Saturday, August 4, 2012

'' The Voice Journal နှင့် Envoy Journal တို့အား နှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဟု သမ္မတရုံးမှဆို ””

ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခံထားရသော The Voice Journal နှင့်
Envoy Journal တို့အား လာမည့် နှစ်ပတ်အတွင်း
ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းကို နိုင်ငံတော်သမ္မတရုံးမှ မြန်မာနိုင်ငံသတင်းစာဆရာ
သမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊
ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခံထားရသော The Voice Journal နှင့်
Envoy Journal တို့အား ပြန်လည်ထုတ်ဝေခွင့်အပြင် သတင်းဂျာနယ်များအား ထုတ်တင်စနစ်သို့ပါ
ပြောင်းလဲထုတ်ဝေခွင့်ပြုမည်ဟု ပြောကြားကြောင်း ဖုန်းဖြင့်အကြောင်းကြားခြင်းကို လက်ခံရရှိခဲ့သူ
မြန်မာနိုင်ငံသတင်းစာဆရာသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ဝင်က ပြောသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့ ဖုန်းဖြင့်
ဆက်သွယ်မေးရာ စာပေစိစစ်ရေးညွှန်မှူးက ၄င်းတို့ထံ
ညွှန်ကြားချက်ရောက်မလာကြောင်း ပြန်လည်ဖြေကြားသည်။

ရန်ကုန်မြို့၌ ယနေ့နံနက်တွင် မိဒီယာဖိနှိပ်မှုရပ်(STOP KILLING PRESS) စာတန်းပါ တီရှပ်များဝတ်၍ အကန့်အသတ်မရှိထုတ်ဝေခွင့်
ရပ်ဆိုင်းခံထားရသော ဂျာနယ်တိုက်များသို့သွားရောက်ကာ အားပေးနှစ်သိမ့်ခြင်းအပြင်
ရပ်ဆိုင်းခံထားရသောဂျာနယ်များနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတထံကန့်ကွက်ကြောင်းစာပါလက်မှတ်ရေးထိုးမှုပြုလုပ်ခဲ့သည်။

ဘကြီးသက်
Unknown at 3:20 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.