Tuesday, June 26, 2012

ဂွမြို့တွင် ဖမ်းမိသော ဘင်္ဂါလီ တစ်ရာခန့် ကို စစ်ဆေးရန် သံတွဲ ရဲစခန်းသို့ ပို့ဆောင်ပြီ

ရခိုင်ပြည်နယ် ဂွမြို့  အနီးတွင်ရှိသော ကျွန်းတစ်ကျွန်းတွင် တရားမ၀င် ၀င်ရောက် လာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမ၀င် ၀င်ရောက်လာသည့် လူများအနက် အချို့ကို စက်လှေတစ်စင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ဂွမြို့တွင် ငါးဖမ်းရှာနေသည့် ဒေသခံရေလုပ်သား အချို့က တွေ့ရှိခဲ့ရာ တာဝန်သိ ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ယင်းအကြောင်းကြားမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါကျွန်းသို့  ထွက်ခွာပြီး လိုက်လံ ရှာဖွေရှာ တရားမ၀င် ၀င်ရောက်လာသူ လူဦးရေ ၁၀၀ နီးပါးခန့်ကို တွေ့ရှိခဲ့သဖြင့် ယင်းတို့ကို ဂွမြို့သို့ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

"လူတွေကများတော့ အတိအကျ စာရင်းကို ကျွန်တော်တို့မရလိုက်ဘူး ဖမ်းဆီးလာတဲ့သူတွေကို သက်ဆိုင်ရာက ကားပေါ်တင်ခေါ်တဲ့အချိန်မှာ ရေတွက်ကြည့်လိုက်တာတော့ ၈၈ ဦး တွေ့ခဲ့ရပါတယ် သူတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သံတွဲရဲစခန်းကို ပို့ဆောင် လိုက်တယ်လို့ သိရပါတယ်  ၊သူတို့ ဘယ်ကနေ၀င်လာပြီးတော့ ဒီကျွန်းကို ဘယ်အချိန်ကတည်းကရောက်နေတာကိုတော့ ကျွန်တော်တို့လည်း အတိအကျမသိရသေးပါဘူး  " ဟု ငါးဖမ်းစက်လှေပိုင်ရှင် ဒေသခံတစ်ဦးက Flower News သို့ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မီဒီယာဂရုပ်မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက "ဒီသတင်းဟာ မှန်ကန်ပါတယ် လူ ၁၀၀ နီးပါးလောက် ရှိမယ်လို့ သတင်းရထားပါတယ် ဒီလူတွေကို အခုဆိုရင် သံတွဲရဲစခန်းက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ စီစဉ်နေပါတယ်   " ဟု ပြောကြားသည်။

ဂွမြို့သို့ တရားမ၀င် ၀င်ရောက်လာသူများကို တွေ့ရှိခဲ့သည့် အဆိုပါကျွန်းကို ရောက်ရှိရန် ဂွမြို့မှ စက်လှေဖြင့် တစ်နာရီ ခန့် အချိန်ယူပြီးသွားလာရကြောင်း သိရသည်။

"ပြည်သူတစ်ဦးအနေနဲ့ ပြောချင်တာက ယခုဆိုရင် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ယခုအချိန်အထိ ယခင်လို မဖြစ်သေးတာကိုလည်း ကြားနေရပါတယ် အထူးသဖြင့် ဒီလို တရားမ၀င် ၀င်ရောက်လာတဲ့ လူတွေကို စနစ်တကျ မှန်မှန်ကန်ကန် စစ်ဆေးဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကို ယခင်ထက် ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဆောင်ရွက် ဖို့လည်း လိုအပ်လာပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ဟာ ဘင်္ဂလားပင်လယ် အနီးမှာရှိတဲ့အတွက် တရားမ၀င် ၀င်ရောက်လာတဲ့   သူအများစု ဟာလည်း ရေကြောင်းကို အသုံးပြုပြီးတော့ ၀င်ရောက်နေကြတာကို ယခင်ကလည်း ကြားသိနေရသလို ယခုဆိုရင်လည်း ကျွန်တော်တို့ ဂွ မြို့ဘက်ကိုတောင် ၀င်ရောက်လာတာကို တွေ့နေရပြီဖြစ်တဲ့ အတွက်  နောက်နောင် ဒီလိုမျိုး ကိစ္စတွေ ထပ်မံမပေါ်ပေါက်လာဖို့ကတော့ နိုင်ငံတော် အစိုးရအနေနဲ့လည်း ရေပြင်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ ကျွန်တော် မြင်ပါတယ် " ဟု စက်လှေပိုင်ရှင်  ဂွမြို့ဒေသခံတစ်ဦး က အကြံပြုပြောကြားသည်။

စောမြင့်သန်း(ပေါက်တော)( Yangon Media Group)

ဘင်္ဂါလီလူမျိုး တဦးအားတွေ့ ရစဉ် ဓါတ်ပုံ-Google Images

ဘကြီးသက်
Unknown at 5:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကစီများ အင်္ဂလိပ်အက္ခရာနံပါတ်သို့ ပြောင်းမည်




နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် အငှားယာဉ် (Taxi)များ၏ မြန်မာအက္ခရာ နံပါတ်များအား အင်္ဂလိပ်အက္ခရာ နံပါတ်အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်သက်တမ်း တစ်လျှောက် အငှားယာဉ် Taxi အဖြစ်သာ အသုံးပြုရန်အတွက် တင်သွင်းလာပြီး မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံသည့် ယာဉ်များအား သာမန်ယာဉ်များနှင့် ရောထွေးမှု မရှိစေရန်၊ နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန်နှင့် ပြောင်းလဲမှုများ မပြုလုပ်စေရန်အတွက် သီးခြားယာဉ်အမှတ်အဖြစ် အင်္ဂလိပ်စာလုံး၊ ဂဏန်းဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ “နိုင်ငံခြားသားတွေအတွက် ကောင်းပါတယ်။ ကျွန်တော့် အမြင်တော့ မြန်မာရော အင်္ဂလိပ်ပါ နှစ်မျိုးစလုံး ပါသင့်တယ်လို့ မြင်ပါတယ်။ တချို့မြန်မာတွေ အင်္ဂလိပ်လို မဖတ်တက်ပါဘူး” ဟု ဝါးခယ်မထရေးဒင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။ ယင်းသို့ သီးခြားယာဉ်အမှတ် သတ်မှတ်ရာတွင် အောက်ခံအနီရောင်တွင် အင်္ဂလိပ်စာလုံး၊ ဂဏန်းအား အဖြူရောင်ဖြင့် AA-1001 မှ 9999 အထိ သီးခြား သတ်မှတ်ပေးသွားမည်ဖြစ်ပြီး AA ကုန်ဆုံးပါက BB, CC ဖြင့် ဆက်လက် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားသားများအတွက် အမှန်တကယ် အဆင်ပြေမှု ရှိစေလိုလျှင် Taxi များအား အဆင့်မြှင့်တင်ပေးရန်လိုအပ်ပြီး အဆင့်မြှင့်တင်ရမည့် နည်းလမ်းများကို ရှာဖွေသင့်ကြောင်း ဒေါက်တာစိုးထွန်းက သုံးသပ်သည်။ “ကိုယ့်နိုင်ငံက Taxi တွေက မိုးယိုတာနဲ့၊ လေတိုက်တာနဲ့ ကိုယ့်မြန်မာအချင်းချင်း စီးဖို့တောင် သိပ်အဆင်မပြေဘူး။ နံပါတ်ပြောင်းရုံနဲ့တော့ ထူးခြားတဲ့ ဝန်ဆောင်မှုကို ဖြစ်စေမှာမဟုတ်ပါဘူး” ဟု ယင်းက ဆက်ပြောသည်။ ယင်းသို့ Taxi များအား သီးခြား သတ်မှတ်ရန် ထုတ်ပြန်ချက်ကို ဇွန် ၁၅ ရက်တွင် အဆိုပါ ဌာနမှ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘကြီးသက်
Unknown at 5:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထူးထူး ခြားခြား မြန်မာပြည်က အထူးဘတ်စ်ကား



ရန်ကုန် ဘတ်စ်ကားတစီး
ဒီတစ်ခေါက် ကျွန်တော်သဘောင်္မှ ပြန်လာတော့ မြန်မာနိုင်ငံမှာ အတော်ထူးခြားသော အပြောင်းအလဲ များ ကြုံရပါသည်။

တစ်ခေါက်တစ်ခါ ပြန်လာတိုင်းလည်း ကြုံနေရခြင်းဖြစ်သည်… ဒါပေမယ့် ဒီတစ်ခါ ကတော့ အတော် ပြောင်းလဲ သွားသည်ဟု ဆိုရမည်ဖြစ်သည်…. ရှော့ပင်းမောများ အပြိုင်းအရိုင်းပေါ်ထွက်လာ သည်…. ဆယ်လိုတိတ်ကပ်ပိုက်ဆံများ အတော်ပပျောက်သွားသည်…။

ဒေါ်အောင်ဆန်းဆုကြည် ၏ပုံများ လွတ်လပ်စွာ ၀ယ်ယူခွင့်ရလာသည်…ဒီမိုကရေစီ လမ်းကြောင်းပေါ် အမှန်တကယ် နီးပါးလျှောက်လှမ်းလာသည်…. ကြားဖြတ်ရွေးကောက်ပွဲမှာ ခွပ်ဒေါင်းတွေ အပြတ် အသတ်နိုင်ပြန်သည်။ ကားဈေးတွေ တမဟုတ်ချင်းထိုးကျသွားသည်။ လွတ်လပ်စွာ ကားတင်သွင်း ခွင့်တွေ ပေးလာသည်။ ဖုန်းဈေးတွေ ထိုးကျကုန်သည်။ ဘတ်စ်ကားများလည်းအတော်ပေါများလာပါသည်။

ပြောချင်သည်က အဲဒိ ဘတ်စ်ကားပဲဖြစ်သည်။ ဘတ်စ်ကားများ ပေါများ လာတာ ၀မ်းသာစရာပေါ့ဆိုတော့..
လက်ခံပါသည်။ တကယ်ကို ၀မ်းသာစရာကောင်းပါသည်။

မထသကလည်း အထူးယာဉ်များ ပြေးဆွဲပေးသည်။ ပါရမီကားများ လည်းအတော်များလာသည်။ အဓိပတိ က လည်း ဖြူနီဝါပြာ စသဖြင့် လိုင်းပေါင်းများ စွာပြေးဆွဲပေးနေသည်။

အလွန်ကောင်းပါသည်။ ကားကို ရုံးဆင်းရုံးတက်ချိန်လောက်မှ လွဲရွေ့ ကျန်အချိန်များတွင် သက်တောင့်
သက်သာ ထိုင်စီးနိုင်လာပါသည်။

