Tuesday, June 26, 2012

Facebook မှ Comment နှင့် Post များကို ပြင်ဆင်ခွင့်ပေး


နာမည်ကျော် လူမှုရေး ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Facebook ဟာ အသုံးပြုသူတွေ အနေနဲ့ Comment တွေ၊ Post တွေတင်ရာမှာ အမှားအယွင်းရှိရင်
ပြင်ဆင်ခွင့် ပေးသွားတော့မယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Facebook အသုံးပြုတွေအနေနဲ့ အမှားအယွင်းပါတဲ့ Post တွေ၊ Comment တွေကို တစ်ခုလုံး ဖျက်ပစ်ရမယ့်အစား ပြင်ဆင်နိုင်တော့မှာဖြစ်ကြောင်း Facebook မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီလို Comment တွေ ပြင်ဆင်တဲ့ မှတ်တမ်းတွေကိုပါ ပြသသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို ပြင်ဆင်နိုင်မှုကို အခု စတင်နေပြီဖြစ်ပြီး မကြာခင် ရက်အနည်းငယ်အတွင်းမှာ အသုံးပြုသူတိုင်း လုပ်ဆောင်နိုင် မှာ ဖြစ်ပါတယ်။ Facebook ၀က်ဘ်ဆိုက်ဟာ အသုံးပြုသူ အချင်းချင်းကြားမှာ သတင်း အချက်အလက်တွေ ဝေမျှဖလှယ်နိုင်တဲ့ လူမှုရေး ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပြီး ၂၀၁၂ခုနှစ် ဧပြီလအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း အသုံးပြုသူဦးရေ သန်း ၉၀၀ကျော် ရှိနေတယ်လို့ သိရပါတယ်။

ဘကြီးသက်
Unknown at 9:03 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.