Saturday, July 28, 2012

မြန်မာ့ပထမဦးဆုံး ISO လက်မှတ်ရ အဝေးပြေးယာဉ်လိုင်း ပေါ်ပေါက်လာမည်


မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် နိုင်ငံတကာအရည်အသွေးမြင့် စီမံခန့်ခွဲမှု (ISO) လက်မှတ်ရ အဝေးပြေး ယာဉ်လိုင်းတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းယာဉ်လိုင်းမှာ Elite Express အဝေးပြေး ယာဉ်လိုင်းဖြစ်ပြီး ယခုအခါ Guardian Independent Certification (GIC) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က လာရောက်စစ်ဆေးနေပြီဖြစ်ကြောင်း အဆိုပါယာဉ်လိုင်း၏ မန်နေဂျာ ကိုထွန်းမြင့်စံက ပြောသည်။ “မြန်မာနိုင်ငံမှာရှိတဲ့ GIC ကိုယ်စားလှယ်က ကနဦး လာစစ်နေပါတယ်။ ဒုတိယတစ်ကြိမ်ကိုတော့ နိုင်ငံခြားမှာရှိတဲ့ GIC က ကိုယ်တိုင်လာစစ်မှာ ဖြစ်တယ်” ဟု ယင်းက ဆိုပါသည်။ Elite အဝေးပြေးယာဉ်လိုင်းတွင် အသုံးပြုသော ယာဉ်များသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဥရောပနိုင်ငံထုတ် ကားများ SCANIA အမှတ်တံဆိပ်များဖြစ်ပြီး ဆွီဒင်နိုင်ငံထုတ် ကိုယ်ထည်၊ ဖရိန်၊ အင်ဂျင်များ ဖြစ်ပြီး မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဒီဇိုင်းကို တည်ဆောက်၍ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့နှင့် စနစ်တကျ ရွေးချယ်ထားသည့် ဆားဗစ်ပေးသော ဝန်ထမ်းများကို အဆိုပါ ယာဉ်လိုင်းတွင် ခန့်အပ်ထားပြီး ယာဉ်၏ မောင်းနှင်မှု အစိတ်အပိုင်းကို ကွန်ပျူတာစနစ်ဖြင့် ကန့်သတ်ထိန်းချုပ်ထားကြောင်း လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်မှ နေပြည်တော်သို့ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာမြို့များကို ဆက်လက်ပြေးဆွဲခဲ့ရာ လာမည့် သြဂုတ်လတွင် လားရှိုးသို့ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ဝန်ထမ်းခန့်တဲ့အခါမှာ ဘေးအန္တရာယ် ကင်းရှင်းရေးကိစ္စကို ဦးစားပေးပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကညနက ယာဉ်နောက်လိုက် သင်တန်းဆင်းပြီးသား လူတွေကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အဓိကကတော့ တစ်နာရီကို တစ်ရာကီလိုမီတာနှုန်းထက် ပိုမောင်းလို့မရတဲ့ ကွန်ပျူတာစနစ်နဲ့ ယာဉ်မောင်းနှင်မှုကို ကန့်သတ်ထားပါတယ်” ဟု ကိုထွန်းမြင့်စံက ရှင်းပြသည်။ Elite Express အဝေးပြေး ယာဉ်လိုင်းမှ ရယူမည့် ISO အဆင့်အတန်းမှာ အင်္ဂလန်နိုင်ငံက လက်ခံထားသော ကွာလတီဖြစ်ပြီး ISO 9001:2008 ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ် 
ဘကြီးသက်
Unknown at 1:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘေဂျင်းရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၇၇ ဦးထိရှိလာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မိုးသက်မုန်တိုင်းများ ကျရောက်ကာ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ အရေအတွက်သည် (၇၇)ဦးထိ ရှိလာကြောင်း သိရှိရသည်။ ဘေဂျင်း ရေကြီးရေလျှံမှု ထိန်းသိမ်းရေး ဌာနချုပ်က ကြာသပတေးနေ့ထိ ရုပ်အလောင်း (၇၇)ခုကို ရှာဖွေတွေ့ရှိထားပြီး အလောင်း(၆၆)ခုကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား ဖော်ထုတ်နိုင်ပြီဟု ပြောကြားခဲ့သည်။



