Tuesday, June 26, 2012

လန်ဒန်မှာ ဘုန်းကြီးတွေနဲ့ ပြဿနာတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်



ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အိမ် ကိုယ့်ယာ ကို ပြန်ရောက်လာတဲ့ အင်္ဂလန်နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဘဝ တူ မြန်မာနိုင်ငံကို စွန့်ပြီး ဗြိတိန်မှာ အလုပ်အကျွေး ပြုနေတဲ့ မြန်မာတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာဘုန်းကြီးတွေနဲ့ ပြဿနာ တက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူမနဲ့ တွေ့ဖို့အတွက် ကလေးက အစ ဘုန်းကြီးအထိ တစ်ယောက်ကို ဗြိတိန်ငွေ ၁၀ ပေါင် တောင်းယူ ကောက်ခံ ခဲ့ပြီး ပိုက်ဆံပေးပြီး လာရောက်တွေ့ဆုံသူများက မေးခွန့်အချို့ကို မေးမြန်းခဲ့ကြပါတယ်။ ဗြိတိန်က မြန်မာတွေနဲ့ ဗြိတိန်ကို အကြာကြီးခွဲပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည် တွေ့ဆုံပွဲမှာ NLD ပါတီဝင်လည်းမဟုတ်၊ ဘာမှလည်း မဟုတ်တဲ့ ဇာဂနာကလည်း ကပ်ပြီးလိုက်လာတဲ့အပြင် ဘာမဆိုင်ညာမဆိုင်နဲ့ အခမ်းအနားမှူးပါ ဝင်လုပ်ခဲ့ရမှ ပြဿနာ တွေ တက်ကုန်ခဲ့တယ်လို့ သိရပါတယ်။

"တောင်ကုတ်မှ ရခိုင်များကို အလွန်မုန်းတယ်" လို့ ပြောခဲ့တဲ့ ဇာဂနာဟာ မွတ်ဆလင်များကိုသာ ဦးစားပေးခဲ့ပြီး လန်ဒန်မှ ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးများကို မထီမဲ့မြင် ပြူမူပြောဆိုမှုကြောင်း အစီအစဉ် အားလုံး ပြီးဆုံးသွားချိန်မှာ ဘုန်းကြီးများက လုံးဝ မကျေမနပ်ဖြစ်နေကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဖူးလို့ သွားကြည့်ခဲ့သူ တစ်ဦးက အခုလို ပြောပါတယ်။

"ပြဿနာက တော့ တော်တော်ကြီးတယ်ပြောရမယ်ဗျ... အန်တီစု ဝင်လာတဲ့အချိန်မှာ အားလုံးကို မက်တက်ရပ်ခိုင်းပြီး နိုင်ငံတော် သီချင်း ဆိုခိုင်းတယ်လေ... အဲဒီ မှာ ဘုန်းကြီးတွေနဲ့ ပရိတ်သက်တွေက စပြီး စိတ်မသက်မသာ ဖြစ်နေကြတယ်... နောက်ပိုင်း မေးခွန်းတွေ ကတခြား အန်တီစုဖြေသွားတာက ကိုလိုရာ ကိုစွဲ ပြီး မေးတာနိုင်မဆိုင်တာတွေ လျှောက်ဖြေတော့ ပိုဆိုးတာပေါ့.. ၁၀ ပေါင်ပေးပြီး လာကြည့်ရတာ မတန်ဘူးလေ... အစီအစဉ် ကမောက်ကမ ဖြစ်တာ က အဆိုးဆုံးပဲ... ဘုန်းကြီးတွေကလည်း မကျေနပ်ကြဘူး... အန်တီစုလည်း မျက်နှာတော်တော်ပျက်နေတယ်... NLD-LA (UK) က အဖွဲ့တွေ အားလုံးလည်း အစီအစဉ်တွေ ဖရိုဖရဲ ဖြစ်ပြီး ဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်... " လို့ ဆိုပါတယ်။

လန်ဒန်တွေ့ဆုံပွဲမှာ ဖြစ်တဲ့ ဘုန်းကြီး နဲ့ ဒေါ်စု ပြဿနာကြောင့် ယူကေမှ သံဃာတော်အားလုံးက လုံးဝ မကျေနပ်နိုင် ဖြစ်နေကြကြောင်း သိရပြီး ဇာဂနာကတော့ အားလုံးက ၎င်း နှင့် ထိန်ထိန် တို့ရဲ့ အပြစ်သာ ဖြစ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သံဃာများကို facebook ပေါ် မှာ စာရိုက်ကာ ဖြစ်သလို တောင်းပါတယ်။




ဘုန်းကြီးကို ခေါင်းခေါက်ပြီးမှ facebook ပေါ်ကနေ တောင်းပန်တာကြောင့် ယူကေ မှ မြန်မာ သံဃာတော်များသာ မက အခြားနိုင်ငံမှ သံဃာများနဲ့ ပြည်တွင်းမှ သံဃာများကပါ ဇာဂနာ နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို မကျေ နပ်ဖြစ်နေကြကြောင်း သိရပြီး တောင်ကုတ်မှ ရခိုင်များကို မုန်းတယ် ဟု ပြောဆိုခြင်း၊ မွတ်ဆလင်များဖက်မှ ရပ်တည်ခြင်း နဲ့ ဗုဒ္ဓဘာသာ သံဃာများကို မထီမဲ့မြင် ပြုမူ ပြောဆိုခြင်းများကြောင့် ရခိုင်သားများမှ ဇာဂနာပြန်လာလျှင် လေဆိပ်မှ ဆီးကြို ဆန္ဒပြကြမယ်လို့ သတင်းရရှိပါတယ်။

၂၀၀၇ တုန်းကလည်း ဇာဂနာဟာ ဗုဒ္ဓဘာသာ မလုပ်ချင်တော့တာကြောင့် ဘာသာ ပြောင်းမယ်လို့ ပြောခဲ့ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံကို စွန့်ခွာပြီး လင်ယောင်္ကျားဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာ ယူကေ သို့ အပြန်ခရီးစဉ် နဲ့ ပတ်သက်ပြီး ယူကေ ရောက်မြန်မာများကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူမရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကို အလွန်စိတ်ပျက်သွားကြကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ခရီစဉ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းတဲ့ အကြောင်းကို အမေရိကန် သတင်းစာ တစ်စောင်က ဖော်ပြခဲ့ပါတယ်။

Myanmar Express

ဘကြီးသက်
Unknown at 11:00 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.