Tuesday, May 22, 2012

“နတ်ကာ ရေလှောင်တမံ ” စီမံကိန်းမှ ဒေသခံတောင်သူများ၏ လယ်မြေများကို အတင်းအဓ္ဓမတူးယူနေ


မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ယင်းတော်ကန် အနီး  ဒဟတ်ကုန်း
ကျေးရွာအုပ်စုအတွင်းရှိ ကန်ဖျား (၅ )ရွာဖြစ်သော( ဒဟတ်ကုန်း ၊ စည်ပင်သာ ၊
ကန်ဖျား ၊ ကန်စွယ် ၊ ကျောင်းရွာ ) ရွာတို့တွင် ဆင်းရဲသား တောင်သူလယ်သမားများ
ပိုင်ဆိုင်သော  လယ်ယာမြေများအတွင်းမှ စိုက်ပျိုးလယ်ယာမြေများကိုမြေတူးယာဉ်
 ကြီးများဖြင့် အတင်းအဓ္ဓမ တူးဆွ သယ်ယူလျှက်ရှိပါသည် ။

အဆိုပါဒေသ၌  တည်ဆောက်လျှက်ရှိသော “နတ်ကာ ရေလှောင်တမံ ” စီမံကိန်း၌ 
လိုအပ်သော ဖို့မြေများကိုဆင်းရဲသားတောင်သူလယ်သမားများပိုင်သော  စိုက်ပျိုး
 လယ်ယာမြေများအတွင်းမှ  တူးဆွသယ်ယူနေခြင်းဖြစ်သည်။ အဓိကတာဝန်ရှိသူ
များမှာ  ဆည်မြောင်းဦးစီဋ္ဌာန နှင့်  အကျိုးတူပူးပေါင်းဆောင်ရွက်နေသာ ကုမ္ပဏီများ
ဖြစ်ပါသည် ။

လယ်ယာမြေ ဧက ( 60 )ကျော်ခန့်ဆုံးရှုံးနစ်နာ ခဲ့ရသောတောင်သူလယ်သမားများ
အား  တာဝန်ရှိသူများမှ ညွှန်ကြားချက် စာရွက် ၊ စာတန်းများ ပြသခြင်း ၊ တစုံတရာ
 အသိပေးအကြောင်းကြားခြင်း ၊ လျှော်ကြေးငွေ တစုံတရာပေးအပ်ခြင်း အလျှင်းမရှိပါ ။
ဖြူစင်ရိုးသားသော ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့၏ နှစ်နာဆုံးရှုံး
မှုများအတွက်တိုင်တန်းခြင်းအရေးဆိုခြင်း မပြုဝံအောင် ကြောက်ရွံနေကြပါသည် ။

ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့ ဓားမဦးချ လုပ်ကိုင်စားသောက်နေ
သော လယ်ယာမြေများဆုံးရှုံးမှုကြောင့် ဆောက်တည်ရာမရကာ အနာဂတ်ဘ၀ပါ
ပျောက်ဆုံးနေကြောင်း ဒေသခံလယ်သမားများက ပြောပြပါသည်။
Myanmar News Now




Unknown at 9:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန် မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ နေရာယူထား



ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal)
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal)
မေလ(၂၂)ရက်နေ့ ယနေ့ ည ရန်ကုန်မြို့ ဆူးလေဘုရားရှေ့ မှာ လျှပ်စစ်မီးရရှိရေး
ဆန္ဒပြမည်ဆိုတဲ့ သတင်းများထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့ တော်ခန်းမရှေ့
လုံခြုံရေးများ ချထားတာကိုတွေ့ ရပါတယ်။

သုံးခွမြို့ လျှပ်စစ်ရုံးရှေ့ မှာ မီးရရှိရေး ဖရောင်းတိုင်မီးထွန်းညှိ ဆန္ဒပြမှုစတင်ခဲ့
ပြီးနောက် မန္တလေးနဲ့ မုံရွာမြို့ တွေမှာ ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာ
ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

သစ်ထူးလွင်
Unknown at 9:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နာဂစ် စစ်တမ်း အပိုင်း (၂)





ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ အတွက် သဘာဝဘေး အန္တရာယ် တစုံတရာ ကျရောက်လာရင် ဆုံးရှုံးနစ်နာ နိုင်ချေဟာ သိပ်ကို မြင့်မားတာမို့ အားနဲချက်တွေ ရှိနေတဲ့ ဒီဒေသမှာ နောက်ထပ် နာဂစ်လို အဖြစ်မျိုး မကြုံရအောင် ပြုပြင်ဖို့ အတွက် လိုအပ်တာတွေကို အဲဒီအချိန်က မိုးလေ၀ဿနဲ့ ဇလဗေဒဌာနမှာ ညွှန်ကြားရေးမှုးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဦးထွန်းလွင်က ပြောပြပေးမှာပါ။

ဒီမြစ်ဝကျွန်းပေါ်ဒေသမှာ အားနဲချက် ၁၀ချက်ရှိတယ်။ vulnerability ဟာ  မြစ်ဝကျွန်းပေါ်ဒေသမှာ  မြင့်မားနေတယ်။ ၁၀ချက်လုံး လျော့အောင် လုပ်နိုင်သလားဆိုရင် ရိုးရိုးသားသားဖြေရရင်တော့ မရပါဘူး။
ကျွန်တော့် အမြင်မှာ ၃ချက်လောက်က မရပါဘူး။ 
မြစ်ဝကျွန်းပေါ်ဒေသဟာ မြေနိမ့်ဖြစ်နေတယ်။ ဒါကိုလုပ်လို့ မရပါဘူး။ 
နောက် မြစ်လက်တက်တွေ ပေါ နေတယ်။ ဒါလည်း လုပ်လို့ မရပါဘူး။
နောက် တခါ ကမ်းရိုးတန်း ရေတိမ်တယ်၊ ဒီရေ အတက်အကျ ရှိတယ်။ ဒါလည်း လုပ်လို့ မရပါဘူး။  ဒီ၃ချက်ကတော့ လုပ်လို့ မရဘူးလို့ပဲ သတ်မှတ်ရမှာပါ့။ 
ဒါပေမယ့် နောင် သိပံ္ပပညာတွေ တအား တိုးတက်လာလို့ လုပ်နိုင်ရင်တော့ တကဏ္ဍပေါ့  အခုတော့ မလွယ်ပါဘူး။

နောက် သဘာဝ အန္တရာယ် ပြတဲ့ မြေပုံတို့၊  နောက် အန္တရာယ် ဘေးသင့်မှုကြောင်း ဆုံးရှုံးနိုင်တဲ့ အခြေနေပြတဲ့ မြေပုံတို့   risk and hazard map  ဒါတွေကလည်း လုပ်လို့ ရပါတယ်။ နိုင်ငံတကာမှာလည်း  ဒါကို လုပ်ကြပါတယ်။ 

