Saturday, May 12, 2012

မြစ်ကြီးနားမြို့ကို ဗုံးခွဲတဲ့သူများအား ဖမ်းမိပြီ



From : Jing Hpaw Land
မြစ်ကြီးနား၊ မေလ ၉ ရက်
မေလ ၇ ရက်နေ့ည ၁၁ နာရီခွဲခန့်က မြစ်ကြီးနား ဒုစရိုက်နှိမ်နင်းရေးရဲအဖွဲ့ဝင်
များသည် ကချင်လူမျိုး သတင်းပေး၏ သတင်းအရ ကားကြီးဝင်းအနီးရှိ စိုးစံတည်းခိုခန်းသို့ ၀င်ရောက်ရှာဖွေစစ်ဆေးရာ အခန်းအမှတ် ၁၉ တွင် တာလောကြီးကျေးရွာမှ ဇော်ဘန်နှင့်၎င်း၏ ဇနီးဖြစ်သူ မရွယ် တို့ထံမှ မိုင်းထောင်ရာတွင် အသုံးပြုသော

၁) အနက်ရောက်လက်ကိုင်ရိုးတပ် အရှည် ၆ လက်မခန့်ရှိ ၀ါယာကြိုးဖြတ်ပလာယာ၊
၂) အရှည် ၂၂ လက်မ 7044 အမျိုးအစားဝါယာကြိုးအဖြူရောင် ၁ ချောင်း၊
၃) အလျား ၃ လက်မခန့်ရှိ တံစဉ်းပြားအကျိုး ၁ ခု၊
၎) အရိုးအသွား ၉ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်း တို့နှင့်အတူ စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။

ဇော်ဘန်မှာ ၂၀၀၉ခုနှစ် နိုဝင်ဘာလတွင် တပ်ရင်း (၁၁) တွင် သင်တန်းသား ၈၂ ဦးနှင့်အတူ အခြေခံ တပ်သားသစ် သင်တန်းနှင့် မိုင်းသင်တန်းများကို ၃ လခန့်သင်ကြားတက်ရောက်ခဲ့ပြီး ကိုယ်ပိုင်အမှတ် A-၅၀၃၉၇ တပ်သားတစ်ဦးဖြစ်ပါတယ်။ အစိုးရနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် လိုင်ဇာဌာနချုပ်မှ မြစ်ကြီးနားမြို့ပေါ်တွင် မိုင်းများဖောက်ခွဲရန်အတွက် ဇော်ဘန်နှင့် သင်တန်းအတူတက်ခဲ့သော

၁) နော်ဆန်(ခေါ်) ကရိန်နော်၊ မလိဆွန်ယန်ရွာ၊ အကျဲလမ်းခွဲ၊ မြစ်ကြီးနား။
၂) လမိုင်၊ မလိဆွန်ရွာ၊ အကျဲလမ်းခွဲ၊ မြစ်ကြီးနား။
၃) ဇုံးယိန်း၊ မော်ဖောင်းကျေးရွာ၊ မြစ်ကြီးနား။

၎ ဦးအား စေလွှတ်ဖောက်ခွဲခဲ့ပါတယ်။ ၄င်းတို့ ၄ ဦးသည် ကေအိုင်အေ တပ်ရင်း(၁၁) တပ်ရင်းမှူး ဒူးဂျုံး၏ ခိုင်းစေချက်ကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် အကြိမ်ကြိမ်ဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ပါတယ်။ အသင့်ဖောက်ခွဲမိုင်းများကို တပ်ရင်း (၁၁) မှ ထုတ်ပေးပြီး မိုင်းဖောက်ခွဲရမည့်နေရာများကိုပါ သတ်မှတ်ပေးခဲ့ကြောင်း ၄င်းတို့မှ မိုင်းထောင်ခဲ့ပြီး အဝေးမှ Remote Control ဖြင့်ဖောက်ခွဲခဲ့ပါတယ်။ မိုင်းခွဲပြီးနောက် ၄င်းတို့နေထိုင်တဲ့ရွာတွေမှာ ပြန်လည်နေထိုင်ကြောင်း ကေအိုင်အေမှ လက်လုပ်မိုင်းများသည် စိတ်ချရမှုမရှိပဲ မိုင်းထောင်သူများပါ ထောင်ရင်းပေါက်ကွဲမှုဖြစ်ကာ သေဆုံးရကြောင်း။ ထို့ကြောင့် မိုင်းထောင်ရန် ကြောက်လန့်နေကြကြောင်း ဇော်ဘန်မှ စစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ ၃ ဦးကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း မြစ်ကြီးနား ရဲတပ်ဖွဲ့မှူးရုံးမှ ပြောကြားခဲ့ပါတယ်
Myanmar Express
Unknown at 7:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗုဒ္ဓဘာသာများသိစေရန်

