Saturday, August 4, 2012

အရစ်ကျစနစ်ဖြင့် GSM/ WCDMA မိုဘိုင်းလ်တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးတင်ပြချက်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများအနက်မှ အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်တယ်လီဖုန်း ကိုင်ဆောင်သုံးစွဲလိုသည့် ဝန်ထမ်းများအား ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင် ကျပ်လေးသောင်းနှုန်းဖြင့် (၅)ရစ်ပေးချေသည့် စနစ်ဖြင့် လည်းကောင်း၊ နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းလ်တယ်လီဖုန်းကို တစ်လလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် (၅)ရစ် ပေးချေသည့်စနစ်ဖြင့် လည်းကောင်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် (၂)ကြိမ် သုံးစွဲခွင့်ပြုပြီး ဖြစ်ပါသည်။ မိုဘိုင်းလ်တယ်လီဖုန်းများကို အရစ်ကျပေး ငွေချေစနစ်ဖြင့် သုံးစွဲနေသည့် နိုင်ငံ့ဝန်ထမ်းများတွင် အချို့ဝန်ထမ်းများမှာ ပထမအရစ်ကိုလည်းကောင်း၊ အချို့ဝန်ထမ်းများမှာ ပထမအရစ်နှင့် ဒုတိယအရစ် (၂)ရစ်ကို လည်းကောင်း ပေးသွင်းကြပြီး ဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် ပိုမိုအဆင်ပြေစွာဖြင့် အရစ်ကျပေးသွင်းနိုင်ရေးအတွက် GSM/WCDMA မိုဘိုင်းလ်တယ်လီဖုန်းများအတွက် ဆက်လက်ပေးသွင်းရန် ကျန်ငွေများကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်မှစ၍ မူရင်းလစာ ကျပ်တစ်သိန်းနှင့်အောက် ဝန်ထမ်းများအနေဖြင့် လစဉ် ၁၀၀၀၀ ကျပ် (ကျပ်တစ်သောင်းတိတိ) နှုန်းဖြင့်လည်းကောင်း၊ မူရင်းလစာ ကျပ်တစ်သိန်းအထက် ဝန်ထမ်းများအနေဖြင့် လစဉ် ၁၅၀၀၀ ကျပ် (ကျပ်တစ်သောင်းငါးထောင်တိတိ) နှုန်းဖြင့်လည်းကောင်း ဆက်လက်ပေးချေ သုံးစွဲသွားနိုင်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးတင်ပြအပ်သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။  
ခေတ်လူငယ်
ဘကြီးသက်
Unknown at 12:33 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.