Tuesday, June 26, 2012

ပြည်သူတစ်ဦးချင်း၏ ဂျီဒီပီအား ငါးနှစ်အတွင်း သုံးဆတိုးရန်မျှော်မှန်း



From : အိအိတိုးလွင်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)
၂၀၁၅ ခုနှစ်တွင် ပြည်သူများ၏ တစ်ဦးကျ ဂျီဒီပီအား အခြေခံနှစ်ထက် သုံးဆ တိုးတက်အောင် ရည်မှန်းထားကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စုအစိုးရက ရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း မည့် အမျိုးသားစီမံကိန်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို ငါးနှစ်စီမံကိန်းအရ လူ တစ်ဦးချင်းစီ၏ ပျမ်းမျှ ပြည်တွင်းအသား တင် ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ တိုးတက်စေရန် ရည်မှန်းထားကြောင်း သမ္မတကြီးက ပြောကြားသည်။
"တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက် မှုနှုန်းအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမယ့် ပြည်သူများရဲ့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီဟာ အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ ရရှိရန် တွက်ချက်ခန့်မှန်း ထားသော်လည်း ကျွန်တော်တို့အစိုးရ အနေနဲ့ကတော့ ပျှမ်းမျှ တစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် သုံးဆ တိုးတက်အောင် ကြိုးစားသွားဖို့ ရည်မှန်းထားပါတယ်"ဟု သမ္မတကြီးဦးသိန်းစိန်က ပြောကြား သည်။
အဆိုပါရည်မှန်းချက်အား ပြည့်မီရန် လူ့စွမ်းအား၊ ငွေကြေးအရင်းအနှီးနှင့် နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပြီး နိုင်ငံတော်၏ အရ- အသုံး ငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊ ပြည်ပ အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရန်နှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်ရန် အဓိကလိုအပ်ကြောင်း ၎င်းက ပြောသည်။
"လက်ရှိ ငွေကြေးအရင်းအနှီး ထည့် ၀င်ရင်းနှီးနိုင်မှု ပမာဏထက် နှစ်ဆခန့် တိုးတက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မှသာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ သုံးဆ ကို တိုးတက်ရရှိနိုင်မှာ ဖြစ်ပါတယ်" ဟု သမ္မတကြီးဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု ကြာရှည်ပြီး နိုင်ငံစီးပွားရေးမထိခိုက်အောင် နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးကို ဦးစားပေး ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဌာန တစ်ခုချင်းစီ၏ လုပ်ငန်းနယ်ပယ် အချိုးအစားပါဝင်မှုကို ပြန်လည်စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက် နိုင်ရန် ဒုတိယသမ္မတဦးဆောင်သော 'ပုဂ္ဂလိပိုင်ပြုလုပ်ရေး ကော်မရှင်သစ်' ကို ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ဆောင် ရွက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည် ထောင်စုဝန်ကြီးဌာနများအနေဖြင့် မိမိ တို့တာဝန်ယူ ထားသော ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို မဟဗျူဟာလုပ်ငန်းစဉ် ရေးဆွဲဆောင် ရွက်ရမည်ဖြစ်ကြာင်း သမ္မတကြီးက ပြောကြားသည်။
"သမ္မတကြီးပြောသွားတာက တော်တော်လေး ကောင်းပါတယ်။ မူဝါဒ ချမှတ်ထားတဲ့ကိစ္စတွေ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု တော်တော် လေးစုံတယ်။ "ဂျီဒီပီကို ငါးနှစ်အတွင်းမှာ သုံးဆ တက်အောင်လုပ်ရမယ်ဆိုရင် တော်တော်လေးတော့ လုပ်ရမယ်။ တစ်နှစ်ကို သုည ဒသမ ၆ လောက်တိုးမှ ရမယ်။ သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်။ လက်တွေ့မှာတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု စတာတွေ လိုတယ်။ ဒါ့ပြင် ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတိုးတက်ဖို့လည်း လိုတဲ့အပြင် Clean Government ကလည်း အရေးကြီးတယ်။ လာဘ်ပေး လာဘ်ယူကိစ္စတွေကို သေချာကိုင်တွယ်ဖို့လိုတယ်။ "နိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတု၊ ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်မယ်ဆိုရင်တော့ သုံးဆဖြစ်အောင် ကောင်းကောင်းလုပ်သွား လို့ရပါ တယ်" ဟု စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က ပြောကြားသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုအကြံပေးကောင်စီ၏ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာအောင်ထွန်းသက်က ဂျီဒီပီသုံးဆတက်ရန် အစိုးရ၊ ပြည်သူ နှင့် ပုဂ္ဂလိက ပေါင်းစည်းလုပ်ကိုင်ကာ ရည်မှန်းချက်တိကျစွာ ချမှတ် အကောင် အထည်ဖော်မည်ဆိုပါက ဖြစ်နိုင်ကြောင်း ပြောသည်။
"ဂျီဒီပီကို သုံးဆဖြစ်အောင်လုပ်မယ်ဆိုတာ စီးပွားရေးအရဆိုရင်တော့ Wealth Creation ပေါ့။ ချမ်းသာမှုကို ဖန်တီးယူတာ။ နိုင်ငံတော်မှာ အခုလို တိကျတဲ့ Vision ရှိတော့ လုပ်ရတာ အဆင်ပြေတာပေါ့။ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားတဲ့ စိုးရိမ်စိတ်တွေ ရှိပေမယ့် ပြည်ပက ပညာရှင်တွေကတောင် ဖြစ်နိုင်ခြေရှိတယ်လို့ ပြောခဲ့တာပဲ။ အဓိက ကတော့ အခုလိုဦးတည်ချက် ရှိဖို့ပဲလိုတာ Drive လုပ်ဖို့ကတော့ ဆရာတို့ ၀ိုင်းဆွေးနွေးရမှာပေါ့" ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.