နောက်ပြီး မုန်တိုင်းသဘာဝ  မုန်တိုင်း ဒီရေ အသိပညာ၊ ဒါလုပ်လို့ ရပါတယ်။ အခုလည်း ကျွန်တော်တို့ လုပ်နေပါတယ်။ သင်တန်းတွေ ပေးတယ်။ ဟောပြောပွဲတွေ လုပ်တယ်။  ဒါတွေက  awareness တွေ ဖြစ်အောင်  လုပ်လို့ ရပါတယ်။  နောက် လမ်းပမ်း ဆက်သွယ်မှု။  ဒါလုပ်လို့ ရပါတယ်။ နိုင်ငံတော်က ရွာချင်းဆက် လမ်းတွေ လုပ်နေတယ်။  တာတွေ ဆောက်တယ်။ ကားလမ်းတွေ ဖေါက်တယ်  လုပ်တာလည်း နာက်ပိုင်းမှာ ကျွန်တော်တို့ တွေ့ရပါတယ်။

နောက် ဒီရေတောတွေ။ အဲဒါက  အကုန်ပေါင်းလုပ်မှ ရမယ်။  ဒီရေတော အပင်တွေကို  စီမံချက်တွေ ချပြီး  စိုက်ကြရမယ်။ ဒေသခံတွေက ဒါတွေကို မခုတ်ရဘူး ဆိုတဲ့ အသိတွေ ပျံ့ပွါးအောင် လုပ်ရမယ်။  ဒါကျွန်တော်တို့ လုပ်လို့ ရပါတယ်။  နောက်ပြီးတော့  ပြည်သူလူထုနဲ့ အုပ်ချုပ်တဲ့ သူကြားမှာ ကွာဟနေတဲ့ နားလည်မှုကလေးတွေကိုလည်း အားလုံးသော သင်တန်းတွေ၊ ဟောပြောချက်တွေ  ရေဒီယိုတွေ မီဒီယာ တွေကို ကျွန်တော် တို့ ပျံ့ပွါးအောင် လုပ်ပြီးတော့  ပြုပြင်လို့ ရပါတယ်။

သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်ချေ မြင့်မားတဲ့  ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လုပ်သင့် လုပ်ထိုက်တဲ့   ပြုပြင်မှုတွေ လုပ်ထားဖို့နဲ့   တကယ်လို့ မလွှဲမရှောင်သာ သဘာဝဘေး အန္တရာယ်တွေ  ကြုံလာခဲ့ရင်  တွေ့ရမယ့် ဆုံးရှုံး နစ်နာမှု တွေ ကိုရော  လျှော့ပါးအောင်  လုပ်နိုင်ပါသလား။

သဘာဝဘေးအန္တရာယ်  disasters ကို လျော့အောင် မလုပ်နိုင်ပါဘူး။  ဘာလို့လည်း ဆိုတော့ သူက သဘာဝ အရ ဖြစ်တာပါ။  ဒါပေမယ့်လို့ ဒီဖြစ်လာတဲ့  disasters ကြောင့်  ကြုံတွေ့နိုင်တဲ့  risk  လို့ခေါ်တဲ့  ဆုံးရှုံးနစ်နာ နိုင်ချေကိုတော့   လျော့အောင် လုပ်လို့ ရပါတယ်။ နိုင်ငံ တကာမှာ ပေါ့လေ။ 
  DRR  Disaster Risk Reduction ဒီ သဘာဝ မုန်တိုင်းပဲ ဖြစ်ဖြစ်  ရေကြီးတာပဲ ဖြစ်ဖြစ်  မြေငလျင်ပဲ ဖြစ်ဖြစ်ပေါ့၊ သဘာဝ ဘေးအန္တရာယ် တခုခု ကျရောက်လို့ ရှိရင်  အဲဒီ သဘာဝ ဘေးကြောင့် ပျက်စီးဆုံးရှုံးနိုင်မှု  အလားအလာ လျော့ပါးရေး အတွက် benchmark  အခြေခံ သတ်မှတ်ချက်  ၈ခုရှိတယ်။

အကြမ်းဖျင်းပြောရရင် သဘာဝဘေးကနေ ပြန်လည် ထူထောင် နိုင်မှု  recovery၊
နောက် အရေးပေါ် တုန့်ပြန်နိုင်ရေးနဲ့ ကယ်ဆယ်ရေး  rehabilitation  ပေါ့၊ 
နောက်ကြိုတင် သတိပေးရေး  early warning 
နောက် သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိနဲ့  လူထုပညာရေး  risk knowledge  နဲ့
public education ပေါ့။ 
နောက် မြေယာ အသုံးချရေးနဲ့  အဆောက်အဦးဆိုင်ရာ ဒီဇိုင်း  land use and design နဲ့ နောက် သဘာဝအရင်းအမြစ်တွေ  natural resources နောက်ပြီးတော့  လူမှု စီးပွါးရေးနဲ့  အသက်မွေး ၀မ်းကျောင်း livelyhood  နောက်ဆုံးတခုကတော့ အုပ်ချုပ်ရေးစံနစ်  government အားလုံး  ၈ခု ရှိပါတယ်။

နာဂစ်ဒဏ်ခံခဲ့ရတာ  ၄နှစ်ရှိခဲ့တဲ့ အခါမှာ လေးနှစ်အတွင်းတွေ့ရတဲ့ အပြောင်းအလဲတွေ၊ အရင်တုန်းက အခြေနေ နောက် အခုနောက်ပိုင်းမှာ ဘာတွေ လုပ်ထားပြီးပြီဆိုတာနဲ့  နောင် ဘာတွေ ဆက်လုပ်ဖို့ လိုမယ် ဆိုတာတွေကို ပြောပြပေးပါ ဆရာ

နာဂစ်ဖြစ်တဲ့အခါမှာ ဖြစ်ပြီးပြီးချင်းမှာပဲ  နာဂစ် သင့်တဲ့ဒေသ၊  အဓိကကတော့ ဧရာဝတီ ရန်ကုန် ဒေသတွေကို သွားပြီးတော့  ဒီလောက် ထိခိုက်ပျက်စီးမှု  မြင့်မားရတာ ဘာတွေအားနဲ လို့လည်း ဆိုတဲ့ဟာကို  ကျွန်တော်တို့ ကွင်းဆင်းပြီးတော့  အဖွဲ့လေးငါးဖွဲ့နဲ့  သွားပြီးလေ့လာပါတယ်။ 
အမှတ်ပေး စံနစ်နဲ့ လေ့လာကြည့်တဲ့ အခါမှာ  ဒီ၈ခုထဲမှာ  နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံအမှတ်ကို ပြည့်မီတာ တခုပဲ  ရှိပါတယ်။ ကျန်တဲ့ ၇ခုလုံးက မပြည့်မီပါဘူး။
ပြည့်မီတဲ့ တခုက  early warning လို့ခေါ်တဲ့  ကြိုတင် သတိပေးတဲ့ လုပ်ငန်းတခုသာလျှင် စံချိန်မီအောင် လုပ်နိုင်ခဲ့တယ် ဆိုတဲ့ အဖြေထွက်ပါတယ်။ ကျန်တဲ့ ၇ခုက တခုမှ အောင်မှတ် မရခဲ့ပါဘူး။
အဲဒီထဲမှာ အဆိုးဆုံး ၃ခု တွေ့ရပါတယ်။ အဲဒါတွေက  disaster recovery သဘာဝဘေး အန္တရာယ်တွေကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ risk knowledge သဘာဝဘေးနဲ့ ပါတ်သက်တဲ့ အသိတွေ နောက်  natural resources လို့ခေါ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသရဲ့  သဘာဝ အရင်းအမြစ်တွေ ဥပမာအားဖြင့် မြေနိမ့်တွေဖြစ်နေတယ်၊ တောင်ကုန်းတွေ မရှိဘူး။ မြစ်ချောင်းတွေ ပေါတယ် ဆိုတဲ့  resources တွေနဲ့ ပါတ်သက်တဲ့  အချက် ၃ချက်ဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ  အဆိုးဆုံး အနေထားကို တွေ့ရပါတယ်။

