Tuesday, June 26, 2012

တက္ကစီများ အင်္ဂလိပ်အက္ခရာနံပါတ်သို့ ပြောင်းမည်




နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် အငှားယာဉ် (Taxi)များ၏ မြန်မာအက္ခရာ နံပါတ်များအား အင်္ဂလိပ်အက္ခရာ နံပါတ်အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်သက်တမ်း တစ်လျှောက် အငှားယာဉ် Taxi အဖြစ်သာ အသုံးပြုရန်အတွက် တင်သွင်းလာပြီး မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံသည့် ယာဉ်များအား သာမန်ယာဉ်များနှင့် ရောထွေးမှု မရှိစေရန်၊ နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန်နှင့် ပြောင်းလဲမှုများ မပြုလုပ်စေရန်အတွက် သီးခြားယာဉ်အမှတ်အဖြစ် အင်္ဂလိပ်စာလုံး၊ ဂဏန်းဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ “နိုင်ငံခြားသားတွေအတွက် ကောင်းပါတယ်။ ကျွန်တော့် အမြင်တော့ မြန်မာရော အင်္ဂလိပ်ပါ နှစ်မျိုးစလုံး ပါသင့်တယ်လို့ မြင်ပါတယ်။ တချို့မြန်မာတွေ အင်္ဂလိပ်လို မဖတ်တက်ပါဘူး” ဟု ဝါးခယ်မထရေးဒင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။ ယင်းသို့ သီးခြားယာဉ်အမှတ် သတ်မှတ်ရာတွင် အောက်ခံအနီရောင်တွင် အင်္ဂလိပ်စာလုံး၊ ဂဏန်းအား အဖြူရောင်ဖြင့် AA-1001 မှ 9999 အထိ သီးခြား သတ်မှတ်ပေးသွားမည်ဖြစ်ပြီး AA ကုန်ဆုံးပါက BB, CC ဖြင့် ဆက်လက် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားသားများအတွက် အမှန်တကယ် အဆင်ပြေမှု ရှိစေလိုလျှင် Taxi များအား အဆင့်မြှင့်တင်ပေးရန်လိုအပ်ပြီး အဆင့်မြှင့်တင်ရမည့် နည်းလမ်းများကို ရှာဖွေသင့်ကြောင်း ဒေါက်တာစိုးထွန်းက သုံးသပ်သည်။ “ကိုယ့်နိုင်ငံက Taxi တွေက မိုးယိုတာနဲ့၊ လေတိုက်တာနဲ့ ကိုယ့်မြန်မာအချင်းချင်း စီးဖို့တောင် သိပ်အဆင်မပြေဘူး။ နံပါတ်ပြောင်းရုံနဲ့တော့ ထူးခြားတဲ့ ဝန်ဆောင်မှုကို ဖြစ်စေမှာမဟုတ်ပါဘူး” ဟု ယင်းက ဆက်ပြောသည်။ ယင်းသို့ Taxi များအား သီးခြား သတ်မှတ်ရန် ထုတ်ပြန်ချက်ကို ဇွန် ၁၅ ရက်တွင် အဆိုပါ ဌာနမှ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘကြီးသက်
Unknown at 5:35 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.