သို့ သော် ကျွန်တော် အတော်ကလေး မရှင်းသည့် အချက်တစ်ချက်ကို တွေ့ရပါသည်။ အထူး.. (special)
ဆိုသည့် ယာဉ်လိုင်းများက လူတစ်ဦးကို နှစ်ရာကောက်ပါသည်။ အဓိပတိက လည်း ထူးတယ်ဟု ဆိုကာ
ဘယ်စီးစီးနှစ်ရာကောက်သည်။ ၃၉ အထူးဆိုလျှင်တစ်ခါတစ်လေ သုံးရာတောင်တောင်းတတ်သေး သည်။ ရွှေဧည့် သည် ကတော့ နှစ်ရာဖြစ်လိုက်သုံးရာဖြစ်လိုက်ကောက်ချင်သလိုကောက်သည်။

ဒီလိုတွေ ကောက်တာတော့ ဟုတ်ပါပြီ.. အဲဒီ အထူးယာဉ်တွေက ဘာထူးခြားလို့ တုန်းဆိုတော့ ထိုင်ခုံ ပိုများ
ပြီး ပေါက်ပြဲနေသော ဆိုဖာများရှိနေခြင်းမှ လွဲရွေ့ ဘာမှ ပိုမထူးတာတော့ သေချာသည်။

ထိုင်ခုံပြည့်လျင်မတ်တပ်လည်း တင်သည်။ ဒါဆို ဘာလို့ နှစ်ရာကောက်တာလဲ စဉ်းစားလို့ မရဖြစ်မိသည်။
ထိုင်ခုံဆိုလို့ လည်း ထိုင်ခုံဆိုရုံပဲဖြစ်သည်။
ကျွန်တော်က သဘောင်္သားဆိုတော့ ဗိုက်အနည်းငယ်ရွှဲပါသည်။ ဂတ်စ်အိုးများ ပေါ် တွင် စောင့်ကြောင့်ထိုင်ရုံ သာသာ ထိုင်ခုံများမှာအတော်ကလေး ဒုက္ဒပေးပါသည်။ နောက်တစ်ခုက သုံးယောက်ခုံဟု ဆိုသော ခုံမှာ.. လူခပ်ပိန်ပိန်သုံးယောက်သာ ကျပ်ညပ်ထိုင်နိုင်ရုံဖြစ်နေသည်။ ကျွန်တော့ စိတ်ထင် အီသီယိုးပီးယားမှ လူ များ ကျော အကျယ်နှင့် တိုင်းရွေ့းလုပ်ထားသော ထိုင်ခံဖြစ်မည်ထင်သည်။

ဒီကြားထဲ ထိုင်ခုံတွေမှာ လူများများထိုင်နိုင်အောင် ရှေ့ ခုံနောက်ခုံကို ကျပ်ညပ်ထားပါသည်… တစ်ခုတော့ ကျေးဇူးတင်စရာရှိသည်။

ကျန်းမာရေးရှုထောင့်မှကြည့်လျှင်ဖြစ်သည်.. မြန်မာပြည်မှ ဘတ်စ်ကားစီးလိုလျှင် အဆီအဆိမ့်လျှော့စား
အငန်လျှော့စား ပိန်အောင်လုပ်။ မဟုတ်လို့ ကတော့ တက်စီးဖို့ ပင်မစဉ်းစားလေနှင့် တစ်ခါက ဆို ကျွန်တော်အတော်လေးဒုက္ဒရောက်ပါသည်။

တက်လိုက်သည်က ၁၅၇ ဖြစ်သည်မြောက်ဥက္ကလာသွားသော ကား အဆင်ပြေရာခုံ ဆိုတော့ နှစ်ယောက် ထိုင်ခုံတစ်လုံးမှာဝင်ထိုင်လိုက်သည်။ ကိုယ်က လူဝမဟုတ်လား။ သုံးယောက်ထိုင်ခုံဆိုလုံးဝမဖြစ်။ ဒါပေမယ့်
ထုံးစံအတိုင်းဒူးက မလွတ်.. ဒူးကို နည်းနည်းလျှောပြီး ရှေ့က ခုံအောက်မှာ သွင်းစီးရသည်။

ထိုင်ရတာကို ကအတော်ကိုးလို့ ကန့်လန့်ဖြစ်နေသည်။ ကားစထွက်တော့ ဘရိတ်ကို စောင့် အုပ်တိုင်း ကျွန်တော့ပေါင်းနှင့် ရှေ့ ခုံမှ သံတန်းသွားသွားစောင့်မိပါသည်။ စီးလာရင်းကနေ ကျွန်တော်ကျွန်တော့
ခြေထောက်ကို ပြန်ထိလို့ မရဖြစ်လာသည်။

ကျင်လာသည် ထုံလာသည်။ ဒါနဲ့ ကြိတ်မှိတ်စီးလာပြီးမြောက်ဥက္ကလာ ရောက်တော့မှ ဆင်းလိုက်သည်။ ထုံးစံအတိုင်း အလယ်လမ်းမှာ လူပြည့်တင်ထားတာမို့ အတော်တိုးထွက်ရသည်။ စပယ်ယာလေးကလည်း ကူတော့ ကူညီရှာပါသည်။

ကားအောက်ရောက်တော့ကျွန်တော့ ခြေထောက်က လမ်းလျှောက်လို့ မ ရတော့ အတော်ထုံပြီး ကျင်နေပြီ
အေးစက်စက်ကြီးဖြစ်နေသည်။ ကြွက်တက်ချင်သလိုပင်ဖြစ်လာသည်။

ဒီအတိုင်းခပ်ကြာကြာလေးရပ်နေရင်းခြေထောက်ကို ခါလိုက်ပြန်ဆန့်လိုက် လုပ်တော့ မှ အနည်းငယ် သက် သာပြီးလှမ်းလျှောက်လို့ရသည်။

ဒါက ထိုင်ခုံကိစ္စဖြစ်သည်။ အထူးထိုင်ခုံဟု သာ ကျွန်တော်မှတ်ယူထားလိုက်ပါသည်။ နောက်တစ်ချက် က လူပြည့်တင်သည့်ကိစ္စ။ ဒါကလည်း နှစ်ဦးနှစ်ဘက်လုံးတာဝန်ဖြစ်သည်။ အစကထိုင်ခုံပြည့်သာ လူတင်သည် ဆိုသောကားများ ထိုင်ခုံပြည့်လူတင်ရန် ထိုင်ခုံနေရာတွေ အများကြီးလုပ်ပြီး။

လူသွားလမ်းကို ကျဉ်းနိုင်သမျှ ကျဉ်းထားလိုက်သည်….. အခုတော့ ထိုင်ခုံပြည့်လျှင်မတ်တပ်ပါတင်လာသည်။ ဘယ်သူမှလည်း မဖမ်း၊ မတား၊ ခရီးသည်ဘက်ကလည်း အိမ်မြန်မြန်ရောက်ချင်ဇောဖြင့် မတ်တပ်လည်း လိုက်သည်။ လိုက်တော့တင်သည်ပေါ့။ ဒီကိစ္စက အတက်အဆင်းကျမှ ဒုက္ခရောက်တော့ သည်။
အလယ်လမ်းကကျဉ်းလွန်းသောကြောင့် ထွက်သည်အခါ အတော်တိုးထွက်ရသည် ဒီလောက်ကျဉ်းတဲ့ အလယ်လမ်းမှာ လူနှစ်ယောက်စီကို ကျောကပ်ရွေ့ စနစ်တစ်ကျ ထည့်တတ်သော စပါယ်ယာနေရာချတတ်ပုံကို ကြိတ်၍ပင်ချီးကျုးမိသေးသည်။
ကျွန်တော်က ခပ်၀၀မို့ ပို ဒုက္ခရောက်ပါသည်။ အချို့ ခရီးသည်များ ကတော့နားလည်မှုရှိကြသည်။ ကိုယ်ကို ယို့ ပေးတာ ဘာညာလုပ်သည်။ တစ်ချို့ကျတော့ ခပ်မာမာပဲဖြစ်သည် ဒါကိုကိုယ်က အတင်းတိုးမိပြန်လျှင် လည်း(အဲလောက်ဝရင်လည်း ဘတ်စကားစီမနေပါနဲ့လား)ဘာညာနှင့်အပြောခံရပါသည်။

(မကြားတကြားဖြစ်သည်) ကျွန်တော်ကလည်း လူစွာပဲကို .. ဒါမျိုးပြောလို့ ကတော့ပိုဖိ ပြီးတိုးပြစ်လိုက်သည် ချည်း ကိုယ်က ခံရသည်မဟုတ်သူက အတိုးခံရသူ သူပဲနာမည်။

ထားပါလေ…

ဒီကြားထဲ အထိမခံရွှေပန်းကန် မမများနှင့်တွေ့လို့ ကတော့ သေပြီသာမှတ်.. (ဘာလို့ အတင်းတိုးတာ လဲ…နင့်အကြံသိတယ်နော်.. ဟင်းဟင်း ဘာညာ) လုပ်တတ်သေးသည်။

အဲဒီလို အော်လို့် ချောချောလှလှချစ်စရာလေးဟု မထင်ပါနှင့်.. ရွက်ကြမ်း ကို နှစ်ရေသုံးရေကြိုထားတဲ့ ရုပ်ကို မှ အသက်က သုံးလေးဆယ်။

အပျိုမှ အတော်ဟိုင်းသောအရွယ်မျိုးဖြစ်သည်။ ဒါကြီးတွေက ပို တတ်သည်ပဲလေ။ ကြည့်ရှောင်ရပါသည်။
ဒါက အလယ်လမ်းပြသနာဖြစ်သည်… ထူးလည်း ထူးတဲ့ အလယ်လမ်းမို့ အထူးအလယ်လမ်းဟု သာ
မှတ်ယူထားလိုက်ပါသည်။

နောက်ပြဿနာ တစ်ခု က စပါယ်ယာဖြစ်သည်။

ဒီကိစ္စကို အရင်ကတော့ ဂျာနယ်တွေမှာ စပါယ်ယာတွေ အတော်ဆိုးလို့ ရေးလိုက်ကြတာ.. စပါယ်ယာများ
အတော်ကလေး ငြိမ်ကုတ် သွားသေးသည်… အခု တစ်စခန်းပြန်ထလာပြန်သည်။

ကဲ ပြန်ပြောရလျှင် သဘောင်္သားမို့ ကျွန်တော်က ၀ပါသည်။ တစ်ရက်တော့ မထသ ၃၉ အထူးကားကို အိမ်ရှေ့
မှတ်တိုင်ကနေတက်စီးလိုက်သည်… မထသစပါယ်ယာများ ကလည်း ယူနီဖောင်းနှင့်ဖြစ်သည်။

သို့ သော် ရင်ဘတ်ဟပြဲ ကွမ်းတပြစ်ပြစ် ဘောင်းဘီခေါက်လျှက်နှင့်။ ဒါတွေထားပါလေ ရာသီဥတုက ပူသကိုး။ သူတို့ ကိစ္စပဲပေါ့။ ကားပေါ်ရောက်တော့ ကျွန်တော့လို ပဲ ခပ်၀၀တစ်ယောက်ကရှေ့နားမှာစီးလာသည်။