အခု နာဂစ်ပြီးတဲ့နောက်  ၄နှစ်မြောက် ရောက်တဲ့ အချိန်မှာ   တချို့အရာတွေကို အတိုင်းအတာ တခုအထိ မလုပ်နိုင်ခဲ့တာ တွေ့ပါတယ်။  အချို့အရာများတော့ ဆက်ပြီး အားနဲနေဆဲဖြစ်ပါတယ်။  ဥပမာအားဖြင့် recovery ကို ကျွန်တော်တို့ တော်တော်လေး လုပ်လာနိုင်ပါတယ်။
risk knowledge လို့ခေါ်တဲ့  လူထုအသိပညာပေး လုပ်ငန်းတွေ ကျွန်တော်တို့ တော်တော်လေး လုပ်လာနိုင်ပါတယ်။ early warning ကတော့  အခုနောက်ပိုင်း ပိုပြီးတော့လည်း  လုပ်လာနိုင်ပါတယ်။ 
ဒီအပိုင်းတွေမှာ  ပြဿနာ သိပ်မရှိပါဘူး။ နောက်ပြီးတော့ အုပ်ချုပ်ရေး စံနစ် ပေါ့ လူထုနဲ့ အုပ်ချုပ်တဲ့ သူတွေနဲ့  ချိတ်ဆက်မိတဲ့ လုပ်ငန်းတွေ  အုပ်ချုပ်တဲ့ အပိုင်းတွေ သဘာဝ ဘေးအန္တရာယ်  ကာကွယ်စောင့် ရှောက်ရေး  plan အစီအစဉ် ဆွဲတာတွေ  စသဖြင့် လုပ်နေတဲ့ အတွက်  အတော်များများ ကတော့ အတိုင်းအတာ တခုအထိတော့ တိုးတက်မှု ရှိခဲ့တယ်။

ဒါပေမယ့်လို့  ကျွန်တော် သိရသလောက်တော့  ဒီကနေ့ အချိန်အထိ  map တွေဆိုတာတော့ မလုပ်ရသေးဘူးလို့  သိရပါတယ်။  risk map မသိသေးဘူး။ hazard map တွေ မဆွဲနိုင်သေးပါဘူး။  ဒီ shelter တို့ဘာတို့ ဆောက်ပါတယ်။ တော်တော်လည်း ပြီးပါပြီ။  ဒါတော်တော်လည်း  ၀မ်းသာစရာပါ။ နာဂစ်တုန်းက  တလုံးမှ မရှိဘူး။ 

အခုဆိုရင် အတိုင်းအတာ တခုအထိ ရှိပြီ  အရေအတွက် အတိအကျ မသိပေမယ့် ကျွန်တော် ညွှန်ကြားရေးမှုးချုပ်လုပ်နေတုန်းက  ၁၈လုံးလို့ သိရပါတယ်။  ဒီတော့ အကြမ်းဖျင်း အားဖြင့်  ၁၈လုံး အလုံး ၂၀ကျော် ဆောက်လုပ်ပြီးပြီ ဆိုတော့ ဒါဟာ ၀မ်းသာစရာပါ။ 

ဒါပေမယ့်  ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ အဲဒီ အတိုင်းအတာဟာ မလုံလောက် ပါဘူး။  တော်တော်များများ လုပ်ဖို့ လိုပါသေးတယ်။
ဥပမာအဖြစ် ပြောရလို့ ရှိရင် ကျွန်တော်တို့ အိမ်နီးချင်း  နိုင်ငံ ဘန်ဂလာဒက်ရှ်မှာ  ဆောက်ထားတဲ့ အရေအတွက်ဟာ  သုံးထောင် ရှိပါတယ်။ 
အဲဒီတော့  ကျွန်တော်တို့ အများကြီး လုပ်ဖို့ လိုသေးတယ်။ အရှိန် အဟုန်လျော့မသွား သင့်ပါဘူး။  အခု နောက်ပိုင်း မှာ မုန်တိုင်း သင့်ခဲ့တဲ့ ဒေသတွေကို ကျွန်တော် ရောက်သွားတဲ့ အချိန်မှာ  ဖြစ်ခါစက  တော်တော်များများ လုပ်ကြပေမယ့် အခုနောက်ပိုင်းတော့   အရှိန်နဲနေသေးတာကို တွေ့ရတဲ့ အတွက် တိုးတက်မှု အတိုင်းအတာ တခုထိ ရှိတယ်။  ဒါပေမယ့်လို့  လုပ်ရန် လိုပါသေးတယ်လို့ပဲ   ပြောလိုပါတယ်ခင်ဗျ။
ဒေါက်တာဦးထွန်းလွင်ပါ။

ခင်မျိုးသက်
VOA
စနေ, 12 မေ 2012
http://www.voanews.com/burmese/news/science-technology/SciTech_Nagis_Analysis_Part2_05-11-12MT-151262295.html
Unknown at 9:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ လေယာဉ်မှူး သင်တန်း စတင် သင်ကြား




နယူးဇီလန် Golden Wings Flight Co,LTD နဲ့ JENKO တို့ အကျိုးတူ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ လေယာဉ်မှူး သင်တန်းကို မေလ ၂ ရက်နေ့ မှစပြီး ဖွင့်လှစ်
သင်ကြား နေပြီ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်မှူး သင်တန်းကို နယူးဇီလန် နိုင်ငံမှ Mr Peter Oberschneider နဲ့ Mr William Morrison တို့က သင်ကြား ပေးမှာဖြစ်ပြီး သီအိုရီပိုင်း ဆိုင်ရာ မြေပြင် သင်တန်း ၁၄ ပတ်ကို မြန်မာနိုင်ငံရှိ Golden Wings & Jenko Flight Training မှာ သင်ကြား ရမှာ ဖြစ်ပါတယ်။

ဒီလို သီအိုရီပိုင်း ဆိုင်ရာ သင်တန်း တက်ရောက် ပြီးပါက နယူးဇီလန် နိုင်ငံ၊ နယ်လ်ဆင် မြို့ရှိ Golden Wings Flight Traning School မှာ လေယာဉ် ပျံသန်းခြင်း သင်တန်းကို ၁၈ လ သင်ကြား ရမှာဖြစ်ပြီး ပျံသန်းချိန် ၃၂၅ နာရီကြာမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် အဆိုပါ သင်တန်းများ အားလုံး ပြီးဆုံး အောင်မြင်ပါက နိုင်ငံတကာ လေကြောင်းလိုင်း များမှာ အလုပ် ၀င်ရောက် နိုင်သလို လေကြောင်း နည်းပြများ အနေနဲ့လည်း လုပ်ကိုင် နိုင်တာ ဖြစ်တယ်လို့ အဆိုပါ Golden Wings မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလေယာဉ်မှူး သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေး လိုပါက Golden Wings @ Jenko Flight Training ၊ ဖုန်း - (၀၉ ၅၀၆၂၈၉၁) သို့ ဆက်သွယ် မေးမြန်း နိုင်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 Myanmar Express
Unknown at 9:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုဘိုင်းဖုန်းလိုင်းများကို ပုံမှန်ဈေးထက်ပိုမိုရောင်းချပါက အရေးယူသွားမည်ဟုဆို



