Saturday, May 12, 2012

တမူးမြို့နယ် တွီဗန်ရွာတွင် ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့



တမူးမြို့ 
မေလ ၁၀ရက်နေ့   ညတွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင်၊ တမူးမြို့ နယ်  တွီဗန်ရွာတွင်းရှိ  စစ်တပ်စခန်းချနေကြသော တပ်ရင်းအမှတ်(၂၆၆) တွင်  ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

 သေဆုံးသူ ဒုတပ်ကြတ်၏  ညှင်းပန်းနှိပ်စက်မှုဒဏ်ကို  မခံနိုင်ကြသော ရဲဘော်(၂)ယောက်က  အရက်မူးပြီး အိပ်နေကြသော နှစ်ပွင့်ဗိုလ် (၁)ယောက်၊ ဒုတပ်ကြတ်(၁)ယောက်၊ရဲဘော်(၂)ယောက်တို့ကို ညှင်းပန်းနှိပ်စက်ခံရသော ရဲဘော်(၂)ယောက်မှ  သေနတ်ဖြင့် ပစ်သတ်ခဲ့ ပါသည်။

 အဆိုပါရဲဘော်(၂)ယောက်သည် သေနတ်ရှည်(၄)လက်၊ ပစ်စတို(၁)လက်၊ ကျည်တောင့် (၅၀၀)ကျော်ကို ယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပါသည်။

        “ သေနတ်တွေကောပါသွားတော့  ဘယ်အချိန်များ  လာပြီးတော့ ကျွန်မတို့ကို ဓါးပြလာတိုက်မလဲဆိုပြီး  စိုးရိမ်ပူပန်နေမိတယ် “ ဟု တမူးမြို့ မှ  ရွှေဆိုင်ပိုင်ရှင်တစ်ဦးမှ Myanmar News Now ကို ပြောကြားခဲ့ပါသည်။
 
သစ်ထူးလွင်
Unknown at 3:05 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.