‎ဗုဒ္ဓဘာသာမြန်မာမိန်းခလေးများအတွက် မမှားသင့်တာလေးတွေ မမှားရအောင် ဖြစ်ရပ်မှန် (၁) ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ တိတိကျကျပြောရရင် မုံရွာမြို့နယ်၊ အလုံမြို့လေးမှာဖြစ်ပါတယ်။ ဒီမြို့လေးဟာ ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီးစိုးစံခဲ့တာကြောင့် သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။ အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း သာယာစိုပြေလှပါသည်။ မြို့သူမြို့သားတွေဟာ ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့် ချင်းတွင်းမြစ်ရေဟာ အလုံမြို့သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။ မစုစုလတ်ဟာ ဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အလုံမြို့၊ ရွေတံ ခါးရပ်မှာနေထိုင်ကြပါတယ်။ သူတို့မိသားစုဟာ မျိုးရိုးအစဉ်အဆက်ကတည်းက အေးအေး ဆေးဆေး နေတတ်ကြသူများဖြစ်ကြပါတယ်။ ဖခင်ဦးလှမြတ်ကတော့ အရောင်းအ၀ယ်နဲ့သာ အချိန် ကုန်နေတတ်ပြီး မိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်းပညာရေးဖြင့်သာ အချိန်ကုန်ခဲ့ရပါတယ်။ "တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏" ဆိုတဲ့သူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ သားသမီးများကို " အမျိုးကိုဘယ်လိုချစ်ရမယ်၊ ဘာသာတရားကိုဘယ်လိုလေးစားတန်ဖိုးထားရမယ်" စတာတွေကို ဆုံးမသွန်သင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ မစုစုလတ်တောင် အရွယ်ရောက်လို့ လှသွေးကြွလို့နေပါပြီ။ အသားကလည်းဖြူ ရုပ်ဆင်းအင်္ဂါကလည်းချောမွေ့၊ ခန္ဓာကိုယ်အချိုးအစားကလည်းပြေပြစ်တော့ မြင်သူတကာငေးမောရလောက်အောင် လှပလွန်းပါတယ်။ အလှပေါ်အယဉ်ဆင့်ဆိုသလို သူ့ရဲ့ရိုးသားမှုဂုဏ်ကလည်း ပိုပြီးတော့လှပတင့်တယ်မှုကို အရောင်တောက်စေပါတယ်။ အရွယ်လည်းရောက်လာတဲ့မစုစုလတ်ဟာ မိဘတွေရဲ့ဝင်ငွေကို တစ်ဘက်မှကူညီပြီးရှာဖွေပေးချင်တဲ့ အတွက် စက်ချုပ်ပညာကိုသင်ယူခဲ့ပါတယ်။ ဒီပညာနဲ့ပဲ မိဘ၀င်ငွေကို တစ်ဘက်တစ်လမ်းကရှာဖွေပြီး မိဘကျေးဇူးဆပ်ခဲ့ပါတယ်။ အလုပ်အကိုင်လေးကလည်းရှိ၊ ရုပ်ရည်ကလည်းချော၊ သဘောမနောကလည်းဖြူဆိုတော့ သူကို လှမ်းခြူဖို့ကြိုးစားနေကြတဲ့ ကိုကိုလူပျိုကာလသားတွေကလည်း ၀ိုင်းဝိုင်းလည်အောင်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရာဇင်ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ ရာဇင်ဟာ စုစုလတ် အပ်ချုပ်ဆိုင်ကိုသွားတိုင်း လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိခဲ့ပါတယ်။ ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ စုစုလတ် ကို အာဘောင်အာရင်းသန်သန်ဖြင့် ချိုမြရွှင်ပြတဲ့ ရည်းစားစကားများပြောပြီး စုစုလတ်ရဲ့အချစ်ကို ရယူ နိုင်ခဲ့ပါတယ်။ အချစ်မျက်ကန်းသည်မလေးစုစုလတ်ဟာ ရာဇင်ရဲ့အချစ်ကို လက်ခံရယူပြီးချိန်မှာတော့ ရာဇင်ဟာမစုစုလတ်အပေါ် အလိုလိုက်အကြိုက်ဆောင်ကာ အစွမ်းကုန်ယုယကြင်နာမှုများ ပေးစွမ်းခဲ့ ပါတယ်။ နောက်ပြီး မစုစုလတ်ကြိုက်တတ်တဲ့ အမှတ်တရပစ္စည်းလေးများကို ၀ယ်ပေးလေ့ရှိခဲ့ပြီး အပြုံးချိုချိုမျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။ မိန်းခလေးတစ်ယောက်ကိုဘယ်လိုပြောရမယ် ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုမြူဆွယ်ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး မိန်းမကျမ်း ကျေထားပုံလည်းရပါတယ်။ ရာဇင်နဲ့မစုစုလတ်ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ မတူညီတဲ့ခြားနားချက်တွေ ရှိခဲ့ကြပါတယ် အဲဒါကတော့ လူမျိုးလည်းမတူ၊ ဘာသာကလည်းခြားနားလို့နေပါတယ်။ မစုစုလတ်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မြန်မာအမျီုးသမီး လေးပဲဖြစ်ပါတယ်။ ရာဇင်ကတော့ မြန်မာလူမျိုးလည်းမဟုတ်သလို ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ် သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့ ခြားနားမှုလေးတွေကြောင့် မစုစုလတ်မိဘများကလည်း ရာဇင်နဲ့သဘောမတူခဲ့သ လို မစုစုလတ်ကိုယ်တိုင်ကလည်း ရာဇင်နဲ့လက်ထပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ရာဇင်က မစုစု လတ်ကို "လူမျိုးမတူ ဘာသာမတူတာနဲ့ ကိုယ်တို့နှစ်ယောက် ဝေးရမယ်ဆိုတာ လုံးဝမဖြစ်စေရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို ကိုးကွယ်မယ်။ မင်းကိုလည်း မင်းကြိုက်နှစ်သက်တဲ့ဘာသာကို လွပ်လွပ်လပ်လပ် ကိုးကွယ်ယုံကြည်ခွင့်ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန် အပိုင်း( ၂ ) အရိုးခံမစုစုလတ်ခမျာ စိတ်ထဲမှာ ရာဇင်ဟာအခြားအခြားသောလူမျိုးခြား၊ ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။ လူမှုရေးရှိတယ်၊ သူ့အပေါ်ကို နားလည်မှုပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး တစ်ကိုယ်တော်ချီးမွမ်းခမ်းထုတ်ကာ ရာဇင်ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို ထင်လာခဲ့ပါတယ်။ မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့အဆက်အသွယ်ဖြတ်ဖို့ အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ် အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို လက်ထပ်ယူမယ်ဆိုရင် မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုပ်ဘူး၊ သမီးတို့လို အချစ်မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို ရောက်ဖို့ တာစူ နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့ သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ မေမေနားလည်ပါတယ်။ မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ် တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ မဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့ ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့ ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေမေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့ လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကို ငိုယိုပြီးတောင်းပန်ရှာပါတယ်။ ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီးလုပ်ပြီး ရာဇင်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြပါတယ်။ အဲဒီတုန်းက မစုစုလတ်ဟာ ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူး ကာ ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊ လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။ သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့အခါမှာတော့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။ ရာဇင်ဟာ သူတို့ဘာသာရဲ့ထုံးစံအတိုင်း မစုစုလတ်ကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်က တကယ်လို့ မစုစုလတ်အနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို ဆက်လက်ကိုးကွယ်ယုံကြည်နေဦးမယ် ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ တရားဝင်ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ မှာလည်း တရားဝင်သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်ကြောင်း၊ မစုစုလတ်ကိုယ်တိုင်မှာလည်း၊ တရားဝင်ဇနီးမယား မဖြစ်သေးတဲ့ အတွက် လင်မယားချင်းကွဲကွာတဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့ မစုစုလတ်ကိုယ်တိုင် တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာနဲ့အညီ လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်မှာတစ်ခြားဘာသာကို ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး မစုစုလတ်အပေါ်အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။ အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုစုလတ်ရဲ့ မိုးကောင်းကင် ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး ပျက်ပြယ်ခဲ့ရပါပြီ။ ပျော်ရွင် ရယ်မောခြင်း တွေဟာလည်း တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်းရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။ သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာတောလို ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာပုံရိပ်တွေဟာလည်း တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။ အခုတော့မစုစုလတ်ခမျာ ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့မိဘဘိုးဘွား တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲ့အမိုက် ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့မယ်။ ဒီအချိန်မှာ အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊ မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့ အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အချစ်သူရဲ ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။ အပိုင်း ( ၃ )ဇာတ်သိမ်း အခုတော့ မစုစုလတ်ရဲ့ဘ၀ကတော့ "ပေါက်တဲ့နဖူးမထူးဘူး" ဆိုတဲ့စကားလို ဘယ်အရာမျိုးကိုမှ မထူး တော့ဘဲ ကံကြမ္မာကိုသာယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။ လူမျိုးခြား၊ ဘာသာခြားဇာတ်ထဲဝင်ရတယ်ဆိုတာ ပါးစပ်ကအပြောနဲ့ဝင်ပါ့မယ်ဆိုပြီး လုပ်လို့မရဘူး။ သူတို့ယုံကြည်မှုရှိအောင် သူတို့ခိုင်းသမျှ အကုန်လုပ်ပြရတယ်။ မစုစုလတ်ငယ်ငယ်လေးထဲက ဦးထိပ်မှာ ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့ မစုစုလတ်ရဲ့ခြေဖ၀ါးအောက် ရောက်ခဲ့ရပါပြီ။ မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို ခေါင်းပြုအိပ်ခဲ့ရတဲ့မစုစုလတ်ဟာ အခုတော့ ခြေအစုံပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။ အိမ်ဦးခန်းမှာကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း သာမန်သစ်သားတုံးအမှတ် ဖြစ်ခဲ့ရပါပြီ။ တန်ခိုးကြီးစေတီပုထိုးများဟာလည်း မစုစုလတ်ဘ၀အတွက်တော့ အုပ်ပုံအဖြစ်ရောက်ခဲ့ရပါ ပြီ။ သို့ပေမယ့် မစုစုလတ်အနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှ လည်း တွေးပြီးမပူပန်ခဲ့ပါ။ မောင်သာ မေ့ဘ၀၊ မောင်သာမေ့ရဲ့ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ အမြတ်နိုးဆုံးအရာတွေလို့ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့် ဘာသာတရားတွေကို ချိန်ခွင်တစ်ဖက်မှာတင်ပြီးတော့ ရာဇင်ဆိုတဲ့ မောင့်ကို ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့်ရမယ်ဆိုရင်တောင်၊ မောင့်ဖက်မှာပဲ အလေးပေးခဲ့တဲ့ အချစ်မျက်ကန်းသည်မလေး မစုစုလတ်မဟုတ်ပါလား။ ၂၀၀၀ ပြည့်နှစ် မတ်လသို့ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ မစုစုလတ်တစ်ယောက် ကျမ္မာရေးမကြာခဏ ဖောက်ပြန်လို့နေပါတယ်။ ညတိုင်းအိပ်တဲ့အခါတွေမှာလည်း အိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်တဲ့အခါထွက်ပေါက်အဖြစ် လင်ယောက်ျားမသိအောင် ဗေဒင်ဆရာကို အားကိုး တကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာအုန်းညွန့်၊ ဒါန်းညွန့်များလှူပြီး ကုသိုလ်ကောင်းမှု များလုပ်ဖို့ ယတြာပေးလိုက်ပါတယ်။ မစုစုလတ်အနေနဲ့ ရောဂါဝေဒနာ သက်သာ ပျောက်ကင်းစေဖို့ ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကိုချေချင်ပါတယ်၊ ဒါပေမယ့် ဘာသာခြားဇာတ်ထဲဝင်ထားတဲ့ သူတစ်ယောက်အနေနဲ့ ဘုရားကျောင်းကန်မှာသွားပြီး အုန်းညွန့်၊ ဒါန်းညွန့်လှူဖို့ အခက်တွေ့ရ ပါတော့တယ်။ ဒါပေမယ့် ဥပါဒါန်ကြောင့်ဥပါဒ်ရောက် မဖြစ်ရအောင် ( ၆. ၃. ၂၀၀၀ )နေ့မှာ ဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာတင် လစ်ပိုပုလင်းထဲကို အုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက် ခုံပေါ်မှာပဲ တင်လှူလိုက်ပါတယ်။ ဒီစက်ချုပ်ခုံပေါ်မှာ ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက စုစုလတ်ဘုရားမှာပန်းတင်လှူကြောင်း အကိုဖြစ်သူရာဇင်နှင့် သူ့အိမ်သားတွေကို တိုင်ကြားပါတယ်။ ရာဇင်နဲ့ယောက္ခမဖြစ်သူများဟာ စုစုလတ်သူတို့အိမ်မှာပန်းတင်လှူကြောင်းလည်း သိရော ယမ်းပုံမီးကျ ဒေါသပေါက်ကွဲကာ မစုစုလတ်ကိုခေါ်ပြီး ပါးတွေနားတွေရိုက်ပစ်လိုက်ကြပါတယ်။ ပြီးတော့ ရာဇင်က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီးရှိခိုး” ဆိုပြီး ပုဆိုးလှန်ပြကာ ရှိခိုးခိုင်းပါတယ်။ မစုစုလတ်ကိုရိုက်နှက်တဲ့နေရာမှာ ရာဇင်တင်မကပဲ ရာဇင့်အမေနင့် မောင်နှမလေးယောက်တို့က ၀ိုင်းပြီးရိုက်နှက်ကြပါတယ်။ လူလေးယောက်က၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက် မစုစုလတ်ခမျာ အလွန် နာကျင်လွန်းလှတာမို့ အော်ဟစ်ငိုကြွေးပြီး ပတ်ဝန်းကျင်ကိုအကူအညီလှမ်းတောင်းမိပါတယ်။ မစုစု လတ်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမလားဆိုပြီး ရာဇင်တို့မိသားစုရဲ့ ဒေါသဟာ အထွက်အထိပ်သို့ရောက်ရှိသွားပါတယ်။ အဲဒါကြောင့် အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး စုစုလတ်ပါးစပ်ထဲ သို့ အ၀တ်စုတ်များကိုထည့်ကာ မသေမချင်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။ မစုစုလတ်ခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကို မယှဉ်နိုင်တာက တစ်ကြောင်းဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာ တင်ပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ရာဇင်တို့မိသားစုဟာ အလွန်လည်ကြပါတယ်၊ ယုတ်မာတဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ စုစုလတ်အလောင်းကို မတော်တဆသေဆုံးမှု သေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ သူတို့အမျိုးတူ၊ ဘာသာတူ တွေအားလုံးကလည်း ငွေအားလူအားနဲ့ ၀ိုင်းဝန်းပြီး လက်စလက်နဖျောက်ပေးကြပါတယ်။ စုစုလတ်အလောင်းကို မြေမမြုတ်ပဲမီးသဂြိုဟ်ဖို့ စီမံကြပါတယ်။ မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီးဟာ သွေးရိုးသားရိုးနဲ့ သေတာမဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အမှုဖွင့်အရေးယူမယ် ဆိုရင်လည်း လူမျိုးခြား၊ ဘာသာခြားတွေက ငွေအားလူအားနဲ့ ဖုံးဖိထားတဲ့အတွက် အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထားပါတယ်။ ဒါကြောင့်မို့ ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ် ခြင်း၊ မီးသဂြိုဟ်ခြင်းမပြုပဲ ပုံမပျက်အုတ်ဂူသွင်းပေးဖို့ တောင်းဆိုပါတယ်။ နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူသွင်းပြီးသင်္ဂြိုဟ်လိုက်ပါတယ်။ ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့ သံဃာတော်များနားထဲ သို့ရောက်ရှိသွားခဲ့ကြပါတယ်" သံဃာတော်များကလည်း ညတွင်းချင်းစုရုံးပြီး စုစုလတ်ရဲ့အုပ်ဂူကို ဖောက်ထွင်းပြီး စစ်ဆေးကြည့်ကြပါတယ်။ ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့စကားအတိုင်း ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ထားတဲ့ အလောင်းရဲ့အမှုမှန်ကား ယခုအခါဘွားခနဲပေါ်လာပါတော့တယ်။ ဒီသတင်းစကားဟာ တစ်ခဏအတွင်းမှာပဲ တစ်မြို့လုံးပြန့်နှံ့သွားပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါ တယ်။ မြို့နေလူထုတွေအားလုံးဟာ မခံမရပ်နိုင်ဖြစ်ကာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ မျိုးချစ်စိတ်ဓာတ် ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ အမှိုက်ကစ ပြသာဒ်မီးလောင် မဖြစ်ရအောင် အမြော်အမြင်ရှိတဲ့အာဏာပိုင်အဖွဲ့အစည်းများမှ အကြီးအကဲပုဂ္ဂိုလ် များရောက်ရှိလာကြ ပြီး တရားခံများကို ဥပဒေအရထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း ပြောကြားတော့မှ ပြဿနာ ငြိမ်းအေးသွားပါတော့တယ်။ အာဏာပိုင်အဖွဲ့အစည်းမှ အကြီးအကဲပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ကတိ စကားအတိုင်း တရားခံရာဇင်နှင့်တကွ အပေါင်းအပါလေးဦးတို့ကို ညတွင်းချင်းဖမ်းဆီးပြီး အားနွဲ့တဲ့ မိန်းခလေးကို လေးယောက်ဝိုင်းပြီး မတရားညှင်းဆဲသတ်ဖြတ်မှုနဲ့ အသီးသီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းစီ ချမှတ်လိုက်ပါတယ်။ တစ်ချိန်က သာယာလှပတဲ့အလုံမြို့လေးဟာ ယခုတော့သွေးစွန်းပြီးအကျည်းတန်လေခဲ့ပြီ။ ကြည်လင်အေးမြတဲ့ချင်းတွင်းရေဟာလည်း သွေးနှောပြီးတော့ နောက်ကျိခဲ့လေပြီတကား….။ မြန်မာသူငယ်ချင်းများအဖွဲ့ ဆိုဒ်မှကူးယူဖော်ပြပါသည်.......
Unknown at 5:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီဒီယာကိုခုတုံးလုပ်၍စီးပွားရှာနေသာ သန်းထွဋ်အောင် (သို့) Eleven Media