သေဆုံးသူများအနက် (၅)ဦးသည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အသက်ဆုံးရှုံးသွားခြင်းဟုလည်း သိရှိရသည်။ ဌာနချုပ်မှ ပြောရေးဆိုခွင့်ရ အရာရှိ ပန်အန်ဂျွန်က ကယ်ဆယ်ရေး လုပ်သားမဟုတ်သော သေဆုံးသူ (၆၁)ဦးအနက် (၃၆)ဦးသည် အမျိုးသားဖြစ်ပြီး (၂၅)ဦးသည် အမျိုးသမီးများ ဖြစ်ကြောင်း ပြောကြားသွားသည်။



ထိုသူများအနက် (၄၆)ဦးမှာ ရေနစ်ခဲ့ပြီး (၅)ဦးသည် ဓာတ်လိုက်၍ သေဆုံးသွားကြောင်းလည်း သတင်းများက ဆိုသည်။ ထို့အပြင် (၃)ဦးမှာ နေအိမ်ပြိုကျ၍ သေဆုံးပြီး (၂)ဦးမှာ မြေပြိုချိန်တွင် ပိမိခဲ့ရာမှ အသက်ဆုံးရှုံးသွားခြင်း ဖြစ်သည်။ (၂)ဦးသည် စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကြောင့် နှလုံးဖောက်ပြန် သေဆုံးပြီး (၂)ဦးမှာ အခြားအရာဝတ္ထုများနှင့် ထိခိုက်၍လည်းကောင်း၊ (၁)ဦးမှာ မိုးကြိုးပစ်ခံရ၍လည်းကောင်း အသီးသီး သေဆုံးသွားခြင်း ဖြစ်သည်။ အန်ဂျွန်က ပျောက်ဆုံးနေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနေဖြင့် ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေဦးမည်ဟု ဆိုသည်။



ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများအနက် (၃၈)ခုကို မြို့တော် ဆင်ခြေဖုံး အရပ်များတွင် တွေ့ရှိခဲ့ခြင်းဟု သိရသည်။ သေဆုံးသူများအနက် အသက်(၈)လအရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ပြီး ကလေးမလေးမှာ ကံမကောင်းစွာဖြင့် ရေနစ်သွားခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် နှစ်ပေါင်း(၆၀)ဝန်းကျင်အတွင်း အဆိုးရွားဆုံး မိုးသည်းထန်မှုများ ဖြစ်ပေါ်နေပြီး နိုင်ငံ၏ ပျမ်းမျှမိုးရေချိန်သည် (၁၇၀)မီလီမီတာထိ ရှိနေကာ ဖန်ရှန်တွင် (၄၆၀)မီလီလီတာထိ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

Source: XinhuaNet

ဘကြီးသက်
Unknown at 1:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

www.ypay.com.mm ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ပြည်တွင်းတွင် ဈေးဝယ်ယူနိုင်



www.ypay.com.mm ဆိုတဲ့ ၀က်ဘ်ဆိုဒ် မှတဆင့် ပြည်တွင်းမှာ အွန်လိုင်း ကနေ ဈေးဝယ် နိုင်အောင် AGD ဘဏ်နဲ့ ရတနာပုံ တယ်လီပို့တို့ ပူးပေါင်း
ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို သြဂုတ်လ ဆန်းပိုင်းမှာ စတင်နိုင်ဖို့  ခန့်မှန်း ထားတယ်လို့ AGD ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ အခုလို အွန်လိုင်း ကနေ ဈေးဝယ်ဖို့ အတွက် ကိုတော့ ၀ယ်ယူမယ့် သူတွေဟာ AGD ဘဏ်မှာ အွန်လိုင်း ပေးမန့် အကောင့် ဖွင့်ရမှာဖြစ်ပြီး ယခင် ကတည်းက အကောင့်ဖွင့် ထားပြီး သူတွေ ကတော့ အကောင့်သစ် ထပ်ဖွင့်စရာ မလိုဘဲ အွန်လိုင်း ပေါ်မှ ငွေပေးချေမှု ကိစ္စတိုင်းကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

