Saturday, August 4, 2012

ဖွတ် အောင်သိန်းလင်းပြုတ်ပြီ

 

"ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း အစား ဦးမောင်မောင်သိမ်းအား ပြောင်းလဲခန့်အပ်"
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း နေရာတွင် ယခင်အစိုးရလက်ထက် က မွေး/ရေ ဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း အား ပြောင်းလဲတာဝန်ပေးအပ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တစ်ဦးထံမှ သိရသည်။
''ဒီနေ့ပဲတွေ့ဆုံ မိတ်ဆက်ပွဲ လုပ်ပါတယ်။ ဦးအောင်သိန်းလင်း နေရာကို အခု ဦးမောင်မောင်သိမ်း က အစားထိုး ဝင်မှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံအဖြစ် ယခု အသစ် ပြောင်းရွှေလာသည့် ဦးမောင်မောင်သိမ်း မှာ ပထမဦးဆုံးတွင် စည်းရုံးရေး တာဝန်များကို ထမ်းဆောင်မည် ဖြစ်သော်လည်းပဲ နောက်ပိုင်း တွင် ပြည်ခိုင်ဖြိုး ရန်ကုန်တိုင်းဒေသကြီး စီမံရေးနှင့် ဘဏ္ဍရေး ကိစ္စများကို ပါ ဆက်လက် တာဝန်ယူသွားမည်ဟု ၄င်းက ဆက်လက်ကာဆိုသည်။
''ဦးအောင်သိန်းလင်းက တိုင်း ပြည်ခိုင်ဖြိုးရဲ့ စီမံရေး နဲ့ ငွေရေးကြေးရေးတွေမှာ အခု တာဝန်ထမ်းဆောင် နေအုန်းမှာပါ။ ဘာကြောင့်လဲ ဆိုတော့ မပြီးပြတ်သေးတာတွေ ရှိနေသေးလို့ပါ'' ဟု တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ် အမှုဆောင်တစ်ဦး က ပြောသည်။
ယခုပြောင်းရွှေ့လာသည့် မွေး/ ရေးဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း မှာ ယခင်က တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံတစ်ဦးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၊ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ တရုတ် သတင်းစာနှင့် တွေ့ဆုံဖြေ ကြားမှုနှင့် ပတ်သက်၍ ပါတီဗဟို အလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန်ချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက် နေ့က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ပြောကြားခဲ့ခြင်းရှိ၊ မရှိအား စိစစ်နေ ပြီး တွေ့ရှိချက် အပေါ် မူတည်၍ ပါတီ စည်းကမ်းအရ ဆက်လက် အရေးယူ သွားမည်ဟု ဖော်ပြပါရှိသည်။
ဦးအောင်သိန်းလင်းသို့ ပေါ်ပြူလာနယူးစ် က ဆက်သွယ်မေးမြန်း ခဲ့ရာတွင်လည်း ၄င်းက တရုတ်သတင်းစာ ဘာသာပြန်လွှဲမှားသည် ဟုသာ ပြန်လည်း ဖြေရှင်းမှု ပြုခဲ့သည်။


ဘကြီးသက်
Unknown at 8:20 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.