အစိုးရရဲ့ ကားတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မီဒီယာကိုပြပါဆိုရင် ပွကြီး Eleven မီဒီယာကိုပြရမှာပါဘဲ ၊ အစိုးရက ၂၀၀၇ မော်ဒယ်အထက်ကားတွေကို ကားဝယ်ဘို့လုံလောက်တဲ့ နိုင်ငံခြားငွေအကောင့်တစ်ခုရှိတာနဲ့ တင်သွင်းခွင့်ပြုလိုက်တာကို ပြည်သူအများ စုကကြိုဆိုကြပေမယ့် Eleven မီဒီယာကတော့ ကားတွေကျပ်လာမယ် ၊ ထိခိုက်သူတွေရှိတယ် ၊ အစိုးရဟာ ၈ လအတွင်းမူဝါဒ ၆ ခါပြောင်းနေတယ် အစရှိသဖြင့် အစိုးရကိုတိုက်ခိုက်ဝေဖန်ပြီး သူကတော့ ပြည်သူတွေနစ်နာမှာစိုးသလိုလို ကားတွေကျပ်လာပြီး လမ်းတွေပိတ်လာမှာပဲစိုး သလိုလို ပြည်သူ့ဘက်ကပဲရပ်တည်နေတဲ့စေတနာ မီဒီယာကြီးလိုလို လုပ်နေတာကို အမြင်ကပ်လို့ ဒီဆောင်းပါးကိုရေးပါတယ် ။

 
ဒီပုံကို ဦးမင်္ဂလာရဲ့ ဖေ့စ်ဘုတ်ကနေယူထားတာပါ

ပထမဦးဆုံးသိထားရမှာက အမှတ် ၈၂ မြန်မာ့ဂုဏ်ရည်လမ်း သာကေတာမှာရှိတဲ့ Paing Paing Auto ကား Showroom ဟာ Eleven က CEO သန်းထွဋ်အောင်ရဲ့ မိန်းမ ဒေါ်ယဉ်မွန်ဦး ပိုင်ပါတယ် တန်ဘိုးကြီးကားပေါင်းစုံကို ဒီ Showroom မှာရနိုင်ပါတယ် ၊ပါမစ်ပေါင်းစုံကိုလည်း ၀ယ်ပါတယ် ၊ ဒီနေရာမှာကြုံတုန်း သန်းထွဋ်အောင်ရဲ့မိန်းမ ဒေါ်ယဉ်မွန်ဦး အကြောင်းကို ပြောချင်ပါတယ် သူဟာ တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်မှူးဟောင်းတစ်ဦးရဲ့သမီးဖြစ်ပါတယ် ၊ မြို့မကျောင်းထွက်ဖြစ်ပြီး အရင်က ဗိုလ်ချုပ်ဈေးမှာ ဆိုင်ဖွင့်ထားပါတယ် ။ ၁၀ တန်းအောင်ပြီးကာလမှာပဲ မြန်မာပြည်က နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး တစ်ဦးရဲ့ သား ( ယခုအမေရိကားတွင်နေထိုင်သူ) နဲ့ လူငယ်သဘာဝ ချစ်ကြိုက်နေရာကနေ သန်းထွဋ်အောင်က ယောက္ခမကို ငွေလမ်းခင်းပြီး ရုပ်ရှင်ထဲကလို ဗီလိန်ဆန်ဆန် ရယူထားတာဖြစ်ပါတယ် ။ဒီလိုပြောနေတာဟာ ကာယကံရှင်တွေကိုပုဂ္ဂိုလ်ရေး ထိခိုက်စေလိုတဲ့ အတွက်ကြောင့်မဟုတ်ပါဘူး ခုစာရေးသူဟာ သန်းထွဋ်အောင်အကြောင်း အူမချေးခါးကအစ သိနေတဲ့သူဆိုတာကို စာဖတ်သူများသိစေချင်တာပါ ။ထပ်ပြီးတိတိကျကျပြောရရင် သူမဟာ ဗေဒင်ယတြာတွေကို ယုံကြည်သူဖြစ်ပြီး ၁၉၇၄ အောက်တိုဘာ ၂ ၇က်နေ့ဖွား ဖြစ်တယ် ဆိုတာတွေပါ သိပါတယ် ။

အစိုးရက ကားတွေစသွင်းခွင့်ပြုလိုက်တဲ့ ပထမအသုတ်မှာပဲ သန်းထွဋ်အောင် မိန်းမရဲ့ ကားတွေပါလာပါတယ် ။ ဒီမှာတင်ပြဿနာကစတော့တာပါဘဲ ၊ သူတို့သွင်းလာတဲ့အထဲမှာ ပါမစ်သတ်မှတ်ချက်နဲ့မကိုက်တဲ့ကားတွေပါလာတယ် ပထမသူတို့က ကာစတန်ကိုညှိတယ် ၊ မအောင်မြင်တော့ ဒီအောက်ကသတင်းကို Eleven မှာရေးချလိုက်ပါတယ် ။

 

ဒီသတင်းမှာ Highlight လုပ်ပြီး ရေးထားတာက .....

 

ဒီစာသားကိုကြည့်လိုက်တာနဲ့ သန်းထွဋ်အောင်ဟာ  မိန်းမပြောတာတွေ တပည့်တွေပြောတာတွေကို အကြောင်းပြုပြီး သူတို့အကျိုးစီးပွားအတွက် မီဒီယာကိုအသုံးချနေတယ်ဆိုတာ ထင်ရှားနေပါတယ် ၊ ဒီနောက် သူတိုကတွေဟာ Custom က တားဆီးထားတဲ့ကားတွေအတွက် Custom ကို အဆက်မပြတ်လိုက်ပါတယ် ၊  တာဝန်ရှိသူတွေ က Customs  ဥပဒေအရဆိုပါရင် သိမ်းဆည်းခြင်းထက် ကားအများစုမှာ ဒဏ်တပ်ရိုက်ခြင်းသာ အမြင့်ဆုံး ခံရနိုင်ကြောင်း ပြောတာကို  ကားသိမ်းမခံရပဲ ဒဏ်ကြေးနဲ့တင်သူ့ကားတွေထုတ်လို့ရအောင်နဲ့ Custom တာဝန်ရှိသူတွေလည်း ကို ချီပြီးတုတ်ပြီးဖြစ်အောင် ဒီအောက်ကသတင်း ကို ၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထပ်ထည့်လိုက်ပြန်ပါတယ် ။


 

Eleven က CEO သန်းထွဋ်အောင်ဟာသူ့ကိုယ်ကျိုးအတွက် မီဒီယာကိုသုံးပြီး လုပ်ခဲ့တဲ့အတွက် အကောက်အခွန်ဌာန တာဝန်ရှိသူတွေဟာ အတော်အလုပ်ရှုပ်ခဲ့ခေါင်းရှုပ်ခဲ့ရပြီး အစိုးရသတင်းစာတွေ အကောက်ခွန်ဌာနပိုင် ၀က်ဘ်ဆိုဒ်တွေကနေ ရှင်းရလင်းရအထိဖြစ်ခဲ့ရပါတယ် ။