From : Internet
မြန်မာ့ဆက်သွယ်ရေးမှ ဈေးနှုန်းသက်မှတ်ထားသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်းမြင့်တင်ရောင်းချနေပါက အရေးယူဆောင် ရွက်သွားတော့ မည်ဖြစ်ကြောင်း သိရသည်။ ““အခု အရေးယူဆောင် ရွက်ဖို့လုပ်နေပြီ။ ကတ်တွေကိုလည်း လိုသလောက် ထုက်ပေးတော့မယ်။ ဈေးလည်း ပိုပြီးမရောင်းရဘူး။ ရောင်းရင် အရေးယူမယ်။”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမည် မဖော်လိုသည့် အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။ ရန်ကုန်မြို့၌ ၀ယ်လိုအားနှင့် ထွက်ရှိလာသည့် မိုဘိုင်းဖုန်းလိုင်း ကတ်အရေအတွက်မှာ မျှတမှုမရှိသည့်အတွက် တစ်ဆင့်ခံရောင်းချနေသည့် ကိုယ်စားလှယ်များလက်ဝယ်၌ မိုဘိုင်းဖုန်းလိုင်းများ၏ ဈေးနှုန်းမှာ မှုရင်းဈေးနှုန်းထက် ၁ သောင်းကျော်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ မှုရင်းဈေး နှုန်းဖြင့်သာရောင်းချမည်ဆိုပါက ကတ်ရှားပါးနေသည့်အချိန်ကာလ၌ ၀ယ်ယူအသုံးပြုလိုသူများအတွက် အခတ်အခဲများနှင့် ကြုံတွေ့လာနိုင်သည်ဟု မိုဘိုင်းဖုန်းကတ်များကို တဆင့်ခံရောင်းချပေးနေသူတစ်ဦး ကသုံးသက်သည်။ ““အရင်ကရတနာပုံနဲ့ Elite မှာပဲ ကတ်တွေကိုရောင်းနေတာ။ အခု မြန်မာ့ဆက်သွယ်ရေးရဲ့ ရုံး ၅ ရုံးမှာလည်းရောင်းပေးသွားမယ်။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ကတ်တွေကိုဝင်မရောင်းဘူး။ ကုမ္ပဏီ တွေကိုပေးရောင်းနေတာ။ အခုမှပြန်ရောင်းမှာ”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိကဆိုသည်။ ဈေးနှုန်းမြင့်တင်ရောင်းချသူကို အရေးယူဆောင်ရွက်သွားမည်ဟူသော ကိစ္စနှင့်ပတ်သက်၍ လူကြီးမင်းဟန်းဆက်အရောင်းဆိုင်မှ ဦးကိုကိုအောင်က ““ကျွန်တော်တို့ ဆိုင်တွေအနေနဲ့ ပိုပြီးသဘောကျတယ်။ ကတ်တွေများများထွက်လာမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ ကျွန်တော်တို့က ကတ်တွေပေါ်မှာ အမြတ်ရနေတာမဟုတ်ဘူး။ ၀ယ်တဲ့လူတွေက လိုအပ်နေလို့သာကိုယ်တွေကလည်း တခြားကနေယူပြီး မှုရင်းဈေးအတိုင်းပြန်ပေးနေရတာပါ။ ၀ယ်လိုအားက ရှိနေတုန်းပဲ။ ကတ်တွေကသာမရှိတာ။ ၀ယ်လိုအားရှိတော့ ကတ်တွေကိုကိုင်ပြီး ဈေးကစားနေသူတွေကလည်းရှိနေတယ်။ အဲဒါကြောင့် ပြင်ပဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲဖြစ်နေရတာ”” ဟု ဆိုသည်။မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ၎င်းင်းတို့သက်မှတ်ထားသော ၂ သိန်း၊ ၂ သိန်းခွဲကျပ်ဖြင့်သာ မိုဘိုင်းဖုန်းလိုင်းများကို ရောင်းချကြရန်ထုက်ပြန်ကြေညာခဲ့ပြီး အပိုကြေးဖြင့် ရောင်းချနေသည့် ပြင်ပအရောင်းဆိုင်များကို အရေးယူဆောင်ရွက်သွားမည်ဟုဆိုသော်လည်း အရေးယူဆောင်ရွက်သွားမည့် အခြေအနေများကိုမှု ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

Myanmar Express
Unknown at 9:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လျှပ်စစ်မီးရရှိရန် ဆူးလေဘုရားရှေ့မှာ ယနေ့ည ဆန္ဒပြမည်


မေလ(၂၁)ရက်နေ့ ည က ရန်ကုန်မြို့ မီးပွိုင့်တွေမှာ မီးပျက်နေလို့ 
ကားတွေ ပြည့်ကျပ်နေစဉ် (ဓါတ်ပုံ-Myanmar News Now)

မေလ(၂၁)ရက်နေ့ ည က ရန်ကုန်မြို့ မီးပွိုင့်တွေမှာ မီးပျက်နေလို့ 
ကားတွေ ပြည့်ကျပ်နေစဉ် (ဓါတ်ပုံ-Myanmar News Now)
မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ်၊ ဟံသာ (YPI )

ယနေ့ညနေ ရန်ကုန်မြို့ ဆူးလေ ဘုရားရှေ့တွင် လျှပ်စစ်မီး မှန်မှန်ရရှိရေး တောင်းဆိုမည့် ပြည်သူများ စုဝေးကာ ဖယောင်းမီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။

ယခုညနေ ပြုလုပ်မည့် ဆန္ဒပြရာတွင် ပါဝင်ကြမည့်သူများမှာ ဒီမိုကရက်တစ်အင်အားစုများဖြစ်သည့် အလုပ်သအမားအဖွဲ့အစည်းများ ၊ကျောင်းသား အဖွဲ့အစည်းများ၊ လယ်သမားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအကျဉ်းသား အရေးဆောင် ရွက် နေသည့် အဖွဲ့အစည်းများ အပါအ၀င် ပြည်သူလူထုများလည်း ပါဝင်မည်ဟု ၎င်းကYPI သို့ပြောသည်။

“ကျွန်တော်တို့ဒီမိုကရက်တစ်အင်အားစုတွေ အပါအ၀င် လျှပ်စစ်မီးရရှိဖို့ အတွက်လိုလား တဲ့ပြည်သူတွေအပါ စုစုပေါင်း လူအယောက် ၈၀ နဲ့ ၁၀၀ လောက်ရရင်စလှုပ်ရှားမယ်။ အင်အား ၁၀၀ ကျော်ချင်လည်း ကျော်သွားနိုင်တယ်” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

