Saturday, May 12, 2012

`၀မ်းသာ ၀မ်းနည်း ဖြစ်ရတဲ့ ပုဂံ´


Linn Thit



မနေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟောင်းဟာ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်း ၀င်နေတဲ့ အကြောင်း Eleven Media Group မှာ တင်ထားတဲ့ သတင်းကို ထပ်ဆင့် တင်ခဲ့လိုက်ပါတယ်။ တော်တော်များများ သတိထားမိသွားကြ၊ share သွားကြတာ ၀မ်းသာစရာပါ။

မြောက်ဦးမြို့ဟောင်းဟာ ပုဂံလောက် မကျော်ကြားပေမယ့် ပုဂံနည်းတူ တန်ဖိုးထား ထိန်းသိမ်းရမယ့် ရှေးဟောင်း ယဉ်ကျေးမှု မြို့တော်ဟောင်း တစ်ခုပါ။ တန်ဖိုးထားရ ကောင်းမှန်း မသိဘဲ ပစ်ပယ်ခံထားရတာ ၀မ်းနည်းစရာပါ။ 

ခုလည်း ၀မ်းသာ ၀မ်းနည်း ဖြစ်ရတဲ့ ပုဂံအကြောင်းကို တင်ရပါဦးမယ်။ Eleven Media Group မှာပဲ ဖတ်လိုက်ရတာပါ။ ၀မ်းသာစရာက `ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားရန်ရှိ´ ဆိုတဲ့ သတင်းကြောင့်ပါ။ ၀မ်းနည်းစရာက ပုဂံဟာ ကမ္ဘာမှာ ကျော်ကြားပေမယ့် UNESCO (United Nations Educational, Scientific and Cultural Organization) ရဲ့ ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်း မ၀င်သေးတာပါပဲ။ ပို ၀မ်းနည်းစရာက ဘာ့ကြောင့် စာရင်း မ၀င်သေးတာလဲ ဆိုတဲ့ အချက်တွေပါ။

တကယ်တော့ ပုဂံက အရင်ကတည်းက ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်း ၀င်ခဲ့ရမှာပါ။ 50 World Wonders ဆိုတဲ့ ဓာတ်ပုံ အယ်ဘမ်ထဲမှာ မြန်မာအနေနဲ့ ပုဂံကို ထည့်သွင်း ဖော်ပြခဲ့ဖူးတယ်။ UNESCO ကလည်း ပုဂံကို ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်း ထည့်သွင်းဖို့ ရာထားခဲ့ဖူးတယ်လို့ သိရပါတယ်။ ပျက်ပြယ်သွားရတဲ့ အကြောင်းရင်းတွေကို မေးကြည့် လေ့လာကြည့်တော့ စိတ်မကောင်းစရာ အချက်တွေကို တွေ့ရပါတယ်။

စာရင်း မ၀င်ခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်ပြောရင် ဘူတာဟောင်းတွေကိုပဲ ပြန်ဆိုက်ရတော့မယ်။ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ၊ အမြော်အမြင်နည်းတဲ့ ပြုပြင်မှုတွေ၊ စီးပွားရေးလုပ်ကွက်သက်သက် စဉ်းစားမှုတွေ ပါဝင်ပါတယ်။

ဥပမာ -
၁။ စေတီဟောင်းတွေကို မူလ လက်ရာမပျက် ထိန်းသိမ်းရမယ့်အစား
လက်ရှိခေတ် အုတ်အသစ်တွေနဲ့ ပြုပြင်ပြီး အသစ် တည်ဆောက်ခြင်း။

၂။ ရှေးခေတ် စေတီတွေ တည်ရှိရာနေရာတွေမှာ ပြတိုက် ဆောက်ခြင်း၊ စားသောက်ဆိုင် ဆောက်ခြင်း။

၃။ ရှေးဟောင်း စေတီများ အကြားတွင် Aureum Palace Hotel နှင့် နန်းမြင့် မျှော်စင် တည်ဆောက်ခြင်း။

၎။ သဘာဝ အလင်းရောင် ၀င်ရောက်အောင် တည်ဆောက်ထားမှုကြောင့်
ထင်ရှားသော စေတီ ပုထိုးများအတွင်း လျှပ်စစ်မီး သုံးခြင်း

၅။ စနစ်တကျ ထိန်းသိမ်းမှု နည်းစနစ်နှင့် စီမံခန့်ခွဲမှု အားနည်းခြင်း စသည့် အချက်တွေ ပါဝင်ပါတယ်။

အခုတော့ ဟိုတယ် မလုံလောက်လို့ ဟိုတယ်ဇုံ အသစ်တည်ဆောက်ဖို့ ရွေးချယ်ရာမှာ ရှေးဟောင်းဒေသဇုံနဲ့ လွတ်ကင်းရာကို စဉ်းစားနေတယ်လို့ သိရပါတယ်။ တူရွင်းတောင်ခြေဘက်မှာ ရာထားတယ်လို့ သတင်းတချို့မှာ ဖတ်လိုက်ရပါတယ်။