ဒီလို အစိုးရနဲ့ ဌာနဆိုင်ရာ တွေကိုအမျိုးမျိုးဖိအားပေးပြီးရလာတဲ့ကားတွေရော နောက်ထပ်ရောက် လာလတံ့သော ကားတွေရော ဟာ အစိုးရရဲ့ ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခဲ့တဲ့မူဝါဒကြောင့် ဈေးတွေထိုးကျ ၀ယ်မယ့်သူမရှိဖြစ်သွားခဲ့ရတဲ့အပြင် ၊  ပြည်ပကနေအချိန်လုပြီးပြန်လာလုပ်တဲ့ သင်္ဘောသားတွေဆီကနှိမ် ၀ယ်ထားတဲ့ ပါမစ်တွေ အခြားနိုင်ငံခြားဝင်ငွေရှိသူတွေ ထံကအောက်ကြေးနဲ့ဝယ်ထားတဲ့ ပါမစ်တွေဟာ အစိုးရရဲ့အခုမူဝါဒကြောင့် တစ်ပြားမှမတန်ဘူးဖြစ်သွားခဲ့တယ် ဒီလိုမိအေး ၂ခါ ၃ ခါနာဖြစ်သွားတဲ့သန်းထွဋ်အောင်ဟာ အစိုးရရဲ့ ဒီမူဝါဒကို အတိုက်အခံလုပ်ဘို့ကြိုးစားတဲ့အနေနဲ့ လမ်းတွေမကောင်းသေးဘူး ၊ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မယ် ၊ ကားသွင်းခွင့်ပြုသော်လဲ ပြည်သူများ အကျိုးမခံစားရသေး ဘတ်စ်ကားစုတ်များမြင့်သာသွားနေရ ၊ အစရှိတဲ့ သတင်းတွေကို ဆက်တိုက်ရေးပြီး အစိုးရကိုဝေဖန်နေတာဖြစ်တယ် ။

ဒီခေတ်မှာမီဒီယာအများစုဟာ ကိုယ့်ထမင်းကိုယ်အနိုင်နိုင်စားပြီး ပြည်သူ့အကျိုးဆောင်ရွက်နေကြတာ များပါတယ် သတင်းထောက်လေးတွေဆိုရင် တော်တော့်ကို အပင်ပန်းဆင်းရဲခံပြီး သတင်းတွေရယူနေတာ တွေ့နေရပါတယ် ၊ ဒါပေမယ့် ကျိကျိတက်ချမ်းသာပြီး ပြည်သူ့အကျိုးပဲလုပ်နေ သလိုလိုနဲ့ ကိုယ်ကျိုးလုပ်နေတဲ့ သန်းထွဋ်အောင်လို လူမျိုးက သူတော်ကောင်းယောင်ဆောင်ပြီး မြန်မာ့ မီဒီယာလောကထဲမှာပါနေတော့ မီဒီယာနာတယ် ။ မြန်မာ့မီဒီယာ တစ်လှေလုံးမပုတ်ချင်ရင် ငခုံးမသန်းထွဋ်အောင်ကို မြန်မြန် ဖယ်ထုတ်ပစ်ရမယ် ။

ပြည်သူအပေါင်း Eleven ရဲ့ရန်တိုက်ခြင်းဘေးမှ ကင်းဝေးပါစေ 

ဒေါက်တာဆိတ်ဖွား
Unknown at 4:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တမူးမြို့နယ် တွီဗန်ရွာတွင် ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့



တမူးမြို့ 
မေလ ၁၀ရက်နေ့   ညတွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင်၊ တမူးမြို့ နယ်  တွီဗန်ရွာတွင်းရှိ  စစ်တပ်စခန်းချနေကြသော တပ်ရင်းအမှတ်(၂၆၆) တွင်  ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

 သေဆုံးသူ ဒုတပ်ကြတ်၏  ညှင်းပန်းနှိပ်စက်မှုဒဏ်ကို  မခံနိုင်ကြသော ရဲဘော်(၂)ယောက်က  အရက်မူးပြီး အိပ်နေကြသော နှစ်ပွင့်ဗိုလ် (၁)ယောက်၊ ဒုတပ်ကြတ်(၁)ယောက်၊ရဲဘော်(၂)ယောက်တို့ကို ညှင်းပန်းနှိပ်စက်ခံရသော ရဲဘော်(၂)ယောက်မှ  သေနတ်ဖြင့် ပစ်သတ်ခဲ့ ပါသည်။

 အဆိုပါရဲဘော်(၂)ယောက်သည် သေနတ်ရှည်(၄)လက်၊ ပစ်စတို(၁)လက်၊ ကျည်တောင့် (၅၀၀)ကျော်ကို ယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပါသည်။

        “ သေနတ်တွေကောပါသွားတော့  ဘယ်အချိန်များ  လာပြီးတော့ ကျွန်မတို့ကို ဓါးပြလာတိုက်မလဲဆိုပြီး  စိုးရိမ်ပူပန်နေမိတယ် “ ဟု တမူးမြို့ မှ  ရွှေဆိုင်ပိုင်ရှင်တစ်ဦးမှ Myanmar News Now ကို ပြောကြားခဲ့ပါသည်။
 
သစ်ထူးလွင်
Unknown at 3:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

`၀မ်းသာ ၀မ်းနည်း ဖြစ်ရတဲ့ ပုဂံ´


Linn Thit



မနေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟောင်းဟာ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်း ၀င်နေတဲ့ အကြောင်း Eleven Media Group မှာ တင်ထားတဲ့ သတင်းကို ထပ်ဆင့် တင်ခဲ့လိုက်ပါတယ်။ တော်တော်များများ သတိထားမိသွားကြ၊ share သွားကြတာ ၀မ်းသာစရာပါ။

မြောက်ဦးမြို့ဟောင်းဟာ ပုဂံလောက် မကျော်ကြားပေမယ့် ပုဂံနည်းတူ တန်ဖိုးထား ထိန်းသိမ်းရမယ့် ရှေးဟောင်း ယဉ်ကျေးမှု မြို့တော်ဟောင်း တစ်ခုပါ။ တန်ဖိုးထားရ ကောင်းမှန်း မသိဘဲ ပစ်ပယ်ခံထားရတာ ၀မ်းနည်းစရာပါ။ 

ခုလည်း ၀မ်းသာ ၀မ်းနည်း ဖြစ်ရတဲ့ ပုဂံအကြောင်းကို တင်ရပါဦးမယ်။ Eleven Media Group မှာပဲ ဖတ်လိုက်ရတာပါ။ ၀မ်းသာစရာက `ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားရန်ရှိ´ ဆိုတဲ့ သတင်းကြောင့်ပါ။ ၀မ်းနည်းစရာက ပုဂံဟာ ကမ္ဘာမှာ ကျော်ကြားပေမယ့် UNESCO (United Nations Educational, Scientific and Cultural Organization) ရဲ့ ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်း မ၀င်သေးတာပါပဲ။ ပို ၀မ်းနည်းစရာက ဘာ့ကြောင့် စာရင်း မ၀င်သေးတာလဲ ဆိုတဲ့ အချက်တွေပါ။

တကယ်တော့ ပုဂံက အရင်ကတည်းက ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်း ၀င်ခဲ့ရမှာပါ။ 50 World Wonders ဆိုတဲ့ ဓာတ်ပုံ အယ်ဘမ်ထဲမှာ မြန်မာအနေနဲ့ ပုဂံကို ထည့်သွင်း ဖော်ပြခဲ့ဖူးတယ်။ UNESCO ကလည်း ပုဂံကို ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်း ထည့်သွင်းဖို့ ရာထားခဲ့ဖူးတယ်လို့ သိရပါတယ်။ ပျက်ပြယ်သွားရတဲ့ အကြောင်းရင်းတွေကို မေးကြည့် လေ့လာကြည့်တော့ စိတ်မကောင်းစရာ အချက်တွေကို တွေ့ရပါတယ်။

စာရင်း မ၀င်ခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်ပြောရင် ဘူတာဟောင်းတွေကိုပဲ ပြန်ဆိုက်ရတော့မယ်။ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ၊ အမြော်အမြင်နည်းတဲ့ ပြုပြင်မှုတွေ၊ စီးပွားရေးလုပ်ကွက်သက်သက် စဉ်းစားမှုတွေ ပါဝင်ပါတယ်။

ဥပမာ -
၁။ စေတီဟောင်းတွေကို မူလ လက်ရာမပျက် ထိန်းသိမ်းရမယ့်အစား
လက်ရှိခေတ် အုတ်အသစ်တွေနဲ့ ပြုပြင်ပြီး အသစ် တည်ဆောက်ခြင်း။

၂။ ရှေးခေတ် စေတီတွေ တည်ရှိရာနေရာတွေမှာ ပြတိုက် ဆောက်ခြင်း၊ စားသောက်ဆိုင် ဆောက်ခြင်း။

၃။ ရှေးဟောင်း စေတီများ အကြားတွင် Aureum Palace Hotel နှင့် နန်းမြင့် မျှော်စင် တည်ဆောက်ခြင်း။

၎။ သဘာဝ အလင်းရောင် ၀င်ရောက်အောင် တည်ဆောက်ထားမှုကြောင့်
ထင်ရှားသော စေတီ ပုထိုးများအတွင်း လျှပ်စစ်မီး သုံးခြင်း

၅။ စနစ်တကျ ထိန်းသိမ်းမှု နည်းစနစ်နှင့် စီမံခန့်ခွဲမှု အားနည်းခြင်း စသည့် အချက်တွေ ပါဝင်ပါတယ်။

အခုတော့ ဟိုတယ် မလုံလောက်လို့ ဟိုတယ်ဇုံ အသစ်တည်ဆောက်ဖို့ ရွေးချယ်ရာမှာ ရှေးဟောင်းဒေသဇုံနဲ့ လွတ်ကင်းရာကို စဉ်းစားနေတယ်လို့ သိရပါတယ်။ တူရွင်းတောင်ခြေဘက်မှာ ရာထားတယ်လို့ သတင်းတချို့မှာ ဖတ်လိုက်ရပါတယ်။

တကယ်ဆိုရင် နိုင်ငံခြားသား ခရီးသွားတွေနဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသူတွေက တချို့နေရာတွေမှာ ကတ္ထရာလမ်း ခင်းတာကိုတောင် သဘောမကျဘူးလို့ ပြောကြဖူးပါတယ်။ ညောင်ဦးမြို့တွင်းလို နေရာကိုပဲ ခေတ်မှီ ဖွံ့ဖြိုးအောင် လုပ်စေချင်ကြပြီး ပုဂံမြို့ဟောင်းနဲ့ ဘုရား စေတီ ပုထိုးတွေကိုတော့ ပြုပြင်မှုတွေ မလုပ်ဘဲ မူလ လက်ရာအတိုင်း မပျက်မရွင်း ထိန်းသိမ်းစေချင်ကြပါတယ်။

ကျနော်တို့လည်း ကမ္ဘာက ထောက်ပြ ဝေဖန်လာမှ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်ပြန် သတိရနေရတဲ့ အဖြစ်မျိုးတွေ များနေပါပြီ။ တကယ် တတ်ကျွမ်းတဲ့ သမိုင်းပညာရှင်၊ ဗိသုကာ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ထိန်းသိမ်းရေး အဖွဲ့အစည်းမျိုး ပေါ်လာဖို့ ကြိုးစားကြရပါလိမ့်မယ်။

လင်းသစ်
မေ ၂၀၁၂

....................................................................

`ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားရန်ရှိ´

Eleven Media Group

http://www.news-eleven.com/index.php?option=com_content&view=article&id=13492%3A---unwto----&catid=42%3A2009-11-10-07-36-59&Itemid=112

....................................................................

`ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားရန်ရှိ´

https://www.facebook.com/photo.php?fbid=150026531795360&set=a.119943878136959.20764.100003640438731&type=3&permPage=1

....................................................................

ကျနော် ပုဂံအကြောင်း ရေးတာ ဂေါက်ကွင်း အကြောင်း ကျန်သွားတယ်ဗျာ၊ Comment တစ်ခုမှာ ရေးထားတာ တွေ့မှ သတိရတယ်။

တိုက်တိုက်ဆိုင်ဆိုင် မြန်မာတိုင်းမ်မှာလည်း `ပုဂံ ဂေါက်ကွင်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပြီးနောက် နိုင်ငံတကာ အဆင့်မီ ဖြစ်လာစေရန် ဆောင်ရွက်သွားမည်´ ဆိုတဲ့ သတင်းပါလာတယ်။ ဖတ်ကြည့်ကြပါအုံးဗျာ။

http://www.myanmar.mmtimes.com/2012/upper/568/upper02.html

[ပုဂံဂေါက်ကွင်းကို ရှေးဟောင်းစေတီ ပုထိုးများ ၀န်းရံလျက်ရှိပြီး ဂေါက်ရိုက် ကစားသမားများမှာ စေတီပုထိုးများကြား ဂေါက်ရိုက် ကစားနေရ သကဲ့သို့ ခံစားရမည် ဖြစ်သည်။

"ပုဂံဂေါက်ကွင်းရဲ့ ထူးခြားချက်က စေတီ ပုထိုးတွေကြားမှာ ဂေါက်ရိုက်ရတဲ့ အရသာပဲ။ ဒီလို ခံစားမှုမျိုးက ဘယ်မှာမှ မရနိုင်ဘူး။ ရေခံ မြေခံ ကောင်းတဲ့ အပြင် အခုလို ပုဂ္ဂလိကကို လွှဲပြောင်း လိုက်တော့ နိုင်ငံတကာ အဆင့်မီ ကွင်း ဖြစ်လာမယ်လို့ ထင်ပါတယ်" ဟု ဂေါက်သီး ကစားသမား ဦးဝင်းမြင့်က ဆိုသည်။]

`စေတီ ပုထိုးတွေကြားမှာ ဂေါက်ရိုက်ရတာ အရသာပဲ´ တဲ့၊ `ရေခံ မြေခံ ကောင်းတယ်´ တဲ့။

ဂေါက်ကွင်းနဲ့ ပက်သက်ဖူးတဲ့ သူတွေ ကြုံဖူးမှာပါ။
တချို့ ဂေါက်သီးသမားတွေ လက်စွမ်းထက်လို့ ကယ်ဒီကို ပိတ်မှန်တာ၊ သစ်ပင်ကို ပိတ်မှန်တာတွေ။

အဲ့ဒီ ဂေါက်သီးတွေက စေတီ ပုထိုးတွေကို ပိတ်မှန်ရင်ကော … … …။

လင်းသစ်

https://www.facebook.com/photo.php?fbid=151360218328658&set=a.119943878136959.20764.100003640438731&type=1&ref=nf

……………………………………………………….................

`အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ´

Eleven Media Group

http://news-eleven.com/index.php?option=com_content&view=article&id=13481%3A2012-05-08-07-04-09&catid=45%3A2009-11-10-07-45-41&Itemid=113

……………………………………………………….................

`အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ´

https://www.facebook.com/photo.php?fbid=149295711868442&set=a.119943878136959.20764.100003640438731&type=3
  lu bo
Unknown at 3:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပါမစ်လျော့ပေါ့မှုကြောင့် ကားဈေး တစုံလုံးကျဆင်း

မေလ ၁၁ရက်၊ ၂၀၁၂ ခုနှစ်-အိမ့်ခိုင်ဦး YPI

ယခုသီတင်းပတ် တနင်္လာနေ့က ကားပါမစ် တင်းကြပ်ထားခြင်းမှ နိုင်ငံခြားငွေ စာရင်းရှိသူတိုင်း နိုင်ငံသားတဦးလျှင် ၂၀၀၇ မိုဒယ်အထက်ကား တစီးစီသွင်းခွင့်ရှိသည်ဟုကြေငြာ လိုက်ပြီးနောက် ကားဈေးကွက်မှ မိုဒယ်မြင့်၊ မိုဒယ်နိမ့်၊ မအပ်မီကား၊ ပါမစ် အသီးသီးဈေးကျဆင်းကုန်သည်ဟု ကားပွဲစားများက ပြောသည်။

ဟံသာဝတီ ကားပွဲစားတန်းမှ ပွဲစားကိုသိန်းလွင်က “ မတ်တူး ရွှေငါး စတိ( ယာယီနံပါတ်) အရင် သိန်း ၂၅၀ ရောင်းတာမထွက်ဘူး၊ အရင် ၂၈၀ -၈၅ ရောင်းတဲ့ဟာ၊ ခြုံပြောရင်  သိန်း ၄၊ ၅ ဆယ်ကျတယ်” ဟု ယခုသီတင်းပတ် ကားဈေးနှုန်းကို ရှင်းပြသည်။

ထို့ပြင် ယခင် သီတင်းပတ်က သိန်း ၂၈၀ -၈၅ သိန်းရောင်းချသည့် တိုယိုတာ Belta ၂၀၀၇ မိုဒယ်မှာ ယခုရက်ပိုင်းတွင် သိန်း ၂၀၀ အထိကျဆင်းသွားကာ ၀ယ်သူလည်း မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ယခုလတ်တလော ဂျပန်မှတင်သွင်းလာသည့် ကားများသာမက နံပါတ်နိမ့် မိုဒယ်နိမ့်ကားများလည်း သူ့အတိုင်းအတာဖြင့် ဈေးကျသွားကြောင်း နစ်ဆန်း ဆူပါဆလွန်း ၈၆၊ ၈၇ ခုနှစ်မိုဒယ် ဆိုပါက ယခင် ၁၃၀၊ ၁၄၀ သိန်းရှိရာမှ ယခုအခါ သိန်း ၁၀၀ စွန်းစွန်းသာရှိတော့သည်ဟုလည်း မေးမြန်းသိရှိရသည်။

ကားဝယ်ရောင်း တဦးဖြစ်သည့် ဦးသက်လင်းက “အောက်ကားအရင်က သိန်း ၁၃၀ တန်က အခု ၁၀၀ လောက်ပဲရှိတော့တယ်။ ဈေးကွက်ထဲမှာလည်း စောင့်ကြည့် နေကြတယ် ဘယ်သူမှ မ၀ယ်ရဲကြသေးဘူး” ဟု အောက်ကားဟု ခေါ်သည့် သိန်း၁၀၀ ကျော်ကားဈေးကွက် လက်ရှိအနေအထားကို ပြောပြသည်။

ကိုသိန်းလွင်က “ မနေ့က နဲ့ ဒီနေ့ အပွင့်လင်းဆုံးပြောရင် ၀ယ်သူက စင်ပေါ်ကပဲ၊ ကြိုက်ဈေးပေးဝယ်လို့ရတယ်၊ သိန်း ၂၅၀ ခေါ်တယ်၊ ၂၃၀ နဲ့လည်း ပေးတာပဲ၊ အော်ဖာ (ဈေးပေးခြင်း) သာရဲရဲပေး ရောင်းသူက ဆုံးဖြတ်ပြီး ချရောင်းသွားတာတွေရှိတယ်” ဟု မေလ ၉ ရက်နေ့ ကားဈေးကွက်အခြေအနေကို ရှင်းပြသည်။

ယခုသတင်းမထွက်ပေါ်မီ သင်္ဘောသား ပါမစ်တစောင်လျှင် ၆၅ သိန်းရှိရာမှ ပါမစ်ခွင့်ပြုလိုက်ပြီးနောက်တွင် သိန်း ၂၀ ၀န်းကျင်သာရှိတော့သည်ဟုလည်း ကားပွဲစားများက ပြောသည်။

ယမန်နှစ် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အစီအစဉ်စတင်ချိန်မှစ၍ ကားဈေးနှုန်း သိသိသာသာ ကျဆင်းလာရာ ယခုလ ၇ ရက်နေ့က ပါမစ်တင်းကြပ်မှု ဖြေလျော့လိုက်သည့်နောက် ဆယ်စုနှစ်တခုကျော်အတွင်း ကားဈေး အနိမ့်ဆုံးသို့ ကျဆင်းလာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်က သိန်း ၁၄၀၀ အထိ ဈေးပေါက်ခဲ့သည့် ၂၀၀၄ မိုဒယ် မတ်တူး (ရွှေငါး) ကားမှာ ယခုအခါ သိန်း ၂၀၀ ကျော်သာရှိသည့် အထိ ဈေးနှုန်းကျဆင်းလာသည်ကိုတွေ့ရသည်။      ။

မတ်လဆန်းက တပ်မတော် ခန်းမတွင်ပြုလုပ်သည့် ကားပြပွဲတွင် တွေ့ရသည့် တိုယိုတာ မတ် အိတ်စ် အမျိုးအစားကား ၊ ထိုစဉ်က ၄၉၉ သိန်းဟု ဈေးနှုန်းကပ်ထားသည့် ယင်းကားအမျိုးအစားမှာ ယခုအခါ ကျပ် သိန်း ၃၀၀ အောက်တွင်သာရှိတော့သည်ကိုဟု သိရှိရသည်။ (ဓါတ်ပုံ-သူရမျိုး)
 Yangon Press International
Unknown at 2:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်