အစီအစဉ်မှာ ယနေ့ညနေ ၆နာရီခွဲအချိန် ဆူးလေဘုရားရှေ့တွင်လူစုကြမည်ဖြစ်ပြီး ၇ နာရီတွင်ဖယောင်း တိုင်မီးထွန်းညှိ၍ အသံတိတ် ငြိမ်းချမ်းစွာဆန္ဒပြကြပြီး နောက် ဆူးလေဘုရားပေါ်သို့ တက်ရောက်ဆု တောင်းပြီး လူစုခွဲကြမည် ဖြစ်သည်။

“အခုလှုပ်ရှားမှုက ကျွန်တော်တို့ ဒီမိုကရက်တစ် အင်အားစုတွေ ပါပေမဲ့ နိုင်ငံရေးလှုပ်ရှားမှု အနေနဲ့လုပ်တာ မဟုတ်ပါဘူး ဒါကိုလည်း အဖွဲ့ဝင်အားလုံး သဘောတူထားတယ် အဓိကက လူထုလိုအပ်ချက် အတွက်လုပ်တဲ့ လှုပ်ရှားမှုပဲ”ဟု ကိုဟန်ဝင်းအောင်ကဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မန္တလေး၊ မုံရွာ စသည့် မြို့များတွင်လည်း လျှပ်စစ်မီး ရရှိရန်အတွက် ဖယောင်းတိုင်မီးထွန်း၍ ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းဖြန့်ဝေခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပြည်လူထုသို့မေတ္တာ ရပ်ခံပန်ကြားခြင်း ဆိုသည့် ခေါင်းစဉ်ဖြင့် ပန်ကြားချက် တရပ်ဖေါ်ပြထားရာတွင်

“ မြန်မာနိုင်ငံမှာ ရေအား၊ကျော်မီးသွေးနှင့်စက်ရုံပေါင်း၍ နွေရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏမှာ ၁၃၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး သုံးစွဲမှုပမာဏမှာ ၁၈၅၀ မဂ္ဂါဝပ်ရှိသဖြင့် အများပြည်သူနှင့် စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းများအား ဓာတ်အားလုံလောက်စွာဖြန့်ဖြူးပးနိုင်ခြင်းမရှိတော့၍ သုံးအုပ်စုခွဲကာ အုပ်စုလိုက် အလှည့်ကျဓာတ်အားပေးခြင်းကို ဆောင်ရွက်ခဲ့ရပါသည်။
ထိုသို့ဆောင်ရွက်နေစဉ် ယခုလ ၁၉ ရက်နေ့တွင် ရွှေလီ-မန်စံ ၂၃၀ ကေဗွီဓာတ်အားလိုင်းဧ။်တိုင်အမှတ် (၇၃၊၂၀၆၊၂၀၇နှင့် ၂၀၈) တိုင်လေးတိုင်တို့မှာ မိုင်ခွဲအချိုးခံရသောကြောင့်ဓာတ်အားပမာဏ ၂၀၀မဂ္ဂါဝပ် မှာလျော့နည်းဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့် ယခုနွေရာသီတွင် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စု သုံးစုခွဲ၍ အလှည့်ကျ ဓာတ်အား မျှပေးနေရသော အခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူအားလုံး လျှပ်စစ်ဓာတ်အား ချှေတာသုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန် အထူးမေတ္တာ ရပ်ခံပန်ကြားအပ်ပါသည် ” ဟု ဖေါ်ပြပါရှိသည်။

ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးက “ မီးက ဘယ်အချိန်လာမယ် ဘယ်အချိန်ပျက်မယ်ဆိုတာ တွက်မရတာ ခက်တယ်၊ နာရီဝက်တခါ တနာရီတခါ လာလိုက်ပျက်လိုက် ဖြစ်နေတာက ခက်နေတာ” ဟု လက်ရှိရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် အခြေအနေကို ပြောပြသည်။ ။

 Yangon Press International
Unknown at 9:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောင်းတံခါးတွေ ဖွင့်စေချင်


လာမည့် ဇူလိုင်လ ၇ ရက်နေ့၌ မြန်မာ့သမိုင်းတွင် အရေးပါသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရသည့် နှစ် ၅၀ ပြည့်မည်ဖြစ်သည်။ ယင်းကာလနှင့် တိုက်ဆိုင်စွာပင် ရန်ကုန်တက္ကသိုလ်၏ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးနှင့် ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ရေးတို့အတွက် သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်၏ အိတ်ဖွင့်ပေးစာ ပေါ်ထွက်လာသည်။

ဒေါက်တာ ဦးမြင့်၏ ပေးစာတွင် ရန်ကုန်တက္ကသိုလ်ကို ဧရာဝတီမြစ်နှင့် နှိုင်းယှဉ်ထားပြီး အမျိုးသားအမွေအနှစ်နှင့် အနာဂတ် မျိုးဆက်အတွက် အရေးပါကြောင်း ဖော်ပြထားသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် တိုင်းပြည်အနာဂတ်အတွက် အရေးကြီးသော ပညာရေးကဏ္ဍကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်သည် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့အတွက် ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အမျိုးသားပညာရေး အဆင့်အတန်း မြင့်မားခဲ့ပြီး အာရှတွင် ရန်ကုန်တက္ကသိုလ်သည် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး တက္ကသိုလ်တခုဖြစ်ခဲ့ကြောင်း ဒေါက်တာ ဦးမြင့်က ထောက်ပြနိုးဆော်ထားသည်။



ဝမ်းနည်းဖွယ်ကောင်းသည်မှာ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပညာရေးစနစ်အပေါ် စစ်အာဏာရှင်ဝါဒ လွှမ်းမိုးခဲ့ပြီး ပညာရေးလွတ်လပ်ခွင့် ဆုံးရှုံးမှုနှင့်အတူ မြန်မာ့လွတ်လပ်ရေးသမိုင်းအတွက် အရေးပါသော ကျောင်းသားသမဂ္ဂ အဆောက်အအုံလည်း ဗုံးခွဲဖျက်ဆီးခံရကာ အာဏာပိုင်များနှင့် ကျောင်းသားများအကြား ဆက်ဆံရေး စေ့စပ်မရ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

အာဏာရှင် အုပ်စိုးသည့် ခေတ်တလျှောက် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် လွတ်လပ်သော အမျိုးသားပညာရေး တည်ဆောက်ရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများ မပြတ်ဖြစ်ပွားခဲ့ကာ သွေးထွက်သံယို နှိမ်နင်းမှုများဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

၁၉၈၈ တွင် ကျောင်းသားများ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှု နိုင်ငံတဝန်းလုံးသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ ထိုစဉ်က သမ္မတ ဒေါက်တာ မောင်မောင်က ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရန် သဘောတူခဲ့သော်လည်း စစ်တပ်က အာဏာဆက်သိမ်းသည့်အတွက် ကျောင်းသားခေါင်းဆောင်များ ထောင်ကျသူကျ၊ ထွက်ပြေးသူ ထွက်ပြေးပြီး ကျောင်းထုတ်ခံရသူလည်း ခံခဲ့ရသည်။

