Tuesday, May 22, 2012

“နတ်ကာ ရေလှောင်တမံ ” စီမံကိန်းမှ ဒေသခံတောင်သူများ၏ လယ်မြေများကို အတင်းအဓ္ဓမတူးယူနေ


မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ယင်းတော်ကန် အနီး  ဒဟတ်ကုန်း
ကျေးရွာအုပ်စုအတွင်းရှိ ကန်ဖျား (၅ )ရွာဖြစ်သော( ဒဟတ်ကုန်း ၊ စည်ပင်သာ ၊
ကန်ဖျား ၊ ကန်စွယ် ၊ ကျောင်းရွာ ) ရွာတို့တွင် ဆင်းရဲသား တောင်သူလယ်သမားများ
ပိုင်ဆိုင်သော  လယ်ယာမြေများအတွင်းမှ စိုက်ပျိုးလယ်ယာမြေများကိုမြေတူးယာဉ်
 ကြီးများဖြင့် အတင်းအဓ္ဓမ တူးဆွ သယ်ယူလျှက်ရှိပါသည် ။

အဆိုပါဒေသ၌  တည်ဆောက်လျှက်ရှိသော “နတ်ကာ ရေလှောင်တမံ ” စီမံကိန်း၌ 
လိုအပ်သော ဖို့မြေများကိုဆင်းရဲသားတောင်သူလယ်သမားများပိုင်သော  စိုက်ပျိုး
 လယ်ယာမြေများအတွင်းမှ  တူးဆွသယ်ယူနေခြင်းဖြစ်သည်။ အဓိကတာဝန်ရှိသူ
များမှာ  ဆည်မြောင်းဦးစီဋ္ဌာန နှင့်  အကျိုးတူပူးပေါင်းဆောင်ရွက်နေသာ ကုမ္ပဏီများ
ဖြစ်ပါသည် ။

လယ်ယာမြေ ဧက ( 60 )ကျော်ခန့်ဆုံးရှုံးနစ်နာ ခဲ့ရသောတောင်သူလယ်သမားများ
အား  တာဝန်ရှိသူများမှ ညွှန်ကြားချက် စာရွက် ၊ စာတန်းများ ပြသခြင်း ၊ တစုံတရာ
 အသိပေးအကြောင်းကြားခြင်း ၊ လျှော်ကြေးငွေ တစုံတရာပေးအပ်ခြင်း အလျှင်းမရှိပါ ။
ဖြူစင်ရိုးသားသော ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့၏ နှစ်နာဆုံးရှုံး
မှုများအတွက်တိုင်တန်းခြင်းအရေးဆိုခြင်း မပြုဝံအောင် ကြောက်ရွံနေကြပါသည် ။

ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့ ဓားမဦးချ လုပ်ကိုင်စားသောက်နေ
သော လယ်ယာမြေများဆုံးရှုံးမှုကြောင့် ဆောက်တည်ရာမရကာ အနာဂတ်ဘ၀ပါ
ပျောက်ဆုံးနေကြောင်း ဒေသခံလယ်သမားများက ပြောပြပါသည်။
Myanmar News Now




Unknown at 9:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.