လွတ်လပ်စွာသဘောထားကွဲလွဲခွင့်သည် လူသားတိုင်း၏ အခွင့်အရေးဖြစ်သည်။ "လွတ်လပ်စွာ" ဟူသော ဝေါဟာရကြောင့်လည်းကောင်း၊ "သဘောထားကွဲလွဲခွင့်" ဟူသော ဝေါဟာရကြောင့်လည်းကောင်း အထိတ်တလန့်တော့ မဖြစ်စေလိုပါ။ မြန်မာ့ဝေါဟာရနယ်ပယ်တွင် "လူတစ်ကိုယ် အကြိုက်တစ်မျိုး" ဟူသော စကားရှိသည်။ ယင်းစကားသည် လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကို အခြေခံသောစကားသာ ဖြစ်ပါသည်။

"လွတ်လပ်မှု"။ လွတ်လပ်မှုကို အထင်မလွဲပါနှင့်။ လွတ်လပ်မှုဆိုသည်နှင့် စည်းမဲ့၊ ကမ်းမဲ့၊ ပရမ်းပတာ၊ ဗရုတ်သုတ်ခ၊ ကသောင်းကနင်း ဖြစ်လိမ့်မည်ဟု အဓိပ္ပါယ်လွဲမှား၍ မဖွင့်ဆိုပါနှင့်။ လွတ်လပ်မှုတွင် တာဝန်နှင့် စည်းကမ်းတို့၏ အဓိပ္ပါယ်ပါပြီးသားဖြစ်သည်။ လွတ်လပ်မှုသည် ပွင့်လင်းမှုဖြစ်သည်။ အချုပ်အချယ် ကင်းလွတ်မှုဖြစ်သည်။ အမှီခိုကင်းမဲ့မှုဖြစ်သည်။ လူသည် ပတ်ဝန်းကျင်နှင့် ညှိနှိုင်းနေထိုင်ရသည်ဖြစ်ပေရာ အသိဉာဏ်ရှိသော လူသားတိုင်းသည် မိမိထင်သလိုနေ၍မရ။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေရမည်ကိုသိပါသည်။ အသိတရားမဲ့သော စုန်းပြူးပုဂ္ဂိုလ်တွေ ရှိနိုင်ပါသည်။ တစ်ဦးစနှစ်ဦးစ ဟူသော အသိဉာဏ်ကင်းမဲ့သူကြောင့် တန်ဖိုးရှိလှသည့် လွတ်လပ်မှုအား အဓိပ္ပါယ်အကောက် မလွဲစေလိုပါ။
"သဘောထားကွဲလွဲခွင့်"။ ပြောခဲ့ပြီးပါပြီ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဖြစ်သည်။ လူနှစ်ယောက်ရှိလျှင် သဘောထားတစ်မျိုးတည်းလည်း ဖြစ်နိုင်သည်။ သဘောထားနှစ်မျိုးလည်း ဖြစ်နိုင်သည်။ လူသုံးယောက်ရှိလျှင် သဘောထားတစ်မျိုးလည်း ဖြစ်နိုင်သည်။ နှစ်ယောက်ကတူ၍ ကျန်တစ်ယောက်က တစ်မျိုးနှင့် သဘောထားနှစ်မျိုးလည်း ဖြစ်နိုင်သည်။ တစ်ယောက်လျှင် သဘောထားတစ်မျိုးစီနှင့် သဘောထားသုံးမျိုးလည်း ဖြစ်နိုင်သည်။ လူလေးယောက်ရှိလျှင်၊ လူငါးယောက်ရှိလျှင်၊ လူခြောက်ယောက်ရှိလျှင် အလားတူစွာ။ အလားတူစွာပါပဲ။
သဘောထားကွဲလွဲသည်က အကြောင်းမဟုတ်ပါ။ ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်ရေးသာ အဓိကဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်သည်နှင့် ပဋိပက္ခဖြစ်တော့မည်။ ပဋိပက္ခဖြစ်သည်နှင့် လူ့ဘောင်ငြိမ်းချမ်းရေးပျက်ပြားမည်။ ငြိမ်းချမ်းရေးပျက်ပြားသည်နှင့် ဖွံ့ဖြိုးတိုးတက်မှုရှိတော့မည် မဟုတ်ပါ။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်၏အဖြေသည် ညှိနှိုင်းဆွေးနွေးအဖြေရှာမှုဖြစ်သည်။ လူ့ဘောင်လောက၏ ပြဿနာများသည် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းသာ ပြေလည်နိုင်သည်။ ငါတကော ကောလိုသူ၊ နိုင့်ထက်စီးနင်းပြုကျင့်လိုသူ၊ ခြောက်စားဟောက်စားပြု၍ ကိုယ်ကျိုးစီးပွားရှာလိုသူတို့ကမူ ညှိနှိုင်းဆွေးနွေး အဖြေရှာမှုကို လက်မခံ၊ မိမိတို့ တစ်ဖက်သတ်အနိုင်ရရေး၊ အမြဲ အပေါ်စီးရနေရေးကိုသာ ရှေ့တန်းတင်သည်။ မှားခဲ့သော အမှားများအတွက် ပြန်လည်ဒဏ်ခတ်ခံရမည်စိုး၍ ဤသို့ပြုလုပ်ရသည်။ ထိုသူတို့သည် လုပ်ရဲသော်လည်း ခံရမည့်အလှည့်တွင် ခံရဲသူများမဟုတ်ပေ။ ဤသို့ဖြင့် ပြဿနာတို့သည် ပိုမို၍ နက်ရှိုင်းသွားတော့သည်။ ပိုမို၍ ကြီးထွားသွားတော့သည်။ မီးခိုးမဆုံး မိုးမဆုံးဖြစ်သွားတော့သည်။
အများအကျိုးကို လိုလားသူ၊ စိတ်ရင်းကောင်း စေတနာကောင်းထားသူ၊ ပြဿနာကို အမှန်တကယ် ပြေလည်စေလိုသူတို့ကမူ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို လက်ခံသည်။ ပြီးတော့ ညှိနှိုင်းဆွေးနွေး၍ အဖြေရှာသည်။
ဘာကြောင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို ဤမျှရှေ့တန်းတင် ပြောဆိုနေရပါသလဲ။ လူ့ဘောင်လူ့လောကကို လူတစ်ဦးချင်းစီဖြင့် ဖွဲ့စည်းထားသည်။ ဤလူတစ်ဦးချင်းစီ၏ လွတ်လပ်စွာတွေးခေါ်မြော်မြင်မှုသည် အရေးကြီးသည်။ လွတ်လပ်စွာတွေးခေါ်မြော်မြင်မှ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သည်။ ရှင်သန်သည်။ အစစအရာရာ ချုပ်ချယ်ထားသော သားသမီးက မိဘကွယ်ရာတွင် ထင်သလိုကြဲသည်။ မိဘက မျက်နှာလွှဲ၍မရ၊ အရွယ်နှင့်အလားတူ လွတ်လပ်မှုဖြင့် ကြီးထွားလာသောကလေးက မိဘကွယ်ရာမှာလည်း ထင်သလိုမလုပ်၊ အမှားအမှန်ကို ခွဲခြားသိသည်။ မိဘက မျက်နှာလွှဲ၍ရသည်။ ဤပုံစံကို ကမ္ဘာပေါ်ရှိ မည်သည့်မိသားစု၌မဆို တွေ့ရှိနိုင်သည်။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်။
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဟူသည် တစ်မျိုးတစ်စားတည်းသာရှိသည်။ ကာလဌာနလိုက်၍ ကွဲပြားခြင်းမရှိ။ အသားအရောင်လိုက်၍ လူမျိုးကိုလိုက်၍ ကွဲပြားခြင်းမရှိ၊ အရှေ့တိုင်းသဘောထားကွဲလွဲခွင့်၊ အနောက်တိုင်းသဘောထားကွဲလွဲခွင့်ဟူ၍ မရှိ။ ဤရေမြေသဘာဝ သဘောထားကွဲလွဲခွင့်၊ ဟိုရေမြေသဘာဝ သဘောထားကွဲလွဲခွင့်ဟူ၍ မရှိ။ ကမ္ဘာပေါ်တွင် လူသားဟူ၍ တစ်မျိုးတည်းရှိသလို၊ လူသားနှင့် ပတ်သက်သော စံနှုန်းနှင့် အခွင့်အရေးကလည်း တစ်မျိုးတည်းပဲရှိသည်။
သို့သော် တချို့တချို့က ခွဲခြားပြောဆိုလိုသည်။ ထိုပြောဆိုသူသည် "ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ" ဆိုသည့် သူ၏မူလဘူတကို အရင်ကြည့်ရမည်။ ယင်းသို့ ပြောဆိုသူသည် ပြည်သူက ရွေးချယ်တာဝန်ပေးခံ ပုဂ္ဂိုလ် ဟုတ်၊မဟုတ် ကြည့်ဖို့လိုသည်။ ပြည်သူ၏ အရွေးချယ်ခံပုဂ္ဂိုလ်ဆိုလျှင်တော့ ပြောခွင့်ရှိသည်။ အမှား၊ အမှန်ကို ပြည်သူက ဆုံးဖြတ်လိမ့်မည်။ ပြည်သူ၏ အရွေးချယ်ခံမဟုတ်ဘဲ၊ ကိုယ့်ဘာသာ အတင်းအဓမ္မ စင်ပေါ်တက်နေသူဆိုက ဤသို့ပြောခွင့်မရှိ။ ထိုသူတို့က ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ်၊ တာဝန်သိစွာ ဆောင်ရွက်တာပါဆိုပြီး ဆင်ခြေပေးလိမ့်မည်။ ကိုယ့်အသိနှင့်ကိုယ် တာဝန်သိစွာ ဆောင်ရွက်ပါက ကိုယ်ကျိုးစီးပွားမပါစေရ။ ကိုယ့်အသိနှင့်ကိုယ် အများသွားသည့်လမ်းပြင်လျှင် ကိုယ့်ထမင်းကိုယ်စားပြီးပြင်ပါ။ အလှူခံ၍ မပြင်ပါနှင့်။ အလှူခံဖို့လိုလျှင်လည်း ကိုယ်ကျိုးစီးပွားအတွက် တစ်ပြားတစ်ချပ်မှ မသုံးပါနှင့်။ အများအတွက် ကိုယ့်အသိနဲ့ကိုယ်လည်းဆိုသေး၊ ယင်းလုပ်ငန်းကနေ စီးပွားလည်းရှာသေးဆိုပါက ထိုသူတို့ကို "ရိုးသားဖြောင့်မတ်မှုမရှိသော"၊ "စိတ်နေစိတ်ထား မစင်ကြယ်သော" ဟု နာမ၀ိသေသနတပ်၍ရသည်။ သူတို့ မရိုးမဖြောင့်သလောက် ရူပကအလင်္ကာ၊ ၀င်္က၀ုတ္တိအလင်္ကာတောင်တပ်ပြီး ပြောလို့ရပါသေးသည်။
တခြားလူတစ်ယောက်မှာ ယုံကြည်ချက်ရှိသည်။ မိမိမှာ ယုံကြည်ချက်ရှိသည်။ ယုံကြည်ချက်မတူကာမျှနှင့် ရန်သူမဟုတ်ပါ။ သူနှင့်မိမိတို့ ယုံကြည်ချက်ခြင်း မတူစေကာမူ သူ၏ယုံကြည်ချက်ကို အလေးထားလေးစားပါ။ ယင်းသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ မူလဘူတလက္ခဏာ ဖြစ်သည်။
ကိုဝမ်း
( 7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၃၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
Unknown at 2:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နန့်ကျောထစီဒီခွေ


