဒီအနုပညာ ၂ ခုစလုံးနဲ့ ပတ်သက်ပြီး သမီးရဲ့ ခံစားမှုနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ ပုံစံလေးကို ပြောပြပါဦး။


သီချင်း ဆိုတာနဲ့ သရုပ်ဆောင်တာက မတူဘူးလေ။ တစ်ခုစီက တစ်မျိုးစီ ခက်တယ်။ သီချင်း ဆိုတာလည်း ဆိုလိုက်ရုံနဲ့ မပြီးသွားဘူး။ တေးရေး တစ်ယောက်ရဲ့ စာသားနဲ့ မုဒ် အပေါ်ထပ် တူညီအောင်ပေါ့။ ကိုယ်တိုင်က သီချင်းတွေ မရေးတတ်ဘူး ဆိုတော့ တေးရေးရဲ့ ခံစားချက်နဲ့ မုဒ်၊ ဂီတဖန်တီး သူတွေရဲ့ ပုံစံကို သူတို့ပဲ သိတယ်။ ကိုယ်က ကိုယ်တိုင် ဖန်တီးထားတာ မဟုတ်တဲ့ အတွက် နားမလည်နိုင်ဘူး။ ဒါကြောင့် ထပ်တူညီအောင် သမီး ကြိုးစားလုပ်တယ်။ ရုပ်ရှင်ပိုင်းမှာလည်း သမီးက သက်တမ်းအရ များလာတယ်။ ဒါပေမဲ့ ကိုယ်မလုပ် ဖူးသေးတဲ့ ကာရိုက်တာတွေ ရှိသေးတယ်။ တချို့ကတော့ ရှိတယ်။ မရိုက်တဲ့ ကားတို့ ဘာတို့။ သမီးကတော့ အဲလို မရှိပါဘူး။ အခြေ အနေနဲ့ အချိန်အခါ တိုက်ဆိုင်လာရင် ရိုက်တယ်။


ကိုယ့်အတွက် အတွေ့အကြုံနဲ့ အလေ့အကျင့် ရတာပေါ့။ သမီးက မသိဘူး ဆိုရင်လည်း ချက်ချင်းမေးတယ်။ ဘယ်သူ့ကို မဆို မေးတယ်။ ဟာသပဲ ဖြစ်ဖြစ်။ အားလုံးက ခက်ခဲတာကိုး။ သီချင်း ဆိုရင်လည်း ကိုယ်က လိုချင်တဲ့ အချက်လေးတွေ တော့ထုတ်ထားတယ်။ အဲဒါကိုမှ တေးရေး ဆရာကို ပြတယ်။ ကိုယ်က သီချင်း တော့ မရေးတတ်ဘူး။ ရေးကြည့်ဖူးတယ်။ ဒါပေမဲ့ ဘုရားက ကိုယ့်ကို အဲဒီ လောက်ထိတော့ ပြည့်စုံအောင် ဖန်ဆင်း ပေးမထားဘူးလေ။ ကိုယ်နဲ့ ရင်းနှီးတဲ့ တေးရေး စိုးလင်း၊ ကိုအရိုးတို့ ဆိုရင် ပြပြီး တိုင်ပင်တယ်။ တစ်ခါတလေ အဲဒါတွေက အံဝင်ခွင်ကျ ဖြစ်ပြီး ပရိသတ်နဲ့ အပ်စပ်သွားရင် အရမ်း ၀မ်းသာတယ်။ သမီး ပထမဆုံး တစ်ယောက်တည်း ဆိုတဲ့ သီချင်းလေး ငါ့ရည်းစားက သူ့ရည်စား ဆိုရင် အရမ်း စိုးရိမ်တယ်။ ပထမဆုံး ကိုယ်တစ်ယောက်တည်း ဆိုရတော့ ပရိသတ်က ကြိုက်ပါ့မလားပေါ့။ ဒါပေမဲ့ ပရိသတ်နဲ့ သမီး ခံစားချက်နဲ့ တစ်ထပ်တည်း ကျပြီးတော့ ဒီသီချင်းလေးက ပေါက်သွားတယ်။ အရမ်း ၀မ်းသာတယ်။ ဒီ သီချင်းလေးက ဒီနေ့ ဒီအချိန် အထိ မဆိုမဖြစ် ပွဲတိုင်းမှာ ဆိုရတဲ့ သီချင်းလေးပါ။


လမ်းကြောင်း ၂ ခုကို တစ်ပြိုင်နက် လျှောက်ဖို့၊ အလုပ် ၂ ခုကို တစ်ပြိုင်နက် လုပ်ပြီး အောင်မြင်ဖို့က ခဲယဉ်းတယ်လေ။ တစ်ခုကို တော့ စွန့်လွှတ်သင့် စွန့်လွှတ် ရတယ်။ သဇင်ကတော့ ခုထိ show မှာလည်း သီချင်း ပရိ သတ် ရှိတယ်။ သရုပ်ဆောင် မှာလည်း နေရာတစ်ခု ရတယ်။ ဘာကြောင့်လို့ ပြောချင်လဲ။


သမီးရဲ့ ပရိသတ်က အဓိကပေါ့နော်။ ပြီးတော့ ဘေးကပံ့ပိုး ကူညီနေတဲ့ မိဘနဲ့ ဆရာသမား အားလုံးပေါ့။ အားလုံးကောင်းလို့ သမီး ကောင်းသွားတာပါ။ ကိုယ်တိုင်ကလည်း မသိတာ နားမလည်တာကို မေးမြန်း လေ့လာတော့ ဘာလုပ်လုပ် အဆင်ပြေပြေလေး ဖြစ်သွားတယ်။ သမီးကတော့ အဲဒါကြောင့်လို့ ထင်တယ်။


သဇင်ရဲ့ အရင်က မှတ်တိုင်ကကော ၂ ခုစလုံးပဲလား။ ဒါမှမဟုတ် ဒီ ၂ ခုထဲက ဘယ်အရာကို အဖြစ်ချင်ဆုံးလို့ သတ်မှတ်ခဲ့ဖူးလဲ။


သမီးက ကျောင်းတက်တုန်းက ကွန်ပျူတာနဲ့ ပတ်သက်ရင် အရမ်း ၀ါသနာ ပါတယ်။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ သင်တန်း တော်တော် များကိုလည်း တက်ဖြစ်တယ်။ နွေရာသီ ဆိုရင် Hardware engineering,Software engineering တွေ တက်တယ်။ အဲဒီ ၂ ခုစလုံးလည်း အောင်ပြီးသွားပြီ။ တကယ့် တကယ်ကျတော့ ကိုယ်က အနုပညာ အလုပ်ကို လုပ်ဖြစ်သွားတော့ အဲဒီ အပိုင်းကို မလေ့လာ ဖြစ်တော့ဘူး။ နှမြောဖို့တော့ ကောင်းတယ်။


ရှေ့ဆက်ပြီး ပရိသတ် တွေ့ရမယ့် သဇင်ရဲ့ အနု ပညာတွေကကော...။


သမီး ၀ါသနာ ပါတာက နှစ်ခု စလုံးပဲကိုး။ အဆို ပိုင်းရော၊ သရုပ်ဆောင်ပိုင်း ရောပဲ။ သမီး ဟိုးငယ်ငယ် လေးကတည်းက ၀ါသနာပါ တာဆိုတော့ ဒီနှစ်ခုကို သမီးက လောကတစ်ခုစီ သတ်သတ်ကြီး ခွဲထားတာ မရှိဘူး။ ဟိုးအရင်တုန်းက မင်းသားကြီး၊ မင်းသမီးကြီးတွေ ဆိုရင်လည်း ဇာတ်ဝင် သီချင်းကို ကိုယ်တိုင် ဆိုကြတာပဲလေ။ အခု နောက်ပိုင်းလည်း သီချင်း ဆိုတဲ့လူ အကုန်လုံးက ဗီစီဒီ ရိုက်လာကြတယ်။ ဒီဟာတွေသည် သဘော တရားချင်းက အတူ တူပဲလို့ သမီး ခံယူထားတယ်။ လောက ၂ ခုလို့ မမြင်ဘူး။ ကိုယ်တိုင်ကလည်း ၀ါသနာ ပါတယ်။ အနုပညာ လုပ်ငန်း အားလုံး အကျုံး ၀င်တယ်လို့ သမီး ခံယူထားတယ်။ ဒါ ကြောင့် သမီးက ရှေ့ဆက်ပြီး ၂ ခုစလုံး လုပ်သွားမှာပဲ။


အနုပညာရှင် သဇင်သာ ဖြစ်မလာဘူး ဆိုရင် သဇင် ဖြစ်နေမယ့် တခြား ဘ၀ကကော...။


ကွန်ပျူတာ ပညာရှင် တစ်ယောက်ပေါ့။


လူငယ် သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင် တစ်ဦးဖြစ်တာကြောင့် ပရိသတ် စိတ်ဝင်စားတဲ့ အချစ်ရေးက လည်း မမေးမဖြစ်မေးရမှာပဲ နော်လို့ဆိုတော့ "ဒီအရွယ်ကျမှ အမြီးမပေါက်ရင် ဘာမျောက် လဲပြော"လို့ရယ်ပြီး ဖြေပါတယ်။ ဒါဆို ဘယ်လိုအမြီး ပေါက်နေပြီလဲလို့ ဆိုတော့"ဘာအမြီးမှ မဟုတ်ဘူး။ ချစ်သူရှိတယ်။ အေးဆေး ပဲလေ"လို့ ပြောပြခဲ့ပါတယ်။


ဒီလအတွက် ရွှေဂီတ အလှ ဓာတ်ပုံတွေ ဖန်တီးပေးသူက Photo hak ပါ။ Photo hak က ဒီလောကကို စ၀င်လာတာ အချိန် ဘယ်လောက်မှ မကြာသေးပေမယ့် သဇင်ရဲ့ တေးစီးရီး ကြော်ငြာ ဘုတ်ကြီးတွေကို လက်စွမ်း ပြထားသူ တစ်ဦးပဲဖြစ်ပါတယ်။ အချိန် ပေးပြီး ရိုက်ကူးပေးတဲ့ Photo hak ကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါရစေ။

  အဆိုတော်၊ သရုပ်ဆောင် သဇင်ကို ဂျာနယ်တစောင် မျက်နှာဖုံးမှာ ထူးခြားတဲ့ ခေါင်းစဉ်များနဲ့ တွေ့ရပုံ ဖြစ်ပါတယ်။ ဂျာနယ်ထဲမှာ ဘာတွေရေးထားလဲ မသိရပါ။

မျက်နှာဖုံးမှာတော့ အိမ်ထောင်ရေးဖောက်ပြန်ခြင်းမဟုတ် လို့ ရေးထားပါတယ်။

ဒီပြောဆိုချက်ဟာ သဇင်နဲ့ သူ့အတွဲဟောင်းတယောက် အိပ်ခန်းထဲက ဗီဒီယိုရိုက်ချက်တွေနဲ့ သက်ဆိုင်မယ်လို့ ယူဆရပါတယ်။


ဒီဗီဒီယိုဖိုင်တွေဟာ အသက် ၁၈ နှစ် မပြည့်ရင် ကြည့်ခွင့် မရှိတဲ့ ၀က်ဆိုက်များမှာ ရောက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ ၈နှစ်လောက်က ရိုက်ထားတယ်လို့ ခန့်မှန်းကြတဲ့ ဒီရုပ်သံထဲ သဇင်နဲ့တွဲလျက်တွေ့ရသူဟာ ဒုဝန်ကြီးတယောက်ရဲ့ သားဖြစ်ကြောင်းလည်း အွန်လိုင်းစာမျက်နှာတချို့က ရေးသားထားကြပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရိုက်ထားတာကို အခု ဘာကြောင့် အွန်လိုင်းကို ရောက်လာသလဲ၊ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ မသိရပါဘူး တဲ့။

သဇင်ရဲ့လက်ချက်မဟုတ်တာတော့ သေချာမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သဇင်က မကြာသေးခင်ကမှ အိမ်ထောင်ပြုလိုက်လို့ ဖြစ်ပါတယ်။ သူ့အိမ်ထောင်ဘက်နဲ့ အနည်းဆုံး စကားများရဖွယ်ရှိတဲ့ ဒီလုပ်ရပ်ကို သူ မလုပ်လောက်ပါဘူး။

ဒီဗီဒီယိုဖိုင်တွေအကြောင်း အွန်လိုင်းပရိသတ်တွေပဲ သိနေကြတယ်ဆိုရင် မှားပါလိမ့်မယ်၊ အွန်လိုင်းနဲ့ မနီးစပ်လည်း ဒီဖိုင်တွေက တောမီးပမာ ပျံ့နိုင်ပါတယ်၊ အခုလောက် ဆိုရင် ခိုးကူးခွေဆိုင်တွေရဲ့ အရောင်းရဆုံးစီဒီ စာရင်းထဲတောင် ၀င်ကောင်း ၀င်နေနိုင်ပါတယ်။


ဘကြီးသက်
Unknown at 8:38 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖွတ် အောင်သိန်းလင်းပြုတ်ပြီ

 

"ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း အစား ဦးမောင်မောင်သိမ်းအား ပြောင်းလဲခန့်အပ်"
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း နေရာတွင် ယခင်အစိုးရလက်ထက် က မွေး/ရေ ဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း အား ပြောင်းလဲတာဝန်ပေးအပ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တစ်ဦးထံမှ သိရသည်။
''ဒီနေ့ပဲတွေ့ဆုံ မိတ်ဆက်ပွဲ လုပ်ပါတယ်။ ဦးအောင်သိန်းလင်း နေရာကို အခု ဦးမောင်မောင်သိမ်း က အစားထိုး ဝင်မှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံအဖြစ် ယခု အသစ် ပြောင်းရွှေလာသည့် ဦးမောင်မောင်သိမ်း မှာ ပထမဦးဆုံးတွင် စည်းရုံးရေး တာဝန်များကို ထမ်းဆောင်မည် ဖြစ်သော်လည်းပဲ နောက်ပိုင်း တွင် ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းဒေသကြီး စီမံရေးနှင့် ဘဏ္ဍရေး ကိစ္စများကို ပါ ဆက်လက် တာဝန်ယူသွားမည်ဟု ၄င်းက ဆက်လက်ကာဆိုသည်။
''ဦးအောင်သိန်းလင်းက တိုင်း ပြည်ခိုင်ဖြိုးရဲ့ စီမံရေး နဲ့ ငွေရေးကြေးရေးတွေမှာ အခု တာဝန်ထမ်းဆောင် နေအုန်းမှာပါ။ ဘာကြောင့်လဲ ဆိုတော့ မပြီးပြတ်သေးတာတွေ ရှိနေသေးလို့ပါ'' ဟု တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ် အမှုဆောင်တစ်ဦး က ပြောသည်။
ယခုပြောင်းရွှေ့လာသည့် မွေး/ ရေးဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း မှာ ယခင်က တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံတစ်ဦးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၊ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ တရုတ် သတင်းစာနှင့် တွေ့ဆုံဖြေ ကြားမှုနှင့် ပတ်သက်၍ ပါတီဗဟို အလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန်ချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက် နေ့က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့ခြင်းရှိ၊ မရှိအား စိစစ်နေ ပြီး တွေ့ရှိချက် အပေါ် မူတည်၍ ပါတီ စည်းကမ်းအရ ဆက်လက် အရေးယူ သွားမည်ဟု ဖော်ပြပါရှိသည်။
ဦးအောင်သိန်းလင်းသို့ ပေါ်ပြူလာနယူးစ် က ဆက်သွယ်မေးမြန်း ခဲ့ရာတွင်လည်း ၄င်းက တရုတ်သတင်းစာ ဘာသာပြန်လွှဲမှားသည် ဟုသာ ပြန်လည်း ဖြေရှင်းမှု ပြုခဲ့သည်။


ဘကြီးသက်
Unknown at 8:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချာတူးလန် မြန်မာစစ်ကားများ

ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကိုပြောတာထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။
၂၀၀၀ ခုနှစ် ၀န်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။
အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။
ရုပ်ရှင်ကောင်းတခု၏ ရသ သာမက လူတိုင်း၏စိတ်နှလုံးတွင် စူပါပါဝါ အမေရိကန်ကိုလေးစားမိကြသည်။
  
ပြန်တွေးကြည့်ပါ သမိုင်းမှာတကယ်ရော ဒီလိုတွေဖြစ်ခဲ့လား။ ၁၉၄၅ ဂျာမန်တို့ အရှုံးကြီးရှုံးနေချိန် အရှေ့ဘက်မှ ရုရှတို့တင့်ကားနှင့်လိုက်ကြိတ်သလို တလှိမ့်လှိမ့်တက်လာပြီး ဂျာမန်တို့၏ တပ်မဟာများ တခုပြီး တခုပြုတ်ပြုတ်ပြုန်းနေချိန်တွင် အနောက်ဘက် အင်္ဂလိပ်ရေလက်ကြားမှ အမေရိကန် နှင့် အဂ်လိပ်တပ်များ ကမ်းတက်တိုက်ပွဲဆင်နွှဲခဲ့သည်။ D-day တွင် Omaha, Utah နှင့် ဓါးကမ်းခြေများမှ ရေကြောင်းလက်နက်ကြီးပစ်ကူ အသာစီးအင်အားနှင့်ဝင်တိုက်တော့သည်။
ထိုကမ်းခြေများမှာ ဝေးလွန်းသဖြင့် ဂျာမန်ဗိုလ်ချုပ်များမှ ထင်မထားသောနေရာဖြစ်သည်။ စစ်အင်အားကြီး မဆိုထားဘိ ခုခံကာကွယ်ရန်လေယာဉ် ၂ စီးသာထားထားသည်။ စစ်သင်္ဘောများပစ်ခတ်မှုနှင့်ပင် မြေပြင်မှာမွစာကြဲနေပြီဖြစ်သည်။ အလွယ်တကူပင်တက်သိမ်းနိုင်လေသည်။ မကျဘူးတော့မဟုတ် စစ်ပွဲစဉ်တခုလုံး စစ်သည် ၃၀၀၀ ကျော်ကျသည်။ ဒါပေမယ့် အမေရိကန်တွေပဲတော့ မဟုတ်။
အင်္ဂလိပ်တပ်တွေလဲကျသည်။ သို့သော် ရုပ်ရှင်ထဲတွင် အင်္ဂလိပ်စစ်တပ်ကို မတွေ့ရ အားလုံးအမေရိကန်တွေပဲ ဖြစ်နေသည်။
ဂျာမန်တွေဘက်က ပိုဆိုးသည် ထိုတိုက်ပွဲများတွင်ပင် မဟာမိတ်တွေကျတာထက် ၂ဆမက ကျဆုံးသည်။ ရဲဘော်မပြောနှင့် ဗိုလ်ချုပ်ပင် ၃၀ ကျော်ကျသည်။ ဘန်ကာများထဲတွင် အရှင်လတ်လတ်မီးတိုက်ခံရသည်။ ဆုတ်ခွာရချိန်တွင် ရိက္ခာပြတ်ကာ လူသားပင်စားရသည်ဟူ၏။ ထားတော့ ပြောရင်း ပြောရင်း ဘာလင်သိမ်းတိုက်ပွဲအထိရောက်သွားတော့မည်။
 ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားနဲ့တင် အင်္ဂလိပ်တပ်များ ဒုတိယကမ္ဘာစစ်တုန်းက လုပ်ခဲ့တာတွေ သဲထဲရေသွန်ဖြစ်ရသည်။ ဗြိတိသျှရုပ်ရှင်ထုတ်လုပ်ရေးက ကန့်ကွက်သည်။ သို့သော် ဟောလိဝုဒ်က ရှင်းရှင်းပဲပြန်ပြောလိုက်သည် ငါတို့လိုရိုက်နိုင်လျှင်ရိုက် မရိုက်နိုင်လျှင် ပါးစပ်ပိတ်... ။ ရှင်းသည်။
ဒါတင်ပဲလား မဟုတ်ပါ။ အဂ်လိပ်စစ်တပ်က အမေရိကန်တို့ထက် အနာခံကာတိုက်ခဲ့သော စစ်ပွဲတွေ မနည်းပါ။ Operation Market Garden, အာလာမိန်းတိုက်ပွဲ၊ Dankisk တိုက်ပွဲ အစရှိသည်တို့မှာ ပျောက်ဆုံးနေ၏။ အင်္ဂလိပ်စစ်သားများစွာ ကျဆုံးခဲ့သည်။ နှောင်းခေတ်လူများက ဒါတွေမေ့သွားပြီ။ The Longest Day, Hamberger Hill နှင့် Band of Brother စသည် စသည် မရေမတွက်နိုင်အောင် အမေရိကန်တို့ ဟီးရိုးဖြစ်ခဲ့ကြသည်။ ထိုစစ်ကားများတွင် အင်္ဂလိပ်တပ်များမှာ ဂျစ်ကားတစ်စီးနှင့် ဆေးလိပ်သောက်နေသူများ အဖြစ်သာ ပါဝင်ခဲ့ရသည်။နောက်လူများဆိုလျှင် ဒုတိယကမ္ဘာစစ်ဆိုတာ အမေရိကန်နှင့် ၀င်ရိုးစွန်းနိုင်ငံများတိုက်ပွဲ ဟုတောင်ထင်ကြလိမ့်မည်။
အရှေ့ဘက် စစ်မျက်နှာတွင်လည်း ဂျပန်တို့ အရှုံးနှင့်ရင်ဆိုင်နေရချိန် အမေရိကန်တို့အောင်ပွဲခံနေချိန်တွင်မတော့ မှန်ပါသည်။ အမေရိကန် အထိနာခဲ့သည်။ ဂျပန်တို့၏ ခါမိကာဇီ စိတ်ဓါတ်ကို မယှဉ်နိုင်သောအခါ နောက်ဆုံးလက်နက်ထုတ်သုံးလိုက်သည်။ အနှူမြူဗုံး နှစ်လုံးကြဲချလိုက်သည်။ အေးရော။
ဂျပန်ပြည်သူများစွာသေကြေခဲ့ရသည်။ ယခုတိုင်ပင် Radiation ပြသာနာများစွာရင်ဆိုင်နေရသည်။ သို့သော် အမေရိကန် မီဒီယာများက အနှူမြူဗုံးကိုမေ့လိုက်သည်။ ဂျပန်ကို ဗီလိန်လုပ်ကာ ရိုက်ထားသော ဇာတ်ကားတွေ မနဲမနော။ Pearl Habour, Wind Talker, Bridge on river Kwai အစရှိသော နာမည်ကျော်ရုပ်ရှင်ပေါင်းစုံ ဖြင့်ဂျပန်တပ်တွေကို ဆိုးဝါးလွန်းသော စစ်ဘီလူးတွေလိုရိုက်ထားသည်။ အနှူမြူဗုံးကြဲလိုက်သည်ကပင် မှန်သလိုလို လုပ်လာသည်။
ကဲ အဖြစ်မှန်ကို ပြန်ကြည့်ရအောင် ။ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူများ (စစ်သား only) စာရင်းကိုကြည့်ပါ။
အမေရိကန်စစ်သား   လေးသိန်းခန့် (ရေတပ်အပါအ၀င်)
ဆိုဗီယက်စစ်သား     ရှစ်ဆယ့်ရှစ်သိန်း မှ တစ်ရာ့ခုနှစ်သိန်းကြား
ဂျပန်စစ်သား           နှစ်ဆယ့် ခုနှစ်သိန်းခန့်
တရုတ်စစ်သား        သိန်းသုံးဆယ်ခန့်
အင်္ဂလိပ်စစ်သား       သုံးသိန်းရှစ်သောင်းကျော်
ပြင်သစ်စစ်သား        နှစ်သိန်းခန့်
ဂျာမန်စစ်သား          ငါးဆယ့်ငါးသိန်းခန့် ဖြစ်ကြသည်။
ဒါဆို အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံက စစ်သားတွေကရော ဘာအတွက်သေကြရတာလဲ။ သူတို့ကကော စစ်မတိုက်ဘူးလား။ မေးစရာဖြစ်လာသည်။ မဟုတ်ပါဘူး တိုက်ခဲ့ပါတယ်။ အစာငတ်ရေငတ် ရိက္ခာပြတ်ရင်း တိုက်ခဲ့ အသက်စွန့်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ အသက်စွန့်ခဲ့တာကို ဖေါ်ပြမယ့်မီဒီယာ မရှိတဲ့အတွက် နောက်လူတွေက အမှုမဲ့ အမှတ်မဲ့တောင် ဖြစ်နေကြပါပြီ။   
                                                                                                                                            