AGD ဘဏ်အနေနဲ့ ဈေးဝယ်သူနဲ့ ရောင်းချသူရဲ့ အကြားမှာ ငွေပေးချေမှု ပေးမန့်ပိုင်း ကိုသာ အဓိက တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အွန်လိုင်းမှ မှာယူမှု အပိုင်းနဲ့ ၀ယ်ပြီး ပစ္စည်းများကို အိမ်အရောက် ပို့ဆောင်ပေးတဲ့ အပိုင်းတွေ ကိုတော့ ၀ယ်ယူသူနဲ့ အရောင်းပိုင်း တာဝန်ခံ ဖြစ်တဲ့ ရတနာပုံ တယ်လီပို့က နည်းပညာပိုင်း ချိတ်ဆက် တာဝန်ယူကာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီလို အွန်လိုင်း ကနေ ဈေးဝယ်မှု စနစ် ကိုတော့ ဗဟိုဘဏ် ကလည်း  ခွင့်ပြုပြီး ဖြစ်တယ်လို့ သိရပါတယ်။ မကြာခင်မှာ စတင် သုံးစွဲနိုင် တော့မယ့် www. ypay. com.mm ၀က်ဘ်ဆိုဒ်မှာ အွန်လိုင်း မှနေပြီး ၀ယ်ယူလိုသူ၊ ရောင်းချလိုသူတွေ အနေနဲ့  registration ၀င်ရောက် ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဘကြီးသက်
Unknown at 1:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် Theme Song ၅ ပုဒ် ရွေးချယ်


လာမယ့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် Theme Song ၅ ပုဒ် ရွေးချယ်ထား တယ်လို့ အားကစား
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ၂၀၁၃ မှာ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက်ကို သီချင်း အပုဒ်ရေ ၉၃ပုဒ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဆိုပါ ၉၃ ပုဒ်ထဲကမှ Theme Songs အတွက်ကို ယခု လက်ရှိမှာ ၅ ပုဒ် ရွေးချယ် ထားတာ ဖြစ်ပြီး ရွေးချယ်မှု ကိုတော့ ဂီအစည်းအရုံးရှိ ဂီတ ပညာရှင်များက စိစစ် ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

အဲ့ဒီ သီချင်း ၅ ပုဒ် ကိုတော့ ပြိုင်ပွဲဝင်များရဲ့ မူရင်း သီချင်းစာသားတွေ အတိုင်း မဟုတ်ဘဲ ဂီတ ပညာရှင်များက သီချင်း စာသားများ ချောမွေ့အောင် ပြန်လည် ပြင်ဆင်မှု အချို့ ပြုလုပ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ သီချင်း ၅ ပုဒ် ကိုတော့ နိုင်ငံကျော် အဆိုတော်များက ဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဲ့ဒီသီချင်း ၅ ပုဒ်ကို MTV မှရိုက်ကူး လျက်ရှိပြီး ရိုက်ကူး ပြီးစီးသွားပါက အားကစားပွဲ အတွက် လှုံ့ဆော်ရေး သီချင်းအဖြစ် အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 MRTV 4
ဘကြီးသက်
Unknown at 1:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆောင်းပါးရှင် ကိုမျိုး(မြန်မာစာ)

အသိတရားလေးရလာသလိုရှိသည်နှင့် အနည်းဆုံးတော့
ဆယ်ကျော်သက်ထက် ရင့် ကျက်လာဖို့ ကိုယ့်ကိုယ်ကိုယ်သတိပြုရန်
ကြိုး စားကြည့်၏။ ဦးစွာ ကြိုးစားသည်က လူငယ် လေးတွေအပေါ် နားလည်
ပေးနိုင်ဖို့ သူတို့ စကားတွေကို နားထောင်ပေးခြင်းဟုဆိုရမည်။
“အဲဒီမှာစတွေ့တာပဲ” ဟူသည့်စကားလို ရုပ်ရှင်ဗီဒီယို
သရုပ်ဆောင်ညီငယ်လေးတစ်ဦး ကို ဆုံကြည့်လိုက်သည်နှင့်
“တွေ့”ရပြီ။သူ့ အနေနှင့်ဒီကနေ့ လူတစ်ချို့ အပေါ်မြင်သည့်အမြင်က
“အာများပြီး ဘော်နည်းနေသည်”ဟူ၏။

““လူမှာ အာဘော်ဆိုတာရှိတယ်။ အာများပြီးဘော် နည်းနေရင်
အလုပ်မဟုတ်ဘူး။ အခုလူတွေ က အာများ
နေကြတယ်””ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုသော လူငယ်လေးအရှေ့မှာ
ကျွန် တော်ဘာစကားမှ မဟဖြစ်ခဲ့။ တကယ်တော့
ကျွန်တော် စကားမဟရဲခဲ့ခြင်းသာ။ “အာ” များသည်ကို မကြိုက်ဟု ဆိုနေသော လူငယ် လေးတစ်ယောက်ရှေ့ မှာအာများသူအဖြစ်မခံရဲ။
လူငယ် လေးတစ်ယောက်၏ ထင်မြင်သုံးသပ်မှုကို မခံ ယူရဲ၍ ဘာစကားမှ ခွန်းတုံ့မပြန်ဘဲ အာ မများသူလို ပုံမျိုးချိုးကာ လူငယ်လေးတစ် ယောက်၏ ကြည်ညိုလေးစားမှုကို ကျွန် တော်အကင်းပါးစွာ လိမ်ညာခံယူခဲ့ခြင်းဟု တစ်ချိန်မှာ ထိုလူငယ်လေး ပြန်သိသွားခဲ့ပါ လျှင်။