ရွှေခယ်မြို့ တော်


(၅၊ ၅၊ ၂၀၁၂)နေ့က ရန်ကုန်မြို့တစ်နေရာတွင် ကျွန်တော်စီးလာသော Taxi ကားသည် မီးနီမိနေ၏။ ထိုစဉ်အခိုက် စီဒီဈေးသည်တစ်ဦးက ကျွန်တော့် အနားကပ်လာကာ သူရောင်းနေသော စီဒီခွေများကို ၀ယ်ယူအားပေးပါရန် ပြော၏။ သူ့လက်ထဲက စီဒီချပ်ကာဗာတွေကို ကြည့်လိုက်တော့ "၂၀၁၂ သင်္ကြန် အဖော်၊ အချွတ်၊ နန့်ကျောထ အကနှင့် မြင်ကွင်းစုံ၊ ခေါ်ယူသတိပေးရတဲ့အထိ အကွဲအပြဲများနှင့် သဉ္ဇာဝင့်ကျော်၊ သာဓုပါဗျာ-ပါပါလေးနှုတ်ခမ်းမွှေးနှင့် သံချပ်များစွာပါဝင်သည်" ဟု နာမည်ပေးထားသော စီဒီချပ်များ။ တစ်ချပ်ဘယ်လောက်လဲဟုမေးတော့ တစ်ထောင်ကျပ်ဟု ဆိုလေ၏။





ကျွန်ုပ်သည် အဆိုပါ စီဒီခွေကို မြင်ကတည်းက အင်တာနက်သုံးလေ့သုံးထရှိသူပီပီ သဘောပေါက်လိုက်မိပါ၏။ ၂၀၁၂ သင်္ကြန်ကာလ အင်တာနက်ပေါ်က ထုတ်လွှင့်ချက်တွေကို စုစည်းထားပုံပေါ်လေပြီပေါ့။ သို့နှင့် မတန်မရာမှန်းသိသော်လည်း ခွေထဲတွင် အဘယ်သို့ တင်ဆက်ထားသည်ကို ကြည့်လိုသည်သောကြောင့် ကျပ်တစ်ထောင်တန်တစ်ရွက်ထုတ်ပေးကာ ဈေးပင် မဆစ်တော့ဘဲ အဆိုပါ နန့်ကျောထ စီဒီခွေကို ၀ယ်ယူခဲ့ချေတော့၏။



အိမ်သို့အရောက် စီဒီစက်ထဲသို့ အဆိုပါအခွေအား ထိုးထည့်၍ ကြည့်ရှုမိလေရာ ခွေစစချင်း ပေါ်လာသည့် သီချင်းကား... "ကောင်းလား...ကို၊ ကောင်းတယ်၊ ကောင်းလား...ကို၊ ကောင်းတယ်၊ ကောင်းရင် ကောင်းတယ်မှတ်၊ ကောင်းရင် ကောင်းတယ်မှတ်" ဖြစ်၏။ ပထမဆုံး ပေါ်လာသည့် အရုပ်ကား "သေနာလီဆာ" ဟုဆိုကာ ကမ္ဘာကျော်ပန်းချီဆရာ Leonardo da Vinci ၏ မိုနာလီဆာ ပန်းချီကားကို သွားလေသူ ဦးသန်းရွှေမျက်နှာနှင့် အစားထိုးထားသော Mr Creator ၏ ရုပ်ပြောင် Photoshop လက်ရာကလေး ဖြစ်ချေ၏။ ဘယ့်နှယ်။ နန့်ကျောထ စီဒီခွေနှင့် သေနာလီဆာ မည်သို့မည်ပုံ ဆက်စပ်ထားလေသည်မသိ။ ထားတော့။ သေနာလီဆာ ပြီးနောက်ပိုင်း ပေါ်လာသည့် အရုပ်များကား ၂၀၁၂ သင်္ကြန်ကာလအတွင်း ကျွန်ုပ်အပါအ၀င် အင်တာနက်ရှုသူအပေါင်း မြင်ဖူးကာ အံ့သြဘနန်း၊ မအံသြဘနန်း ဖြစ်ခဲ့ရသော ဓာတ်ပုံ၊ ဗွီဒီယိုများ ဖြစ်ချေသည်တကား။ အုန်းမှုတ်ခွက်ဖက်ရှင်တွေလည်းပါ၏။ တိုင်ပတ်အကလည်းပါ၏။ ကော့ကော်လန်ကားလည်းပါ၏။ အန်ဖတ်ထဲက မိန်းကလေးလည်းပါ၏။ အာဝါးပေးနေတဲ့ အတွဲတွေလည်း ပါ၏။ မိန်းကလေးတွေ အရက်သောက်/အရက်အတိုက်ခံနေရသည့် မြင်ကွင်းတွေလည်း ပါ၏။ မြန်မာသင်္ကြန်သာမက ခပ်ကြမ်းကြမ်း ထိုင်းသင်္ကြန်ကျပုံလည်းပါ၏။



ခွေ စဖွင့်ဖွင့်ချင်း သဉ္ဇာဝင့်ကျော်၏ သင်္ကြန်ဖက်ရှင်ကို မြင်လိုက်ရသော ကျွန်ုပ်၏ အစ်မအရင်းခေါက်ခေါက်(သမီးပေါက်စ ၂ ယောက်အမေ)သည် ပါးစပ်ဟောင်းလောင်း၊ မျက်စိပြူးဖြစ်ကာ "တဟယ်ဟယ်" မြည်တမ်း၍သာ နေ၏။ တိုင်ပတ်နှင့် ကော့ကော်လန်ကား အကများကို မြင်လိုက်ရသည့်အခါမှာတော့ "ငါတော့ သမီးတွေ မွေးထားမိတာ ဒုက္ခပါပဲ" ဟု ဆို၏။ ကျွန်ုပ်ကလည်း အစ်မကို အားပေးရပါ၏။ "ဒီခေတ်တောင် ဒီလောက်ဖြစ်နေတာ ကျွန်တော့်တူမတွေခေတ်ဆို အစ်မတွေးသာ ကြည့်တော့ဗျာ" ဟု ဆိုလေသောအခါ အစ်မသည် မျက်စိမျက်နှာပျက်၍ "မဖြစ်ဘူး၊ ငါ့သမီးလေးတွေကို ဘာသာတရားကိုင်းရှိုင်းအောင် လုပ်ရမယ်" ဟုပြော၏။ ၃ နှစ်အရွယ်တူမနှင့် ရက်သားအရွယ် တူမကလေးတို့အတွက် ကျွန်ုပ်၏ အစ်မသည် ရင်လေးနေဟန်တူ၏။ ထို့နောက် "တော်ပါပြီ၊ မကြည့်ချင်တော့ဘူး"ဟုဆိုကာ အစ်မသည် ထိုင်ရာမှ ထသွားလေတော့၏။



အစ်မ ထိုင်ရာမှ ထသွားအပြီး မကြာမီ ဖန်သားပြင်ပေါ် ဆက်လက်ပေါ်ထွက်လာသည်ကား သံချပ်များဖြစ်ချေတော့၏။ "အင်း... ဒီ တိတ်တိတ်ကူးစီဒီသမားတွေလုပ်မှပဲ နန့်ကျောထနဲ့ သံချပ်တွေရောကုန်တော့တာပဲ" ဟု စိတ်ထဲမှတွေးကာသာ နေရ၏။



အနှီအခွေထဲတွင် သံချပ်မျိုးစုံပါ၏။ ကိုဝိုင်ဝိုင်ကေ ရိုက်ကူးတင်ဆက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့သော "မန္တလေးမှ လူရွှင်တော် ပါပါလေးသံချပ်ဗွီဒီယို" ပါ၏။ ရန်ကုန်က သာဓုပါဗျာ သံချပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ သံချပ်တွေလည်း ပါ၏။ အောင်မယ်။ ဂျပန်က ကိုထွန်းဝေတို့ ထုတ်လွှင့်တဲ့ မင်္ဂလာဒိုး သံချပ်တောင် ပါလိုက်သေး၏။ မန္တလေးက စာ/ကဗျာတွေရဲ့ တော်ရိလျော်ရိ သံချပ်တော့ အဆိုပါ စီဒီခွေထဲတွင် မပါဝင်။



အဆိုပါ နန့်ကျောထစီဒီခွေကို ကြည့်ပြီးသကာလ ကျွန်ုပ်၏ ဦးနှောက်ထဲက အတွေးဆဲလ်များသည် အလုပ်ထလုပ်ပြန်ချေတော့၏။