ကျွန်တော်လည်း အနောက်ကို မတိုးတော့ အရှေ့ ကိုသာတိုးပြီး… ထိုခပ်၀၀လူအနားကို သွားရပ်လိုက်သည်။
အနောက်ကို တိုးလျှင် လမ်းပိတ်တယ် ဘာညာ အပြောခံရဥိးမည်မဟုတ်လား။ နားလည်ပါသည်။

ဒါနဲ့ အလုံနားကမှတ်တိုင်တစ်ခုရောက်တော့ စပါယ်ယာ တစ်ယောက်က နောက်တစ်ယောက်ကို ပြောသည်။
(ဟေ့ကောင်လူခေါ်လေကွာ… တင်မယ်.. ဒီတစ်မှတ်တိုင် အကုန်တင်မယ်)
ဒါကို နောက်စပါယ်ယာက… ကျွန်တော်တို့ နှစ်ယောက်ကို လက်ညှိုးထိုးပြီး (မင်းကြီးတော်ကြီးထဲ မှ.. ဟို အတ်တဘောနှစ်ယောက် တောင်တင်ထားတာ ဘယ်နားသွားတင်မလဲ…) ဟုပြောပါသည်။

ကျွန်တော်အတော်စိတ်ကို ထိန်းပါသည်။ ဘာပြန်ပြောရမှန်းလည်း မသိပါ။ စကားကလည်း ပါးစပ်ကထွက် မလာပါ။ ဒေါသထွက်လွန်းလို့ဖြစ်သည်။ ဒါနဲ့ တိုင်စရာ ဖုန်းနံပါတ်ကို လိုက်ရှာဖို့ သတိရလိုက်သည်။
လိုက်ရှာသည်. တွေ့ပါပြီ…. ကျေနပ်မှုမရှိက တိုင်ကြားရန်ဆိုသည့် စာတန်း… အောက်က
ဖုန်းနံပါတ်ကို တော့ မီးကပ်သည် တိတ် (Electrical tape) အမဲဖြင့် ကပ်ထားပါသည်။

မမြင်ရပါ….
ကောင်းရော ဘယ်ကို သွားတိုင်ရမည်နည်း။ ဒီအတိုင်းပဲ အောင့်အီးသည်းခံပြီး စီးလာလိုက်ရသည်။
ဒါက တစ်ကြိမ်ဖြစ်သည်။ ဒီလိုပဲ အကြိမ်ကြိမ်ကြုံရပါသည်… ကျွန်တော်တို့ နားက မှတ်တိုင်က လူ အတက် နည်းတာမို့ ကားကို အရှိန်လျှော့ပြီး နောက်ကနေတွန်းချတာ…(ယောက်ကျားလေး တစ်ယောက် တည်း ဆရာရေ.. ဆို အသင့်သာပြင်ထားပေတော့ .. နောက်ဆို ဘတ်စ်ကားစီးဖို့ လေထီးခုန် သင်တန်းတက် ထားသင့်သည်ဟုထင်သည်)။

တက်ခါနီးနောက်ကားလိုက်လာလို့ဆိုပြိး.. အတင်းမောင်းထွက်ပြေးတာ… စကားကို မခြေမငံ့ပြောတာ…
ရပ်မယ့်မှတ်တိုင်မှာ မရပ်ပဲ… နောက်တစ်မှတ်တိုင်ကို ကျော်ရပ်ပြီး ဆင်းခိုင်းတာ…. တွေးရင်
ဒေါသထွက်စရာတွေချည်းဖြစ်သည်…..


ဒါနဲ့ တစ်ခေါက်တော့ တိုင်ဖြစ်အောင်တိုင်ဦးမည်ဟုတေးထားပြီး…ကားပေါ်တက်တိုင်းဖုန်းနံပါတ်ကို
ရှာပါတော့သည်… ကံကောင်းထောက်မစွာ တွေ့ပါသည်…. တစ်စီးဆိုမှ ဒီတစ်စီးတည်းဖြစ်သည်… ဒါသူတို့
မီးကပ်တိတ်နဲ့ ကပ်ဖို့ မေ့နေတာဖြစ်မည်…. မှတ်ထားလိုက်သည်….


အိမ်ရောက်တော့ မှ ဖုန်းဆက်တိုင်ပါသည်….. တစ်ဘက်မှ အေးဆေးစွာပဲပြန်အဖြေပေးပါသည်….
(စိတ်ချပါကျွန်တော်တို့ အရေးယူလိုက်ပါမယ်)

ကျွန်တော်အတော်ကျေနပ်သွားသည်.. ဒါနဲ့ နောက်နေ့ မနက်ကားစီးသည်.. ဒီအချိန်ဒီကားနဲ့ တိုက်ဆိုင်နေ ကျမို့… ဒီစပါယ်ယာကို တွေ့နေရသည်…. ထားပါလေ.. မနေ့ ကမှ ပြောထားတာဆိုတော့..
နောက်မှပြောမယ်ထင်တယ်ပေါ့….

ဒါနဲ့ နောက်တစ်ရက်နှစ်ရက် သုံးရက်.. တစ်ပတ်… သိပ်မဟုတ်တော့… ကျွန်တော်တိုင်ထားတာကို ဘာမှ အက်ရှင်မယူ… ကျွန်တော်ဖုန်းထပ်ဆက်သည်…ကားနံပါတ်.. စပါယ်ယာ နံပါတ်.. နာမည်နှင့်တကွ..
တိုင်ကြားပြန်ပါသည်….

အေးဆေးစွာပဲအဖြေပေးပါသည်..
(စိတ်ချပါကျွန်တောတို့ ထိရောက်စွာအရေးယူလိုက်ပါမယ်)
ဒါပဲဖြစ်သည်…. ဒီတစ်ခါတော့ မကျေနပ်နိုင်…. နောက်နေ့ မနက်.. ထို စပါယ်ယာရဲ့ ကားကို
ထိုင်စောင့်နေလိုက်သည်…

လာပါပြီ.. စပါယ်ယာကတော့ အေးဆေးပဲဖြစ်သည်… မျက်နှာကမာမြဲမာသည်..ဟောက်မြဲဟောက် သည်.. ပါးစပ်စည်းမရှိမြဲမရှိပြောနေသည်….. ဒီကြားထဲ လမ်းမှာတွေ့သော မိန်းကလေးများ ကို လှမ်းစလိုက်သေး သည်.. … (သဲလေး…. ဟေ့.. လိုက်ခဲ့လေ.. အိမ်ကို ဘာညာ) ပေါ့….ကျွန်တော်စိတ် ကို လျှော့လိုက်ပါသည်….

ဘာမှ မတတ်နိုင်ပါ…..
နောက်လပေါင်းများစွာအထိ ထို စပါယ်ယာ အေးဆေးစွာပဲ… အလုပ်လုပ်နေပါသေးသည်….
ဒါက စပါယ်ယာတွေဖြစ်သည်… ကျွန်တော်ဘာမှ မတတ်နိုင်ရခြင်းကို လည်း စိတ်မပျက်တော့ ပါ….
သူတို့ က အထူးစပါယ်ယာတွေ မဟုတ်လား…….

ဒီလိုသာ မှတ်ယူထားလိုက်ပါတော့သည်…..
အထူးကားများ၏ ထူးခြားမှုများက ပြောလျှင်ကုန်ဖွယ်ရှိမည်မထင်ပါ…အထူးဒရိုင်ဘာများရဲ့ ..
ကားချင်းပြိုင်မောင်းတာ…

တစ်ချိန်တည်းမှာ သုံးစီး (ဥပမာ အဓိပတိအ၀ါချည်းသုံးစီး) ပြိုင်ရပ်လို့… နောက်တစ်စီးစီးဖို့
နာရီနဲချီစောင့်ရတာ… အဲ မကျေနပ်လို့လည်း စပါယ်ယာတွေကို သွားမပြောလေနှင့်… ဟိုတစ်လောက
စပါယယ်ယာတွေ သွေးစည်းညီညွတ်ပြီး… ရပ်ကွက်ထဲ ၀င်ရိုက်သွားတယ်ဆိုလား…

ဒါမျိုးတွေလည်းရှိသေးသည်… (တစ်ခါတစ်ခါ စဥ်းစားမိသည် .. ကျွန်တော်သာ game developer ဖြစ်လျှင်..
ဖော်မြူလာဝမ်းလို ကားမောင်ပြိုင်ပွဲနေရာမှာ…. မထသ.. အဓိပတိ ပါရမီ.. ရွေဧည့်သည်.. စတဲ့ ဘတ်စ်ကားတွေ အစားထိုးပြီး.. ရန်ကုန်လမ်းများမှာ ပြိုင်ခိုင်းသည့်.. game မျိုးရေးကြည့်မှာပဲဟုဖြစ်သည်…

အတော်ရောင်းကောင်းမည်ထင်သည်…)
ကျွန်တော့ အတွေးတွေ မှားနေကြောင်းတဖြည်းဖြည်းတော့ နားလည်လာပါသည်…. အထူးကားများ
မထူးခြားဆိုသည် အတွေးများ .. ကို လက်မခံတော့ပါ…. မှန်ပေသည်… အထူးကားများ အင်မတန်ကို
ထူးခြားပါသည်…. နှစ်ရာတန်အောင်လည်း သည်းထိတ်ရင်ဖိုဖြစ်ရပါသည်….

Junction square မှ သရီးဒီ ကိုနှစ်ထောင်သုံူးထောင်ပေးမကြည့်ပါနှင့်….. နှစ်ရာအကုန်ခံပြီး အထူးကားကို သာတက်စီးလိုက်ပါ….

သရီးဒီမဟုတ်… မြင်ကွင်း အတော်ကျယ်သော အရသာနှင့် သည်းထိတ်ရင်ဖိုကော.. ဒေါမနသပါ
ပွားနိုင်ပါသည်…တယ်လည်း ထူးခြားသည့် အထူးကားများ ပဲဖြစ်ပါသည်….

ဒါနဲ့ ဒီတစ်ခေါက်ပြန်မလာ ခင်…. နောက်ဆုံးရောက်ခဲ့ သည် ကနေဒါနိုင်ငံက ဗန်ကူးဗါး..(Vancouver)
ဆိပ်ကမ်းမှာ ကမ်းဆင်းရင်း… ဘတ်စ်ကားစီးရတာကို သွားသတိရပါသည်…

ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေရင်း ကားလာတော့ ကျွန်တော်တို့ က မြန်မာပီပီ.. ကိုယ်အရင်တက်ဖို့
ထရပ်လိုက်ပါသည်… ဘေးဘီကို ကြည့်တော့ ဘယ်သူမှ ထမရပ်.. ကားဂိတ်မှ ထိုင်ခုန်တွင် ခပ်အေးအေးပဲ ထိုင်နေသည်…ကားကရပ်တော့ မှ… ထလာကြသည်…

ကားကလေးဘီးလုံးရပ်ပါသည်… ကားပေါ်ရောက်ရောက်ချင်းပိုက်ဆံပေးရန်စပါယ်ယာရှာသည်.. မရှိပါ..
ကနေဒါဘတ်စ်ကားမှာ စပါယ်ယာမပါပါ… ပိုက်ဆံအကြွေစေ့ထည်သောစက်ကလေးသာပါပါသည်…
ကားစီးချင်လျှင် အကြွေစေ့လဲထားရပါသည်….

