Tuesday, May 22, 2012

မိုဘိုင်းဖုန်းလိုင်းများကို ပုံမှန်ဈေးထက်ပိုမိုရောင်းချပါက အရေးယူသွားမည်ဟုဆို



From : Internet
မြန်မာ့ဆက်သွယ်ရေးမှ ဈေးနှုန်းသက်မှတ်ထားသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်းမြင့်တင်ရောင်းချနေပါက အရေးယူဆောင် ရွက်သွားတော့ မည်ဖြစ်ကြောင်း သိရသည်။ ““အခု အရေးယူဆောင် ရွက်ဖို့လုပ်နေပြီ။ ကတ်တွေကိုလည်း လိုသလောက် ထုက်ပေးတော့မယ်။ ဈေးလည်း ပိုပြီးမရောင်းရဘူး။ ရောင်းရင် အရေးယူမယ်။”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အမည် မဖော်လိုသည့် အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။ ရန်ကုန်မြို့၌ ၀ယ်လိုအားနှင့် ထွက်ရှိလာသည့် မိုဘိုင်းဖုန်းလိုင်း ကတ်အရေအတွက်မှာ မျှတမှုမရှိသည့်အတွက် တစ်ဆင့်ခံရောင်းချနေသည့် ကိုယ်စားလှယ်များလက်ဝယ်၌ မိုဘိုင်းဖုန်းလိုင်းများ၏ ဈေးနှုန်းမှာ မှုရင်းဈေးနှုန်းထက် ၁ သောင်းကျော်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ မှုရင်းဈေး နှုန်းဖြင့်သာရောင်းချမည်ဆိုပါက ကတ်ရှားပါးနေသည့်အချိန်ကာလ၌ ၀ယ်ယူအသုံးပြုလိုသူများအတွက် အခတ်အခဲများနှင့် ကြုံတွေ့လာနိုင်သည်ဟု မိုဘိုင်းဖုန်းကတ်များကို တဆင့်ခံရောင်းချပေးနေသူတစ်ဦး ကသုံးသက်သည်။ ““အရင်ကရတနာပုံနဲ့ Elite မှာပဲ ကတ်တွေကိုရောင်းနေတာ။ အခု မြန်မာ့ဆက်သွယ်ရေးရဲ့ ရုံး ၅ ရုံးမှာလည်းရောင်းပေးသွားမယ်။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ကတ်တွေကိုဝင်မရောင်းဘူး။ ကုမ္ပဏီ တွေကိုပေးရောင်းနေတာ။ အခုမှပြန်ရောင်းမှာ”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိကဆိုသည်။ ဈေးနှုန်းမြင့်တင်ရောင်းချသူကို အရေးယူဆောင်ရွက်သွားမည်ဟူသော ကိစ္စနှင့်ပတ်သက်၍ လူကြီးမင်းဟန်းဆက်အရောင်းဆိုင်မှ ဦးကိုကိုအောင်က ““ကျွန်တော်တို့ ဆိုင်တွေအနေနဲ့ ပိုပြီးသဘောကျတယ်။ ကတ်တွေများများထွက်လာမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ ကျွန်တော်တို့က ကတ်တွေပေါ်မှာ အမြတ်ရနေတာမဟုတ်ဘူး။ ၀ယ်တဲ့လူတွေက လိုအပ်နေလို့သာကိုယ်တွေကလည်း တခြားကနေယူပြီး မှုရင်းဈေးအတိုင်းပြန်ပေးနေရတာပါ။ ၀ယ်လိုအားက ရှိနေတုန်းပဲ။ ကတ်တွေကသာမရှိတာ။ ၀ယ်လိုအားရှိတော့ ကတ်တွေကိုကိုင်ပြီး ဈေးကစားနေသူတွေကလည်းရှိနေတယ်။ အဲဒါကြောင့် ပြင်ပဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲဖြစ်နေရတာ”” ဟု ဆိုသည်။မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ၎င်းင်းတို့သက်မှတ်ထားသော ၂ သိန်း၊ ၂ သိန်းခွဲကျပ်ဖြင့်သာ မိုဘိုင်းဖုန်းလိုင်းများကို ရောင်းချကြရန်ထုက်ပြန်ကြေညာခဲ့ပြီး အပိုကြေးဖြင့် ရောင်းချနေသည့် ပြင်ပအရောင်းဆိုင်များကို အရေးယူဆောင်ရွက်သွားမည်ဟုဆိုသော်လည်း အရေးယူဆောင်ရွက်သွားမည့် အခြေအနေများကိုမှု ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

Myanmar Express
Unknown at 9:43 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.