တကယ်ဆိုရင် နိုင်ငံခြားသား ခရီးသွားတွေနဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသူတွေက တချို့နေရာတွေမှာ ကတ္ထရာလမ်း ခင်းတာကိုတောင် သဘောမကျဘူးလို့ ပြောကြဖူးပါတယ်။ ညောင်ဦးမြို့တွင်းလို နေရာကိုပဲ ခေတ်မှီ ဖွံ့ဖြိုးအောင် လုပ်စေချင်ကြပြီး ပုဂံမြို့ဟောင်းနဲ့ ဘုရား စေတီ ပုထိုးတွေကိုတော့ ပြုပြင်မှုတွေ မလုပ်ဘဲ မူလ လက်ရာအတိုင်း မပျက်မရွင်း ထိန်းသိမ်းစေချင်ကြပါတယ်။

ကျနော်တို့လည်း ကမ္ဘာက ထောက်ပြ ဝေဖန်လာမှ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်ပြန် သတိရနေရတဲ့ အဖြစ်မျိုးတွေ များနေပါပြီ။ တကယ် တတ်ကျွမ်းတဲ့ သမိုင်းပညာရှင်၊ ဗိသုကာ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ထိန်းသိမ်းရေး အဖွဲ့အစည်းမျိုး ပေါ်လာဖို့ ကြိုးစားကြရပါလိမ့်မယ်။

လင်းသစ်
မေ ၂၀၁၂

....................................................................

`ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားရန်ရှိ´

Eleven Media Group

http://www.news-eleven.com/index.php?option=com_content&view=article&id=13492%3A---unwto----&catid=42%3A2009-11-10-07-36-59&Itemid=112

....................................................................

`ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်နိုင်ရန် UNWTO မှ ပံ့ပိုး ကူညီမှုများ ပြုလုပ်သွားရန်ရှိ´

https://www.facebook.com/photo.php?fbid=150026531795360&set=a.119943878136959.20764.100003640438731&type=3&permPage=1

....................................................................

ကျနော် ပုဂံအကြောင်း ရေးတာ ဂေါက်ကွင်း အကြောင်း ကျန်သွားတယ်ဗျာ၊ Comment တစ်ခုမှာ ရေးထားတာ တွေ့မှ သတိရတယ်။

တိုက်တိုက်ဆိုင်ဆိုင် မြန်မာတိုင်းမ်မှာလည်း `ပုဂံ ဂေါက်ကွင်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပြီးနောက် နိုင်ငံတကာ အဆင့်မီ ဖြစ်လာစေရန် ဆောင်ရွက်သွားမည်´ ဆိုတဲ့ သတင်းပါလာတယ်။ ဖတ်ကြည့်ကြပါအုံးဗျာ။

http://www.myanmar.mmtimes.com/2012/upper/568/upper02.html

[ပုဂံဂေါက်ကွင်းကို ရှေးဟောင်းစေတီ ပုထိုးများ ၀န်းရံလျက်ရှိပြီး ဂေါက်ရိုက် ကစားသမားများမှာ စေတီပုထိုးများကြား ဂေါက်ရိုက် ကစားနေရ သကဲ့သို့ ခံစားရမည် ဖြစ်သည်။

"ပုဂံဂေါက်ကွင်းရဲ့ ထူးခြားချက်က စေတီ ပုထိုးတွေကြားမှာ ဂေါက်ရိုက်ရတဲ့ အရသာပဲ။ ဒီလို ခံစားမှုမျိုးက ဘယ်မှာမှ မရနိုင်ဘူး။ ရေခံ မြေခံ ကောင်းတဲ့ အပြင် အခုလို ပုဂ္ဂလိကကို လွှဲပြောင်း လိုက်တော့ နိုင်ငံတကာ အဆင့်မီ ကွင်း ဖြစ်လာမယ်လို့ ထင်ပါတယ်" ဟု ဂေါက်သီး ကစားသမား ဦးဝင်းမြင့်က ဆိုသည်။]

`စေတီ ပုထိုးတွေကြားမှာ ဂေါက်ရိုက်ရတာ အရသာပဲ´ တဲ့၊ `ရေခံ မြေခံ ကောင်းတယ်´ တဲ့။

ဂေါက်ကွင်းနဲ့ ပက်သက်ဖူးတဲ့ သူတွေ ကြုံဖူးမှာပါ။
တချို့ ဂေါက်သီးသမားတွေ လက်စွမ်းထက်လို့ ကယ်ဒီကို ပိတ်မှန်တာ၊ သစ်ပင်ကို ပိတ်မှန်တာတွေ။

အဲ့ဒီ ဂေါက်သီးတွေက စေတီ ပုထိုးတွေကို ပိတ်မှန်ရင်ကော … … …။

လင်းသစ်

https://www.facebook.com/photo.php?fbid=151360218328658&set=a.119943878136959.20764.100003640438731&type=1&ref=nf

……………………………………………………….................

`အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ´

Eleven Media Group

http://news-eleven.com/index.php?option=com_content&view=article&id=13481%3A2012-05-08-07-04-09&catid=45%3A2009-11-10-07-45-41&Itemid=113

……………………………………………………….................

`အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ၁၀ ခု စာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ´

https://www.facebook.com/photo.php?fbid=149295711868442&set=a.119943878136959.20764.100003640438731&type=3
  lu bo
Unknown at 3:00 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.