ယခင်စစ်အစိုးရက တက္ကသိုလ်ကျောင်းသားများကို လူစုခွဲထားသည့်အနေဖြင့် တက္ကသိုလ်များကို မြို့ပြင်များ၌ အသစ်ဆောက်လုပ်စေခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ အစဉ်အလာရှိသည့် ရန်ကုန်တက္ကသိုလ်၏ ရင်ခွင်နှင့် ဝေးကွာခဲ့ကြသည်။ အမျိုးသားပညာရေးစနစ်လည်း နိုင်ငံချွတ်ခြုံကျလာမှုနှင့်အတူ နာလန်ပြန်မထူတော့ပေ။

ယခု သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် နိုင်ငံ့စီးပွားပြန်လည်ခေါင်းထောင်လာရေး ပူးပေါင်းဆောင်ရွက်နေချိန် ပညာရေးကဏ္ဍ ပြန်လည်ဦးမော့စေရန် ဒေါက်တာ ဦးမြင့်၏ တိုက်တွန်းနိုးဆော်ချက်မှာ အလွန် လိုက်ဖက်၍ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံလှသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးပိတ်ဆို့အရေးယူများ ရုပ်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှုများ နှင့် နိုင်ငံတကာအကူအညီများ ပြန်လည်ဝင်ရောက်လာမည့်နည်းတူ ယင်းရေစီးကြောင်းတွင် လူငယ်များပါဝင်နိုင်ရေးနှင့် ရေရှည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ အရည်အသွေး မြှင့်တင်ရေးသည်လည်း အလွန်အရေးကြီးသည်။ အပြောင်းအလဲအတွက် တွန်းအားအဖြစ် လာရောက်ဝိုင်းဝန်း အားဖြည့်ရန် နိုင်ငံတကာရောက် မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း ဆန္ဒပြင်းပြနေကြသည်။

ထို့ကြောင့် ကျောင်းသား၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ အစိုးရ၊ နိုင်ငံတကာ အလှူရှင်များ၊ ပြည်တွင်း ပြည်ပရှိ မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ စသည့် သက်ဆိုင်သူများ အားလုံး အတူပူးပေါင်းပြီး အမျိုးသားပညာရေး ပြန်လည် ထူမတ်လာနိုင်ရေး ဦးတည်သည့် နှီးနှောဖလှယ်ပွဲများ မကြာမီ ကျင်းပနိုင်လာမည်ဟု မျှော်လင့်ပါသည်

ခေတ်မီပညာရေးစနစ်တွင် အခြေခံထားရမည့် ကျောင်းသားအခြေပြု ချဉ်းကပ်မှုကိုလည်း ဒေါက်တာ ဦးမြင့်၏ ပေးစာ၌ တွေ့ရသည်။ ယင်းမှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ရေးနှင့် လွတ်လပ်ပြီး ခေတ်မီသော ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ဖြစ်သည်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထု၏ အလှူအားဖြင့်သာ တည်ဆောက်သင့်ကြောင်း၊ ပစ္စည်းကိရိယာကောင်းများ တပ်ဆက်ထားပြီး ခေတ်မီသော ကျောင်းသားသမဂ္ဂ အဆောက်အအုံသစ်သည် မြန်မာပြည်သူများက လူငယ်များကို ပေးသည့် လက်ဆောင်ဖြစ်သင့်ကြောင်း ဒေါက်တာ ဦးမြင့်က ဆိုထားသည်။

ယင်းသို့သာ အကောင်အထည်ဖော်နိုင်မည်ဆိုပါက  ကျောင်းသားသမဂ္ဂ အဆောက်အဦသစ်သည် အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေး အထိမ်းအမှတ်ဖြစ်လာပေမည်။
ဒီမိုကရေစီအရေး ပေးဆပ်လုပ်ဆောင်ခဲ့ကြသော ကျောင်းသားကျောင်းသူများ၏ ကြွေးကြော်ချက်အတိုင်း
ကျောင်းနံရံတဝိုက် ဒေါင်းအလံ ပြန်စိုက်နိုင်မည့်ကာလ မဝေးတော့ဟု မျှော်လင့်ပါသည်။

ဧရာဝတီ  အယ်ဒီတာ့အာဘော်
Unknown at 9:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗုံးဖောက်ခွဲခံရမှုကြောင့် မဟာဓာတ်အားလိုင်းပြတ်တောက်မှုအား အရေးပေါ်ပြင်ဆင်



ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်နေကြစဉ်
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်လျက်ရှိကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ည ၁၀ နာရီ အချိန်ခန့် က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ပန်ကနိုင်း ကျေးရွာ အနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် ၇၃ ၊ ၂၀၆ ၊ ၂၀၇ ၊ နှင့် ၂၀၈ တို့သည် အကြမ်းဖက်  သောင်းကျန်း သူများ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်ဆီးသွား ခဲ့သဖြင့် ရွှေလီရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အား ထုတ်လုပ် ပို့လွှတ်နိုင်မှု မရှိခြင်းကြောင့် ဓာတ်အား စနစ်အတွင်း ၂၀၀ မဂါဝပ်လျော့နည်းပြီး ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံ အဝှမ်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု ပိုမိုလျော့နည်း  သွားလျက်ရှိရာ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့ လျှပ်စစ် ဓာတ် အားလုပ်ငန်းမှ တာဝန်ရှိသူများက နေ့ည အပူတပြင်း ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်း(မ်)  ဂျာနယ် သို့ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ပြည်သူများတွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်ခြင်း၊ ရေတင်စက်များ အသုံးပြုရန် ခက်ခဲခြင်းများကြောင့် အခက်ခဲများစွာ ဖြစ်ပေါ်လျက်ရှိရာ မေလ ၂၀ နှင့် ၂၁ ရက်များက မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ဗုံးဖောက်ခွဲခံရမှုကြောင့် တာဝါတိုင်အမှတ် ၇၃ သည် အောက်ခြေ ခြေထောက် ၁ ချောင်းမှာ ပြတ်ထွက်သွားပြီး ကျန်ခြေထောက် ၂ ချောင်မှာလည်း ပေါက်ထွက်သွားသည်။ တာဝါတိုင်အမှတ် ၂၀၆ နှင့် ၂၀၇ သည် အောက်ခြေ ခြေထောက် ၄ ချောင်း ပြတ်ထွက်ပြီး မြေပြင်ပေါ်သို့ ပြိုလဲပျက်ဆီးခဲ့သည်။ တာဝါတိုင် အမှတ် ၂၀၈ မှာမူ ထက်ဝက်ခန့် တိမ်းစောင်းသွားခဲ့သည်။
ရန်ကုန်တိုင်းမ်
Unknown at 9:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုက်ကလပ် တက်မှ ဂုဏ်ရှိတယ်ထင်တဲ့မမများဖတ်ဖြစ်အောင်ဖတ်