ဒီဘက်ခေတ် ဗီယက်နမ်စစ်ပွဲ အီရတ် အာဖဂန်စစ်ပွဲများနှင့်ပတ်သက်သော စစ်ကားများကိုကြည့်ပါ။ We were soldiers, Platoon, Behind enemy line, Hurt Lockers. စသဖြင့်မရေမတွက်နိုင်သော အမေရိကန် စူပါဟီးရိုးဇာတ်ကားတွေ မနည်းပါ။ စစ်ကို စတိုက် စဗုံးကြဲ တာသူတို့ဖြစ်သော်လည်း ဇာတ်ကားတွေထဲမှာတော့ သူတို့က ကယ်တင်ရှင်ဟီးရိုးတွေဖြစ်နေသည်။
ဒါတွေကို လူတွေကလည်း သိသိကြီးနှင့်ကြည့်နေကြသည်။ အလွန်ကြည့်ကောင်းလို့ဖြစ်ပါသည်။ဒါပေမယ့် အမှားတွေ များလာတော့ အမှန်ဖြစ်လာသည်။ နောင်လာနောက်သားတွေ အားလုံး အမေရိက ကို အထင်ကြီးလာကြသည်။ အမေရိကန် လုပ်သမျှ အဟုတ်ထင်လာကြသည်။ ယခုပင် သင့်နားက တယောက်ကို မေးကြည့်ပါ။
အမေရိကန်တွေ ၀င်လာရင် ဘယ်လိုလုပ်မလဲလို့။ ဖြေပါလိမ့်မည်။ သူတို့က တိုက်တိုင်းနိုင်နေတာ အင်အားကြီးတယ် လူမလိုဘူး ဒုံးကျည်တွေပဲ လွှတ်လိုက်မှာ ကြောက်တယ်။ အစရှိသဖြင့် ဖြေကြလိမ့်မည်။ အမေရိကန်၏ ဆိုက်ဝါး လုံးဝကိုအောင်မြင်သည်။အသံကြားတာနဲ့တင်လန့်နေကြပြီဖြစ်သည်။
ကဲ ထားတော့ ဒါက အမေရိကန်ကို အပုတ်ချချင်လို့မဟုတ်။ Media ရဲ့ ကြောက်စရာကောင်းပုံကို ဖေါ်ပြတာပါ။ ကမ္ဘာ့အအောင်မြင်ဆုံး မီဒီယာ နိုင်ငံကြီးကို ဥပမာအရင်ပေးထားတာ။ ဒါဆို ကျုပ်တို့ မြန်မာနိုင်ငံကြီးကို ပြန်ကြည့်ရအောင်။
မြန်မာ့သမိုင်းမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စသဖြင့် အင်အားကြီးစစ်ဘုရင်များစွာရှိခဲ့သည်။ ယင်းတို့ အင်အားကြီးမားပုံကို နိုင်ငံခြားခရီးသွား တစ်ယောက်၏ မှတ်တမ်းတွင် "မြန်မာစစ်ဘုရင်၏ အင်အားကားကြောက်မက်ဖွယ်ကောင်းလှ၏ စစ်သည်အင်အားမဆိုထားဘိ စစ်ကြောင်းဖြင့်လိုက်ပါလာသော ခ၀ါသည် သည်ပင် သောင်းချီသည်" ဟုဖေါ်ပြထားသည်။ (ကိုးကား ရန်ကုန်ဘဆွေ- ရွှေဝါပြည်) ။
သို့သော် ယနေ့ခေတ်ကလေးများကို ကျန်စစ်သားအကြောင်းပြောပြလျှင် ပိန်ညှောင်နေသော ခနာကိုယ်နှင့် စက္ကူချပ်ဝတ် တန်ဆာများဝတ်ဆင်ကာ မဏိစနာ အား မခိုးမခန့်မထီတထီ လုပ်နေသော ရုပ်ပုံကိုသာလျှင်မြင်ယောင်ပေတော့မည်။ ထိုအပြင် စစ်ဘုရင် ဆိုသူကြီးများမှာ လူလေး ငါးမြောက် ငါးခြောက်နှင့် မြင်းပတ်စီးပြီး လူနှင့်မလိုက်သော (ပလတ်စတစ်ကြိုး နှင့်ပတ်ထားသော) လှံကိုကိုင်ထားကာ စက္ကူ ချပ်ဝတ်များ ၀တ်ထားသော လူဖလံလေးများဟုထင်မြင်လာပေတော့မည်။
ထိုထက်ဆိုးသည်ကား နန်းတော်ဆက်တင်များပင်ဖြစ်ချေသည်။ သုံးထပ်သားကို ဆေးသုတ်ကာ ထောင်ထားပြီး တက်ထိုင်နေသော ဘုရင် ဆိုသူအား မည်သို့လေးစားရမည်နည်း။ ဓါးကား ကျောက်တုံးဖြတ်ရန်ဝေးစွ အတုကြီးမှန်းသိသာနေသည်။ ကျန်ကျောင်းနှင့် ကျန်စစ်သား ချလျှင်မည်သူနိုင်မည်နည်းမေးကြည့်ပါ။ ကျန်ကျောင်းနိုင်မည်ဟု ကလေးတိုင်းကပြောကြပေမည်။
ယိုးဒယား သမိုင်းကားများကို ရှုလော့။ မြန်မာဘုရင်သည် ever ဗီလိန်ဖြစ်သည်။ ယုတ်မာကောက်ကျစ် ကူလီကူမာလုပ်သည်။ သို့သော် ယိုးဒယားဇာတ်ကားများထဲမှ မြန်မာဘုရင်သည် မြန်မာဇာတ်ကားများထဲမှ မြန်မာဘုရင်ထက် များစွာသားနားလှသည်။ စစ်သည်အင်အားများစွာ ကြောက်မက်ဖွယ်စစ်ဆင်များ စစ်မြင်းများ ကိုစီးကာ ချီတက်လာပုံမှာ များစွာအားကျဖွယ်ကောင်းလှချေ၏။ ကြံဖန်ကာ ဂုဏ်ယူမည်ဆိုလျှင်တော့ ဂုဏ်ယူစရာပင်။ တို့ဘုရင်ကို သူတို့ခုထိရှိန်နေသေးတယ်ပေါ့။
ဒါပေမယ့် ဒါကလည်းရုပ်ရှင်ပညာဖြစ်သည်။ ရန်သူကို အဆင့်မြင့်မြင့်ရိုက်ထားကာမှ မိမိတို့နိုင်လိုက်တာ ဂုဏ်ရှိမည်ဖြစ်သည်။ မြန်မာဇာတ်ကားများမှ ကလေးပင်မကြောက်သော ကုတ်အနက်ဝတ် လူကြမ်းများကို သင်မြင်ယောင်လာပေတော့မည်။ သို့နှင့်စိတ်ပျက်ဖွယ် မော်ကွန်းဇာတ်ကားများကိုသာ အရင်ဘုရင်များ ပြန်ကြည့်လို့ရမည်ဆိုပါက ရှက်လွန်းသဖြင့် ဒေါသထွက်ကာ ယင်းတို့ကိုလူမလေးခွေးမခန့်အောင် လုပ်သော ဒါရိုက်တာများအားလုံး တောင်စွယ်နေကွယ်ပင်မစောင့်တော့ပဲ ကွပ်မျက်ဖွယ်ရှိသည်။
ကဲ ပါတော်မူပုံ နယ်ချဲ့ဆန့်ကျင်ရေး ဇာတ်ကားကြီးများကိုလည်း ကြည့်ကြပါဦး။ နယ်ချဲ့ဆိုတာ ကြောက်စရာမဟုတ်ဟူသော ကြောက်မက်ဖွယ် အတွေးပင်ဝင်သွားလောက်သည်။ အင်အားလေး နှစ်ပဲတပြားနှင့် သေနတ်လေးကားတားကားတား ဂျပန် မာစတာများကို နယ်မှကလေးများပင်မကြောက်တော့ချေ။
တချိန်က ကင်ပေတိုင်စခန်းများတွင် အသက်စွန့်ခဲ့ရသော မြန်မာမျိုးချစ်များကို ကလေးများ၏ အမြင်တွင် ဟာသ ဖြစ်နေတော့မည်။ လက်မောင်းတွင် ကြယ်တပွင့်ပတ်ပြီး အပ်ကြောင်းထပ်နေသော စကားများကိုပြောကာ မျိုးချစ်တော်လှန်ရေးသမား ဟူသဖြင့်ကြွေးကြော်နေသေးသည်ကို စိတ်ပျက်ဖွယ်တွေ့နေရတုန်းပင် ဖြစ်သည်။
အလကားနေငိုနေသော ဇာတ်ကားများလည်းရှိသေးသည်။ ဂျပန်က ဘာမှမလုပ်ရသေး သူကငိုပြီ။ ဖက်ဆစ်တော်လှန်ရေးမှာ ကလေးများ၏ စိတ်တွင် ဟာသအမြင်သာရှိတော့သည်။ ထိုကလေးများသည် တချိန်လူကြီးဖြစ်လာတော့မည်။ သင်းတို့လေးတွေ လူကြီးဖြစ်လာပါက မြန်မာ့သမိုင်းမြောင်းထဲရောက်တော့မည်။ တချိန်က အသက်စွန့်ခဲ့ရသူများ ငပေါဖြစ်တော့မည်။ ဗိုလ်ချုပ်ကို မြင်စေချင်စမ်းသည်။
လွတ်လပ်ရေးရပြီ။ ထားပါတော့ ပါလီမန်ခေတ်နောက်ပိုင်းကိုတော့ အပြင်က ဒါရိုက်တာတွေ သိပ်မရိုက်တော့။ အရင်က စစ်အစိုးရဆင်ဆာတွေကြောင့် လည်းဖြစ်နိုင်သလို လိုင်စင်အပိတ်ခံရမှာကြောက်သောကြောင့်လည်းဖြစ်နိုင်သည်။ မရိုက်တာက ကိစ္စမရှိ။ ဒါပေမယ့် သမိုင်းကိုတော့ အဆင့်တန်းမှီမှီဖေါ်ထုတ်သင့်သည်။
 
 
 
တနိုင်ငံလုံး သူပုန်ထသည်။ ရန်ကုန်ကွက်ကွက်လေး ကျန်ရာမှ ဗမာ့သေနတ်ကိုင်တပ်ရင်း ချင်းသေနတ်ကိုင်တပ်ရင်း စစ်ရဲတို့ ပူးပေါင်းတိုက်သည်။ ဒီကြားထဲတောခိုသွားတဲ့တပ်ရင်းတွေက ရှိသေးသည်။ ဒုက္ခသုတ်ခ ပေါင်းစုံ အခက်အခဲပေါင်းစုံကြားမှ အင်းစိန်ကို အသေအလဲကာကွယ်ရသည်။ ဘုရားကြီးတိုက်ပွဲ ဒိုက်ဦး တောင်ငူ ဖြူး ဆက်တိုက်တိုက်ကြရသည်။ ပဲခူးရိုးမတွင်လည်း ဗကပ ကိုအမြစ်ဖြုတ်ခဲ့သည်။ တပ်မတော်၏စွန့်စားခန်းများက ပြောကာမကုန်ပေ။
 
 
 
ထိုခေတ်ထိုအခါက တပ်မတော်ကို လူအများချစ်ကြသည်။ ရှေ့တန်းပြန်လျှင်ပင် ပြည်သူလူထုက ဆော်သြစရာမလို ထွက်ကြိုကြသည်။ ကြည်နူးဖွယ်အတိဖြစ်ပါသည်။ ထိုအချိန်က မီဒီယာများမှာတာဝန်ကြေကြသည်။ လူထုကို တပ်မတော်၏ ပကတိအခြေအနေကို ချပြနိုင်ခဲ့သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)၊ ဇော့်ကိုချစ်မလား ကျော့်ကိုချစ်မလား၊ အမိမြေမှသားကောင်းများ၊ အချစ်တပွဲ စစ်ပွဲတရာ၊ အစရှိသဖြင့် စစ်ကားကောင်းများပေါ်ထွက်လာခဲ့သည်။ ပြည်သူလူထု၏ အားပေးမှုအလွန်ရခဲ့ပါသည်။ စစ်သားစရိုက်ကို အပီပြင်ဆုံးဖေါ်ပြနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဝေလည်းမွှေးကြွေလည်းမွှေး ၊ စစ်သွေးသစ္စာ စသည်တို့ လည်း အဆင့်မှီသော စစ်ကားများဖြစ်ပါသည်။
တပ်မတော်အစိုးရ အုပ်ချုပ်နေသော ကာလမှာမှ စစ်ကားကောင်းများ မှေးမှိန်ပျောက်ကွယ်သွားသည်မှာ အံ့သြစရာပင်ဖြစ်ချေတော့သည်။ မူအားဖြင့်၎င်း ဆင်ဆာအားဖြင့်၎င်း တည်းဖြတ်မှုများကြောင့် စိတ်ပျက်ဖွယ်စစ်ကားများ ထွက်ပေါ်လာပါတော့သည်။ စစ်ကားထဲမှ စစ်သားသည် အပြင်မှ တကယ့်စစ်သားနှင့်မတူတော့ အမြင်ကတ်ဖွယ်စကားများ အလွန်ပြောသည်။ လေကြီးလေကျယ်နိုင်သည်။ ပြည်သူလူထုမပြောနှင့် စစ်သားခြင်းပင် တီဗွီထဲဝင်ကာ ပါးပိတ်ရိုက်ချင်မိသည်။
တပ်မတော်ကြီးသည် တပ်မတော်သား/စစ်သားများဖြင့်ဖွဲ့စည်းထားပါသည်။ စစ်သားဟူသည် လူတွေသာဖြစ်သည်။ လူလိုပဲနေထိုင်ပါသည်။ လူလိုပဲစားသောက်ပါသည်။ ဇာတ်ကားထဲကလို တောင့်တောင့်ကြီးမနေပါ။ ဖက်ထိပ်လဲမလုပ်ချင်ပါ။ စစ်ဆင်ရေးမရှိလျှင်နားချင်သည်။ အရက်လေးလဲ အားရင်သောက်ပါသည်။ ပျော်တတ်ကြပါသည်။ ဇာတ်ကားထဲတွင်တော့ မဟုတ် ဘယ်ရဲဘော်မှအပြင်မှာ မပြောသော စကားလုံးများကို ဇာတ်ကားထဲမှရဲဘော်သည် အလွန်ပြောသည်။
အရက်မသောက်၊ အိမ်ပြန်လျှင်ပင်လက်ဘက်ရည်ဆိုင်မထိုင်ဘူးဟူ၏။ ကြည့်ရှူသူများမှာ ကလေးတွေမဟုတ်ပါ။ ဒါလောက်ကတော့ ဖြီးနေမှန်းသိပါသည်။ အထက်အောက် ရိုသေလေးစားမှုရှိပါသည် သို့သော် စိတ်အခန့်မသင့်လျှင် ရန်တော့ဖြစ်တတ်သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)တွင် အထက်က ဆေးဗိုလ်ကြီးမှ မိမိရည်းစားကို လုသဖြင့် ဒေါသထွက်ပြီး ဗိုလ်ဖြစ်သူမှ ကျောက်ခဲကို ခြေထောက်နှင့်ကန်ထုတ်လိုက်သည့် အကွက်ကို ကားသစ်တွင် ဆင်ဆာမိတော့သည်။ မဆိုင်ပါ။ လူပဲ ဒေါသထွက်မပေါ့ ကိုယ့်ရည်းစားလူလုတာ။ သူ့ဘာသာ ဆေးဗိုလ်ကြီးမကလို့ ဗိုလ်မှူးကြီးပင်ဖြစ်စေကာမူ ဒေါသထွက်ပြီး လက်သီးနှင့်ပင်ထိုးမိလိမ့်မည် ဒါကလူ့သဘာဝပဲ။ သဘာဝကို ဆင်ဆာဖြတ်သဖြင့် ယုတ်တိမရှိတာတွေ ရိုက်ကုန်သည်။
Pacific ဆိုသော အမေရိကန်ဇာတ်ကားထဲတွင် စစ်သားများ၏ဘ၀ကို သဘာဝကျကျသရုပ်ဖေါ်ထားသည်။ စစ်သားများတွင် ကြောက်သောသူများလည်းပါသည်။ သေနတ်သံကြားကာ သေးထွက်ကျသောအခန်းပင်ပါသည်။ စိတ်ပျက်ကာ မိမိဘာသာ သတ်သေသော စစ်သားများလည်းပါသည်။ ခပ်နွဲ့နွဲ့ စစ်သားများလည်းပါသည်။ အရက်ဂျိုးများလည်းပါသည်။ ပြန်မပြောနားမထောင်များလည်းပါသည်။ စစ်သားစ၇ိုက်အတော်ပေါ်လွင်ပါပေသည်။ ဘာဂုဏ်မှမတင်ပါ။ ဒါပေမယ့် နိုင်ငံအတွက် အသက်ပေးကာ တိုက်ပွဲဝင်နေပုံကိုတော့ ပေါ်လွင်အောင်ရိုက်သွားသည်။ ဇာတ်ကားကြည့်ပြီးသော အခါ မည်သူမျှ ထိုစစ်သားများကို အထင်မသေးပါ။ တကယ့်စစ်ပွဲမှ စစ်သားများကို ပိုမိုသနားစိတ်ဝင်မိကြသည်။ ဒါကမှ တကယ့်ပညာဖြစ်သည်။
နောက်တခုဆိုးသည်ကား အဖွဲ့အစည်းတစ်ခုကို တပ်မတော်ထက် ဂုဏ်တင်လွန်းခြင်းဖြစ်သည်။ စစ်တပ်သည် စစ်တပ်သာဖြစ်သည်။ နိုင်ငံရေးနှင့်မရောထွေးသင့်ပေ။ သို့သော် ယင်းအဖွဲ့အစည်းက စစ်တပ်ပင်မနိုင်သော သူပုန်အား အနိုင်တိုက်လိုက်သော ဇာတ်ကားတစ်ကားထွက်လာသေးသည်။ များစွာရုပ်ပျက်လှပါ၏။ တချိန်ကတပ်မတော်၏ သူရဲကောင်းများစွာကို တချက်တည်းနှင့် စော်ကားလိုက်ခြင်းပင်ဖြစ်သည်။
ထိုဇာတ်ကားများမှာ ကလေးများအပျင်းပြေပုံပြောသလောက် ဇာတ်ညွန်းသာရှိသည်။ ညီအစ်ကို သုံးယောက်ရှိခိုင်း သုံးယောက်လုံးကို ကြည်းရေလေ အစဉ်လိုက်ထည့်။ တဖက်ကလည်း သမီးသုံးယောက်တခါတည်းမွေးပြီးသား နှစ်ဖက်တွေ့ ပေးစား။ အပေါစားဇာတ်ကားမှန်းသိသာလွန်းလှသည်။ စစ်သားက စစ်သားအလုပ်မလုပ်ပဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော သဖြင့် အရာရှိစစ်သည်များ ထိုဇာတ်ကားကိုကြည့်ပြီး ၀ိုင်းဆဲကြသည်ကို ကိုယ်တွေ့မြင်ဖူးပါသည်။
မပြောမပြီးသဖြင့် ပြောရဦးမည်။ Rambo တို့ အာနိုးတို့ behind enemy line တို့ကိုအားကျသည်ထင့်။ အားကျသည့်အထဲ ဂျိမ်းဘွန်းပါ ပါမည်ထင်သည်။ ကြည့်ရတာ ဇာတ်လမ်းအားလုံး ရောမွှေထားတာဖြစ်မည်။ လေယာဉ်ပျက်ကျသည်။ ဓါးတချောင်းနှင့် ပစ္စတိုတလက်သာပါသည်။ မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ ရန်သူ့အားလုံး သေကုန်သည်။ ရန်သူ့တပ်မဟာမှူး ဒေါသထွက်ပြီး သေသည်။
တပ်ရင်းတစ်ရင်းနှင့် အချိန်တပါတ်ခန့် ယူလုပ်ရမည့် ထောင်ချောက်များကို မင်းသားက ငါးမိနစ်ထဲနှင့်လုပ်သွားပြီး ရန်သူတွေကို သေစေသည်။ AK 47 တလက်နှင့် ကွင်းပြင်ထဲတွင် တက်ပစ်ရာ ဘန်ကာထဲမှ ရန်သူအကုန်သေသည်။ ရန်သူဖမ်းသွားသော မိန်းကလေး အယောက် ၄၀ ထဲမှမော်ဒယ်လ်မလေး ဆယ်ယောက်ကိုသာ မင်းသားနှာဘူးမှ ရွေးကယ်လာသည်။ လမ်းတွင် ဂျပန်ခေတ်မှ ရွှေများ တူးဖေါ်မိသေးသည်။ မင်းသား အဖျားတက်သဖြင့် မိန်းကလေးများက ၀ိုင်းပြုစုကြသည်။ သြော် အာနိုးတို့ စတားလုံးတို့ပင် သူ့လောက် မကောင်းစားပေ။
ထိုကားကို နိုင်ငံတကာပွဲတော်တခုတွင် ပြကြည့်ပါက မြန်မာ့ရုပ်ရှင်လုပ်ငန်းသာမက မြန်မာ့တပ်မတော်ပင် သိက္ခာကျပေတော့မည်။
သရုပ်ဆောင်များမှာလည်း လုံးလုံးအသုံးမကျပါချေ။ မင်းသားများကား အခြားအဆင့်မလုပ်လိုကြ။ အရာရှိသာတက်လုပ်ကြသည်။ တလောက policy ကားတကားဆိုလျှင် လူကလက်တောက်လောက်ပင်မရှိသော်လည်း ဗိုလ်မှူးအဆင့်တံဆိပ်ကို တပ်နေကြပြီ။ မည်သို့မျှမလိုက်ဖက်ပါချေ။
 