(ငယ်ရာကကြီးလာရသည့်လူ့ သဘာဝကြောင့်တစ်ချိန်မှာပြန်မသိစရာမရှိ။)
မည်သို့ ဆိုစေ အနာဂတ်၏ ခေါင်းဆောင်ကောင်း ခေါင်းဆောင်လောင်းတွေကို အမုန်းမခံရဲရုံမျှဖြင့်၊ ၎င်းတို့ အကြည်ညို ခံရရုံမျှဖြင့် လူငယ်တို့နှင့် သဘောသဘာဝ တူသယောင် ပြုနေကြခြင်းမျိုးတွေကို ယနေ့ Facebookပေါ်မှာပင်အများအပြားတွေ့ မြင်နေရသည်ဖြစ်၍ အနာဂတ်အရေး ဘုးရားတ စရာ ကျွန်တော်တို့မှာ သေဖေါ်ညှိစရာမရှား.....။

“ရောဂါ”

ကျွန်တော်တို့၏ ကြည့်မှန်Facebookအကြောင်း ပြန်ဆက်လျှင်
ကြည့်မှန်မှာ ကျွန် တော့်ကိုယ် ကျွန်တော်ပြန်မြင်ရသည်က
အသက်လေး ရလာသည်နှင့်အမျှ သူတစ်ပါး စာတွေကို ဖတ်ပြီး နည်းနည်းတော့ ဝေဖန်လိုက်ရမှ ဆိုသည့် စိတ်လေးရှိနေသည် ဆိုခြင်း ပင်။ ကွန်မန့်ပေးသည့် ယဉ်ကျေးမှုမှာ ကျင့် ၀တ် မည်သို့ရှိလေသည်တော့
မသိပါ။ သို့ သော် ဆရာလုပ်လို့ လုပ်မှန်းမသိသာရလေ အောင် ညည်းကြွားလေးတွေနှင့် ၀င်ပညာ ပေးသွားတတ်ကြ။
ဟိုလိုလား။ ဒီလိုလားပင် မသိရလေအောင် နှစ်ခွပညာပြတာမျိုး တွေကို
လည်း ပညာယူလိုလျှင် ရနိုင်ပေမယ့် ကြီးမိုက် ကျွန်တော်ကတော့ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် အုပ်စုဖွဲ့ထားသူတွေကြား မိုက်ဂုဏ်လေး ပြကာပြကာ သွားဝေဖန်လို၍ မထီမဲ့မြင်ပြု ခံရတတ်သည်လည်း ရှိ၏။

အဆုံးမှာ ကိုယ်ဝင်ပြောတာ မကြိုက်၍ Like ပြန် အလုပ်မခံရသော ကွန်မန့်တွေအတွက် ကိုယ်သာ ရင်ထဲ မခံချိမခံသာ ပြန်ဖြစ်ရသည့် ဖြစ်အင်နှင့်မကျေနပ်ချက် နှစ်ဆတိုးရသည်။
စောစောက ဝေဖန်တာ “ကောင်းစေချင်လို့” ဆိုသော စေတနာ၊ နောက်တော့
ကိုယ်ကို မထေမဲ့မြင်ပြုလေခြင်းဟု သူဘာလုပ်လုပ်
ဝေဖန်ချင်လာသော ဝေဒနာ (ရောဂါ)။

သြော်...ရောဂါ..ရောဂါ.. ကြည့်မှန်မှာပင် သတိပြု ဆင်ခြင်သင့်သည်ကို မြင်မိ၊ သတိပြုမိသည့်တိုင် ကျွန်တော်အဖို့မှာ ဆင်ခြင်နိုင်ဖို့ ကိုတောင်တော်တော်ကြိုးစား အားထုတ် ရပါဦးမည်ဆိုသည်က သေချာ၏။
မှတ်မှတ်ရရ ကျွန်တော့မှာ နိုင်ငံတော် သတင်းစာစောင်တွေက ကူးယူရေး မှတ်ထားသော စကားများရှိပါသည်။

ဆက်လက်ဖော်ပြပါမည်
ကိုမျိုး(မြန်မာစာ)

ဘကြီးသက်
Unknown at 1:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.