အကြွေစေ့ကို လည်း ကြိုက်တဲ့ စတိုးဆိုင်မှာ လဲနိုင်သည်…. စီးနေကျ ခရီးသည်များ အတွက်တော့ ..ကဒ်ပြားလေး များ ပြ စီးလျှင်ရပြီ…. ကျောင်းသားများ အတွက်က ကျောင်းသားကဒ်ပြရုံဖြင့်စီးနိုင် သည်.. ပိုက်ဆံပေးစရာမလို… ကားခက .. ကနေဒါဒေါ်လာ နှစ်ဒေါ်လာခွဲဖြစ်သည်…..

ဖြစ်ချင်တော့ ကျွန်တော်တို့ တက်သည် ကားက… ဒရိုင်ဘာကလှမ်းပြောသည်…
( Today is ur luckyday… our machine is out of order ) ဟု ဆိုပါသည်… ပိုက်ဆံထည့်တဲ့ စက်ပျက်နေလို့ပိုက်ဆံပေးစရာမလို.. ဒီတိုင်းစီးနိုင်သည်…. တယ်ဟုတ်တဲ့ ကနေဒါပါတကား… ပိုက်ဆံ စက်ပျက်လို့ ..

ကားမဆွဲဘူးဆိုတာမရှိ…… ဒရိုင်ဘာကလည်း ဒီမှာလို ကော်မရှင်နဲ့ .. percentage နဲ့ ပေးတာမျိုးမဟုတ်လို့…
အေးအေးဆေးဆေးပဲမောင်းသည်… သူလစာက ပုံမှန်ရနေသည်ပဲ…. အဲ.. ဒီကြားထဲ.. ပိုက်ဆံထည့်ပြီးလျှင်
ticket လက်မှတ်လေး တစ်စောင်စက်က ဖြတ်ပေးတတ်သေးသည်…

တကယ်လို့ ကိုယ်သွားတဲ့ နေရာမှာ သိပ်ကြာကြာမနေပဲ သူတို့ လက်မှတ်မှာရေးထား တဲ့ အချိန် အတိုင်းပြန်လာနိုင်လျှင်..အပြန်ကားခပေးစရာမလို… အလကားစီးနိုင်သေးသည်…… ကားကလည်း ချောင်လို့ ချိလို့…. ဘယ်သူမှလည်း လုမတက်… တက်စရာလည်းမလို… ဒီ တစ်စီး လွတ်သွားလည်း
နောက်သုံးလေးမိနစ်စောင့်လျှင်နောက်တစ်စီးလာနိုင်သေးသည်….

နေချာစဉ်းစားကြည့်တော့ .. ကျွန်တော်တို့ ပေးလိုက်သော နှစ်ဒေါ်လာခွဲမတန်ပါ… သဲထိတ်ရင်ဖိုလည်း မရှိ….
ဘာလည်းမရှိ…. နောက်ကတွန်းချတာတွေ ဘာတွေ မပါ… အတော်ပြင်းစရာကောင်းသော
ကနေဒါဘတ်စ်ကားပါပေ…..

ထားပါလေ ဒါကလည်း သူ့အရပ်နဲ့ သူဇတ်မဟုတ်လား.. အဲဒီက ဒရိုင်ဘာတွေ ဒီမှာ လာမောင်းကြည့်စေ ချင်သည်…အထူး ဒရိုင်ဘာများ ၀ိုင်းရယ်လိုက်မယ့်ဖြစ်ချင်း….ကျွန်တော်ကတော့ .. အထူးကားသိမ့် မစိးတော့ ပါ… သည်းထိတ်ရင်ဖို တွေသိပ်များလျှင်နှလုံးရောဂါရမည်ဆိုး၍ .. ရိုးရိုးငါးဆယ်ကားသာပြောင်းစီးပါသည်….

ငါးဆယ်ကားကတော့ အဆင်ပြေသည်… ထိုင်ခုံမရလို့ မတ်တပ်စီးတောင်… သက်တောင့် သက်သာ ရှိသည်..ဆင်လျှင်လည်း တိုးစရာနေရာကျယ်သည်…..
အငြိမ့်မင်းသမီးများ ရည်းစားထားတော့ ဆိုသလိုပဲ….. သဘောင်္သားများ ဘတ်စကားစိးတော့
ဒီလိုပဲဖြစ်တတ်ပါသည်လေ။

စာကြွင်း.... ပြောဖို့ တစ်ခု ကျန်ခဲ့သေးတယ်... ကနေဒါဘတ်စ်ကားမှာ.. ဒရိုင်ဘာက အင်တာကွန်းက နေ... မှတ်တိုင်ပဲ ကြော်ငြာတာဗျ... မီးပွိုင့်ဖြတ်မယ် တန်းတွေ ဂွင်းတွေ ကိုင်ထားတို့ .. လက်တို့ တောင်းရင် ရှက်ဖို့ ကောင်းတယ်.. တို့ တိုးစမ်းပါဗျာ အနောက်မှာ အချောင်ကြီးပါတို့။

ဆိုင်းဘုတ် တက်မယ်ဆရာရေတို့ ... နောက်ကားပါမလာ ဘူး.. ကျောက်ချလိုက်တို့.... ဆင်းဆင်းဆင်း..... တက်တက် တို့ မပြောဘူးဗျာ... ဘာမှ မကြားရတော့ ဆားမပါတဲ့ဟင်းကြီး စားနေရ သလို ပေါ့ ရွှတ်ရွှတ်တောင်ဖြစ်နေသေး..။

 လင်းလွန်းညို

ဘကြီးသက်
Unknown at 1:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂလီများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော် ဂွမြို့တွင် ဖမ်းဆီးမိ

ဂွမြို့မှ တံတားကို မြင်ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ဘင်္ဂလီ လူမျိုးများဟု ယူဆရသူ လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် ဂွမြို့မှ (၇) မိုင်ခန့်ဝေးသော ဂွကျွန်းတွင် ဖမ်းဆီးမိသည်ဟု သတင်း  ရရှိသည်။

သူတို့မှာ မည်သို့ မည်ပုံ  ဂွကျွန်းသို့ ရောက်ရှိလာသည်ကို အာဏာပိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီးလည်း လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ တာဝန်ရှိ အာဏာပိုင်တွေက အခုလို ဖမ်းမိတယ်ဆိုတာ အခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး။ ဒါကြောင့် လူတွေက စိုးရိမ်နေကြတယ်။ ခုလို အခြေအနေမျိုးမှာ သူတို့ ဘာကြောင့် ဒီကျွန်းကို လာကြသလဲဆိုတာ သိချင်နေကြတယ်။ ဒါကြောင့် ဒီကိစ္စ အမြန်ဆုံး လူသိရှင်ကြား ဖေါ်ထုတ်ပေးဖို့ ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို စာရေး  တောင်းဆိုထားပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနှံ့တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ပြီးနောက် ဂွမြို့နယ်တွင် တစ်စုံတစ်ရာ ပြဿနာများ  မပေါ်ပေါက်ရအောင် မြို့ပေါ်နေ ပြည်သူများ၊ အစိုးရ ၀န်ထမ်းများဖြင့် ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို လူပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သို့အတွက် ဒေသခံ ဂွမြို့နယ်တွင် နေထိုင်သူများက ဂွကျွန်းပေါ်တွင် ရောက်ရှိလာသူ ဘင်္ဂလီများ အကြောင်းကို မြို့နယ် လူထု သိရှိအောင် သတင်း ထုတ်ပြန်ပေးရန် ဇွန်လ ၂၄ ရက်နေ့က စာရေး တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

“  သူတို့အထဲက ၄ ယောက်ပါ အုပ်စု တစ်စုဟာ ဂွကျွန်းအနီးက ရွှေယချိုင်ကျေးရွာကို ဇွန်လ ၂၂ ရက်နေ့က ၀င်လာတယ်။ ၂၃ ရက်နေ့မှာ ၅ ယောက်ပါ အုပ်စု တစ်စု နောက်ထပ် ၀င်လာတယ်။ အားလုံးကို ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေလည်း အသုတ်လိုက်ခွဲပြီး ၀င်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မြို့နယ် အတွင်းက လူတွေ စိုးရိမ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ဘင်္ဂလီများ ဂွမြို့နယ်တွင် ဖမ်းဆီးမိသည်ဆိုသော သတင်း အပေါ် အတည်ပြုနိုင်ရန် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“ သူတို့ လူပေါင်း ၁၃၀ ပါတယ်လို့ ပြောတယ်။ ဒီလ ၂၀  နေ့က ကျွန်းပေါ်ကို ရောက်လာတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ မလေးရှားကို သွားတာ လှေပျက်ပြီး ဂွကျွန်းကို ရောက်လာတယ်လို့ ဒီလိုဘဲ ကြားပါတယ်။ အခုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ လူများတော့ ဂွမြို့ပေါ်ကို မခေါ်လာနိုင်သေးဘဲ အဲဒီ ကျွန်းပေါ်မှာဘဲ ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

တခြားရဲစခန်းမှူး တစ်ဦးကလည်း အဆိုပါ သတင်းကို သူကြားသိရကြောင်း သို့သော်လည်း တစ်ခြားနေရာ တစ်ခုသို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိနေ၍ အသေးစိတ် မသိရှိရသေးကြောင်း  ပြောကြားသည်။

နိရဉ္စရာမှ တယ်လီဖုံးမှ တဆင့်  ဂွမြို့နယ် ထွေအုပ်ရုံးကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို သူတို့ မရရှိသေးကြောင်း တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။

နိရဉ္စရာ
ဘကြီးသက်
Unknown at 11:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လန်ဒန်မှာ ဘုန်းကြီးတွေနဲ့ ပြဿနာတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်



ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အိမ် ကိုယ့်ယာ ကို ပြန်ရောက်လာတဲ့ အင်္ဂလန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဘဝ တူ မြန်မာနိုင်ငံကို စွန့်ပြီး ဗြိတိန်မှာ အလုပ်အကျွေး ပြုနေတဲ့ မြန်မာတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာဘုန်းကြီးတွေနဲ့ ပြဿနာ တက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူမနဲ့ တွေ့ဖို့အတွက် ကလေးက အစ ဘုန်းကြီးအထိ တစ်ယောက်ကို ဗြိတိန်ငွေ ၁၀ ပေါင် တောင်းယူ ကောက်ခံ ခဲ့ပြီး ပိုက်ဆံပေးပြီး လာရောက်တွေ့ဆုံသူများက မေးခွန့်အချို့ကို မေးမြန်းခဲ့ကြပါတယ်။ ဗြိတိန်က မြန်မာတွေနဲ့ ဗြိတိန်ကို အကြာကြီးခွဲပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည် တွေ့ဆုံပွဲမှာ NLD ပါတီဝင်လည်းမဟုတ်၊ ဘာမှလည်း မဟုတ်တဲ့ ဇာဂနာကလည်း ကပ်ပြီးလိုက်လာတဲ့အပြင် ဘာမဆိုင်ညာမဆိုင်နဲ့ အခမ်းအနားမှူးပါ ဝင်လုပ်ခဲ့ရမှ ပြဿနာ တွေ တက်ကုန်ခဲ့တယ်လို့ သိရပါတယ်။

"တောင်ကုတ်မှ ရခိုင်များကို အလွန်မုန်းတယ်" လို့ ပြောခဲ့တဲ့ ဇာဂနာဟာ မွတ်ဆလင်များကိုသာ ဦးစားပေးခဲ့ပြီး လန်ဒန်မှ ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးများကို မထီမဲ့မြင် ပြူမူပြောဆိုမှုကြောင်း အစီအစဉ် အားလုံး ပြီးဆုံးသွားချိန်မှာ ဘုန်းကြီးများက လုံးဝ မကျေမနပ်ဖြစ်နေကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဖူးလို့ သွားကြည့်ခဲ့သူ တစ်ဦးက အခုလို ပြောပါတယ်။

"ပြဿနာက တော့ တော်တော်ကြီးတယ်ပြောရမယ်ဗျ... အန်တီစု ဝင်လာတဲ့အချိန်မှာ အားလုံးကို မက်တက်ရပ်ခိုင်းပြီး နိုင်ငံတော် သီချင်း ဆိုခိုင်းတယ်လေ... အဲဒီ မှာ ဘုန်းကြီးတွေနဲ့ ပရိတ်သက်တွေက စပြီး စိတ်မသက်မသာ ဖြစ်နေကြတယ်... နောက်ပိုင်း မေးခွန်းတွေ ကတခြား အန်တီစုဖြေသွားတာက ကိုလိုရာ ကိုစွဲ ပြီး မေးတာနိုင်မဆိုင်တာတွေ လျှောက်ဖြေတော့ ပိုဆိုးတာပေါ့.. ၁၀ ပေါင်ပေးပြီး လာကြည့်ရတာ မတန်ဘူးလေ... အစီအစဉ် ကမောက်ကမ ဖြစ်တာ က အဆိုးဆုံးပဲ... ဘုန်းကြီးတွေကလည်း မကျေနပ်ကြဘူး... အန်တီစုလည်း မျက်နှာတော်တော်ပျက်နေတယ်... NLD-LA (UK) က အဖွဲ့တွေ အားလုံးလည်း အစီအစဉ်တွေ ဖရိုဖရဲ ဖြစ်ပြီး ဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်... " လို့ ဆိုပါတယ်။

လန်ဒန်တွေ့ဆုံပွဲမှာ ဖြစ်တဲ့ ဘုန်းကြီး နဲ့ ဒေါ်စု ပြဿနာကြောင့် ယူကေမှ သံဃာတော်အားလုံးက လုံးဝ မကျေနပ်နိုင် ဖြစ်နေကြကြောင်း သိရပြီး ဇာဂနာကတော့ အားလုံးက ၎င်း နှင့် ထိန်ထိန် တို့ရဲ့ အပြစ်သာ ဖြစ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သံဃာများကို facebook ပေါ် မှာ စာရိုက်ကာ ဖြစ်သလို တောင်းပါတယ်။




ဘုန်းကြီးကို ခေါင်းခေါက်ပြီးမှ facebook ပေါ်ကနေ တောင်းပန်တာကြောင့် ယူကေ မှ မြန်မာ သံဃာတော်များသာ မက အခြားနိုင်ငံမှ သံဃာများနဲ့ ပြည်တွင်းမှ သံဃာများကပါ ဇာဂနာ နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို မကျေ နပ်ဖြစ်နေကြကြောင်း သိရပြီး တောင်ကုတ်မှ ရခိုင်များကို မုန်းတယ် ဟု ပြောဆိုခြင်း၊ မွတ်ဆလင်များဖက်မှ ရပ်တည်ခြင်း နဲ့ ဗုဒ္ဓဘာသာ သံဃာများကို မထီမဲ့မြင် ပြုမူ ပြောဆိုခြင်းများကြောင့် ရခိုင်သားများမှ ဇာဂနာပြန်လာလျှင် လေဆိပ်မှ ဆီးကြို ဆန္ဒပြကြမယ်လို့ သတင်းရရှိပါတယ်။

၂၀၀၇ တုန်းကလည်း ဇာဂနာဟာ ဗုဒ္ဓဘာသာ မလုပ်ချင်တော့တာကြောင့် ဘာသာ ပြောင်းမယ်လို့ ပြောခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံကို စွန့်ခွာပြီး လင်ယောင်္ကျားဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာ ယူကေ သို့ အပြန်ခရီးစဉ် နဲ့ ပတ်သက်ပြီး ယူကေ ရောက်မြန်မာများကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူမရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကို အလွန်စိတ်ပျက်သွားကြကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ခရီစဉ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းတဲ့ အကြောင်းကို အမေရိကန် သတင်းစာ တစ်စောင်က ဖော်ပြခဲ့ပါတယ်။

Myanmar Express

ဘကြီးသက်
Unknown at 11:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယူကေမှ ဘုန်းကြီးများကို ဒေါ်အောင်ဆန်းစုကြည် အရေးပေါ်တောင်းပန်



From : ယုဇနအောင်
ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့၊ ကန်တော့လို့ပြောလည်း တပင်တပန်းလာရရှာသူ ဆရာတော်ဘုရားကြီးများက ....??? စဉ်းစားသာကြည့်ကြပါတော့....။ ဒါကြောင့် ကျမအစထဲကပြောထားတယ် " နားနဲ့မနာ ဖဝါးနဲ့နာကြပါတော့လို့... မမစုကို မူဆလင်ဘာသာပြောင်းပါလားဆိုတဲ့ မေးခွန်းကို မရအရ ဇာဂနာ ထုတ်ပေးစဉ် ကျမမေးချင်တာ မေးခွန်းတခု ကလိကလိ ဖြစ်ခဲ့ရတယ်။ ရှင်တို့တွေကတော့ ပြောင်းပြီး ကြပြီပေါ့လို့... ???" အခြား အမနာပ အစွန်းရောက် မေးခွန်းများလည်းရှိပါသေးတယ်။ ဖလားထဲက တခုချင်းကို သူကိုယ်တိုင်ယူပေးနေကတည်းက ကျမတို့ မိသားစုအားလုံး ရိပ်မိပြီး တသံတည်းထွက်ခဲ့တာက မမစုကိုတော့ လုပ်ကြံတော့မယ်လို့...။ ကဲ စာရေးသူ ရေးတာ မရှင်းဖူးဆိုတဲ့ သမီးလေး မောင်လေးများ ရှင်းလောက်ပြီထင်ပါတယ်။ လုပ်ကြံတယ်ဆိုတာ ဓါးနဲ့ ပါးပါး လှီးမှ လုပ်ကြံတာ မဟုတ်ပါဖူး။ ဒီလို သီတင်းပတ်များစွာ အချိန်ယူပြီး အကွက်ကျကျ ပက်ပက်စက်စက်၊ စကောလောက်မှ ဇောက်မနက်ပဲ သိက္ခာရ ဝါတော်ရ ဆရာတော်ဘုရားကြီးတွေကိုရော၊ ကြွရောက်လာသူမင်းပရိသတ်အပေါင်းကိုရော လိမ်လှည်လှည့်ဖျားရင်လည်း ဒါ လုပ်ကြံတာပါပဲ။
ဒီပွဲကလဲ ဆရာတော်ဘုရားကြီးများကို အရှက်ခွဲ၊ မမစုကိုအရှက်ခွဲ၊ လူလယ်ခေါင်မှာ အရှက်ကွဲပြီးမှ ပွက်လောရိုက်ပြီး ထိန်လင်းကို ဖုန်းနှင့် လှမ်း၍ မကြူကြူက ပြောမှ ကျတော်တို့ ဒီလိုဒီလိုလုပ်ပါမည်ဟု ပြော၍ တက်သုတ်ရိုက် PROSPECT BURMA ကတဆင့် မမစုကို ဆက်သွယ်၍ အဖတ်ပြန်ဆယ်ခြင်းဖြစ်သည်။ ထိန်လင်းကို မကြူကြူ ဖုန်းဆက်ဆူချိန်တွင် စပီကာဖွင့်ထားပြီး လူ၉ယောက် သက်သေအနားမှာ ရှိသည်ဟုပြောသည်။ ပိုမိုသိလိုသူများ ဆက်သွယ်နိုင်ပါသည်။ ဆင်သေ ကို ဆိတ်သရေ နှင့် လိုက်ဖုံးနေလဲ ပေါ်တာက ပေါ်ြ့ပီးထားပြီး ဖြစ်ကြောင်း အဖြစ်မှန်ကို ဇက်တိုက် တင်ပြနေပါမည်။ မြန်မာပြည်ရာဇဝင်အတွက် အထူးအရေးကြီးသောကြောင့် ဖြစ်ပါသည်။