STOMPer Alexsondra was disgusted at the sight of this guy groping a drunk girl at a Clarke Quay club. The guy only stopped when the club's bouncers stepped in.
အရက်မူးနေသောမိန်းကလေးတဦးအား ကလပ်ထဲတွင် လူငယ်တမျိုးမှ အခွင့်ကောင်းယူပြီး ကာမဆက်ဆံပြုလုပ်နေခြင်း။
ထိုလူငယ်သည် သူ၏ချစ်သူ (သို့မဟုတ်)တွဲကနေသောသူတစ်ဦးဖြစ်ပြီး တဖက်မိန်းကလေး အရက်အရမ်းမူးနေခြင်းအပေါ်အခွင့်ကောင်းယူကာ ပြင်ပတည်းခိုခန်းနှင့်ဟိုတယ်များသို့ပင် မသွားနိုင်တော့ပဲ နိုက်ကလပ်ထဲတွင်ကာမဆက်ဆံခြင်းများပြုလုပ်နေခဲ့သည်။ထိုအခြင်းအရာကို ကလပ်တက်နေသူများမှအမြင်မတော်သဖြင့် တာဝန်ကျလုံခြုံရေး ဘောက်ဆာများအား အကြောင်းကြားလိုက်သဖြင့် ထိုနေရာသို့ ရောက်လာကာ တားမြစ်သော်လည်း ထိုလူငယ်သည် ကာမဂုဏ်ခံစားနေသဖြင့် လုံခြုံရေး(bouncers)များ ကိုပင်ဂရုမစိုက်ပဲ ကာမဆက်လံပြုလုပ်နေခြင်းကြောင့် ထိုအတွဲအား နိုက်ကလပ်၏ပြင်ပသို့ ဆွဲထုတ်ခဲ့သည်။ထိုဖြစ်စဉ်သည် အထက်ပါပုံထဲတွင်ပြထားသည့် အတိုင်း မိန်းကလေး၏စကပ်ကိုမပြီးကာမပြုလုပ် နေခြင်းဖြစ်သည်။မိန်းကလေးသည် အရက်မူးလွန်နေသဖြင့် လုံခြုံရေးများက ကလပ်အပြင်သို့ ဆွဲထုတ်ခေါ်သွားသော်လည်း လမ်းမလျှောက်နိုင်။ အထက်ပါဖြစ်စဉ်သည် စည်းကမ်းရှိ လုံခြုံးရေးကောင်းသော မိန်းမပျိုလေးများအတွက်စိတ်ချရသော စင်ကာပူနိုင်ငံဖြစ်သည်။ အကယ်လို့ မြန်မာနိုင်ငံမှာသာဆိုလျှင် ငွေပေးပြီး နိုက်ကလပ်များအပေါ်ထပ်နှင့် ၂ယောက်တွဲအခန်းများကို ငွေပေးပြီး ကာမပြုလုပ်ရန်အလွန်လွယ်ကူပေလိမ့်မည်။ နိုက်ကလပ်ထဲတွင် ပြည့်တန်ဆာများလည်းရှိသလို။ သာမာန်လူငယ်များ။ကျောင်းသားများ နှင့် ခြားသောအပျော်ရှာချင်သူများတက်မှူများရှိသော်လည်း ထိုလူများထဲတွင် အရက်ကြောင့် သို့မဟုတ် အခြားသောဖိအားပေးမှုများနှင့် သူငယ်ချင်းများ၏အကျိုးတော်ဆောင်မှုများကြောင့် မိန်းကလေးများဘ၀ပျက်နေရခြင်းများသည်နေ့စဉ်နှင့်တစ်ကွဖြစ်သည်။ ထို့ ကြောင့် မိန်းကလေး၏အပျိုစင်ဘ၀သည် ထိုကဲ့သို့ သော မုဆိုးများကြားတွင် သားကောင်မဖြစ်စေရန် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် တွေးတောချင့်ချိန်မှု များဖြင့် ထိုအန္တရာယ်များမှကင်းဝေးအောင်ရှောင်နိုင်လျှင်ပင်အကောင်းဆုံးဖြစ်သည်။ သို့မဟုတ်ပါက မိမိကိုယ်တိုင် က ထိုဘက်တွင်စိတ်ပါသောသူဖြစ်လျှင်မူ အများသောအမျိုးကောင်းသမီးများအတွက် ကာကွယ်ခြင်းဖြင့် စာနာစိတ်များမွေးနိုင်ကြပါစေ။

Stomp website မှ ဆီလျှော်သလိုဘာသာပြန်ထားပါသည်။
Myanmar Express
Unknown at 9:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လျှပ်စစ်မီး ရရှိရေးအတွက် အဓိကတာဝန်ရှိတဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ရာထူးမှ နှုတ်ထွက်ပေးပါ...



ယနေ့ မေလ(၂၀)ရက်နေ့ညမှာတော့ မန္တလေးမှာ လျှပ်စစ်မီးဒုက္ခကို နေ့စဉ်ခံစားနေရတဲ့ ပြည်သူလူထုမှ ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြပါပြီ...။ မြန်မာပြည်မှာတော့ နှစ်စဉ်မရိုးနိုင်တဲ့ ၂၄နှစ်တာ ကာလအတွင်း ဆောက်လိုက်တဲ့ ဆည်တွေ၊ ဆောက်လုပ်ဆဲ ဆောက်လုပ်ပြီး ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ နေ့စဉ်သတင်းစာမှာ ဖော်ပြလိုက် ရုပ်မြင်သံကြားမှာ အနုပညာရှင်တွေ ကပြအသုံးတော် ခံလိုက်နဲ့ နေ့စဉ် မရိုးနိုင်တဲ့ မြင်ကွင်းတွေပါ..။

အထက်ဖော်ပြပါ ဓာတ်ပုံဟာ ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ် ဓာတ်အားသွယ်တန်းတဲ့ တာဝါတိုင်များအား စိုက်ထူနေပုံဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ တာဝါတိုင် အမှတ် (၆၃) စိုက်ထူနေတဲ့ လုပ်ငန်းခွင်ပါ။ ဧပြီလ (၂)ရက်နေ့က ယခုလိုအားကြိုးမာန်တက် သွယ်တန်းစိုက်ထူနေတဲ့ အဆိုပါ ဓာတ်အားလိုင်း သွယ်တန်းမှုဟာ အများပြည်သူအတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဖို့ သွယ်တန်းပေးတယ်လို့ ထင်မယ်ဆိုရင် မှားပါလိမ့်မယ်..။ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်ပြည်ကို အဓိက ပို့ဆောင်နေတဲ့ ရွှေလီဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အားကို တရုတ်နဲ့ ဖက်စပ် တကောင်းတောင် နီကယ်စီမံကိန်းကို ပေးပို့ဖို့ သွယ်တန်းနေတာပါ..။ အစိုးရသတင်းစာတွေမှာ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရလို့ ရန်ကုန်မြို့မှာ ဓာတ်အားပေး မလုံလောက်သယောင် ထုတ်ပြန် ကြေငြာနေပါတယ်။ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ ကောက်ခါငင်ခါ မီးမရတာလား ယခင်ကတည်းက မီးမလာတာလား ဆိုတာ ကွဲကွဲပြားပြား ထုတ်ပြန်စေလိုပါတယ်..။
 တာဝါတိုင် အမှတ်(၆၃) ကြိုးသွယ်တန်းမှု လုပ်ငန်းခွင် မြင်ကွင်း..
နှစ်စဉ် နိုင်ငံနဲ့အဝှမ်း ဓာတ်အား မလုံလောက်မှုဟာ ပြည်သူတွေအတွက် ရေမီး၊ အခက်အခဲမှ စတင်ကာ မလိုလားအပ်တဲ့ အမှုအခင်းများ၊ မီးလောင်မှု၊ ယာဉ်တိုက်မှုစတဲ့ ပြဿနာပေါင်းစုံကို  ဖြစ်ပေါ်စေယုံ သာမက နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားကို ကျစင်းစေသလို ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့အတူ ပြည်သူလူထုအတွက် ဝန်ထုတ် ဝန်ပိုးများကို ဖြစ်ပေါ်စေပါတယ်...။ ထို့အတွက်ကြောင့် ပိုလျှံနေလို့ ဓာတ်အားတွေ ထုတ်ရောင်း နေရပါတယ်ဆိုပြီး ပေါ့ပျက်ပျက် စကားလုံးတွေနဲ့ စော်ကားခဲ့တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ အစိုးရ အဖွဲ့တခုလုံးမှာ တာဝန်ရှိပါတယ်..။ အဓိကတာဝန်ရှိတဲ့ နေရာယူပြီး တာဝန်မယူနိုင်တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတာဝန်ယူ မဖြေရှင်းပေးနိုင်ဘူးဆိုရင်တော့  ရာထူးမှ နှုတ်ထွက်ပေးဖို့ တောင်းဆိုအပ်ပါတယ်..။
ဧပြီလ လဆန်းပိုင်းက ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံမှ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို ပေးပို့မယ့် တာဝါတိုင် အမှတ်(၆၃) စိုက်ထူနေတဲ့ လုပ်ငန်းခွင် မြင်ကွင်းများ..
သတင်း၊ ဓာတ်ပုံ ... ဒီမိုဝေယံ
သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..

ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်ပြည်နဲ့ ပြည်တွင်းသို့ ဓာတ်အားပို့လွှတ်နေမှုများ အသေးစိတ် အစီရင်ခံစာ ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2012/04/blog-post_20.html
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်း အသေးစိတ် ပြန်လေ့လာလိုလျှင်.. ပိုစ့်အောက် ရွှေလီ ရေအားလျှပ်စစ်စက်ရုံကို နှိပ်ပြီး ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
 
ဒီမိုဝေယံ
Unknown at 7:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကြောင့် အိမ်ခြံမြေ ဈေးနှုန်းမြင့်တက်

မေလ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်
ပိုင်ပိုင် (YPI)


မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျှက်ရှိသော်လည်း ယခုလောလောဆယ် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကြောင့် ယခုလပိုင်းအတွင်း အဓိကလမ်းမကြီးများပေါ်ရှိ အိမ်ခြံမြေဈေးနှုန်း မြင့်တက်ကာ အရောင်းအ၀ယ်သွက်လျှက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။


အိမ်ခြံမြေဈေးနှုန်းများသည် ဧပြီလလယ်ပိုင်းမှ စတင်မြင့်တက်လာခဲ့ပြီးနောက် ယခုလပိုင်းတွင် သိသိသာသာ အရောင်းအ၀ယ်ဖြစ်လျှက်ရှိသည်ဟု ၎င်းတို့က ဆိုသည်။


“ကားအရောင်းပြခန်းဖွင့်မယ့်သူတွေ၊ ဟိုတယ်သမားတွေ မြေငှားတာတွေ ၀ယ်တာတွေတော်တော်လေး ဖြစ်နေတယ်။သူတို့တွေကတော့ လုပ်ငန်းလိုအပ်ချက်အရ လမ်းမကြီးတွေပေါ်က ခြံကျယ်ကျယ်တွေကို ၀ယ်ကြ ငှားကြတယ် ”ဟု ဖိုးပြည့်ဝ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဝေယံကပြောသည်။


သင်္ကြန်မတိုင်မီကာလက အဓိက လမ်းမပေါ်ရှိ သိန်း ၈၀၀၀ ၀န်းကျင်ရှိမြေကွက်များသည် ယခုအခါ သိန်း တစ်သောင်းဝန်းကျင်ရောက်သည်အထိ မြင့်တက်သွားကြောင်း ဥပမာတခုပေး၍ရှင်းပြသည်။


သိန်းသောင်းဂဏန်းဖြင့် အရောင်းအ၀ယ်ဖြစ်နေသော မြို့နယ်များမှာ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်း၊ ဒဂုံ၊ လှိုင်မြို့နယ်တို့ဖြစ်ပြီး၊ သင်္ကန်းကျွန်း၊သုဝဏ္ဏ၊ တောင်ဥက္ကလာမြို့နယ်များတွင်မူ သိန်းတစ်ထောင်မှ သုံးထောင်ကြား တန်ဖိုးရှိသည့် အိမ်ခြံမြေကွက်များ အရောင်းအ၀ယ်ကောင်းမွန်နေကြောင်း လည်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။


လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးနည်းအိမ်ခြံမြေဈေးကွက်သာမက တန်ဖိုးမြင့် အိမ်ခြံမြေဈေးကွက်များပါ အရောင်းအ၀ယ်ကောင်းမွန်နေပြီး ဈေးနှုန်းများမှာလည်း လွန်ခဲ့သော တစ်လကျော်ကထက် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးကပြောသည်။


“မေလဆန်းကစပြီး လုံးချင်းအိမ်ခြံမြေတွေ အရောင်းအ၀ယ်သွက်လာတယ်။ သိန်းဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းကနေ အခုဆိုရင် သောင်းဂဏန်းအထိပါ ဈေးစကားပြောကြ၊ အရောင်းအ၀ယ် တည့်သွားကြတဲ့အထိရှိတယ်။ အားလုံးသူ့ဈေးနှုန်းနဲ့သူ အရောင်းအ၀ယ်ဖြစ်နေတယ်”ဟု ၎င်းက ရှင်းပြသည်။


လက်ရှိလှုပ်ရှားနေသော အိမ်ခြံမြေဈေးကွက်သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက လုပ်ငန်းလုပ်ကိုင်ရန် မြေနေရာ ရှာဖွေမှုများကြောင့်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံများကြောင့် အိမ်ခြံမြေဈေးကွက် သိသိသာသာ လှုပ်ရှားခြင်းမရှိသေးကြောင်း အကျိုးဆောင်များကပြောသည်။

မကြာမီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတရပ် အတည်ပြုရန်ရှိနေပြီး ယခုလောလောဆယ်တွင်လည်း နိုင်ငံသား အမည်ခံ ပြည်ပလုပ်ငန်းရှင်များ၏ စီးပွားရေး လုပ်ငန်းများအား နိုင်ငံခြား ကုမ္ပဏီသို့မဟုတ် လုပ်ငန်းရှင်ကိုယ်တိုင် အမည်ဖြင့် ပြောင်းလဲရန် အစိုးရကဖွင့်ထားပေးလျှက်ရှိသည်။
သင်္ကြန်အပြီးတွင် ဥရောပ သမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို တနှစ်ဆိုင်းငံ့လိုက်ကာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအနက်မှ ရင်းနှီးမြှုပ်နံမှု အသစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုတို့ကို ယခုရက်ပိုင်းအတွင်း ရုပ်သိမ်းပေးလိုက်ပြီဖြစ်သည်။         ။

Yangon Press International 

သစ်ထူးလွင်
Unknown at 7:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.