 
 
တပ်မတော်တွင် အဆင့်အတန်းအမျိုးမျိုးရှိသော်လည်း အားလုံးတန်းတူနီးပါးနေရပါသည်။ ဘယ်သူကမှ အခွင့်ထူးခံမနေပါ။ ရှေ့တန်းတွင် မြေခင်းတခင်းထဲ အတူအိပ်ရသလို အတူတူစားရပါသည်။ မြို့ပေါ်မှ uniform လှတပတ နှင့် သွားလာနေသူများမှာ တပ်မတော်၏ လက်တဆုပ်စာပင်မရှိပါချေ။ အားလုံးမှာ စစ်ဆင်ရေး လုံခြုံရေး စသည်တို့ဖြင့် လူရုပ်ပင်မပေါ်အောင် လှုပ်ရှားရုန်းကန်နေရသည်များကို လူထုကိုသိစေချင်ပါသည်။
 
 
 
ထိုဇာတ်ကားများမှာကဲ့သို့ ရှေ့တန်းတွင် အမိုးအိမ်ဝင် လက်ဘက်ရည်သောက် ဘကြီးအိမ်ဝင် ထမင်းစားလုပ်လို့မရပါ။ အမိုးအိမ်ဝင်ပါက ဖထီးက M16 နှင့်ဆွဲမည်ကို သိထားသဖြင့် မိုးရေထဲမှာ တဲထိုးပြီး စုတ်တီးစုတ်ပြတ်နေနေရသည်။ ရေမရှိလျှင် ဗွက်ရေကိုသောက်ရသည်။ ဒါကိုရိုက်ပြလို့ ရှက်စရာမဟုတ်။ တပ်မတော်သိက္ခာကျမသွားပါ။ အဖြစ်မှန်ကို သိသော ပြည်သူများ စစ်တပ်ကို ဂရုဏာ သက်မိမည်ဖြစ်သည်။
 
 
 
စစ်သားအများစု တောထဲတောင်ထဲ ငှက်ဖျားမိ ဆေးမရှိ သေကြေကျ၊ တိုက်ပွဲတွင်းဒဏ်ရာရ ၊ မိုင်းထိ ခြေထောက်ပြတ်နေတာတွေက တကယ်ဖြစ်နေတာပါ။ စစ်ကားထဲမှာလို ရဟတ်ယာဉ်နဲ့လဲ လာမကြိုပါဘူး။ အထမ်းနဲ့ အော်ဟစ်ပြီး သွားရတာပါ။ ဒါတွေကို ပြည်သူသိအောင် ချပြကြပါ။ တကယ်တမ်းတပ်မတော်သားတွေ ဘ၀ ဘယ်လောက်ကြမ်းတယ်ဆိုတာကို အမှန်အတိုင်းရိုက်ပြကြပါ။ ဟိန်းဝေယံတို့ ဗိုလ်မှူးအပွင့်တပ်ပြီး နေပြည်တော်မှာ ဖွန်ကြောင်နေတဲ့ပုံထက် တကယ့်စစ်မြေပြင်က အခြေအနေကို လူတွေသိအောင်ရိုက်ပြသင့်ပါတယ်။
တကယ်ဆို ၁၉၈၈ တိုင်းပြည်ပျက်ဖို့ လက်တလုံးခြား စသဖြင့် အပ်ကြောင်းထပ်နေတဲ့ စကားလုံးတွေ ပြောနေတဲ့ ဇာတ်လမ်းတွေအစား ၁၉၈၈ အရေးအခင်းတုန်းက လုံခြုံရေးတာဝန်ယူခဲ့ရတဲ့ စစ်သား/အရာရှိငယ်လေးတွေ ခံစားချက်ကို ပေါ်လွင်အောင် ရိုက်ပြသင့်တယ်။ တဖက်က ချီတက်လာတဲ့ ရဟန်းရှင်လူတွေဖြစ်ပေမယ့် သူတို့လက်ထဲမှာ ခဲတွေ တုတ်တွေ ကိုင်ထားတာ ပြီးတော့ စည်းကျော်ရင် ပစ်ရမယ်လို့ပေးထားတဲ့ အမိန့်၊ ဒါတွေကိုလွန်ဆန်ဖို့ကြတော့ နိုင်ငံတော်ပုန်ကန်မှု ဆိုတဲ့ စစ်ဥပဒေ စသဖြင့် အချက်ပေါင်းများစွာထဲမှာ ဝေခွဲမရဖြစ်နေပုံတွေကို ရိုက်ပြသင့်ပါတယ်။
ခုတော့ တခါလာလည်း နားကြားပြင်းကတ်စရာ နိုင်ငံတော်တာဝန်မလွှဲမရှောင်သာရယူ တခါလာလည်း လက်တလုံးခြားက ကယ်တင်နဲ့ပဲ မုန့်လုံးစက္ကူကပ်နေတာပါ။  ပြည်သူလူထုမဆိုထားနဲ့ အဲ့ဒီ့ရုပ်ရှင်တွေကြည့်လို့ စစ်သားရင့်မာကြီးတွေတောင် စစ်တပ်ကို အမြင်ကတ်နေကြရတယ်။ တကယ်တမ်း အဖြစ်မှန်တွေကို ပြည်သူတွေကို ချပြနိုင်မယ့် စစ်အက်ရှင်ဇာတ်ကားကောင်းကောင်းထွက်လာမှာကို အမြဲမျှော်လင့်ပါတယ်။
စစ်ကားတကားထွက်တိုင်း မြန်မာ့ရုပ်သံမှာစောင့်ကြည့်ပေမယ့် စိတ်ပျက်ဖွယ်ဇာတ်ကားတွေကိုပဲတယ်။ ကျွန်တော်ချစ်သော/မွေးကတည်းက ကြီးပြင်းခဲ့ရာ အမိတပ်မတော်ကို လူအမြင်ကတ်အောင်လုပ်နေတဲ့ မီဒီယာတွေကို အမြဲတွေ့နေရလို့ ကျွန်တော် ဒီဝေဖန်စာကို ရေးသားလိုက်ရတာဖြစ်ပါတယ် ခင်ဗျား။။။။။
ဒေါက်တာ ကိုကိုဦး၂၇.ဂ.၂၀၁၂  
နောက်ထပ်ဖတ်စရာကောင်းမယ်ထင်တာလေးကို SHARE ပေးလိုက်ပါတယ်
နေလင်းခက်
http://wytumyanmar.com/

ဘကြီးသက်
Unknown at 7:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာအမျိုးသမီးများ မြန်မာ့သိက္ခာပြန်ဆည်ကြပါ






ကျော့စာမရေးဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ နေမကောင်းတော့မှပဲ အင်တာနက်ကို ပြန်ဖွင့်ဖြစ်ပါတယ်. ဒါပေမဲ့ တွေ့လိုက်သိလိုက် ရတဲ့သတင်းတွေက မြန်မာအမျိုးသမီးအတွက် အလွန်ရှက်စရာ၊ ရွံရှာစရာကောင်းလောက်အောင် အရှက်တရားကင်းမဲ့နေကြတာ ကို တွေ့ရှိရတော့ စိတ်မကောင်းလဲဖြစ်မိပါတယ်။ မိမိတို့တိုင်းပြည်မှာ ဗုဒ္ဒဘာသာထေရ၀ါဒ ထွန်းကားနေရဲ့နဲ့ ဒီလိုကိစ္စတွေ ရှိနေတာ မြန်မာလူမျိုးတွေ ဘာသာရေးအားနည်းလာတယ်လို့လဲ မြင်ပါတယ်။

ဒီမိုကရေစီဆိုတာနဲ့ မြန်မာပြည်မှာ အကုန်လုံးကို လွတ်လပ်ပစ်လိုက်ကြတော့ပါလားနော်... လွတ်လပ်တာတော့ လူတိုင်းနှစ်သက် ကြပါလိမ့်မယ်.. ဒါပေမဲ့လဲ ကိုယ့်သိက္ခာကိုထိပါးတဲ့အထိတော့ မလွတ်လပ်ကြပါနဲ့.. မိမိတို့စိတ်လေးတွေကို မိမိတို့ ထိန်းသိမ်းထား ကြပါဦး... အပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည်ပဲဖြစ်ဖြစ် ခဏတာလေးအတွင်းမှာ မစဉ်းစားဘဲလုပ်လိုက်တဲ့အလုပ်တစ်ခုဟာ နောက်ပိုင်း ဖျက်ပစ်လို့မရတဲ့အမဲစက်ကြီးတစ်ခုအဖြစ် ဖြစ်နေတော့မှာပါ...

ယောကျာ်းလေးတွေအနေနဲ့လည်း မြန်မာမိန်းကလေးတွေ ဟိရိသြတ္တပတရားကင်းမဲ့လောက်အောင်ထိ မြောက်မပေးသင့်ဘူးလို့ ထင်ပါတယ်.

မနေ့ကသူငယ်ချင်းတယောက်က ဆိုက်တစ်ခုပေးပြီး မိမိနဲ့ခင်မင်ရတဲ့ အိမ်ထောင်သည်လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ရဲ့ဝတ်လစ်စလစ် ဓါတ်ပုံကို ပြပါတယ်.. အဲဒါကြည့်ပြီး ကျွန်မတော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။ အဲဒီအမျိုးသမီးရဲ့သားလေးက ကျွန်မ တပည့်လေးဖြစ်နေပါတယ်။ ကလေးအတွက်အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ နောက်သူ့မှာက သမီးလေးတွေလည်းရှိပါသေး တယ်။ အမျိုးသားလည်းရှိပါတယ်။ အမျိုးသားအသိုင်းအ၀ိုင်း အနေနဲ့ကော ရှက်စရာဖြစ်မနေဘူးလား။ စဉ်းစားကြည့်တဲ့အခါ ကလေးတွေမေမေက အင်တာနက်မှာဖြစ်ချင်တိုင်းဖြစ်နေတယ်။ နောင်တချိန်နင်တို့မေမေက အွန်လိုင်းမှာ အဲလိုမျိုးကြီးဆိုတာ ဖြစ်မနေဘူးလား။ ခေတ်ဆန်တာက ကောင်းပါတယ်။ ဒါပေမဲ့လည်း မိမိအရှက်သိက္ခာကိုတော့ ထိန်းသိမ်း သင့်တာပေါ့။ ဒီလောက်ကြီးတော့ မဖြစ်သင့်ပါဘူး။