ဆရာတော်အချို့ကို ပြန်စုစည်း၍ ရချင်ရမည်။ ပွဲတော်ကို ကြွရောက်ခဲ့သော ဂုဏ်သရေရှိ မင်းပရိသတ်အပေါင်းကိုတော့ အကြွေးကျေအောင်မစပ်နိုင်တော့ပါ။ ဇာဂနာ နဲ့ ထိန်လင်းရယ် မင်းတို့ရဲ့ ဖြုတ်ဦးနှောက်နဲ့ တိုင်းပြည်ကို ညာချင်သေးတယ်။ တို့မှာ RECORD ရှိတယ်ကွဲ့။
သူတို့မှာပွဲတော် ဖြစ်မြောက်ရေးကော်မတီမထားပဲ လူ၅၀ကျော် တက်ရောက်တဲ့ အစည်းအဝေးမှာ ပြောင်လိမ်ခဲ့တယ်။ ၂၂့ ရက်နေ့ ပွဲတော်ကြီးမှာ လည်း ပြောင်လိမ်ခဲ့တယ် ဆိုတာ အောက်က ရေးထားတဲ့ Ko Kaung Myat စာကိုလဲ ဖတ်ကြည့်ကြပါဦး။ အစည်းအဝေးမှာ ဗွီဒီယို၊ ဓါတ်ပုံ၊ စာရွက်၊ မှတ်တမ်းမှတ်ရာ ရေးထားသူ သက်သေရှိသူများ ကျမထံကို အမြန်ဆုံး ပေးပို့ ရှယ်ကြပါ။ ကျမတို့ရဲ့ မြန်မာပြည်ကို ဒီလို သစ္စာမရှိသူတွေရဲ့ လက်ထဲထည့်လို့မဖြစ်ပါ။ ဒီလူတွေဟာ ABSDF ကျောင်းသားလူသတ်မှုကြီးကိုလည်း အစဖြောက်ဖို့ ကြိုးစားနေသူတွေပါ။
Ko Kaung Myat @ ဖြစ်မြောက်ရေး ကော်မတီဆိုတာရှိမှမရှိပဲ။ မင်းတို.က တောင်းပန်တာ တောင် လိမ်တာပါနေပြန်ပြီ။ ဂုဏ်သိက္ခာရှိစွာ ဦးဆောင်မှုပြုနိုင်အောင် ငါကိုယ်တိုင် အစည်း အဝေး မှာ ဖြစ်မြောက်ရေး ကော်မတီဖွဲ.ဖို. တင်ပြခဲ့တာပဲ။ မင်းတို. လုပ်ချင်တာ လုပ်ခွင့် ရအောင် ဖြစ်မြောက်ရေး ကော်မတီတွေပါတွေလုပ်မနေပါနဲ. ဆိုပြီး ပယ်ချခဲ့ကြတာမလား။ အစည်းဝေး မှတ်တမ်းတွေရှိတယ် လိမ်ဖို. မကြိုး စားကြနဲ.။ အားလုံး ဂုဏ်သိက္ခာ ရှိစွာလုပ်ကြရင် ကောင်းမယ်။
တခါလိမ်ဖူးသူတွေဟာ ဒီလိုပဲထပ်လိမ်ဦးမှာပဲ။ ကျမဆီကို အခုပဲ သတင်းတခုထပ်ဝင်လာပါတယ်။ ထိန်ထိန်ဆိုပြီး ဆရာတော်ကြီးတွေကို ပြောင်ကျကျ လိမ်လိုက်တဲ့ ထိန်လင်းနဲ့ သူ့ဒုတိယမိန်းမဖြစ်တဲ့ ဗစ်ကီဘိုးမန်းဟာ 1st June 2012 နေ့က ဗြိတိန် နိုင်ငံ ဒေါင်းနင်း လမ်း အမှတ် ၁၀ ရှေ့မှာ မျိုးချစ်စိတ်အပြည့်နဲ့ မြန်မာတနိုင်ငံလုံး နှင့် တိုင်းရင်းသားမောင်နှမတို့၏ ရခိုင်နယ်မြေကို နယ်ချဲ့ ဘင်္ဂလီ လက်ထဲကို မရောက်ရှိအော "င် ကြိုတင်ကာကွယ်သည့် ဆန္ဒပြပွဲ သွားလုပ်သည့် ပွဲတွင်ပါရှိသော ဗြိတိန်နိုင်ငံရှိ မြန်မာလူငယ်လေးများ၊ အဖွဲ့အစည်းများ၊ ရခိုင်မောင်မယ်လေးများ၊ အခြားသော မျိုးဆက်သစ်လူငယ်များ အဖွဲ့ကို ဗြိတိန်နိုင်ငံရှိ "လူမျိုးရေးခွဲခြားသောပါတီ" နှင့်တူသည်ဟု ပက်ပက်စက်စက် ရေးသားပြောဆိုခဲ့သည်ကို စာနှင့်တကွ သက်သေရှိသည်ဟု သတင်းပေးကြားလာပါသည်။ အခြားသော သက်သေရှိသူများလဲ ကျမထံ အမြန်ဆက်သွယ်ပါ။ ဒီကိစ္စသည် ကျမတို့ မြန်မာနိုင်ငံ၏ ရှေ့ရေးလုံခြုံရေးကို အထူးထိခိုက်လာမည့်အရေးဖြစ်ပါသည်။ ၄င်းတို့ လေးဦးစလုံးဟာ တိုင်းပြည်ကို ထိုလူမျိုးခြားလက်ထဲ ရောက်ရှိအောင် ယူကေနိုင်ငံတွင် နူးရူးအစ်စလာမ်+ထွန်းခင်+ဘားမားကမ်ပိန်း(ယူကေ) တို့နှင့် စွမ်းစွမ်းတမံလုပ်ဆောင်နေကြသည်ကို သက်သေများကလည်းအမြောက်အများဝင်လာနေပါသည်။ ၄င်းပွဲတော်တွင် ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရ ဆရာတော်ကြီးများ၏ မေတ္တာဆုတောင်းပွဲ အစီအစဉ်ကို အကွက်ကျကျ ဖြုတ်ချခဲ့ခြင်းမှာ သူတို့မှာ ထို ဘင်္ဂါလီ ထောက်ခံရေးကန်ပိန်းရှိနေသောကြောင့် ဖြစ်သည်ကို လူတိုင်းက မျက်ဝထင်ထင် တွေ့ရှိခဲ့ကြရပါပြီ။
အမေရိက ရောက်တော့ ABSDF လူသတ်သမားအောင်နိုင် နှင့် တွေ့ဆုံကာ ထိုလူသတ်မှုအဆုံးသတ်စေရန် အမှုမပေါ်စေရန် ဖုန်းဖုန်းဖိဖိဆက်လုပ်ရန် ထိန်လင်းကို ဆရာကြီးသဖွယ် ညီလေးတွေကို ပြောနေပါတယ်ဆိုပြီးတော့လဲ တရားဝင် online မီဒီယာများ၊ အင်တာနက်များ၊ အင်တာဗျူးများတွင် ပြောဆိုခဲ့တာ ကြားကြပါလိမ့်မည်။ ထိုကဲ့သို့ ငွေမက်ပြီး၊ အာဏာကြိုရူးပြီး ပြည်ပရောက် သစ္စာဖေါက်လောက်ကောင်များနှင့်ပေါင်းပြီး ပြည်တွင်းကို ခပ်တည်တည်နှင့် ပြန်ဝင်ကာ မြန်မာပြည်အတွက်ပေးဆပ်ခဲ့ရပါသည်ဟု ညာလှိုင်းဦးမည်။ မြန်မာနိုင်ငံမှ ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ပြီး တိုင်းပြည်အရေးပြုလုပ်နေသူ အနစ်နာခံနေသူများ သူတို့ကဲ့သို့ပင် ထုနဲ့ဒေး ရှိနေသေးသည်။ ထေရဝါရ သက်ကြီးဝါကြီး၊ သိက္ခာရဆရာတော်ကြီးများ၏ မေတ္တာစေတနာများကိုလည်းအလွဲသုံးစားလုပ်၊ တိုင်းပြည်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကိုလည်းမထောက် ပြည်ပသို့ပင်လိုက်လာကာ အရှက်ခွဲသည့်လူ ဇာဂနာ၏ မင်းသားခေါင်းဆောင်းထားသော ဘီလူးရုပ်ပေါ်ခဲ့ပြီ။ ထိုနည်းတူစွာပဲ ဦးဝင်းနိုင်(NLD-LA-UK) သည် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဘင်္ဂလီလူမျိုးများ၏ ရေရှည်အန္တရယ်ကာကွယ်ရေးက အလေးထားစေရန် BDC (ဘားမားဒီမိုကရက်တစ်ကွန်စမ်း) မှ ယူကေရှိ အဖွဲ့အစည်းအားလုံးနှင့်တကွ ထုတ်ပြန်သောကြေငြာမှုကို NLD-LA-UK မှ နှုတ်ထွက်ကြောင်းကို ဇွန်လ ၁၉ရက်နေ့တွင် ဘီဒီစီနှင့်တကွ အခြားသော အဖွဲ့အစည်းများကို အကြောင်းကြားသော သက်သေစာများရရှိပါသည်။ ထို့အပြင် ဤ ပွဲသည် ပြည်ပရောက် လူငယ်လေးများ၊ အပြစ်မဲ့ကျောင်းသားလေးများကို အေဆိုင်လမ်တင်ပေးပြီး ၄င်းတို့ အကြံအဖန်လုပ်နေကျ ငွေရှာသည့် ပွဲလည်းမဟုတ်၊ တီးဆိုပျော်မြူးပြီး ပြီးပြီးရော ပျောစရာရွှင်စရာ ရှာသည့်ပွဲလည်းမဟုတ်၊ ဤပွဲကြီးသည် မြန်မာနိုင်ငံသမိုင်းအတွက်၊ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသူတိုင်းရင်းသားတိုင်းအတွက် အသက်လောက် အရေးကြီးသည့် သမိုင်းဝင် မှတ်တမ်းဝင် ပွဲကြီးဖြစ်သည်။ ရှေ့မှီနောက်မှီ လူကြီးသူမတိုင်းက ဤပွဲကြီး အောင်မြင်စွာ ဖြစ်မြောက်ပါစေရန် သောက်းသောင်းဖြဖြ ဆုတောင်းခဲ့ကြသည့် ပွဲကြီးလည်းဖြစ်သည်။ ထိုသို့အရေးကြီးသော သမိုင်းမှတ်တင်ဝင်မည့် ပွဲကြီးကို ဤကဲ့သို့ ပြီးစလွယ် ပြီးကပြစ် နှင့် လက်တဆုပ်စာ သူတို့နှင့် ပုလဲနာမသင့်နေသော လူတစုနှင့် ပေါင်းကာ ၄င်းတို့ အကျိုးအတွက် ရည်ရွယ်ချက်ကြီးကြီးဖြင့် ပိပိရိရိ လုပ်ဆောင်လိုက်သော လုပ်ကြံခဲ့သော ဇာဂနာ၏ အတွင်းစိတ်ကို မျက်ဝါးထင်ထင်တွေ့ပြီးမှတော့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေးတို့တွင် ဦးစီးဦးဆောင် တယောက်အဖြစ်လုံးဝမထားသင့်တော့ ပါကြောင်း သက်သေများစွာနှင်တကွ တင်ပြအပ်ပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 10:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူတစ်ဦးချင်း၏ ဂျီဒီပီအား ငါးနှစ်အတွင်း သုံးဆတိုးရန်မျှော်မှန်း



