Saturday, August 4, 2012

မီဒီယာလွတ်လပ်ခွင့်အတွက် တီရှပ်ဝတ်ဆင်ကာ လက်မှတ်စုဆောင်း


မြေနီကုန်း အင်ဗွိုင်းဂျာနယ်တိုက်သို့ သွားရန် မြို့တော်ခန်းမ ဘတ်စကားဂိတ်အနီး တွေ့မြင်ရသည့် လှုပ်ရှားသူ တဦး
မီဒီယာ လွတ်လပ်ခွင့်အတွက် တီရှပ် ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု စတင်သြဂုတ် ၄၊ ၂၀၁၂၊ YPI အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်အပိတ်ခံရမှုကို အကြောင်းပြု၍ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် “မီဒီယာဖိနှိပ်မှု ရပ်” ဆိုသည့် စာတမ်းပါ တီရှပ်များ ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု တရပ်ကို ရန်ကုန်မြို့၌ ယနေ့ နံနက် ၁၁ နာရီက စတင်လိုက်ကြသည်။

ယနေ့လှုပ်ရှားမှုတွင် တီရှပ်များ ၀တ်ဆင်ကာ နိုင်ငံတော် သမ္မတထံတင်ပြမည့် စာနှင့်အတူ လက်မှတ်များ လိုက်လံစုဆောင်း ကောက်ယူသည့် အစီအစဉ် ဖြစ်၍ အပိတ်ခံရသည့် ဂျာနယ် ၂ စောင်၏ ရုံးခန်းသို့ သွားရောက်ခြင်း နှင့်အတူ အချို့သော စုရပ်များတွင် လက်မှတ်ကောက်ယူကြမည်ဖြစ်သည်။ ယခုလှုပ်ရှားမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် သတင်းလွတ်လွပ်ခွင့် ကော်မတီ (ယာယီ) က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ။

Yangon Press International

ဆူးလေ ၄၅ကားဂိတ်သို့ ချီတက်သွားကြစဉ်

မီဒီယာတီရှပ်များ ၀တ်ဆင်ထားသော မီဒီယာသမားများ


ရပ်နားခံရသော The voice ဂျာနယ် ရုံးရှေ့တွင် မီဒီယာသမားများ စုစည်းနေကြစဉ်

ဘကြီးသက်
Unknown at 5:38 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.