နောက် သမီးပျိုလေးတွေ နိုင်ငံရပ်ခြားကနေ ကိုယ့်ရည်းစား၊ ချစ်သူတွေကို VZO ကနေ ဖော်ပြ ချွတ်ပြကြ တာတွေဟာ တော်တော် ဆိုးရွားလာတယ်နော်။ ဒါဟာအမျိုးကောင်းသမီးတွေမှ ဟုတ်ရဲ့လားလို့တောင် တွေးမိပါတယ်။ မိမိကတော့ချစ်လို့ပြတယ်ပဲပြောပြော ဘယ်လိုပြောပြောပါ တဖက်လူက record လုပ်ပီး အင်တာနက်မှတင်လိုက်တော့ အကုန်ပြန့်ကုန်ရော။ ရှက်စရာဘယ်လောက်ကောင်းလဲ။ နောက် ယောကျာ်းလေးတွေက အချင်းချင်းသိပ်ရိုင်းပင်းကြတာ။ ထူးဆန်းထွေလာလေးတွေဆို ရှယ်လုပ်ချင်ကြတယ်လေ။ အဲဒီတော့ အရှက်က ဘယ်နှစ်ခါကွဲမလဲ တိုင်းသိပြည်သိကမ္ဘာ သိ တွေ ဖြစ်ကုန်ရော။ တချို့များ ဆိုင်ထဲမှာ ချောင်ကျကျမှာဝင်ပြီးတောင် ပြလိုက်ကြသေးတယ်။ တကယ်ပါပဲ အရှက်မဲ့နေကြ တာ။ ကျွန်မကြည့်ရတဲ့ မိန်းမသားချင်းတောင်ရှက်တာ မိဘ မောင်ဖွားတွေသာ မြင်ရင် ဘယ်လောက်ရှက်လိုက်ကြ မလဲနော်။ နောင်တချိန် မိမိအနေနဲ့အတည်တကျ အိမ်ထောင်ပြုမယ်လို့ ရည်ရွယ်လိုက်ရင်လည်း ဒီလိုဖြစ်ပျက်တွေကို သိနေကြတဲ့ ပုရိသတွေက ဘယ်ရွေးချယ်ကြတော့မလဲနော်။ အဲဒီအခါမှာ မိမိအနေနဲ့အားကိုးစရာ မရှိဖြစ်သွားကြပါလိမ့်မယ်။ ပုရိသတွေက သူတို့သာ ပွေရှုပ်ရင်ရှုပ်မယ် မိမိရဲ့ရာသက်ပန်လက်တွဲဖော်ကတော့ ခြောက်ပစ်ကင်းသဲလဲစင်နေတာပဲ လိုချင်ကြတာပါ။ အမဲစက်ရှိနေတဲ့ မိန်းကလေးတွေကို သူတို့ ဘယ်တော့စဉ်းစားမှာမဟုတ်ပါဘူး။ မယူခင် ကတော့ ပြောမှာပေါ့..တီတီတာတာစကားတွေနဲ့။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ ဘယ်သူမှ ယူကြမှာမဟုတ်ကြပါဘူး။ အဲဒီတော့ ရေရှည်နဲ့ရေတို ဘယ်ဟာကိုရွေးချယ်ကြမလဲ ဆိုတာ အမျိုးသမီးငယ်လေးတွေ စဉ်းစားသင့်ကြပါပြီ။ ကိုယ့်ဘ၀တလျှောက်လုံး လျှောက်လှမ်းဖို့အတွက် ဒီအချိန်တိုလေး တခုကို စိတ်ထိန်းပြီး ကျော်လွှားနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ တိရိစ္ဆာန်တွေမှာသာ အိပ် စား ကာမ ရှိတာပါ။ လူသားတွေက ဒီကိစ္စကို အသိတရားလေးနဲ့တောင် မထိန်းနိုင်မသိမ်းနိုင်ဖြစ် ရလောက်အောင်ကလည်း ကျွန်မတို့နိုင်ငံမှာ ဘာသာရေးမခေါင်းပါးကြသေးပါဘူး။

အဲဒီတော့ အဲဒီစိတ်တွေက ပင်လယ်ရေလိုပဲ `သောက်လေသောက်လေ ငတ်မပြေ` ဖြစ်နေတယ်လေ။ တခါလောက် အတွေ့အကြုံရှိသွားတာနဲ့ တွေ့ကရာတွေနဲ့ပျော်ပါးဖို့လောက်ပဲ စဉ်းစားနေမယ်ဆိုရင် နောက်ပိုင်း ရောဂါပေါင်းစုံကနေ လူမျိုးတုံးသွားတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို မြန်မာတွေ စည်းကမ်းမဲ့လာရင်းကနေ ဖာနိုင်ငံ ဖြစ်မယ်လို့ ပြောခဲ့တာ အမှတ်ရနေပါတယ်။ ထိုင်းနိုင်ငံမှာ မိန်းကလေးတွေတော်တော်များများဟာ ဒီလိုအလုပ်တွေ နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေကြတာပါ။ ပညာတတ်ဖြစ်ဖြစ် ဘယ်လိုရာထူးပဲရရ ဒီကိစ္စတွေကို လက်လွတ်စပယ်ပြုလုပ်နေကြဆဲ ပါပဲ။

ဒါပေမဲ့ ကျွန်မတို့ မြန်မာပြည်မှာတော့ ဘုရားကျောင်းကန်တွေပေါများသလို ဘာသာရေးကိုလည်း တရားစခန်းများဖွင့်လှစ်လို့ တဖုံ၊ သင်တန်းများပေးလို့တဖုံနဲ့ စည်းရုံးနေကြဆဲပါဘဲ။ မြန်မာတွေအနေနဲ့ ဒီကိစ္စတွေကို ထိန်းချုပ်နိုင်ဖို့က ဘာသာရေးဘက် မှာ အားထည့်လိုက်မယ်ဆိုရင် သူ့အလိုလိုချုပ်ထိန်းပြီးသားဖြစ်မယ်လို့ ကျွန်မအနေနဲ့ဆန္ဒပြုပါတယ်။

နောင်လာနောက်သား ကလေးငယ်များလည်း အရှက်တရားဆိုတဲ့အကြောင်းကို လမ်းပြသွန်သင်ပေး သလိုလဲ ဖြစ်မှာပါ။ေ၇ှ့ကနေ လမ်းပြမှားရင် နောင်လာမဲ့ကလေးငယ်လေးတွေကလည်း အတုမြင်အတတ် သင်တွေဖြစ် မှာပါ။ မြန်မာအမျိုးသမီးတွေ သိက္ခာတရား၊ အိနြေ္ဒရှိတဲ့အမျိုးသမီးကောင်းတွေ ဖြစ်စေဖို့ ကျွန်မအနေနဲ့ ဒီစာလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။


ဘကြီးသက်

Unknown at 5:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီဒီယာ ဖိနိုပ်မှု ရပ်တန့်ရေး ဆိုပြီး အကျီအနက်လေးဝတ်ကာ လမ်းလျှောက် ဓာတ်ပုံရိုက်နေသူ သတင်းသမားတွေထဲက တစ်ယောက်မှ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒမပြရဲ ပါဘူး



မီဒီယာ ဖိနိုပ်မှု ရပ်တန့်ရေး ဆိုပြီး အကျီအနက်လေးဝတ်ကာ လမ်းလျှောက် ဓာတ်ပုံရိုက်နေသူ သတင်းသမားတွေထဲက တစ်ယောက်မှ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒမပြရဲ ပါဘူး... သတင်းလွှတ်လပ်ခွင့် အတွက် ဆိုတာထက်... သူတို့စီးပွားရေး အတွက်သာ အညောင်းပြေ လမ်းလျှောက် နေကြတာပါ" လို့ ရန်ကုန်မြို့မှ မျက်မြင်တစ်ဦးက ဆိုပါတယ်။

မီဒီယာ သမားဆိုတဲ့ အတိုင်း မီဒီယာ စွမ်းအားဖြစ်တဲ့ ဓာတ်ပုံတွေ အမျိုးမျိုးရိုက်၊ အချင်းချင်း အင်တာဗျူးတွေ အမျိုးမျိုးလုပ်ပြီး ၎င်း တို့ စားဝတ်နေရေး ထိခိုက်မှု ပြန်လည် အစဉ်ပြေရေးအတွက် သက်တောင့်သက်သာ ကြိုးစားလျှက် ရှိပေမယ့် လူထု့အတွက်၊ မီဒီယာ လောက အတွက် ဆိုပြီး မီးရှို့ဆန္ဒပြဖို့ထက် ကိုယ့်အသားကို နာအောင် အပ်နဲ့ စိုက်ပြီး တောင် ဆန္ဒပြဖို့ သတ္တိ မရှိကြဘူးလို့ သိရပါတယ်။

လက်တလော ဖြစ်နေတဲ့ မီဒီယာ အရေးနဲ့ ပတ်သက်ပြီး မဲဆောက်မှ MEG သတင်းထောက်မှ မီဒီယာရေးရာ ဝေဖန်သူ ကိုသန့်ဇင် နဲ့ အခုလို မေးမြန်းထားပါတယ်

MEG - လက်တလော မီဒီယာ သမားတွေ အကျီအနက်တွေမှာ စာရေး ဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - ရှင်းရှင်းလေးပါ.... ထမင်း နှပ်မှန်အောင် စားဖို့ လုပ်နေကြတယ်လို့ ပဲ မြင်ပါတယ်

MEG - မီဒီယာ ဆိုတာ
စတုတ္ထမဏ္ဍိုင် ဆိုတော့ မီဒီယာ ဖိနိပ်ရင် ပြည်သူကို ဖိနိပ်တယ်လို့ ပြောနေကြတာကိုရော ဘယ်လို မြင်ပါလဲ

သန့်ဇင် - အဲလို ပြောတဲ့လူတွေက ဘယ်သူတွေလဲ လို့ ကြည့်လိုက်ပါဗျာ...
အဲလို ပြောသူတွေက မီဒီယာ သမားတွေပဲ ပြောနေကြတာပါ... စတုတ္ထမဏ္ဍိုင် ဆိုတာကလည်း သူတို့ဘာသူ နာမည်ပေးထားတာပါ... ဘယ် ဥပဒေ မှာမှ မပါပါဘူး။ မီဒီယာကို ဖိနိပ်တယ်လို့ အော်တဲ့အချိန် တွေကိုလည်း သတိထားကြည့်ပါ... သူတို့ စားဝတ်နေရေးကို ထိခိုက်တဲ့ အချိန် တွေမှာမှ ဒီအသံမျိုး ထွက်လာတာပါ

MEG - ဒါဆို မီဒီယာဆိုတာ သူ့ကိုယ်သူ ဂုဏ်မြှင့်ပြီး စတုတ္ထမဏ္ဍိုင်ရယ်လို့ ဘယ်လိုပဲပြောပြော စီးပွါးရေး လုပ်ငန်းတစ်ခု သက်သက်သာဖြစ် တယ်လို့ ပြောလို့ ရနိုင်လား

သန့်စင် - သိပ်ရတာပေါ့ဗျာ... အမှန်ပဲလေ

MEG - အခု သတ္တိရှိရှိ စည်းစည်းလုံးလုံးနဲ့ မီဒီယာ သမားတွေ လမ်းပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေ အများကြီး ထွက်လာတာကိုရော ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - သတ္တိမရှိလို့ လမ်းလျှောက်နေတဲ့ ဓာတ်ပုံတွေပဲ ထွက်လာတာပါ။ နားထဲ စက္ကူထည့်တာ၊ ပါးစပ်ကို စက္ကူနဲ့ ကာတာ လောက်တော့ အိမ်က ကလေးတွေတောင် နေ့တိုင်း ကစားနေတာပဲ... ကလေး ကလား အလုပ်တွေ လုပ်နေတာ စိတ်ပျက်ဖို့ကောင်းတယ်လို့ ထင်ပါတယ်... တကယ်တမ်း သတ္တိရှိရင် ကိုယ့်ကိုယ်ကို မီးရှို့ပြသင့်တာပေါ့.. ဒါပေမယ့် မြန်မာ သတင်းသမား လောက မှာ အဲ့လောက် သတ္တိကောင်းတဲ့ လူ တစ်ယောက်မှမရှိဘူးဗျ

MEG - The Voice နဲ့ Envoy ကို ထုတ်ဝေခွင့် ရပ်တန့်တာနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - ဒါက တရားသဘောနဲ့ ကြည့်ရင် အကြောင်းရှိလို့ အကျိုးဖြစ်တာပါပဲ... မြန်မာနိုင်ငံမှာ ဂျာနယ်ပေါင်း များစွာ ရှိတဲ့အထဲက နှစ်ခု ပဲ ခံရတာဆိုတော့... သူတို့ တွေ အမှားလုပ်ထားလို့ပေါ့... ဒါ ရှင်းရှင်းလေးပါ... အားလုံးကို ပိတ်တယ်ဆိုရင်တော့ ပိတ်တဲ့လူ အမှား ဖြစ်မှာပေါ့....

MEG - The Voice က ပြောထားတာတစ်ခုရှိပါတယ်.. သူတို့ ဂျာနယ်ကို ၆ ကြိမ် ၇ ကြိမ် ပိတ်ခံရတဲ့အကြောင်း၊ ဘယ်ချိန်တုန်းက ဘယ်နှပတ် ပိတ်တဲ့အကြောင်း... ဆိုတော့.. ပိတ်တဲ့သူ အမှားလို့ ပြောလို့မရဘူးလား

သန့်ဇင် - ဒါကတော့ "ငါ ဘယ်နှခါ ထောင်ကျဖူးတယ်ကွ" လို့ ဂုဏ်ယူဝင့်ကြွားစွာ အော်နေတဲ့ ထောင်ထွက်လူမိုက်တစ်ယောက်လို့ပဲ ကျွန်တော် မြင်ပါတယ်။ အသုံးမကျလို့ အပစ်ပေးခံရတာကို ဂုဏ်ယူနေတာ မကောင်းပါဘူး။ အခုချိန်ထိ အပိတ်မခံရတဲ့ မြန်မာ စာစောင်ပေါင်း ရာဂဏာန်း ရှိပါတယ်။

MEG - ပြီးခဲ့တဲ့ အပတ်ကပဲ
The Voice က ဘန်ကောက်ပိုစ့် ရဲ့ နိုင်ငံတော် သမ္မတကြီး အပေါ် ဝေဖန်မှုကို ကန့်ကွက်ထားတယ်လေ.. ဒီတပတ် အပိတ်ခံရတယ်ဆိုတော့ ပိတ်တဲ့လူ အပြစ် လို့ ပြောလို့ မရဘူးလား

သန့်ဇင် -
The Voice က ဘန်ကောက်ပိုစ့် ကို ကန့်ကွက်တယ်ဆိုတာ ဟန်ပြပါ။ သူ သာ တကယ်တမ်း ပြည်သူ့အတွက်၊ ရခိုင်တိုင်းရင်းသားတို့ အတွက် သတင်းမှားတွေကို ကန့်ကွက်ချင်ရင် နိုင်ငံခြား ဘာသာ သတင်းဌာနတွေကို နောက်မှ ကန့်ကွက်ပါအုံး... မြန်မာဘာသာနဲ့ သတင်းမှားတွေကို လွှင့်နေတဲ့ ဘီဘီစီ၊ VOA, DVB, RGA , ဧရာဝတီ တို့ကို အရင် ကန့်ကွက်ရမယ်လေ... ရိုဟင်ဂျာကို ရခိုင်ပြည်နယ် မြေပုံထဲ မှ ဘီဘီစီ စ ထည့်ပြီး နောက်ပိုင်း ဒါတွေ ဖြစ်လာတာ မဟုတ်လား... တလျှောက်လုံးမှာ The Voice ဘာမှ မကန့်ကွက်ခဲ့ဘူးလေ... အခုမှ ဟန်ပြ ကန့်ကွက်ပြတာပါ...