From : အိအိတိုးလွင်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)
၂၀၁၅ ခုနှစ်တွင် ပြည်သူများ၏ တစ်ဦးကျ ဂျီဒီပီအား အခြေခံနှစ်ထက် သုံးဆ တိုးတက်အောင် ရည်မှန်းထားကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စုအစိုးရက ရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း မည့် အမျိုးသားစီမံကိန်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို ငါးနှစ်စီမံကိန်းအရ လူ တစ်ဦးချင်းစီ၏ ပျမ်းမျှ ပြည်တွင်းအသား တင် ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ တိုးတက်စေရန် ရည်မှန်းထားကြောင်း သမ္မတကြီးက ပြောကြားသည်။
"တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက် မှုနှုန်းအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမယ့် ပြည်သူများရဲ့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီဟာ အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ ရရှိရန် တွက်ချက်ခန့်မှန်း ထားသော်လည်း ကျွန်တော်တို့အစိုးရ အနေနဲ့ကတော့ ပျှမ်းမျှ တစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် သုံးဆ တိုးတက်အောင် ကြိုးစားသွားဖို့ ရည်မှန်းထားပါတယ်"ဟု သမ္မတကြီးဦးသိန်းစိန်က ပြောကြား သည်။
အဆိုပါရည်မှန်းချက်အား ပြည့်မီရန် လူ့စွမ်းအား၊ ငွေကြေးအရင်းအနှီးနှင့် နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပြီး နိုင်ငံတော်၏ အရ- အသုံး ငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊ ပြည်ပ အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရန်နှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်ရန် အဓိကလိုအပ်ကြောင်း ၎င်းက ပြောသည်။
"လက်ရှိ ငွေကြေးအရင်းအနှီး ထည့် ၀င်ရင်းနှီးနိုင်မှု ပမာဏထက် နှစ်ဆခန့် တိုးတက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှသာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ သုံးဆ ကို တိုးတက်ရရှိနိုင်မှာ ဖြစ်ပါတယ်" ဟု သမ္မတကြီးဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု ကြာရှည်ပြီး နိုင်ငံစီးပွားရေးမထိခိုက်အောင် နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးကို ဦးစားပေး ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဌာန တစ်ခုချင်းစီ၏ လုပ်ငန်းနယ်ပယ် အချိုးအစားပါဝင်မှုကို ပြန်လည်စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက် နိုင်ရန် ဒုတိယသမ္မတဦးဆောင်သော 'ပုဂ္ဂလိပိုင်ပြုလုပ်ရေး ကော်မရှင်သစ်' ကို ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ဆောင် ရွက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည် ထောင်စုဝန်ကြီးဌာနများအနေဖြင့် မိမိ တို့တာဝန်ယူ ထားသော ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို မဟဗျူဟာလုပ်ငန်းစဉ် ရေးဆွဲဆောင် ရွက်ရမည်ဖြစ်ကြာင်း သမ္မတကြီးက ပြောကြားသည်။
"သမ္မတကြီးပြောသွားတာက တော်တော်လေး ကောင်းပါတယ်။ မူဝါဒ ချမှတ်ထားတဲ့ကိစ္စတွေ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု တော်တော် လေးစုံတယ်။ "ဂျီဒီပီကို ငါးနှစ်အတွင်းမှာ သုံးဆ တက်အောင်လုပ်ရမယ်ဆိုရင် တော်တော်လေးတော့ လုပ်ရမယ်။ တစ်နှစ်ကို သုည ဒသမ ၆ လောက်တိုးမှ ရမယ်။ သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်။ လက်တွေ့မှာတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု စတာတွေ လိုတယ်။ ဒါ့ပြင် ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတိုးတက်ဖို့လည်း လိုတဲ့အပြင် Clean Government ကလည်း အရေးကြီးတယ်။ လာဘ်ပေး လာဘ်ယူကိစ္စတွေကို သေချာကိုင်တွယ်ဖို့လိုတယ်။ "နိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတု၊ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်မယ်ဆိုရင်တော့ သုံးဆဖြစ်အောင် ကောင်းကောင်းလုပ်သွား လို့ရပါ တယ်" ဟု စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က ပြောကြားသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုအကြံပေးကောင်စီ၏ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က ဂျီဒီပီသုံးဆတက်ရန် အစိုးရ၊ ပြည်သူ နှင့် ပုဂ္ဂလိက ပေါင်းစည်းလုပ်ကိုင်ကာ ရည်မှန်းချက်တိကျစွာ ချမှတ် အကောင် အထည်ဖော်မည်ဆိုပါက ဖြစ်နိုင်ကြောင်း ပြောသည်။
"ဂျီဒီပီကို သုံးဆဖြစ်အောင်လုပ်မယ်ဆိုတာ စီးပွားရေးအရဆိုရင်တော့ Wealth Creation ပေါ့။ ချမ်းသာမှုကို ဖန်တီးယူတာ။ နိုင်ငံတော်မှာ အခုလို တိကျတဲ့ Vision ရှိတော့ လုပ်ရတာ အဆင်ပြေတာပေါ့။ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားတဲ့ စိုးရိမ်စိတ်တွေ ရှိပေမယ့် ပြည်ပက ပညာရှင်တွေကတောင် ဖြစ်နိုင်ခြေရှိတယ်လို့ ပြောခဲ့တာပဲ။ အဓိက ကတော့ အခုလိုဦးတည်ချက် ရှိဖို့ပဲလိုတာ Drive လုပ်ဖို့ကတော့ ဆရာတို့ ၀ိုင်းဆွေးနွေးရမှာပေါ့" ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook မှ Comment နှင့် Post များကို ပြင်ဆင်ခွင့်ပေး


နာမည်ကျော် လူမှုရေး ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Facebook ဟာ အသုံးပြုသူတွေ အနေနဲ့ Comment တွေ၊ Post တွေတင်ရာမှာ အမှားအယွင်းရှိရင်
ပြင်ဆင်ခွင့် ပေးသွားတော့မယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Facebook အသုံးပြုတွေအနေနဲ့ အမှားအယွင်းပါတဲ့ Post တွေ၊ Comment တွေကို တစ်ခုလုံး ဖျက်ပစ်ရမယ့်အစား ပြင်ဆင်နိုင်တော့မှာဖြစ်ကြောင်း Facebook မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီလို Comment တွေ ပြင်ဆင်တဲ့ မှတ်တမ်းတွေကိုပါ ပြသသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို ပြင်ဆင်နိုင်မှုကို အခု စတင်နေပြီဖြစ်ပြီး မကြာခင် ရက်အနည်းငယ်အတွင်းမှာ အသုံးပြုသူတိုင်း လုပ်ဆောင်နိုင် မှာ ဖြစ်ပါတယ်။ Facebook ၀က်ဘ်ဆိုက်ဟာ အသုံးပြုသူ အချင်းချင်းကြားမှာ သတင်း အချက်အလက်တွေ ဝေမျှဖလှယ်နိုင်တဲ့ လူမှုရေး ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပြီး ၂၀၁၂ခုနှစ် ဧပြီလအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း အသုံးပြုသူဦးရေ သန်း ၉၀၀ကျော် ရှိနေတယ်လို့ သိရပါတယ်။

ဘကြီးသက်
Unknown at 9:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မောင်ကျောက်ခဲ ပြောတဲ့ ဒေါ်စု ရုပ်တု အကြောင်း

ဒေါ်စု အား ဂျာမာန် ပေတံနဲ့တိုင်းသော အခါ



ဘကြီးသက်
Unknown at 8:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရှိပြီးသားကို လွှင့်ပစ်နေကြတယ်

ဥရောပ ၁၁ နိုင်ငံက သုံးစွဲကြမယ့် ယူရိုငွေကြေးစနစ်အောင်မြင်တယ် ဆိုပြီး ဒီစိတ်ကူးကို အကောင်အထည်ဖော်ကြသူတွေက ၀မ်းသာနေကြတယ်။ ပြီးတော့ အမေတို့ ကမ္ဘာကြီးက ဆက်သွယ်ရေးတွေ တစ်နေ့ တစ်ခြား ကောင်းလာကျယ်ပြန့် လာတာမို့ ကမ္ဘာဟာ မြို့ ကြီးတစ်မြို့ သဘောမျိုးဖြစ်လာလိမ့်မယ်။ တစ်နေ့ တော့ တစ်ကမ္ဘာလုံးသုံးစွဲတဲ့ငွေကြေး တစ်ကမ္ဘာလုံး သုံးစွဲပြောဆိုကြမယ့် ဘာသာစကားတွေပေါ်လာရမှာပဲလို့ လည်း ပြောလာကြပါပြီ။

ဟုတ်ပါရဲ့ ။ ဆက်သွယ်မှုတွေက လျင်မြန်ပါပေ့။ နီးစပ်လာမှုကလည်း ကြီးမားပါပေ့။ နို့ ပေမယ့် အဲဒီခေတ် အဲဒီအချိန်မတိုင်ခင်ကြားမှာတော့ လူမျိုးရယ် ဘာသာရယ် စကားရယ် ဆိုတာတွေကတော့ ရှိနေရဦးမှာပဲပေါ့။ အဲဒီလိုရှိတဲ့အခါ လူမျိုးတစ်မျိုးအတွက် သူ့ ဘာသာစကားတစ်ခုကတော့ ရှိနေဦးမှာပါပဲ။
ရှိတော့ အဲဒီဘာသာစကားဟာ တစ်နေ့ တခြားကြီးထွားစည်ပင်လာရမှာလည်း ဧကန်ပဲ။  ဘာလို့ လျှဲိုတော့ ဘာသာစကားဆိုတာ လူ့ အတွက် ကျောက်လက်နက်မျိုးမှ မဟုတ်ပဲ။ ခေတ်အခါနဲ့ အညီပေါ်ထွန်းလာတဲ့ အသစ်အသစ်သော သူ့ အသုံးအဆောင်ပစ္စည်းကိရိယာတွေရဲ့ ဝေါဟာရတွေက တိုးတက်ဖြည့်စွက်ဖန်တီးပေးနေကြရမှာမဟုတ်လား။

အဲဒီလိုဖြစ်တဲ့အခါ အသစ်များတိုးတာနဲ့ အတူရှိပြီး အသုံးကျအဖိုးတန်တဲ့ ဝေါဟာရများကိုလည်း ထိန်းသိမ်းသုံးစွဲနေရမှာပဲပေါ့။ ဝေါဟာရဆိုတာ ကြွယ်ဝလေ ပြည့်စုံလေ ကောင်းလေဖြစ်တဲ့အမျိုးအစားပါ။

လူတစ်မျိုးရဲ့ ဝေါဟာရ ကြွယ်ဝတာနဲ့ မကြွယ်ဝတာ ၊ ကြွယ်ဝမှုက ပိုလို့ ကောင်းပါတယ်။ ဒါက သံသယရှိစရာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေတို့ ငယ်ငယ်ကတော့ အသိအမြင်က မကြွယ်သေးလို့ ထင်ပါရဲ့ ။ မကြွယ်တာကိုပဲ အကောင်းထင်ပြီး ဟုတ်နိုးနိုးလုပ်ခဲ့ကြဖူးတယ်။
အမေတို့ မြန်မာစကားဟာ တချို့ နေရာတွေမှာ ကုံလုံကြွယ်ဝမှုရှိပါတယ်။ နို့ ပေမယ့် ငယ်ငယ် အင်္ဂလိပ်စာသင်စကတော့ ကိုယ်တတ်တဲ့ အင်္ဂလိပ်စကားလုံး ကလေးတွေကို ညှပ်ညှပ်သုံးပြီး ကိုယ့်စကားကို မေ့ချင်ယောင်ဆောင်ခဲ့ဖူးတယ်။

