Tuesday, May 22, 2012

ဗုံးဖောက်ခွဲခံရမှုကြောင့် မဟာဓာတ်အားလိုင်းပြတ်တောက်မှုအား အရေးပေါ်ပြင်ဆင်



ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်နေကြစဉ်
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုအား အရေးပေါ်ပြင်ဆင်လျက်ရှိကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ည ၁၀ နာရီ အချိန်ခန့် က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ပန်ကနိုင်း ကျေးရွာ အနီးရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် ၇၃ ၊ ၂၀၆ ၊ ၂၀၇ ၊ နှင့် ၂၀၈ တို့သည် အကြမ်းဖက်  သောင်းကျန်း သူများ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်ဆီးသွား ခဲ့သဖြင့် ရွှေလီရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ဓာတ်အား ထုတ်လုပ် ပို့လွှတ်နိုင်မှု မရှိခြင်းကြောင့် ဓာတ်အား စနစ်အတွင်း ၂၀၀ မဂါဝပ်လျော့နည်းပြီး ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံ အဝှမ်း လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု ပိုမိုလျော့နည်း  သွားလျက်ရှိရာ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့ လျှပ်စစ် ဓာတ် အားလုပ်ငန်းမှ တာဝန်ရှိသူများက နေ့ည အပူတပြင်း ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်း(မ်)  ဂျာနယ် သို့ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ပြည်သူများတွင် လျှပ်စစ်မီး ပိုမိုပြတ်တောက်ခြင်း၊ ရေတင်စက်များ အသုံးပြုရန် ခက်ခဲခြင်းများကြောင့် အခက်ခဲများစွာ ဖြစ်ပေါ်လျက်ရှိရာ မေလ ၂၀ နှင့် ၂၁ ရက်များက မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ဗုံးဖောက်ခွဲခံရမှုကြောင့် တာဝါတိုင်အမှတ် ၇၃ သည် အောက်ခြေ ခြေထောက် ၁ ချောင်းမှာ ပြတ်ထွက်သွားပြီး ကျန်ခြေထောက် ၂ ချောင်မှာလည်း ပေါက်ထွက်သွားသည်။ တာဝါတိုင်အမှတ် ၂၀၆ နှင့် ၂၀၇ သည် အောက်ခြေ ခြေထောက် ၄ ချောင်း ပြတ်ထွက်ပြီး မြေပြင်ပေါ်သို့ ပြိုလဲပျက်ဆီးခဲ့သည်။ တာဝါတိုင် အမှတ် ၂၀၈ မှာမူ ထက်ဝက်ခန့် တိမ်းစောင်းသွားခဲ့သည်။
ရန်ကုန်တိုင်းမ်
Unknown at 9:40 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.