MEG - "အစိုးရသစ်လက်ထက်မှာ ခုထုတ်နေတဲ့သတင်းဂျာနယ်တွေကနေ အစိုးရကိုချည်းပဲ ဆော်နေတာတွေ့ပါတယ် ၊ပြည်သူ့အသံအကြောင်းပြ ၊ လွတ်လပ်စွာပြောဆိုခွင့်အကြောင်းပြ ၊ စတုတ္ထမဏ္ဍိုင်အကြောင်းပြနဲ့ သူတို့ကချည်း အစိုးရနဲ့ တာဝန်ရှိသူတွေကို ဆော်နေတာတွေ့ပါတယ် ၊ တစ်ချို့မထိတထိရေးတယ် ၊ ဆော်တယ် ၊ တချို့ ပေါ်ပေါ်တင်တင်ဆော်တယ် ၊ အစိုးရက ဆော်ရတယ်လို့ကို မတွေ့ပါဘူး ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ တကယ်သည်းခံနေရတာက အစိုးရပါ ၊ မောင်ရင်တို့ ဘာမှသည်းခံမနေရပါဘူး ၊ ဒီခေတ်မှာမှ စောင်ရေတွေတက်ပြီး အပတ်စဉ် သန်းနဲ့ချီပြီးဝင်ငွေတွေရနေကြတာ လူတိုင်းသိပါတယ်" လို့ ဝေဖန် သံတွေ ကြားရပါတယ်... အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - အားလုံးက အမှန်တရားတွေပါပဲ။ အကောင်းဆုံး သာဓက တွေကတော့ အဲဒီ ပါးစပ်ပိတ်ပြ၊ မျက်လုံးပိတ်ပြ၊ နားပိတ်ပြနေတဲ့ မီဒီယာ သမားတွေရဲ့ အင်တာနက် စာမျက်နှာတွေမှာ ၎င်း တို့ အကြောင်း အမှန်တရားတွေကို ဖြစ်စေ၊ ၎င်း တို့ တဖက်သက် အကောင်းရေးနေတဲ့ လူတွေ အကြောင်း ကိုဖြစ်စေ ဝေဖန် ထောက်ပြ သွားရေးကြည့်ပါ... သွားရေးတဲ့ လူတွေကတောင် သူတို့ကို ပြန်ပြီး မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် ဆန္ဒပြချင်စိတ် ပေါက်သွားပါလိမ့်မယ်...

MEG - The Voice အယ်ချုပ် က "
ထောင်ကျခံပြီး နိုင်ငံရေးလုပ်တာမျိုး မဟုတ်ပါ" လို့ ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီ စကားလုံးကို တချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်တစ်ယောက်က မီဒီယာ သမားတစ်ယောက်ကို ထိုးကျိတ်တုန်းက ပြောခဲ့တဲ့ စကားနဲ့ ခပ်ဆင်ဆင် ဖြစ်နေတယ်လို့ မမြင်ဘူးလား...

သန့်ဇင် - ဟုတ်လား.. အဲဒါ ကျွန်တော် သတိမထားမိဘူး.. ဘယ်လိုပြောခဲ့တာလဲဗျ

MEG - "မင်းတို့ မီဒီယာ သမားတွေက ထမင်းစားဖို့ မီဒီယာ အလုပ်လုပ်တာ... ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ ကွ" လို့ ပြောခဲ့ကြောင်း Express Time က ကြေညာချက် ထုတ်ခဲ့တာကို ပြောတာပါ..

သန့်ဇင် - အော်.. ဟုတ်ပါတယ်.. ကျွန်တော်တောင် ခုမှ သတိထားမိတယ်... The Voice က NLD ကိုလည်း တွယ်ချင်လို့ ဖြစ်ပါလိမ့်မယ်

MEG - ဒါ့အပြင် The Voice အယ်ချုပ်က ပဲ ထပ်ပြောထားတာ ရှိပါသေးတယ် "
ဒီစာစောင်ကို မှီခိုနေရတဲ့ မိသားစုတွေ၊ ဝန်ထမ်းတွေ၊ ဒီစာစောင်ထုတ်လုပ်ရေးမှာ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ၊ ဖြန့်ချိရောင်းဝယ်နေကြတဲ့ လက်ပွေ့သမားအဆုံး အားလုံးရဲ့ စားဝတ်နေရေးနဲ့ ဝင်ငွေကို ပိတ်ပင်လိုက်သလိုပဲတဲ့" လို့ ပြောပါတယ်... အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - ဂျာနယ် လက်ပွေ့သမားတွေ က ဘာမှ မထိခိုက်ပါဘူး..တခြားဂျာနယ်တွေ အများကြီး ရှိနေတာပဲလေ... ရှိသမျှ ဂျာနယ် အကုန်ပိတ်ထားတာမှ မဟုတ်တာ.. ဒါက ကြောက်ကန် ကန်ပြီး ပြောတာပါ။ ပိတ်တဲ့လူကပဲ ကမ္ဘာ့ အဆိုးဆုံး လူသား တစ်ဦး ပုံစံပေါ့... အယ်ချုပ် ဆိုတော့ အဲ့လောက်တော့ ရေးတတ်တာပေါ့... မီခိုနေတဲ့ ဝန်ထမ်းတွေ ထိခိုက်တာကတော့ ဟုတ်ပါတယ်။ အဲဒီ မှီခိုနေတဲ့ ဝန်ထမ်းတွေ ကို အစကတည်းကသာ အယ်ချုပ် တွေ ညှာတာ ထောက်ထားခဲ့ရင် ခွင့်မပြုတာကို မထုတ်နဲ့ပေါ့ဗျာ... ကိုယ်တိုင်အမှားလုပ်ပြီး တဖက်လူကို လူဆိုးကြီး တစ်ယောက်လို ရေးနေတာတွေက သူတို့တွေရဲ့ အဆင့်အတန်း ကို ပိုပြီး သိသာအောင် လုပ်သလို ဖြစ်နေပါတယ်။

MEG - ဟုတ်ကဲ့ နိဂုံးချုပ်အနေနဲ့ ဘာပြောချင်ပါသေးသလဲ

သန့်ဇင် - ပြောရရင်တော့ လူတိုင်းက စားဝတ်နေရေးအတွက် စီးပွားလုပ်နေကြတာပဲ.. ကိုယ့်စီးပွားကိုယ်လုပ်၊ ဘယ်သူ့မှ မထိခိုက်နဲ့၊ တိတိကျကျလိုက်နာ.. ပြဿနာဖြစ်ရင် ကိုယ့်ကိုယ်ကို အကောင်း သိပ်မပြောနဲ့ သူများကို အဆိုးသိပ်မပြောနဲ့ .. အဲလိုပြောမှ မသူတော်မှန်း ပိုသိသာတယ်.. မီဒီယာ သမားတွေ သတ္တိမနည်းဘူးဆိုတာ ပြချင်ရင် တိဘက်ဘုန်းကြီးတွေလို မီးရှို့ ဆန္ဒပြပါ၊ ထိုင်က ရှပ်နီတွေလို သွေးဖောက် ဆန္ဒပြပါ၊ ဂျာနယ်လစ် အမျိုးသမီးတွေ တုံးလုံးချွတ်ပြီး
အိုလံပစ်မှာလို ဆန္ဒပြကြပါ... ကလေးဦးနောက်နဲ့ နားထဲ စက္ကူထည့် ဆန္ဒမပြကြပါနဲ့လို့ ပြောချင်ပါတယ်။

MEG - ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့ ကိုသန့်ဇင်ကို ကျေးဇူး အများကြီးတင်ပါတယ်

သန့်ဇင် - ဟုတ်ကဲ့ ကျေးဇူးပါ

Myanmar Express
Unknown at 5:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီဒီယာလွတ်လပ်ခွင့်အတွက် တီရှပ်ဝတ်ဆင်ကာ လက်မှတ်စုဆောင်း


မြေနီကုန်း အင်ဗွိုင်းဂျာနယ်တိုက်သို့ သွားရန် မြို့တော်ခန်းမ ဘတ်စကားဂိတ်အနီး တွေ့မြင်ရသည့် လှုပ်ရှားသူ တဦး
မီဒီယာ လွတ်လပ်ခွင့်အတွက် တီရှပ် ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု စတင်သြဂုတ် ၄၊ ၂၀၁၂၊ YPI အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်အပိတ်ခံရမှုကို အကြောင်းပြု၍ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် “မီဒီယာဖိနှိပ်မှု ရပ်” ဆိုသည့် စာတမ်းပါ တီရှပ်များ ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု တရပ်ကို ရန်ကုန်မြို့၌ ယနေ့ နံနက် ၁၁ နာရီက စတင်လိုက်ကြသည်။

ယနေ့လှုပ်ရှားမှုတွင် တီရှပ်များ ၀တ်ဆင်ကာ နိုင်ငံတော် သမ္မတထံတင်ပြမည့် စာနှင့်အတူ လက်မှတ်များ လိုက်လံစုဆောင်း ကောက်ယူသည့် အစီအစဉ် ဖြစ်၍ အပိတ်ခံရသည့် ဂျာနယ် ၂ စောင်၏ ရုံးခန်းသို့ သွားရောက်ခြင်း နှင့်အတူ အချို့သော စုရပ်များတွင် လက်မှတ်ကောက်ယူကြမည်ဖြစ်သည်။ ယခုလှုပ်ရှားမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် သတင်းလွတ်လွပ်ခွင့် ကော်မတီ (ယာယီ) က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ။

Yangon Press International

ဆူးလေ ၄၅ကားဂိတ်သို့ ချီတက်သွားကြစဉ်

မီဒီယာတီရှပ်များ ၀တ်ဆင်ထားသော မီဒီယာသမားများ


ရပ်နားခံရသော The voice ဂျာနယ် ရုံးရှေ့တွင် မီဒီယာသမားများ စုစည်းနေကြစဉ်

ဘကြီးသက်
Unknown at 5:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“နိုင်ငံတော်သမ္မတ ဦသိန်းစိန် နိုင်ငံရေးပါတီ ၁၄ခုနှင့်တွေဆုံရာတွင် မီဒီယာကိစ္စ ဆွေးနွေးခဲ့”

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ၁၄ခုတို့ယနေ့နံနက်၉း၀၀ အချိန်ခန့်မှ မွန်းလွဲ ၁း၂၀အချိန်ထိ သမ္မတ လယ်တောရိပ်သာ တွင်တွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။

ယင်းတွေ့ဆုံပွဲသို့လွှတ်တော်တွင်းကိုယ်စားလှယ်လေးဦးတက်ရောက်ခွင့်ရရှိခဲ့ပြီး လွှတ်တော်ပြင်ပပါတီများသက်ဆိုင်သူများအပြင် ၀န်ကြီးဦစိုးသိန်း၊ ၀န်ကြီးဦးအောင်မင်းနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦတင်အေး တို့လဲပါဝင်ခဲ့သည်ဟု တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီပါတီသစ်မှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ပေါ်ပြူလာနယူးစ်အားပြောသည်။

“ပြောကြဆိုကြတာတွေတော့ရှိတယ်။ငြိမ်းချမ်းရေးကိစ္စတွေကများတယ်။ကျွန်တော်နဲ့ဆိုင်တာထဲမှာ သမ္မတကြီးစိတ်ဝင်စားတာက မီဒီယာကိစ္စ။ မီဒီယာတွေကိုသမ္မတကြီးကလည်း စတုတ္ထမဏ္ဍိုင် အဖြစ်အသိအမှတ်ပြု ထားတာပဲလို့ပြောပြီးThe Voiceနဲ့ လျှက်တပြတ်ဂျာနယ်တရား စွဲတာဒီနေ့ ဒီအချိန်မှာ လုံးဝမဖြစ်သင့်ဘူး။ကျွန်တော်တို့ရဲ့ပြုပြင်ပြာင်းလဲရေး ကိုမလိုလားသူတွေအတွက်အခွင့်အရေးရသွားနိုင်တယ်။ဒါနဲ့ပတ်သက်ပြီးလွှတ်တော်ထဲမှာလဲ ပုဂ္ဂိုလ်ရေးအရပြောသင့်သူတွေကို ကျွန်တော်ပြောထားပြီးပြီလို့တင်ပြခဲ့တယ်။သမ္မတကြီးကလည်းတော်တော်လေးစိတ်ဝင်တစားဆွေးနွေးတယ်။အချုပ်ပြောရရင်မီဒီယာတွေကိုတရားဆွဲတာတွေရပ်ပေးဖို့ရယ်၊ပိတ်ထားတဲ့မီဒီယာတွေကိုအမြန်ဆုံးပြန်ဖွင့်ပေး
ဖို့ရယ်တင်ပြခဲ့တယ်”ဟု၎င်းက ဆက်၍ပြောသည်။နိုင်ငံတော် သမ္မတက မီဒီယာတွေရဲ့အခန်းကဏ္ဍကိုအသိအမှတ်ပြုပြီးအခြေခံဥပဒေကပေးထားသည့်ဘောင်အတွင်းမှလွတ်လပ်ခွင့်ယူသကဲ့သို့ မီဒီယာများအနေဖြင့် တာဝန်ယူမှု၊တာဝန်သိမှုလိုကြောင်း၊ပြီးခဲ့သည့်ကိစ္စတွေကိုအကြောင်းပြုတည်
ငြိမ်မှုမထခိုက်စေဘဲနှင့်ဆောင်ရွက်ကြရန်လိုကြောင်း၊မုဒိန်းလူသတ်ပုံအသုံးပြုခြင်းနှင့်ပက်သတ်၍သမ္မတက“နိုင်ငံတော်လုံခြုံရေးကိုထိ
ခိုက်စေတဲ့အထိဖြစ်လာစေနိုင်တယ်။သို့သော် ဘာပဲဖြစ်ဖြစ်ရှေ့မှာ မီဒီယာရော အစိုးရပါ ဟန်ချက်ညီညီနဲ့ ဆောင်ရွက်ကြမယ်ဆိုရင်
မီဒီယာပြဿနာပြေလည်သွားမယ်”ဟု ပြောကြားကြောင်း ဦးသိန်းညွန့်ကပြောသည်။