ဥပမာ ဆွေမျိုးတော်စပ်ပုံနဲ့ပတ်သတ်လို့ ပြောကြဆိုကြတဲ့အခါ ဒါမှမဟုတ် တစ်ဦးကိုတစ်ဦး အမျိုးမတော်ပေမယ့် ရင်းနှီးချစ်ခင်တဲ့သဘောပြချင်လို့ ဆွေမျိုးလို ခေါ်ဝေါ်တဲ့အခါ အန်ကယ်ရေ ၊ အန်တီရေနဲ့ ခေါ်ချင်ပြောချင်ပါတယ်။ သူနဲ့ ကျွှန်မနဲ့ ကာဇင်တော်တယ်ဆိုတာမျိုးလည်း ပြောချင်တယ်။ တစ်ကယ်ကတော့ အင်္ဂလိပ်စကားကလေး မတောက်တစ်ခေါက်တတ်တာကို ကြွားချင်တာလည်းပါတယ် ထင်ပါရဲ့ ။

အမှန်ပြောကြစို့ ဆိုရင် ဆွေမျိုးတော်စပ်ပုံနဲ့ ပတ်သတ်ရင် မြန်မာဝေါဟာရတွေက တော်တော်ကုံလုံကြွယ်ဝပါတယ်။အင်္ဂလိပ်စကားလုံးမှာ အမေ အဖေနဲ့ ညီအစ်ကိုမောင်နှမတော်စပ်တဲ့ ဆွေမျိုးအားလုံးကို ယောကျာင်္းဆိုရင် အန်ကယ် ၊ မိန်းမဆိုရင် အန်တီဆိုတဲ့ စကားပဲရှိပါတယ်။ အမေတို့ အနေနဲ့ အဲဒါသူ့ အဖေအမေနဲ့ ဘာတော်တာမှန်းမသိရပါဘူး။

အမေတို့ မြန်မာမှာတော့ အဖေ့အမျိုးဆိုရင် အဖေ့အစ်ကိုဟာ “ဘကြီး” ၊ အဖေ့ညီဟာ “ဘဒွေး” ၊ အမေ့အစ်ကိုဟာ “ဦးကြီး ” ၊ အမေ့မောင်ဟာ “ဦးလေး” တော်တယ်လို့ သုံးနှုန်းတာပါ။

အဖေ့အစ်မကို “အရီး” ၊ အဖေ့နှမကို “ဒွေးလေး” ၊ ဒါမှမဟုတ် “အရီးလေး” လို့ ခေါ်ပါတယ်။ အမေ့အစ်မကို “ကြီးတော်” ၊ အမေ့ညီမကို “အဒေါ်” ခေါ်တာပဲ။

အင်္ဂလိပ်စကားမှာ In-Laws အင်လောတဲ့။ သွေးစပ်တာမဟုတ်ဘူး။ တရားဥပဒေအရရ ထိမ်းမြားလက်ထပ်ထားမှုကြောင့် အမျိုးတော်တာလို့ ဆိုပြီး ယောက္ခမကို အမေအင်လော ၊ အဖေအင်လောပေါ့။ အမေတို့ မြန်မာမှာတော့ ယောင်္ကျားရဲ့ အစ်မနဲ့ နှမကို “ယောက်မ” ။ ယောင်္ကျားက သူ့ မိန်းမရဲ့ အစ်မကို “မရီး” ၊ ညီမကို “ခယ်မ” ။ ယောင်္ကျားရဲ့ ညီကို “မတ်” ၊ အစ်ကို ကို “ခဲအို” ။ ကိုယ့်အစ်မနဲ့ နှမရဲ့ ယောင်္ကျားကို “ယောက်ဖ”လို့ ခေါ်ပါတယ်။ ကိုယ့်ထက်အကြီးယူတာလား ၊ အငယ်ယူတာလား ခွဲချင်သေးရင် ယောက်ဖကြီး ယောက်ဖငယ်လို့ ခွဲလို့ ရပါသေးတယ်။

သူနဲ့ သူနဲ့ ဘာတော်သလဲမေးလို့ ဖြေလိုက်ရင် တော်စပ်ပုံကို အတိအကျသိပါတယ်။ မြန်မာစကားမှာ မသဲကွဲတာ တစ်ခုပဲရှိတယ်။ အဲဒါက “ယောက်ဖ” နဲ့ “ယောက်မ”ဆိုတဲ့စကား။ ယောက်ဖဟာ အစ်မ ၊ နှမကို ကိုယ်ကပေးထားတဲ့လူလား ၊ ကိုယ်ကယူထားတဲ့လူလား မကွဲပြားဘူး။ ယောက်မလည်း ဒီအတိုင်းပဲ။ ပြီးတော့ ညီအစ်ကိုမောင်နှမတော်စပ်ကြရာမှာလည်း ယောကျာင်္းချင်းက ညီနဲ့ အစ်ကို။ ယောင်္ကျားလေးနဲ့ မိန်းမလေးကို မောင်နဲ့ နှမပါ။ မိန်းမချင်းက ညီအစ်မပါ။ ခုခေတ်မှာ ယောင်္ကျားလေးလုပ်သူက ကိုယ့်ထက်ငယ်မိန်းကလေးကို နှမဆိုတဲ့ စကားမသုံးတော့ပဲ ညီမလို့ ခေါ်နေကြပါတယ်။

 အမေတို့ အနေနဲ့ ကြားစက “ကျွှန်တော့်ညီမက” ဆိုတဲ့ စကားမျိုးကြားရရင် သြော် ဒီသူငယ်က မိန်းမလျာကလေးထင်ပါရဲ့ လို့ အောက်မေ့လိုက်တယ်။ နှမလို့ မသုံးတော့ပဲ ယောကျာင်္းလေးတန်မယ့်က ညီမလို့ ကိုယ့်နှမကို ခေါ်လာကြ နှစ်တွေသိပ်မကြာသေးဘူး။ အောက်ပိုင်းက စသုံးတာ ၊ အထူးသဖြင့် ရန်ကုန်ကပေါ့။ ခုတော့ အဲဒါမှ စတိုင်ကျသလိုလို ဟုတ်နိုးနိုး ၊ ကောင်းနိုးနိုင်း ခေါ်ဝေါ်နေလိုက်ကြတာ။ နှမဆိုတာကို မောင်နှမလို့ တွဲသုံးရင်သာကျန်တော့တယ်။ အစ်ကိုလုပ်သူကဖြင့် ကိုယ့်နှမကို နှမ မခေါ်တော့ဘူး။ ညီမလေးတဲ့။

သြော်…………ရှိပြီးသားအကောင်းကို ဖျောက်ပစ်ပြီး အလွဲသုံးနေကြတာလေ။ အမေတို့ ဝေါဟာရတွေက အဖိုးတန်ပါတယ်။

ကလျာမဂ္ဂဇင်း အမှတ် ၁၆၉ ၊ ၁၉၉၉ မတ်

မှတ်ချက်။

မနေ့ က ( ၂၃-၆-၂၀၁၂ ) ကြေးမုံသတင်းစာ စာမျက်နှာ ၂ မှာပါတဲ့ "ကြီးကြီး ဒေါ်ဒေါ် ခေါ်ပေးကြပါ" ဆိုတဲ့ ဆောင်းပါးအတိုလေး တစ်ပုဒ်ကိုဖတ်မိတယ်။ အဲဒီဆောင်းပါးတိုလေးမှာ မြန်မာ့ဝေါဟာရတွေရှိပါလျက်နဲ့ နိုင်ငံခြားဝေါဟာရတွေကို တွင်တွင်အသုံးပြုနေတဲ့အတွက် မြန်မာမှုပျောက်မှာစိုးရိမ်ကြောင်းတင်ပြထားပါတယ်။ တစ်ဆက်တည်းမှာ ဒီ လူထုဒေါ်အမာရဲ့ ဒီဆောင်းပါးလေးကို ဆက်ဖတ်မိသွားတယ်။ ကျွှန်တော်တွေးမိတာလေးတွေရှိတယ်။ 

ဟုတ်တယ်ဗျ။ ကျွှန်တော်တို့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့တွေကို ဘယ်လိုနည်းနဲ့ မှ အဖျောက်ဖျက်မခံရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ်။ မသိမသာနဲ့ တိုင်းတပါးယဉ်ကျေးမှုတွေတိုက်စားသွားတာနဲ့ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာစကား ကိုယ့်ဝေါဟာရတွေ ကိုယ့်ဓလေ့တွေ သိသိသာသာကြီး မျိုးပြုတ်သွားတာတော့ ဘယ်လိုနည်းနဲ့ မှ မဖြစ်သင့်ဘူး။ အဖြစ်မခံနိုင်ဘူး။

တိုးတက်နေတဲ့ တိုးတက်ပြီး သူများနိုင်ငံတွေကလည်း သူတို့ ယဉ်ကျေးမှုကို နည်းမျိုးစုံနဲ့ ဘက်စုံနေရာကနေ ကမ္ဘာသိအောင်ကြိုးစားဖော်ထုတ်နေကြသလို ကျွှန်တော်တို့ ကလည်း ကျွှန်တော်တို့ မြန်မာ့ယဉ်ကျေးမှုကို တတ်နိုင်သမျှ ကြိုးစားပြီး ဖော်ထုတ်ပြကြဖို့ မြန်မာပြည်သူပြည်သားတိုင်း တာဝန်ရှိတယ်။ သူတို့ နိုင်ငံတွေက တိုးတက်တယ်ဆိုပြီး အထင်ကြီးမှုများစွာနဲ့ မက်မောပြီး ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာစကား ကိုယ့်ဝေါဟာရတွေ ပျက်သုဉ်းရလောက်အောင် အတုယူမကြမ်းသင့်ဘူးလို့ ကျွှန်တော်ယုံကြည်တယ်။ 

ဒီလိုဝေါဟာရတွေကို များသောအားဖြင့် နယ်တွေကျေးရွာတွေက လူတွေက အများဆုံးခေါ်လေ့ရှိတော့ အဲဒါကို ကျွှန်တော်တို့ မြို့ နေလူထုက တောဆန်တယ် ၊ ခေတ်မမှီဘူးထင်တာ။ ဘယ်ဟုတ်လိမ့်မလဲဗျ။ အင်း...........ကျွှန်တော်တို့ ရဲ့ အသိဥာဏ်တွေပွင့်လင်းပြီး ကိုယ့်ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်ဗျာ။ 

ထူးတင့်နိုင်
၂၅-၆-၂၀၁၂
ည ၁၁း၁၅

ဘကြီးသက်
Unknown at 8:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.