Tuesday, May 22, 2012

မြန်မာ့ လေယာဉ်မှူး သင်တန်း စတင် သင်ကြား




နယူးဇီလန် Golden Wings Flight Co,LTD နဲ့ JENKO တို့ အကျိုးတူ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ လေယာဉ်မှူး သင်တန်းကို မေလ ၂ ရက်နေ့ မှစပြီး ဖွင့်လှစ်
သင်ကြား နေပြီ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်မှူး သင်တန်းကို နယူးဇီလန် နိုင်ငံမှ Mr Peter Oberschneider နဲ့ Mr William Morrison တို့က သင်ကြား ပေးမှာဖြစ်ပြီး သီအိုရီပိုင်း ဆိုင်ရာ မြေပြင် သင်တန်း ၁၄ ပတ်ကို မြန်မာနိုင်ငံရှိ Golden Wings & Jenko Flight Training မှာ သင်ကြား ရမှာ ဖြစ်ပါတယ်။

ဒီလို သီအိုရီပိုင်း ဆိုင်ရာ သင်တန်း တက်ရောက် ပြီးပါက နယူးဇီလန် နိုင်ငံ၊ နယ်လ်ဆင် မြို့ရှိ Golden Wings Flight Traning School မှာ လေယာဉ် ပျံသန်းခြင်း သင်တန်းကို ၁၈ လ သင်ကြား ရမှာဖြစ်ပြီး ပျံသန်းချိန် ၃၂၅ နာရီကြာမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် အဆိုပါ သင်တန်းများ အားလုံး ပြီးဆုံး အောင်မြင်ပါက နိုင်ငံတကာ လေကြောင်းလိုင်း များမှာ အလုပ် ၀င်ရောက် နိုင်သလို လေကြောင်း နည်းပြများ အနေနဲ့လည်း လုပ်ကိုင် နိုင်တာ ဖြစ်တယ်လို့ အဆိုပါ Golden Wings မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလေယာဉ်မှူး သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေး လိုပါက Golden Wings @ Jenko Flight Training ၊ ဖုန်း - (၀၉ ၅၀၆၂၈၉၁) သို့ ဆက်သွယ် မေးမြန်း နိုင်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

 Myanmar Express
Unknown at 9:45 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.