စွမ်းရဲထွဋ်

ဘကြီးသက်
Unknown at 5:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

'' The Voice Journal နှင့် Envoy Journal တို့အား နှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဟု သမ္မတရုံးမှဆို ””

ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခံထားရသော The Voice Journal နှင့်
Envoy Journal တို့အား လာမည့် နှစ်ပတ်အတွင်း
ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းကို နိုင်ငံတော်သမ္မတရုံးမှ မြန်မာနိုင်ငံသတင်းစာဆရာ
သမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊
ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခံထားရသော The Voice Journal နှင့်
Envoy Journal တို့အား ပြန်လည်ထုတ်ဝေခွင့်အပြင် သတင်းဂျာနယ်များအား ထုတ်တင်စနစ်သို့ပါ
ပြောင်းလဲထုတ်ဝေခွင့်ပြုမည်ဟု ပြောကြားကြောင်း ဖုန်းဖြင့်အကြောင်းကြားခြင်းကို လက်ခံရရှိခဲ့သူ
မြန်မာနိုင်ငံသတင်းစာဆရာသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ဝင်က ပြောသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့ ဖုန်းဖြင့်
ဆက်သွယ်မေးရာ စာပေစိစစ်ရေးညွှန်မှူးက ၄င်းတို့ထံ
ညွှန်ကြားချက်ရောက်မလာကြောင်း ပြန်လည်ဖြေကြားသည်။

ရန်ကုန်မြို့၌ ယနေ့နံနက်တွင် မိဒီယာဖိနှိပ်မှုရပ်(STOP KILLING PRESS) စာတန်းပါ တီရှပ်များဝတ်၍ အကန့်အသတ်မရှိထုတ်ဝေခွင့်
ရပ်ဆိုင်းခံထားရသော ဂျာနယ်တိုက်များသို့သွားရောက်ကာ အားပေးနှစ်သိမ့်ခြင်းအပြင်
ရပ်ဆိုင်းခံထားရသောဂျာနယ်များနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတထံကန့်ကွက်ကြောင်းစာပါလက်မှတ်ရေးထိုးမှုပြုလုပ်ခဲ့သည်။

ဘကြီးသက်
Unknown at 3:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါသထွက်တာထက်ကို ပိုပါတယ်..


ဒေါသထွက်တာထက်ကို ပိုပါတယ်..၊
ရိုဟင်ဂျာဘလော့မှာတွေ့နေတာတစ်ခုကြောင့်ပါ

ခေါင်းစဉ်က..
"လွှတ်တော်အမတ်ဦးရွှေမောင် ရခိုင်ပြည်နယ်အရေးအခင်း လွှတ်တော်တွင်မိန့်ခွန်းပြောကြား"

တဲ့ဗျာ...

ဘာမှကိုမပြောချင်တော့ဘူး..
လွှတ်တော်ထဲက..တရွက်တိုက်သာဆွဲထုတ်လိုက်ပါတော့..၊

ဘဘမန်းနဲ့ စစ်ကိုယ်စားလှယ်တွေကလဲ..တိုင်းပြည်ချစ်လိုက်ကြတာ..တိတ်ဆိတ်နေကြတာပဲ
အံ့သြစရာကောင်းတဲ့ခံယူချက်တွေ..

ဖြစ်သင့်တာက...အဲဒီကုလား..အဲဒီလိုထပြောတဲ့အချိန်မှာ လွှတ်တော်ဥက္ကဌအပါအ၀င်..
ဝက်ဝက်ကွဲဖြစ်ကြရမှာ..
ထဖြဲကြရမှာ...

ပါတီတာဝန်ခံတွေ..ဘာလုပ်နေလဲ..

ထိပ်ကထိုင်နေပြီး....မပြောသင့်တာကျတော့ပုဂ္ဂိုလ်ရေးဆန်ဆန်ပြောတယ်..
ပြောသင့်တာကျတော့..လူမျိုးနဲ့ဘာသာထိခိုက်တဲ့ဟာ..ကျတော့.
.ငြိမ်နေကြတယ်..

ကိုယ်မွေးတဲ့မျောက်ကကိုယ့်ကို...ဗလ္လကာရပြန်လုပ်ခံရတာ၊

ခံနိုင်တဲ့သူတွေက..ခံကြပေါ့ဗျာ...

အဲဒီလင့်ကဒီမှာပါ..
http://www.rohingyablogger.com/2012/07/blog-post_28.html

အဲဒီလင့်ထဲက..ကျက်သရေတုံးကွန်မင့်တွေဖတ်ပြီး အမျက်ဒေါသသင့်ရပါတယ်


ဘကြီးသက်
Unknown at 2:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရစ်ကျစနစ်ဖြင့် GSM/ WCDMA မိုဘိုင်းလ်တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးတင်ပြချက်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများအနက်မှ အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်တယ်လီဖုန်း ကိုင်ဆောင်သုံးစွဲလိုသည့် ဝန်ထမ်းများအား ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင် ကျပ်လေးသောင်းနှုန်းဖြင့် (၅)ရစ်ပေးချေသည့် စနစ်ဖြင့် လည်းကောင်း၊ နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းလ်တယ်လီဖုန်းကို တစ်လလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် (၅)ရစ် ပေးချေသည့်စနစ်ဖြင့် လည်းကောင်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် (၂)ကြိမ် သုံးစွဲခွင့်ပြုပြီး ဖြစ်ပါသည်။ မိုဘိုင်းလ်တယ်လီဖုန်းများကို အရစ်ကျပေး ငွေချေစနစ်ဖြင့် သုံးစွဲနေသည့် နိုင်ငံ့ဝန်ထမ်းများတွင် အချို့ဝန်ထမ်းများမှာ ပထမအရစ်ကိုလည်းကောင်း၊ အချို့ဝန်ထမ်းများမှာ ပထမအရစ်နှင့် ဒုတိယအရစ် (၂)ရစ်ကို လည်းကောင်း ပေးသွင်းကြပြီး ဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် ပိုမိုအဆင်ပြေစွာဖြင့် အရစ်ကျပေးသွင်းနိုင်ရေးအတွက် GSM/WCDMA မိုဘိုင်းလ်တယ်လီဖုန်းများအတွက် ဆက်လက်ပေးသွင်းရန် ကျန်ငွေများကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်မှစ၍ မူရင်းလစာ ကျပ်တစ်သိန်းနှင့်အောက် ဝန်ထမ်းများအနေဖြင့် လစဉ် ၁၀၀၀၀ ကျပ် (ကျပ်တစ်သောင်းတိတိ) နှုန်းဖြင့်လည်းကောင်း၊ မူရင်းလစာ ကျပ်တစ်သိန်းအထက် ဝန်ထမ်းများအနေဖြင့် လစဉ် ၁၅၀၀၀ ကျပ် (ကျပ်တစ်သောင်းငါးထောင်တိတိ) နှုန်းဖြင့်လည်းကောင်း ဆက်လက်ပေးချေ သုံးစွဲသွားနိုင်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးတင်ပြအပ်သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။  
ခေတ်လူငယ်
ဘကြီးသက်
Unknown at 12:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာငွေဈေးကျလာတော့ တကယ်အကျိုးရှိမှာ ဘယ်သူတွေလဲ