"အင်း ဒီလို နန့်ကျောထတာတွေကို ဒီလို အင်တာနက်ပေါ်တင်၊ စီဒီပေါ်ကူးပြီး ရောင်းချနေကြပြီဆိုတော့ နန့်ကျောထဖို့ စပ်ကူးမတ်ကူးဖြစ်နေတဲ့ သကောင့်သမီးတွေတော့ နည်းနည်းတွန့်သွားလောက်ပြီထင်ပါရဲ့။ နန့်ကျောထရတာကို သဘောကျတဲ့ သကောင့်သမီးတွေကတော့ နောက်နှစ်၊ နောက်နှစ်များမှာ အင်တာနက်ပေါ်၊ စီဒီပေါ်ရောက်ဖို့အရေးကိုတောင် တွေးပြီး ကြံစည်နေလောက်ရောပေါ့။ နန့်ကျောထတာနဲ့ သံချပ်တွေ ရောပြီး မြင်ရတာလည်း တစ်မျိုးတော့ ကောင်းသားပေါ့လေ။ နန့်ကျောထချင်သူအဖို့ကတော့ ဘယ်လိုပင် ယဉ်တာတွေ၊ ကျေးတာတွေ၊ မှုတာတွေပြောပြော နန့်ဦး၊ ကျောဦး၊ ထဦးမှာပါပဲ။ သံချပ်ထိုးတာကို မြင်ရတဲ့ သံချပ်ဝါသနာရှင်တွေအဖို့ကတော့ နောက်နှစ်၊ နောက်နှစ်များမှာ သံချပ်ဝင်ထိုးဖို့ ခုကတည်းက တင်ကြို ရင်ခုန်နေလောက်ရောပေါ့။"



ကဲ... အင်တာနက်ရှုသူများခင်ဗျား...။ သင်တို့ရော.. နန့်ကျောထမှာလား။ သံချပ်ထိုးမှာလား။ ကျွန်ုပ်ကတော့ နောက်နှစ်များမှာ သံချပ်အဖွဲ့တစ်ခုခုထဲဝင်ရောက်ပါဝင်ပြီး သံချပ်ထိုးကလိဖို့အရေးကိုသာ စိတ်ကူးကြည်နူးနေမိပါဘိတောင်း။
Unknown at 2:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေမင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းစေလို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ လုံခြုံရေးတာဝန်ခံ ဦးကျော်စိုးနိုင် နှင့် Weekly Express Times သတင်း ထောက် ကိုဟိန်းကိုစိုး တို့၏ အငြင်းပွားမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူနှင့် သတင်းစာဆရာကြီး ဦးဝင်းတင် က ပြောသည်။


အခမ်းအနားတိုင်းတွင် သတင်းထောက်များ ဝိုင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
ရန်ကုန်မြို့ UMFCCI ၌ မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အခမ်းအနား၌ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ရွှေ မင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းတို့ ၏ နှုတ်ဆက်စကား ပြောဆိုနေသည့် ဓာတ်ပုံအား ရိုက်ကူးရာမှ ပြဿနာ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုပြဿနာသည် လူငယ်များအကြားဖြစ်ပွားသည့် ကိစ္စဖြစ်ကြောင်း၊ နှစ်ဘက် စလုံးသည် မိမိတို့၏တာဝန်အား ကျေပွန် ရန် ထမ်းဆောင်နေခြင်းဖြစ်၍ ထင်မြင်ချက်မပေးလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြော သည်။
၎င်းက “လူငယ်တွေ ဆိုပေမယ့် နှစ်ဘက်စလုံးက တာဝန်ကြီးကြီး၊ လူကြီးတာဝန်တွေ ထမ်းဆောင်နေကြတာပါ၊ ဒီတော့ ပြဿနာကို ထိန်းထိန်းသိမ်းသိမ်းပဲ ဖြေရှင်းစေချင်တယ်”ဟု ဆိုသည်။
နိုင်ငံရေးပါတီနှင့် သတင်းမီဒီယာတို့ အကြား၌ ဖြစ်ပွားလေ့ရှိသည့် ကိစ္စရပ် တခုဖြစ်၍ ရန်ငြိုးဖြင့်မဖြေရှင်းဘဲ မိတ်ဘက်သဘောဖြင့်သာ ပြေလည်ရန်ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ(MJA) ၏ ခေါင်းဆောင်တဦး ဖြစ်သူ သတင်းစာဆရာ မောင်ဝံသကလည်း ပြောသည်။
“နှစ်ဘက်စလုံးက ၀ီရိယကြောင့် ဖြစ်ပေါ်လာတာပါ၊ တဘက်က လုံခြုံရေး ရှုထောင့်က ကြည့်တယ်၊ တဘက်ကလည်းပဲ သတင်းသမား ရှုထောင့်က ကြည့်တော့ ဖြစ်တတ်တယ်၊ နိုင်ငံရေးပါတီ နဲ့ သတင်းသမားဆိုတာ အမြဲတမ်း ဆက်စပ်နေတော့
ပြေလည် စေချင်တယ်”ဟု ဆရာမောင်ဝံသ က ဆိုသည်။
သတင်းဓာတ်ပုံရိုက်ကူးနေသည့် ကိုဟိန်းကိုစိုးအား ဦးကျော်စိုးနိုင်က ဓာတ်ပုံမရိုက်ရန် တားမြစ်သော်လည်း ဆက်လက် ရိုက် ကူးရန် ကြိုးပမ်းစဉ် ကိုဟိန်းကိုစိုး၏ လက်အား ရိုက်ချလိုက်ပြီး အိမ်သာထဲဆွဲခေါ်သွားကာ မောက်မာသည့် စကားများဖြင့် ပြုမူ ဆက်ဆံခဲ့ကြောင်း၊ ထိုကိစ္စအား Weekly Express Times  အနေဖြင့် ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် တစောင်ကို NLD ပါတီ ခေါင်းဆောင်များ၊ ပြည်တွင်းမီဒီယာများ၊ သတင်းစာဆရာ အသင်းများသို့ ပေးပို့ခဲ့ကြောင်း Weekly Express Times  ၏ အယ်ဒီတာချုပ် ဦးကျော်ကျော်မင်း က ပြောပြသည်။
၎င်း က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရေးကြီးတယ် ဆိုတာကို လက်ခံပါတယ်၊ နိုင်ငံရေးပါတီ နဲ့ မီဒီယာ ဆိုတာ အပြန်အလှန် မှီခိုနေကြတာပါ၊ ဒါပေမယ့် သတင်းထောက်ကို အခုလိုမျိုး ကိုယ်ထိ လက်ရောက် ကျူးလွန်တာမျိုး ပြုလုပ်တာကို လုံးဝ ကန့်ကွက် ရှုတ်ချပါတယ်”ဟု ဆိုသည်။
ဦးကျော်စိုးနိုင် က အခမ်းအနားစတင်နေပြီဖြစ်၍ ဓာတ်ပုံ မရိုက်ရန် တားမြစ်ခဲ့သော်လည်း ကိုဟိန်းကိုစိုးသည် နောက်သို့ လှည့် မကြည့်ဘဲ ဓာတ်ပုံ ဆက်ရိုက်ကြောင်း၊ ၎င်း၏ မျက်နှာနှင့် ရင်ဘတ်တို့ကိုလည်း ကိုဟိန်းကိုစိုး၏ လက်တို့ဖြင့် ထိခိုက်မိခဲ့ကြောင်း ပြောဆိုသည်။
“ဓာတ်ပုံ မရိုက်နဲ့ ပြောတာကို လှည့်မကြည့်ဘဲ ဆက်ရိုက်တဲ့အပြင် ကျနော့်မျက်နှာနဲ့ ၀မ်းဗိုက်ကိုလည်း တံတောင်ဆစ်နဲ့ တွန်းမိသေးတယ်၊ အခမ်းအနားပြီးတော့ ညီလေး မင်းကို ငါပြောစရာရှိတယ် လိုက်ခဲ့ဆိုပြီး ခေါ်တာပါ၊ ဆွဲပြီး ခေါ်သွားတာတော့ မဟုတ်ပါဘူး”ဟု ဦးကျော်စိုးနိုင် က ဆိုသည်။
ဦးကျော်စိုးနိုင်သည် သတင်းထောက် ကိုဟိန်းကိုစိုးအား“မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံ ရလို့ လုပ်နေတာ၊ ငါတို့က ဘာတပြားမှ မရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ၊ ဘယ်ကောင်ကိုမှ ဂရုမစိုက်ဘူးလို့ မင်းတို့ အယ်ဒီတာကို ပြော လိုက်”ဟု ပြောဆိုကြောင်း Weekly Express Times ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ထိုကြေညာချက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ ဦးကျော်စိုးနိုင်က တုံ့ပြန်ရာတွင်“မှန်တယ်လည်း မပြောဘူး၊ မှားတယ် လည်း မပြောဘူး၊ ကျနော့်ကိစ္စလည်း မဟုတ်ဘူး၊ ဒီကိစ္စအပေါ် ကျနော် ထင်မြင်ချက် မပေးဘူး၊ ကျနော် နာမည်ကြီးဖို့ လုပ် တာ မဟုတ်ဘူး”ဟု ဆိုသည်။ ထိုကိစ္စအပေါ် NLD ၏ တာဝန်ရှိ ပုဂ္ဂိုလ်များက ဖြေရှင်းပေးလိမ့်မည် ဖြစ်ကြောင်းလည်း ဆက် ပြော သည်။
NLD လုံခြုံရေးတာဝန်ခံ ဦးကျော်စိုးနိုင်နှင့် သတင်းထောက် ကိုဟိန်းကိုစိုး တို့၏ ကိစ္စအား အင်တာနက်စာမျက်နှာ၌ အပြန်အ လှန်ဝေဖန်မှုများ၊ သုံးသပ်ချက် အမျိုးမျိုး များလည်း ထွက်ပေါ်နေသည်။
အခမ်းအနား တက်ရောက် သတင်းယူခဲ့သည့် မျက်မြင်သက်သေ သတင်းထောက်များအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ဦးကျော်စိုးနိုင် ၏ လုပ်ရပ်သည် မှားကြောင်း ပြောဆိုသကဲ့သို့ သတင်းထောက်တချို့ကမူ ကိုဟိန်းကိုစိုး မှားယွင်းကြောင်း ပြော ဆိုသည်။
ထိုကိစ္စရပ်ကြောင့် MJA နှင့် မြန်မာနိုင်ငံ ဂျာနယ်လစ် ကွန်ရက်(MJN) တို့က များစွာစိတ်မကောင်း ဖြစ်မိကြောင်း ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ခင်ဦးသာ-ဧရာဝတီ
Unknown at 2:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.