တင်မိုးအောင်
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

ကျပ်ငွေနှင့် ဒေါ်လာဈေးကွာဟမှုမှာ နောက်ပိုင်းတွင်မြင့်မား လာနိုင်မည့် အလားအလာရှိနေ။
ဓာတ်ပုံ - ကောင်းထက်
လတ်တလော အက်ဖ်အီးစီနဲ့ ဒေါ်လာ ဈေးက မြန်မာငွေ ၈၇၀ နဲ့ ၈၈၀ ကြားမှာ ရှိနေပြီး ပြီးခဲ့တဲ့လတွေက ငွေဈေးထက် သိသိသာသာလေးကို တက်လာတော့ ဒေါ်လာ၊ ဒါမှမဟုတ် အက်ဖ်အီးစီနဲ့ အလုပ်လုပ်နေကြ တဲ့ ကုမ္ပဏီဝန်ထမ်း တွေ၊ အစိုးရမဟုတ်တဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းက ၀န်ထမ်းတွေအတွက် အသက်ရှူချောင်လာခဲ့ပြီး ဒီထဲမှာ ကျွန်တော်လည်း အပါအ၀င်ဖြစ်ပါ တယ်။
လစာထုတ်လို့ ငွေဈေးကောင်းရင် ပျော်တာပေါ့။ ပိုက်ဆံ ပိုရတာကိုး။ ကျွန်တော်တို့ထက်ပိုပြီး ပျော်တဲ့သူတွေ ကတော့ ပို့ကုန်လုပ်ငန်းရှင် တွေပါ။ ဒါပေမယ့်လည်း အခုလက်ရှိဈေးနဲ့က သူတို့ရဲ့ လုပ်ငန်းမှာ ထင်သလောက် တွက်ခြေမကိုက်သေးတဲ့ပြင် တချို့ပို့ကုန် လုပ်ငန်းရှင် တွေဆိုရင် အရှုံးပြနေတုန်းပဲ ဆိုပြီး ပြောနေဆိုနေကြတဲ့ အသံတွေက လည်း စီးပွားရေးလောကထဲက မဆုံးနိုင် တဲ့ အသံတွေပါပဲ။
ဒါပေမယ့် သွင်းကုန် လုပ်ငန်းရှင်တွေကတော့ လက်ရှိဖြစ်နေ တဲ့ အခြေအနေပေါ်မှာ သိသိသာသာ အသံတိတ်လျက် ရှိနေတာ ကတော့ စဉ်းစားစရာပါပဲ။ လက်ရှိကာလမှာ ဒီလိုမျိုး မြန်မြန်ဆန် ဆန်နဲ့ ငွေတန်ဖိုးလျော့ကျလာတာဟာ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ မြန်မာနိုင်ငံဟာ အမြန်ဆုံးဆိုပြီးတော့ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို စုံစမ်းကောက်ခံပြီး အမြဲတမ်း သတင်း ထုတ်ပြန်နေတဲ့ ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးရဲ့ ဇူလိုင်လ ၂၆ ရက်နေ့က သတင်းတစ်ပုဒ်မှာ ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက် နေ့ကစပြီး မြန်မာနိုင်ငံဗဟိုဘဏ်က ဦးစီးပြီး ငွေဈေးကို နှုန်းရှင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းက နေစပြီး ကျပ်ငွေဈေးလည်း တဖြည်းဖြည်း အားနည်းလာခဲ့ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့က ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးနှုန်း ဟာ ၈၇၁ ကျပ်ဖြစ်ပြီး ဒီဈေးဟာ ငွေ ဈေးနှုန်းရှင်စတင်ခဲ့တဲ့ ဧပြီ ၂ ရက်နေ့က ဈေးနဲ့ယှဉ်ရင် ၆ ဒသမ ၃ ရာခိုင်နှုန်း လျော့နည်းလာတာ ဖြစ်ကြောင်းကို လည်း Bloomberg သတင်းမှာ ဖော်ပြ ထားပါတယ်။
နိုင်ငံတကာ ငွေကြေး လဲလှယ်နှုန်းနဲ့ကြည့်ရင် မြန်မာငွေဈေး ဟာ ပြီးခဲ့တဲ့လမှာ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားငွေ ရူပီယာက သုည ဒသမ ၄ ရာခိုင်နှုန်းနဲ့ တရုတ်ယွမ်ငွေကတော့ ၀ ဒသမ ၃ ရာခိုင်နှုန်း အသီသီးကျဆင်းခဲ့ ပေမယ့်လည်း မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေ မြောက်မြားစွာသွား ရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံတွေဖြစ် တဲ့ မလေးရှားနိုင်ငံ ရင်းဂစ်ကတော့ သုည ဒသမ ၇ ရာနှုန်းနဲ့ ထိုင်းနိုင်ငံရဲ့ ဘတ်ငွေ ကတော့ သုည ဒသမ ၄ ရာခိုင်နှုန်း တက်ခဲ့သလို မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံ တွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရူပီးငွေကတော့ ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ ခဲ့တယ်လို့လည်း ဖော်ပြထား ပါသေးတယ်။
ဒီလို မြန်မာငွေကြေးအားနည်းလာ တာကြောင့် ပြည်ပကလုပ်ငန်းရှင်တွေ ကတော့ မြန်မာနိုင်ငံကို လာရောက်ရင်းနှီး မြှုပ်နှံဖို့ အတော်လေးကို စိတ်ဝင်စားနေ ကြပါတယ်။ မကြာသေးခင်ကပဲ အမေ ရိကန်လုပ်ငန်းရှင်တွေကို သူတို့နိုင်ငံက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ ဖို့ကို ၁၅ နှစ်နီးပါးကာလအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပေးလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လည်း နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက် ကောင်းမွန်လာစေရေးနဲ့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ပွင့်လင်းလာအောင်ရည်ရွယ်ပြီး ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့တာ ကြောင့် နိုင်ငံတကာက လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းကြီးတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ အတွက် အသေအချာလေ့လာမှုတွေ လုပ်လာကြတယ်လို့လည်း Bloomberg သတင်းမှာ ရေးသားထားပါတယ်။
ဒီလို မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ် ကိုင်ဖို့ ပြင်ဆင်နေကြတဲ့အထဲမှာ နာမည် ကြီး လုပ်ငန်းကြီးတွေဖြစ်ကြတဲ့ အမေရိကန် ကုမ္ပဏီ Coca-Cola၊ ဂျပန်နိုင်ငံက Honda Motor Company နဲ့ အိမ်တွင်း အသုံးအဆောင်ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်တဲ့ Pioneer Corporation တို့ လည်း ပါဝင်နေပါသေးတယ်။ သူတို့ကလည်း မြန်မာကျပ်ငွေကို နှုန်းရှင် သတ်မှတ်ပြီးချိန်ကတည်းက လာရောက် လုပ်ကိုင်ဖို့ စဉ်းစားနေကြတာလို့လည်း ရေးသားထားပါသေးတယ်။
ဒီလို ပြည်ပကလုပ်ငန်းရှင်တွေ လာရောက်လုပ်ကိုင်ကြဖို့ အင်မတန် စိတ်ဝင်စားလာကြတဲ့အထဲမှာ မြန်မာ ငွေကြေးအားနည်းလာတာ ကလည်း အဓိကကျတဲ့ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။ ပြည်ပလုပ်ငန်းရှင်တွေလိုပဲ ကျွန်တော်တို့ ပြည်တွင်းက ပို့ကုန် လုပ်ငန်းရှင် တွေ ကိုယ်တိုင်ကလည်း မြန်မာငွေဈေးကို ဒီထက်ပိုပြီးကျဆင်း လာစေချင်ပြီး လုပ်ငန်းရှင်အများစုက သူတို့လုပ်ငန်း တွက်ခြေကိုက်ဖို့ ဆိုရင် တစ်ဒေါ်လာကို အနည်းဆုံး မြန်မာငွေ ကျပ် ၉၀၀ လောက် ရောက်အောင်လုပ် နိုင်မှ ပိုပြီးအဆင်ပြေမယ်လို့ ယုံကြည်နေ ကြပါတယ်။
မြန်မာကျပ်ငွေဈေးဟာ ၂၀၀၉ ခုနှစ်ကုန်လောက်ပိုင်းကနေစပြီး တစ်ဒေါ်လာကို ကျပ် ၁,၀၀၀ ရှိနေရာ ကနေ တဖြည်းဖြည်း တစ်ထောင်အောက်ကို ဆင်းလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇူလိုင်နဲ့ ဩဂုတ်လပိုင်းတွေမှာ ၁,၀၀၀ ကျော် ပြန်ရောက်ခဲ့ပေမယ့်လည်း အဲဒီ အချိန်ကစလို့ နောက်ပိုင်းနှစ်တွေမှာ ၉၀၀ ရာနဲ့ ၈၀၀ အောက်ကို ဆက်တိုက် တဖြည်းဖြည်း ဆက်ကျလာတဲ့ ငွေဈေးဟာ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ တတိယပတ် လောက်မှာ ၇၀၀ နီးပါးအထိကို ကျခဲ့ တာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ အတော်အထိနာခဲ့ပြီး ဒေါ်လာနဲ့ ပတ်သက်တဲ့ သူမှန်သမျှ ၀င်ငွေနည်းခဲ့ရ တာကြောင့် အခုလို ၈၇၀ နဲ့ ၈၈၀ ကြား ရောက်လာတာကို ကျိတ်ပြီးဝမ်းသာ နေခဲ့ကြရပါ တယ်။ အမှန်တကယ်ဖြစ် သင့်တာက ကိုယ့်နိုင်ငံက ငွေတန်ဖိုး တက်လာရင် ကျွန်တော်တို့က ၀မ်းသာ ရမှာပါ။ ဒါပေမယ့် မပျော်နိုင်ပါဘူး။
ဒါက ဘာကိုပြနေလဲဆိုတော့ ကျွန်တော် တို့နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ဘယ် လောက်တောင် မြင့်တက်နေလဲဆိုတာကို ဖော်ပြ နေတာပါ။ နောက်ပြီး ငွေတန်ဖိုး ကျရင် သွင်းကုန်တန်ဖိုးမြင့်လာပြီး ပြည်တွင်းမှာလည်း ဒီသွင်းကုန်ဈေးတွေ ပါလိုက်တက်လာနိုင်ပြီး ကဏ္ဍအသီးသီး က ၀ယ်ယူသုံးစွဲသူတွေဖြစ်တဲ့ မြန်မာပြည်သူပြည်သားတွေပဲ အဲဒီရဲ့ဆိုးကျိုး ကို ခံစားရမယ်ဆိုတဲ့ အချက်ကိုလည်း သတိချပ်ရမှာပါ။
ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက် အင်မတန်မှ မက်လောက်စရာ ကောင်းတဲ့ နောက်ထပ်အချက်တစ်ခု ကတော့ မြန်မာပြည် တွင်းမှာရှိတဲ့ စက်ရုံတွေမှာလုပ်ကိုင်နေကြတဲ့ အလုပ်သမားခ တွေက တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ရင် အံ့ဩစရာ ကောင်းလောက် အောင် တော်တော်သက်သာနေတာကြောင့်ပါ။ Japan External Trading Org-anization ရဲ့ ဖော်ပြချက်တွေအရ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်က အလုပ်သမားတစ်ယောက်ကို ပေးရတဲ့ တစ်လစာ လုပ်ခငွေဟာ မြန်မာနိုင်ငံက အလုပ်သမား ခြောက်ယောက် ရဲ့တစ်လ လုပ်ခလစာငွေနဲ့ ညီမျှနေပါတယ်။
သူတို့ဖော်ပြထားတဲ့ စာရင်းဇယားတွေ အရ မြန်မာနိုင်ငံက အလုပ်သမား တစ်ယောက်ရဲ့ ပျမ်းမျှတစ်လလုပ်ခလစာ ငွေဟာ
ကျပ် ၅၀,၄၃၇ ဖြစ်ပြီး အမေရိကန် ၅၈ ဒေါ်လာနဲ့ညီမျှပါတယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်က အလုပ်သမား တစ်ယောက်ဟာ တစ်လကို ၃၅၃ ဒေါ်လာရပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ က အလုပ်သမားတစ်ယောက်ဆိုရင် တစ်လဒေါ်လာ ၁၁၀ ရသလို ဘန်ကောက် က အလုပ်သမားတစ်ယောက်ရဲ့ လစာ ကလည်း ဒေါ်လာ ၂၇၀ ရှိနေပါတယ်။
ဒါတွေကိုကြည့်ရင် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာပြည်မှာ အလုပ်လာလုပ် ဖို့ စိတ်ဝင်စားတာဟာ မဆန်းပါဘူး။ ဒါကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံက အစား အသောက်ထုတ်လုပ်တဲ့ Universal Robina Corporation က ထိုင်းနိုင်ငံမှာ လုပ်ကိုင် နေတဲ့ သူ့ရဲ့ စက်ရုံနဲ့အတူ တွဲဖက် လုပ်ကိုင်ဖို့ မြန်မာနိုင်ငံမှာ စက်ရုံတစ်ရုံ လာရောက် တည်ဆောက်ဖို့တောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
နောက်ပြီး အားလျော့လာတဲ့ မြန်မာ ငွေဈေးကြောင့် လာရောက်အလုပ်လုပ် ကြတဲ့ ပြည်ပလုပ်ငန်းရှင်တွေ အတွက် ကတော့ အစစအရာရာအသာဘက် ကချည်းပါပဲ။ မြန်မာငွေဈေးက ခိုင်မာ မှုမရှိတဲ့အတွက် ပေးရတဲ့လစာက သက်သာပြီး ကုန်ပစ္စည်း ဈေးနှုန်းက လည်းသက်သာတော့ အသုံးစရိတ်ပါ သက်သာလာတယ်။ နောက်ပြီး ပြည်ပက နေ မြန်မာနိုင်ငံက ပစ္စည်းတွေဝယ်တဲ့ ၀ယ်လက်တွေအတွက်လည်း အားလျော့လာတဲ့ မြန်မာငွေဈေးကြောင့် အလိုလို နေရင်း အသာစီးရနေပြီးသား ဖြစ်နေပါ တယ်။
ဒါတွေကြောင့်လည်း အာရှဖွံ့ဖြိုးမှု ဘဏ်ရဲ့ စစ်တမ်းတစ်ခုမှာ မြန်မာနိုင်ငံ ဟာ လူဦးရေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း က စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေးနေ ကြရပြီး လူဦးရေ ၁,၀၀၀ မှာ ကိုယ်ပိုင် ကားစီးနိုင်တာ ၁၈ ဦးသာရှိကြောင်းနဲ့ ဒီပိုင်ဆိုင်မှုဟာ တခြား အရှေ့တောင် အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ မှာ ပျှမ်းမျှလူ ၁,၀၀၀ ကို ကိုယ်ပိုင်ကားစီး နိုင်တဲ့သူ အယောက် ၂၅၀ ရှိတာနဲ့ ထိုင်း မှာ လူ ၃၇၀ ကားပိုင်စီးနိုင်တာတွေကို နှိုင်းယှဉ်ပြထားတာကိုလည်း တွေ့ရပါတယ်။
ဒါကြောင့်လည်း မြန်မာပြည်သူတွေ ပိုမိုကောင်းမွန်စွာ နေထိုင်လာနိုင်စေရေး အတွက် ရည်ရွယ်ပြီး စီးပွားရေးကောင်း လာအောင် ရည်ရွယ်တဲ့အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာက ဖိတ်ခေါ် တာကြောင့် လာရောက်ဆွေးနွေးကြတဲ့ လုပ်ငန်းရှင်တွေထဲမှာ တရုတ်နိုင်ငံရဲ့ Top Form International Limited က ဥက္ကဋ္ဌဖြစ်သူ Willlie Fung "မြန်မာ က တာဝန်ရှိသူတွေနဲ့ လာရောက် ဆွေးနွေး ကြည့်တဲ့အခါ သူတို့ဘက်ကတော့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တိုင်းပြည်ရဲ့ စီးပွား ရေးကို ပြန်လည်တိုးတက်လာအောင် လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင် နိုင်နိုင်ချထားတဲ့ အနေအထားတွေကို တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြင်ဆင် မှုတွေကို မေးကြည့်တဲ့အခါမှာတော့ တိတိပပပြောပြနိုင်တာ သိပ်မရှိသေး ပါဘူး" လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို အခုကျင်းပနေတဲ့ လွှတ်တော်မှာ အမြန် ဆုံးအပြီးသတ် ဆွေးနွေးအတည်ပြုနိုင် မှသာ ၀င်ရောက်လာမယ့်လုပ်ငန်းရှင် တွေအတွက် ထင်သာမြင်သာရှိတဲ့ အကြောင်းအရာတွေကို ရှင်းရှင်း လင်းလင်းချပြနိုင်တာကြောင့် ပြုပြင် ပြောင်းလဲရေးမူဝါဒအရ ဦးတည်သွား ချင်နေတဲ့ လမ်းကြောင်းပေါ်ကိုရောက် အောင် အမြန်ဆုံး အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ (Bloomberg မှ သတင်းထောက် Yumi Teso နှင့် Lilian Karunungan တို့ရေးသားသော ''Pioneer Weighs Myanmar Plant as Kyat Cuts Costs'' ကို ကိုးကားရေးသားထားခြင်း ဖြစ်ပါသည်)
 http://www.myanmar.mmtimes.com
ဘကြီးသက်
Unknown at 12:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်

ရန်ကုန် (မဇ္ဈိမ) ။          ။ မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်းကို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းသွားမည်ဟု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သောကြာနေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ပြောသည်။

ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲကာ သေဒဏ်၊ တသက်တကျွန်းနှင့် ထောက်ဒဏ် ၁၉ နှစ် တပေါင်းတည်း ကျခံရန် စီရင်ခြင်း ခံရပြီး ဆိုးရွားလှသည့် ကျန်းမာရေး အခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ရန်ကုန်မြို့တွင် သတင်းထောက်များကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

“X2O ဗုံးခွဲမှုမှာ ဖြိုးဝေအောင် ကျူးလွန်လား မကျူးလွန်ဘူးလား ဆိုတာကို တရားဝင် အမှုတွဲထဲက တရားလို သက်သေခံ အထောက်အထားတွေနဲ့ ရှင်းပြသွားမယ်” ဟု ကိုဖြိုးဝေအောင် က ပြောသည်။
waiphyoaung
အင်းစိန်မြို့နယ်ဆေးရုံ၌ တက်ရောက် ကုသခံနေရသော ကိုဖြိုးဝေအောင် ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

၂ဝ၁ဝ ခုနှစ်၊ သင်္ကြန်အတွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ၎င်းအား စွပ်စွဲခံခဲ့ရသည်။

ကိုဖြိုးဝေအောင်၏ အဆိုအရ သံသယတရားခံများ ထွက်ပြေးသွားပြီးနောက် ၎င်းကို အပြစ်ရှိသည်ဟု ဝန်ခံလာရန် စစ်ကြောသူများက နှိပ်စက်ညှဉ်းပမ်းခဲ့သည်ဟု ဆိုသည်။

“ပထမပိုင်းကတော့ မေးတယ်ရိုက်တယ်၊ မေးတယ်ရိုက်တယ်။ နောက်ပိုင်းကျတော့ ဝန်မခံ ရိုက်တယ်၊ ဝန်မခံ ရိုက်တယ်။ ဝန်မခံမခြင်း ရိုက်မယ်လို့ ကျနော့်ကို ပြောတယ်။ နောက်ဆုံး ကြိုက်တာယူလာခဲ့ လက်မှတ်ထိုးပေးမယ် ဆိုပြီး ထိုးပေးလိုက်ရတယ်” ဟု ကိုဖြိုးဝေအောင်က စစ်ကြောရေး အတွေ့အကြုံကို ပြန်ပြောပြသည်။

၎င်းအား မတရား စီရင်ခံရမှုကို အများပြည်သူ သိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း လပိုင်း အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း ကိုဖြိုးဝေအောင်က ဆိုသည်။

ကိုဖြိုးဝေအောင် စွပ်စွဲခံခဲ့ရသော အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံး သုံးလုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ်
တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့
နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင် ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ
နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ ၂ဝ၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် တွေ့ဆုံပြီး
လေးရက်မြောက် နေ့တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် အင်းစိန်မြို့နယ်ဆေးရုံ၌ တက်ရောက် ကုသခံနေရသော ကိုဖြိုးဝေအောင်တွင် အသည်း အကြိတ် (၆ စင်တီမီတာခန့်)ဖြစ်ပေါ်နေသည့် ဝေဒနာ ခံစားနေရပြီး လွန်ခဲ့သည် ရက် ၂ဝ ခန့်မှ စတင်၍ သူ၏ ခါးအောက်ပိုင်း လှုပ်၍ မရတော့ကြောင်းလည်း ၎င်းက ပြောသည်။

ယခု ကိုဖြိုးဝေအောင် လွတ်မြောက်လာသည်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄ဝ၁ (၁)အရ လွတ်မြောက်လာခြင်း
ဖြစ်သည်။
ဘကြီးသက်
Unknown at 12:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.